25A💔☁️🦋

1K 90 7
                                    

ကျတော်တို့ လူသားတွေမှာ ကံက္မြာ ကို ဦးဆောင်နိုင်စွမ်း
မရှိဘူး! ဆုံစည်း ဖို့ ကံ ပါလာတဲ့အခါ ကမ္ဘာ တွေ ဘယ်
လောက်ခြားနေပါစေ ကျတော်တို့ သေချာပေါက် တေ့တေ့
ဆိုင် တွေ့ဆုံရတယ်!

အဲ့လို ပဲ ဝေးဖို့ကံ ပါလာပြန်တော့လဲ ဘယ်သူကမှ ဆွဲမထား
နိုင်ဘူး!

အရာရာဟာ ကံက္မြာ စေ ရာ အတိုင်း ဖစ်သွားတာချည်း!

တကြိမ်တခါ လေး ပျော်ရွင်ရဖို့ ကျတော့မျက်ရည်တွေ အများ
ကြီးနဲ့ လောင်းကြေးထပ် အပေးအယူ လုပ်ရတယ်! တခါတ
ခါ နာကျဉ်ရင်လဲ မသေယုံတမယ် အလူးအလဲ ခံစားရတယ်!

ဒီတကြိမ် ပျော်ရွင်ရပီ လို့ ထင်ထားပေမဲ့ ဒီတကြိမ်ဟာ ဘဝ
မှာ အနာကျဉ်ဆုံး ရိုက်ချက်တခု ဖစ်နေတယ်!

ရှုတ်ထွေးပီး အနာအဆာ များတဲ့ ကျတော့ဘဝ ထဲ ပထမ ဆုံး ဝင်ရောက်ခဲ့တဲ့ နွေးထွေးမှု ကြောင့် အတိုင်းမသိအောင် ပျော်ရွင်နေပေမဲ့ အဲ့နွေးထွေးမှုက အတုအယောင်မှန်း သိ လိုက်တဲ့အခါ သက်မဲ့ကြွေရုပ်လိုပဲ ခံစားချက်တွေ တစစီ ပြိုပျက်ကုန်တာ!

အိပ်မပျော်တဲ့ ညတွေ ဆိုတာလဲ မရေတွက်နိုင်အောင် ကို
များတယ်! အတွေးလွန်ပီး မကြာခန ငိုရတဲ့ နေ့တွေ ဆိုတာ
သူ့ကို စချစ်ပါပီ ဆိုထဲကပဲ!

ဟယ်ဆော့ အပေါ် အဆုံးသတ်မရှိ အတိုင်းအတာ နဲ့ ချစ်
ခဲ့တာ ဆိုရင် ကျတော် ခု ဘာကို တွေဝေ နေတာလဲ?

-ထပ်ချစ်မိမှာ ကြောက်တယ်! အချစ်ဆိုတဲ့ အရာကို အယုံအ
ကြည် မရှိခြင်တော့ လောက်အောင်ကို ကြောက်တယ်!
ဘယ်သူ့ကို မှလဲ ထပ်မယုံကြည်ရဲတော့ဘူး! လူတိုင်းက
ငါ့ကို လည့်စားပီး နာကျဉ်အောင် လုပ်ချင်နေကြတာ"

-"သူ မဟုတ်တဲ့ တစုံတယောက်ကို ချစ်ပါတယ် ဆိုတာကို
နလုံးသားက လက်မခံချင်ဘူး! ဘာလို့ဆို ငါ့အချစ်က
ဟယ်ဆော့ တယောက်အတွက်ပဲ စတင်ခဲ့လို့"

!အဆိုးလေး ရဲ့ နလုံးသားထဲမှာ ချစ်ချင်းမေတ္တာ နဲ့ ပတ်သက်ပီး လွန်ဆွဲနေခဲ့တယ်!

တိမ်ထူပီး ကြည်လင်တဲ့ နေ့တနေ့! အခြေအနေ တွေ အား
လုံးကို အဆုံးသတ် ဖို့ ရာ ဟယ်ဆော့လို ဟန်ဆောင်နေတဲ့
(ဂျောင်ကု)  နဲ့ ရွာပြင် မြောက်ပိုင်းက ဒေစီခင်းကြီး ဘက်ကို
ဦးတည်လာခဲ့ကြတယ်....

🖤Empire JI🖤ဧကရီ ဂျီ 🌼🦋 [ complete ]Where stories live. Discover now