Part 2

199 11 0
                                    

Unicode
ည၉:00
"ဝိုး တော်တော်လှတာပဲ"
"ဟုတ်ပါ့နော် ဝင် စံအိမ်က သခင်မလေးက အရမ်းလှတာဘဲ"
ဆူညံနေသော လူအုပ်ရဲ့အသံ
"ဟင် သူက အဲ့လောက်လဲမလှပါဘူး မျက်လုံးမှ ကောင်းကြရဲ့လား"
သခင်မလေးကိုကြည့်မရသောမြတ်ဦးမောင်က ပွစိပွစိနဲ့ ရေရွတ်နေ၏
"ဟူး.."
ခင်သက်ဝင် သက်ပြင်းချလိုက်၍ မြတ်ဦးမောင်ကို လှည့်ကြည့်လိုက်သည်
"မောင် ခင့်နားမှာဘဲနေနော်"
ပြောပြီးပြီးချင်း ဝိုင်တစ်ခွက်ကို ကိုင်လိုက်သည်
"ဟုတ်ကဲ့ပါ သခင်မလေး"
"ဟော သခင်မ မမ ခင်သက်ဝင်ပါလား ညီမလေးကို မလွမ်းဘူးလား မမ"
ပြုံးချိုချိုနဲ့ လာနှုတ်ဆက်သူကတော့ ခင်သက်ဝင်ရဲ့ အဖေတူအမေကွဲ ညီမလေးပေါ့
"လွမ်းစရာ ဘာအကြောင်းများရှိလို့လဲ"
"မမကလဲ ညီမလေးကို အဲ့လို ကြမ်းတဲ့ စကားမျိုးမပြောပါနဲ့ ..ဟယ် မမ နားက သူလေးက ဘယ်သူလဲဟင်"
ကိုင်ထားသောဝိုင်ကို ချလိုက်ပြီ
"မှူးအိမ့်ချစ် သူဘယ်သူလဲ နင်နဲ့မဆိုင်ဘူး မေးစရာလဲ အကြောင်းမရှိဘူး"
"အို ဘာလိုများ အဲ့လောက် စကားတွေကြမ်းနေရတာပါလိမ့် ရတယ် မမ မပြောရင် သူ့ကိုမေးမယ် ဟိတ် ဒီက မမက ဘယ်သူလဲဟင် နာမည်လေးပြောပြပါအုံး ညီမက မှူးအိမ့်ချစ်ပါ"
ခင်သက်ဝင် မောင့်ကို တစ်ချက်ကြည့်၍
"မောင် ပြောရဲလား"
မြတ်ဦးမောင် နုတ်ပိတ်ကာ မျက်နှာလွှဲလိုက်၏
"တွေ့လား ငါ့ညီမ ဒီလောက်ဆို နင်သွားသင့်ပြီ"
"ဟူး ဒီက ခင်မင်ချင်လို့ လာနှုတ်ဆက်ယုံလေးဘဲကို စကားမပြောချင်လဲနေပေါ့ သွားတော့မယ်နော် အမ အော် ပြီးတော့ ဟိုတစ်ယောက် သွားပြီနော် နောက်တွေ့ရအုံးမှာပါ ဟိဟိ"
ခင်သက်ဝင်ကို ဒေါသထွက်အောင် တမင် စကားစသွားသည်
"မောင် ခင်မှာထားမယ်နော် သူနဲ့ စကားလုံးဝမပြောပါနဲ့ "
"ဟုတ်"
"ကျွန်တော်ရဲ့ dinnerပွဲကို လာရောက်တဲ့ လူကြီးမင်းဧည့်သည့်တစ်ဦး ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ် ဒီနေ့က ကျွန်တော်တို့ ဇနီးမယားဖြစ်တာ ၃နှစ်ပြည့်လေးမို့ အခုလို ပွဲလေး ကျင်းပလိုက်တာပါ ပျော်ပျော်ပါးပါးနေကြပါ"
"ဝိုး..ရေး..."
"သခင်ကြီးတို့ ဇနီးမယားတို့ အရမ်းလိုက်ဖက်ပါတယ်ဗျာ"
လူအုပ်ရဲ့ ချီးကျူးသောအသံများ
"အရမ်းကို ပျော်နေပါလား ဒယ်ဒီရာ"
ခင်သက်ဝင်မျက်ရည်များ စီးကျလာရော
"အဆင်ပြေရဲ့လား သခင်မလေး ဒီပုဝါလေးနဲ့ သုတ်လိုက်ပါလားဗျ"
ခင်ကြည့်လိုက်တော့
