Part-5

957 135 11
                                    

(Unicode)

ဒရက်ကို? မဖြစ်နိုင်လိုက်တာ...။
ရုတ်တရက်ပင် ဟယ်ရီသည် သူ၏စိတ် ထင်ယောင်ထင်မှားဖြစ်နေသည်ဟု တွေးလိုက်မိလေသည်။

"မင်းမျက်လုံးဖွင့်ပြီး အိပ်ပျော်နေတာတော့မဟုတ်ဖူးမလား ပေါ်တာ?ငါ့ကိုရော ဘယ်အချိန်ထိ ဆက်ကြည့်နေဖို့တွေးထားသေးလဲ?"

ဒရက်ကို၏စကားသံကြောင့် ဟယ်ရီသည် သူ့အတွေးပုံရိပ်မဟုတ်ဘဲလက်တွေ့ဖြစ်ကြောင်း သတိထားမိသွားတော့သည်။ ဒါပေမယ့် ဒရက်ကိုဟာအဘယ်ကြောင့်  စလေသရန်းစ်တွေနဲ့မဟုတ်ဘဲ သူ့ဘေးနား လာထိုင်ရပါသနည်း။

"Umm.. မင်းကရော ဒီမှာဘာလာလုပ်နေတာလဲ? တခြားစလေသရန်းစ်တွေနဲ့ မထိုင်ဖူးလား?"

"ခုံအလွတ်ဖြစ်နေလို့ ငါ၀င်ထိုင်လိုက်တာလေ။ ပြီးတော့ နောက်ဆုံးတန်းက ဒီတစ်နေရာဘဲ လွတ်တော့တာကိုး။ ပျင်းစရာကောင်းလွန်းတဲ့ဒီအချိန်ကို အရှေ့မှာတော့ သွားမထိုင်ချင်ဖူး။"

ဟယ်ရီသည် ဘေးပတ်လည်အား အကဲခတ်ကြည့်မိတော့ အမှန်ပင် နေရာလွတ်မရှိတော့။ သူ့လိုပင် ကောင်းစွာအိပ်နိုင်ရန် နောက်ဆုံးတန်းအား နေရာပြိုင်လုသူ များသည့်ပုံပေါ်၏။

"ဘာလဲ?မင်းက ငါလာထိုင်တာ သိပ်သဘောမကျတဲ့ပုံဘဲ။ ဟိုတစ်နေ့ကဘဲ အဆင်ပြေပြီး သူငယ်ချင်းဖြစ်ချင်တယ်ပြောခဲ့တာမဟုတ်ဖူးလား?"

"ငါသဘောမကျဖူးလို့ မပြောရသေးဖူးထင်တယ် ဒရက်ကို။ ရုတ်တရက်အံ့သြသွားတာဘဲရှိတာ။ မင်းက အရင်ရက်တွေလျစ်လျူရှုထားပြီး ခုလိုပေါ်လာမယ်မထင်မိလို့လေ။"

ဟယ်ရီမှာ နောက်ဆုံးစာသားအား ပြောပြီးချင်း မလိုအပ်သလို ခံစားရတာကြောင့် နောင်တရသွားလေ၏။ ဒရက်ကို သူ့အပေါ် ရန်မစသရွေ့ မည်ကဲ့သို့ပင် ဆက်ဆံပါစေ ထိုကိစ္စနှင့်ပတ်သတ်ပြီး သူဂရုမစိုက်သင့်ချေ။ ယခုတော့ သူ့ပုံစံမှာ အနည်းငယ် စိတ်ကောက်နေဟန်ဖြင့်ပင် တူသွားချေ၏။

"ငါမင်းကို လျစ်လျူရှုထားတယ်လို့ရော ဘယ်သူပြောလဲ?"

ကံကောင်းထောက်မစွာ ပရော်ဖက်ဆာ ဘင်းမှ စာစရှင်းနေပြီဖြစ်ကာ ကျောင်းသားများအား အသံတိတ်ရန်ပြောလာသောကြောင့် ဟယ်ရီမှာ ကို့ရို့ကားယားနိုင်လှသည့်စကား၀ိုင်းအား ရှေ့ဆက်စရာမလိုတော့ပါချေ။

TwistedWhere stories live. Discover now