Unicode
" Jimin ssi... ဆိုင်မသွားဘူးလား။ နောက်ကျနေပြီလေ။"
နေမြင့်နေပြီဖြစ်သော်လည်းအခုထိအခန်းထဲမှထွက်မလာသေးသောJimin...။ ဒီနေ့ Namjoonကလည်းခရီးသွားရမှာမို့ဆိုင်လာဖြစ်မှာမဟုတ်။ ဒါကြောင့် Haeunတစ်ယောက် Jiminကိုအမြန်လာနိုးနေရသည်။
တံခါးခေါက်နေပါသော်လည်း တုံ့ပြန်မှုတစ်စုံတရာရှိမလာတာမို့ Haeunစိတ်ပိုင်းဖြတ်ကာတံခါးရွက်လေးအားခပ်ဟဟတွန်းဖွင့်လိုက်သည်။ ထင်တဲ့အတိုင်း အခုထိအိပ်ရာမှမထသေးတဲ့Jiminပင်။
" ညက မအိပ်ဘူးထင်တယ်။"
တစ်ကိုယ်တည်းသာစကားတစ်ခွန်းပြောလိုက်သည်။ ပြတင်းပေါက်နားသွားပြီးလိုက်ကာစကိုဆွဲဖွင့်လိုက်တော့ အခန်းထဲကိုဖြာကျလာတဲ့ရောင်ခြည်စတွေကြောင့် လူးလူးလွန့်လွန့်ဖြစ်လာတဲ့Jimin...။ သို့ပေမယ့် မျက်စိပင်သေချာမပွင့်သေးဘဲ တအင်းအင်းနှင့်ပြန်အိပ်ပျော်သွားခဲ့သည်။
Haeunလည်းကုတင်နားသို့တဖြည်းဖြည်းတိုးသွားကာ Jiminကိုလှုပ်နိုးမည့်အလုပ်တွင် သူမအာရုံတွေကိုလွှဲယူသွားသည်မှာ ကုတင်ဘေးကစာအုပ်လေးပင်။ ပုံမှန်ဆိုဒီစာအုပ်လေးကိုအမှုမဲ့အမှတ်မဲ့လုပ်မိမှာမှန်ပေမယ့် ပန်းရောင်သန်းကာလှလွန်းနေတဲ့စာအုပ်အဖုံးလေးကြောင့် ပထမတစ်မျက်နှာလေးကိုတော့လှန်ကြည့်ဖို့တွေးမိသည်။
" ဒီလိုလူက အခုလိုစာအုပ်လှလှလေးတွေလည်းဝယ်စုတတ်တာပဲလား။"
ကုတင်အစွန်းနားတွင်တင်ပလွဲဝင်ထိုင်လိုက်ပြီး စာအုပ်လေးရဲ့ပထမမျက်နှာကိုမဝံ့မရဲနှင့်ပင်လှန်ကြည့်လိုက်သည်။ ထိုအခါ အဖြူရောင်ဗလာစာရွက်လေးကကြိုဆိုနေတာမို့ ဒုတိယတစ်မျက်နှာကိုထက်လှန်ကြည့်ပြန်သည်။ မိန်းမငယ်တစ်ယောက်ရဲ့မျက်နှာသွင်ကိုအလှဆုံးပုံဖော်ထားတဲ့ ခဲဆွဲပုံလေးတစ်ပုံကဒုတိယစာမျက်နှာမှာနေရာယူနေသည်။
" ဟင်... ဒီမိန်းကလေးမျက်နှာက Heejinနဲ့လည်းမတူပါလား။ "
သူမနားမလည်နိုင်စွာတီးတိုးနေစဉ် အနောက်ဘက်မှရုပ်ချည်းရောက်ချလာတဲ့Jiminရဲ့လက်တစ်စုံဟာ သူမ့လက်ကောက်ဝတ်တစ်ဖက်ကိုဆွဲကိုင်ပြီးခေါင်းအုံးပေါ်တွင်ဖိကပ်လိုက်သည်။ ထိုမျှသာမက အပေါ်စီးမှငုတ်မိုးကြည့်လာတဲ့Jiminရဲ့စူးရဲရဲအကြည့်တွေကြောင့် Haeunတုတ်တုတ်မျှမလှုပ်ရဲပေ။
အတည်ပေါက်နဲ့ကြည့်နေရာမှ သူမ့မျက်နှာနားဆီတိုးငင်လာတဲ့jiminရဲ့ဝင်းမွတ်သောမျက်နှာလေးကြောင့် ရင်ခုန်သံတွေမှားလောက်သည်အထိ သူမစိတ်တွေယောက်ယက်ခတ်နေမိပြီ။ ဖြစ်လာမယ့်အခြေအနေကိုရင်ဆိုင်နိုင်စွမ်းမရှိတာမို့ မျက်ဝန်းနှစ်ဖက်ကိုအတိမှိတ်ချလိုက်သည်။ သို့ပေမယ့် အချိန်တစ်ခနအကြာထိ ထူးခြားမှုတစ်စုံတရာရှိမလာတာမို့ ခပ်တွန့်တွန့်နဲ့ပင်မျက်ဝန်းတစ်ဖက်ကိုဖွင့်ကြည့်လိုက်မိပြန်သည်။
အနီးဆုံးအနေအထားမှ ရုပ်သေနဲ့စိုက်ကြည့်နေတဲ့Jiminရဲ့အကြည့်တွေဟာနက်နဲလွန်းသည်။ နှလုံးသားတစ်ခုလုံးကို ထိုးဖောက်ဝင်ရောက်နိုင်တဲ့လက်နက်တစ်ခုဖြစ်သည်။
သူကတော့ Haeunရဲ့ကျန်လက်တစ်ဖက်ဆီက စာအုပ်ကိုဆွဲယူကာကုတင်ပေါ်အကျအနပြန်ထိုင်လိုက်သည်။ ကျန်ခဲ့တဲ့haeunမှာတော့ အခုချိန်ထိတိုင်ရင်ခုန်သံတွေမူမမှန်ဖြစ်နေဆဲ။
" ဘာလို့ငါ့စာအုပ်ကိုယူကြည့်နေတာလဲ။"
ပက်လက်အနေအထားမှအမြန်ရုန်းထလာတဲ့သူမ။ ဆံနွယ်တွေကိုသေချာပြန်သပ်တင်ကာ...
