စမ်းရေကြည်ပေါက်(Uni+Zawgyi)...

By MinKhant22

15.7K 576 4

... More

EPISODE 1(Uni+Zawgyi)
EPISODE 2(Uni+Zawgyi)
EPISODE 3(Uni+Zawgyi)
EPISODE 4(Uni+Zawgyi)
EPISODE 5(Uni+Zawgyi)
EPISODE 6(Uni+Zawgyi)
EPISODE 7(Uni+Zawgyi)
EPISODE 8(Uni+Zawgyi)
EPISODE 9(Uni+Zawgyi)
EPISODE 10(Uni+Zawgyi)
EPISODE 11(Uni+Zawgyi)
EPISODE 13(Uni+Zawgyi)
EPISODE 14(Uni+Zawgyi)Final

EPISODE 12(Uni+Zawgyi)

595 24 0
By MinKhant22

စမ်းရေကြည်ပေါက် 
(Part 12)

ခိုင်ခိုင်တစ်ယောက် ဆိုင်ကိုနောက်ကျမှရောက်လာတော့သည်။ ညကသူနှင့်မမပိုင် နောက်ကျမှအိပ်ယာ၀င်ခဲ့ရသည်။ မနက်ရောက်တော့ မမပိုင်ကခေါင်းကိုက်သည်ဟုဆို၍ တစ်ယောက်တည်း ဆိုင်ကိုလာခဲ့ရတော့သည်။ ဆိုင်ဖွင့်တာပင်နောက်ကျနေပါတော့သည်။
“လေးခိုင်…”
“အမလေး မြတ်စွာဘုရား မင်းခလေး ဘယ်လိုရောက်လာတာလဲ”
“မိုးပေါ်ကကျလာတာမဟုတ်ပါဘူးလေးခိုင်ကလဲ ကားကြီးနဲ့လာတော့ပေါ့ဗျ”
လေးခိုင် ရင်တွေပင်တုန်သွားသည်။ ညကမှလက်တလော အေးသွားသည့်ပြဿနာ ခုတော့ မနက်ပိုင်းတွင် ဆိုင်ရှေ့မှာ ငုတ်တုတ်ရောက်နေပါတော့သည်။
ခိုင်ခိုင်ဆိုင်ဖွင့်ရန်လုပ်တုံးက ကောင်းလေးတစ်ယောက် ဦးထုတ်ကိုငိုက်စိုက်စွာဆောင်းပြီး ဆိုင်ရှေ့နားက ခုန်လေးတွင်ထိုင်နေတာကိုတွေ့ပါသည်။ မင်းခမှန်းတော့မသိပါ၊ သာမန်စျေးရောင်းစျေး၀ယ်တွေပဲ မှတ်နေခဲ့သည်။ ခုတော့ဖြင့် ရွှေမင်းသားလေး မင်းခဖြစ်နေပါတော့သည်။
“ဘုရား ဘုရား”
“လေးခိုင်ကလဲ ဘုရားကြီးပဲတနေတယ် လုပ်တော့ ကျနော်နားချင်နေပြီး ဆိုင်ဖွင့်တော့ဗျ၊ အပြင်ကပူတယ်”
“အော်…အေးအေး”
ဆိုင်ကိုအလောသုံးဆယ်ဖွင့်လိုက်တော့ ကိုယ်တော်ချောက အထဲသို့၀င်သွားပြီး ဧည့်များလာရန်ထိုင်သည့်နေရာတွင် ကျောဆန့်ကာ လှဲချလိုက်တော့သည်။
“မင်းခ..တူလေး မင်းဒီကိုလာတာ မင်းအမေသိလား”
“သိမလားဗျ၊ အိမ်ကနေအပြင်တောင်မထွက်ရလို့ ကြိမ်းထားတာ၊ ခုတောင်ခိုးထွက်လာတာ”
“ဟင် သားကဒီကိုသားမေမေနဲ့ပါလာတာလား”
“ဟာ…လေးခိုင်ကလဲ မနက်အစောကြီးမန်းကနေထွက်လာတာ၊ ခုပဲရောက်တယ်”
“ဟယ် သားမေမေအိမ်ကိုဖုန်းဆက်မေးရင်သိသွားမှာပေါ့၊ သားမေမေသိသွားရင်တော့ မိုးမီးလောင်တော့မှာပဲ”
“လောင်ပါဘူးဗျ၊ ကျနော်အခန်းမှာ သီးချင်းဖွင့်ထားခဲ့တယ် သီးချင်းသံကြားရင်ကျနော်ရှိနေတယ်လို့ မိမှုန်ကသိမှာပဲ၊ မိမှုန်ဆိုတာ မေမေတူမလေ”
“အော်….”
