Part 12😁

5.3K 286 11
                                    

ကျန့်လဲကျလာတဲ့မျက်ရည်ကိုသုတ်ပြီးစောင့်နေလိုက်သည်။သူတခါတလေကျအဝေးဆုံးကိုထွက်ပြေးချင်သော်လဲသခင်လေးကဘာမှခံစားရမည်မဟုတ်မှန်းသိသည်။တကယ်တမ်းကျတော့လဲမသွားနိုင်။သခင်လေးကိုချစ်တာမို့အနားမှာပဲနေချင်ခဲ့တာလေ.............

ခနနေတော့သခင်လေးကဖိတ်စာတေယူပြီးထွက်လာသည်။သူလဲအတတ်နိုင်ဆုံးပြုံးပြလိုက်မိသည်။

"သွားမယ်လေ..ဘာလို့ရပ်နေသေးတာလဲ..
"ဟုတ်.သခင်လေး...
"ရှောင်းကျန့်မင်းနဲ့ငါကလက်ထပ်ရတော့မာသခင်လေးလို့ခေါ်စရာမလိုတော့ဘူး...
"ဟုတ်.ဘယ်လိုခေါ်ရမာလဲ
"မင်းခေါ်ချင်သလိုခေါ်...
"အင်း..ကိုကို..

ရှောင်းကျန့်ကကိုကိုဆိုပြီးခေါ်တော့ရိ​ပေါ်ရင်တွေခုန်ပြီးကျေနပ်တဲ့မျက်နှာဖြစ်သွားသည်ကိုတော့အပေါက်ဝမှာရပ်နေတဲ့ဝမ်ချင်ကမြင်ဖြစ်အောင်မြင်လိုက်ပါသည်။

(မင်းမျက်လုံးတွေမှာရှောင်းကျန့်အပေါ်အချစ်တွေမြင်နေရတယ်ရိပေါ်ရယ်..တို့ကိုကြည့်တဲ့အကြည့်တေကတောင်အ့လောက်ထိမပီပြင်ဖူးဘူး..မင်းသူ့ကိုချစ်လို့မရဘူးရိပေါ်..မင်းချစ်ရမာကဝမ်ချင်ဆိုတဲ့တို့ပဲ)

"မမ..ဖိတ်စာရပြီ...
"အင်း.....
သူမလဲရွှမ်းလုနှင့်အတူပြန်သွားတော့သည်။
............................................................

မဂ်လာပွဲနေ့.......
အလွန်ကြီးမားသောခန်းမကြီးအလယ်တွင်ပန်းမျိုးစုံကိုခင်းထားပြီးခမ်းမတခုလုံးအလွန်ကိုတင့်တယ်လှပနေသည်။ဧည့်သည်များမှာလဲအဆင့်အတန်းမြင့်သောလူကြီးများပင်......

ရိပေါ်လဲသူ့ပါးလက်ကိုတဲဲပီးလျှောက်လာသောအဖြူရောင်သတို့သားလေးကိုမျက်တောင်မခတ်တမ်းလိုက်ကြည့်နေသည်။ဧည့်သည်များမှာလဲတယောက်တပေါက်နှင့်ရှောင်းကျန့်ရဲ့အလှကိုချီးကျူးပြောဆိုနေကြသည်။

နှစ်ဉီးအတူကတိသစ္စာစကားတေဆိုအပြီးမှာတော့ရိပေါ်ကိုရှောင်းကျန့်ရဲ့နှခမ်းလေးကိုထိကပ်နမ်းရှိုက်လိုက်ပြီးမဂ်လာပွဲလဲပီးဆုံးသွားလေသည်။

ညနေရောကိတော့ဘတ်ချလာနိုက်ဆိုပြီးရိပေါ်သူငယ်ချင်းတွေနဲ့ညစာစားပွဲကျင်းပကြသည်။ရှောင်းကျန့်ကတော့မဂ်လာပွဲပီးကတည်းကအခန်းထဲကမထွက်..လူတွေအမြင်မှာတော့စိတ်လှုပ်ရှားနေသည်ပေါ့...တကယ်တမ်းကျတော့ငိုနေခြင်းဖြစ်သည်။

မင်းဖြစ်နေလို့(မင်းမို့လို့)(completed)Where stories live. Discover now