That Omega is so cute and I can’t help Part 5
လေပြေအဝှေ့မှာ ပုံသွင်းထားခြင်းမရှိတဲ့ Raymus ရဲ့ဆံပင်က လေထဲမှာ အလိုက်သင့် တလွင့်လွင့်နဲ့ ယိမ်းခါကုန်တယ်။
သူက ပတ်ဝန်းကျင်ရာသီဥတုကို အသေးစိတ်လိုက်ခံစားတတ်တဲ့ အနုပညာဆန်တဲ့ နူးညံ့တဲ့စိတ်ထားနဲ့သူမဟုတ်ပေမယ့် ဒီအခြေအနေလေးကိုတော့ သဘောကျမိတာ အသေအချာ။
အမြဲတမ်း သူ့ဘေးနားမှာ မခွဲအတူရှိတတ်တဲ့ ဟိုနှစ်ကောင်ကတော့ အစားသောင်းကျန်းမှုနဲ့ ကျောင်းအိမ်သာနဲ့ နှစ်ပါးသွားနေရတယ်။
အစပ်ကြိုက်သူတွေပီပီ နေ့လည်စာကို အစပ်များများပါတဲ့ဟင်းပွဲတစ်ခုကို အကျိတ်အနယ်စားကြပြီးနောက် ဟိုနှစ်ကောင်က အိမ်သာဆီပြေးရတော့တယ်။
Raymus ရဲ့အစာအိမ်ကတော့ ခံနိုင်ရည်အားကောင်းလှစွာ အနေအထားမပျက်ရှိနေဆဲ။
ကျောင်းဆောင်ရဲ့ ခပ်လှမ်းလှမ်းက သစ်ပင်ကြီးအောက်မှာ ဟိုနှစ်ကောင်ကိုစောင့်ရင်း နားကြပ်တပ်လို့ သီချင်းတစ်ပုဒ်ကို အေးအေးလူလူ ခံစားနေမိတယ်။
ဒါပေမယ့် အေးချမ်းမှုကို သူခဏတာလောက်သာ ခံစားလိုက်ရတယ်။ ဘာလို့လဲဆိုတော့ သူ့အနားကိုရောက်လာတဲ့ ဘယ်ကမှန်းမသိတဲ့ alpha ကောင်ကြောင့်ပဲ။
"ဘေဘီ!"
Raymus မျက်နှာကို တည့်တည်ကြည့်ကာခေါ်လာသူကြောင့် သူ့ရဲပ မည်းနက်တဲ့မျက်ခုံးပါးပါးနှစ်ခုက အလယ်ဘက်ကို စုလို့သွားတယ်။
"ဘေဘီလို့ ကိုယ်ခေါ်နေတယ်လေ"
"မင်းက ငါ့ကို ဘေဘီလို့ခေါ်တယ်? မင်းနဲ့ငါနဲ့ သိလို့လား"
အကြည့်စူးစူးတစ်ခုပေးကာမေးလိုက်တော့ ထိုငနဲသားက ပြုံးတယ်။
"အခုသိကြတော့မှာပဲလေ ကိုယ့်နာမည်က Victor တဲ့။ engineering major က… မင်းနှလုံးသားထဲကို ကိုယ်လမ်းဖောက်ပြီးလာခဲ့မလို့ အဲဒါ မင်းဘက်က လက်ခံပေးဖို့မျှော်လင့်မိတယ်"
"မင်း ရူးနေလား ငါဘယ်သူလဲ ဘယ်လိုကောင်လဲရော မင်းသိရဲ့လား"
"သိတာပေါ့ ဘေဘီ့နာမည်က Raymus Nathaniel! ဒီကျောင်းမှာ စိတ်ဝင်စားဖို့အကောင်းဆုံးနဲ့ ကိုယ့် mate ဖြစ်လာဖို့ အသင့်တော်ဆုံး omega လေး။ ကိုယ်ကလဲ မင်းအတွက်အသင့်တော်ဆုံး alpha ပဲ။ ကိုယ်က Moon Group က တစ်ဦးတည်းသောသားလေ"
ဟက် ... mate တစ်ယောက်ရဖို့အတွက်နဲ့ မိသားစုနာမည်ကို ခုတုံးလုပ်နေတဲ့ကောင်ကိုကြည့်ပြီး သူအော်ရယ်ချင်လာတယ်။
“မင်းအစွမ်းအစက ဒီလောက်ပဲလား omega တစ်ယောက်ကိုတွဲဖို့အတွက် မိသားစုနာမည်ကိုထုတ်သုံးတာမျိုးလေ”
“ဘေဘီထင်လို့ပါ။ ကိုယ်က အများကြီးစိတ်ဝင်စားဖို့ကောင်းပါတယ်”
"မင်း ငါ့ရှေ့ကထွက်သွားလိုက်"
"ဟိုး စိတ်မကြီးပါနဲ့ ဘေဘီလေးရဲ့ ကိုယ်က မင်းကိုအတည်တွဲချင်တာပါ ပြီးတော့ ကိုယ်က အနုတ်စုတ်ဂုတ်စုတ် alpha တစ်ယောက်မဟုတ်ဘူးလေ ကိုယ်က မင်းကို စိတ်ကျေနပ်မှုအပြည့်အဝပေးနိုင်မှာပါ"
ချီးကို စိတ်ကျေနပ်မှုပေးနေလိုက်!
