Part 4

156 13 0
                                    

Unicode
"မမ"
"ဒါ ဘယ်သူလဲ မောင်"
"ဒါ ကျွန်တော် မောင်လေးပါ"
"အော် မောင်နဲ့တူတယ်နော် ချစ်စရာလေး"
ခင် ထိန်းခတ်မောင်ရဲ့ ပါးကို ညှစ်လိုက်ကာ ပြောလိုက်သည်
ခင် ညှစ်ထားသောလက်ကို အတင်းဖယ်ကာ အမမြတ်ဦးမောင် ကို ဖက်ထားလိုက်တယ်
"မမ သူဘယ်သူလဲ"
"ဒါမမရဲ့ သခင်မလေးပါ"
"ဖေဖေပြောတဲ့ အမကြီးလား"
မျက်နှာရှုပ်ကာပြောနေသော ကလေးကိုကြည့်ပြီး
"မောင် သူ့ကိုလဲခေါ်လိုက်လေ ကိတ်မုန့်စားရတာပေါ့ မောင်လေး ကိတ်မုန့်စားချင်လား"
"ဟင်အင် သား မမကိုယူသွားတဲ့ အမကြီး သား မမကိုဘဲပြန်ပေး"
ပြောကာ အော်ငိုတော့သည်
"မောင်လေး မငိုနဲ့တိတ်တိတ် ဖွားဖွားစီသွားတော့ မမလာခဲ့မယ်နော်"
ကလေးကိုချော့နေတဲ့ မောင့်ပုံက အရမ်းရင့်ကျက်ပုံပေါ်နေသည် ခင်ပြုံးလိုက်ကာ မောင့်ကို ကြည့်နေတော့တယ်
ကလေးအငိုတတ်ကာ
"မမ တကယ်လာမှာလား"
"လာမှာပေါ့ မောင်လေးရဲ့"
ထိန်းခတ်မောင် ရီလိုက်သည်
"အဲ့ဆို သား ဖွားဖွားစီသွားတော့မယ် မမ ကိုမျော်နေမယ်နော် မမ"
"ဟုတ်ပါပြီ မမလာခဲ့ပါ့မယ်"
ကလေးသည် သူ့မမပါးကို အနမ်းပေးလိုက်ပြီး ထွက်သွားသည်
မောင် ကလေးကို လက်ပြနုတ်ဆက်နေပေမဲ့ သူမသိလိုက်တာတစ်ခုက နောက်တစ်ယောက်ထပ်ချော့ရတော့မှာကိုဘဲ ကလေးအာဘွားပေးတာကိုတောင် အူတိုနေတဲ့ ခင်သက်ဝင်က မျက်နှာကြီး ရှုပ်မဲ့ကာကြည့်နေတော့တယ်
"တောင်ပန်းပါတယ် သခင်မလေး ကျွန်တော်မောင် အဲ့လိုဘဲ သူက..."
လှည့်လာတော့ ရှုပ်မဲ့ပြီးရုပ်တည်နဲ့ ထိုင်နေသော ခင့်ကိုကြည့်ကာ ဘာဆက်ပြောရမှန်းမသိဖြစ်သွားသည်
"သခင်မ ဘာဖြစ်နေတာလဲဟင်"
"ဘာမှမဖြစ်ဘူး လုပ်လုပ် ကိတ်မုန့်ခွဲမယ်"
"သခင်မ ရုပ်ကြည့်ရတာ အဆင်မပြေသလိုဘဲဗျ ကျွန်တော်ဝယ်လာတဲ့ ကိတ် မကြိုက်လို့လား"
"မဟုတ်ဘူးလို့ ကိတ်မုန့်ခွဲပါမယ်ဆိုနေ"
"အာ ဟုတ်ဟုတ် ကျွန်တော် လုပ်လိုက်ပါ့မယ်"
ခင် အော်လိုက်တော့ မောင်ပြာယာတွေ ခတ်နေတော့တယ်
ဖယောင်းတိုင်တွေ မီးညှိပြီီး
"ရပြီနော် သခင်မလေး"
Happy Birthdayဆိုပြီး ခင်ဆုတောင်းလိုက်ကာ မီးမှုတ်လိုက်သည်
"မောင် ကျေးဇူးနော်"
"ရပါတယ်ဗျ သခင်မ ဘာဆုတောင်းလိုက်တာလဲ"
"ဟိဟိ မောင်ဒီနားတိုး"
မြတ်ဦးမောင် ခင့်နားတိုးလိုက်တော့
"ဟာ သခင်မ ကျွန်တော်ပေကုန်ပြီဗျ"
"ခိခိ ပေအောင်သုတ်တာကို ပေမှာပေါ့ မောင်ရဲ့"
မောင့်ကို cream နဲ့သုတ်ပြီး ပျော်နေတဲ့ ခင့်ကို ကြည့်ကာ မောင်ပြုံးနေတော့သည်