" မရည်ရွယ်ဘဲကြည့်မိသွားတာပါ။ ဒါနဲ့ စာအုပ်ထဲကကောင်မလေးက Heejinနဲ့လည်းမတူပါလား။"
" အင်း... သူကheejinမဟုတ်ဘူး။"
" အာ... အချစ်ဦးထင်တယ်။ ထားပါ။
အခုတော့ အမြန်ထတော့။ ရှင်ပဲအလုပ်နောက်ကျနေပြီမလား။"
အမှန်ဆို... ဘယ်သူလဲမေးကြည့်ချင်ခဲ့တာ။ အချစ်ဦးများလားလို့လည်းသိချင်ခဲ့တာ။ ဒါပေမယ့် ဒါတွေရှင်းပြနေရလောက်တဲ့အထိ သူမကJiminအတွက်တော့ဘာမှဟုတ်မနေခဲ့ဘူးလေ။
ကုတင်ပေါ်မှထကာအခန်းထဲမှကျောခိုင်းပြီးထွက်သွားဖို့ပြင်နေတဲ့သူမရဲ့ခြေလှမ်းတွေကိုရပ်တန့်ပစ်လိုက်သည်က jiminရဲ့စကားတစ်ခွန်းပင်...။
" အချစ်ဦးမဟုတ်ပါဘူး။ မကြာသေးခင်က အိပ်မက်ထဲခနခနပေါ်လာတတ်တဲ့မိန်းကလေးပုံကို အနီးစပ်ဆုံးမှန်းပြီးဆွဲထားတာပါ။ တစ်ခြားဘာမှမရှိပါဘူး။"
" ... "
" ဒါကြောင့်မို့ တစ်မျိုးမထင်ပါနဲ့ Haeun... ငါ့ရင်ထဲမှာ... H.. Heejinကလွဲရင်ဘယ်သူမှမရှိဘူး။"
သေစမ်း!! ဘာတွေသွားပြောနေတာလဲ။ ဒီလောက်ထိပြောပြဖို့လိုလို့လား Park Jiminရေ။
" အာ... အင်းပါ။
ကျွန်မ,သိပါတယ်။ "
" အဲ့လို မ..ဟုတ် "
" ဆိုင်ဖွင့်ဖို့တအားနောက်ကျနေပြီထင်တယ်။ ရေချိုးပြီး အမြန်ထွက်လာတော့လေ။ "
ပြန်ဖြေသံကိုတောင်နားမထောင်တော့ဘဲ အခန်းထဲမှခပ်သွက်သွက်ထွက်သွားတဲ့သူမကို Jiminလှမ်းတားဖို့မမီလိုက်ပေ။
" Haeunဘာဖြစ်သွားတာလဲ..."
Jiminကတော့ နားမလည်စွာအူတူတူနဲ့သာကျန်ခဲ့သည်။
အခန်းပြင်ကသူမမှာလည်း... တစ်ပေါက်စ နှစ်ပေါက်စတိုးကျလာတဲ့အရည်ကြည်တွေကိုလက်မနဲ့ဖိသုတ်လိုက်ကာ အသက်ဝဝရှူလိုက်သည်။
" အာ...!! ငါကဘာလို့ငိုနေတာတုန်း။ သူ့ချစ်သူကိုပဲ သူ့ရင်ထဲရှိတယ်ပြောတဲ့ဟာကို... ဒီရင်ဘတ်ထဲကဘာလို့နာကျင်လာရတာလဲ။ "
" ချစ်နေလို့ပေါ့...
