2💙

3.6K 333 31
                                    

ချစ်ခြင်းနဲ့သံယောဇဥ်ကြား
နစ်မြှုပ်ကာမွန်းကျပ်ရင်း
ရူးသွပ်ခြင်းများစွာနဲ့
မောင်သည်သာရှုံးပြန်တယ်
<><><><><><><><><><><><><><><><>
"အလှလေး..နည်းနည်းလောက်ချပါလား"

"မဖြစ်ဘူးmike...ပြဿနာအိုးသိရင်ခေါင်းရှုပ်မခံနိုင်လို့"

"အလှလေးပိုင်နေတာပဲ..ခေါက်ထားလိုက်စမ်းပါ..

"​Jeon Jungkookကို Park jiminကလွဲပြီးဘယ်သူ့မှအထင်သေးခွင့်မရှိဘူး။mikeစကားတွေဘောင်မကျော်လာပါနဲ့"

"Sorry အလှလေး ကိုယ်လောသွားတယ်"

Jeon Jungkookသည် စီးပွားရေးနယ်ပယ်ရောလူမှုရေးတွေမှာပါသူများတွေထက် ဆယ်ပြန်သာလွန်းပါသည်။သူကိုကJeon jungkookကိုဆို နှိမ်ချင်လို့ တမင်နှိမ်ချင်လို့ကိုနှိမ်ပြောပေမဲ့..ဒီလိုကလေကဝပေါက်လွတ်ပဲစားကောင်တွေကတော့..Jungkookကိုပြောစရာဘာအကြောင်းမှမရှိပါ။တူသလားတန်သလား..စဥ်းစားကြည့်ပါလား။

ကိုယ်ပြန်တော့မယ်..စိတ်ရှုပ်လာလို့"

"ခနလေး အလှလေး...အလှလေးစိတ်မကြည်တဲ့အခါကျလိုမှာပါ ၁ဖွာ၂ဖွာလောက်တော့စမ်းကြည့်ပေါ့..တကယ်ကောင်းလို့ပြောတာပါ"

Weedပါသောဆေးလိပ်ကိုအတင်းထိုးပေးနေတော့ ပြီးပြီးရောပုံစံနှင့်သာ ယူလာပြီးထွက်လာခဲ့တော့သည်။လူကတော့ဒေါသထွက်နေတုံး။ဘာကြောင့်ဆတ်ဆတ်ထိမခံဖြစ်နေရတဲ့ ကိုယ့်ကိုကိုယ်ဒေါသပိုထွက်ပါသည်။
×          ×           ×           ×           ×            ×
***Hyung မာမီကတွေ့ချင်လို့အိမ်လာခဲ့ပါအုံးတဲ့***

Onlineပေါ်မှာ မိန်းမလှလေးတစ်ဦးတွေ့လို့ profileထဲဝင်ကြည့်နေတုံး..messageဝင်လာတော့ စိတ်ရှုပ်လာရသည်။မိဘချင်းသဘောတူထားတာကြောင့် သူတို့ဆက်ဆံရေးသည်အဆင်ပြေပါသည်။သို့သော်အနှစ်မပါ အခွံသက်သက်..သူမှမချစ်တာ။လူကြီးနှင့်တွေ့ရမည်မို့ ထိန်းထိန်းသိမ်းသိမ်းနေရမည်။သူဒါကိုမနှစ်သက်။သို့သော်မသွားလို့ကလဲမဖြစ်။

မေမေ့ကိုပြောပြီး Jungkookတို့အိမ်ကိုလာတော့
ဧည့်ခန်းထဲတွင်Jin Hyungတို့ပါရောက်နေသည်။ကားတစ်ကားလုံး..ဝင်လာတဲ့အသံ..လူတစ်ယောက်လုံးဝင်လာတဲ့အသံတောင်မကြားရအောင် ဘာတွေရီရီမောမောပြောနေကြပါသလဲ။

ရူး💔(complete)Where stories live. Discover now