Part 6

208 16 0
                                    

Unicode
ည၈:၀၀
"ဟူး ပျင်းလိုက်တာ"
~ဒေါက် ဒေါက်~
"ဝင်ခဲ့ပါ"
"သခင်မ"
"မောင် လာလေ"
"ဘယ်ချိန် အိမ်တော်ပြန်မှာလဲ လာမေးတာပါ သခင်မ"
ခင် ရုံးခန်းထဲမှာဘဲထိုင်နေတော့ ညရောက်မှန်းတောင်မသိတော့ပါ
"ဟယ် ၈နာရီတောင်ထိုးသွားပြီ ခနနေ ပြန်မယ်လေ မောင်"
"ဟုတ် သခင်မ ဘာစားချင်လဲဗျ"
"ခင့်ကို ကော်ဖီဘဲဖျော်ပေးပါလား"
"သခင်မ ကော်ဖီသောက်တာ ဒီနေ့ ၆ခွက်ရှိနေပါပြီ ထပ်သောက်အုံးမလို့လား"
မုန်းသောသူကြီးက ဂရုတစိုက်မေးပါတယ်
"ဟုတ်လား အဲ့ဆို ခင် အဖျော်ရည်လေးပဲသောက်တော့မယ်လေ"
"ဟုတ်ကဲ့ဗျ ကျွန်တော် ဖျော်ပြီး ယူလာပေးပါ့မယ်"
ခင်ခေါင်းညိမ့်ပြလိုက်သည်
~ဒေါက် ဒေါက်~
"ဝင်ခဲ့ပါ"
"သခင်မ ဖျော်ရည်ရပါပြီဗျ"
"အင်း ဒီမှာထားလိုက်နော် ခင် ဒါသောက်ပြီးပြန်မယ်မောင်"
"ဟုတ် ကားအဆင်သင့်လုပ်ထားလိုက်ပါ့မယ်"
ခင်ပြန်တော့ ရုံးထဲ ဝန်ထမ်းတွေမရှိတော့
"သခင်မထက် သူတို့က ဘာလို့ စောပြန်ကျတာလဲဟင်"
ခင် မောင့်စကားကို သဘောကျပြီး ရီလိုက်ကာ
"မောင်ရယ် ခင်က အလုပ်ရှင်လေ သူတို့ထက် နောက်ကျမှပြန်ရတာပေါ့"
"အော် အဲ့လိုလားဗျ"
"မောင် မနက်ဖြန် ပွဲတစ်ခုတက်ရမယ်နော် အလုပ်ကပြန်တဲ့ချိန်ပေါ့ ၉နာရီလောက်"
"ဟုတ် ကျွန်တော်အကုန် အဆင်သင့်လုပ်ထားလိုက်မယ်ဗျ"
"ဟုတ်ပြီ"
ခင် ကားပေါ်တက်လိုက်တော့
"မောင် ဒါတွေက ဘာတွေလဲဟင်"
မောင် ခင့်ကိုကြည့်ပြီး ပြုံးပြလိုက်ကာ
"အဲ့ဒါ သခင်မလေးတွက်ပါ သခင်မ ရုံးခန်းထဲမှာ အစာလဲကောင်းကောင်းမစားဖြစ်လို့ ကျွန်တော်ဝယ်ထားပေးတာဗျ သခင်မမကြိုက်လို့လား"
"မဟုတ်ပါဘူးရှင့် ခင့်ကြိုက်တဲ့ မုန့်တွေပါဘဲ ကျေးဇူးနော် မောင် ကောင်းကောင်းစားလိုက်ပါ့မယ်"
ခင် အလုပ်ပင်ပန်းပေမဲ့ သူ့ကို ဂရုစိုက်သော မောင်ရှိတော့ ခင်ပျော်နေမိ၏
အိမ်တော်သို့ရောက်သော်အခါ
"မောင်"
"ဟုတ်ကဲ့ဗျ"
"ရော့ ဒါယူထားလိုက်"
"ဗျာ သခင်မ ဒီလောက်ငွေအများရီးကျွန်တော်မလိုပါဘူး"
"အစောန မုန့်ဝယ်ဖိုးတွေအတွက်"
"အဲ့လောက် မကုန်ကျသွားပါဘူး သခင်မ"
"တော်တော့်ကို လျှာရှည်တာဘဲ ယူလို့ပြောနေတာကို မောင်ကတော့"
"ဟုတ်ကဲ့ဗျ ယူလိုက်ပါ့မယ် သခင်မနားလိုက်ပါအုံးဗျ"
"အွန်း ခင်သွားနားတော့မယ်"
"ဟုတ်"
ခင်အခန်းထဲရောက်တော့ ကိုယ်လက်သန့်စင်းကာ မောင့်အကြောင်းတွေးနေမိရဲ့
"ဟာ မောင့်ကြောင့်တွေးမိလိုက်တိုင်း ငါပြုံးပြုံးမိနေတာပါလား တော်ပြီ မစဉ်းစားတော့ဘူး အိပ်တော့မယ်"
