( ၁ )

3.7K 280 18
                                    

[ ဒါက ဘယ်လိုသောက်ကျိုးနည်းကိစ္စကြီးလဲ ]

ရှောင်းသခင်ကြီး၏ တစ်ဦးတည်းသော အမျိုးသားငယ်လေးမှာ ရေကန်ထဲပြုတ်ကျ၍ သတိမေ့မြောနေသည် ။ ထိုသို့ မေ့မြောနေခြင်းမှာလည်း သုံးရက်ခန့်ကြာပြီဖြစ်ကြောင်း ရှီစန်းမြို့တစ်ခုလုံး၌ ပြန့်နှံ့သွားလေ၏ ။

သမားတော်များက ကုမုဒြာစံအိမ်တော်အတွင်းသို့ ဝင်တစ်လှည့်ထွက်တစ်လှည့် ။ မျက်နှာမကောင်းသည့် ရှောင်းသခင်ကြီးကြောင့် အတတ်နိုင်ဆုံး ကုသပေးနေကြသည် ။

နောက်ဆုံးမှာတော့ ရှောင်းသခင်ကြီး၏ အမျိုးသားငယ်လေးမှာ သတိရလို့လာပြီဖြစ်၏ ။

ရိပေါ် နိုးလာသောအခါ သူ့ရှေ့၌ ရှေးခေတ်ဝတ်စုံများဖြင့်ရပ်ကြည့်နေသည့် လူတစ်စုအားတွေ့ရ၏ ။ ရိပေါ်သည် မျက်မှောင်ကြုတ်ကာအခန်းတွင်းသို့ဝေ့ဝဲကြည့်လိုက်သည် ။

ရုပ်ရှင်ရိုက်နေကြတာလားဟ !

ပြီးမှ မဖြစ်နိုင်ဘူးဟုတွေးလိုက်မိသည် ။

ငါ ဝမ်ရိပေါ်ရဲ့ ရုပ်ရည်က idol တွေထက်ချောတယ်ဆိုပေမယ့် ဒီလိုမျိုး ရုတ်တရက်ကြီး ရိုက်ကွင်းထဲရောက်လာရမယ့်အခြေအနေမဟုတ်သေးဘူးလေ ။

"သက်သာရဲ့လား ဝမ်"

နူးညံ့ပြီးသာယာတဲ့အသံကြောင့် ရိပေါ်က သူ့ဘေးကလူကိုကြည့်လိုက်မိ၏ ။

အိုက်ယား...ဒီလူက သူ့လောက်နီးနီးချောတာပဲ ။ ညိုစိမ့်နေတဲ့အသားအရေနဲ့ နှုတ်ခမ်းထောင့်မှာ မှဲ့လေးတောင်ပါသေးသည် ။ ရုပ်ရှင်မင်းသားများလား ။ တစ်ခါမှမမြင်ဖူးတာကြောင့် သူကမေးကြည့်ဖို့ဆုံးဖြတ်လိုက်သည် ။

"ဒီက အစ်ကိုကဘယ်သူပါလဲ"

"ဟင်!" "ဟာ!" "အို!"

ရိပေါ်၏ မေးသံအဆုံး၌ အခန်းတွင်းရှိ လူများထံမှထွက်ပေါ်လာသော အာမေဋိတ်သံများကစုံလင်စွာ ။

ရှောင်းသခင်ကြီး၏ ပြောင်းလဲသွားတဲ့မျက်နှာကြောင့် သမားတော်တွေက ဒူးထောက်ကာလျှောက်တင်၏ ။

"သခင်လေးက ဦးနှောက်ထဲရေဝင်ပြီးမေ့သွားတာဖြစ်ပါလိမ့်မယ် ။ အရင်ကအကြောင်းအရာတွေအပြင် သူဘယ်သူလဲဆိုတာကိုပါမေ့တာမျိုးပါ"

Red Moon Raising  [ Ongoing...]Where stories live. Discover now