๐Ÿ…’๏ธŽ๐Ÿ…ก๏ธŽ๐Ÿ…˜๏ธŽ๐Ÿ…œ๏ธŽ๐Ÿ…˜๏ธŽ๐Ÿ…๏ธŽ๐Ÿ…๏ธŽ๐Ÿ…›๏ธŽ ๐Ÿ”ฅ๐Ÿ”ž...

By ShweYaminEain0805

287K 17.6K 1.2K

๐ˆ ๐ค๐ง๐จ๐ฐ ๐ญ๐ก๐ข๐ฌ ๐ข๐ฌ ๐œ๐ซ๐š๐ณ๐ฒ ๐ฃ๐จ๐›, ๐›๐ฎ๐ญ ๐ˆ ๐ฐ๐ข๐ฅ๐ฅ ๐ง๐ž๐ฏ๐ž๐ซ ๐ซ๐ž๐ ๐ซ๐ž๐ญ ๐ข๐ญ. ๐๐ž๐œ๐š๐ฎ๐ฌ๐ž... More

1
2
3
4 [ ๐Ÿ”ฅ ]
5
6
7
8 [ ๐Ÿ”ฅ ]
9[ ๐Ÿ”ฅ ]
10
11
12 [๐Ÿ”ฅ]
13
14
15 [๐Ÿ”ฅ]
16
17
18
19
21 [๐Ÿ”ฅ]
22
23
24
25 [Final]

20

4.9K 494 64
By ShweYaminEain0805

Unicode

အချိန်တွေဟာ ကုန်တာမြန်တယ်လို့ဘဲပြောရမလား..... အသိတစ်ယောက်မှမရှိတဲ့မြို့ပြလေးမှာ ဝမ်ရိပေါ်ရှောင်းကျန့်နဲ့လာနေတာ ၁ လပြည့်တော့မယ်။

အတိအကျ​ပြောမယ်ဆိုရင်တော့ သူတို့ ၂ ယောက်တွေ့ခဲ့တာ ၁ လပြည့်ပြီ။

ဒီ ၁ လလေးအတွင်းမှာတင် ဝမ်ရိပေါ်ရော ရှောင်းကျန့်ပါ စိတ်သောကရောက်ခဲ့ရချိန်တွေအများကြီးရှိခဲ့တယ်။

TV မှာရော online မှာပါပျံ့နှံ့နေတဲ့သတင်းတွေ​ကြောင့်လေ .....။

သတင်းခေါင်းစဥ်ကဘာတဲ့
ဖမ်းဆီးမရသေးတဲ့ ဝရမ်းပြေးနှစ်ယောက်တဲ့။

ဒီသတင်းတွေကြောင့် ဝမ်ရိပေါ် မိဘတွေကလည်းသေချာပေါက်ပျော်ရွှင်နိုင်မည်မဟုတ်။
​ပြန်လာဖို့အတွက်သားဆီကို အကြိမ်ကြိမ်ဖုန်းဆက်ပြီးပြောနေတာတောင် ဒီတဇွတ်ထိုးလေးဟာ ဂရုမစိုက်ခဲ့ဘူး ။

သူဘယ်လိုစိတ်နဲ့ပြန်ရမှာလဲ။ သူပြန်သွားလိုက်တာနဲ့ သူ့ရဲ့ကျန့်က အကြီးအကျယ် ဒုက္ခရောက်တော့မှာလေ။

ဒါမျိုးတွေကို ဂရုမစိုက်ဘဲ ၁လတိတိ ကောင်းမွန်စွာ ဖြတ်သန်းခဲ့ပြီးပြီ.....။ နောက်ထပ် ဘယ်လို အတားအဆီး အခက်အခဲလာလာ ရင်ဆိုင်ဖို့ ၂ ယောက်လုံးကအသင့်ဘဲ။

မနက်မိုးလင်းတာနဲ့ ကြားလိုက်ရတာကလည်း ဒီသတင်းဘဲ.... ။

ဝရမ်းပြေး ရှောင်ရှောင်းကျန့်နဲ့ လိုက်သွားတဲ့ ဝမ်ရိပေါ်ဆိုတဲ့လူငယ်ကပါ လူသတ်မှုကျူးလွန်းထားလို့ ဖမ်းဝရမ်းထုတ်ခံထားရကြောင်း....  ရဲတွေက ဒီ ဝရမ်းပြေး ၂ ယောက်ကိုအလိုရှိနေကြောင်း... ။

" ကိုနဲ့သာလိုက်မလာခဲ့ရင် ဝက်ပေါက်ကပါ ဒီလိုဖြစ်နေမှာမဟုတ်ဘူးနော်"

"လာပြန်ပြီ ကျန့်ရာ... ဒီသတင်းတွေလာတိုင်း ဒီစကားဘဲပြောနေတယ်"

"ကို ရင်ထဲမကောင်းလို့ပါ"

"ဘာမကောင်းစရာလိုလဲ"

"ဖြူစင်တဲ့ကောင်လေးကိုဖျက်စီးခဲ့မိလို့လေ"

"ကျန့်ဖျက်စီးတာမဟုတ်ပါဘူး။ ကျွန်တော်ကအစတည်းကပျက်စီးနေတာ"

"တော်ပြီ မဟုတ်တာတွေမပြောနဲ့ဝက်ပေါက်"