မင်းသူ့ကိုချစ်နေလို့ပေါ့ ကလေးမရယ်။"
" ဟင်... အဲ့တာ ဘာကိုဆိုလိုတာလဲ နတ်သားမူ။ မဖြစ်နိုင်တာ။"
" ကိုယ်ချစ်တဲ့သူက တစ်ခြားကောင်မလေးအကြောင်းပြောတဲ့အခါနာကျင်ရတာ သဘာဝပါပဲ။"
" ကျွန်မတစ်ကယ်ပဲ သူ့ကိုချစ်နေမိတာလား။ ဒါဆိုရင် ကျွန်မလုံးဝမှားနေပြီပဲ။ "
စိတ်ညစ်ညစ်နဲ့ဆံနွယ်တွေကိုသာဆွဲဖွာမိသည်။ ထိုအခါ အင်္ကျီလက်အနားစလေးမှာအပေါ်သို့လိပ်တက်သွားကာ လက်ကောက်ဝတ်ဖြူဖြူတွင်ပေါ်လာသော တက်တူးတန်းလေးကြောင့် နတ်သားမူတုန်လှုပ်သွားသည်။ သူမလက်ကောက်ဝတ်အားဆွဲယူကာ ထိုတက်တူးတန်းလေးကိုတစူးတစိုက်ကြည့်မိသည်။
" ဘာလုပ်တာလဲ နတ်သားမူ။"
" ဒီတက်တူးက ဘာအတွက်ထိုးထားတာလဲဆိုတာ မှတ်မိလား ကလေးမ။"
" တက်တူးလား။ ကျွန်မမှဘာမှမမှတ်မိတော့တာ။
ကဲ နတ်သားမူ။ ရှင်လည်းပြန်တော့လေ။ ကျွန်မစိတ်တွေနေလို့မကောင်းေနဘူး။ "
ထိုသို့ပြောကာ ဧည့်ခန်းဆီဦးတည်သွားတဲ့သူမ...။
ကျန်ခဲ့တဲ့နတ်သားမူမှာတော့ ဆန်းကြယ်တဲ့အရာကြောင့် တွေးရခက်ကြီးဖြစ်နေပြီ။
" ဘာလို့သူ့တက်တူးမှာ အဝါရောင်အလင်းတန်းကပေါ်လာရတာလဲ။ ဒါက အပြစ်ဒဏ်ခံနေရတဲ့ နတ်မျိုးနွယ်တွေရဲ့တက်တူးမှာပဲဖြစ်လေ့ရှိတာပါ...။
ဒီကလေးမက... တစ်ကယ်ပဲ ဘာများလဲ။"
~~<♡︎>~~
" ဒီနေ့လည်း hoseok hyungလာမယ်ထင်လား။"
" လာလောက်မယ်ထင်တာပဲ။"
တစ်နေကုန်ဆိုင်တံခါးပေါက်ကိုသာ အရိပ်တကြည့်ကြည့်ဖြစ်နေသောသူတို့နှစ်ယောက်။ ဒီနေ့မှနောက်ကျနေသယောင်ရှိသော Hoseokကြောင့်စိတ်တွေရွှင်မနေတာသေချာသည်။
သို့ပေမယ့်... ညနေစောင်းနီးနီးတွင်မှရောက်ချလာတဲ့hoseokကြောင့် ဖျော်လက်စကော်ဖီအားအမြန်အပြီးသတ်ကာ hoseokထိုင်နေကြဝိုင်းကိုအပြေးလေးသွားမိသည်။
" ဒီနေ့နောက်ကျတယ်နော် hyung...။
ရော့... hyungသောက်နေကျအတိုင်းဖျော်နေတာနဲ့ အတော်ပဲဖြစ်သွားတယ်။"
" ကျေးဇူးပဲ Jimin...
ကိုယ် ကိစ္စလေးတွေရှိနေတာနဲ့ နောက်ကျသွားတာ။"
" အာ... ရပါတယ် hyungကလည်း။"
နောက်ထပ်ဘာစကားမှထပ်မဆိုလာတဲ့hoseokကြောင့် Jiminလည်းအနေကျပ်လာသည်။ မေးချင်တာတွေတပုံကြီးရှိနေပေမယ့် ကျင့်သားမရသေးတာမို့အသုံးမကျစွာထိုနေရာမှထွက်လာခဲ့မိသည်။
အနောက်ဘက်မှာရှိနေခဲ့တဲ့haeunကတော့ ဘာမှမဖြစ်သလိုပြုံးပြနေပေမယ့် သူမအဆင်ပြေမနေဘူးဆိုတာ Jiminကျိန်းသေသိနေတာပေါ့။ သူမအတွက် နည်းနည်းလောက်မဆိုအားကိုးရတဲ့သူတစ်ယောက်အနေနဲ့ရဲရဲဝံ့ဝံ့လုပ်ပြချင်မိတာ...။
ခနအကြာတွင် ပိုက်ဆံရှင်းစရာရှိတာရှင်းပြီးထပြန်ဖို့ပြင်နေတဲ့hoseokကြောင့် Jiminလည်းလက်ဆွဲအိတ်ကိုယူကာ အပြေးလှမ်းလာရသည်။ အခုန,မမေးမိတာတွေကို အပြန်လမ်းမှာဖြစ်ဖြစ်မေးလို့ရအောင် hoseokအပြန်ကိုဆိုင်ကြိုသိမ်းပြီးစောင့်နေခဲ့မိသည်။
" Hoseok hyung.. အတူပြန်ရအောင်။"
" ဆိုင်ကမိုးချုပ်မှသိမ်းတာမဟုတ်ဘူးလား Jimin ssi.."
