Part 3

168 13 0
                                    

Unicode
~ကလင်း ကလင်း~
"ဟယ်လို ဝင်စံအိမ်ကပါ"
"ဟုတ် ဟုတ် သခင်မလေးကို ပြောလိုက်ပေါ့မယ်"
ဖုန်းချလိုက်တာနဲ့
"ဘယ်သူလဲ အိမ်ထိန်းတော်"
"သခင်းကြီးပါ သခင်ကြီးက သခင်မလေးကို တွေ့ချင်လို့ မြို့လယ်က café ဆိုင်ကို ညနေ၅နာရီ လာခိုင်းလိုက်ပါတယ် အဲ့တာ သခင်မလေးကို သွားပြောလိုက်ပါအုံးမယ်"
မြတ်ဦးမောင် ချက်ချင်း ထိုင်တာကနေထကာ
"အိမ်ထိန်းတော် ကျွန်တော် သွားပြောလိုက်မယ် အိမ်ထိန်းတော် လုပ်စရာရှိတာ ဆက်လုပ်လိုက်ပါ့ဗျ"
အိမ်ထိန်းတော် ကြောင်တောင်တောင်ဖြင့်ကြည့်ကာ
"ဟုတ်ပါပြီ ကျွန်မ လုပ်စရာရှိတာ ဆက်လုပ်လိုက်ပါ့မယ်"
"ဟုတ်ကဲ့ဗျ ကျွန်တော် သွားပြောလိုက်အုံးမယ်"
~ဒေါက် ဒေါက် ဒေါက်~
"အော် မောင်ပါလား ဝင်လေ"
"ဟုတ် သခင်မ သခင်မကိုပြောစရာရှိလို့ လာခဲ့တာပါ"
"အင်း ပြောလေ မောင်ဘာပြောမို့"
"သခင်ကြီး ဖုန်းဆက်ပါတယ်"
"ဒယ်ဒီဖုန်းဆက်တယ်လား"
"ဟုတ်တယ်ဗျ သခင်မကို မြို့လယ်က café ဆိုင်ကို ညနေ၅နာရီ လာခိုင်းလိုက်လို့ပါ သခင်မ"
ခင်သက်ဝင် ပြုံးနေလိုက်၏
"ဒယ်ဒီိ မမေ့သေးဘူးဘဲ"
"ဗျာ"
"ဟီးဟီ ခင် သွားဖို့ ပြင်စရာရှိတာပြင်လိုက်အုံးမယ်မောင် မောင်လဲ သွားပြင်"
"ကျွန်တော်က ဘာလို့ပြင်ရမှာတုန်း"
"မောင့်ကို ပြင်ခိုင်းမှတော့ မောင့်ကိုလိုက်ခိုင်မို့ပေါ့ ဘာလဲ မောင်က ဟိုနေ့ညကလို ခင်ရှေ့မှာ..."
"ရပြီ သခင်မ ကျွန်တော်သွားပြင်လိုက်မယ်"
ရှက်သွားကာ နီးရဲနေသော မောင့်ကိုကြည့်၍ ခင် ပါးချိုင့်များထွက်လာတဲ့ထိ ပြုံးလိုက်တော့သည်
မောင်လဲ သူ့သခင်မကိုကြည့်ပြီး ရှက်ပြုံးပြုံးလိုက်၏
ခင်သည် ရုတ်တရက် မောင့်ကိုဖက်လိုက်ကာ
"မောင့်ကို ခင် အဲ့နေ့ညက အတွက် ကျေးဇူးတင်ပါတယ်"
"ဟမ် ဘာအတွက်လဲ သခင်မ"
"ခင့်ကို နှစ်သိမ့်ပေးလို့လေ"
"ရပါတယ်ဗျ ကျွန်တော် လုပ်ပေးသင့်တယ်ထင်လို့ လုပ်ပေးတာပါ"
"မောင် ခင့်ကိုမုန်းနေသေးတာလား"
မြတ်ဦးမောင် ပြန်ဖြေတာမျိုးမရှိ
ခင်သက်ဝင် အပြုံးများပျောက်သွားပြီး ဖက်တာကို လွှတ်လိုက်သည်
"မောင် လုပ်စရာရှိတာ သွားလုပ်တော့"
"ဟုတ်ကဲ့ သခင်မ"
မောင် ထွက်သွားတာနဲ့ ခင် ထိုင်ခုံပေါ်ထိုင်ချလိုက်ပြီး
"ဘာလို့လဲ ငါက ဘယ်သူ့အချစ်နဲ့မှ မထိုက်တန်တော့ဘူးလား"
ပြောရင်း နံရံပေါ်ချိတ်ထားတဲ့ မိသားစုပုံကိုကြည့်နေလေရဲ့