"အေးလေ.... ဒါဆိုဘာလို့ကျန့်က ကိုယ့်ကိုယ်ကိုယ်အပစ်တင်နေရတာလဲ"

"ကို မှားပါတယ် ဝက်ပေါက် ဒါကို့အမှားပါ နောက်ဆို ကိုမပြောတော့ဘူး ကိုမှားသွားတာပါ"

"ပြောတာဘဲ ပြီးရင်သူဘဲသတင်းတွေမြင် ပြန်ပြောအုံးမှာ"

"ဝက်ပေါက်ကလည်းကွာ.... ဒါနဲ့ကိုပြောစရာရှိတယ်"

"ပြောလေ ဘာလဲ"

"ကိုတို့ ၁ လနီးပါး ဒီတိုင်းထိုင်စားလာတာဆိုတော့ လက်ထဲငွေပြတ်တော့မယ်"

"ကျွန်တော်တို့ အလုပ်လုပ်ရတော့မှာလား ကျန့်"

"ဟုတ်တယ် ဒါပေမဲ့ ကို ဘဲလုပ်မှာ ဝက်ပေါက်က ဒီမှာဘဲနေခဲ့ရမယ်"

"ဟမ်...ဘာလို့လည်း ကျန့် ကျွန်တော်ကဘာလို့မလုပ်ရတာလဲ"

"ကို ကဘဏ်တစ်ခုမှာသွားပြီး ဓားပြတိုက်မှာ"

"အဲ့ဒါဘာဖြစ်လဲ ကျွန်တော်လည်းလိုက်မှာပေါ့"

"ဝက်ပေါက်ရာ....."

"ဘာလဲ...ဘာလဲ.... မခေါ်ဘူးလားပြော ရတယ်လေ ကျန့်တို့က စိတ်ဓာတ်ဘဲ သိလိုက်ပြီ ကျန့်က ကျွန်တော့်ကိုတကယ်မချစ်ဘူး ကျွန်တော့်ကိုစားဖို့အတွက်ဘဲ...."

"ဟုတ်ပြီ ဟုတ်ပြီ လိုက်ခဲ့"

"ရေး.... ဒါမှ ကျန့်ကွ အဲ့လိုလုပ်ပါကျန့်ရဲ့ ဒါမှကျန့်လည်းအဖော်ရမှာပေါ့ "

"နည်းနည်းဝေးလို့မခေါ်ချင်တာပါ ဝက်ပေါက်ရယ်"

"ဝေးလည်းဘာဖြစ်လည်း"

"ဘားမှတော့မဖြစ်ဘူး....ထားလိုက်ပါတော့
ဒါပင်မဲ့ နောက်ဆို စကားပြောရင် ကိုက ဝက်ပေါက်ကိုမချစ်ဘူးဆိုတာကိုထည့်မပြောရဘူးနော်။ ဝက်ပေါက်ကို ဘယ်လောက်ချစ်လည်းဆိုတာ ကိုယ့်ကိုယ်ကိုယ်အသိဆုံးမို့"

ဝမ်ရိပေါ် ရှောင်းကျန့်ကိုဘားမှမပြောဘဲပြေးဖက်လိုက်တယ်။ သူကဒီတိုင်းစပြီးပြောလိုက်တာ ရှောင်းကျန့်စိတ်ထိခိုက်သွားမှာကိုတော့ နည်းနည်းလေးမှမလိုလားဘူး။

"ကျန့်.... ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော်ဒီစကားမျိုးမပြောခဲ့သင့်ဘူး။ စိတ်မကောင်းမဖြစ်နဲ့နော်"

"ကို ဝက်ပေါက်ကိုအရမ်းချစ်တာ ဝက်ပေါက်ကမသိဘူးလားဟင်"

ရှောင်းကျန့် မျက်နှာငယ်လေးနဲ့ သူ့ရဲ့ဝက်ပေါက်ကိုပြန်ချွဲနေလေရဲ့....။

"အာ....ကျန့်ကလည်းအဲ့လို ငိုမဲ့မဲ့ရုပ်ကြီးမလုပ်နေနဲ့လို့... ကျန့်ချစ်တာ ကျွန်တော်ကသိတာပေါ့။ ကျန့် ကျွန်တော့်ကိုအများကြီး အများကြီးချစ်တာ ကျွန်တော်က သိပ်သိပ်သိတာပေါ့လို့။ ဒါပေမဲ့ ဒီက ချစ်သည်းတုံးကြီးကို စပြီးပြောလိုက်တာပါ"

"ဘာလဲ အဲ့ဒါပြန်ချော့တာလား "

"အင်းလေ ချစ်သည်းတုံးကြီးရဲ့ ဒီက ဝက်ပေါက်လေးက ချစ်​သည်းတုံးကြီးကိုပြန်ချော့နေတာလေ"

အချော့ခံရတဲ့သူတွေကပိုပြီးစိတ်ကောက်တတ်ကြတာသိတယ်မဟုတ်လား.... ။

(A/N_ စော်မရှိ ဘဲမရှိများ မသိပါ။)

ရှောင်းကျန့် သူအချော့ခံနေရမှန်းသိလိုက်တာကြောင့် စိတ်ဆိုးပြေချင်သော်လည်း မပြေဘဲ ဆက်ပြီးအိုင်တင်ခံနေလိုက်တယ်။