ခိုင်ခိုင်ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့၊ ထိုင်လို့လဲမရ၊ ထလို့လဲမရ ဘာလုပ်ရမည်ကို စဉ်းစားလို့မရတော့ပဲ အလိုလိုနေရင်း စိတ်တွေကမောလာတော့သည်။
“လေးခိုင်”
“….”
မမပိုင်ကိုသွားခေါ်ရင်ကောင်းမလား၊ ၀သုန်ကိုပဲပြေးခေါ်ရင်ကောင်းမလား၊
“လေးခိုင်”
“….”
သားကြီးမိုးယံကိုပဲပြေးခေါ်ရင်ကောင်းမလား
“လေးခိုင်…”
“အမလေး သောက်ပလုတ်တုတ်”
မင်းခခေါ်နေတာကို လေးခိုင်ကပြန်မဖြေသဖြင့် စိတ်မရှည်တော့ပဲ အနားကပ်၍အော်ခေါ်လိုက်ခြင်းဖြစ်ပါသည်။
“ဘာလဲ ဘာဖြစ်လို့လဲ..အမလေး …လန့်လိုက်တာ မင်းခရယ် အသားအော်ပါ၊ လေးခိုင်ကြားပါတယ်”
“ကြားလို့သားပဲ ကျနော်ခေါ်နေတာ အခါ ၈သိန်းရှိနေပြီး”
“အော်….ဟုတ်လား…ဘာပြောမလို့လဲ”
“ကျနော်ကားစီးလာလို့ မူးနေတာ၊ ခုလေးခိုင်က မထိုင်ပဲ ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်နဲ့ ကျနော်လေးခိုင်ကိုကြည့်ရတာ ပိုမူးလာတယ်၊ ထိုင်မှာဖြင့်ထိုင်ဗျာ၊ ဟိုမှာထိုင်လိုက် ပြီးပြန်ထလိုက်နဲ့၊ ဒီမှာထိုင်လိုက် ပြီးပြန်ထသွားလိုက်နဲ့၊ ဘာတွေဖြစ်နေမှန်းကိုမသိဘူး”
“ဟယ်…ဟုတ်လား….အဲလိုကြီး ဖြစ်သွားလား”
“ဟုတ်တယ်”
“အို….ရှက်လိုက်တာ…ရှက်လိုက်တာ …ငါကလဲ..ကလေးရှေ့မှာ မဟုတ်တာတွေဖြစ်သွားတယ်”
“ဗျာ”
“အော် စကားအဖြင့်ပြောတာပါဟယ် လန့်မသွားပါနဲ့”
“အော်…အဟီး…လေးခိုင်ကရီရတယ်နော်”
ခိုင်ခိုင်မင်းခကို မျက်စောင်းထိုးလိုက်ပါသေးသည်။
“သားမင်းခ ဒီမှာနေအုံး ခဏလေးပဲ လေးခိုင် မမပိုင်ကိုသွားခေါ်အုံးမယ်၊ ဘယ်မှမသွားနဲ့နော်”
“ဟုတ်”
ခိုင်ခိုင်သည် မမပိုင်ကို အကြိုးအကြောင်းလိုရင်းတိုရှင်းပြောခဲ့ပြီးခေါ်ခဲ့တော့သည်။ မမပိုင်သည်လဲ ခေါင်းကိုက်နေသည့်ဝေဒနာပင် ဘယ်သို့ရောက်သွားသည်မသိတော့ချေ။ ဆိုင်ကိုချက်ခြင်းနှစ်ယောက်သား ပြေးလာခဲ့ရပါတော့သည်။ ဆိုင်ရောက်တော့ အကောင့်သားလေးက ရေပင်ချိုးပြီးနေပြီ ဖြစ်သည်။
“လေးပိုင်က ချောလို့လှလို့ပဲ”
“အပိုတွေ..ကဲဘာစားမလဲ”