ထိုသို့ပြောပြီးနောက် ထို alpha ကောင်က ပြင်းထန်လွန်းတဲ့ သူ့ရဲ့ alpha pheromone တွေကို ထုတ်လွှတ်တော့တာပဲ။
လေထုထဲမှာ တခြားရနံ့တွေ တိုးမပေါက်နိုင်လောက်အောင် အားကြီးတဲ့ alpha pheromone တွေက နေရာယူလာတယ်။
ဒါကိုကြည့်ခြင်းအားဖြင့် သူဘယ်လောက်သာမာန်ပြီးအင်အားကြီးတယ်ဆိုတာကို သက်သေပြနေသလိုပဲ။
ဒါပေမယ့် ခက်တာက Raymus စိတ်ဝင်စားတာက အဲဒါမျိုးတွေဟုတ်မနေတာပဲ။
နဂိုကတည်းက sexual ပိုင်းကိုသိပ်စိတ်မဝင်စားတတ်လို့ကို သူ့ကိုလွှမ်းမိုးဖို့ကြိုးစားချင်တဲ့ alpha တစ်ယောက်နဲ့ မပက်သက်ချင်ခဲ့တာ၊ အထူးသဖြင့် ဒီကောင့်လို omega တစ်ယောက်ကို ငါအသာလေးကိုင်တွယ်နိုင်မှာပါဆိုတဲ့အကြည့်မျိုးနဲ့ကြည့်တတ်တဲ့သူတွေ၊ သူ့ကိုယ်သူအထင်ကြီးနေတဲ့ alpha ဂုဏ်မောက်နေတဲ့ကောင်တွေဆို သူပိုလို့ မြင်ပြင်းကတ်လှတယ်။
ကိုယ့်ကိုသဘောကျလို့ ပိုးပန်းတာလောက်ကို သူ့စိတ်ထဲ စောက်မြင်ကတ်တာမျိုးမဖြစ်မိပေမယ့် သူ့ personal space ကိုထိပါးနှောင့်ယှက်တာမျိုးကိုတော့ သူနည်းနည်းလေးမှသည်းမခံနိုင်။
*ဒီစောက်ရေးမပါတဲ့ကောင်က ငါ့ရဲ့ အေးချမ်းနေတဲ့စိတ်ကို ညစ်ညူးအောင် လာလုပ်နေတာပဲ*
Raymus စိတ်ထဲကနေ ညည်းတွားလိုက်တယ်။
“မင်းကိုငါ့ရှေ့ကနေ ထွက်သွားဖို့အခွင့်အရေးပေးနေတုန်း မင်းထွက်သွားလိုက်။ ငါ့ရှေ့မှာ တစ်မိနစ်ထက်ပိုပြီး မင်းရပ်နေမယ်ဆိုရင် မင်းကို ငါဘာလုပ်မိမလဲဆိုတာ ငါအာမမခံနိုင်ဘူး”
“အဟား ဘေဘီက ကြားထားတဲ့အတိုင်း တကယ့်ကိုအစွာလေးပဲ။ ကိုယ်ကလဲ အဲဒီလို အစွာလေးမှ သဘောကျတာ”
သကောင့်သားဟာ စကားနဲ့တင်မဟုတ်ပဲ အပြုအမူနဲ့ပါ သူ့ကို အနှောင့်အယှက်ပေးဖို့ကြိုးစားတော့တယ်။ Raymus မျက်နှာကို လာထိဖို့ ကြိုးစားတဲ့ ထိုသူ့ရဲ့ လက်တစ်ဖက်ကို Raymus က အရင်ဦးအောင် ဆုပ်ကိုင်လိုက်တယ်။
ထိုသူက ထင်မှတ်မထားမို့ အငိုက်မိနေချိန်မှာပဲ သူ့လက်ကောက်ဝတ်ကို Raymus က ဘယ်ဘက်လက်တစ်ဖက်တည်းနဲ့ တစ်ပတ်လည်အောင် လိမ်ချိုးလိုက်ပြီးနောက် ညာဘက်လက်ဖြင့် သူ့မျက်နှာကို လက်သီးတစ်ချက်ပစ်သွင်းလိုက်သည်။
“အ့..”
စောက်လေကြီးမိုးကြီးတွေပြောနေတဲ့ alpha ကောင်က လက်ကောက်ဝတ်လေးလည်သွားပြီး တစ်ချက်လောက်အထိုးခံရတာကို ညည်းညူပြနေသေးတယ်။ ရှက်စရာပဲ။
Raymus လက်ထဲကနေ ရုန်းကန်ဖို့ကြိုးစားနေတဲ့ alpha ကောင်ကိုလွှတ်မပေးသေးပဲပြောစရာရှိတာကို သူထပ်ပြောလိုက်တယ်။
“ငါ့နာမည်က Raymus Nathaniel၊ ဘယ် alpha ကိုမှစောက်ထင်မကြီးသလို တွဲဖို့လဲမစဉ်းစားဘူး အဲဒီတော့ မင်းလာရာလမ်းက လစ်လိုက်တော့”
“Raymus ဘာဖြစ်တာလဲ”
Raymus တို့အနားကို အပြေးအလွှားရောက်လာသူက သူ့သူငယ်ချင်းနှစ်ယောက်။
“ဘာမှမဖြစ်ပါဘူးကွာ ဒီမှာ ငါ့အကြောင်းမသိပဲ ငါ့ကို လာကြောင်ဖို့ကြိုးစားနေလို့ ဆုံးမနေတာ”
“ကိုယ် မင်းကို တကယ်သဘောကျတာပါ ကိုယ့်ကိုမင်းမကြိုက်တဲ့အချက်ရှိရင်ပြောလေ။ ကိုယ် တကယ်ပြင်မှာပါ။”
“အဟက် ဘာပြင်ရမလဲ ဟုတ်လား”
Raymus အမေးကို တစ်ဖက်သူက ခေါင်းတဆတ်ဆိတ်ညိတ်လို့ ပြန်ဖြေလာတယ်။
“မင်းအမေဗိုက်ထဲကို ပြန်ဝင်။ မင်းစောက်ချိုးအားလုံးပြင်လာခဲ့”
ထိုသူ့မျက်နှာကိုစေ့စေ့ကြည့်ပြီးနောက် တစ်ခွန်းချင်းပြောပစ်လိုက်တော့ ပျက်ယွင်းသွားတဲ့မျက်နှာကိုကြည့်ကာ Raymus စောက်မြင်ကတ်ကတ်ဖြင့်ပြုံးမိတယ်။
ကိုင်ထားရက်သားဖြစ်နေတဲ့လက်တစ်ဖက်ကိုလွှတ်ချလိုက်ပြီး ထိုသူ့ကို Raymus ကျောခိုင်းလိုက်တယ်။
“ဟေ့ကောင်တွေ သွားရအောင်။ ဒီနေရာက လေတွေကမသန့်ဘူး”
xxxxxxxxxxxx
"ကိုကိုကြီး"
"အိုလီပါလား"
"ကိုကိုကြီးတစ်ယောက်တည်းလား ဒီကိုဘာလာလုပ်တာလဲ"
ပုံမှန်ဆိုရင် ကိုကိုကြီးက ဒီလို ရှော့ပင်းစင်တာမျိုးကို လာလေ့မရှိတာသိထားမို့ Olivier မေးလိုက်မိတယ်။
ကိုကိုကြီးက အဝတ်အစား အသုံးအဆောင်ဝယ်ဖို့အတွက်နဲ့တော့ သူကိုယ်တိုင်ဈေးလာဝယ်စရာမလိုတဲ့အနေအထား။
ကိုကိုကြီးတို့ညီအကိုတွေဝတ်သမျှက designer brand တွေများကာ designer တွေကိုယ်တိုင်က အိမ်တိုင်ရာရောက် အတိုင်းတိုင်းပြီး ချုပ်ပေးကြတာ။
အဲဒီလိုမှမဟုတ်လဲ ကိုကိုကြီးတို့က ဈေးကြီးပေးရတဲ့ high end brand တွေကို အွန်လိုင်းကနေ တိုက်ရိုက်မှာဝတ်ကြတာမျိုးမို့ ခုလို ကိုကိုကြီးကို ဈေးဝယ်ထွက်လာမယ်လို့ဘသူမထင်ထားခဲ့ပေ။
"ဒီညနေ ဝန်ကြီးတစ်ယောက်ရဲ့ အမျိုးသမီး မွေးနေ့ပွဲရှိတာ ဖိတ်ထားလို့ လက်ဆောင်လာဝယ်တာ"
"ဗျာ .. ကိုကိုကြီးက ဘယ်တုန်းက အဲလိုလက်ဆောင်တွေကို ကိုယ်တိုင်ထွက်ဝယ်ဖူးလို့လဲ ကျွန်တောင် နားကြားမှားတာမဟုတ်ဘူးမှတ်လား"
သူ့စကားကြောင့် ကိုကိုကြီးက ပြုံးတယ်ဆိုရုံပြုံးလာတယ်။
ကိုကိုကြီးက သူ့အပြုံးကိုသိပ်တွန့်တိုတယ်။
နှုတ်ခမ်းပါးလေးတွေက ပြုံးပြလိုက်ရင် လူအများငေးမောသွားကြမှာကို စိုးရိမ်လို့ တွန့်တိုနေတာလား Mr. Thomas Nathaniel ရေ။
အဲလိုလေး ပြုံးတုံ့တုံ့မျက်နှာပေးလေးကိုတွေ့ရတောင် ဒီကအသက်ရှူရပ်တော့မလို့!
