8💙

3.3K 304 16
                                    

ကျွန်တော်တို့တွေရူးခဲ့ကြပါတယ်
တစ်ဦးထဲကိုပဲပြန်မချစ်ရင်တောင်
ငေးကြည့်မယ်ပေါ့။
ရူးမိုက်စွာရှေ့ဆက်တိုးမိတော့
အဆုံးသတ်ကရှုံးနိမ့်ခြင်းတဲ့။
<><><><><><><><><><><><><><><><><><><>
"ယောကျာ်း"

"ဗျာ"

"မနက်ဖြန်လေဆိပ်သွားရမှာ စောစောအိပ်တော့လေ အဲ့စာအုပ်ကိုအသဲအသန်ဖတ်နေတယ် အိပ်တော့"

"ဒါဘာစာအုပ်လဲသိလား"

"ဘယ်သိမလဲ"

"Hyungနဲ့မောင်နဲ့စတွေ့တဲ့နေ့ကဒီနေ့ထိအကြောင်းလေးတွေရေးထားတဲ့မှတ်တမ်းလေးတွေ..တကယ်လို့များ မောင် Hyungကို မမှတ်မိ..."

"ရှူးးဘာတွေပြောနေတာလဲ မင်းငါ့ကိုမှတ်ကိုမှတ်မိမှာ...ချစ်တယ်ဆို မှတ်ကိုမှတ်မိရမယ်။မမှတ်မိရင်ငါမင်းကိုထိုးမှာနော်"

"မောင့်ကိုချစ်တယ်မလား"

"အင်း အရမ်းအရမ်းအရမ်းချစ်"

ထိုစကားတစ်ခွန်းနဲ့တင် ခေါင်းကိုက်ဝေဒနာပျောက်ကင်းသွားသည့်နှယ်။သို့သော် ပြုံးနေသောသူ့ကိုကြည့်ပြီး စိတ်မချနိုင်စိတ်သည်သာပိုပိုတိုးလာသည်မို့ မျက်ရည်ဝဲတက်လာသည်။

"Hyung.."

"မောင် အချစ်ဦးဆိုတာမြေးဦးရတဲ့ထိမမေ့ဘူးဆို ငါယုံတယ်မင်းငါ့ကိုလုံးဝမေ့မှာမဟုတ်ဘူး။မင်းငါ့ကိုအရမ်းချစ်တာငါသိတာပေါ့..လုံးဝယုံတယ်သက်သာသွားရင် ငါ့မွေးနေ့တုံးကသွားခဲ့တဲ့ Tokyoကိုသွားရအောင်နော်..မောင်နော်"

ခေါင်းလုံးလုံးလေးသည်ရင်ခွင်ထဲအတင်းဝင်လာသည်မို့ ဆံနွယ်မွှေးမွှေးလေးတွေသာ ရှိုက်နမ်းကာတင်းကျပ်စွာဖက်ထားလိုက်သည်။ရင်ခွင်ထဲကအကောင်ပေါက်လေးသာ လက်ကိုသွားနဲ့ကိုက်ထားကာ ငိုချင်သည့်စိတ်ကိုအတင်းထိန်းနေပုံကိုဖက်ထားသည့်ကောင်လေးတွေ့သွားခဲ့ရင်ရော...
×            ×            ×            ×            ×             ×
"Jimin...Jungkookကိုစိတ်ချမယ်နော်"

"ဟုတ်ကဲ့ပါအန်ကယ်"

"သားလိမ်လိမ်မာမာနေနော် Jungkookကိုအရမ်းမဆိုးနဲ့နော်။နောက်၂ရက်နေရင်ခွဲစိတ်မယ့်ရက်ကျ မေမေတို့လိုက်ခဲ့မယ်"

ရူး💔(complete)Where stories live. Discover now