“မမပိုင် လာရင်းကိစ္စလေ”
“အော်ဟုတ်သားပဲ…သားကလဲဘာဖြစ်လို့လိုက်လာတာလဲ”
“မေမေကိုစိတ်မချလို့လေ၊ မေမေက ကိုကြီးကို ဆူနေမှာစိုးလို့၊ ခုတောင် လေးခိုင်တို့လေးပိုင်တို့ဆီ၀င်လာတာ၊ ကိုကြီးကိုလည်းတွေ့ချင်တယ်၊ ကျနော်ကိုကြီးကိုစိုးရီမ်းလို့လိုက်လာတာ”
“အမလေး မောင်မင်းကြီးသားရယ် မန်းကိုပဲပြန်ပါတော့ ဒီမှာက ကမ္ဘာစစ်ဖြစ်နေတာ မပြီးသေးဘူး လက်နက်တွေလာပြီးထက်မရောင်းနဲ့အုံး”
“အာလေးပိုင်ကြီးကလဲ၊ လေးခိုင်ကို ဘာမှမေးလို့မရလို့ လေးပိုင်ကိုအားကိုးရမလားမှတ်တယ် လေးပိုင်က ပိုဆိုးနေတယ်၊ ကျနော်ကိုကြီးကိုတွေ့ချင်တယ်”
“ဘယ်လို”
“အိုမဖြစ်ပါဘူး”
“အာ…ဖြစ်ပါတယ်”
“မဖြစ်ပါဘူး”
“ဖြစ်လိုက်ပါ”
“အိုဟယ်…မဖြစ်ဘူးဟယ်”
“ရဘူးဗျာ…ဖြစ်လိုက်ပါ”
“အို…ဟယ်…”
“လုပ်လိုက်ပါ..”
“အို…
ဒီတစ်ခါ “အို” ဆိုသည့်စကားလေးက လေသံမျှပင်ထွက်လာတော့သည်။ ကြည့်နေသည့်ခိုင်ခိုင်စိတ်မရှည်တော့။
“တော်ကြတော့….တကယ်တည်းမပြောလိုက်ချင်ဘူး…မမပိုင်နော်…မမပိုင်…ဟင်းဟင်း…”
“ရဘူးဗျာ…ကိုကြီးကိုပေးမတွေ့ရင် ကျနော်ဆိုင်မှာသောင်းကျန်းမှာနော်၊ ပြီးမှကျနော်အဆိုး မဆိုနဲ့”
“ဟယ်တော့…”
“ငါနော်…သေသာသေလိုက်ချင်တော့တယ်…တကယ်ပါပဲဟယ်”
“လုပ်ပါ ကျနော်ကိုသနားကြပါအုံး ကျနော်ကိုကြီးကိုအရမ်းချစ်တယ် ကူညီကြမယ်မဟုတ်လား ဟင်၊ နော်လေးပိုင်…နော်နော်…လေးခိုင်ရယ်ပြောပါအုံး”
“အမလေးဟဲ့ ကဲပါ..ဒီမှာပဲနေခဲ့ လေးပိုင်ကြည့်ခေါ်ခဲ့မယ်”
“ဟေး…ဒါမှတို့လေးပိုင်ကွ”
မင်းခတော့ကလေးတစ်ယောက်လိုခုန်ပေါက်ကာ ပျော်မြူးနေတော့သည်။
“ခိုင်ခိုင်”
“ရှင်မမပိုင်”
“ဆိုင်ကိုတော့ ခေါ်တွေ့လို့ဖြစ်ဘူး၊ ဒီတော့က မြို့ထိပ်က ရေကန်ကိုမင်းခလေးကိုခေါ်သွားလိုက် မမပိုင် ၀သုန်ကိုလွှတ်လိုက်မယ်”
“ဟုတ်မမပိုင် ခိုင်ကြည့်ပြီးလုပ်လိုက်မယ်”
မမပိုင်ခိုင်ခိုင်ကိုမျက်စောင်းထိုးလိုက်ပါသေးသည်။ မင်းခကတော့ ခိုင်ခိုင်ခေါ်ဆောင်ရာ မြို့ထိပ်ကကန်ကြီးဆီသို့သွားခဲ့ပါတော့သည်။