"မာမီကော အဆင်ပြေရဲ့လား မာမီ မရှိတဲ့ နောက်ပိုင်း သမီး အဆင်မပြေတော့ဘူး သမီးကို ဘယ်သူမှမချစ်တော့ဘူး ဒယ်ဒီလဲ သမီးထက် တစ်ခြားသူရဲ့ သမီးကို ပိုချစ်နေတယ်မာမီရယ်"
ခင် မျက်ရည်များ မျက်ဝန်းမှ များစွာ စီးကျနေတယ်
"ဒီနေ့ သမီး မွေးနေ့လေ မာမီ ဒယ်ဒီ မှတ်မိတယ်ထင်တယ် သမီးကို ခေါ်ထားတယ် မာမီ့ကို အရမ်းလွမ်းတာဘဲ"
ခင်ထ သွားပြီး ဓာတ်ပုံကို ကိုင်ကာ ကြည့်နေသည်
ခင်မသိလိုက်တာ သူ့ကို စောင့်ကြည့်နေတဲ့သူကို
တစ်ခြားသူမဟုတ်ပါဘူး ခင့် တံခါးဝကနေ မသွားသေးဘဲ ခင့်ကိုကြည့်နေတဲ့ မြတ်ဦးမောင်ပေါ့
"အော် ဒီနေ့ သူ့မွေးနေ့လား ငါသူ့ကို သနားလို့မဖြစ်ဘူး သူ ငါတို့မိသားစုကို ရှင်ကွဲကွဲအောင်လုပ်ခဲ့တာ"
ပြောပြီး ထွက်သွားသည်
ညနေ၄:၅၀
"သခင်မ ကားအဆင်သင့်ဖြစ်ပါပြီ"
မောင် ပါးစပ်က ပြောနေပေမဲ့ ခင့်ကို အကြည့်မပြတ်
ခင် ဒီနေ့ ပြင်လာတာ အရင်နေ့တွေထက်အဆပေါင်းများစွာလှနေတာကို
"ဟုတ်ပြီ မောင် ဘာလို့ခင့်ကို အဲ့လောက်ကြည့်နေတာလဲ ခင်ရှက်တယ်"
"တောင်းပန်ပါတယ် သခင်မ"
ခင် ရီလိုက်မိသည်
"ခိခိ မောင်က အရမ်းချစ်ဖို့ကောင်းတာဘဲ"
ပြောရင်း ခင်ကားပေါ် တက်သွားသည်
ခင်တက်သွားသည်နှင့် မောင်လဲ လိုက်တက်သွားတယ်
လမ်းတစ်လျှောက် ကားပေါ်တွေ စကားမပြောကြ ခင်သည် အရမ်းစိတ်လှုပ်ရှားနေသည်
ခင် ဆိုင်ထဲဝင်လာတော့ ဖခင်အပြင် မီထွေးနဲ့သူ့သမီးပါ တွေ့လိုက်သည်
ခင် အလိုလို စိတ်ပျက်သွားတယ်
"သမီး လာပြီလား ထိုင်လေ ထိုင်လေ"
ခင် ဘာမှမပြော ဝင်ထိုင်လိုက်သည်
"သမီးကို အဖေ ကူညီတောင်းစရာလေးရှိလို့ ခေါ်လိုက်တာ"
ခင်လေး ခေါင်းညိမ့်လိုက်ပြီး
"ပြောလေ ဒယ်ဒီ"
"အေ့ကွယ် ဒယ်ဒီတို့ ခရီးထွက်မို့ သမီး ဒယ်ဒီ့အလုပ်ကို ခနလောက် ကြည့်ထားပေးပါလား"
"ဒယ်ဒီတစ်ယောက်ထဲလား"
"အန်တီတို့လဲပါတယ်လေ သမီးဖေတစ်ယောက်ထဲ ဘယ်ဟုတ်ပါ့မလဲ"
ဒေါ်မိအိမ့်ကိုမျက်စောင်းတစ်ချက်ထိုးကာ
"အန်တီ့ကို မေးလို့လား"
"ဟဲ့ သမီး ဘယ်လိုပြောလိုက်တာတုန်း ဒါသမီးအမေဘဲလေ ကွယ်"
"ထားလိုက်ပါ ဖေဖေရာ အမက သိတက်မှုမှ မရှိတာ"
ခင် သက်ပြင်းချကာ
"ပြောစရာရှိတာပြော ဒယ်ဒီ ဒယ်ဒီကိုဘဲပြောခိုင်းတာနော်"
"ဟုတ်ပါပြီ သမီးရယ် မင်းတို့ဝင်မပြောဘဲ ဒီတိုင်းလေးနေပါလားကွာ ဒီမှာ ငါ့သမီးနဲ့ စကားပြောနေတာလေ"
"အိုး.. အဖေကြီးကလည်း.."