"မောင် ကိတ်ကိုမောင့်မောင်လေး ကျွေးချင်တယ်"
"ကျွေးရမှာပေါ့ သခင်မလေးရဲ့ လာကျွန်တော် ဖွားဖွားနဲ့လဲ မိတ်ဆက်ပေးမယ် ကိတ်နဲ့ပစ္စည်းတွေ ကျွန်တော် သယ်လိုက်မယ် သခင်မ အဲ့အရုပ်လေးဘဲ ယူလာခဲ့ပေါ့"
"ဟုတ်ပြီ မောင် မောင်ရှေ့ကသွားလေ"
"သခင်မ သတိထားအုံးနော်"
လက်ကမနိုင်မနဲသယ်ပြီး သွားနေသူက သူ့ သခင်မကို စိတ်ပူနေရှာသေးတယ်
"ဟုတ်ပါပြီ မောင်ရဲ့ မောင်သာဂရုစိုက်သွားပါ လက်မှာလဲ ပစ္စည်းတွေနဲ့"
တောင် အောက်ဆင်းလိုက်ရုံနဲ့ အိမ်ဟောင်းလေးကိုရောက်ပါပြီ
ခင် အိမ်ကို လှည့်ပတ်ကြည့်နေချိန်
"မြေးမလေး လာလေ"
လာကြိုတဲ့ အဖွားအို
"သခင်မလေး လာလေ"
ခင် ခေါင်းညိမ့်ကာ လိုက်လာခဲ့သည်
မောင် ပစ္စည်နဲ့ကိတ်ကို စာပွဲခုံ ပေါ် ချလိုက်ကာ အဖွားကို ပါးချိုက်လေးခွက်နေအောင် ပြုံးပြလိုက်သည်
"အမလေး ငါ့မြေးမလေး ဖွားဖွားမြေးမလေးရယ် ဘယ်တွေသွားနေတာတုန်း ဖွားစီလဲမလာပါလား"
"အခု အဖွားရှေ့မှာလေ အဖွားမြေးမက"
"အခုမှ လာလို့လေ ဒါနဲ့ကွယ် ဒီကလေးမကကော ဘယ်သူတုန်း"
"အဲ့တာ သားမမကို ခေါ်သွားတဲ့ အမကြီးလေ"
ဆူပုတ်တဲ့မျက်နှာဖြင့် ခုံပေါ်ထိုင်နေတဲ့ ထိန်းခတ်မောင် အော်ပြောလိုက်သည်
"ဟင်"
"ဖွားဖွား သူက..."
မောင်ရဲ့ စကားကို မစောင့် ဘဲ
"ကျွန်မ ခင်သက်ဝင်ပါ"
"အော် အဖွားမြေးမကို ငွေပေး ဝယ်တဲ့ကလေးမဘဲ"
"ဟုတ်ပါတယ်"
ကဲ ဘာပြောချင်သေးလဲ ဆိုတဲ့အကြည့်ဖြင် ခင် အဖွားကိုကြည့်လိုက်တော့
"အဖွားမြေးမလေးကို အရမ်း မခိုင်းပါနဲ့ကွယ် သူက ငယ်ငယ်ကတည်း အကြီးဆိုပြီး အနှစ်နာခံခဲ့သူကြီးပါကွယ်"
"ကျွန်မလဲ သူ့ကိုမခိုင်းပါဘူး ဒီတိုင်းဘဲ ခေါ်ထားတာပါ"
သူချစ်လို့ ရအောင်ယူပြီး သူ့နားမှာထားတာကို ခင်ဝန်မခံ
"အဖွား ကိတ်မုန့်စားမယ်လေ မောင်လေး ကိတ်စားမယ်လေ သခင်မ ကိတ်ခွဲလိုက်လေ"
ခင် ကိတ်ကို တစ်ခြမ်းစီခွဲပြီး ပန်းကန်ထဲ ထည့်လိုက်တယ်
မောင်က ကိတ်ထားသောပန်းကန် တွေကို အဖွားနဲ့ သူ့မောင်လေးကို ပေးလိုက်သည်
"မောင်လေး ကိတ်ကျွေးတဲ့မမကို ကျေးဇူးလို့ပြောလိုက်လေ"
"မပြောပါဘူး မပြောချင်ဘူး"
"မောင်လေး"
"ကဲမြေးမလေး ထားလိုက်ပါ ဒီကကလေးမလေးကို ကျေးဇူးတင်ပါတယ်ကွယ် ပြီးတော့မြေးလေးက အဲ့လိုဘဲ နဲနဲစိမ်းနေလို့ပါ"
"သခင်မလေး သူ့ကအဲ့လိုဘဲ နာမည်နဲ့အလိုက် ထိန်းရခတ်တယ်"
"သူ့နာမည်က"
"ထိန်းခတ်မောင်တဲ့"
"အော် နာမည်က တစ်မျိုးနော် ရပါတယ် မောင်ရဲ့"
