Part-16

793 123 1
                                    

(Unicode)

ဟယ်ရီသည် ပရော်ဖက်ဆာဆလဂ်ဟွန်းထံမှ သတင်းစုံစမ်းရန်ကိစ္စအား အကြောင်းပြလျက် ဒရက်ကိုနှင့် မတွေ့ဘဲရှောင်နေခဲ့သည်မှာ သူ့အားလိမ်ညာခဲ့သည့်နေ့ကတည်းကပင်။ သူသည် စိတ်ဆိုးနေဆဲဖြစ်သော်လည်း ဒရက်ကိုအား လွမ်းဆွတ်သတိရစိတ်များမှာတော့ အစဥ်ဖြစ်ပေါ်လျက် တစ်ခါတစ်ရံ သူ့ဘက်မှ ကိစ္စများအား ပုံကြီးချဲ့မိသလားဟူ၍လည်း တွေးဖြစ်ပြန်၏။ မည်သို့ပင်ဆိုစေကာမူ ဤနေ့တွင် စိတ်ကြည်နေတာကြောင့် ဒရက်ကိုနှင့် အတူအချိန်ကုန်ဆုံးရန် ဆုံးဖြတ်လိုက်လေသည်။

ဟယ်ရီသည် စလေသရန်းစ်အချိန်ဇယားအား စူးစမ်းကြည့်ရာ၀ယ် အားလပ်ချိန်ဖြစ်ကြောင်းတွေ့ရှိရသဖြင့် ဒရက်ကိုအားလိုက်လံရှာဖွေရာ အကြင်သူအား စာကြည့်တိုက်တွင် တွေ့ရှိသွား၏။ ဒရက်ကိုသည် စာအုပ်စင်အားမျက်နှာမူလျက် အလိုရှိသောစာအုပ်ကိုသာ စူးစိုက်ရှာဖွေနေတာကြောင့် အနောက်ဘက်မှ ဟယ်ရီရောက်လာသည်ကို သတိထားမိဟန်မပေါ်ပေ။ ဟယ်ရီသည် စနောက်ရန် အကြံအစည်ရလာသောကြောင့် အသံတိတ် အနားသို့တိုးကပ်သွားလျက် အနောက်မှ ဒရက်ကို၏မျက်လုံးနှစ်ဖက်အား လက်ဖြင့်ကာလိုက်လေသည်။

"ဘယ်သူလဲဆိုတာ မှန်အောင်ဖြေ!မဖြေနိုင်ရင် အပြစ်ပေးခံရမယ်။"

ဒရက်ကိုသည် မထင်မှတ်ထားသောကြောင့် အနည်းငယ်ထိတ်လန့်သွားဟန်ရှိသော်လည်း ချက်ချင်းပင်ရယ်မောလာကာ သူ့မျက်လုံးကို ပိတ်ထားသောဟယ်ရီလက်နှစ်ဖက်အား အုပ်မိုးကာကိုင်လိုက်လေသည်။

"Ohh...အဲ့တာဆို အဖြေမှန်ရင်ရော ကိုယ့်အတွက် ဘာဆုရမှာလဲ?"

"အဲ့ကိစ္စ နောက်မှပြောမယ်။ ငါ့အသံကိုတောင် မမှတ်မိတာတော့မဟုတ်ဖူးမလား?"

ဟယ်ရီ၏စကားကြောင့် ဒရက်ကိုသည် သဘောကျစွာ ထပ်မံ၍ တခစ်ခစ်ရယ်မောလာသည်။

"ကိုယ်အရမ်းလွမ်းနေရတဲ့ ကိုယ့်ချစ်သူကောင်လေးရဲ့အသံကို ဘယ်လိုလုပ်မေ့နိုင်ရမှာလဲကွာ? ဟယ်ရီ....ကိုယ်ကမင်းနဲ့ပတ်သတ်သမျှ အကုန်မှတ်မိတာကို။"

ဟယ်ရီသည် ထိုအခါမှ ဒရက်ကိုမျက်လုံးအား ကာထားသောလက်များကို ပြန်ဖယ်ပေးလိုက်ချိန်တွင် ဒရက်ကိုမှာ သူ့လက်များအား အလွှတ်မပေးဘဲ ပိုမိုနီးကပ်အောင် ဆွဲယူလျက် ဟယ်ရီအား တင်းကျပ်စွာဖက်ထားတော့သည်။

TwistedWhere stories live. Discover now