မီးထွေးနဲ့သူ့သမီးက မကြည်တဲ့အကြည့်ဖြင့်ကြည့်နေတော့သည်
"ဒယ်ဒီတို့ စင်ကာပူနဲ့ဘန်ကောက် ကို ခရီးဖြင့်သွားလည်မို့ သမီး ဒယ်ဒီအလုပ်ကို ခနလောက် ဝင်ကြည့်လုပ်ပေးထားပေးလေ"
"ဘယ်လောက်ကြာကြီးသွားမှာလဲ"
"၂လလောက် သမီး သမီးက အဖေအလုပ်ကိုဝင်လုပ်ဖူးတော့ အဆင်ပြေမှာပါ"
"ဒါတွက် သမီးကိုခေါ်တာလား ဒယ်ဒီ"
"ဟုတ်တယ်သမီး သမီးကို အဲ့တာလေး အကူညီတောင်းချင်လို့"
ခင် မျက်ရည်ကိုထိန်းထားကာ
"သမီး ဒယ်ဒီအလုပ် ဝင်လုပ်ပေးပါ့မယ်"
"ကျေးဇူးပါ သမီးရယ်"
"အဖေကြီး ပြောပြီးရင်လဲသွားရအောင်လေ"
"သမီး ဒယ်ဒီသွားတော့မယ်နော်"
ဖခင်ထလိုက်တော့
"ဒယ်ဒီ မေ့နေပြီလား"
ခင်စကားကြောင့် ဦးဝင်းမြင့်သက် နဲနဲခေါင်းရှုပ်သွားပြီး မျက်နှာရှုပ်ကာ ခင့်ကိုကြည့်လိုက်တယ်
ခင် ဖခင်ရဲ့အကြည့်ကြောင့် ချက်ချင်းသိသွားသည်
"ဒယ်ဒီ မေ့နေပြီပဲ သွားပါ ဒယ်ဒီ ဒယ်ဒီ မိန်းမနဲ့သမီးစောင့်နေပြီလေ"
"ဒယ်ဒီကို တစ်ခုခုပြောစရာရှိသေလား သမီး"
ခင် ခေါင်းခါလိုက်၏
"ဟုတ်ပြီ ဒယ်ဒီ သွားပြီနော်"
ဒီတစ်ခေါက်လဲ သူ့ဖခင်နောက်ကျောကိုသာကြည့်၍ကျန်ခဲ့ပြန်သည်
မျက်နှာငယ်ကာ ဖခင်ရဲ့နောက်ပြင်ကို ကြည့်နေတဲ့ခင့်ကို
"သခင်မလေး ကျွန်တော် သခင်မကို တစ်နေရာ ခေါ်သွားပေးချင်လို့"
"ရှင် ဘယ်ကိုလဲ မောင်"
"ဒီနေရာထက်တော့ သာမှာပါဗျာ မသာရင်တောင် သခင်မ ပျော်မှာပါ"
မောင့်ကို စိုက်ကြည့်ပြီး
"သွားမယ်လေ မောင် ဘယ်နေရာမို့လို့အဲ့လိုပြောတာလဲ ခင်သိချင်သွားပြီ"
"ဟုတ် သခင်မ ကျွန်တော်တို့ သွားရအောင်လေ"
လမ်းတစ်လျှောက်လုံး တိတ်စိတ်နေ၏
ခင် ကားမှန်ရဲ့အပြင်က ရူခင်များကို ကြည့်၍ သူ့မိခင် လွမ်းနေလေရဲ့ ဒီချိန် သူ့အမေက ကိတ်မှုန့်လေးဖုတ်ထားပြီး သူ့ကို ပျော်အောင်လုပ်ပေးတက်သည် အတတ်ကအချိန်ကို ပြန်တွေး မျက်ရည်ဝဲလာပြန်၏
ထို့အချိန် မောင်သည် ခင့်ကိုကြည်ကာ
"သခင်မလေး ခနနေ ရောက်တော့မယ်နော်"