"နားကြားမမှားပါဘူး ကိုကိုကြီးအတွင်းရေးမှူးက သူ့အိမ်ထောင်ဖက် ရုတ်တရက်မူးလဲသွားလို့ ဆေးရုံသွားပို့တယ်လေ။ အဲဒါကြောင့် ကိုယ်လဲအပြင်ထွက်စရာရှိတာနဲ့ တခြားဝန်ထမ်းကိုမခိုင်းတော့ပဲ ကိုယ်တိုင်လာဝယ်လိုက်တာ"
ကိုကိုကြီးပြောတာက အကျိုးအကြောင်းဆီလျော်သောလည်း အဲဒါဟာ ဖြစ်တောင့်ဖြစ်ခဲကိစ္စပဲ။
ပြီးတော့ ဒါက Oliver အတွက် အထူးမဟာအခွင့်အရေးဆိုလဲ မမှားဘူး။
“ဟုတ်လား အဲဒါဆို ဘာလက်ဆောင်ပေးမှာလဲ ဝယ်ပြီးပြီလား”
“မဝယ်ရသေးဘူး ဝန်ကြိးရဲ့အမျိုးသမီးဆိုတော့ branded အိတ်တစ်လုံးလောက်ပေးမယ်တော့စဉ်းစားတာပဲ”
“အဲဒီလိုအရာတွေဆို ကျွန်တော်က ပိုပြီးအမြင်ရှိတာပေါ့။ ဘယ်လိုလဲ ကျွန်တော်လိုက်ရွေးပေးရမလား ကိုကိုကြီး”
“အိုလီလိုက်ရွေးပေးမယ်ဆိုရင်တော့ ကောင်းတာပေါ့။ ဒါပေမယ့် အိုလီ့မှာ အချိန်ရောရှိလို့လား ကိုယ့်အတွက်နဲ့ အလုပ်ပျက်နေအုံးမယ်”
တစ်ဖက်သားအတွက်စဉ်းစားပေးတတ်လွန်းသူ ကိုကိုကြီးက ထိုသို့မေးလာတော့ Oliver မပြုံးပဲမနေနိုင်။ သူ့အတွက်ကိုကိုကြီးနားမှာ နေခွင့်ရမယ့်ကိစ္စထက် အရေးကြီးတာ ဘာရှိအုံးမှာမို့လို့လဲ။
“အားတာပေါ့ လာ သွားရအောင် ဘယ်ဆိုင်ကိုသွားသင့်လဲဆိုတာ ကျွန်တော်သိတယ်”
“အိုကေလေ ဒါဆို အိုလီ့ကိုပဲ အပူကပ်ရအုံးမှာပေါ့ ကူညီပေးပါအုံး”
ကိုကိုကြီးနဲ့ ယှဉ်တွဲပြီးလျှောက်လာရတဲ့ လမ်းတစ်လျှောက်လုံး Oliver ခြေထောက်နဲ့ ကြမ်းပြင်ထိတယ်လို့ကို မခံစားရ။ အသေအချာတွေးကြည့်မယ်ဆို ဒီလိုမျိုး ကိုကိုကြီးနဲ့ အပြင်ကို အတူတူ တစ်ခါမှမသွားခဲ့ဖူးပေ။
ပုံမှန်ဆို ကိုကိုကြီးကိုတွေ့ချင်ရင် Raymus ဆီသွားလည်ပြီး တမေ့တမော ထိုင်စောင့်မှသာ အိမ်ပြန်ရောက်လာတဲ့ ကိုကိုကြီးနဲ့ ခဏတဖြုတ်လောက်သာဆုံခွင့်ရဖူးတာ။
အခုလို ဘေးချင်းယှဉ်ပြီးလျှောက်နေရတဲ့အခိုက်အတန့်ကို ဖြစ်နိုင်ရင် အရှည်ကြာဆုံး ဆွဲဆန့်ထားချင်မိတာ Oliver ရဲ့ဆန္ဒပဲ။
တကယ့်ဈေးကြီးပေ့ဆိုတဲ့ အိတ်တွေရောင်းတဲ့ဆိုင်ထဲကို ဝင်သွားတော့ တစ်ဆိုင်လုံးရှိ ဝန်ထမ်းတွေက Oliver နဲ့ ကိုကိုကြီးကို လိုက်လို့ငေးကြတယ်။ တကယ်တော့ ကိုကိုကြီးက ဘယ်သူဆိုတာ သိလို့ လိုက်ငေးကြတာလဲပါမှာပေါ့လေ။ ကိုကိုကြီးက magazine တွေ သတင်းစာ စာမျက်နှာထက်တွေမှာ အမြဲတမ်းပါနေကြ၊ ဒီနိုင်ငံရဲ့အထင်ကရစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပဲ။
Uncle George လက်ထပ်ကတည်းက အရမ်းအရမ်းကိုအောင်မြင်ခဲ့တဲ့ N Group of Companies က ကိုကိုကြီး CEO အဖြစ်တာဝန်ယူတဲ့အချိန်ကစလို့ ပိုပြီးတဟုန်ထိုးတိုးတက်ခဲ့တာမို့ ကိုကိကြီးက အတော်ဆုံးစီမံခန့်ခွဲသူလို့ စီးပွားရေးလောကက လူတွေကြားထဲမှာ ရေပန်းစားခဲ့တာပဲ။
Oliver ရဲ့မိဘတွေကတောင် ကိုကိုကြီးက သူတို့သားအရွယ်ပဲ လေးစားသမှုရှိကြတယ်။ ကိုကိုကြီးရဲ့အရှိန်အဝါတွေက သိပ်ကြီးလွန်းတာမို့လဲ လူတိုင်းကအဲဒီလိုဖြစ်ကြတာ။
အဲဒါကြောင့်ပဲကိုကိုကြီးနဲ့သူနဲ့ကလဲ ပိုပြီးအလှမ်းဝေးလွန်းနေတာပဲ။ အခုလောက်လေး ကိုကိုကြီးဘေးနားကပ်နေခွင့်ရတာကိုက သူ့အတွက် ဆုလာဒ်လိုပါ။ ဒီထက်ပိုတဲ့ ရင်းနှီးကျွမ်းဝင်မှုဆိုတာ သူတို့ကြားထဲမှာ ရှိလာနိုင်မယ့်အရာမဟုတ်။ အရာအားလုံးက သူ့ဘက်က တစ်ဖက်သတ်ချည်းသာ။
“ကိုကိုကြီး ဒီအိတ်လေး သဘောကျလား”
ဆိုင်ထဲဝင်လိုက်ကတည်းက မျက်စိထဲသဘောတွေ့တဲ့ အိတ်တစ်လုံးကိုမြှောက်ပြကာ မေးလိုက်တော့ ကိုကိုကြီးက ခေါင်းညိတ်ပြသည်။
