Part 9⚠🌚

6.2K 280 10
                                    

ရိပေါ်တယောက်ဝမ်ချင်ထွက်သွားသည့်တိုင်ကြောင်လျက်သားလေးရပ်နေသည်။

"ရိ..ရိပေါ်...ဟေ့ကောင်ရရဲ့လား.....

ရိပေါ်ဘာမှမပြောမျက်ရည်များသားကျနေသည်။သူ့စိတ်ကိုသူမသိ။ရိပေါ်ကမာနကြီးသည်။ကျဲလက်မခံခဲ့ရင်သေတောင်သေချင်သွားမယ်ထင်ခဲ့တာခုတော့ဘာမှသိပ်မခံစားရ...အရှက်ကွဲသလိုစိတ်တိုမိတာပဲရှိသည်။

"ကျစ်..ဘာတွေလဲကွာ....

ရိပေါ်လဲအရက်တေပဲလှိမ့်သောက်နေတော့သည်။ဒေါသတေစိတ်နာတေရင်ထဲမှာအပြည့်.....

ဟို၂ကောင်ကလဲသူတိုဘအမှားမို့စိတ်မကောင်းကြစိတ်ပြေအောင်ခေါ်ပါတယ်ဆိုမှပိုစိတ်ထိခိုက်အောင်လုပ်မိသည်လေ..........

"ရိပေါ်..တော်သင့်ပြီ..မင်းများများသောက်လို့မရတာသိသားနဲ့ကွာ။  သောက်တာများသွားရင်စိတ်တွေလွတ်ပြီးပါးစပ်ထဲစွဲနေတာကိုလျှောက်ပြောတတ်တယ်လေ....ဘာမှလဲသိတော့တာမဟုတ်ဘူး..........

"ဝမ်ချင်ကျဲ...ကျန်းချန်ကျဲ......
"ချီးကိုကျန်းချန်ကျဲလား...တားနေတဲ့ကြားကစိတ်လွှတ်သွားပြန်ပြီ...သေရော.....

ပါးစပ်ကပြောချင်ရာပြောပြီးကျန်းချန်ကိုလိုက်နမ်းနေသောကြောင့်ရှောင်နေရသည်။
ပြီးတော့သူမဟုတ်သည့်အတိုင်းကားမောင်းထွက်သွားပြီ.....
ဇီရွှမ်းနှင့်ကျန်းချန်လဲခေါင်းတခါခါနှင့်ကျန်ခဲ့ရသည်။ဘယ်သူ့ကိုမှဒုက္ခမပေးမိဖို့သာဆုတောင်းနေရသည်။
...............................................................

အချိန်ကလဲနောက်ကျနေပြီ...ဒေါ်ကြီးတို့လဲသွားနားကြပြီ...သခင်လေးကပြန်မလာသေးတာမို့ခြံထဲဆင်းပြီးမျှော်နေရသည်။နေကောင်းကာစမို့လူကအားမရှိ...လမ်းလျှောက်လိုက်တော့နည်းနည်းလန်းဆန်းသွားသလိုပင်........

P. P(ကားဟွန်းသံ)
"ဟောသခင်လေးပြန်လာပြီထင်တယ်.....

ကားထဲမှထွက်လာသည့်သခင်လေးကပုံမှန်မဟုတ်.....လူမလာခင်အနံကကြိုဆိုနေပြီ...ဘယ်လောက်တောင်များသောက်လာတာလဲသခင်လေးရယ်.......
သခင်လေးကိုကူတွဲပေးလိုက်တော့ရီဝေဝေမျက်လုံးများနှင့်ကြည့်လာသည်။....

မင်းဖြစ်နေလို့(မင်းမို့လို့)(completed)Where stories live. Discover now