My lover is a violinist(part-6)

8.2K 1K 50
                                    

Scroll down for Zawgyi 🎻

ယဉ်မင်းသက်၏စိတ်ထဲတွင် ယခုမှနေသာထိုင်သာရှိသွားသည်။လင်းမြတ်ထင်က မဒီ့အားထင်သလောက် အရေးမပေးမှန်းသိလိုက်ရ၍ပင်။တကယ်တော့ လုံးလုံးကိုအရေးမပေး၊အဖတ်မလုပ်ခြင်းဖြစ်သည်။စိတ်ထဲပြန်လည် ကြည်လင်လာတော့ စားရသောက်ရတာလည်း ပြန်လည်ကောင်းမွန်လာသည်။ဆက်တိုက်ကို ပါးစပ်ထဲ ဆူရှိလေးငါးခုလောက်ပစ်သွင်းလိုက်တော့ ရေငတ်သလိုလိုရှိလာ၏။ထိုအခါ ဘေးတွင်တစ်ယောက်တစ်ဘူးထားပေးထားသော လီမွန်တီးကဲ့သို့အရသာ အအေးဘူးအားလက်လှမ်းမိသည်။

"အာ့"

အအေးဘူးကပဲဖောက်ရခက်သလား။တယောသမားဖြစ်သည့် ယဉ်မင်းသက်၏လက်ကောက်ဝတ်တွေကပဲ တချို့အရာတွေအပေါ်အားသိပ်မစိုက်နိုင်သလားမသိ။အအေးဘူးဖောက်ရာတွင် အခက်အခဲဖြစ်သွားသည်ကတော့ အမှန်။

"ပေး ယဉ်ယဉ်"

လျင်လွန်းသည့်လင်းမြတ်ထင်သည် ယဉ်မင်းသက်၏လက်ထဲမှ အအေးဘူးအားချက်ချင်းဆွဲယူလိုက်ကာ တစ်ချက်တည်းဖွင့်ဖောက်ပေးလိုက်ပါသည်။တစ်ချက်တည်း။တကယ့်ကို တစ်ချက်တည်းနှင့်အားသိပ်မသုံးရပါဘဲ ဖွင့်ပေးလိုက်ခြင်းပင်။လက်မသန်သည့်ကောင်လေးက ဘယ်သူပါလိမ့်။

"ရော့ ဖြေးဖြေးသောက်"

"အင်း ကျေးဇူး မြတ်ထင်"

လင်းမြတ်ထင်၏လက်ထဲမှ အအေးဘူးအားလက်လွှဲယူပြီးသည့်တိုင် ယဉ်မင်းသက်မှာလင်းမြတ်ထင်အား အံ့သြတကြီးအကြည့်မလွှဲနိုင်။အဲ့ဒီ့အပြင် ဘေးတစ်ယောက်ကျော်မှမဒီ၏ဖြစ်ပျက်သွားသော အမူအရာကိုလည်းကြည့်လိုက်ဖို့မမေ့။မဲမှောင်ညိုပုပ်သွားသော မျက်နှာဟာ ဆိုးထားသောခပ်ရဲရဲနှုတ်ခမ်းနီနှင့်မလိုက်မဖက် ဖြစ်လျက်။

အတူတူထိုင်နေကြသော လူတိုင်းရဲ့မျက်နှာတွင်လည်း တစ်စုံတစ်ခုအားရိပ်မိသွားသလို အဓိပ္ပါယ်အမျိုးမျိုးပေါ်နေခဲ့သည်။အခုတော့ ယဉ်မင်းသက်ခမျာ မဒီ့ကိုပင်ပြန်၍အားနာသနားသွားသလိုလို။သိသိသာသာကြီးကို အငြင်းခံလိုက်ရသည့် ခံစားချက်မျိုးမဟုတ်လား။မိန်းကလေးတစ်ယောက်အတွက် အရှက်ရစရာကောင်းနေခဲ့သည်။

Short Story About Htin Htin,Yin Yin,La Yaung and DeDeWhere stories live. Discover now