“အဆင်ပြေသားပဲ ကြည့်လိုက်တာနဲ့ လူကြီးနဲ့လဲလိုက်တယ်။ အရှိန်အဝါတစ်မျိုးလဲရှိတယ်။ အိုလီလေးက တကယ် မြင်တတ်တယ်”
“အာ အဲလောက်လဲမဟုတ်ပါဘူး ကိုကိုကြီးရာ”
“ဟုတ်ပါတယ်ကွာ အဲဒါကြောင့်လဲ အိုလီလေးက ကျောင်းမှာ fashion king လို့နာမည်ကြီးနေတာထင်တယ်”
ကိုကိုကြီး ရယ်မောကာပြောလာတဲ့စကားကြောင့် အံ့သြရသူက သူကိုယ်တိုင်ပင်။ ကျောင်းမှာ သူ fashion king လို့နာမည်ကြီးတဲ့အကြောင်းကို ကိုကိုကြီး ဘယ်လိုလုပ်ပြီးသိနေရတာလဲ။
ကိုကိုကြီးက သူ့အကြောင်းတွေကို သိနေတာလား၊ ဒီကိစ္စမှမဟုတ်ပဲ တခြားကိစ္စတွေရော သိနေတာလား။
သူ့အကြောင်းတွေကို ကိုကိုကြီးက စိတ်ဝင်တစားရှိတာလားဟူ၍ မေးခွန်းပေါင်းများစွာက သူ့ခေါင်းထဲမှာ ဆက်တိုက်ပဲ။
“ကိုကိုကြီးက ကျွန်တော် fashion king ဆိုတာ ဘယ်လိုလုပ်ပြီးသိတာလဲ”
“အဟက် Ray ဆီကနေ သိတာလေ”
“သြော်..”
သူ့အကြောင်းတွေများ ကိုကိုကြီးစုံစမ်းပြီးသိနေတာလားဆိုတဲ့အတွေးက လေထဲမှာတင် လွင့်ပြယ်သွားသလိုပဲ။
အင်းပေါ့လေ ကိုကိုကြီးက သူ့အကြောင်းတွေ သိချင်နေမယ်၊ စိတ်ဝင်စားမယ်ဆိုတာကြီးက မဖြစ်နိုင်တဲ့ကိစ္စပဲကို။
“ဒီအိတ်လေးပဲယူလိုက်ကြမယ်လေ ငွေရှင်းလိုက်မယ်”
ကိုကိုကြီးက သူ့လက်ထဲမှအိတ်ကိုဆွဲယူကာ အရောင်းဝန်ထမ်းလက်ထဲသို့ လွှဲပြောင်းပေးလိုက်တယ်။
“ဟိုလေ ကိုကိုကြီး..”
“အင်း အိုလီပြောလေ ဘာပြောမလို့လဲ”
“ကျွန်တော်က ကိုကိုကြီးကို ကူညီထားတာဆိုတော့ ကျွန်တော့်ကို မုန့်ဝယ်မကျွေးချင်ဘူးလား”
“ဟင် အိုလီက မုန့်စားချင်လို့လား”
“ဟို အအေးလေး ဘာလေးသောက်ရရင်ဖြစ်ပါတယ်။ ဒီမှာရှိတဲ့ဆိုင်တစ်ဆိုင်မှာပဲဖြစ်ဖြစ်လေ”
တောင်းဆိုမိပြီးမှ ဖြစ်နိုင်ပါ့မလားလို့ Olivier နှုတ်ခမ်းကိုကိုက်ကာ အသက်အောင့်ထားမိတယ်။ ကိုကိုကြီးက သူ့လက်မှာပတ်ထားတဲ့နာရီကို တစ်ချက်ငုံ့ကြည့်လို့ ခေါင်းကိုညိတ်တယ်။
“သွားမယ်လေ ကိုယ်တစ်နာရီလောက်တော့ အချိန်ရတယ် ဖြစ်တယ်မဟုတ်လား”
“ဖြစ်တာပေါ့ ဖြစ်တယ် ဖြစ်တယ်”
“အိုကေလေ ငွေရှင်းပြီးရင် သွားကြတာပေါ့”
Part 6 to be continued
ကိုကိုကြီးနဲ့အိုလီ့အခန်းကမပြီးသေးဘူး ရှည်သွားလို့ဖြတ်ချထားတာ ဟင်းဟင်း။
Zawgyi below
That Omega is so cute and I can’t help Part 5
ေလေျပအေဝွ႕မွာ ပုံသြင္းထားျခင္းမရွိတဲ့ Raymus ရဲ႕ဆံပင္က ေလထဲမွာ အလိုက္သင့္ တလြင့္လြင့္နဲ႕ ယိမ္းခါကုန္တယ္။
သူက ပတ္ဝန္းက်င္ရာသီဥတုကို အေသးစိတ္လိုက္ခံစားတတ္တဲ့ အႏုပညာဆန္တဲ့ ႏူးညံ့တဲ့စိတ္ထားနဲ႕သူမဟုတ္ေပမယ့္ ဒီအေျခအေနေလးကိုေတာ့ သေဘာက်မိတာ အေသအခ်ာ။
အၿမဲတမ္း သူ႕ေဘးနားမွာ မခြဲအတူရွိတတ္တဲ့ ဟိုႏွစ္ေကာင္ကေတာ့ အစားေသာင္းက်န္းမႈနဲ႕ ေက်ာင္းအိမ္သာနဲ႕ ႏွစ္ပါးသြားေနရတယ္။
အစပ္ႀကိဳက္သူေတြပီပီ ေန႕လည္စာကို အစပ္မ်ားမ်ားပါတဲ့ဟင္းပြဲတစ္ခုကို အက်ိတ္အနယ္စားၾကၿပီးေနာက္ ဟိုႏွစ္ေကာင္က အိမ္သာဆီေျပးရေတာ့တယ္။
Raymus ရဲ႕အစာအိမ္ကေတာ့ ခံနိုင္ရည္အားေကာင္းလွစြာ အေနအထားမပ်က္ရွိေနဆဲ။
ေက်ာင္းေဆာင္ရဲ႕ ခပ္လွမ္းလွမ္းက သစ္ပင္ႀကီးေအာက္မွာ ဟိုႏွစ္ေကာင္ကိုေစာင့္ရင္း နားၾကပ္တပ္လို႔ သီခ်င္းတစ္ပုဒ္ကို ေအးေအးလူလူ ခံစားေနမိတယ္။
ဒါေပမယ့္ ေအးခ်မ္းမႈကို သူခဏတာေလာက္သာ ခံစားလိုက္ရတယ္။ ဘာလို႔လဲဆိုေတာ့ သူ႕အနားကိုေရာက္လာတဲ့ ဘယ္ကမွန္းမသိတဲ့ alpha ေကာင္ေၾကာင့္ပဲ။
"ေဘဘီ!"
