10💙

3.5K 292 11
                                    

မုန်းပြီးမှချစ်တာထက်
ချစ်ပြီးမှမုန်းတာပိုနာကျင်ရတယ်ဆိုတာ
ဟုတ်ပါသလား
သေချာတာကတော့ ဘယ်လိုမုန်းမုန်း
နာကျင်ရတာပဲမလား
<><><><><><><><><><><><><><><><><><>
"ဗျာ!!"

"ဟုတ်တယ်ကုကုရဲ့ သားက အန်တီတို့နဲ့တူမနေတော့ဘူး..သူတိုက်ခန်းမှာနေနေတာ..တွေ့ချင်ရင် လိပ်စာပေးလိုက်မယ်လေ"

"ဟုတ်ကဲ့"

အန်တီပေးတဲ့လိပ်စာကိုယူကာ တိုက်ခန်းကိုထွက်လာခဲ့သည်။ထွက်သွားလို့ပြောပြီး သူများအိမ်ခြေချခဲ့သူကသူ။ကိုယ်မမှားပါဘဲနှင့်တုန်ရီနေတာက မြင်မကောင်း။ဓါတ်လှေကားတူတူစီးနေတဲ့လူတွေက သူ့ကိုအရူးထင်နေလားမသိ ကွက်ကြည့်ကွက်ကြည့်နှင့် လူတောင်မနေတတ်တော့သည့်အဖြစ်။စိတ်ကပေါက်လာသည်မို့အော်ချလိုက်ကာမှ ပိုဆိုးသွားဟန်တူသည်။

"ဘာကြည့်နေကြတာလဲ!!!!"

အော်လိုက်တော့မြန်မြန်ပြေးထွက်သွားကြသည်။Jungkookလဲခေါင်းတစ်ခါခါနဲ့သာ jiminအခန်းရှေ့ဆီရောက်လာသည်။password ကို jiminမွေးနေ့နှင့်ဖွင့်သည်။ပွင့်မလာ။မိုက်ရူးရဲဆန်စွာသူ့မွေးနေ့ရိုက်ကြည့်မိသည်။ဒါလဲထူးမလာ၊

"Jeon Jungkookရယ်ငတုံး မင်းမွေးနေ့ကိုထားစရာလား"

တစ်ချက်မျှသာရီပြီးအခန်းရှေ့ထိုင်စောင့်မယ်သာလုပ်တော့သည်။Bellလဲမတီးချင် အိပ်နေတယ်ဆိုဘယ်လိုလုပ်မလဲ။အတွေးနဲ့တင်ချာလည်နေတုံး ဘာမဆိုင်ညာမဆိုင်ခေါင်းထဲ ရောက်လာတဲ့နေ့စွဲတစ်ခု။ဘာကြောင့် စိတ်ထဲပေါ်လဲစဥ်းစားတာ စဥ်းစားလို့တောင်မရ။မမှတ်မိတာဆိုပိုမှန်မည်။ပေါက်ရာနဖူးမထူးဘူးဆိုပြီး ဖွင့်လိုက်ရာ ပွင့်သွားသည့်တံခါး။

13ရက်ကjiminမွေးနေ့ဖြစ်လျက် ဘာကြောင့် 10လပိုင်းမထားဘဲ 5လပိုင်းဖြစ်နေရတာလဲ။တွေးရင်းတွေးရင်းခေါင်းကိုက်လာသည်မို့ ဆက်မတွေးဘဲ အိပ်ခန်းလို့ထင်ရသော အခန်းထဲသို့ဝင်လိုက်တော့ စောင်ပုံထဲမှာ အိပ်ပျော်နေတဲ့လူသားသေးသေးလေး။ကိုယ့် ဒုက္ခကိုယ်သိသည်ထင်။ဘေးမှာရေဇလုံချထားပုံ အရ သူ့ဘာသူ ရေပတ်တိုက်ထား ဆေးသောက်ထားပုံရသည်။အခန်းတွင်းကိုဝေ့ကြည့်တော့လဲ ရင့်ကျက်လာတာပဲဟုသာ ခေါင်းတငြိမ့်ငြိမ့်နှင့် နဖူးလေးစမ်းတော့အဖျားနွေးနွေးသာ ကျန်သည်မို့  နိုးလာမည့်အချိန်ကိုသာထိုင်စောင့်နေခဲ့သည်။ဖြူဖျော့နေတဲ့မျက်နှာကအစ လှနေလွန်းတာ အလှနတ်ဘုရားဝင်စားတာလား။

ရူး💔(complete)Where stories live. Discover now