"ချစ်​သည်းတုံးကြီးကျန့်ရေ.... ဒီက ပူတူတူးအူကြူကြူးလေးရဲ့မျက်နှာလေးကို တစ်ချက်လောက်ကြည့်ပါအုံး။ ချော့နေတာ သနားဖို့တောင်ကောင်းနေပြီ"

"​ဒါဆိုဘာလို့ အဲ့လိုစကားမျိုးပြောရတာလဲ"

"ပြောပြီးပြီလေ ချစ်သည်းတုံးကြီးကလည်း ဒီကစပြီးပြောလိုက်တာပါလို့"

"ဒါက စ စရာလား ဝမ်ရိပေါ်"

"ဟာ...ချစ်သည်းတုံးကြီးက ဝက်ပေါက်လေးကို ဝမ်ရိပေါ်လို့ခေါ်လိုက်တယ်ဟုတ်လား "

ဝမ်ရိပေါ် ချော့လို့မရလို့ ငိုချင်နေတာနဲ့ အံကိုက်ဖြစ်သွားပြီးငိုချလိုက်ကာ ချော်လဲရောထိုင်လုပ်ချလိုက်တယ်။

"ဝက်ပေါက် ငိုသွားတာလား"

"အီးဟီး...... ရှောင်ရှောင်းကျန့် လူယုတ်မာကြီး....အီး.... သူ့ကိုချော့နေတဲ့ကလေးလေး ရဲ့မျက်နှာတောင်မထောက်ဘဲ ဝမ်ရိပေါ်လို့ခေါ်တယ်..... "

"ဘယ်သူက ကလေးလေးလဲ"

"ကျွန်တော်က ကလေးလေးပေါ့...အဟင့်"

"ဟုတ်ပြီ ဟုတ်ပြီ ကို့ရဲ့ကလေးလေးမကြိုက်ရင် မခေါ်တော့ဘူး အဲ့လိုကြီး ...အခုစိတ်ဆိုးပြေသွားပြီ ရပြီလား"

"ဟီးဟီး.... ရပြီ နောက်ဆို အဲ့လိုမခေါ်ရဘူးနော် ကျန့်"

ထွက်နေတဲ့မျက်ရည်တွေတောင် ပြန်ဝင်သွားတဲ့အထိ သရုပ်ဆောင်နိုင်တဲ့ဝမ်ရိပေါ် ရှောင်းကျန့်နဲ့သာပါမလာရင် ရုပ်ရှင်များရိုက်နေမလားပါဘဲ..။

"မခေါ်တော့ပါဘူး ကို့ရဲ့ဝက်ပေါက်လေးရဲ့"

"ချစ်လိုက်တာ ကျွန်တော့်ရဲ့ကျန့်ကို"

"ကို ကလည်း ဝက်ပေါက်လုံးလေးကို အများကြီးချစ်တယ်နော်"

"သိတယ် သိတယ်.... မွ"

ဝမ်ရိပေါ် ရှောင်းကျန့်ပါးကို ​ပြွတ်ခနဲလှမ်းနမ်းလိုက်တယ်။ ရှောင်းကျန့်လည်းသူ့ကလေးလေးရဲ့နဖူးလေးကို ငုံ့နမ်းလေးတယ်။

"အနမ်းတွေကချိုလိုက်တာ ပျားရည်တွေများ လောင်းထားသလား"

"အချစ်ရည်တွေလောင်းထားတာပါ.... ဝက်ပေါက်လေးရဲ့"

"စကားကတတ်ပြန်ပြီ..."

"ကို ပြောမလို့"

"ပြော ဘာလဲ"

"ကို ဒီနေ့အပြင်ခဏသွားမလို့"

"ကျွန်တော်လည်းလိုက်မှာပေါ့"

"ဒီနေ့က အလုပ်သွားလုပ်မှာမဟုတ်ဘူးလေ ဝက်ပေါက်ရဲ့"

"ဒါဆို ဘယ်သွားမှာလည်း"

"ဒီနားပတ်လည်ကို အခြေအနေသွားကြည့်မို့ပါ.... ဝက်ပေါက်မလိုက်လည်းအဆင်ပြေတယ်နော်"

"ပြီးတာဘဲ ဒါဆိုလည်း ..... ဘဏ်ကိုတော့ တစ်ယောက်တည်းမသွားဘူးလို့ကတိပေးရမယ်နော်"

ဝမ်ရိပေါ် သူ့ရဲ့အကျင့်လေးအတိုင်း လက်သန်းလေးထုတ်ပြီး ရှောင်းကျန့်ကို ကတိတောင်းလိုက်တယ်။

ရှောင်းကျန့် လက်သန်းကိုမချိတ်ဘဲ လက်ကိုဆွဲပြီး ဝမ်ရိပေါ်ကို မျက်နှာချင်းဆိုင်အနေအထားနဲ့ရင်ခွင်ထဲထည့်လိုက်တယ်။
ပြီးတာနဲ့ နှုတ်ခမ်းကိုထိရုံမျှ ကြာကြာလေးဖိကပ်နမ်းထားလိုက်တယ်။

သေချာတယ် ဒီအနမ်းမှာ ရမ္မက်တွေလုံးဝမပါဘူး။ အဖြူစင်ဆုံးနဲ့အနူးညံ့ဆုံးအနမ်းတစ်ပွင့်... ပြီးတော့ချိုတယ်။