" အာ... ဟုတ်တော့ဟုတ်ပေမယ့်... ဒီနေ့က Namjoon hyungလည်းမရှိဘူး။ ကျွန်တော်တစ်ယောက်တည်းဖြစ်နေတာနဲ့ စောစောသိမ်းလိုက်တာပါ။ "
" ဟုတ်ပါပြီဗျာ..။ ဒါနဲ့ အပြန်လမ်းကမတူလောက်ဘူးထင်တယ်။"
" ရပါတယ်။ လမ်းတူတဲ့အထိ အတူသွားကြတာပေါ့။"
ထိုအခါ နှုတ်ခမ်းထောင့်စွန်းကအချိုင့်သေးသေးလေးပေါ်သည်အထိပြုံးပြလာတဲ့hoseok...။
ဆိုင်အပြင်အရောက်တွင် Jiminကသူ့ကားနဲ့အတူလိုက်ခဲ့ဖို့ခေါ်သော်လည်း တူးခါးစွာငြင်းပယ်နေတဲ့hoseokကြောင့် Jiminအံ့ဩစွာအမေးထုတ်မိသည်။
" ဘာလို့မလိုက်တာလဲ hoseok hyungရဲ့ "
" ကိုယ်က သူများမောင်းတဲ့ကားတွေဆိုမစီးရဲတော့တာကြာပြီ။ မယုံတော့တာကြောင့်လည်းပါတယ်။"
" ဘာလို့များလဲ hyung"
" ဟင်းး... မင်းက Namjoonညီမို့ ဒီတစ်ခုတော့ပြောပြလို့အဆင်ပြေပါတယ်။ ကိုယ်က လွန်ခဲ့တဲ့တစ်လကျော်ကျော်လောက်က ကိုယ့်အသိတစ်ယောက်မောင်းတဲ့ကားကိုစီးရင်း ကားမတော်တဆမှုကြောင့် အသက်ဆုံးတော့မလိုဖြစ်ခဲ့ဖူးတာ။ အဲ့အချိန်ကစပြီး သူများမောင်းတာတွေဆိုယုံယုံကြည်ကြည်မစီးရဲတော့ဘူး။"
" ဪ... "
ထိုအချိန် hoseokဖုန်းလေးမီးလင်းကာ ဖုန်းကောလ်တစ်ခုဝင်လာသည်။ Hoseokလည်းဖုန်းကိုင်လိုက်ပြီး ပြောစရာရှိတာပြောနေသည်။ Jiminကတော့ ခနတာအကြည့်လွှဲပေးနေလိုက်သည်။
" အားတော့နာသား Jimin ssi.. ကိုယ်သွားစရာလေးရှိလို့ အိမ်မပြန်ဖြစ်သေးဘူး။ နောက်မှအတူပြန်ကြတာပေါ့။"
" ဟုတ်ကဲ့။ ရပါတယ် hyung။ ကောင်းကောင်းသွားပါ။"
ပုခုံးအားခပ်ဖွဖွပုတ်ကာထွက်သွားတဲ့ hoseokရဲ့ကျောပြင်တစ်စုံကိုကြည့်ပြီး နားမလည်နိုင်စွာကျန်ရစ်ခဲ့သူမှာ Jimin နှင့်Haeunပင်။
" Hoseok hyungရဲ့ ကားမတော်တဆမှုက မင်းနဲ့များပတ်သတ်နေမလား။"
" ကျွန်မလည်းတွေးမိတယ်။ အဲ့လိုသာတစ်ကယ်သာမှန်နေရင် Hoseokဆိုတဲ့လူက ကျွန်မနဲ့ဘယ်လိုပတ်သတ်တာများလဲ။ သူငယ်ချင်းလား... မောင်နှမလား... ချစ်သူတွေလား...။"
ချစ်သူဆိုတဲ့စကားကို Jiminစိတ်ထဲဘဝင်မကျမိတာအမှန်ပင်...။ အကြောင်းပြချက်ကိုသေချာမသိပေမယ့်... သူမနဲ့hoseokတို့သာ ချစ်သူတွေလိုပတ်သတ်မှုမျိုးဖြစ်ခဲ့မယ်ဆိုရင်တောင် အခုချိန်မှာHaeunကသူတစ်ယောက်တည်းရဲ့ဝိဉာဉ်မလေးသာဖြစ်နေရမည်ဟု အတ္တတစ်ခုတော့ထားချင်မိသည်...။
~~<♡︎>~~
Love you All
💛🧡❤️💛🧡❤️
Dec22 , 2020
Tuesday
Zawgyi
" Jimin ssi... ဆိုင္မသြားဘူးလား။ ေနာက္က်ေနၿပီေလ။"
ေနျမင့္ေနၿပီျဖစ္ေသာ္လည္းအခုထိအခန္းထဲမွထြက္မလာေသးေသာJimin...။ ဒီေန႔ Namjoonကလည္းခရီးသြားရမွာမို႔ဆိုင္လာျဖစ္မွာမဟုတ္။ ဒါေၾကာင့္ Haeunတစ္ေယာက္ Jiminကိုအျမန္လာႏိုးေနရသည္။