Raymus မ်က္ႏွာကို တည့္တည္ၾကည့္ကာေခၚလာသူေၾကာင့္ သူ႕ရဲပ မည္းနက္တဲ့မ်က္ခုံးပါးပါးႏွစ္ခုက အလယ္ဘက္ကို စုလို႔သြားတယ္။
"ေဘဘီလို႔ ကိုယ္ေခၚေနတယ္ေလ"
"မင္းက ငါ့ကို ေဘဘီလို႔ေခၚတယ္? မင္းနဲ႕ငါနဲ႕ သိလို႔လား"
အၾကည့္စူးစူးတစ္ခုေပးကာေမးလိုက္ေတာ့ ထိုငနဲသားက ၿပဳံးတယ္။
"အခုသိၾကေတာ့မွာပဲေလ ကိုယ့္နာမည္က Victor တဲ့။ engineering major က… မင္းႏွလုံးသားထဲကို ကိုယ္လမ္းေဖာက္ၿပီးလာခဲ့မလို႔ အဲဒါ မင္းဘက္က လက္ခံေပးဖို႔ေမွ်ာ္လင့္မိတယ္"
"မင္း ႐ူးေနလား ငါဘယ္သူလဲ ဘယ္လိုေကာင္လဲေရာ မင္းသိရဲ႕လား"
"သိတာေပါ့ ေဘဘီ့နာမည္က Raymus Nathaniel! ဒီေက်ာင္းမွာ စိတ္ဝင္စားဖို႔အေကာင္းဆုံးနဲ႕ ကိုယ့္ mate ျဖစ္လာဖို႔ အသင့္ေတာ္ဆုံး omega ေလး။ ကိုယ္ကလဲ မင္းအတြက္အသင့္ေတာ္ဆုံး alpha ပဲ။ ကိုယ္က Moon Group က တစ္ဦးတည္းေသာသားေလ"
ဟက္ ... mate တစ္ေယာက္ရဖို႔အတြက္နဲ႕ မိသားစုနာမည္ကို ခုတုံးလုပ္ေနတဲ့ေကာင္ကိုၾကည့္ၿပီး သူေအာ္ရယ္ခ်င္လာတယ္။
“မင္းအစြမ္းအစက ဒီေလာက္ပဲလား omega တစ္ေယာက္ကိုတြဲဖို႔အတြက္ မိသားစုနာမည္ကိုထုတ္သုံးတာမ်ိဳးေလ”
“ေဘဘီထင္လို႔ပါ။ ကိုယ္က အမ်ားႀကီးစိတ္ဝင္စားဖို႔ေကာင္းပါတယ္”
"မင္း ငါ့ေရွ႕ကထြက္သြားလိုက္"
"ဟိုး စိတ္မႀကီးပါနဲ႕ ေဘဘီေလးရဲ႕ ကိုယ္က မင္းကိုအတည္တြဲခ်င္တာပါ ၿပီးေတာ့ ကိုယ္က အႏုတ္စုတ္ဂုတ္စုတ္ alpha တစ္ေယာက္မဟုတ္ဘူးေလ ကိုယ္က မင္းကို စိတ္ေက်နပ္မႈအျပည့္အဝေပးနိုင္မွာပါ"
ခ်ီးကို စိတ္ေက်နပ္မႈေပးေနလိုက္!
ထိုသို႔ေျပာၿပီးေနာက္ ထို alpha ေကာင္က ျပင္းထန္လြန္းတဲ့ သူ႕ရဲ႕ alpha pheromone ေတြကို ထုတ္လႊတ္ေတာ့တာပဲ။
ေလထုထဲမွာ တျခားရနံ႕ေတြ တိုးမေပါက္နိုင္ေလာက္ေအာင္ အားႀကီးတဲ့ alpha pheromone ေတြက ေနရာယူလာတယ္။
ဒါကိုၾကည့္ျခင္းအားျဖင့္ သူဘယ္ေလာက္သာမာန္ၿပီးအင္အားႀကီးတယ္ဆိုတာကို သက္ေသျပေနသလိုပဲ။
ဒါေပမယ့္ ခက္တာက Raymus စိတ္ဝင္စားတာက အဲဒါမ်ိဳးေတြဟုတ္မေနတာပဲ။
နဂိုကတည္းက sexual ပိုင္းကိုသိပ္စိတ္မဝင္စားတတ္လို႔ကို သူ႕ကိုလႊမ္းမိုးဖို႔ႀကိဳးစားခ်င္တဲ့ alpha တစ္ေယာက္နဲ႕ မပက္သက္ခ်င္ခဲ့တာ၊ အထူးသျဖင့္ ဒီေကာင့္လို omega တစ္ေယာက္ကို ငါအသာေလးကိုင္တြယ္နိုင္မွာပါဆိုတဲ့အၾကည့္မ်ိဳးနဲ႕ၾကည့္တတ္တဲ့သူေတြ၊ သူ႕ကိုယ္သူအထင္ႀကီးေနတဲ့ alpha ဂုဏ္ေမာက္ေနတဲ့ေကာင္ေတြဆို သူပိုလို႔ ျမင္ျပင္းကတ္လွတယ္။
ကိုယ့္ကိုသေဘာက်လိဳ႕ ပိုးပန္းတာေလာက္ကို သူ႕စိတ္ထဲ ေစာက္ျမင္ကတ္တာမ်ိဳးမျဖစ္မိေပမယ့္ သူ႕ personal space ကိုထိပါးေႏွာင့္ယွက္တာမ်ိဳးကိုေတာ့ သူနည္းနည္းေလးမွသည္းမခံနိုင္။
*ဒီေစာက္ေရးမပါတဲ့ေကာင္က ငါ့ရဲ႕ ေအးခ်မ္းေနတဲ့စိတ္ကို ညစ္ၫူးေအာင္ လာလုပ္ေနတာပဲ*
Raymus စိတ္ထဲကေန ညည္းတြားလိုက္တယ္။
“မင္းကိုငါ့ေရွ႕ကေန ထြက္သြားဖို႔အခြင့္အေရးေပးေနတုန္း မင္းထြက္သြားလိုက္။ ငါ့ေရွ႕မွာ တစ္မိနစ္ထက္ပိုၿပီး မင္းရပ္ေနမယ္ဆိုရင္ မင္းကို ငါဘာလုပ္မိမလဲဆိုတာ ငါအာမမခံနိုင္ဘူး”
“အဟား ေဘဘီက ၾကားထားတဲ့အတိုင္း တကယ့္ကိုအစြာေလးပဲ။ ကိုယ္ကလဲ အဲဒီလို အစြာေလးမွ သေဘာက်တာ”
