Part-4

1.1K 46 0
                                    

နောက်နေ့မနက် အလုပ်သွားရမှာဖြစ်လို့သျှားတစ်ယောက် ပုံမှန်အချိန်နိုးလာခဲ့သည်။အခန်းထဲကထွက်​တော့ မျက်လုံးက အလိုလိုနေရင်း မျက်နှာချင်းဆိုင်အခန်းကိုအကြည့်ရောက်သွားမိတော့ အခန်းတံခါးက ခုထိပိတ်ထားတုန်း သျှားလဲ မျက်နှာသစ်ရေချိုးရန် ခြံထဲသို့ဆင်းလာခဲ့သည်။ခနကြာတော့ အိမ်ထဲပြန်ဝင်လာခဲ့ပြီး မနက်စာစားဖို့ ထမင်းကြမ်းနဲ့ဘဲဥကြော်လိုက်၏။လူသစ်အတွက်ပါကြော်လိုက်သည်။ထို့နောက်....

"အသေးလေးရေ Morning "

ဒီကောင်အတိတ်မေ့ရောဂါရနေလားမသိဘူး အသေးလေးလို့ခေါ်တာမကြိုက်ဘူးလို့ပြောလဲမရ

"ဟျောင့် ငါ့ကိုအသေး​လေးလို့မခေါ်နဲ့ မကြိုက်ဘူး၊ငါ့မှာနာမည်ရှိသည်"

"အသေးလေးလို့ ခေါ်တာမကြိုက်ရင်လဲ ကို့ရဲ့အိမ်ရှင်ထီးလေးလို့ပြောင်းခေါ်ရမလား"

သျှားတစ်ယောက် ရှေ့ကလူရဲ့စကားကြောင့်ခနတော့ကြောင်အသွားရသည်။ဒီကောင် ဘယ်လိုမျက်နှာရူးလဲ အ​တွေး​တွေကိုရပ်ကာ သျှားလဲပြန်ပြောလိုက်သည်။

"*ီးကို အိမ်ရှင်ထီးလေးပါလား၊ငါ*ိုးရ ဘယ်လိုကောင်မှန်းမသိဘူး "

"ဟားးးးး ဟာာားးးးး"

ဝဏ္ဏတစ်ယောက်အကျယ်ကြီးအော်ရယ်လိုက်ကာ သူ့ရှေ့က အသေးလေးကို မျက်လုံးမှိတ်ပြလိုက်တော့သည်။

"ကို့ရဲ့အိမ်ရှင်ထီးလေးရေ အလုပ်သွားရင် ကိုလိုက်ပို့ပေးမယ်နော်"

စကားအဆုံး အရှေ့ကအသေးလေးဆီက ဆဲသံပေါင်းစုံထွက်လာ၏။ဝဏ္ဏလဲ တဟားဟားအော်ရီနေသည်။ဒီလိုနဲ့မနက်ခင်းလေးက ဆဲသံလေးတွေနဲ့သာယာနေ၏။ထို့နောက် သျှားလဲ သူအလုပ်လုပ်နေတဲ့ ကော်ဖီဆိုင်တို့သွားခဲ့သည်။သျှားမသိတာက သူ့နဲ့မလှမ်းမကမ်းကနေ သူ့နောက်ကိုလိုက်လာသည့် ဝဏ္ဏရဲ့လူနှစ်ယောက်။
ဝဏ္ဏလဲ သျှားအလုပ်သွားကာမှ လုပ်စရာရှိတာလုပ်တော့၏။

📱"ဟယ်လို ရဲရင့်"

"..........."

"မင်းအခုငါငှားနေတဲ့အိမ်က်ိုလာခဲ့ ဟိုနှစ်ကောင် အသေးလေးအနောက်လိုက်သွားလား"

မောင့်ရပ်ဝန်းဝါလေး/မောင့်ရပ်ဝန်းဝါလေးWhere stories live. Discover now