"လက်ချင်းချိတ်ပြီး ကတိမပေးဘဲ နှုတ်ခမ်းချင်းဖိကပ်ပြီး ကတိပေးလို့ရတယ်မှတ်လား"

"ဟာ...ကျန့်ကလဲဗျာ"

"ရှက်နေတာလား ဝက်ပေါက်လေး"

"ရှက်တာပေါ့လို့ ကျန့်က ဒါမျိုးတွေ မထိတထိပြောနေတာကို"

"ဒါဆို ကိုက ထိထိမိမိပြောပေးရမလား"

"အာ....တော် တော် ကျန့်သွားစရာရှိတာသာ သွားလိုက်တော့။ ကျွန်တော်က ကျန့်ကိုယုံပြီမို့"

ရှောင်းကျန့်ရေမိုးချိုး အဝတ်အစားလဲပြီးပြင်ဆင်စရာရှိတာပြင်ဆင်လိုက်တယ်။

"ဟုတ်ပြီ ဒါဆို ကိုသွားမယ် စားဖို့သောက်ဖို့ အကုန်အဆင်သင့်ရှိတယ်နော်။ အိမ်မှာအေးအေးဆေးဆေးလေးနဲ့ နေခဲ့ ဂိမ်းကြီးလှိမ့်မဆော့နဲ့နော် အိပ်လဲအိပ်အုံး"

"ဟင်...ဒါဆို ကျန့်ကကြာမှာလား"

"၃ နာရီလောက်ပါဘဲ "

"မြန်မြန်ပြန်လာနော် "

"ဝက်ပေါက်ကကြောက်လို့လား"

"ဘာကိုကြောက်ရမှာလဲ...မကြောက်ပါဘူး "

"ကြောက်စရာလည်းမလို​ဘူးလေ။ တစ်အိမ်လုံး ကို့အချစ်တွေနဲ့ပြည့်နှက်နေတာကို "

"ဟုတ်ပါပြီ ကိုတတ်ကြီးရဲ့ သွားသွား... ဆိုင်ကယ်လည်း ဖြေးဖြေးမောင်းအုံး"

ရှောင်းကျန့်အပြင်သွားရင်တောင် ဝမ်ရိပေါ်အကြောင်းလေးတွေးပြီးသွားတဲ့ အခြေအနေဖြစ်နေပြီ။

ရှောင်းကျန့် အမြဲတွေးမိတဲ့ အကြောင်းအရာတွေထဲကတစ်ခုက ဝမ်ရိပေါ်ကအရမ်းကိုချစ်ဖို့ကောင်းတယ်ဆိုတာဘဲ။ သူ့ရဲ့အပြုအမူလေးတွေပြောဆိုပုံလေးတွေကအစ ....... တစ်ခါတစ်လေဆိုပါးစပ်ကတောင်ထုတ်ပြောမိတယ်။

အခုလည်းကြည့်လေ
ဆိုင်ကယ်မောင်းနေရင်းပြောမိတာက

"ဝက်ပေါက်က တကယ့်ချစ်မွှေးလေးကွာ"တဲ့

__________________________________

                                 Reader is essential
                                 🍀Pouk Se Lone🍀

Zawgyi

အခ်ိန္ေတြဟာ ကုန္တာျမန္တယ္လို႔ဘဲေျပာရမလား..... အသိတစ္ေယာက္မွမရွိတဲ့ၿမိဳ႕ျပေလးမွာ ဝမ္ရိေပၚေရွာင္းက်န့္နဲ႕လာေနတာ ၁ လျပည့္ေတာ့မယ္။

အတိအက်​ေျပာမယ္ဆိုရင္ေတာ့ သူတို႔ ၂ ေယာက္ေတြ႕ခဲ့တာ ၁ လျပည့္ၿပီ။

ဒီ ၁ လေလးအတြင္းမွာတင္ ဝမ္ရိေပၚေရာ ေရွာင္းက်န့္ပါ စိတ္ေသာကေရာက္ခဲ့ရခ်ိန္ေတြအမ်ားႀကီးရွိခဲ့တယ္။

TV မွာေရာ online မွာပါပ်ံ့ႏွံ႕ေနတဲ့သတင္းေတြ​ေၾကာင့္ေလ .....။

သတင္းေခါင္းစဥ္ကဘာတဲ့
ဖမ္းဆီးမရေသးတဲ့ ဝရမ္းေျပးႏွစ္ေယာက္တဲ့။

ဒီသတင္းေတြေၾကာင့္ ဝမ္ရိေပၚ မိဘေတြကလည္းေသခ်ာေပါက္ေပ်ာ္႐ႊင္နိုင္မည္မဟုတ္။
​ျပန္လာဖို႔အတြက္သားဆီကို အႀကိမ္ႀကိမ္ဖုန္းဆက္ၿပီးေျပာေနတာေတာင္ ဒီတဇြတ္ထိုးေလးဟာ ဂ႐ုမစိုက္ခဲ့ဘူး ။

သူဘယ္လိုစိတ္နဲ႕ျပန္ရမွာလဲ။ သူျပန္သြားလိုက္တာနဲ႕ သူ႕ရဲ႕က်န့္က အႀကီးအက်ယ္ ဒုကၡေရာက္ေတာ့မွာေလ။

