5💙

3.1K 289 27
                                    

အများကြီးချစ်ပေးခဲ့တယ်
အများကြီးလဲမျှော်လင့်ခဲ့တယ်
နောက်ဆုံးတော့လဲ မောင်ပဲ
အများကြီးခံရတယ်။
<><><><><><><><><><><><><><><><><>
အရက်ဝိုင်းတွင်တစ်ယောက်ထဲထိုင်သောက်နေသောTaehyung သဘောကျကာရှေ့ဆက်တိုးမိတာအပြစ်လား။လည်ချောင်းထဲထိပူနေပေမဲ့ ဒေါသကိုအရက်နဲ့သာမျှော်ချရသည်။

"ချာတိတ်"

"ဘာလဲ...ဘာလာလုပ်တာလဲJung Hoseok"

"ချာတိတ်ကိုတွေ့လို့ပါ။ဘာလဲအသဲကွဲနေတာလား"

"ခင်ဗျားအပူမပါပါဘူး။ခင်ဗျားနဲ့ကျွန်တော်နဲ့အနေသာကြီးပါ"

"ချာတိတ် Hyungကိုစိတ်နာနေတုံးလား"

ဘာမှမပြောဘဲရီဝေဝေကြည့်နေတာကြောင့်တစ်ချက်ပြုံးပြီးခေါင်းလေးကိုဖွာလိုက်သည်။

အင်း။ဒီဆံပင်ကောက်ကောက်လေးတွေကိုထိတွေ့ခွင့်မရခဲ့တာဘယ်လောက်ကြာပြီလဲ။

"အချစ်ဆိုတာကလေအင်္ဂလိပ်သီချင်းလိုပဲနားထောင်လို့တော့ကောင်းတယ် ဒါပေမဲံနားမလည်ဘူး။လိမ္မာပါတယ်ချာတိတ်ရယ် နောက်ဆိုအချစ်ဆိုတာကြီးနဲ့ဝေးဝေးနေ ကြားလားချာတိတ်"

"နှစ်တွေဒီလောက်ကြာတာတောင် အခုထိဘုရားဖြစ်မယ့်အုတ်နီခဲလုပ်နေတာပါလားJung Hoseokရယ်ခင်ဗျားဟာလေ ခင်ဗျားအတ္တပဲခင်ဗျားကြည့်တယ်"

"ဟိုတစ်လောက ရန်ဖြစ်တာတွေ့တယ်။ဘာလို့ဖြစ်တုန်းချာတိတ်ရဲ့"

"ဖြစ်ချင်လို့ဖြစ်တာဗျာ။ဘာမှမဆိုင်တော့တဲ့သူကို ဟိုမေးဒီမေးလာမလုပ်ပါနဲ့"

"ကလေးဆန်နေတုံးပဲချာတိတ်ရယ်"

"အရမ်းရင့်ကျက်ပြီးအရာရာစည်းနဲ့ဘောင်နဲ့ထားပြီးဆက်ဆံနေတဲ့ခင်ဗျားထက်တော့ ကျွန်တော့်ရဲ့ကလေးဆန်မှုကလွတ်လပ်ပါသေးတယ်Jung Hoseokရယ်"

"နှလုံးသားထက်ဦးနှောက်ကိုဦးစားပေးလိုက်တာ နှစ်ယောက်လုံးအတွက်အဆင်ပြေခဲ့တယ်မလား"

"ပြေတယ်ထင်နေလား!!!ကျွန်တော်ပြေနေတယ်ထင်လို့လား!!ကျွန်တော်ကိုက အချစ်ကံကိုမကောင်းတာ!!အရင်ကခင်ဗျား!!အခု ကောင်လေးကလဲ မဖြစ်နိုင်ဘူးဆိုတာအသိသာကြီး..လူတွေကခက်တယ်ချစ်ပေးမလိုလိုနဲ့ပညာတွေပြသွားကြတယ်"

ရူး💔(complete)Where stories live. Discover now