( ၅ )

1.1K 194 16
                                    

[ ရှောင်းသခင်ကြီးရဲ့ အပြစ်ပေးပုံကထူးဆန်းလိုက်တာ ]

မနက်ဆိုလျှင် အစောကြီးထရသည်မှာ မွေးကတည်းက နေဖင်ထိုးအောင်အိပ်လာခဲ့သည့် ရိပေါ်အတွက်တော့ခက်ခဲလှသည် ။  မနက်လင်းစပြုချိန်မှာ အိပ်ယာထရပြီး ရေအပြည့်ဖြည့်ထားသည့် သစ်သားရေပုံးနှစ်ပုံးကိုဆွဲကာ အိမ်တော်ကြီးအားပတ်ပြေးရလေသည် ။ တခြားသောလူများကလည်း ထိုနည်းတူစွာ အိမ်တော်ကြီးကိုပတ်ပြေးကြရ၏ ။ အိမ်တော်ကို ပတ်ပြေးပြီးချိန်တွင်တော့ လေ့ကျင့်သည့်ခြံဝန်းထဲတွင် စီတန်းစွာရပ်ကြရသည် ။

"အကုန်လုံး အင်္ကျီချွတ်"

ခေါင်းဆောင်ဖြစ်သည့် တယွီကအမိန့်ပေးလာ၏ ။

ရာသီဥတုကား အေးသည်ဟုမဆိုသာသော်လည်း ပူနေတာမျိုးလည်းမဟုတ်ပြန် ။ သို့ဖြစ်၍ အင်္ကျီချွတ်နေမည်ဆိုလျှင် အနည်းငယ်အေးမည်မှာအမှန် ။

ရိပေါ်သည် သူ့ကိုယ်ပေါ်တွင်ဝတ်ဆင်ထားသော အင်္ကျီတို့အား တစ်လွှာခြင်းဖယ်ချလိုက်၏ ။ ဖြူဝင်းသောအသားအရေက အင်္ကျီတွေဖယ်ခွာသည်နှင့် လစ်ဟာလာ၏ ။

"သခင်လေး !!!!"

ရှောင်ပိုင်သည် အော်ဟစ်ကာ တစ်ဝက်ပေါ်နေပြီဖြစ်သည့် သခင်လေးရဲ့ခန္ဓာကိုယ်အား အခြားသူများမမြင်စေရန်အလို့ငှါ အောက်ကျနေသည့်အဝတ်များကို အလျင်အမြန်ပြန်ကောက်၍ ဖုံးပေးလိုက်ရသည် ။

"ရှောင်ပိုင် "

"ဘာလုပ်တာလဲ သခင်လေးရယ်"

ဖရိုဖရဲဖြစ်နေသော အင်္ကျီများကို ရှောင်ပိုင်က ပြန်ပြင်ဆင်ပေးရင်းမေးလာ၏ ။

"ဟိုလူကြီးက ချွတ်ဆိုလို့လေ"

ထိပ်ဆုံးတွင် မတ်တပ်ရပ်နေသည့် အပေါ်ပိုင်းဗလာနှင့် တယွီဆိုသည့်လူအား ရှောင်ပိုင်က ဘုကြည့်ကြည့်၏ ။

သူ့သခင်လေးကို ကြမ်းကြမ်းတမ်းတမ်းတွေ မလေ့ကျင့်ပေးစေဖို့ပြောရပါဦးမည် ။

"သခင်လေးအတွက် မနက်စာပြင်ပေးထားပါတယ်"

"အတော်ပဲ ငါဗိုက်ဆာနေတာ"

"သခင်လေး သွားနှင့်ပါ ။ ကျွန်တော် လိုက်လာခဲ့ပါမယ်"

အစားအသောက်ဆိုသည်နှင့် လှစ်ခနဲပြေးသွားသည့် ရိပေါ်ကို ရှောင်ပိုင်က ပြုံး၍ကြည့်သည် ။

Red Moon Raising  [ Ongoing...]Where stories live. Discover now