26A💔☁️🦋

908 76 4
                                    


ထယ်ယောင်း(ကြင်ယာတော် ဂျီ ၏ ကိုယ်ရံတော်)

ချစ်ရတဲ့ လူတချို့က ကိုယ့်ကို ညာခဲ့ကြတယ်! ချစ်လွန်းလို့
အရာအားလုံး လစ်လျူရှုပီး ခွင့်လွတ်ပေးပြန်တော့လဲ ထပ်
ညာတာပဲ!သူ့နားက ထွက်မသွားဖို့ အတ္တ ကြီးတဲ့ လူက
သူကိုယ်တိုင်ပဲ ကိုယ့်ကို သူနဲ့ဝေးရာ ကန်ထုတ်ပစ်ခဲ့တယ်!
သူပင်ပန်းတိုင်း  ကိုယ်ဆီပြေးဝင်လာချင်ရလောက် အောင်
ထိ ကိုယ့်ဘက်က နွေးထွေးပေးခဲ့ပေမဲ့ နောက်ဆုံးတော့
စွန့်ပစ်ခံရတာပဲ!

တခြားတယောက်နဲ့ အပြိုင် ပိုချစ်ပေးခဲ့တဲ့ လူက ငါ ဖစ်နေ
ပေမဲ့ စိတ်မကောင်းစွာပဲ စွန်ပစ်ခံရတဲ့လူက ငါ ဖစ်နေတယ်!

ငါသူ့ကို  ဘယ်လောက်ချစ်ခဲ့လည်း ဆိုတာ သူသိတဲ့ တနေ့
ငါ့အပေါ်က သူ့လုပ်ရပ်တွေကို သူသေချာပေါက် နောင်တ
ရနေလိမ့်မယ်! ငါတို့ကို ဆုံစည်း ပေးတဲ့ ကံကြမ္မာ ဖန်တီးသူ
ကို အဆိုးလေး အပစ်တင်ကျိန်ဆဲ လိမ့်မယ်!

အင်း..! နာကျဉ်သင့်သလောက် နာကျဉ်ရတယ် ဆိုတာ
ထပ်တောင် ပိုခဲ့ပါတယ်! သူမှာ အလှတရားတွေ ပေါများ
သလောက် ရက်စက်ခြင်းတွေက လဲ မကုန် နိုင် မခမ်းနိုင်!

လူတယောက် ကို မေ့ပစ်ဖို့ဆိုရာ လူတယောက်ကို သတ်
သလောက် မလွယ်ကူနေဘူး! အကြောင်းတရား တွေ တိုက်
ဆိုင်တဲ့ အခါ၊ ဖြူဖြူဖွေးဖွေး ဒေစီပန်းရိုင်းတွေကို မြင်တဲ့ အ
ခါ တိုင်း နှလုံးသားထဲ အလိုလို ဝင်ရောက်လာပြန်သူ!

ကို့ဘဝ တခုလုံးကို ကကြိုးရုပ်လို ဆော့ကစားနေတဲ့ ဒီလူ
သား က မုန်းပစ်ချင်စရာ ကောင်းလိုက်တာ! အကြောင်းပြ
ချက်မရှိ ချစ်မိခဲ့ပေမဲ့ အကြောင်းပြချက် များစွာနဲ့ပဲ ဆက်မချစ်
တော့ကြောင်း ငါ ပြောခဲ့တယ် ပေါ့!

အင်း! သူ့ကို မချစ်တော့ပါဘူး လို့ ပြောပြီး တစုံတယောက် ကို ချစ်တယ် ဆိုတဲ့ စကားပြောဖို့ ငါလိပ်ပြာမလုံခဲ့ ပြန်ဘူး!
ပီးတော့ အဲ့တစုံတယောက်ကို လဲ ငါမဆုံးရှုံးချင်ဘူး!

နှယောက်လုံးကို ငါ ကာကွယ်ပေးချင်တယ်! ဒါမဲ့ ကာကွယ်
ပေးချင်တဲ့ နှလုံးသားကတော့ မတူညီဘူး!

သူ့ကို မချစ်တော့ဘူး ဆိုပေမဲ့ သိပ်ချစ်ခဲ့ဘူးတဲ့ သံယောဇဉ်
တွေကြောင့် သူ့ကို ကာကွယ်ပေးချင်တယ်! တစုံတယောက်
ကို တော့ နှလုံးသားက ဆုံးရှုံးရမှာ ကြောက်လို့ ကာကွယ် ပေးချင်တယ်! ချစ်တယ် ဆိုတဲ့ စကားကို ဖွင့်ပြောဖို့တော့
အချိန်ယူ ရဦးမယ် ထင်တယ်! ကျတော့ ပျော်ခြင်း၊ဝမ်းနည်း
ခြင်းက အဲ့စကားနှလုံး ပေါ်မှာပဲ မူတည်နေတယ်! ဖုံးကွယ်
ခဲ့ရတဲ့ ဘဝ မှန်ကလဲ ထင်သလောက် မရိုးရှင်းနေပြန်ဘူး!

🖤Empire JI🖤ဧကရီ ဂျီ 🌼🦋 [ complete ]Where stories live. Discover now