Part 8😁

5.1K 256 5
                                    

မနက်မိုးလင်းတော့ရိပေါ်နိုးလာသည်။သူလဲအမြန်ထပြီးနဖူးလေးကိုစမ်းကြည့်တော့...

"ကျစ်အပူကမကျဘူး..ရှောင်းကျန့်..ဟိတ်.....
"အင်း..ဟင်း..မားမား..ကျဲကျဲ......

အဖျားကြီးပြီးယောင်နေတော့ရိပေါ်မှာခြေမကိုင်မိလက်မကိုင်မိ

"အင်းဒီတိုင်းတော့မဖြစ်ဘူး..ဆရာဝန်ပင့်မှဖြစ်မယ်....

ရိပေါ်လည်းဆရာဝန်ကိုဖုန်းဆက်ဖို့လှည့်အထွက်..
."ဟင်...

ရှောင်းကျန့်ကသူ့လက်ကိုလှမ်းဆွဲထားပြီးပါးစပ်ကလဲဘာပြောမှန်းမသိတကျွတ်ကျွတ်ဝါးနေသလိုပင်..ကလေးတယောက်နို့ဆာသလိုဖြစ်နေပြီးချစ်စရာလေးမို့ရိပေါ်ပြုံးမိသွားသည်။

သူလဲလက်ကိုလွှတ်တော့အတင်းပြန်ဆွဲတာကြောင့်အရှိန်မနိုင်ဘဲရှောင်းကျန့်ပေါ်ပုံကျသွားပြီးနှုတ်ခမ်းသားနှစ်ခုမှာလည်းထိကပ်လျက်.....

ရိပေါ်ရုတ်တရက်မို့လန့်သွားပြီးမျက်လုံးအပြူးသားရင်ထဲကအကောင်ကလဲပေါက်ထွက်မတတ်....

ဟိုပေါက်စကတော့ဘာထင်မှန်းမသိသူ့နှုတ်ခမ်းကိုသကြားလုံးလိုစုတ်ပြီးလျှာလေးနှင့်လျှက်နေသည်။

အချိန်ဘယ်လောက်ကြာသွားမှန်းမသိရိပေါ်သတိထားမိပြီးလွှတ်ပေးလိုက်သည်။ယုန်ပေါက်ကတော့ခုထိသတိမရသေး......

ရိပေါ်မိသားစုဆရာဝန်ကိုဖုန်းဆက်ခေါ်လိုက်တော့ဒေါက်တာယူပင်းရောက်လာသည်။

"အဖျားကြီးသွားတာပါ။အဖျားနဲနဲကျသွားတာ​​ရေပတ်တိုက်​ပေးလို့ထင်တယ်.....သူ့ကိုတရက်လောက်တော့နားခိုင်းရလိမ့်မယ်အစားကတော့ဆန်ပြုတ်ပဲကျွေးပါ။ဒေါက်တာဆေးပေးခဲ့မယ်။
"အင်းယူပင်း...

ဒေါ်ကြီးနှင့်လီလီလည်းစိတ်ပူနေကြသည်။

"ဒေါ်ကြီးသူနိုးလာရင်ဆန်ပြုတ်ကျွေးပြီးပြီးဆေးတိုက်လိုက်ပါ။ပြီးတော့ဒယ်ဒီမသိစေနဲ့မဟုတ်ရင်ချက်ချင်းရောက်လာမာ။
"ဟို..ရိပေါ်..
"ပြောလေ..ယူပင်း....
"ငါအန်ကယ့်ဆီအကြောင်းကြားပြီးပြီအန်ကယ်တော်တော်စိတ်ပူနေတာ်ခုလိုက်လာမယ်ပြောတယ်.......
"ဘာ....!!!!အေးအေး..မင်းလဲသွားတော့..
"အင်း...

မင်းဖြစ်နေလို့(မင်းမို့လို့)(completed)Where stories live. Discover now