သေကာင့္သားဟာ စကားနဲ႕တင္မဟုတ္ပဲ အျပဳအမူနဲ႕ပါ သူ႕ကို အေႏွာင့္အယွက္ေပးဖို႔ႀကိဳးစားေတာ့တယ္။ Raymus မ်က္ႏွာကို လာထိဖို႔ ႀကိဳးစားတဲ့ ထိုသူ႕ရဲ႕ လက္တစ္ဖက္ကို Raymus က အရင္ဦးေအာင္ ဆုပ္ကိုင္လိုက္တယ္။
ထိုသူက ထင္မွတ္မထားမို႔ အငိုက္မိေနခ်ိန္မွာပဲ သူ႕လက္ေကာက္ဝတ္ကို Raymus က ဘယ္ဘက္လက္တစ္ဖက္တည္းနဲ႕ တစ္ပတ္လည္ေအာင္ လိမ္ခ်ိဳးလိုက္ၿပီးေနာက္ ညာဘက္လက္ျဖင့္ သူ႕မ်က္ႏွာကို လက္သီးတစ္ခ်က္ပစ္သြင္းလိုက္သည္။
“အ့..”
ေစာက္ေလႀကီးမိုးႀကီးေတြေျပာေနတဲ့ alpha ေကာင္က လက္ေကာက္ဝတ္ေလးလည္သြားၿပီး တစ္ခ်က္ေလာက္အထိုးခံရတာကို ညည္းၫူျပေနေသးတယ္။ ရွက္စရာပဲ။
Raymus လက္ထဲကေန ႐ုန္းကန္ဖို႔ႀကိဳးစားေနတဲ့ alpha ေကာင္ကိုလႊတ္မေပးေသးပဲေျပာစရာရွိတာကို သူထပ္ေျပာလိုက္တယ္။
“ငါ့နာမည္က Raymus Nathaniel၊ ဘယ္ alpha ကိုမွေစာက္ထင္မႀကီးသလို တြဲဖို႔လဲမစဥ္းစားဘူး အဲဒီေတာ့ မင္းလာရာလမ္းက လစ္လိုက္ေတာ့”
“Raymus ဘာျဖစ္တာလဲ”
Raymus တို႔အနားကို အေျပးအလႊားေရာက္လာသူက သူ႕သူငယ္ခ်င္းႏွစ္ေယာက္။
“ဘာမွမျဖစ္ပါဘူးကြာ ဒီမွာ ငါ့အေၾကာင္းမသိပဲ ငါ့ကို လာေၾကာင္ဖို႔ႀကိဳးစားေနလို႔ ဆုံးမေနတာ”
“ကိုယ္ မင္းကို တကယ္သေဘာက်တာပါ ကိုယ့္ကိုမင္းမႀကိဳက္တဲ့အခ်က္ရွိရင္ေျပာေလ။ ကိုယ္ တကယ္ျပင္မွာပါ။”
“အဟက္ ဘာျပင္ရမလဲ ဟုတ္လား”
Raymus အေမးကို တစ္ဖက္သူက ေခါင္းတဆတ္ဆိတ္ညိတ္လို႔ ျပန္ေျဖလာတယ္။
“မင္းအေမဗိုက္ထဲကို ျပန္ဝင္။ မင္းေစာက္ခ်ိဳးအားလုံးျပင္လာခဲ့”
ထိုသူ႕မ်က္ႏွာကိုေစ့ေစ့ၾကည့္ၿပီးေနာက္ တစ္ခြန္းခ်င္းေျပာပစ္လိုက္ေတာ့ ပ်က္ယြင္းသြားတဲ့မ်က္ႏွာကိုၾကည့္ကာ Raymus ေစာက္ျမင္ကတ္ကတ္ျဖင့္ၿပဳံးမိတယ္။
ကိုင္ထားရက္သားျဖစ္ေနတဲ့လက္တစ္ဖက္ကိုလႊတ္ခ်လိဳက္ၿပီး ထိုသူ႕ကို Raymus ေက်ာခိုင္းလိုက္တယ္။
“ေဟ့ေကာင္ေတြ သြားရေအာင္။ ဒီေနရာက ေလေတြကမသန႔္ဘူး”
xxxxxxxxxxxx
"ကိုကိုႀကီး"
"အိုလီပါလား"
"ကိုကိုႀကီးတစ္ေယာက္တည္းလား ဒီကိုဘာလာလုပ္တာလဲ"
ပုံမွန္ဆိုရင္ ကိုကိုႀကီးက ဒီလို ေရွာ့ပင္းစင္တာမ်ိဳးကို လာေလ့မရွိတာသိထားမို႔ Olivier ေမးလိုက္မိတယ္။
ကိုကိုႀကီးက အဝတ္အစား အသုံးအေဆာင္ဝယ္ဖို႔အတြက္နဲ႕ေတာ့ သူကိုယ္တိုင္ေဈးလာဝယ္စရာမလိုတဲ့အေနအထား။
ကိုကိုႀကီးတို႔ညီအကိုေတြဝတ္သမွ်က designer brand ေတြမ်ားကာ designer ေတြကိုယ္တိုင္က အိမ္တိုင္ရာေရာက္ အတိုင္းတိုင္းၿပီး ခ်ဳပ္ေပးၾကတာ။
အဲဒီလိုမွမဟုတ္လဲ ကိုကိုႀကီးတို႔က ေဈးႀကီးေပးရတဲ့ high end brand ေတြကို အြန္လိုင္းကေန တိုက္ရိုက္မွာဝတ္ၾကတာမ်ိဳးမို႔ ခုလို ကိုကိုႀကီးကို ေဈးဝယ္ထြက္လာမယ္လို႔ဘသူမထင္ထားခဲ့ေပ။
"ဒီညေန ဝန္ႀကီးတစ္ေယာက္ရဲ႕ အမ်ိဳးသမီး ေမြးေန႕ပြဲရွိတာ ဖိတ္ထားလို႔ လက္ေဆာင္လာဝယ္တာ"
"ဗ်ာ .. ကိုကိုႀကီးက ဘယ္တုန္းက အဲလိုလက္ေဆာင္ေတြကို ကိုယ္တိုင္ထြက္ဝယ္ဖူးလို႔လဲ ကြၽန္ေတာင္ နားၾကားမွားတာမဟုတ္ဘူးမွတ္လား"
သူ႕စကားေၾကာင့္ ကိုကိုႀကီးက ၿပဳံးတယ္ဆို႐ုံၿပဳံးလာတယ္။
ကိုကိုႀကီးက သူ႕အၿပဳံးကိုသိပ္တြန႔္တိုတယ္။
ႏႈတ္ခမ္းပါးေလးေတြက ၿပဳံးျပလိုက္ရင္ လူအမ်ားေငးေမာသြားၾကမွာကို စိုးရိမ္လို႔ တြန႔္တိုေနတာလား Mr. Thomas Nathaniel ေရ။
အဲလိုေလး ၿပဳံးတုံ႕တုံ႕မ်က္ႏွာေပးေလးကိုေတြ႕ရေတာင္ ဒီကအသက္ရႉရပ္ေတာ့မလို႔!
