Part 5

166 15 0
                                    

Unicode
မနက် ၈:၃၅
ခင် မနက်စာ စားဖို့ ထမင်းစားစာပွဲစီသွားတော့
"ဟူး"
"သခင်မလေး မနက်အစောကြီး သက်ပြင်းတွေ ချနေပါလား အိိပ်ရေးမဝလို့လား"
အိမ်ထိန်းတော် စိတ်ပူစွာမေးလိုက်သည်
သိုသော် ခင် အိမ်ထိန်းတော်မေးတာပြန်မဖြေ သူ ဟိုဘက်ဒီဘက် ကြည့်လိုက်ကာ
"မောင် ကော မောင်ဘယ်ရောက်နေလဲ မထသေးတာလား"
"မဟုတ်ပါဘူး ခြံထဲ ဆင်းနေတာပါ"
ခင်စာပွဲခုံကို ထုလိုက်ကာ
"သူ့ကိုဘယ်သူလုပ်ခိုင်းတာလဲ ဘယ်သူခိုင်းတာလဲ ခင် ဘာမှ မလုပ်ခိုင်းထားဘူးလေ"
"မဟုတ် မဟုတ်ပါဘူး ကျွန်မတို့လဲ မခိုင်းပါဘူး သခင်မလေး သူ့ဟာသူ ဝင်လုပ်နေတာပါ"
"သူ ဝင်လုပ်တော့ မပြောဘူးလား အိမ်ထိန်းတော်က"
ခင်စိတ်တိုနေပါပြီ
"ပြောပြောပါတယ် သူ သူက ပြောမရဘဲ ဝင်လုပ်နေတာပါရှင့် သခင်မလေး"
"ဟာာ သူကတော့ ပြောမရ ဆိုမရနဲ့"
ခင်သက်ဝင် မောင့်စီ ဒေါသတကြီး လိုက်သွားသည်
"သခင်မလေး ချောလဲမယ်ရှင့်"
"ရတယ်"
ခင် မောင့်ကိုမြင်တော့ အော်ခေါ်လိုက်သည်
"မောင်...."
မြတ်ဦးမောင် ခင့်ကို မြင်တော့ လက်ပြလိုက်တယ်
"လက်ပြမနေနဲ့ လာခဲ့ ဒီကို"
ခင် အော်ပြောနေပြီး မောင့်စီ သွားဖို့လုပ်နေသည်
ခြံထဲမှာ ရွံ့တွေအများအပြား
မောင် ခင်ဆင်းလာတော့မှာကို မြင်တော့ အပြေးအလွှားရောက်လာတော့တယ်
"သခင်မ ဘာလာလုပ်တာလဲ ညစ်ပတ်ကုန်လိမ့်မယ်"
"မောင်က ဘာလုပ်နေတာလဲ မောင့်ကို ခိုင်းနေလို့လား"
"ကျွန်တော် ခြံစောင့် ဦးလေးကို ကူညီနေတာပါဗျာ"
"မလိုဘူး ကူစရာ တက်လာခဲ့ တစ်ကိုယ်လုံးလဲ ညစ်ပတ်နေတာပဲ"
"ဟုတ် သခင်မ"
မြတ်ဦးမောင် မျက်နှာမှိုင်သွား၏
ခင် မောင့်ကို ကြည့်ပြီး ခေါင်းပေါ်က အမှိုက်များကိုဖယ်ပေးကာ
"သွားသွား ကိုယ်သန့်ရှင်းရေးသွားလုပ် ပြီးရင် ထမင်းစားဝိုင်းကိုလာခဲ့ စောင့်နေမယ်"
"ဟုတ်ကဲ့ ဗျ"
ထမင်းစားဝိုင်းထဲတွင်
"သခင်မလေး မစားသေးဘူးလားရှင့်"
အိမ်ထိန်းတော် မေးတော့
"မောင့်ကို စောင့်အုံးမယ် အိမ်ထိန်းတော်"
"ဟင်းပွဲတွေပြန်နွေးလိုက်ရမလား သခင်မလေး"
"အင် ပြန်နွေးလိုက် မောင်လာရင် ပူပူလေးစားရတာပေါ့"
အိမ်ထိန်းတော် ပြုံစိစိဖြင့် ခင့်ကို ကြည့်နေတော့
