My lover is a violinist(part-4)

9.4K 1K 29
                                    

Scroll down for Zawgyi 🎻

"ဒေါက်...ဒေါက်"

တံခါးခေါက်သံဟာ ညင်သာလွန်းလှသည်။ယဉ်မင်းသက်သာ မနက်ခင်းရေထသောက်ချိန်နှင့်မကြုံလျှင် ထိုကဲ့သို့တံခါးခေါက်ပုံမျိုးနှင့် တံခါးခေါက်သူသာတံခါးရှေ့တွင် ငုတ်တုတ်ထိုင်စောင့်နေရမည်။အိပ်ယာထဲမှ ယဉ်မင်းသက်ကတော့ နိုးမည်မဟုတ်။ကံကောင်း၍ ရေထသောက်သောယဉ်မင်းသက်သည် တံခါးရှေ့နားတွင် ရေခွက်ကိုင်၍ရောက်နေခဲ့လို့သာ ကြားခြင်းဖြစ်သည်။

"ဟင်...မြတ်ထင်"

ညင်ညင်သာသာခေါက်သောလက်ပိုင်ရှင်သည် လင်းမြတ်ထင်ဖြစ်နေခဲ့၏။တံခါးဖွင့်ဖွင့်ချင်းတွေ့ရသည့် ယဉ်မင်းသက်အား အထုပ်တွေနှင့်လင်းမြတ်ထင်သည် ခြောက်လွှာကိုတက်ခဲ့ရ၍အနည်းငယ်မောဟိုက်နေသော်လည်း သခင်အားတွေ့လိုက်ရသည့် ခွေးပေါက်လေးလိုဆီးကြိုပြုံးပြရှာသည်။

"Good morning ယဉ်ယဉ်"

ယဉ်မင်းသက် နောက်ပြန်လှည့်လိုက်ပြီး အိမ်အဝင်ဝတွင်ချိတ်ထားသော နာရီကိုကြည့်လိုက်တော့ အချိန်ကား ရှစ်နာရီအတိ။ဒါဟာ ယဉ်မင်းသက်အတွက်တော့ အလွန်စောလွန်းသည့်အချိန်ပင်။

"အစောကြီးပါလား မြတ်ထင် ဘာကိစ္စရှိလို့လဲဟင်"

"ပထမဆုံးရုံးတက်ရက်မှာ ယဉ်ယဉ်နဲ့အတူမနက်စာလာစားတာ"

လင်းမြတ်ထင်၏လက်ထဲမှ မနက်စာအထုပ်များကသက်သေပင်။တကယ်တော့ ရေသောက်ပြီးလျှင်ပြန်ဝင်အိပ်မည်ဆိုသည့် ယဉ်မင်းသက်၏အစီအစဉ်သည် ယခုတော့ကြက်ပျောက်ငှက်ပျောက် ပျောက်ချေပြီ။သူဘယ်လိုများငြင်းရက်ပါ့မလဲ။နွေးနွေးထွေးထွေးပြုံးလျက် ခြောက်လွှာကိုမမောမပန်းတက်လာသည့် သူေဋ္ဌးသားကောင်ငယ်လေးအား။

"လာလာ မြတ်ထင် မင်းလည်းပင်ပန်းမယ့်အလုပ်တွေသိပ်လုပ်တာပဲ"

ကိုယ်ကိုရို့လျက် အိမ်ထဲဝင်ရန်လမ်းဖယ်ပေးလိုက်ပြီး အနည်းငယ်ဂရုဏာဇောဖြင့်ပြောသော်လည်း ထိုကောင်လေးမှာမဖြုံ။သူ့အားထပ်၍ပင်ပြုံးပြလာပြန်သည်။ငယ်ငယ်တုန်းကလိုပဲ။နေကြာပန်းတွေနှင့်တူသည့်အပြုံးမျိုး ပိုင်ဆိုင်ထားတုန်းပါပဲ။

Short Story About Htin Htin,Yin Yin,La Yaung and DeDeWhere stories live. Discover now