မြတ်ဦးမောင်သည်လည််း သူ့အခန်းထဲတွင်
"ခင်သက်ဝင် မင်းကိုချစ်မိနေတာများလား မဖြစ်ဘူး မင်းကို ငါမုန်းတယ် ငါ မင်းနားက ရအောင်ထွက်ပြေးပြမယ် တော်ပြီကွာ မတွေးဘဲ အိပ်တာဘဲကောင်းတယ်"
နောက်နေ့မနက်
ခင် နိုးပြီးပြီချင်း
~ဒေါက် ဒေါက် ဒေါက်~
"ဝင်လာခဲ့ပါ"
"သခင်မလေး နိုးနေပြီလား အောက်မှာ စားဖို့အဆင်သင့်ဖြစ်ပါပြီ"
အိမ်ထိန်းတော် လာပြောတော့
"မောင်ရော"
"ဟုတ်ကဲ့ သူလဲ သခင်မလေးကို စောင့်နေပါတယ်ရှင့်"
"ဟုတ်လား လာခဲ့မယ်နော်"
"ဟုတ်ကဲ့ရှင့် သခင်မလေး"
အိမ်ထိန်းတော် ထမင်းစားဝိုင်းသို့ရောက်သွားတော့
"အိမ်ထိမ်းတော် သခင်မကော"
"လာနေပါပြီရှင် ရှင့်ကိုမေးအုံးမယ်"
"ဟုတ် အိမ်ထိန်းတော် ဘာမေးမို့လဲ"
"ရှင်နဲ့ သခင်မလေးနဲ့က ဘာတွေလဲ ကျွန်မကိုမလိမ်နဲ့နော်"
"ဗျာ ဘာမှမဟုတ်ပါဘူး ကျွန်တော်က သူ့အခိုင်းစေဘဲလေ"
"အင် ပြီးရော သခင်မလေးနဲ့ ရှင်နဲ့က မိုးနှင့်မြေနော် အဲ့တာသိထားအုံး"
"ကျွန်တော် ကိုယ်ကျွန်တော် သိပါတယ်ဗျ"
"ဒါမဲ့ သခင်မလေးက ရှင့်ကို သဘောကျနေသလိုဘဲ"
"မဟုတ်ပါဘူး သူသဘောကျလဲ ကျွန်တော် သူ့ကို မုန်းတယ်"
"မောင်..."
"သခင်မ"
အိမ်ထိန်းတော် ပြာယာခတ်ပါပြီ
"သခင်မလေး ဘယ် ဘယ်တုန်းကရောက်နေတာလဲ"
"ခုမှပါ ဘာဖြစ်လို့လဲ"
"ဟူးတော်ပါသေးတယ် ဘာမှမဖြစ်ပါဘူး သခင်မလေး"
"အော် မောင်လာလေ စားမယ်လေ"
"ဟုတ်ကဲ့ သခင်မ"
မောင့်ရဲ့တင်းမားနေတဲ့မျက်နှာကိုကြည့်ကာ ခင် ဝမ်းနည်းနေမိတော့တယ်
ခင် သူတို့ ပြောနေကတည်းက နောက်မှာရှိနေတာ သူတို့မသိ
အလုပ်သို့ရောက်သွားသော်လည်း တစ်လမ်းလုံး စကားပြောခြင်းမရှိ ခင်လဲမောင့်ကို ဘာမှမပြော ကြိတ်၍ဝမ်းနည်းနေသည်
ခင် ကားပေါ်ကဆင်းတော့
"သခင်မ ဂရုစိုက်အုံး"
"အင်"
နေလယ်စာစားချိန်တွေ
"သခင်မတွက် ကျွန်တော် နေ့လယ်စာ ယူလာခဲ့တယ်"
"အင် ထားခဲ့လိုက်"
မြတ်ဦးမောင် စိတ်ထဲမသက်မသာဖြစ်နေ၏
"ကျွန်တော် ကော်ဖီဖျော်ပေးရအုံးမှာလားဗျ"
"တော်ပြီ မဖျော်နဲ့တော့"
"ဟုတ်ကဲ့ဗျ"
ညနေသို့ရောက်သောအခါ
"သခင််မ တွက် ညနေစာယူလာပါတယ်ဗျ"
"အင် ထားခဲ့လိုက်"
"ဟုတ် သခင်မ နေမကောင်ဘူးလားဗျ"
"ကောင်းပါတယ်"
"ဟုတ်ကဲ့"
မောင် ဘာလုပ်ရမှန်းမသိဖြစ်နေကာ စဉ်းစားနေတော့သည်
"သူ ဘာဖြစ်နေတာပါလိမ့် တစ်နေကုန်လုံး ငါ့လဲ စကားအကောင်းမပြောဘူး အခုလိုလဲ ကောင်းပါတယ် ငါ အေးအေးဆေးဆေးပိုနေရတာပေါ့ ဟူး.."