"အိမ်ထိန်းတော် ဘာလို့ ခင့်ကို အဲ့လိုကြီးကြည့်နေတာလဲ"
"သခင်မလေး အရင်ကနဲ့မတူလို့ပါရှင့်"
"ဟုတ်လား"
"ဟုတ်ပါတယ် မြတ်ဦးမောင် ဒီရောက်လာကတည်းက သခင်မလေးက အရင်က သခင်မလေးနဲ့မတူတော့ပါဘူးရှင့်"
"ဟင် ဘာများကွာသွားလို့လဲ"
ခင် သူ့ကိုယ် သူပြန်စဉ်းစားနေချိန်
"သခင်မ ကျွန်တော်ရောက်ပြီ"
အစောနက ပေစုတ်စုတ်ခွေးပေါက်လေးမဟုတ်တော့ဘဲ သန့်ပြန့်နေတဲ့ မောင့်ကို ငေးမိပြီး
"အော် အိမ်ထိန်းတော် ဟင်းမြန်မြန်နွေးပြီး ချပေးအုံး"
"ဟုတ်ကဲ့ သခင်မလေး"
အိမ်ထိန်းတော် ပြုံးစိစိဖြင့်ကြည့်ကာ ဟင်းတွေနွေးပြီးချပေးတော့တယ်
"မောင် စားလေ"
"ဟုတ်ကဲ့ ကျွန်တော်စားပါ့မယ်"
"များများ စားနော်မောင်"
"ဟုတ်ကဲ့ဗျ သခင်မ အလုပ်ဘယ်ချိန်သွားမှာလဲဗျ"
"စားပြီးသွားမယ်လေ"
"ဟုတ် သခင်မ...အဆင်ပြေပါတယ်နော့်"
"ဟင် ပြေပါတယ် အရင်က ဒယ်ဒီ အလုပ် ဝင်ကူဖူးတယ်လေ အဲ့ကြောင့် ဘာမှမဖြစ်ပါဖူး"
"ဟုတ်ကဲ့ပါဗျ ကျွန်တော် စားပြီးကားအဆင်သင့်လုပ်လိုက်ပါမယ်"
မြတ်ဦးမောင် ခင့် အိမ်ရောက်ကတည်းက ခင်သွားတဲ့နေရာတိုင်းသူပါကာ ခင့်ကိုလဲ သူကိုယ်တိုင် ကားမောင်းပို့ပေးတော့သည်
"ဟုတ်ပြီမောင်"
ဝင်ကုမ္ပဏီရဲ့ ရှေ့မှာ ဝန်ထမ်းမှာ ရုတ်ရုတ်သဲသဲ ဖြစ်နေ၏
"ဟဲ့ သခင်မ လာမှာဆို ဟုတ်လား"
"အေ ဟုတ်တယ် သခင်မက ဆိုးတယ်ကြားတယ်နော်"
"ငါတို့တော့သွားပြီနဲ့တူတယ်"
"သခင်မ လာပြီးထင်တယ် ဟိုမှာကား"
"သခင်မ လာပြီ"
ခင် ကားပေါ်ကဆင်းတော့ အကုန်လုံး ခေါင်းတွေငုတ်ကာ
"မင်္ဂလာပါ သခင်မလေးရှင့်"
ခင် ခေါင်းကို ညိမ့်ပြပြီး ရုံးခန်းစီ သွားတော့သည်
မောင်လဲ ခင့်နောက်ကလိုက်သွားကာ
"သခင်မ စိတ်ရှုပ်နေလို့လား"
"ရှင် အရမ်းသိသာနေတာလား"
"အရမ်းလဲ မဟုတ်ပါဘူး သခင်မ"
"အာ မောင် ခင့်ကို ကော်ဖီ သွားဖျော်ပေးပါလား"
"ဟုတ်ကဲ့ဗျ"
မောင် ထွက်သွားတာနဲ့ လူတစ်ယောက် ဝင်လာတော့တယ်
"မတွေ့ရတာကြာပြီနော် ခင်"
အသံကြားရုံနဲ့ ခင် စိတ်ပြတ်သွားကာ
"ဟုတ်လား ခင်တော့ မသိဘူး"
"ဟားဟား ခင်က အရင်တိုင်းဘဲနော် လူကိုမကြည့်ဘဲ စကားပြောတာ"
ခင် တစ်ချက်ကြည့်လိုက်ကာ
"မျက်နှာကြည့်စရာမလိုလို့ မကြည့်တာလေ ကိုစိုးဝင်း"