တံခါးေခါက္ေနပါေသာ္လည္း တုံ႔ျပန္မႈတစ္စုံတရာရွိမလာတာမို႔ Haeunစိတ္ပိုင္းျဖတ္ကာတံခါး႐ြက္ေလးအားခပ္ဟဟတြန္းဖြင့္လိုက္သည္။ ထင္တဲ့အတိုင္း အခုထိအိပ္ရာမွမထေသးတဲ့Jiminပင္။
" ညက မအိပ္ဘူးထင္တယ္။"
တစ္ကိုယ္တည္းသာစကားတစ္ခြန္းေျပာလိုက္သည္။ ျပတင္းေပါက္နားသြားၿပီးလိုက္ကာစကိုဆြဲဖြင့္လိုက္ေတာ့ အခန္းထဲကိုျဖာက်လာတဲ့ေရာင္ျခည္စေတြေၾကာင့္ လူးလူးလြန႔္လြန႔္ျဖစ္လာတဲ့Jimin...။ သို႔ေပမယ့္ မ်က္စိပင္ေသခ်ာမပြင့္ေသးဘဲ တအင္းအင္းႏွင့္ျပန္အိပ္ေပ်ာ္သြားခဲ့သည္။
Haeunလည္းကုတင္နားသို႔တျဖည္းျဖည္းတိုးသြားကာ Jiminကိုလႈပ္ႏိုးမည့္အလုပ္တြင္ သူမအာ႐ုံေတြကိုလႊဲယူသြားသည္မွာ ကုတင္ေဘးကစာအုပ္ေလးပင္။ ပုံမွန္ဆိုဒီစာအုပ္ေလးကိုအမႈမဲ့အမွတ္မဲ့လုပ္မိမွာမွန္ေပမယ့္ ပန္းေရာင္သန္းကာလွလြန္းေနတဲ့စာအုပ္အဖုံးေလးေၾကာင့္ ပထမတစ္မ်က္ႏွာေလးကိုေတာ့လွန္ၾကည့္ဖို႔ေတြးမိသည္။
" ဒီလိုလူက အခုလိုစာအုပ္လွလွေလးေတြလည္းဝယ္စုတတ္တာပဲလား။"
ကုတင္အစြန္းနားတြင္တင္ပလြဲဝင္ထိုင္လိုက္ၿပီး စာအုပ္ေလးရဲ႕ပထမမ်က္ႏွာကိုမဝံ့မရဲႏွင့္ပင္လွန္ၾကည့္လိုက္သည္။ ထိုအခါ အျဖဴေရာင္ဗလာစာ႐ြက္ေလးကႀကိဳဆိုေနတာမို႔ ဒုတိယတစ္မ်က္ႏွာကိုထက္လွန္ၾကည့္ျပန္သည္။ မိန္းမငယ္တစ္ေယာက္ရဲ႕မ်က္ႏွာသြင္ကိုအလွဆုံးပုံေဖာ္ထားတဲ့ ခဲဆြဲပုံေလးတစ္ပုံကဒုတိယစာမ်က္ႏွာမွာေနရာယူေနသည္။
" ဟင္... ဒီမိန္းကေလးမ်က္ႏွာက Heejinနဲ႔လည္းမတူပါလား။ "
သူမနားမလည္ႏိုင္စြာတီးတိုးေနစဥ္ အေနာက္ဘက္မွ႐ုပ္ခ်ည္းေရာက္ခ်လာတဲ့Jiminရဲ႕လက္တစ္စုံဟာ သူမ့လက္ေကာက္ဝတ္တစ္ဖက္ကိုဆြဲကိုင္ၿပီးေခါင္းအုံးေပၚတြင္ဖိကပ္လိုက္သည္။ ထိုမွ်သာမက အေပၚစီးမွငုတ္မိုးၾကည့္လာတဲ့Jiminရဲ႕စူးရဲရဲအၾကည့္ေတြေၾကာင့္ Haeunတုတ္တုတ္မွ်မလႈပ္ရဲေပ။
အတည္ေပါက္နဲ႔ၾကည့္ေနရာမွ သူမ့မ်က္ႏွာနားဆီတိုးငင္လာတဲ့jiminရဲ႕ဝင္းမြတ္ေသာမ်က္ႏွာေလးေၾကာင့္ ရင္ခုန္သံေတြမွားေလာက္သည္အထိ သူမစိတ္ေတြေယာက္ယက္ခတ္ေနမိၿပီ။ ျဖစ္လာမယ့္အေျခအေနကိုရင္ဆိုင္ႏိုင္စြမ္းမရွိတာမို႔ မ်က္ဝန္းႏွစ္ဖက္ကိုအတိမွိတ္ခ်လိုက္သည္။ သို႔ေပမယ့္ အခ်ိန္တစ္ခနအၾကာထိ ထူးျခားမႈတစ္စုံတရာရွိမလာတာမို႔ ခပ္တြန႔္တြန႔္နဲ႔ပင္မ်က္ဝန္းတစ္ဖက္ကိုဖြင့္ၾကည့္လိုက္မိျပန္သည္။
အနီးဆုံးအေနအထားမွ ႐ုပ္ေသနဲ႔စိုက္ၾကည့္ေနတဲ့Jiminရဲ႕အၾကည့္ေတြဟာနက္နဲလြန္းသည္။ ႏွလုံးသားတစ္ခုလုံးကို ထိုးေဖာက္ဝင္ေရာက္ႏိုင္တဲ့လက္နက္တစ္ခုျဖစ္သည္။
သူကေတာ့ Haeunရဲ႕က်န္လက္တစ္ဖက္ဆီက စာအုပ္ကိုဆြဲယူကာကုတင္ေပၚအက်အနျပန္ထိုင္လိုက္သည္။ က်န္ခဲ့တဲ့haeunမွာေတာ့ အခုခ်ိန္ထိတိုင္ရင္ခုန္သံေတြမူမမွန္ျဖစ္ေနဆဲ။
" ဘာလို႔ငါ့စာအုပ္ကိုယူၾကည့္ေနတာလဲ။"
ပက္လက္အေနအထားမွအျမန္႐ုန္းထလာတဲ့သူမ။ ဆံႏြယ္ေတြကိုေသခ်ာျပန္သပ္တင္ကာ...