ခင် ရောက်ကတည်းက ထိုင်ခုံရှိတာတောင် မထိုင် မတ်တပ်နဲ့ နေရခတ်နေတာကို မောင် သိနေတော့
"ဖွာဖွား ကျွန်တော် ပြန်လိုက်အုံးမယ်နော် ကျွန်တော်နောက်မှ ပြန်လာခဲ့မယ် ဒါနဲ့ အဖေတို့အဆင်ပြေရဲ့လား"
"ပြေပါတယ် မြေမလေးရယ် မြေးလေးက ကျောင်းပိတ်တုန်း ဖွားစီလာလည်တာ"
"ဟုတ်ပါပြီ ဒါဆို ကျွန်တော် သွားတော့မယ်နော်"
မောင် အဖွားကို ကန်တော့ဖို့လုပ်တဲ့ချိန်
"မောင် လာအုံး"
ခင့်ခေါ်သံ
"ဟုတ် သခင်မ"
"အဖွားကို ကန်တော့မို့လား ဘာပစ္စည်းမှလဲမပါဘူး"
"ကျွန်တော် ကိတ်နဲ့အရုပ်ဝယ်တော့ ထက်ဝယ်ဖို့က ငွေအလုံလောက် မရှိတော့ဘူး"
ခင် မောင့်ကိုကြည့်ပြီး
"ရော့ ဒါနဲ့ကန်တော့လိုက် ခင် အပြင်မှာစောင့်နေမယ်"
"ရပါတယ် ဒီလောက်အများကြီး မယူ.."
"လျှာရှည်ပြန်ပြီ ခင်ပေးရင်ယူလေ ပြောသလိုလုပ် ကန်တော့လိုက် ခင်အပြင်မှာစောင့်နေမယ် လိုက်ခဲ့လိုက်"
ခေါင်းဆက်မာလို့ မရတော့တဲ့ မြတ်ဦးမောင် ခေါင်းလေးငုတ်ကာ
"ဟုတ်ကဲ့ သခင်မလေး"
အဖွားကို ကန်တော့ပြီး အပြင်ထွက်လာကာ
"သွားမယ်မောင် ပြန်ရအောင်"
"ဟုတ်ကဲ့ဗျ"
ခင် မောင်ကိုကြည့်ပြီး လွှတ်နေတဲ့ လက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်
မောင် ဘာမှမပြော ခင့်လက်ကို ပြန်ဆုပ်ကိုင်လိုက်ကာ
"တောင်ပေါ်တက်ရမှာမို့ ဂရုစိုက်နော် သခင်မ"
"အင်းပါ အရှေ့ကသွား"
တောင်ပေါ်တက်နေတုန်း
"မောင် ခင့်ကို မုန်းနေသေးလား"
"အင် မုန်းတယ်"
"အမလေး"
မြတ်ဦး​မောင် လက်ထဲက ပစ္စည်းများပြစ်ချပြီး ခင့်ခါးကို ဆွဲကိုင်လိုက်သည်
"ရလား ရလား သခင်မ ထိခိုက်သွားသေးလား"
မြတ်ဦးမောင် စိတ်ပူနေလိုက်တာများ ပြောတော့ မုန်းတယ်တဲ့
ခင် ပြုံးနေလိုက်သည်
"ရတယ် မောင် နဲနဲ ချော်သွားတာ"
"အတက်က ပိုချော်လို့ ဂရုစိုက်ပါလို့ ကျွန်တော်ပြောခဲ့တာကို"
ခင်မောင့်ပါးကို နမ်းလိုက်ပြီး
"စိတ်ပူပေးလို့ကျေးဇူးပါနော် မောင်"
"သွာရအောင် အပြန်မှောင်သွားလိမ့်မယ် သခင်မ"
မောင် ရှက်ရှက် စကားလမ်းကြောင်းလွှဲကာ ပြောလိုက်တော့သည်
ပစ္စည်းတွေကောက်ပြီး ခင့်လိုက်ကို မလွှတ်တန်းဆွဲထားကာ လမ်းကို ရှေ့ကဦးဆောင်သွားနေသောမောင်
"မောင် မုန်းတယ်လို့ပါးစပ်ကပြောနေပေမဲ့ ခင့်ကို မမုန်းတာ ခင်သိနေပြီသားပါ မောင် မောင်ဟန်ဆောင်တာညံ့လွန်းတယ်"
ခင် တိုးတိုးလေး ရေရွှတ် လိုက်တော့တယ်

My Mistress (On going)Where stories live. Discover now