ဒါမ်ိဳးေတြကို ဂ႐ုမစိုက္ဘဲ ၁လတိတိ ေကာင္းမြန္စြာ ျဖတ္သန္းခဲ့ၿပီးၿပီ.....။ ေနာက္ထပ္ ဘယ္လို အတားအဆီး အခက္အခဲလာလာ ရင္ဆိုင္ဖို႔ ၂ ေယာက္လုံးကအသင့္ဘဲ။

မနက္မိုးလင္းတာနဲ႕ ၾကားလိုက္ရတာကလည္း ဒီသတင္းဘဲ.... ။

ဝရမ္းေျပး ေရွာင္ေရွာင္းက်န့္နဲ႕ လိုက္သြားတဲ့ ဝမ္ရိေပၚဆိုတဲ့လူငယ္ကပါ လူသတ္မႈက်ဴးလြန္းထားလို႔ ဖမ္းဝရမ္းထုတ္ခံထားရေၾကာင္း....  ရဲေတြက ဒီ ဝရမ္းေျပး ၂ ေယာက္ကိုအလိုရွိေနေၾကာင္း... ။

" ကိုနဲ႕သာလိုက္မလာခဲ့ရင္ ဝက္ေပါက္ကပါ ဒီလိုျဖစ္ေနမွာမဟုတ္ဘူးေနာ္"

"လာျပန္ၿပီ က်န့္ရာ... ဒီသတင္းေတြလာတိုင္း ဒီစကားဘဲေျပာေနတယ္"

"ကို ရင္ထဲမေကာင္းလို႔ပါ"

"ဘာမေကာင္းစရာလိုလဲ"

"ျဖဴစင္တဲ့ေကာင္ေလးကိုဖ်က္စီးခဲ့မိလို႔ေလ"

"က်န့္ဖ်က္စီးတာမဟုတ္ပါဘူး။ ကြၽန္ေတာ္ကအစတည္းကပ်က္စီးေနတာ"

"ေတာ္ၿပီ မဟုတ္တာေတြမေျပာနဲ႕ဝက္ေပါက္"

"ေအးေလ.... ဒါဆိုဘာလို႔က်န့္က ကိုယ့္ကိုယ္ကိုယ္အပစ္တင္ေနရတာလဲ"

"ကို မွားပါတယ္ ဝက္ေပါက္ ဒါကို႔အမွားပါ ေနာက္ဆို ကိုမေျပာေတာ့ဘူး ကိုမွားသြားတာပါ"

"ေျပာတာဘဲ ၿပီးရင္သူဘဲသတင္းေတြျမင္ ျပန္ေျပာအုံးမွာ"

"ဝက္ေပါက္ကလည္းကြာ.... ဒါနဲ႕ကိုေျပာစရာရွိတယ္"

"ေျပာေလ ဘာလဲ"

"ကိုတို႔ ၁ လနီးပါး ဒီတိုင္းထိုင္စားလာတာဆိုေတာ့ လက္ထဲေငြျပတ္ေတာ့မယ္"

"ကြၽန္ေတာ္တို႔ အလုပ္လုပ္ရေတာ့မွာလား က်န့္"

"ဟုတ္တယ္ ဒါေပမဲ့ ကို ဘဲလုပ္မွာ ဝက္ေပါက္က ဒီမွာဘဲေနခဲ့ရမယ္"

"ဟမ္...ဘာလို႔လည္း က်န့္ ကြၽန္ေတာ္ကဘာလို႔မလုပ္ရတာလဲ"

"ကို ကဘဏ္တစ္ခုမွာသြားၿပီး ဓားျပတိုက္မွာ"

"အဲ့ဒါဘာျဖစ္လဲ ကြၽန္ေတာ္လည္းလိုက္မွာေပါ့"

"ဝက္ေပါက္ရာ....."

"ဘာလဲ...ဘာလဲ.... မေခၚဘူးလားေျပာ ရတယ္ေလ က်န့္တို႔က စိတ္ဓာတ္ဘဲ သိလိုက္ၿပီ က်န့္က ကြၽန္ေတာ့္ကိုတကယ္မခ်စ္ဘူး ကြၽန္ေတာ့္ကိုစားဖို႔အတြက္ဘဲ...."

"ဟုတ္ၿပီ ဟုတ္ၿပီ လိုက္ခဲ့"

"ေရး.... ဒါမွ က်န့္ကြ အဲ့လိုလုပ္ပါက်န့္ရဲ႕ ဒါမွက်န့္လည္းအေဖာ္ရမွာေပါ့ "

"နည္းနည္းေဝးလို႔မေခၚခ်င္တာပါ ဝက္ေပါက္ရယ္"

"ေဝးလည္းဘာျဖစ္လည္း"

"ဘားမွေတာ့မျဖစ္ဘူး....ထားလိုက္ပါေတာ့
ဒါပင္မဲ့ ေနာက္ဆို စကားေျပာရင္ ကိုက ဝက္ေပါက္ကိုမခ်စ္ဘူးဆိုတာကိုထည့္မေျပာရဘူးေနာ္။ ဝက္ေပါက္ကို ဘယ္ေလာက္ခ်စ္လည္းဆိုတာ ကိုယ့္ကိုယ္ကိုယ္အသိဆုံးမို႔"

