အသက်နှင့်လဲ၍ (Completed)

By EmmaXing95

177K 10.7K 83

1st Fiction❤️ Author - Emma🌟 (MeiXing) Cover is not mine. Full Crd. More

Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 9
Ep 10
Ep 11
Ep 12
Ep 13
Ep 14
Ep 15
Ep 16
Ep 17
Ep 18
Ep 19
Ep 20
Ep 21
Ep 22
Ep 23
Ep 24
Ep 25
Ep 26
Ep 27
Ep 28
Ep 29
Ep 30
Ep 31
Ep 32
Ep 33
Ep 34
Ep 35
Ep 36
Ep 37
Ep 38
Ep 39
Ep 40
Ep 41
Ep 42
Ep 43
Ep 44 final

Ep 8

4.3K 292 3
By EmmaXing95


Unicode

"ဟဲ့ ကျိုးချန် ရှောင်းကျန့်ရော"

ဆေးရုံကိုရောက်လာတဲ့ ကျိုးချန် ဘေးမှာရှောင်းကျန့်ပါမလာလို့ ဝမ်ချင်ကမေးတော့

"ပြောမနေနဲ့ အဲ့အကောင် လာပါစေဦး ငါနုတ်နုတ်စင်းပစ်မယ်"

"ဟဲ့ ဘာလို့လဲလို့ သူအဆင်ပြေရဲ့လား"

"ပြေတာမှ သာယာနေတာပဲ"

မနေ့က ကျိုးချန် အိမ်မပြန်ဘဲ ဆေးရုံမှာဘဲ အိပ်တာပါ မနက်က အိမ်ပြန်အဝတ်အစားလဲပြီးတော့ ထမင်းစားနေတုန်း ဝမ်ချင်ဖုန်းဆက်လို့ ရှောင်းကျန့်အိမ်ကိုသွားတာ ဟိုရောက်တော့ ရိပေါ်က ရှောင်းကျန့်အိမ်ထဲက ထွက်လာပြီး နောက်က ကိုယ်တော်ချောက ပါလာတယ်။
နှစ်ယောက်သား ကားပေါ်တက်ပြီး မနက်စာစားတာအထိကြည့်ပြီးပြန်လာတာ။

ဝမ်ရိပေါ်ဆိုတဲ့ ကောင်လေးက သူ့ညီပါးစပ်မှာပေနေတဲ့ ထမင်းစေ့ကို ဖယ်ပေးနေတာများ ဆက်မကြည့်နိုင်တော့လို့ ဆေးရုံသာလာခဲ့တော့တယ်။
အစကတော့ ဝမ်ချင်ကိုကြိုက်နေပေမဲ့ သူ့ညီထက် အရင်အိမ်ထောင်မပြုချင်လို့ ဖွင့်မပြောသေးတာ။ ကောင်းရော အခုတော့ဟိုက သူ့ထက်တောင် သာနေသေး။ ငါလေး မြန်မြန်ဖွင့်ပြောရမယ် အတွဲကြားထဲ fa တော့အဖြစ်မခံနိုင်ဘူး။
ဒါပေမဲ့ ဘယ်လိုဖွင့်ပြောရမလဲ ဝမ်ချင်ကို။

"ဟဲ့ ကျိုးချန်ရေ နင်အသက်ရှိသေးလား ဘာတွေတွေးနေတာလဲ"

"နင့်ကိုဘယ်လိုပြောရမလဲလို့"

"ဘာပြောမှာလဲ"

"ဟမ် အဲ ဘာမှမဟုတ်ဘူး ဟို ဝမ်ရိပေါ်ဆိုတာလေ ဘယ်လိုလူမျိုးလဲ သိချင်လို့"

"သူကလား ချေတဲ့ပုံပေါက်ပေမဲ့ တကယ်တော့ စိတ်ရင်းကောင်းပါတယ် အရင်တုန်းကဆို ခင်ဖို့ကောင်းတယ် သူ့မိဘတွေသာ အသက်ရှိနေသေးရင် သူ့အဲ့လိုပြောင်းလဲမသွားလောက်ဘူး"

"သူ့မှာရည်းစားတွေဘာတွေရှိလား"

