( ၉ )

1K 133 6
                                    

[ သူ့ကိုမထိခင် ငါ့မျက်နှာကိုအရင်ပြေးမြင်ကြည့်လိုက် ]

ဧည့်ခန်းမ၏အလယ်တွင်ထိုင်နေသော ရှောင်းကျန့်၏ဘေးတစ်ဖက်တစ်ချက်စီ၌ စစ်ထူနှင့်စစ်မာကရပ်နေ၏ ။ သူတို့ရှေ့တွင်တော့ ရှောင်ပိုင်သည် ဒူးထောက်ခေါင်းငုံ့နေလျက် ။

"ဒီတစ်​ခါ ငါမင်းကို ဘာအပြစ်ပေးသင့်သလဲ"

ရှောင်ပိုင်သည် ပြန်ဖြေခြင်းမပြု ။ ဒူးထောက်ခေါင်းငုံ့လို့နေဆဲ ။

"စစ်မာ ကြာပွတ်နက်ယူလာခဲ့"

"သခင်ကြီး..."

စစ်ထူသည် ကြာပွတ်နက်ဖြင့်အပြစ်ပေးမှာကို တားမြစ်ချင်ဟန် ။ ကြာပွတ်နက်သည် သာမန်ကြာပွတ်များနှင့်မတူ ။ ၄င်း၏လုံးပတ်မှာတုတ်ခိုင်သန်မာ၏ ။ ဆူးချွန်တွေပါပါသေးသည်မလို့ ထိုကြာပွတ်ဖြင့်တစ်ချက်အရိုက်ခံရတိုင်း အသားများကိုပြဲလန်စေကာ တစ်နေရာတည်းကိုထပ်ခါထပ်ခါအရိုက်ခံရပါက ထိုအရိုက်ခံရသည့်နေရာရှိအရိုးများပါမြင်ရစေသည်အထိပြင်းထန်သည် ။

သူ့ကို မျက်နှာထားတင်းတင်းဖြင့်လှည့်ကြည့်လာသူ သခင်ကြီးကြောင့် စစ်ထူလည်း ပါးစပ်ပိတ်နေလိုက်ရတော့၏ ။

ကြာပွတ်ကို ယူဆောင်လျက် စစ်မာပြန်ရောက်လာသည် ။

ရှောင်းကျန့်သည် ကြာပွတ်ကိုယူလျက် ရှောင်ပိုင်၏ကျောပြင်ကိုရိုက်လိုက်သည် ။ အားပြင်းလှသည့်အတွက် အင်္ကျီမှာပေါက်ပြဲသွားပြီးသွေးတွေထွက်လာခဲ့သည် ။

စစ်ထူနှင့်စစ်မာသည်လည်း မျက်နှာလွှဲလိုက်ကြ၏ ။

နောက်တစ်ချက်ရိုက်ရန် ကြာပွတ်ကိုမြှောက်လိုက်ချိန်တွင် ရိပေါ်ရောက်လာပြီး ရှောင်ပိုင်ကိုဖက်ထားလိုက်သည် ။ ထို့နောက် ရှောင်းကျန့်ကိုမျက်နှာထားခပ်တင်းတင်းဖြင့်ကြည့်ကာ...

"ရူးနေလား !!! ။ တောထဲသွားတာက ကျွန်တော်ပဲ ရှောင်ပိုင်ကိုထိစရာမလိုဘူး"

"သူက မင်းရဲ့အစေခံ ။ မင်းကို မစောင့်ရှောက်နိုင်ရင် အပြစ်ပေးခံရမှာပဲ"

"သူ့ကို အစေခံလို့သဘောမထားဖူးဘူး ။ ရှောင်းကျန့် ခင်ဗျားသိပ်ကိုအပြစ်ပေးရိုက်နှက်ရတာဝါသနာပါနေရင် ကျွန်တော့်ကို ရိုက်လို့ရတယ်"

Red Moon Raising  [ Ongoing...]Where stories live. Discover now