"နားၾကားမမွားပါဘူး ကိုကိုႀကီးအတြင္းေရးမႉးက သူ႕အိမ္ေထာင္ဖက္ ႐ုတ္တရက္မူးလဲသြားလို႔ ေဆး႐ုံသြားပို႔တယ္ေလ။ အဲဒါေၾကာင့္ ကိုယ္လဲအျပင္ထြက္စရာရွိတာနဲ႕ တျခားဝန္ထမ္းကိုမခိုင္းေတာ့ပဲ ကိုယ္တိုင္လာဝယ္လိုက္တာ"
ကိုကိုႀကီးေျပာတာက အက်ိဳးအေၾကာင္းဆီေလ်ာ္ေသာလည္း အဲဒါဟာ ျဖစ္ေတာင့္ျဖစ္ခဲကိစၥပဲ။
ၿပီးေတာ့ ဒါက Oliver အတြက္ အထူးမဟာအခြင့္အေရးဆိုလဲ မမွားဘူး။
“ဟုတ္လား အဲဒါဆို ဘာလက္ေဆာင္ေပးမွာလဲ ဝယ္ၿပီးၿပီလား”
“မဝယ္ရေသးဘူး ဝန္ႀကိးရဲ႕အမ်ိဳးသမီးဆိုေတာ့ branded အိတ္တစ္လုံးေလာက္ေပးမယ္ေတာ့စဥ္းစားတာပဲ”
“အဲဒီလိုအရာေတြဆို ကြၽန္ေတာ္က ပိုၿပီးအျမင္ရွိတာေပါ့။ ဘယ္လိုလဲ ကြၽန္ေတာ္လိုက္ေ႐ြးေပးရမလား ကိုကိုႀကီး”
“အိုလီလိုက္ေ႐ြးေပးမယ္ဆိုရင္ေတာ့ ေကာင္းတာေပါ့။ ဒါေပမယ့္ အိုလီ့မွာ အခ်ိန္ေရာရွိလို႔လား ကိုယ့္အတြက္နဲ႕ အလုပ္ပ်က္ေနအုံးမယ္”
တစ္ဖက္သားအတြက္စဥ္းစားေပးတတ္လြန္းသူ ကိုကိုႀကီးက ထိုသို႔ေမးလာေတာ့ Oliver မၿပဳံးပဲမေနနိုင္။ သူ႕အတြက္ကိုကိုႀကီးနားမွာ ေနခြင့္ရမယ့္ကိစၥထက္ အေရးႀကီးတာ ဘာရွိအုံးမွာမို႔လို႔လဲ။
“အားတာေပါ့ လာ သြားရေအာင္ ဘယ္ဆိုင္ကိုသြားသင့္လဲဆိုတာ ကြၽန္ေတာ္သိတယ္”
“အိုေကေလ ဒါဆို အိုလီ့ကိုပဲ အပူကပ္ရအုံးမွာေပါ့ ကူညီေပးပါအုံး”
ကိုကိုႀကီးနဲ႕ ယွဥ္တြဲၿပီးေလွ်ာက္လာရတဲ့ လမ္းတစ္ေလွ်ာက္လုံး Oliver ေျခေထာက္နဲ႕ ၾကမ္းျပင္ထိတယ္လို႔ကို မခံစားရ။ အေသအခ်ာေတြးၾကည့္မယ္ဆို ဒီလိုမ်ိဳး ကိုကိုႀကီးနဲ႕ အျပင္ကို အတူတူ တစ္ခါမွမသြားခဲ့ဖူးေပ။
ပုံမွန္ဆို ကိုကိုႀကီးကိုေတြ႕ခ်င္ရင္ Raymus ဆီသြားလည္ၿပီး တေမ့တေမာ ထိုင္ေစာင့္မွသာ အိမ္ျပန္ေရာက္လာတဲ့ ကိုကိုႀကီးနဲ႕ ခဏတျဖဳတ္ေလာက္သာဆုံခြင့္ရဖူးတာ။
အခုလို ေဘးခ်င္းယွဥ္ၿပီးေလွ်ာက္ေနရတဲ့အခိုက္အတန႔္ကို ျဖစ္နိုင္ရင္ အရွည္ၾကာဆုံး ဆြဲဆန႔္ထားခ်င္မိတာ Oliver ရဲ႕ဆႏၵပဲ။
တကယ့္ေဈးႀကီးေပ့ဆိုတဲ့ အိတ္ေတြေရာင္းတဲ့ဆိုင္ထဲကို ဝင္သြားေတာ့ တစ္ဆိုင္လုံးရွိ ဝန္ထမ္းေတြက Oliver နဲ႕ ကိုကိုႀကီးကို လိုက္လို႔ေငးၾကတယ္။ တကယ္ေတာ့ ကိုကိုႀကီးက ဘယ္သူဆိုတာ သိလို႔ လိုက္ေငးၾကတာလဲပါမွာေပါ့ေလ။ ကိုကိုႀကီးက magazine ေတြ သတင္းစာ စာမ်က္ႏွာထက္ေတြမွာ အၿမဲတမ္းပါေနၾက၊ ဒီနိုင္ငံရဲ႕အထင္ကရစီးပြားေရးလုပ္ငန္းရွင္တစ္ေယာက္ပဲ။
Uncle George လက္ထပ္ကတည္းက အရမ္းအရမ္းကိုေအာင္ျမင္ခဲ့တဲ့ N Group of Companies က ကိုကိုႀကီး CEO အျဖစ္တာဝန္ယူတဲ့အခ်ိန္ကစလို႔ ပိုၿပီးတဟုန္ထိုးတိုးတက္ခဲ့တာမို႔ ကိုကိႀကီးက အေတာ္ဆုံးစီမံခန႔္ခြဲသူလို႔ စီးပြားေရးေလာကက လူေတြၾကားထဲမွာ ေရပန္းစားခဲ့တာပဲ။
Oliver ရဲ႕မိဘေတြကေတာင္ ကိုကိုႀကီးက သူတို႔သားအ႐ြယ္ပဲ ေလးစားသမႈရွိၾကတယ္။ ကိုကိုႀကီးရဲ႕အရွိန္အဝါေတြက သိပ္ႀကီးလြန္းတာမို႔လဲ လူတိုင္းကအဲဒီလိုျဖစ္ၾကတာ။