" မရည္႐ြယ္ဘဲၾကည့္မိသြားတာပါ။ ဒါနဲ႔ စာအုပ္ထဲကေကာင္မေလးက Heejinနဲ႔လည္းမတူပါလား။"
" အင္း... သူကheejinမဟုတ္ဘူး။"
" အာ... အခ်စ္ဦးထင္တယ္။ ထားပါ။
အခုေတာ့ အျမန္ထေတာ့။ ရွင္ပဲအလုပ္ေနာက္က်ေနၿပီမလား။"
အမွန္ဆို... ဘယ္သူလဲေမးၾကည့္ခ်င္ခဲ့တာ။ အခ်စ္ဦးမ်ားလားလို႔လည္းသိခ်င္ခဲ့တာ။ ဒါေပမယ့္ ဒါေတြရွင္းျပေနရေလာက္တဲ့အထိ သူမကJiminအတြက္ေတာ့ဘာမွဟုတ္မေနခဲ့ဘူးေလ။
ကုတင္ေပၚမွထကာအခန္းထဲမွေက်ာခိုင္းၿပီးထြက္သြားဖို႔ျပင္ေနတဲ့သူမရဲ႕ေျခလွမ္းေတြကိုရပ္တန႔္ပစ္လိုက္သည္က jiminရဲ႕စကားတစ္ခြန္းပင္...။
" အခ်စ္ဦးမဟုတ္ပါဘူး။ မၾကာေသးခင္က အိပ္မက္ထဲခနခနေပၚလာတတ္တဲ့မိန္းကေလးပုံကို အနီးစပ္ဆုံးမွန္းၿပီးဆြဲထားတာပါ။ တစ္ျခားဘာမွမရွိပါဘူး။"
" ... "
" ဒါေၾကာင့္မို႔ တစ္မ်ိဳးမထင္ပါနဲ႔ Haeun... ငါ့ရင္ထဲမွာ... H.. Heejinကလြဲရင္ဘယ္သူမွမရွိဘူး။"
ေသစမ္း!! ဘာေတြသြားေျပာေနတာလဲ။ ဒီေလာက္ထိေျပာျပဖို႔လိုလို႔လား Park Jiminေရ။
" အာ... အင္းပါ။
ကြၽန္မ,သိပါတယ္။ "
" အဲ့လို မ..ဟုတ္ "
" ဆိုင္ဖြင့္ဖို႔တအားေနာက္က်ေနၿပီထင္တယ္။ ေရခ်ိဳးၿပီး အျမန္ထြက္လာေတာ့ေလ။ "
ျပန္ေျဖသံကိုေတာင္နားမေထာင္ေတာ့ဘဲ အခန္းထဲမွခပ္သြက္သြက္ထြက္သြားတဲ့သူမကို Jiminလွမ္းတားဖို႔မမီလိုက္ေပ။
" Haeunဘာျဖစ္သြားတာလဲ..."
Jiminကေတာ့ နားမလည္စြာအူတူတူနဲ႔သာက်န္ခဲ့သည္။
အခန္းျပင္ကသူမမွာလည္း... တစ္ေပါက္စ ႏွစ္ေပါက္စတိုးက်လာတဲ့အရည္ၾကည္ေတြကိုလက္မနဲ႔ဖိသုတ္လိုက္ကာ အသက္ဝဝရႉလိုက္သည္။
" အာ...!! ငါကဘာလို႔ငိုေနတာတုန္း။ သူ႔ခ်စ္သူကိုပဲ သူ႔ရင္ထဲရွိတယ္ေျပာတဲ့ဟာကို... ဒီရင္ဘတ္ထဲကဘာလို႔နာက်င္လာရတာလဲ။ "
" ခ်စ္ေနလို႔ေပါ့...