မမပိုင်သည် လှလှတို့အိမ်ရောက်တော့ လူကကုတ်ချောင်းကုတ်ချောင်းဖြင့် အလစ်ချောင်းနေရသေးသည်။ လှလှကိုအလာပ သလာပပြောပြီး ခြံထဲရောက်နေသည့် ၀သုန်အနားပြေးကပ်ကာ။
“မင်းခ မြို့ပြင်က ကန်မှာရောက်နေတယ် သွားတွေ့လိုက် မြန်မြန်”
“ဟင်”
လေးပိုင်ပြောချင်ရာပြောပြီးအိမ်ပေါ်ပြေးတက်သွားကာ လှလှအနားသွားကပ်နေလိုက်သည်။ ၀သုန်ကို အိမ်ပေါ်ကနေပြီး ခိုးကြောင်ခိုးဝှက်ဖြင့် အမူယာလုပ်ကာ သွားရန်ပြနေသည်။
“မမပိုင်”
“ဟင်….ဘာတုံး…ဘာပြောလိုက်တာလဲ”
“ဘာမှမပြောရသေးဘူး မမပိုင်ကြည့်ရတာ တစ်ခုခုဖြစ်နေသလိုပဲ၊ ဘာဖြစ်နေတာလဲ မျက်နာကလဲ မဲ့ရွဲ့နေတာ လှလှဆီလြာ့ပီးတော့”
“အဲ…ဘာမှဟုတ်ပါဘူးဟယ် နူတ်ခမ်းတွေညောင်းနေလို့ အဲ့ဒါ”
“ဟယ်တော့”
“အဲ”
“ဟယ်မဟုတ်တာမတွေးနဲ့ ဘာမှဖြစ်ဘူး ငါမျက်နာကို လေ့ကျင့်ခန်းလုပ်နေတာ တကယ်တယ်တော်”
“အော် ဂလိုလား..ထားပါတော့လေ၊ ဒါနဲ့ဆိုင်ကိုမသွားဘူးလား”
“အင်း…သွားမယ် ခုပဲသွားတော့မယ်”
“အမလေး မမပိုင်ရယ် ပြောမှထသွားတော့တယ် ဘာတွေဖြစ်နေမှန်ကိုမသိတော့ဘူး”
မမပိုင်ထွက်သွားသည်နှင့် လှလှတစ်ယောက်ဇဝေဇ၀ါဖြစ်ကာ ကျန်ခဲ့တော့သည်။
၀သုန်သည်လဲ လေးပိုင်ပြောလိုက်သည့်စကားကြောင့် စိုးရီမ်ကာ အိမ်မှထွက်ခဲ့လိုက်တော့သည်။ မြို့ပြင်က ကန်ကြီးဆီကိုရောက်တော့၊ လေးခိုင်နှင့် မင်းခကိုတွေ့လိုက်ရသည်။ မင်းခကတော့ ပျော်ရွှင်သွားသည့် မျက်နာက ဟန်မဆောင်နိုင်စွာ သိသာလွန်ပါသည်။ လေးခိုင်ကတော့ မင်းခနှင့် ၀သုန်ကိုထားခဲ့ကာ ဆိုင်သို့ပြန်လာခဲ့တော့သည်။ ၀သုန်အနားရောက်တော့ လေးခိုင် မင်းခမကြားစေရန်အတွက် လေသံတိုးလေးဖြင့် ပြောသွားလိုက်သည်။
“၀သုန်…စိတ်လိုက်မန်ပါမလုပ်နဲ့နော် မင်းခလေးသနားပါတယ်”
“ဟုတ်လေးခိုင်”
လေညှင်းကလေးတွေက တသောသောတိုက်နေပါသည်။ လူငယ်နှစ်ယောက် ရပ်ကာစကားပြောနေပါသည်။ တစ်ယောက်သောသူကတော့ တစ်ခြားတစ်ဖက်ကို လှည့်ကာရပ်လျှက် နေသည်။ တစ်ယောက်သောသူကတော့ ထိုလူရွယ်၏နောက်ကျောကိုငေးကာ နေသည်။
“ဗျာ..”