ည၈:၄၅
~ဒေါက်~
တံခါးပွင့်လာသည်
"သခင်မ ကားအဆင်သင့်ဖြစ်ပါပြီ"
"အင်"
မောင် စိတ်ညစ်နေတော့သည်
"သခင်မ အင်္ကျီ မလဲတော့ဘူးလားဗျ"
"မပါလာဘူး"
"ကျွန်တော် ယူလာပါတယ်ဗျ"
"ပေး သွားလဲလိုက်မယ်"
ခင် မောင့်ကိုတစ်ချက်ကြည့်လိုက်သည် မောင် အရမ်းသန့်ပြန်နေကာ မိမိုက်နေ၏
မနက်စာ စားပြီးကတည်းက မောင့်ကို တစ်နေကုန်မကြည့်ဖြစ် မကြည့်မိအောင်လည်း ခင်ထိန်းချုပ်ထားရသည်
ခင် ဝတ်စားလဲပြီး ထွက်လာသောအခါ မောင် မျက်တောင်မခတ်ကြည့်နေသည် ပုံမှန်မောင်ကြည့်နေရင် စကားစပြောတဲ့ ခင်သက်ဝင်က တစ်ခွန်းတောင်မဟ မြတ်ဦးမောင် မျက်နှာ ညိုးနေကာ ခင့်လက်ကိုဆွဲလိုက်သည်
"သခင်မ ဒီနေ့ စိတ်မကြည်တာမျိုးရှိလို့လား"
"မဟုတ်ပါဘူး ဘာဖြစ်လို့လဲ"
"သခင်မ တစ်ခုခု ဖြစ်နေသလိုဘဲ"
"ဘာမှမဖြစ်ဘူး သွားရအောင် နောက်ကျနေပြီ"
မောင်ဆွဲထားတဲ့လက်ကို လွှတ်ချလိုက်သည်
ပွဲသို့ ရောက်သော်လည်း ခင် မောင့်ကို မစောင့် အရင်ဝင်သွားသည် အရင်ဆို မောင်နားကြောင်လေးတစ်ကောင်လို လိုက်ကပ်တဲ့ခင်က ခု ခပ်ကွာကွာ နေနေတော့၏
မောင် ဘဝင်မကျဖြစ်နေကာ စိတ်ရှုပ်နေတော့သည်
မောင် ပွဲထဲဝင်လာကာ ခင့်ကို ရှာကြည့်နေ၏ ခင်သည်
"ဟီးဟီး အရမ်းရီရတာဘဲ"
ခင်တစ်ယောက် တစ်ခြား သူနဲ့ စကားပြောကာ ရီနေ၏
မောင် မြင်သွားတော့
"ငါ့ကို မလိုတော့ဘူး ထင်တယ် ကားထဲကဘဲ သွားစောင့်နေပါတော့မယ်"
မောင်ပြန်ဖို့လှည့်လိုက်ကာ
"အာ မမြင်ဘူးလား ဒီမှာ မှောက်ကုန်ပြီ"
"ကျွန်တော် တောင်းပန်ပါတယ် တကယ်မမြင်လိုက်လို့ပါ"
"မမြင်ရအောင် ရှင်ကန်းနေလို့..."