မင္းသူ႔ကိုခ်စ္ေနလို႔ေပါ့ ကေလးမရယ္။"
" ဟင္... အဲ့တာ ဘာကိုဆိုလိုတာလဲ နတ္သားမူ။ မျဖစ္ႏိုင္တာ။"
" ကိုယ္ခ်စ္တဲ့သူက တစ္ျခားေကာင္မေလးအေၾကာင္းေျပာတဲ့အခါနာက်င္ရတာ သဘာဝပါပဲ။"
" ကြၽန္မတစ္ကယ္ပဲ သူ႔ကိုခ်စ္ေနမိတာလား။ ဒါဆိုရင္ ကြၽန္မလုံးဝမွားေနၿပီပဲ။ "
စိတ္ညစ္ညစ္နဲ႔ဆံႏြယ္ေတြကိုသာဆြဲဖြာမိသည္။ ထိုအခါ အက်ႌလက္အနားစေလးမွာအေပၚသို႔လိပ္တက္သြားကာ လက္ေကာက္ဝတ္ျဖဴျဖဴတြင္ေပၚလာေသာ တက္တူးတန္းေလးေၾကာင့္ နတ္သားမူတုန္လႈပ္သြားသည္။ သူမလက္ေကာက္ဝတ္အားဆြဲယူကာ ထိုတက္တူးတန္းေလးကိုတစူးတစိုက္ၾကည့္မိသည္။
" ဘာလုပ္တာလဲ နတ္သားမူ။"
" ဒီတက္တူးက ဘာအတြက္ထိုးထားတာလဲဆိုတာ မွတ္မိလား ကေလးမ။"
" တက္တူးလား။ ကြၽန္မမွဘာမွမမွတ္မိေတာ့တာ။
ကဲ နတ္သားမူ။ ရွင္လည္းျပန္ေတာ့ေလ။ ကြၽန္မစိတ္ေတြေနလို႔မေကာင္းေနဘူး။ "
ထိုသို႔ေျပာကာ ဧည့္ခန္းဆီဦးတည္သြားတဲ့သူမ...။
က်န္ခဲ့တဲ့နတ္သားမူမွာေတာ့ ဆန္းၾကယ္တဲ့အရာေၾကာင့္ ေတြးရခက္ႀကီးျဖစ္ေနၿပီ။
" ဘာလို႔သူ႔တက္တူးမွာ အဝါေရာင္အလင္းတန္းကေပၚလာရတာလဲ။ ဒါက အျပစ္ဒဏ္ခံေနရတဲ့ နတ္မ်ိဳးႏြယ္ေတြရဲ႕တက္တူးမွာပဲျဖစ္ေလ့ရွိတာပါ...။
ဒီကေလးမက... တစ္ကယ္ပဲ ဘာမ်ားလဲ။"
~~<♡︎>~~
" ဒီေန႔လည္း hoseok hyungလာမယ္ထင္လား။"
" လာေလာက္မယ္ထင္တာပဲ။"
တစ္ေနကုန္ဆိုင္တံခါးေပါက္ကိုသာ အရိပ္တၾကည့္ၾကည့္ျဖစ္ေနေသာသူတို႔ႏွစ္ေယာက္။ ဒီေန႔မွေနာက္က်ေနသေယာင္ရွိေသာ Hoseokေၾကာင့္စိတ္ေတြ႐ႊင္မေနတာေသခ်ာသည္။
သို႔ေပမယ့္... ညေနေစာင္းနီးနီးတြင္မွေရာက္ခ်လာတဲ့hoseokေၾကာင့္ ေဖ်ာ္လက္စေကာ္ဖီအားအျမန္အၿပီးသတ္ကာ hoseokထိုင္ေနၾကဝိုင္းကိုအေျပးေလးသြားမိသည္။
" ဒီေန႔ေနာက္က်တယ္ေနာ္ hyung...။
ေရာ့... hyungေသာက္ေနက်အတိုင္းေဖ်ာ္ေနတာနဲ႔ အေတာ္ပဲျဖစ္သြားတယ္။"
" ေက်းဇူးပဲ Jimin...
ကိုယ္ ကိစၥေလးေတြရွိေနတာနဲ႔ ေနာက္က်သြားတာ။"
" အာ... ရပါတယ္ hyungကလည္း။"
ေနာက္ထပ္ဘာစကားမွထပ္မဆိုလာတဲ့hoseokေၾကာင့္ Jiminလည္းအေနက်ပ္လာသည္။ ေမးခ်င္တာေတြတပုံႀကီးရွိေနေပမယ့္ က်င့္သားမရေသးတာမို႔အသုံးမက်စြာထိုေနရာမွထြက္လာခဲ့မိသည္။
အေနာက္ဘက္မွာရွိေနခဲ့တဲ့haeunကေတာ့ ဘာမွမျဖစ္သလိုၿပဳံးျပေနေပမယ့္ သူမအဆင္ေျပမေနဘူးဆိုတာ Jiminက်ိန္းေသသိေနတာေပါ့။ သူမအတြက္ နည္းနည္းေလာက္မဆိုအားကိုးရတဲ့သူတစ္ေယာက္အေနနဲ႔ရဲရဲဝံ့ဝံ့လုပ္ျပခ်င္မိတာ...။
ခနအၾကာတြင္ ပိုက္ဆံရွင္းစရာရွိတာရွင္းၿပီးထျပန္ဖို႔ျပင္ေနတဲ့hoseokေၾကာင့္ Jiminလည္းလက္ဆြဲအိတ္ကိုယူကာ အေျပးလွမ္းလာရသည္။ အခုန,မေမးမိတာေတြကို အျပန္လမ္းမွာျဖစ္ျဖစ္ေမးလို႔ရေအာင္ hoseokအျပန္ကိုဆိုင္ႀကိဳသိမ္းၿပီးေစာင့္ေနခဲ့မိသည္။
" Hoseok hyung.. အတူျပန္ရေအာင္။"
" ဆိုင္ကမိုးခ်ဳပ္မွသိမ္းတာမဟုတ္ဘူးလား Jimin ssi.."
