( ၃ ) - Zawgyi

123 16 1
                                    

အခြေအနေတွေက မျှော်လင့်ထားသလိုဖြစ်မလာခဲ့ ။ မနက်ရောက်တော့ အိပ်ရာမှနိုးနိုးချင်း ကောင်းဆုကိုဖုန်းဆက်သည် ။ စက်ပိတ်ထားသည်သာ ပြန်ကြားနေရသည် ။ နိုးများမနိုးသေးလို့လား ။ နာရီကိုကြည့်လိုက်တော့ မနက်ဆယ်နာရီ ။ ကောင်းဆုက သည်လောက်ထိ အိပ်ရေးမက်တတ်သူမဟုတ် ။

ရေအမြန်ချိုးအဝတ်စားလဲပြီး ကားသော့ယူကာ အောက်ထပ်သို့ဆင်းလာလိုက်သည် ။ ဒီရက်ပိုင်းဆေးရုံသွားဖို့မလိုသေး၍ ကိစ္စတော့မရှိ ။  အောက်ထပ်သို့ရောက်တော့ ထမင်းစားခန်းထဲထိုင်ကာ သတင်းစာဖတ်နေသည့်အဖေမှ လှမ်းခေါ်လေသည် ။ ပြန်မဖြေမနေတော့ဘဲ ခြံတံခါးဖွင့်ကာ ကားမောင်း၍ ကောင်းဆုတို့အိမ်ရှေ့ရပ်လိုက်လေသည် ။

ခြံတံခါးသော့ခတ်ထား၍ ရင်ထဲမှာထိတ်ခနဲ ။ ဘယ်များသွားကြလေသလဲ ။ ကောင်းဆုကလည်း ဆက်သွယ်၍မရပြန်တော့ ရင်ထဲဗလောင်ဆူသွားသည် ။ ခြံထဲသို့ ဟိုဟိုသည်သည်ကြည့်နေခိုက် နောက်ဘက်ဆီမှ ကားဟွန်းတီးသံကြားရ၍ လှည့်ကြည့်မိလိုက်သည် ။

အန်တီဆုတို့ကားပင် ။ ယာဉ်မောင်းသူက ကားပေါ်မှဆင်းကာ ခြံတံခါးအားသော့လာဖွင့်နေစဉ် အန်တီဆုက ကားမှန်ချကာ လှမ်းပြောလာသည် ။

" မောင်မင်းကြည် အန်တီတို့အိမ်ကို ခဏလောက်ဝင်ခဲ့ပါဦး ''

အန်တီဆုတို့ကားက ခြံထဲသို့မောင်းဝင်သွားလေပြီ ။ မင်းကြည်ဖြူလည်း နောက်မှပင် လျှောက်၍ဝင်လာခဲ့လိုက်သည် ။

" ထိုင်ဦး မောင်မင်းကြည် စကားအေးဆေးပြောကြတာပေါ့ ''

အန်တီဆုက ဧည့်ခန်းဆိုဖာတွင် အရင်ဝင်ထိုင်လိုက်ပြီး မင်းကြည်ဖြူကိုထိုင်ရန် သူ(မ)ရှေ့မှဆိုဖာများအား မေးငေါ့ပြသည် ။ မင်းကြည်ဖြူဝင်ထိုင်လိုက်ချင်းမှာပင် အန်တီဆုက စကားဆိုလာသည် ။

" မင်းတို့အန်ကယ်ဆုံးတာ သိပြီးပြီမလား... ''

" ဗျာ... ''

အမေပြောချင်နေခဲ့တာ သည်ကိစ္စများဖြစ်လေမလား ။ ကချင်ပြည်နယ်ရောက်နေစဉ်မှာ သည်လိုမျိုးကိစ္စတွေရှိခဲ့တာကြောင့် နောက်ပိုင်းကောင်းဆုနှင့်အဆက်အသွယ်မရတာမှန်း တွက်ဆလိုက်မိသည် ။ ကောင်းဆုက ဘာလို့များ ချစ်သူဖြစ်တဲ့ မင်းကြည်ဖြူကိုရင်မဖွင့်ခဲ့ရတာလဲ ။

ဆုလာဘျ / ဆုလာဘ် [Completed]Where stories live. Discover now