မြတ်ဦးမောင် မျက်နှာလဲမြင်ရော
"ချောလိုက်တာရှင်"
"ဗျာ"
"ရှင်က ယောက်ျားလေးလား မိန်းကလေးလား"
"ကျွန်တော်မိန်းကလေးပါ"
"မိန်းကလေးလဲ ကြိုက်တယ်ရှင့်"
"ဗျာ"
မြတ်ဦးမောင်ကို အဝေးက လှန်းကြည်နေသောခင် အူတိုနေပါပြီ
"သခင်မလေးက ထင်သလောက်လဲမဟုတ်ပါဘူးဗျာဖော်ရွေသားဘဲ ကျွန်တော်က..."
"တောက်"
"ဗျာ ကျွန်တော်ပြောတာမှားသွားလို့လား"
"ရှင် မဟုတ်ပါဘူး ခနလောက်နော်"
"ဟုတ်ကဲ့ဗျ"
ခင် အဲ့နေရာကထထွက်လာကာ
"တောက် ငါအနားမရှိတာနဲ့"
ခင် မောင့်နားသွားကာ
"မောင် ဘာလုပ်နေတာလဲ"
"ဗျာ သခင်မ"
"လာလိုက်ခဲ့ မောင်"
ခင် မောင့်လက်ကိုဆွဲကာ ခန်းမ အပြင်ကို ထွက်လာတော့တယ်
"သခင်မ ကျွန်တော် နာလာပြီ"
ခင် မောင့်လက်ကိုလွှတ်ကာ
"ခုနက တစ်ယောက်က ဘယ်သူလဲ"
"ကျွန်တော် ဝင်တိုက်မိသွားလို့ တောင်းပန်စကားပြောနေတာပါ"
"တောင်းပန်စကားက အဲ့လောက် အကြာကြီး ပြောနေတာလား"
"မဟုတ်ပါဘူးဗျ"
"ခင့်နားကို မလာဘဲဘာလုပ်နေတာ"
"ကျွန်တော်လာမို့ပါဘဲ သခင်မ စကားပြောနေတာမြင်လို့ပါ"
"ခင်စကားပြောနေလဲ မောင်မလာလို့မရဘူးလား"
"ကျွန်တော့်ကို မလိုဘူးထင်လို့ပါဗျာ"
မောင် မျက်နှာလေးညိုးငယ်နေ၏
"ဘာကို မလိုရမှာလဲ မောင့်ကို ခင်လိုတာပေါ့ မောင်ကသာ ခင့်ကိုမုန်းနေတာလေ ဟုတ်ပါတယ် ခင်းနားဆို ဘယ်သူမှမနေချင်ကျဘူး ဆွဲ့ထားတာတောင် ကျောခိုင်းသွားကျသူတွေကြီးဘဲ"
ခင် ပြောနေရင်း မျက်ရည်များကျလာတော့သည်
"ခင့်နား ဘာလို့မနေချင်ကြတာလဲ ခင်ကဘာဖြစ်နေလို့လဲ..."
"သခင်မ မငိုပါနဲ့တော့ ကျွန်တော်တောင်းပန်ပါတယ်"
"မောင်လဲတူတူဘဲ သူတို့နဲ့တူတူဘဲ ခင့်နားကထွက်ဘဲပြေးချင်နေတာ ခင်ချစ်လို့ ခင့်နားထားတာကို မောင် မုန်းရင် သွားထွက်သွား"
ခင် ငိုယိုပြီး အော်နေတော့သည်
"သခင်မ စိတ်ထိန်းပါအုံး"
မောင် ခင့်ကို ဖက်ထားကာပြောနေ၏
"သွားလေ သွား"
ခင် မောင့်ရင်ဘက်ကို ထု၍ပြောနေကာ ငိုနေ၏
"တောင်ပန်းပါတယ် ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော် သခင်မနားဘဲနေပါ့မယ်"
"မောင်လိမ်မနေနဲ့ ခင့်နားမနေချင်ဘဲ...."
မောင် ခင့်ကို ညင်သာစွာ စ၍ နမ်းရှိုက်လိုက်တော့၏
ခင် အငိုတိတ်သွားကာ ညိမ်ကျသွားတော့သည်
ချစ်တက်လွန်းသူကြီးနဲ့ မချစ်တက်တဲ့သူတစ်ဦး အဲ့မှာ စတွေ့ပါတော့တယ်

You've reached the end of published parts.

⏰ Last updated: Apr 29 ⏰

Add this story to your Library to get notified about new parts!

My Mistress (On going)Where stories live. Discover now