ဝမ္ရိေပၚ ေရွာင္းက်န့္ကိုဘားမွမေျပာဘဲေျပးဖက္လိုက္တယ္။ သူကဒီတိုင္းစၿပီးေျပာလိုက္တာ ေရွာင္းက်န့္စိတ္ထိခိုက္သြားမွာကိုေတာ့ နည္းနည္းေလးမွမလိုလားဘူး။

"က်န့္.... ကြၽန္ေတာ္ ေတာင္းပန္ပါတယ္။ ကြၽန္ေတာ္ဒီစကားမ်ိဳးမေျပာခဲ့သင့္ဘူး။ စိတ္မေကာင္းမျဖစ္နဲ႕ေနာ္"

"ကို ဝက္ေပါက္ကိုအရမ္းခ်စ္တာ ဝက္ေပါက္ကမသိဘူးလားဟင္"

ေရွာင္းက်န့္ မ်က္ႏွာငယ္ေလးနဲ႕ သူ႕ရဲ႕ဝက္ေပါက္ကိုျပန္ခြၽဲေနေလရဲ႕....။

"အာ....က်န့္ကလည္းအဲ့လို ငိုမဲ့မဲ့႐ုပ္ႀကီးမလုပ္ေနနဲ႕လို႔... က်န့္ခ်စ္တာ ကြၽန္ေတာ္ကသိတာေပါ့။ က်န့္ ကြၽန္ေတာ့္ကိုအမ်ားႀကီး အမ်ားႀကီးခ်စ္တာ ကြၽန္ေတာ္က သိပ္သိပ္သိတာေပါ့လို႔။ ဒါေပမဲ့ ဒီက ခ်စ္သည္းတုံးႀကီးကို စၿပီးေျပာလိုက္တာပါ"

"ဘာလဲ အဲ့ဒါျပန္ေခ်ာ့တာလား "

"အင္းေလ ခ်စ္သည္းတုံးႀကီးရဲ႕ ဒီက ဝက္ေပါက္ေလးက ခ်စ္​သည္းတုံးႀကီးကိုျပန္ေခ်ာ့ေနတာေလ"

အေခ်ာ့ခံရတဲ့သူေတြကပိုၿပီးစိတ္ေကာက္တတ္ၾကတာသိတယ္မဟုတ္လား.... ။

(A/N_ ေစာ္မရွိ ဘဲမရွိမ်ား မသိပါ။)

ေရွာင္းက်န့္ သူအေခ်ာ့ခံေနရမွန္းသိလိုက္တာေၾကာင့္ စိတ္ဆိုးေျပခ်င္ေသာ္လည္း မေျပဘဲ ဆက္ၿပီးအိုင္တင္ခံေနလိုက္တယ္။

"ခ်စ္​သည္းတုံးႀကီးက်န့္ေရ.... ဒီက ပူတူတူးအူၾကဴၾကဴးေလးရဲ႕မ်က္ႏွာေလးကို တစ္ခ်က္ေလာက္ၾကည့္ပါအုံး။ ေခ်ာ့ေနတာ သနားဖို႔ေတာင္ေကာင္းေနၿပီ"

"​ဒါဆိုဘာလို႔ အဲ့လိုစကားမ်ိဳးေျပာရတာလဲ"

"ေျပာၿပီးၿပီေလ ခ်စ္သည္းတုံးႀကီးကလည္း ဒီကစၿပီးေျပာလိုက္တာပါလို႔"

"ဒါက စ စရာလား ဝမ္ရိေပၚ"

"ဟာ...ခ်စ္သည္းတုံးႀကီးက ဝက္ေပါက္ေလးကို ဝမ္ရိေပၚလို႔ေခၚလိုက္တယ္ဟုတ္လား "

ဝမ္ရိေပၚ ေခ်ာ့လို႔မရလို႔ ငိုခ်င္ေနတာနဲ႕ အံကိုက္ျဖစ္သြားၿပီးငိုခ်လိဳက္ကာ ေခ်ာ္လဲေရာထိုင္လုပ္ခ်လိဳက္တယ္။

"ဝက္ေပါက္ ငိုသြားတာလား"

"အီးဟီး...... ေရွာင္ေရွာင္းက်န့္ လူယုတ္မာႀကီး....အီး.... သူ႕ကိုေခ်ာ့ေနတဲ့ကေလးေလး ရဲ႕မ်က္ႏွာေတာင္မေထာက္ဘဲ ဝမ္ရိေပၚလို႔ေခၚတယ္..... "

"ဘယ္သူက ကေလးေလးလဲ"

"ကြၽန္ေတာ္က ကေလးေလးေပါ့...အဟင့္"

"ဟုတ္ၿပီ ဟုတ္ၿပီ ကို႔ရဲ႕ကေလးေလးမႀကိဳက္ရင္ မေခၚေတာ့ဘူး အဲ့လိုႀကီး ...အခုစိတ္ဆိုးေျပသြားၿပီ ရၿပီလား"

"ဟီးဟီး.... ရၿပီ ေနာက္ဆို အဲ့လိုမေခၚရဘူးေနာ္ က်န့္"

ထြက္ေနတဲ့မ်က္ရည္ေတြေတာင္ ျပန္ဝင္သြားတဲ့အထိ သ႐ုပ္ေဆာင္နိုင္တဲ့ဝမ္ရိေပၚ ေရွာင္းက်န့္နဲ႕သာပါမလာရင္ ႐ုပ္ရွင္မ်ားရိုက္ေနမလားပါဘဲ..။

