Part - 13

643 30 0
                                    

{Unicode & Zawgyi}
Unicode

ဝဏ္ဏခရီးထွက်သွားသည်မှာ (၃)ရက်ပင်ရှိပြီ။(၃)ရက်စလုံးဖုန်းလဲပြောဖြစ်သလို စာတွေလဲအပြန်အလှန်ပို့ဖြစ်ခဲ့ကြသည်။ကျန်တဲ့အချိန်တွေအဆင်ပြေ​ပေမယ့် ညဘက်ရောက်ရင်တော့အဆင်မပြေတော့ချေ။အိပ်ခန်းထဲဝင်ရုံနဲ့တင်မောင့်ကိုလွမ်းနေမိသည်။
ဘာကြောင့်ဆို အရင်တုန်းကလဲနေ့ဘက်ဆိုအလုပ်ကိုယ်စီနဲ့မို့ညဘက်ရောက်မှနှစ်ယောက်သားတူတူနေရသောကြောင့်
ညဘက်တွေဆိုပိုသတ်ိရခြင်းဖြစ်သည်။
အရင်ရက်တွေကနွေးထွေးမှုပေးတဲ့ရင်ခွင်ရှိပေမယ့် အခုအဲ့ရင်ခွင်ကအဝေးမှာပင်.........

နံနက် (၁၁)နာရီ

📱မောင့်ရဲ့သျှားလေးကို သတိရနေတာ"

"ငါလဲမင်းကိုလွမ်းပါတယ် အလုပ်ကောအဆင်ပြေရဲ့လား"

"အဆင်ပြေတာပေါ့ သျှားရဲ့အမျိုးသားပဲဟာ"

"ဟုတ်ပါပြီဗျာ"

"မောင်လုပ်စရာရှိသေးလ်ို့ ဖုန်းချလိုက်တော့မယ်နော်"

"အွန်း ငါလဲအခုအပြင်သွားမလို့"

"ဂရုစိုက်သွားနော် ဒါ​နဲ့အာဆေးလေးပေးပါအုံးလား"

"အာဘွား"

"အားရှိသွားပြီ"ဟုဆိုကာဖုန်းချသွားတော့သည်။

သျှားသူအရင်တုန်းကအလုပ်လုပ်ခဲ့တဲ့ဆိုင်ကိုထွက်လာခဲ့သည်။ဆိုင်ရောက်တော့ လူတွေအကုန်လုံးဖော်ဖော်ရွေရွေပင်ပြောဆိုဆက်ဆံကြသည်။
ဆိုင်ကအရင်ထက်တောင်ပို၍ရောင်းရပုံရသည်။စားပွဲတွေကအကုန်အပြည့်။ထောင့်စွန်းခုံတစ်ခုသာနေရာအလွတ်ရှိသဖြင့် သျှားဝင်ထိုင်လိုက်သည်။

ကျွီ!!!!! တံခါးဖွင့်သံနှင့်အတူဆိုင်ထဲသို့ကောင်လေးတစ်ယောက်ဝင်လာစဥ် အမျိုးသမီးထုကြီးရဲ့အသံတွေထွက်လာကြသည်။
သျှားဝင်လာတဲ့သူကိုတစ်ချက်ကြည့်လိုက်ပြီး
ဖုန်းပြန်သုံးနေလိုက်သည်။

အမျိုးသမီးထုကြီးရဲ့အသံထွက်တာလဲမပြောနဲ့လေ ကောင်လေးက ဂျူတီကုတ်အဖြူလေးနဲ့ဆရာဝန်လေးပင်။
ထိုဆရာဝန်လေးရဲ့ဆံပင်ကအညိုရောင်လေး၊အသား​ရေကဝါညက်ညက်လေး အရပ်ကတော့​ခြောက်​​ပေလောက်ရှိမည်ထင်တယ်။ညာဘက်ပါးပေါ်တွင်စံပယ်တင်မှည့်လေးနဲ့နှုတ်ခမ်းလေးက ပါးပါးလေးကိုမှတင်းတင်းစေ့ထားသော ထိုကောင်းလေးကို အမျိုးသမီးထုကြီးသာမကယောကျာ်းလေးတွေကပါငေးနေရသည်။

မောင့်ရပ်ဝန်းဝါလေး/မောင့်ရပ်ဝန်းဝါလေးWhere stories live. Discover now