22B☁️🦋💔

1.1K 120 2
                                    

..... 21ရာစု.....
.
.
.
.

ဘဝ မှာလေ နွေးထွေးမှု ကို လိုအပ်ပါရက်နဲ့ မလိုအပ်သလို ချစ်လျက်နဲ့ မုန်းသလို ကို့ကိုယ်ကို လိမ်နေရတဲ့ အခိုက်
အတန့်တွေ ရှိကြတယ် မို့လား?လောကမှာ အပင်ပန်း ဆုံး အရာက ကို့ကိုယ်ကို လိမ်နေရတာပဲ မဟုတ်လား? တဖက်က မလို ချင်တာကို သိလို့ အလိုက်သတိ ရှောင်ဖယ်ပေး လိုက် ရတဲ့ အခိုက်အတန့်လေ!ချစ်သူ ရည်းစားတွေမှ မ ဟုတ်ပါဘူး ဘဝ ရဲ့ အရေးပါဆုံး အစိတ်အပိုင်းဖစ်တဲ့ မိသား စု သူငယ်ချင်းတွေပေါ့!

နေကောင်းလား? အင်း ကောင်းတယ်.! ထမင်းစားပီးပီလား
အင်း ပီးပီ.. စာလိုက်နိုင်လား? အင်း လိုက်နိုင်ပါတယ်!

ဒီလောက်ပါပဲ အပေါ်ယံ အမေး သက်သက် တယ်လီဖုန်း တဖက်က မွေးခွန်းတွေကို cigarettes ဖွာရင်း သမန်ကာ လျံကာ ပဲ ဖြေမိတော့တယ်..! အသက်မပြည့်ခင်ထဲက
Cigarettes ကသာ ကျတော့အတွက် စိတ်ထွက်ပေါက်
တခုသာ အဖစ် မှီခို လာရသည်!

အလယ်တန်းလောက်ထဲက ဒီအိမ်တော်ကြီးထဲ တယောက်
ထဲ ရှင်သန် လာရတာ..! မကောင်းတာတွေကို ဆုံးမပေးပီး
ကောင်းတာ တွေ လမ်းညွန်ပေးမဲ့ လူကြီးရာယ်လို့ မရှိခဲ့ဘူး!
တယောက်တည်းသော လူကြီးကလဲ ကျတော့ကို လစ်လျူရှု
ထားတယ်လေ...!

ငယ်ငယ်ကတော့ ဘာရာယ်မဟုတ် ကို့ရဲ့ တနေ့တာတွေကို
သူတို့ကို ပြန်ပြောပြဖစ်တယ်.. ဒါမဲ့ ကို့စကားက သူတို့ရဲ့
Laptop ပေါ်က စရင်းတွေလောက် စိတ်ဝင်စားဖို့ မ
ကောင်းလို့ ထင်ပါရဲ့ အရေးတယူ ဘယ်သူကမှ နားမထောင်
ပေးကြဘူး..!

တနေ့ နေလို့ စကားတခွန်းတောင် လက်စုံမပြောကြတဲ့ မိဘတွေကြောင့် မိသားစုဆိုတဲ့ နွေးထွေးမှုကို တခါမှ မခံစားခဲ့ဘူးဘူး! ကျတော့ အတွက် မိသားစုဆိုတာ အိမ်ထောင် စု စရင်းထဲ မှာပဲ ဖစ်တည်နေခဲ့တာ..!အိမ်ရှေ့ ဧည့်ခန်းဝ မှာ ချိတ်ဆွဲထားတဲ့ မိသားစု ဓာတ်ပုံကြီးဟာ
နွေးထွေးမှု ပျော်ရွင်မှု သံယောဇဉ် ကြိုးတမျှင်တောင် မပါပဲ
ဖွဲ့စည်းထားတဲ့ သာမန် ဓာတ်ပုံလေး တခုပဲ!

အိမ်တော်ကြီးထဲမှာဆို သူတို့အတွက် ကျတော်က အရေးမပါ
ပေမဲ့ အပြင်လောကကြီးကြား မီဒီယာတွေ ကြားထားမှာ
တော့ ကျတော်က မိဘနပါးအချစ်ကို အပြည့်အဝ ရထားတဲ့
သားတယောက် အဖစ်သူတို့ စီးပွားရေး အတွက် အရေးပါပြန်
သည်! ဘာနေနေ အနည်းဆုံးတော့ ကျတော် ပတ်ဝန်းကျင်
မှာ မျက်နာမငယ်ဘူးပေါ့! ကျတော် အထီးကျန်ပီး သနားစရာ
ကောင်းဒါ သူတို့မသိတော့ ကျတော့ကို မလောင်ရဲ တော့ ဘူးလေ

🖤Empire JI🖤ဧကရီ ဂျီ 🌼🦋 [ complete ]Where stories live. Discover now