"မေခၚေတာ့ပါဘူး ကို႔ရဲ႕ဝက္ေပါက္ေလးရဲ႕"

"ခ်စ္လိုက္တာ ကြၽန္ေတာ့္ရဲ႕က်န့္ကို"

"ကို ကလည္း ဝက္ေပါက္လုံးေလးကို အမ်ားႀကီးခ်စ္တယ္ေနာ္"

"သိတယ္ သိတယ္.... မြ"

ဝမ္ရိေပၚ ေရွာင္းက်န့္ပါးကို ​ႁပြတ္ခနဲလွမ္းနမ္းလိုက္တယ္။ ေရွာင္းက်န့္လည္းသူ႕ကေလးေလးရဲ႕နဖူးေလးကို ငုံ႕နမ္းေလးတယ္။

"အနမ္းေတြကခ်ိဳလိုက္တာ ပ်ားရည္ေတြမ်ား ေလာင္းထားသလား"

"အခ်စ္ရည္ေတြေလာင္းထားတာပါ.... ဝက္ေပါက္ေလးရဲ႕"

"စကားကတတ္ျပန္ၿပီ..."

"ကို ေျပာမလို႔"

"ေျပာ ဘာလဲ"

"ကို ဒီေန႕အျပင္ခဏသြားမလို႔"

"ကြၽန္ေတာ္လည္းလိုက္မွာေပါ့"

"ဒီေန႕က အလုပ္သြားလုပ္မွာမဟုတ္ဘူးေလ ဝက္ေပါက္ရဲ႕"

"ဒါဆို ဘယ္သြားမွာလည္း"

"ဒီနားပတ္လည္ကို အေျခအေနသြားၾကည့္မို႔ပါ.... ဝက္ေပါက္မလိုက္လည္းအဆင္ေျပတယ္ေနာ္"

"ၿပီးတာဘဲ ဒါဆိုလည္း ..... ဘဏ္ကိုေတာ့ တစ္ေယာက္တည္းမသြားဘူးလို႔ကတိေပးရမယ္ေနာ္"

ဝမ္ရိေပၚ သူ႕ရဲ႕အက်င့္ေလးအတိုင္း လက္သန္းေလးထုတ္ၿပီး ေရွာင္းက်န့္ကို ကတိေတာင္းလိုက္တယ္။

ေရွာင္းက်န့္ လက္သန္းကိုမခ်ိတ္ဘဲ လက္ကိုဆြဲၿပီး ဝမ္ရိေပၚကို မ်က္ႏွာခ်င္းဆိုင္အေနအထားနဲ႕ရင္ခြင္ထဲထည့္လိုက္တယ္။
ၿပီးတာနဲ႕ ႏႈတ္ခမ္းကိုထိ႐ုံမွ် ၾကာၾကာေလးဖိကပ္နမ္းထားလိုက္တယ္။

ေသခ်ာတယ္ ဒီအနမ္းမွာ ရမၼက္ေတြလုံးဝမပါဘူး။ အျဖဴစင္ဆုံးနဲ႕အႏူးညံ့ဆုံးအနမ္းတစ္ပြင့္... ၿပီးေတာ့ခ်ိဳတယ္။

"လက္ခ်င္းခ်ိတ္ၿပီး ကတိမေပးဘဲ ႏႈတ္ခမ္းခ်င္းဖိကပ္ၿပီး ကတိေပးလို႔ရတယ္မွတ္လား"

"ဟာ...က်န့္ကလဲဗ်ာ"

"ရွက္ေနတာလား ဝက္ေပါက္ေလး"

"ရွက္တာေပါ့လို႔ က်န့္က ဒါမ်ိဳးေတြ မထိတထိေျပာေနတာကို"

"ဒါဆို ကိုက ထိထိမိမိေျပာေပးရမလား"

"အာ....ေတာ္ ေတာ္ က်န့္သြားစရာရွိတာသာ သြားလိုက္ေတာ့။ ကြၽန္ေတာ္က က်န့္ကိုယုံၿပီမို႔"

ေရွာင္းက်န့္ေရမိုးခ်ိဳး အဝတ္အစားလဲၿပီးျပင္ဆင္စရာရွိတာျပင္ဆင္လိုက္တယ္။

"ဟုတ္ၿပီ ဒါဆို ကိုသြားမယ္ စားဖို႔ေသာက္ဖို႔ အကုန္အဆင္သင့္ရွိတယ္ေနာ္။ အိမ္မွာေအးေအးေဆးေဆးေလးနဲ႕ ေနခဲ့ ဂိမ္းႀကီးလွိမ့္မေဆာ့နဲ႕ေနာ္ အိပ္လဲအိပ္အုံး"

"ဟင္...ဒါဆို က်န့္ကၾကာမွာလား"

"၃ နာရီေလာက္ပါဘဲ "

"ျမန္ျမန္ျပန္လာေနာ္ "

"ဝက္ေပါက္ကေၾကာက္လို႔လား"

"ဘာကိုေၾကာက္ရမွာလဲ...မေၾကာက္ပါဘူး "

"ေၾကာက္စရာလည္းမလို​ဘူးေလ။ တစ္အိမ္လုံး ကို႔အခ်စ္ေတြနဲ႕ျပည့္ႏွက္ေနတာကို "