" အာ... ဟုတ္ေတာ့ဟုတ္ေပမယ့္... ဒီေန႔က Namjoon hyungလည္းမရွိဘူး။ ကြၽန္ေတာ္တစ္ေယာက္တည္းျဖစ္ေနတာနဲ႔ ေစာေစာသိမ္းလိုက္တာပါ။ "
" ဟုတ္ပါၿပီဗ်ာ..။ ဒါနဲ႔ အျပန္လမ္းကမတူေလာက္ဘူးထင္တယ္။"
" ရပါတယ္။ လမ္းတူတဲ့အထိ အတူသြားၾကတာေပါ့။"
ထိုအခါ ႏႈတ္ခမ္းေထာင့္စြန္းကအခ်ိဳင့္ေသးေသးေလးေပၚသည္အထိၿပဳံးျပလာတဲ့hoseok...။
ဆိုင္အျပင္အေရာက္တြင္ Jiminကသူ႔ကားနဲ႔အတူလိုက္ခဲ့ဖို႔ေခၚေသာ္လည္း တူးခါးစြာျငင္းပယ္ေနတဲ့hoseokေၾကာင့္ Jiminအံ့ဩစြာအေမးထုတ္မိသည္။
" ဘာလို႔မလိုက္တာလဲ hoseok hyungရဲ႕ "
" ကိုယ္က သူမ်ားေမာင္းတဲ့ကားေတြဆိုမစီးရဲေတာ့တာၾကာၿပီ။ မယုံေတာ့တာေၾကာင့္လည္းပါတယ္။"
" ဘာလို႔မ်ားလဲ hyung"
" ဟင္းး... မင္းက Namjoonညီမို႔ ဒီတစ္ခုေတာ့ေျပာျပလို႔အဆင္ေျပပါတယ္။ ကိုယ္က လြန္ခဲ့တဲ့တစ္လေက်ာ္ေက်ာ္ေလာက္က ကိုယ့္အသိတစ္ေယာက္ေမာင္းတဲ့ကားကိုစီးရင္း ကားမေတာ္တဆမႈေၾကာင့္ အသက္ဆုံးေတာ့မလိုျဖစ္ခဲ့ဖူးတာ။ အဲ့အခ်ိန္ကစၿပီး သူမ်ားေမာင္းတာေတြဆိုယုံယုံၾကည္ၾကည္မစီးရဲေတာ့ဘူး။"
" ဪ... "
ထိုအခ်ိန္ hoseokဖုန္းေလးမီးလင္းကာ ဖုန္းေကာလ္တစ္ခုဝင္လာသည္။ Hoseokလည္းဖုန္းကိုင္လိုက္ၿပီး ေျပာစရာရွိတာေျပာေနသည္။ Jiminကေတာ့ ခနတာအၾကည့္လႊဲေပးေနလိုက္သည္။
" အားေတာ့နာသား Jimin ssi.. ကိုယ္သြားစရာေလးရွိလို႔ အိမ္မျပန္ျဖစ္ေသးဘူး။ ေနာက္မွအတူျပန္ၾကတာေပါ့။"
" ဟုတ္ကဲ့။ ရပါတယ္ hyung။ ေကာင္းေကာင္းသြားပါ။"
ပုခုံးအားခပ္ဖြဖြပုတ္ကာထြက္သြားတဲ့ hoseokရဲ႕ေက်ာျပင္တစ္စုံကိုၾကည့္ၿပီး နားမလည္ႏိုင္စြာက်န္ရစ္ခဲ့သူမွာ Jimin ႏွင့္Haeunပင္။
" Hoseok hyungရဲ႕ ကားမေတာ္တဆမႈက မင္းနဲ႔မ်ားပတ္သတ္ေနမလား။"
" ကြၽန္မလည္းေတြးမိတယ္။ အဲ့လိုသာတစ္ကယ္သာမွန္ေနရင္ Hoseokဆိုတဲ့လူက ကြၽန္မနဲ႔ဘယ္လိုပတ္သတ္တာမ်ားလဲ။ သူငယ္ခ်င္းလား... ေမာင္ႏွမလား... ခ်စ္သူေတြလား...။"
ခ်စ္သူဆိုတဲ့စကားကို Jiminစိတ္ထဲဘဝင္မက်မိတာအမွန္ပင္...။ အေၾကာင္းျပခ်က္ကိုေသခ်ာမသိေပမယ့္... သူမနဲ႔hoseokတို႔သာ ခ်စ္သူေတြလိုပတ္သတ္မႈမ်ိဳးျဖစ္ခဲ့မယ္ဆိုရင္ေတာင္ အခုခ်ိန္မွာHaeunကသူတစ္ေယာက္တည္းရဲ႕ဝိဉာဥ္မေလးသာျဖစ္ေနရမည္ဟု အတၱတစ္ခုေတာ့ထားခ်င္မိသည္...။
~~<♡︎>~~
Love you All
💛🧡❤️💛🧡❤️
Dec22 , 2020
Tuesday