Sequel-5

800 99 0
                                    

(Unicode)

အခန်းအတွင်းသို့ ဖြာကျလာသော နံနက်ခင်းနေရောင်ခြည်လေးများကြောင့် ငြိမ်းချမ်းစွာ အိပ်မောကျနေသောသူ၏ စိမ်းလဲ့တောက်ပသောမျက်၀န်းတစ်စုံသည် ပွင့်ဟလာခဲ့တော့သည်။ သူသည် တစ်ချက်သမ်း၀ေလျက် နံဘေးတွင်မျှော်လင့်ထားသော တစ်စုံတစ်ယောက်အားမတွေ့ရသည့်အခါ မျက်ခုံးများဟာအလိုမကျစွာ တွန့်ချိုးသွားခဲ့၏။

"ဒရက်ကို.......?"

မဟုတ်မှလွဲရော......
မနေ့ညကအဖြစ်အပျက်များဟာ သူ့ဆန္ဒများကြောင့်ဖြစ်ပေါ်လာသော အိပ်မက်တစ်ခုသာဖြစ်ခဲ့တာလား....?
သို့သော် ဟယ်ရီသည် ချက်ချင်းပင် ထိုအတွေးအားပြန်လည် ပယ်ဖျက်လိုက်၏။ ထိုသို့မဟုတ်နိုင်ပါ။ အိပ်မက်တစ်ခုဖြစ်ဖို့ရန် အလွန်လက်တွေ့ဆန်လွန်း၍ ပြီးပြည့်စုံခဲ့သည်မဟုတ်လား...။

ထိုစဉ် အချိန်ကိုက်ဆိုသလို အခန်းတံခါးပွင့်ဟလာလျက် ဟယ်ရီရှာဖွေနေသော အကြင်သူဟာ ၀င်ရောက်လာသည်။

"Ohh.. မင်းနိုးနေပြီလား။ ကိုယ်က အခုမှလာနှိုးတော့မလို့ကို....။"

"မင်းဘယ်သွားနေတာလဲ? နိုးလာတဲ့အချိန်မင်းကို မတွေ့ရတော့ အကုန်လုံးကိုအိမ်မက်တစ်ခုလို့တောင် ထင်နေတာ..."

ဒရက်ကိုသည် နူးညံ့သောအပြုံးတစ်ခုဖြင့် အနီးသို့ကပ်လာကာ ဟယ်ရီ့နဖူးပြင်ထက်သို့ ခပ်ဖွဖွနမ်းလိုက်၏။

"မင်းကတော့လေ....အရူးလေးလို မဟုတ်တာတွေ တွေးနေပြန်ပြီ။ ဘယ်လိုလုပ်အိပ်မက်ဖြစ်ရမှာလဲ? ကိုယ်ကဖြင့် မင်းအတွက် နံနက်စာပြင်ထားပေးဖို့ အိမ်စေမှင်စာတွေကိုသွားပြောနေတာ။ ပြီးရင် ရေချိုးလို့ရအောင်လည်း အကုန်အသင့်ပြင်ထားပြီးပြီ။ ခုဆိုရေအပူချိန်က အနေတော်ဖြစ်လောက်ပြီထင်တယ်"

ဒရက်ကို၏သူ့အပေါ်ဂရုစိုက်မှုများကြောင့် နှလုံးသားတွင် နွေးထွေးခြင်းများ လွှမ်းခြုံလာသလို ဟယ်ရီခံစားလိုက်ရသည်။

"Umm...ကျေးဇူးတင်ပါတယ်...။"

"ကိုယ်သေချာပေါက် ဂရုစိုက်ပေးရမယ့်ဟာဘဲလေ။ ကျေးဇူးတင်စရာမှ မဟုတ်တာ။ အခုရော ရေချိုးတော့မလား?ကိုယ်ပွေ့ချီပြီးခေါ်သွားပေးမယ်လေ။"

TwistedWhere stories live. Discover now