အပိုင်း - ၂၂ (U+Z)

26.7K 3.7K 30
                                    

Unicode

"လင်းကျစ်ရှ ဒီမှာမရှိမှတော့ ငါတို့စကားပြောတဲ့အခါ ဟန်ဆောင်ပြနေဖို့လိုလို့လား"

ချင်းကျယ်ကလည်း ဟန်ဆောင်အပြုံးကို ခွာချ
လိုက်သည်။

"အရင်တစ်ခေါက်က ရှောင်အိုက်ပျောက်သွားတာ...တကယ်တော့ ခင်ဗျားရဲ့မိသားစု ခေါ်သွား
ခဲ့တာမဟုတ်လား"

လော့ချင်က ဓားသွားကဲ့သို့ထက်ရှသောအကြည့်
မျိုးဖြင့် ဖျတ်ခနဲကြည့်လိုက်၏။

"ခင်ဗျား ကျွန်တော့်ကို အဲ့လိုကြည့်စရာမလိုဘူး၊
ရှောင်ရှ ကျွန်တော့်ကို ပြောပြတာမဟုတ်လို့"

ချင်းကျယ် မျက်မှောင်ကြုတ်လိုက်ကာ-

"ကျွန်တော် ရှောင်အိုက်ကို မေးကြည့်တော့..
အဘိုးခေါ်သွားတာလို့ပြောတယ်၊ လော့ချင်...
ရှောင်ရှ ဘာတွေစိုးရိမ်နေသလဲဆိုတာ ခင်ဗျား
သိသိကြီးနဲ့ ဘာကြောင့် ထပ်ခါထပ်ခါ
စိတ်ဒုက္ခပေးနေရတာလဲ"

"ဒါ ငါ့မိသားစုကိစ္စ"

ချင်းကျယ် လေသံမြင့်သွားရသည်။

"ခင်ဗျားနဲ့သူနဲ့ ကွာရှင်းပြီးသား၊ တရားရင်ဆိုင်ရင်တောင် ခင်ဗျား နိုင်လိမ့်မယ်လို့ အပြည့်အဝ
မသေချာဘူး၊ ရှောင်ရှကို ဘာလို့မလွှတ်ပေးရတာလဲ..ရှောင်အိုက်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေခွင့်
မပေးတာ ဘာကြောင့်လဲ"

လော့ချင် ငြီးငွေ့လာသည်။

ချင်းကျယ်ဆိုသော ဒီလူကို ငြီးငွေ့လာပြီ။
လင်းကျစ်ရှအတွက် မည်မျှတွေးပေးကြောင်း၊
လင်းကျစ်ရှနှင့်မည်မျှရင်းနှီးကြောင်း မပြီးနိုင်
မဆုံးနိုင်အောင် ပြောနေတတ်သော ချင်းကျယ်၏
စကားများကို လော့ချင် မကြားလိုတော့။ တရားဟောသလိုလေသံနှင့် အမြဲတမ်း စွပ်စွဲ
ပြောနေတာကိုလည်း ငြီးငွေ့လှသည်။ မသိလျှင် ချင်းကျယ်နှင့်လင်းကျစ်ရှက တစ်ဖက်ဖြစ်ပြီး
လော့ချင်က ရန်သူလို။

လေးနှစ်အတွင်း လင်းကျစ်ရှအတွက်
အားထားစရာက ချင်းကျယ်တစ်ယောက်ပဲ
ဖြစ်ခဲ့ပြီး လော့ချင်ကိုယ်တိုင်မရှိပေးနိုင်ခဲ့တာ
ကိုလည်း ပြန်တွေးတိုင်း စိတ်ပင်ပန်းရသည်။

ကွာရှင်းပြီးမှ ကိုယ်ဝန်ရ || ဘာသာပြန် [COMPLETED]Dove le storie prendono vita. Scoprilo ora