"မရွံပါနဲ့ ဒီပုဝါ ကျွန်တော် မသုံးရသေးဘူး"
ခင်ပြုံးလိုက်ကာ
"ခင် ရွံလို့ကြည့်နေတာမဟုတ်ဘူး ဒယ်ဒီလဲ ခင့်အမေဆုံးတုန်းက ခင်ငိုနေလို့ ပုဝါလေး ပေးဖူးတယ်"
မောင်ရဲ့ ပုဝါကို ယူလိုက်ရင်း မျက်ရည်သုတ်လိုက်၏
"သခင်မလေး အိမ်ပြန်တော့မှာလား"
"ဟင်အင် ဒယ်ဒီကို တွေ့လိုက်အုံးမယ် ဒယ်ဒီစီမှာ သမီးရှိသေးတယ်ဆိုတာ မေ့သွားမှာဆိုးလို့"
ပြောရင်း ဖခင် ဦးဝင်းမြင့်သက် စီ သွားလေရဲ့
"ဒယ်ဒီ ဒီမှာ ဒယ်ဒီတို့တွက်လက်ဆောင် congratulations ပါနော် ဒယ်ဒီ"
"အေ့ ကျေးဇူးပါ သမီးလေး သမီးလေးကိုလဲ ခုမှဘဲတွေ့ရတော့တယ်"
"သမီး စံတော်အိမ်ထဲမှာဘဲ နေနေလို့ပါ"
"အပြင်လေးလဲထွက်ပါအုံးသမီးရယ် ဒါနဲ့ သူလေးက ဘယ်သူလဲ သမီး ကျွန်အသစ်လား"
"ကျွန် တော့မဟုတ်ပါဘူး သမီး အဖော်ရအောင်လို့ပါ သူ့နာမည်က မြတ်ဦးမောင်ပါ ဒယ်ဒီ"
"အော်အေအေ ဦးသမီးကို ဂရုစိုက်ပေးပါနော်"
"ဟုတ်ကဲ့ သခင်ကြီး"
"ဖေဖေ ဟိုဘက်သွားမယ်လေ"
တမင်သက်သက် အဖေကို လာခေါ်တဲ့မှူးအိမ့်ချစ်
"အေ့ သမီးငယ်လေး ဖေဖေ ခနနေ လာခဲ့မယ်နော်"
"မရဘူး အခုလာ မေမေ ခေါ်နေပြီ"
ဦးဝင်းမြင့်သက် ခင့်ကိုအားနာတဲ့ မျက်လုံးဖြင့်ကြည့်ကာ
"သမီး ဒယ်ဒီ "
"ဟုတ် ဒယ်ဒီ သွားပါ သမီးလဲ အိမ်တော်ပြန်တော့မယ်"
"နေပါအုံး သမီးရဲ့"
"သမီး ပြန်နားတော့မယ်"
"ဒါဆိုလဲ သမီး သဘောပါ"
ဆိုပြီး သမီးငယ်နောက် လိုက်သွား၏ မျက်ရည်အဝိုင်းသားနဲ့ ဖခင်ရဲ့ နောက်ကျောကို ကြည့်ပြီး ကျန်ခဲ့သူက ခင်ပေါ့
"သခင်မလေး အိမ်ပြန်တော့မှာလားဗျ"
မောင်စကာသံကြာ:မှ  သတိကပ်မျက်ရည်ကို သုတ်၍"
ပြန်မယ်လေ ဒီနေရာက ခင်နဲ့မှမဆိုင်တာ"
ပြောရင်း မျက်ရည်ကျလာတော့
မြတ်ဦးမောင်မနေနိုင်တော့ ခင့်ကိုဖက်ထားလိုက်သည်
"သခင်မလေး မောင်ရှိတယ်နော်"
ခင်သည် မောင်ရင်ခွင်ထဲနေရင်း အသံတိတ် ငိုနေကာ
"ခင့်မှာ မောင်ဘဲရှိတော့သာမို့ ထားမသွားပါနဲ့နော်"
မြတ်ဦးမောင် တင်းတင်ကျပ်ကျပ်ဖက်ထားလိုက်ပြီး
"မောင်ထားမသွားဘူးနော် တိတ်တိတ်သခင်မလေး"
ခင်ရဲ့ မျက်ရည်များကို လက်ဖြင့် ယုယုယယ သုပ်ပေးနေ၏
ထိုမြင်ကွင်းကို အဝေးကလှန်ကြည့်နေသူက မှူးအိမ့်ချစ်ပါ
"ခုတစ်ယောက်ကအရင်တစ်ယောက်ထက် ပိုကောင်းနေပါလား စောရီပါ မမ ညီမလေး သူ့ကိုလဲ သဘောကျသွားပြန်ပြီ"
ကြိတ်ပြုံးရင်း မြတ်ဦးမောင်ကို ကြည့်နေတော့သည်

My Mistress (On going)Where stories live. Discover now