"ရည်းစားမပြောနဲ့ မိန်းကလေးသူငယ်ချင်းတောင် ငါတစ်ယောက်ပဲရှိတာ ဒါတောင် ဝမ်နင် အစ်မဖြစ်နေလို့ သူနဲ့ခင်တာ ဝမ်နင်တစ်ယောက်ပဲရှိတယ်"

"အော်"

"ဟဲ့ နေပါဦး မနေ့က ရှောင်းကျန့်လည်း ငါ့ကိုမေးသေးတယ် သူ့အကြောင်း နင်တို့နှစ်ယောက်လုံးဘာလို့ အဲ့လောက်စိတ်ဝင်စားနေတာလဲ"

"ရှောင်းကျန့် က သူ့အကြောင်းမေးသေးတယ်ပေါ့"

"အေးလေ"

"ဟင်းး ဘာမှမဟုတ်ပါဘူး စပ်စုတာပါ ငါလူနာသွားကြည့်တော့မယ်"

သက်ပြင်းချပြီးတော့ စပ်စုတာဆိုပြီး ထွက်သွားတဲ့ကျိုးချန်။
မဟုတ်‌ေတာ့ဘူး မဟုတ်‌ေတာ့ဘူး တစ်ခုခုတော့ မဟုတ်‌ေတာ့ဘူး။

"အမဝမ်ချင် မဟုတ်မှ ညီအစ်ကို နှစ်ယောက်လုံး ရိပေါ်ဆိုတဲ့ ကောင်လေးကိုဝိုင်းကြိုက်နေကြတာလားမသိဘူး"

ထံုစံအတိုင်း အတေွး‌ေပါက်နေတဲ့ မြန်မြန် ကပြောတော့ ဝမ်ချင် ရင်ထဲ ဒိန်းကနဲ

*ဘုရားရေ ကျိုးချန်ကွေးမသွားပါစေနဲ့ တစ်သက်လုံးနေမှ သူ့တစ်ယောက်ပဲ ငါကြိုက်ဖူးတာလေ မဖြစ်ဘူး*
..........

"ဆေးရုံကဆင်းလို့မရသေးဘူး"

"ဘာလို့လဲ ဒေါက်တာရဲ့ ကျွန်တော်ကောင်းနေပါပြီ"

"အစ်ကို အစ်ကို့နှလုံးကို ကျည်ဆံဖောက်ထွက်သွားတာနော်"

"ငါသိပါတယ် ကောင်းနေပါပြီဆို"

"ကျွန်တော်ပြောတာနားထောင်ပါ နောက်တစ်ပတ်လောက်နေလိုက်ပါဦး"

"ဒါပေမဲ့....."

"ကျန့်ကော လူနာကြည့်ဖို့ရှိသေးတယ်မလား"

"အေး ငါသွားတော့မယ် မင်းအစ်ကိုကို ဂရုစိုက်လိုက်ဦး"

"ရိပေါ်.."

"ကျန့်ကောက မဆင်းနဲ့တဲ့ ဆရာဝန်
ခွင့်ပြုချက်မပါဘဲ ဆင်းလို့မှမရတာ အိပ်လိုက်ဦး"
................

ဆေးရုံကို အတူတူရောက်လာတဲ့ ရိပေါ်နဲ့
ရှောင်းကျန့်ကို ဝမ်ချင်မြင်ပြီး ကျိုးချန်ပြောတဲ့ သာယာနေတယ်ဆိုတာကို သဘောပေါက်သွားတယ်။ ရိပေါ်အစ်ကိုကို ဆေးရုံဆင်းခွင့်ပေးဖို့ အခြေအနေသွားကြည့်တာအထိ ဘေးနားက
မျန်မျန် ကမျက်တောင်တစ်ချက်မခတ် လိုက်ကြည့်နေတာ ရိပေါ်ကို။

ရှောင်းကျန့်ကိုမေးကြည့်ကာမှ ဖုန်းအားမသွင်းမိလို့ မကိုင်တာ ရိပေါ်က ရောက်လာတယ်တဲ့။
ငါကဘာများဖြစ်လို့လဲလို့။ အဲ့တာဆို ကျိုးချန်က သူတို့နှစ်ယောက်ကိုတွေ့ပြီး တစ်ယောက် တည်း အားငယ်ပြီးပြန်လာရတာပေါ့။