"ဟုတ္ပါၿပီ ကိုတတ္ႀကီးရဲ႕ သြားသြား... ဆိုင္ကယ္လည္း ေျဖးေျဖးေမာင္းအုံး"

ေရွာင္းက်န့္အျပင္သြားရင္ေတာင္ ဝမ္ရိေပၚအေၾကာင္းေလးေတြးၿပီးသြားတဲ့ အေျခအေနျဖစ္ေနၿပီ။

ေရွာင္းက်န့္ အၿမဲေတြးမိတဲ့ အေၾကာင္းအရာေတြထဲကတစ္ခုက ဝမ္ရိေပၚကအရမ္းကိုခ်စ္ဖို႔ေကာင္းတယ္ဆိုတာဘဲ။ သူ႕ရဲ႕အျပဳအမူေလးေတြေျပာဆိုပုံေလးေတြကအစ ....... တစ္ခါတစ္ေလဆိုပါးစပ္ကေတာင္ထုတ္ေျပာမိတယ္။

အခုလည္းၾကည့္ေလ
ဆိုင္ကယ္ေမာင္းေနရင္းေျပာမိတာက

"ဝက္ေပါက္က တကယ့္ခ်စ္ေမႊးေလးကြာ"တဲ့

__________________________________

                                 Reader is essential
                                 🍀Pouk Se Lone🍀

Continue Reading

You'll Also Like

541K 31.9K 64
ยซ แž”แž„แžŸแž“แŸ’แž™แžถ แž”แž„แž˜แžทแž“แžฒแžขแŸ’แž“แž€แžŽแžถแž˜แž€แž’แŸ’แžœแžพแžขแŸ’แžœแžธแž˜แž€แž›แžพแžขแžผแž“แž”แžถแž“แžกแžพแž™ แžขแžผแž“แž‚แžบแž‡แžถแžšแž”แžŸแŸ‹แž”แž„แž‡แžถแž”แŸ’แžšแž–แž“แŸ’แž’แžšแž”แžŸแŸ‹แž”แž„แž˜แŸ’แž“แžถแž€แŸ‹แž‚แžแŸ‹ Kim Taehyung ยป ยซ แž˜แžทแž“แžแžถแžขแŸ’แž“แž€แžŽแžถแž“แŸ„แŸ‡แž‘แŸแžฒแžแŸ‚แž แŸŠแžถแž“แž”แŸ‰แŸ‡แž–แžถแž›แŸ‹แž”แŸ’แžšแž–แž“แŸ’แž’แž€แžผแž“แž™แžพแž„แžŸแžผแž˜แŸ’แž”...
14.9K 2.4K 19
โš BDSM โš dominance Love in a dark heart Sex can be intense, but we can't even imagine the love in that heart..๐Ÿณ๏ธโ€๐ŸŒˆ ใ€ฐ๏ธPlease read this carefullyใ€ฐ๏ธ โš ...
97.9K 4.6K 44
แ€แ€…แ€นแ€แ€บแ€ญแ€”แ€น แ€€ แ€€แ€ผแฝแ€”แ€นแ€ฑแ€แ€ฌแ€นแ€€แ€ญแ€ฏแ€šแ€นแ€แ€ญแ€ฏแ€„แ€น แ€ฑแ€…แ€ฌแ€„แ€นแ€ทแ€ฑแ€›แ€ฝแ€ฌแ€€แ€นแ€แ€ฒแ€ท แ€แ€šแ€นแ€ทแ€€แ€ฑแ€œแ€ธแ€€....แ€†แ€šแ€นแ‚แ€ฝแ€…แ€นแ€กแพแ€€แ€ฌแ€™แ€ฝแ€ฌ แ€€แ€ผแฝแ€”แ€นแ€ฑแ€แ€ฌแ€นแ€ทแ€€แ€ญแ€ฏ แ€กแ€•แ€ญแ€ฏแ€„แ€นแ€œแ€ญแ€ฏแ€แ€บแ€„แ€นแ€แ€šแ€นแ€แ€šแ€นแ€ท...... แ€แ€…แ€บแ€แ€ปแ€ญแ€”แ€บ แ€€ แ€€แ€ปแ€ฝแ€”แ€บแ€แ€ฑแ€ฌแ€บแ€€แ€ญแ€ฏแ€šแ€บแ€แ€ญแ€ฏแ€„แ€บ แ€…แ€ฑ...
49K 13K 47
๐Ÿ’šโค เถดเท™เถปเท€เถฏเถฑเทŠ เถšเท”เถธเถšเถงเถฏ...... เถดเทƒเท” เท€เถฏเถฑเท’เถฑเทŠ เถธเท”เถซเถœเทเทƒเท™เถฑ เถญเท”เถปเท”.......โค๐Ÿ’š ๐Ÿ†ƒ๏ธŽ๐Ÿ…ท๏ธŽ๐Ÿ…ด๏ธŽ ๐Ÿ…ธ๏ธŽ๐Ÿ…ฝ๏ธŽ๐Ÿ…ต๏ธŽ๐Ÿ…ธ๏ธŽ๐Ÿ…ฝ๏ธŽ๐Ÿ…ธ๏ธŽ๐Ÿ†ƒ๏ธŽ๐Ÿ†ˆ๏ธŽ...........โค๏ธโ€๐Ÿ”ฅโค๏ธโ€๐Ÿ”ฅ