အဲဒါေၾကာင့္ပဲကိုကိုႀကီးနဲ႕သူနဲ႕ကလဲ ပိုၿပီးအလွမ္းေဝးလြန္းေနတာပဲ။ အခုေလာက္ေလး ကိုကိုႀကီးေဘးနားကပ္ေနခြင့္ရတာကိုက သူ႕အတြက္ ဆုလာဒ္လိုပါ။ ဒီထက္ပိုတဲ့ ရင္းႏွီးကြၽမ္းဝင္မႈဆိုတာ သူတို႔ၾကားထဲမွာ ရွိလာနိုင္မယ့္အရာမဟုတ္။ အရာအားလုံးက သူ႕ဘက္က တစ္ဖက္သတ္ခ်ည္းသာ။
“ကိုကိုႀကီး ဒီအိတ္ေလး သေဘာက်လား”
ဆိုင္ထဲဝင္လိုက္ကတည္းက မ်က္စိထဲသေဘာေတြ႕တဲ့ အိတ္တစ္လုံးကိုျမႇောက္ျပကာ ေမးလိုက္ေတာ့ ကိုကိုႀကီးက ေခါင္းညိတ္ျပသည္။
“အဆင္ေျပသားပဲ ၾကည့္လိုက္တာနဲ႕ လူႀကီးနဲ႕လဲလိုက္တယ္။ အရွိန္အဝါတစ္မ်ိဳးလဲရွိတယ္။ အိုလီေလးက တကယ္ ျမင္တတ္တယ္”
“အာ အဲေလာက္လဲမဟုတ္ပါဘူး ကိုကိုႀကီးရာ”
“ဟုတ္ပါတယ္ကြာ အဲဒါေၾကာင့္လဲ အိုလီေလးက ေက်ာင္းမွာ fashion king လို႔နာမည္ႀကီးေနတာထင္တယ္”
ကိုကိုႀကီး ရယ္ေမာကာေျပာလာတဲ့စကားေၾကာင့္ အံ့ၾသရသူက သူကိုယ္တိုင္ပင္။ ေက်ာင္းမွာ သူ fashion king လို႔နာမည္ႀကီးတဲ့အေၾကာင္းကို ကိုကိုႀကီး ဘယ္လိုလုပ္ၿပီးသိေနရတာလဲ။
ကိုကိုႀကီးက သူ႕အေၾကာင္းေတြကို သိေနတာလား၊ ဒီကိစၥမွမဟုတ္ပဲ တျခားကိစၥေတြေရာ သိေနတာလား။
သူ႕အေၾကာင္းေတြကို ကိုကိုႀကီးက စိတ္ဝင္တစားရွိတာလားဟူ၍ ေမးခြန္းေပါင္းမ်ားစြာက သူ႕ေခါင္းထဲမွာ ဆက္တိုက္ပဲ။
“ကိုကိုႀကီးက ကြၽန္ေတာ္ fashion king ဆိုတာ ဘယ္လိုလုပ္ၿပီးသိတာလဲ”
“အဟက္ Ray ဆီကေန သိတာေလ”
“ေၾသာ္..”
သူ႕အေၾကာင္းေတြမ်ား ကိုကိုႀကီးစုံစမ္းၿပီးသိေနတာလားဆိုတဲ့အေတြးက ေလထဲမွာတင္ လြင့္ျပယ္သြားသလိုပဲ။
အင္းေပါ့ေလ ကိုကိုႀကီးက သူ႕အေၾကာင္းေတြ သိခ်င္ေနမယ္၊ စိတ္ဝင္စားမယ္ဆိုတာႀကီးက မျဖစ္နိုင္တဲ့ကိစၥပဲကို။
“ဒီအိတ္ေလးပဲယူလိုက္ၾကမယ္ေလ ေငြရွင္းလိုက္မယ္”
ကိုကိုႀကီးက သူ႕လက္ထဲမွအိတ္ကိုဆြဲယူကာ အေရာင္းဝန္ထမ္းလက္ထဲသို႔ လႊဲေျပာင္းေပးလိုက္တယ္။
“ဟိုေလ ကိုကိုႀကီး..”
“အင္း အိုလီေျပာေလ ဘာေျပာမလို႔လဲ”
“ကြၽန္ေတာ္က ကိုကိုႀကီးကို ကူညီထားတာဆိုေတာ့ ကြၽန္ေတာ့္ကို မုန႔္ဝယ္မေကြၽးခ်င္ဘူးလား”
“ဟင္ အိုလီက မုန႔္စားခ်င္လို႔လား”
“ဟို အေအးေလး ဘာေလးေသာက္ရရင္ျဖစ္ပါတယ္။ ဒီမွာရွိတဲ့ဆိုင္တစ္ဆိုင္မွာပဲျဖစ္ျဖစ္ေလ”
ေတာင္းဆိုမိၿပီးမွ ျဖစ္နိုင္ပါ့မလားလို႔ Olivier ႏႈတ္ခမ္းကိုကိုက္ကာ အသက္ေအာင့္ထားမိတယ္။ ကိုကိုႀကီးက သူ႕လက္မွာပတ္ထားတဲ့နာရီကို တစ္ခ်က္ငုံ႕ၾကည့္လို႔ ေခါင္းကိုညိတ္တယ္။
“သြားမယ္ေလ ကိုယ္တစ္နာရီေလာက္ေတာ့ အခ်ိန္ရတယ္ ျဖစ္တယ္မဟုတ္လား”
“ျဖစ္တာေပါ့ ျဖစ္တယ္ ျဖစ္တယ္”
“အိုေကေလ ေငြရွင္းၿပီးရင္ သြားၾကတာေပါ့”
Part 6 to be continued
ကိုကိုႀကီးနဲ႕အိုလီ့အခန္းကမၿပီးေသးဘူး ရွည္သြားလို႔ျဖတ္ခ်ထားတာ ဟင္းဟင္း။