၀သုန်မင်းခကို အကြိုးအကြောင်းရှင်းပြလိုက်တော့သည်။ မင်းခကတော့ မျက်ရည်များဖြင့် နားဆင်နေသည်။ ၀သုန်စကားဆုံးတော့ မင်းခပြန်စဉ်းစားမိသည်။ မေမေသည် မမ မင်္ဂလာဆောင်ပြီးတော့ အိမ်တစ်အိမ်ကိုသွားကာ သောင်းကျန်ခဲ့သည်။ ထိုအချိန်တုံးကမင်းခလည်းပါလာခဲ့သည်။ ထိုကြောင့် ကြီးမေတို့အိမ်ကို မြင်ဖူးသည်ထင်ခဲ့သည်။ ခုတော့ အကြောင်းများကို ပြန်စဉ်းစားလိုက်တော့ မင်းခစိတ်ထဲ မကျေနပ်တော့၊ မင်းခတော်တော်ခံစားရပါသည်။ ယခုတော့ သူသည်မြေစားပင်ဖြစ်လို့နေပါတော့သည်။
“ကျနော်က ငါးစားဖြင့်ခဲ့တာပေါ့၊ ကိုကြီးက ကျနော်ကို အကွက်ချပြီးလုပ်ခဲ့တာပေါ့၊ တကယ်လဲမချစ်ဘူးပေါ့နော်၊ ပြီးတော့ မှကျနော်အသဲကို အစိမ်းလိုက်ခွဲပြီးလက်စားချေလိုက်တာပေါ့”
“….”
“ပြောပါအုံးဗျ ဒီပါးစပ်ကြီးက ဘာလို့ခုမှပိတ်နေတာလဲ၊ လုပ်ကြပေါ့ ခင်များကြီး ယုတ်မာပြီးတော့ ကျနော်အချစ်ကို ညာသွားတယ်၊ ခင်များကြီးက ဘီးလူးကြီးပဲ၊ ခင်များကြီးမို့လုပ်ရက်တယ်ဗျာ၊ ကျနော်က ခင်များလက်စားချေ ဘို့အတွက် ကျနော်အချစ်တွေကိုပေးဆပ်ခဲ့ရတာ၊ ခင်များကြီး တော်တော်မတရားပါလားဗျ”
မင်းခသည် စိတ်များလွတ်ထွက်သွားကာ ၀သုန်ကု ထုရိုက်မိနေပါတော့သည်။
“ဟုတ်တယ် ငါကလူယုတ်မာကြီး၊ မင်းအတွက်ကတော့ ငါကလူဆိုးကြီး မကောင်းဆိုးဝါးကြီးပဲ၊ မင်းမုန်းလိုက်တော့ မင်းအတွက် ကိုကတစ်စက်မှမကောင်းတဲ့သူ”
“ကိုကြီး….
မင်းခ ၀သုန်ကို တွန်းထုတ်လိုက်သည်။
“ကိုကြီးကျနော်ကို ချစ်ဖို့အမိန့်မပေးနိုင်သလို၊ ကျနော်ကိုမုန်းဖို့လဲ ပေးလို့မရဘူး”
“….”
“မရဘူး…ကျနော်ကိုကြီးကို ဘယ်လိုမှမုန်းမေ့လို့မရဘူး၊ ကျနော်ကို သနားပါအုံးဗျာနော်၊ ကျနော်ကိုတော့ မချစ်ဘူးလို့တော့ မပြောပါနဲ့နော်”
“ဟုတ်တယ် မင်းကိုငါမချစ်ဘူး၊ တမင်သက်သက်ဒီအချစ်ကိုဖန်တီးခဲ့တာ”
“ကိုကြီးမတရားဘူးဗျာ၊ ကျနော်ကိုတော့ ငါးစားချပြီးထားလိုက်တယ်၊ ကိုကြီးကတော့ ရတဲ့ငါးကို မြိန်ရေချက်ရေ စားနိုင်တယ်၊ ကျနော်ကတော့ ငါးရဲ့အစားအဖြင့်သေပေးခဲ့ရတယ်”
“အဲလိုတော့မပြောပါနဲ့ကွာ”
“မပြောလို့ရမလားဗျ၊ ကျနော်အချစ်ကခင်များကြီးကြောင့်သေသွားပြီး၊ ကျနော်ကဘယ်လိုနေရမှာလဲဗျ”
“…..”