ကိုစိုးဝင်းက တစ်ခြားလူမဟုတ် ခင့်ရဲ့ ရည်းစားဟောင်း ဖြစ်သည် ခုတော့ ခင့်ညီမ မှူးအိမ့်ချစ်ရဲ့ ချစ်သူပေါ့
"အို ခင်ကလဲ ပြောပုံက အရမ်း တင်းမာတာဘဲ မသိရင် ကိုယ်တို့က သူစိမ်းတွေကျနေတာဘဲကွာ"
"ရှင်ဘာလာလုပ်တာလဲ ပေါက်ကရတွေပြောမယ်ဆို လာရာလမ်းကပြန်ပါတော့"
"ကိုယ် ပေါက်ကရမပြောပါဘူး မတွေ့ရတာကြာတဲ့ အတိတ်ကချစ်ခဲ့တဲ့သူလေးကို လာနှုတ်ဆက်တာလေ ခင်ရဲ့"
ကိုစိုးဝင်း စကားပြောရင်း ခင့်နားကို ကပ်သွားတော့
"ဒီမှာ ကိုစိုးဝင်း အနေထိုင် ဆင်ခြင်ပါ ခင့်နားကို လာချင်တိုင်း မလာပါနဲ့"
"ဟားဟား မင်းအဲ့လိုတွေ မောက်မာလို့ မင်းညီမကို ငါချစ်မိသွားတာ ဘာဖြစ်လဲကပ်တော့ မင်းက သခင်မဆိုပြီး အရမ်းတွေမောက်မာနေတာ"
"ဒါဆိုလည်း ကျွန်တော် သခင်မနားကနေ ထွက်သွားလိုက်ပါတော့လား"
မောင် အခန်းထဲ ဝင်လာပါပြီ
"မောင်"
"မင်းက ဘယ်သူမို့ ငါ့ကို အဲ့လိုပြောရဲရတာလဲ"
ကိုစိုး ပြောနေတာကို လျစ်လျူရှု့၍ ခင်းနားသို့သွားကာ
"သခင်မလေးတွက် ကော်ဖီရပါပြီဗျ"
ကိုစိုး ဒေါသထွက်ပြီး
"ဟားဟား အစေခံပါလား ခင်သက်ဝင် မင်း အစေခံကို မင်း ဘယ်လိုသင်ပေးထားတာလဲ"
"ဒါ ကျွန်မ အစေခံမဟုတ်ဘူး ကျွန်မ ချစ်သူ"
မြတ်ဦးမောင် ကြောင်တောင်တောင်လေးဖြစ်သွားကာ ခင့်ကို မျက်လုံးပြူးပြီ ကြည့်နေလေရဲ့
"ဘာ မင်းချစ်သူ ဒီမိန်းမက မင်းချစ်သူ ဟားဟား ဖြစ်နိုင်တာဘဲပြောစမ်းပါ"
ခင် တစ်ချက်ရီလိုက်ကာ
"ရှင်မယုံရင် သက်သေပြပေးမယ်လေ"
ခင် မောင့်မျက်နှာကို ညင်သာစွာကိုင်ပြီး နမ်းရှိုက်လိုက်တော့တယ် မောင် မျက်တောင်ပင်မခတ်နိုင်တော့
"မင်း...."
ကိုစိုး ဒေါသထွက်သွားကာ ရုံးခန်းထဲက ထွက်သွားတော့သည်
ခင် နမ်းရှိုက်တာ ရပ်ပြီး
"မောင် ခင်"
"ရတယ် ကျွန်တော် ဘာမှမဖြစ်ဘူး"
မောင်ပြောပြီး ခင့်နားက ထထွက်သွား၏
ခင် ရှက်ကာ မျက်နှာများနီရဲနေသည်
မြတ်ဦးမောင် ခင်မမြင်နိုင်သော တစ်နေရာ အရောက်
"ဟာ ဘယ်လိုရီးလဲ ငါဘာလို့ ရင်တွေအရမ်းခုန်နေရတာလဲ အဲ့တာ ငါ့မုန်းနေတဲ့သူလေ"
ခုန်နေသော နှလုံးရှိရာ ရင်ဘက်ကို လက်ဖြစ်ဖိထားကာ ပြောနေတော့သည်

My Mistress (On going)Where stories live. Discover now