"အာ ဟုတ်ပြီမောင် ဒါနဲ့ ဘယ်နေရာတွေရောက်ကုန်တာလဲ ခင့်ကိုပြန်ရောင်းစားဖို့မဟုတ်ပါဘူးနော်"
မြတ်ဦးမောင် အပြုံးတစ်ဖက်ဖြင့်
"မဟုတ်ပါဘူး သခင်မလေး ဒီနေရာကမြို့ထဲမှာဘဲလေ ကျွန်တော် သခင်မကို ဘယ်လိုလုပ် ပြန်ရောင်းနိုင်မှာလဲဗျာ"
"မသိဘူးလေ ကွယ်"
ကားရပ်လိုက်သည်နဲ့ မောင်သည် ခင့်တံခါးစီသွားကာ
"သခင်မ ဆင်းလို့ ရပါပြီဗျ"
ခင်အပြုံးလေးပြန်ဝင်လာပါပြီ
"မောင် ဒါဘယ်နေရာလဲ"
"မကြောက်ပါနဲ့ လာပါဗျ ဟိုဘက်ရောက်ရင် သိမှာပေါ့ သခင်မလေး"
ခင် စိတ်လှုပ်ရှားစွာလိုက်သွားသည်
"ဝါး လှလိုက်တာကော မောင်"
စားပွဲခုံလေးရယ် ခုံလေးနှစ်ခုံရယ်က သိပ်လှတဲ့ ရူခင်းကို မြင်နိုင်တဲ့ ထိတ်တွေရှိနေသည်
"လာ သခင်မ ဒီမှာလာထိုင်"
"မောင်ရယ် ဒီနေရာကနေကြည့် မြို့တစ်မြို့လုံးမြင်နေရပါလား အရမ်းလှတာဘဲနော်"
မှင်သက်နေတဲ့ခင့်ကို ကြည့်ပြီး ကိတ်မုန့်နဲ့အရုပ်သေသေးလေးထုတ်လာကာ
"Happy Birthday ပါသခင်မလေး"
ခင် မျက်ရည်တွေစီးလာတော့သည် ဖခင်ဖြစ်သူတောင် မမှတ်မိတဲ့သူ့မွေးနေ့ကို မောင်က သိနေတော့ အံဩတာက တစ်ဖက် ပျော်တာကတစ်ဖက်ဖြစ်နေတော့သည်
"မောင် ခင့်မွေးနေ့ကို ဘယ်လိုသိတာလဲ ခင်လေ ခင်"
"ကျွန်တော် ကြားလိုက်မိလို့ပါ ဘာလို့ငိုနေပြန်တာလဲ သခင်မရယ် ကလေးကျနေတာပဲ"
ကိတ်ကို စာပွဲပေါ်ချပြီး ခင်ရှေ့ ဒူးထောက်ထိုင်ကာ မျက်ရည်များ သုတ်ပေးနေလေရဲ့
"ခင်ပျော်လို့ပါ မောင်ရယ်"
မျက်လုံးချင်းဆုံသွားတဲ့အခိုက်မှာ မြတ်ဦးမောင် ခင်ရဲ့လှပပြီး ဝိုင်းစက်တဲ့ မျက်လုံးလေးများကို အကြည့်မလွှဲနိုင်ဖြစ်နေတော့သည်
"မောင်"
ခင်ခေါ်တာ မောင် မကြားနိုင်တော့ ပန်ရောင်းသန်းနေတဲ့ ခင့်ပါးကို နုနုညံညံလေးကိုင်ကာ ဖူးယောင်နေသော နှခမ်းနားစီ မောင့်နှခမ်းကပ်လာတဲ့ ချိန်
"မမ"
အော်သံကြောင့် မောင်အသိကပ်ကာ လှည့်ကြည့်လိုက်တော့ သူ့မောင်လေးထိန်းခတ်မောင် ဖြစ်နေ၏

My Mistress (On going)Where stories live. Discover now