အပိုင်း - ၁၁ (U+Z)

30.8K 4.1K 195
                                    

Unicode

အတော်ကြာ ဝေဝါးနေသော ချင်းကျယ်လည်း
လင်းကျစ်ရှတို့နှစ်ဦးကြား ဆက်ဆံရေးကို
ရိပ်မိသွားသည်။ အမှန်တော့ လော့ချင်၏
အသွင်အပြင်ကို တစ်ချက်ကြည့်လိုက်ရုံနှင့်
စိတ်ထဲမှာ ခွဲခြားနိုင်ပြီးသား။

လင်းကျစ်ရှ၏ခင်ပွန်းဟောင်းကို ချင်းကျယ်က
လူချင်း တစ်ခါမှမဆုံဖူးသော်လည်း ယခုတော့ ရုတ်တရက်ရောက်ချလာပြီး ရင့်ရင့်သီးသီး
လေသံနှင့် ပြောနေသလိုခံစားရသည်။
ကုန်လွန်ခဲ့သောလေးနှစ်တာကာလအတွင်း
လင်းကျစ်ရှတစ်ယောက်တည်း ပင်ပင်ပန်းပန်းရုန်းကန်ခဲ့ရသည်ကိုတွေးမိရင်း ချင်းကျယ်က ခင်ပွန်းဟောင်းဆိုသူအပေါ် အတော်လေး
မကျေမနပ်ဖြစ်သွားသည်။

"ခင်ဗျား ဘာအတွက် အဲ့လိုပြောရတာလဲ"

လော့ချင်က ချင်းကျယ်၏အမေးကို လုံးဝ
လျစ်လျူရှုကာ လင်းကျစ်ရှကို ပြောလိုက်သည်။

"စကားပြောရအောင်"

အလိမ်အညာက မပီပြင်သည့်အပြင်
တစ်သက်လုံးဖုံးကွယ်ထားလို့ရတာမျိုး မဟုတ်။
လင်းကျစ်ရှ သက်ပြင်းချကာ သဘောတူလိုက်သည်။

ချင်းကျယ်က တား၏။

"ကျစ်ရှ...သူ့မှာ ဒီလိုသဘောထားရှိနေမှတော့
လျစ်လျူရှုလိုက်ပါလား"

"ရပါတယ် အစ်ကိုချင်း၊ ကျွန်တော်
ကောင်းကောင်းဖြေရှင်းနိုင်တယ်"

လင်းကျစ်ရှက ရှောင်အိုက်ကို ချင်းကျယ်ထံ
ပို့လိုက်သည်။

"ကျေးဇူးတင်ပါတယ်၊ ရှောင်အိုက်ကို ဆိုင်ထဲ
ခေါ်သွားပေးလို့ရမလား"

ချင်းကျယ် လော့ချင်ကိုလှမ်းကြည့်လိုက်သည်။
လင်းကျစ်ရှ ဆုံးဖြတ်ချက်တစ်ခုချထားမှန်း
ချင်းကျယ်သိသည့်အပြင် သူ ဆက်ပြောလျှင်
စကားကောင်းထွက်လာမှာမဟုတ်သဖြင့်
ဘာမှမဆိုတော့ပေ။

ချင်းကျယ် ရှောင်အိုက်ကိုခေါ်ကာ ဆိုင်သို့
လျှောက်သွားရာတွင် ကလေးက သိချင်စိတ်နှင့်
နောက်လှည့်ကြည့်မိသည်။ လင်းကျစ်ရှ
သားဖြစ်သူ၏စိုးရိမ်မှုကိုသိသဖြင့် ပြုံးပြကာ
တစ်ဖက်သို့ပြန်လှည့်ချိန်တွင်မူ မျက်နှာအမူအရာပြောင်းသွားပေပြီ။

ကွာရှင်းပြီးမှ ကိုယ်ဝန်ရ || ဘာသာပြန် [COMPLETED]Where stories live. Discover now