Part 23😁

4.1K 220 6
                                    

ရန်လင်းလဲအိမ်ပြန်လာရင်းလက်ထဲမှပန်းစည်းနဲ့ဘူးအနီ​လေးကိုကြည့်ကာပြုံးမိသည်......

သူ့ဘဝမှာမေတ္တာဆိုတာမျိုးမရှိခဲ့ဖူးပေ..သူငယ်ငယ်ကမိဘလုပ်ငန်းတွေဟာဉီးလေးဖြစ်သူကြောင့်ဆုံးရှုံးခဲ့ရပြီးမသိတတ်သေးသောကလေးငယ်လေးကိုအပြစ်တွေလွှဲချခဲ့ကြသည်...အဖေဖြစ်သူကလုပ်ငန်းတွေကြောင်နှလုံးရောဂါဖောက်ပြီးဆုံးခဲ့ပြီး..နောက်နေ့အမေဖြစ်သူပါအဖေ့နောက်လိုက်သွားခဲ့သည်...ငယ်ငယ်တည်းကသာမန်ဘဝလေးနဲ့တောင်အနိုင်နိုင်ဉီးလေးရဲ့နှိပ်စက်မှု...အလုပ်ကြမ်းတွေမှန်သမျှလုပ်ခဲ့ရသည်....သူအရွယ်ရောက်လာတော့ငယ်ငယ်တည်းကမစားမသောက်စုခဲ့ရတဲ့ငွေတွေကိုဉီးလေးကယူပြီးထွက်သွားခဲ့သည်...သူလဲကြိုးစားရုန်းကန်ရင်းအထက်တန်းတက်ဖို့တရားဝင်တာရောမဝင်တာကိုပါလုပ်ခဲ့သည်...အောက်လမ်းပညာ။လောင်းကစားတွေမှာထူးချွန်တဲ့သူကလူသတ်ဖို့ထိတော့မရက်စက်ပေ....တခါတခါသူကူညီခဲ့ဖူးတာတွေလူမသိ...သူကလဲထုတ်မပြတတ်...နှလုံးသားကမာကျောခဲ့ပြီးချစ်ချင်းမေတ္တာလဲမရှိတော့..အချိန်ကြာမာကြောနေတဲ့နှလုံးသားကသူနာပြုဝတ်စုံနှင့်ကောင်လေးတယောက်အပေါ်ပထမဆုံးရင်ခုန်ခဲ့သည်...တဘဝလုံးစာသူ့ကိုစောင့်ရှောက်သွားမည်..သားလေးကိုရောပေါ့...တရားမဝင်တာတေမလုပ်တော့ဖိူ့လဲဆုံးဖြတ်လိုက်သည်..သူ့မှာကိုယ်ပိုင်လုပ်ငန်းလဲရှိတာကြောင့်ပင်......

"ဟာ..ဟေ့လူ..ဖယ်..ဖယ်အုံး..

သူတွေးနေတုန်းကားတစီးသူ့ရှေ့တည့်တည့်လာနေသည်...

"အား........!!

ကားကအချိန်မှီရပ်လိုက်နိုင်လို့တော်သေားသည်..ကားထဲမှအနောက်တိုင်းဝတ်စုံနေကာမျက်မှန်နှင့်သေးသေးကွေးကွေးကောင်လေးတယောက်ဆင်းလာပြီးရန်တွေ့တော့သည်.....

"ဒီမှာ..ခများသေချင်နေတာလား..ဘာတွေတွေးနေလို့ကားလာတာမမြင်လဲ....တိုက်မိရင်ဘယ်လိုလုပ်မာလဲ..ခများကဘာမှမဖြစ်တောင်ကျုပ်ထောင်ထဲတော့မသွားနိုင်ဘူး...ဟွန့်....

"ရေသောက်အုံးမလား.....

"ဘာ..ခများဘယ်လိုလူလဲ..

မင်းဖြစ်နေလို့(မင်းမို့လို့)(completed)Where stories live. Discover now