( ၃ )

1.4K 229 8
                                    

[ မကောင်းဆိုးဝါးလား ၊ သရဲတွေလား ]

"သခင်ကြီး !!!"

စစ်ထူသည် ရှောင်းကျန့်ရှေ့မှောက်သို့ အပြေးရောက်လာ၏ ။ သူ့လက်ထဲတွင်လည်း စာအိတ်တစ်စောင်ကိုကိုင်ထားသေးသည် ။

"အလောသုံးဆယ်နဲ့ ဘာဖြစ်တာလဲ"

"ရန်လူကြီးမင်းထံမှ စာပါပါတယ်"

ရှောင်းကျန့်သည် စာအိတ်ကိုယူကာဖွင့်ဖောက်ဖတ်လိုက်၏ ။ စာထဲတွင် ရေးထားသည်မှာ 'သခင်ကြီးရဲ့ အမျိုးသားငယ်လေးအား လာခေါ်ပါတော့' ဟူသည့်တစ်ကြောင်းတည်း ။

"ဒီဝမ်ရိပေါ် ဘာတွေမွှေပြန်ပြီလဲ ။ ရုံးတော်ကိုသွားမယ်"

"ဟုတ်ကဲ့"
.
.
.
.
ရုံးတော်တွင်ဖြစ်သည်...။

ရိပေါ်သည် ခြုံပုတ်ထဲတွင်ငုတ်တုတ်ကလေးထိုင်ကာ တစ်စုံတစ်ခုကိုချောင်းနေ၏ ။ သူ့ခေါင်းတွင်လည်း သစ်ရွက်အချို့ကကပ်ညှိနေသေးသည် ။

ထို့နောက် အရှေ့တွင် အေးဆေးဝပ်နေသောကြက်ကို ခုန်အုပ်ကာဖမ်းပစ်လိုက်လေသည် ။ ကြက်သည် ရိပေါ်လက်ထဲမှရုန်းကာ အော်ဟစ်နေသည် ။

"ငြိမ်ငြိမ်နေ ။ မင်းကို အမွှေးနှုတ်ပြီးကင်စားရမယ်"

"ရှောင်းရိပေါ် !!!!"

ကျယ်လောင်လှသည့်အသံကြီးကြောင့် ရိပေါ်လန့်သွားရသလို သူ့လက်ထဲကကြက်သည်လည်း လွတ်ထွက်သွားရချေသည် ။

"ငါ့ကြက်ကလေး"

"မင်း အခု အဲ့ကြက်ကိုဂရုစိုက်နေနိုင်သေးတာလား"

ရိပေါ်လည်း ငြိမ်ငြိမ်လေးသာရပ်နေလိုက်တော့သည် ။ သူ့ပုံစံက အပြစ်မလုပ်ဘဲအဆူခံနေရသည့် ကလေးငယ်သဖွယ် ။

ရှောင်းကျန့်တစ်ယောက် တစ်ကိုယ်လုံးရှိသွေးများ နားထင်ရောက်လာသကဲ့သို့ပင်ခံစားလိုက်ရသည် ။ အဝင်ဝမှာ ရန်လူကြီးမင်းနဲ့တွေ့ခဲ့၍တစ်ရက်အတွင်းမှာ ရိပေါ်ရဲ့ပြဿနာရှာမှုအဖုံဖုံကို သိရှိခဲ့ရပြီးဖြစ်၏ ။

အားနာတတ်သော ရန်လူကြီးမင်းက အချူပ်ထဲမှထုတ်ပေးသည်ကိုအခွင့်ကောင်းယူ၍ နေ့လည်ဆိုလျှင် ကြက်ခြံထဲမှကြက်တွေဖမ်းပြီးချက်စားတတ်သလို စာကလေးငှက်များကိုလည်း ထောင်ချောက်ဆင်ကာဖမ်းပြီး ကင်စားတတ်သေးသည် ။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေး...ညနေဆိုလျှင် ကင်းစောင့်တဲ့ရဲမက်တွေနဲ့ ကျောက်ပြားပစ်တမ်းဆော့ပြီး လောင်းကစားကလုပ်သေးသည် ။

Red Moon Raising  [ Ongoing...]Where stories live. Discover now