ဝမ်ချင် စိတ်ထဲတွင်တော့ ကျိုးချန် ရိပေါ်ကို ကြိုက်နေတယ်လို့သာ ထင်နေပါတော့သည်။

"မျန်မျန် ငါ့အစ်မရော"

အစ်ကိုရှီးချန် ဆေးရုံဆင်းတော့မယ်ဆိုလို့
ဝမ်နင် ကူညီဖို့လာခဲ့တာ။ သူ့အစ်မကောင်တာမှာ မရှိလို့ မျန်မျန်ကိုမေးလိုက်တာ။

"နင့်အစ်မလား ဘယ်ရောက်သွားလဲမသိဘူး"

"အစ်မ မျန်မျန်‌‌ေရ အခန်းနံပါတ်xxx ကလူနာက ဘယ်လိုကြီးလဲ"

လူနာသွားကြည့်ပြီးပြန်လာတဲ့ စစ်ကျွေးက
မျန်မျန်ကို မေးတော့သည်။

"အဲ့လူနာ နင့်ကို ကျိုးချန်ကြည့်ခိုင်းခဲ့တာမလား"

"အင်း အစာအိမ်လူနာလေ"

"သူကဘာဖြစ်လို့လဲ"

"ယောကျာ်းကြီးဖြစ်နေပြီး ဆေးထိုးတာလေးကို နာလို့ဆိုပြီး ကျွန်တော့်လက်ကိုအတင်းကိုင်ထားတာ"

"ဟမ် ဘယ်မှာလဲပြ"

စစ်ကျွေးပြတာကို ဘေးနားက ဝမ်နင်လည်းမြင်သည်။

"ဟယ် နီရဲနေတာပဲ အဲ့လောက်တောင် အားသုံးရလား"

"အဲ့တာပြောတာ ကျွန်တော် ဆေးသွားထည့်
လိုက်ဦးမယ် အစ်မ"

"အေးအေး သေချာစစ်ကြည့်ဦး"

စစ်ကျွေးသွားပြီးတော့ ဝမ်နင်က

"မျန်မျန် သူလေးက ဘယ်သူလေးလဲ"

"သူလေးက ငါတို့ရဲ့ဂျူနီယာလေးလေ"

"ဂျူနီယာလား"

"အေး စတုတ္ထနှစ်ကျောင်းသားလေ"

"အော် သူကဘာကုတာလဲ"

"သူက ‌ေဒါက်တာကျိုးချန်နဲ့ အတူတူပဲ အထွေထွေလေ"

"အထွေထွေ ဆိုတာဘယ်လိုရောဂါတွေပါလဲဟင်"

"အထွေထွေဆိုတာ...အော် ငါဒီမှာအလုပ်ရှုပ်နေပါတယ်ဆို နင့်အစ်မကိုလာတွေ့တာမလား မရှိဘူး ပြန်တော့"

"နင်ကလည်း ဒါလေးမေးတာကို"

"အဲ့လောက် စိတ်ဝင်စားနေရင် ဆေးမေဂျာယူခဲ့ပါလား"

"သူ့နာမည်က စစ်ကျွေး ဟုတ်လား"

"အေးလို့"

"အော် ငါအစ်ကိုရှီးချန်ကိုသွားတွေ့လိုက်ဦးမယ်"

"ကြွ ကြွ"

###########

💞Mei Xing💞

ဖတ်ပေးကြတဲ့ သူတွေကျေးဇူးပါ🥰

ဒီနေ့အားနေလို့ သုံးပိုင်းတောင်
Up ပေးတာပါရှင့်

Zawgyi

ဒီနေ့အားနေလို့
သုံးပိုင်းတောင် up ပေးတာပ္ခါင့်

Continue Reading

You'll Also Like

1.1M 38.1K 63
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...
469K 31.6K 47
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...
300K 11.7K 85
Secrets. Lies. The curse that will forever drive them apart.
4.8K 590 14
ဒီမြို့လေးရဲ့ လူသန်းပေါင်းများစွာထဲ မင်းကိုကိုယ်တွေ့ခဲ့တယ်