24B💔☁️🦋

963 85 10
                                    

ကံကြမ္မာ ဟာ အမြဲတမ်း ဆန်းကြယ်ပီး .. လှို့ဝှက်
နက်နဲ လွန်းတဲ့ ပုစ္ဆာ တပုဒ်လိုပဲ..... ''

ကျတော် ဒီ ဘက် ကမ္ဘာ  ခြမ်းရောက်တာ 10ရက် မြောက်
နေ့...!

ဂျီ နဲ့အတူ ရွာလေးတရွာ ကို ရဲမက်3ယောက်လောက်နဲ့ လာ
ခဲ့တယ်.. နန်းတော်ထဲကနေ ဂျီ ပြောပြသမျှ ကို တလုံးမှ
နားမလည်ပေမဲ့ အဆိုးလေး သဘော တိုင်း လုပ်ဆောင်ဖို့
ရာ သဘောတူလိုက်သည်...

သူဟာလဲ တိုင်းပြည် သံတမာန် တယောက်ဖစ်တာကြောင့်
သူ့တိုင်းပြည် ကောင်းဖို့အတွက်သာ သူဆောင်ရွက်မှာ သေ
ချာပါတယ်...ကျတော့လို ကလေး တယောက်က ဒီတာဝန်
တွေကို ဦးဆောင်ဖြေရှင်းနိုင်မှာ မဟုတ်တာကြောင့် အဆိုး
လေးကိုသာ လက်လွဲပေးလိုက်၏....

"ဂျီ!

"အွန်း ဟယ်ဆော့....!

မှိန်တိမ်တိမ် မီးရောင်လေးနဲ့ အခန်းပြတင်းပေါက်နား ထိုင်
နေတဲ့ အဆိုးလေး အမှောင်ယံ ကောင်းကင်ထပ်က လခြမ်း
လေးကို ငှေးကြည့်နေတာ ဟာ သိပ်ကဗျာ ဆန်လွန်းသည်..

" မအိပ်သေးဘူးလား သဲငယ် !တနေကုန် ပင်ပန်း   ထားတာကို!

ကျတော့ ခေါ်သံလေးကြောင့် အလှတရားလေးဟာ ပြတင်း
ပေါက်လေးကို အသာလေး ပိတ်ကာ ကျတော့ ဘေး လှဲ
လျောင်းပီး ရင်ခွင်ထဲ အထိုက်သင့်လေး ဝင်လာခဲ့၏....

ရင်ခွင်ထဲ ဝင်လာတဲ့ အလှတရား အဆိုးလေးရဲ့ ရွှေအို
ရောင် ဆံသားလေးကို အသာလေး ဖိကပ်နမ်းလိုက်သည်
ဒီရွှေအို ရောင် ဆံသားတွေကို ကျတော် မြတ်နိုးတယ်!
သူ့ရှိုက်သံ ယဲ့ယဲ့ လေးက စ  ကျတော့ နလုံးသားကို လှုပ်
ခတ်စေတယ်!

"တကယ်လို့  ကံကြမ္မာ ဟာ သဲငယ် ထင်ထားသလို မဖစ်နေ
ရင် .....?

" ဘာမှ မသိချင်တာ မို့လို့ ဒီတိုင်းလေးပဲ နေရအောင်!

ဘာအရိပ်အမွတ်မှ မပြောပါနဲ့.. ဒီတိုင်းလေးပဲ နေသွား
ချင်တယ်.. နလုံးသားနဲ့ လွန်ဆွဲနေတာကြောင့် ပင်ပန်းနေပီ!
ကံကြမ္မာ ကို မယုံပေမဲ့ မင့်ကို ယုံတယ်' ဟုတ်မဟုတ် ကို
နှလုံးသားထဲက နေ အတည်ပြုချင်ပေမဲ့ လက်တွေ့မှ အမှန်
တရားကို လက်ခံ နိုင်မှာ မဟုတ်တာကြောင့် ဘာမှ မသိချင်ဘူး!

🖤Empire JI🖤ဧကရီ ဂျီ 🌼🦋 [ complete ]Onde histórias criam vida. Descubra agora