My lover is a Violinist(part-2)

10K 1.2K 49
                                    

Scroll down for Zawgyi🎻

(Orchestraသည် ဂန္တဝင်ဂီတ(classical music)ဖြစ်ပြီး ကွဲပြားသောတူရိယာအမျိုးမျိုးဖြင့်တီးမှုတ်ဖျော်ဖြေရသော ဂီတအမျိုးအစားကြီးဖြစ်သည်။ယဉ်မင်းသက်တို့ဖျော်ဖြေတဲ့ orchestra bethoven ရဲ့ode to joyကိုနားထောင်ချင်ရင် mediaမှာထည့်ပေးထားပါတယ်ရှင့်)

ယဉ်မင်းသက်က သူ့ကိုယ်သူအမြဲပုံစံခွက်ထဲမှာပဲ ကြီးပြင်းလာခဲ့မှန်း အသက်ကြီးလာတာနဲ့အမျှသိလာခဲ့ရတယ်။ဖေဖေ့ကိုသူချစ်ပါတယ်။ဒါပေမယ့် အမြဲလိမ္မာနူးညံ့တဲ့သားတစ်ယောက်လုပ်ရတာကို တစ်စတစ်စ ပင်ပန်းလာတယ်။ငိုလွန်းတဲ့ကလေးကနို့ပိုစို့ရသလိုပဲ ယဉ်ဝင့်သက်ကဆိုးတဲ့ကလေးဖြစ်နေ၍လားမသိ။သူ့ထက်စာလျှင် ညီမဖြစ်သူကပို၍ ပျော်ပျော်ရွှင်ရွှင်၊စိတ်လွတ်ကိုယ်လွတ် နေရသေးသည်။

အဲ့ဒီ့နောက်တော့ သူရုန်းထွက်ခဲ့တယ်။ရုန်းထွက်ခဲ့တယ်ဆိုတာထက် အိပ်မက်တွေနောက်လိုက်ခဲ့၍ ဖခင်ဖြစ်သူကသူ့အား ရုန်းထွက်ရန်တွန်းအားပေးခဲ့တာပင်။အခုတော့ သူ့ဘဝဟာအခြေကျကာစဖြစ်နေခဲ့ပြီ။တစ်ခါတစ်ရံ အတိတ်တွေဆီမှ သူ့ရဲ့အိပ်မက်တွေကိုအကောင်အထည်ဖော်ရန် တွန်းအားပေးခဲ့သည့် ကောင်လေးတစ်ယောက်အား အမှတ်ရမိရုံကလွဲလို့ သူ့ဘဝဟာနေသားတကျပါပဲ။

တီ!တီ!တီ!

ယဉ်မင်းသက်၏လက်တံရှည်ဟာ ကုတင်ဘေးမှနှိုးစက်အား ဖိမပိတ်လိုက်မချင်း နှိုးစက်နာရီဟာ ပေါက်ကွဲတော့မည့် ဗုံးတစ်လုံးလို အဆက်မပြတ်မြည်နေခဲ့သည်။အချိန်ကား ညနေသုံးနာရီ။ယဉ်မင်းသက်ရဲ့အိပ်ချိန်တွေဟာ မိသားစုနှင့်ခွဲထွက်၍ တစ်ယောက်တည်းနေချိန်မှစ၍ မမှန်တော့ပါ။အိပ်ချိန်တွေမမှန်သည်ကလည်း နောက်ကျသည့်ညပွဲများအပြင် သူဟာသန်းခေါင်ကျော်လောက်မှ တယောထတီးချင်လည်းတီးနေတတ်တာကြောင့် မမှန်ရခြင်းဖြစ်သည်။ထိုမှလွဲ၍ သူဟာပျက်စီးလေလွင့်နေသည့်ကောင်လေးတစ်ယောက် မဟုတ်ပါ။

လွတ်လွတ်လပ်လပ် လွင့်မျောနေသည့် စက္ကူဖြူတစ်စသာဖြစ်သည်။အရောင်စွန်းထင်းခြင်းမရှိသေးသော စက္ကဖြူတစ်စ။

ဒီနေ့ဖျော်ဖြေရမည့်ပွဲကတော့ သူ့အတွက်ပို၍တာဝန်ကြီးနေသည်။တိုင်းသိပြည်သိ လေကြောင်းလိုင်းရဲ့နှစ်ပတ်လည်၊အဲ့ဒီ့ကဥက္ကဋ္ဌရဲ့ အမွေဆက်ခံသူကြေညာမယ် စသဖြင့်ကောလဟလပေါင်းများစွာနှင့် လူစိတ်အဝင်စားခံရဆုံးပွဲကြီးအတွက် ဖျော်ဖြေရမည့်အပြင် အဖွဲ့တစ်ခုလုံး၏အတော်ဆုံး violinist ဖြစ်နေတာကြောင့် orchestraပြီးလျှင် တစ်ယောက်တည်း သပ်သပ်ဖျော်ဖြေရမည်ဟုပါ conductor(တီးဝိုင်းခေါင်းဆောင်)ကထပ်၍ တောင်းဆိုထားသောကြောင့်ပင်။

Short Story About Htin Htin,Yin Yin,La Yaung and DeDeWhere stories live. Discover now