“ပြောပါအုံး….ခင်များကြီးကခုတော့ ဘာမှမပြောတော့ဘူးလား၊ ကျနော်ကတော့ဗျာ ချစ်လိုက်ရတာ”
“ဟုတ်တယ် ငါကမင်းချစ်ဖို့မသင့်တော်တဲ့သူ မင်းမုန်းလိုက်တော့”
“ရမလားဗျ…..”
မင်းခမျက်ရည်များဖြင့် ၀သုန်နောက်ကျောကို ကြည့်ကာ စိတ်များပျက်နေမိပါတော့သည်။
“ကျနော်ကတော့ ခင်များကြီးကိုချစ်လွန်းလို့ ခင်များအတွက်စိတ်ပူပြီးလိုက်လာရတာ၊ ခင်များကြီးကို ချစ်လွန်းလို့ဗျ သိရဲ့လား၊ ခုတော့ ခင်များကြီးကလွယ်လွယ်လေးပြောလိုက်တယ်၊ မုန်းလိုက်တော့တဲ့”
“…..”
“တစ်ခုလောက်တော့မေးချင်ပါရဲ့”
“…”
“ခင်များကြီး ကျနော်ကိုချစ်ခဲ့တာက ဟန်ဆောင်ခဲ့တာပါလို့ပြောခဲ့တယ်နော်၊ ဒါဆိုကျနော်ဘက်ကို လှည့်ကြည့်ပြီးပြောစမ်းပါ၊ ခင်များမျက်နာကိုကြည့်ချင်လွန်းလို့ လှည့်ကြည့်လိုက်စမ်းပါ၊ ဒီဘက်ကို ကြည့်ပြီးပြောပါဗျ၊ ခင်းများကြီး ကျနော်ကို မချစ်ဘူးလို့ ကျနော်ကိုကြည့်ပြီးပြောလိုက်လေ၊ ခုပြော”
“……”
မင်းခအော်ပြောနေပေမယ့် ၀သုန်ကတော့ မလှုပ်၊ လှည့်လဲမကြည့်ပါ၊ ထိုကြောင့်မင်းခနောက်ကို လှမ်းဆွဲကာ သူ့ဘက်ကိုလှည့်ကာ ကြည့်စေသည်။
“ကိုကြီး…………”
“……”
“ကိုကြီးလဲကျနော်ကို ချစ်ခဲ့တယ်မဟုတ်လားဟင်၊ ကိုကြီးကျနော်ကို ချစ်ခဲ့တယ်မဟုတ်လား”
“မချစ်ခဲ့ဘူး၊ ငါလိမ်ခဲ့တာ”
“မယုံဘူး၊ ကျနော်နှလုံးသားက ယုံလို့မရဘူး မချစ်ဘူးဆိုတာကို၊ ကိုကြီးကျနော်ကိုချစ်နေတယ်မဟုတ်လား”
“မချစ်ဘူးကွ၊ မချစ်ဘူး၊…ကဲ..ငါအခုလှည့်ပြီး ပြောလိုက်ပြီး၊ မင်းကျေနပ်ပြီးလား၊ မင်း…ဘာပြောချင်သေးလဲ”
“ဟင်”
၀သုန်စိတ်လိုက်မာန်ပါလှည့်ကာ ပြောလိုက်သောကြောင့် မင်းခမှင်သက်သွားပါတော့သည်။ မင်းခရင်ထဲဗြောင်ဆန်သွားတော့သည်။ ခြေလှမ်းများလဲ နောက်သို့ဆုတ်လိုက်မိတော့သည်။ နောက်ဆုံးတော့ မင်းခနူတ်ခမ်းကို ပြတ်လုမတက်ကိုက်ကာ ၀သုန်ကိုခပ်စိမ်းစိမ်းစိုက်ကြည့်ပြီးနောက် ၀သုန်ကိုကျောခိုင်းကာ ထွက်သွားပါတော့သည်။
