Part-1

2.9K 94 4
                                    

{Uni/Zawgyi}
ကျွီ! ဒုန်း

"အာ့"

လမ်းကြားထဲကထွက်လာတဲ့ စက်ဘီးလေးနဲ့ကားနဲ့တိုက်မိသလိုဖြစ်သွားသည်။ကံကောင်းတာက နှစ်ဖက်စလုံးထိခိုက်မှုအများကြီးမဖြစ်လို့ပါ။ဘာကြောင့်ဆို ကားကအချိန်မှီဘရိတ်အုပ်လိုက်လို့ပါ။

စက်ဘီးစီးလာတဲ့လူငယ်လေးက ဘာမှထိခိုက်မှုများများစားစားမရှိပေမယ့် ပွန်းပဲ့သွားရုံလောက်ပါပဲ။သျှားလဲ ကိုယ့်မျက်စိရှေ့မှာဖြစ်နေတဲ့အတွက် ဝင်ကူညီလိုက်သည်။

"မင်းဘာဖြစ်သွားသေးလဲ၊ထနိုင်ရဲ့လား"

ကောင်းလေးကခေါင်းညိမ့်ပြ၏။

ထိုစဥ်ကားထဲကလူကထွက်လာပြီး
သျှားတို့ကိုကြည့်ကာ

"ဒီမှာ အဲ့လောက်လေးနဲ့သေမသွားဘူး။ဘယ်သူကသေချာမကြည့်ပဲစက်ဘီးနင်းလာတာလဲ။ပြော ဘယ်လောက်လိုချင်လဲ။"

သျှားလဲကိုယ်နဲ့မဆိုင်ပေမယ့် ဒေါသထွက်စွာဝင်ပြောလိုက်သည်။

"အဲ့လောက်လေးနဲ့မသေသွားဘူးဆိုတာ သိတယ်။ပြီးတော့ ဒီကလေးကကောမင်းဆီကအရော်တောင်းနေလို့လား။မင်းတစ်ခုမှတ်ထားလိုက် လောကမှာ အရာရာကိုငွေနဲ့ဖြေရှင်းလို့မရဘူး။"

တစ်ဖက်စီးနင်းပြောနေသောသူအားသျှားပြောပြီး ကောင်လေးကိုပြန်ကြည့်လိုက်တော့ ခုထိခေါင်းငုံ့ထားတုန်း

"ညီလေး မင်းကို အကိုလိုက်ပို့ပေးမယ် ။နောက်ခါ စက်ဘီးစီးရင်သေချာစီး ငွေရှိရင်အရာရာဖြစ်တယ်ဆိုတဲ့လူတွေက လောကမှာအများကြီး။

သျှား ဟိုကောင်မကြားကြားအောင်ပြောလိုက်တော့
မျက်နှာကိုမထီသထီအနေအထားနဲ့သျှားတို့ကို​ကြည့်နေပုံက ​ထလုပ်ချင်စရာရုပ်

ဝဏ္ဏလဲ သူ့ကိုပြောနေတာကိုမကြားချင်ယောင်ဆောင်ပြီး ကြည့်နေလိုက်တော့ မျက်စောင်းထိုးပြီး ဟိုဘက်လှည့်သွားတဲ့အကောင်ပေါက်လေးကချစ်စရာ​တော့ကောင်းသား။

ပထမကတော့ သေချာဆင်းကြည့်ပြီးကူညီမလို့ပဲ လူရှေ့လာပြီး ဖြစ်ပျက်နေတော့ အမြင်ကပ်လို့ပြောချတာ လူကိုပြောသွားတယ် အရာရာကိုငွေနဲ့ဖြေရှင်းလို့မရဘူးဆိုပဲ

မောင့်ရပ်ဝန်းဝါလေး/မောင့်ရပ်ဝန်းဝါလေးWhere stories live. Discover now