Part-12

891 133 6
                                    

(Unicode)

ပါတီပွဲမှာ ခရစ်စမတ်စ်အကြိုနေ့တွင် ကျင်းပမည်ဖြစ်လေသည်။ ဒရက်ကိုသည် မူလအစတွင် ဤပိတ်ရက်အတွင်း ဟော့ဂ်၀ပ်မှာနေကာ သူ၏လုပ်လက်စကိစ္စများကို ဆက်လက်လုပ်ဆောင်ရန် စီစဥ်ထားခဲ့ပြီးဖြစ်သည်။ သူသည် အလွန်ပင်  ဟယ်ရီနှင့်အတူ ပါတီသို့ သွားချင်သော်လည်း သူ့အားစောင့်ကြည့်နေသူနှင့် ပြန်လည်သတင်းပို့နေသူအများအပြားရှိနေရာ စွန့်စားရန်မဖြစ်ပေ။ သူနှင့်ဟယ်ရီဆက်ဆံရေးကို အခြားသူများသိရှိသွားလျှင် ဟယ်ရီအား အန္တရာယ်ကြားထဲဆွဲခေါ်သလိုသာ ဖြစ်လိမ့်မည်။ ကိစ္စအလုံးစုံကိုလည်း ပြောပြ၍မရတာကြောင့် ဟယ်ရီအား အိမ်ပြန်ရမည်ဟု လိမ်ညာငြင်းပယ်မိတော့၏။

ဟယ်ရီသည် သူ့အား သံသယမဖြစ်ဘဲ နားလည်ပေးကာ ကျောင်းပိတ်ရက်တွင် မတွေ့ရမည့်အတွက် ပို၍ပင် အတူရှိပေးလာသောကြောင့် ညနေအတန်းပြီးသည့်အချိန်များတွင် နေ့တိုင်းလိုလို လိုတရအခန်း၌ နှစ်ဦးသား တွေ့ဖြစ်ကြလေသည်။

ကျောင်းပိတ်ရက်များ မရောက်မီ တစ်ရက်အလိုတွင်ဖြစ်၏။ ပိတ်ရက်အတွက် ဘာသာစုံမှပေးလိုက်သည့် အိမ်စာများမှာ များလွန်းတာကြောင့် ဟယ်ရီသည် တစ်စုံတစ်ခုကျန်ခဲ့ခြင်းမဖြစ်စေရန် နှစ်ယောက်မှတ်သားခဲ့သည်များကို သေချာစွာ စစ်ဆေးကြည့်နေသည်။

ဒရက်ကိုသည် နောက်ဆုံးတွင် မကျေမနပ်ဖြစ်စွာ ပြောလာတော့သည်။

"ဒီလောက်များတာ ငါတို့ဘယ်လိုပြီးနိုင်မှာလဲ? ပရော်ဖက်ဆာတွေ ဒီလိုအိမ်စာပေးမယ့်အတူတူ ပိတ်ရက်မလုပ်တာတောင် ပိုကောင်းအုံးမယ််။"

ဟယ်ရီကတော့ တစ်ချက်ပြုံးလိုက်ကာ..

"ငါတို့က ခြောက်နှစ်မြောက်ရောက်နေပြီလေ။ ဒီလောက်က ဖြစ်သင့်တဲ့ဟာဘဲမလား။ ပိတ်ရက် အိမ်ပြန်ရောက်ရင် မင်းလည်း ပျင်းမနေနဲ့နော်။ ငါအိမ်စာတွေ သေချာမှတ်ပေးထားတာမို့ အကုန်ပြီးအောင်လုပ်ခဲ့ရမယ်။"

"ဟယ်ရီရာ ကိုယ်တို့အကြာကြီးမတွေ့ရတော့မယ့်ဟာကို ဒီနေ့တော့ စာအကြောင်းတွေ မပြောပါနဲ့လား...။"

ထို့နောက် ဒရက်ကိုသည် ဟယ်ရီပေါင်ပေါ်သို့ ခေါင်းတင်၍ လှဲအိပ်လိုက်ကာ

TwistedWhere stories live. Discover now