ကိုကြီးကို မုန်းလိုက်ပါမင်းခရယ် မင်းခကိုတော့ အားနာမိပါတယ်၊ ကိုကြီးမကောင်းတဲ့သူပါ၊ ကိုကြီးမင်းခအပေါ်မှာလွန်သွားတဲ့ အကြောင်းများကို ကိုကြီးတောင်ပန်ပါတယ်၊ ဒါပေမယ့်လေ ကိုကြီးနောင်တာမရဘူးသိလား၊ ကိုကြီးရဲ့ချစ်လှစွာသော ကြီးမေကို စော်ကားလိုက်တဲ့ ဒေါ်မိမိနိုင်ဆိုတဲ့ မင်းခအမေကို လက်တုန့်ပြန်လိုက်ရလို့ပါပဲ၊ ပြီးတော့ မင်းခဘဝလေးကို ကိုကြီးကြောင်မနစ်မွန်းစေချင်ဘူး၊ ဒါကတော့ ကိုကြီးစိတ်ရင်းအမှန်ပါပဲ၊ ကိုကြီးမင်းခကို ဖြူစင်စွာချစ်ခွင့်ရခဲ့လို့လည်း မင်းခကိုကျေးဇူးတင်ပါတယ်၊ မင်းခကိုလေ ဟိုးအမြင့်မှာပျံသန်းနေတဲ့ ဘဝလေးကိုပဲ မြင်ချင်ခဲ့တာပါ။ မင်းခညီလေးရေ ဟိုးအမြင့်ကိုပျံလိုက်ပါ၊ မင်းခရယ်….
ညနေဘက်တွင်တော့ အိမ်တွင်လူစုံနေကြသည်။ လှလှတို့အိမ်လေးစိုပြေနေပါတော့သည်။ လှလှနေချင်ခဲ့သော မိသားစုလေးကို ပိုင်ဆိုင်နေရပါတော့သည်။ လှလှလူတစ်ယောက်ကိုတော့ မေ့လျော့နေခဲ့ပါသည်။ ထိုသူကတော့ မင်းခပင်ဖြစ်ပါသည်။
တီတီတီ
ချိုချို၏ဖုန်းမြည်သံကြောင့် ဖုန်းကိုကိုင်လိုက်ပါသည်။
“ဟယ်လို….ရှင်…မေမေရယ်ဟုတ်လို့လား…ဒီကိုလဲမလာဘူး….ဒါဆိုဘယ်လိုလုပ်မှာလဲ…ဒုက္ခပါပဲမေမေ…ဟုတ်ကဲ့မေမေ…သမီးတို့လဲလိုက်ရှာလိုက်အုံးမယ်…ဟုတ်ကဲ့”
ချိုချိုမျက်နာပျက်ယွင်းစွာ ဖြစ်သွားသည်ကို ကြည့်ရင်လှလှစိတ်ပူနေမိသည်။
“ကိုမိုး”
“ချိုမေမေကဘာတဲ့လဲ”
“မောင်လေး မင်းခအိမ်ကထွက်သွားတယ်တဲ့ ဘယ်ကိုရောက်နေလဲမသိဘူး”
အားလုံးရဲ့အကြည့်များက ၀သုန်ဆီကိုရောက်သွားတော့သည်။ ၀သုန်လည်းစဉ်းစားရကျပ်သွားသည်။ သူနှင့်မင်းခလမ်းခွဲခဲ့သည်က နေ့လည်ကတည်းက၊ လေးခိုင်တို့ဆိုင်ကိုလည်းသူသွားခဲ့သည်။ ဆိုင်မှသူ ပြန်လာတော့ ညနေပင်စောင်းနေပြီး၊ ထိုအချိန်ထိ မင်းခကိုသူမတွေ့ခဲ့ပါ၊ ခုညပင်ရောက်နေပြီး။
၀သုန်ဘာမှစဉ်းစားမနေတော့ပဲ ထထွက်ခဲ့တော့သည်။
“ဟေ့ညီလေး ဘယ်သွားမလို့လဲ”
“မင်းခကိုသွားရှားမလို့”
၀သုန်အဖြေစကားကြောင့် သားအမိသုံးယောက် ကြောင်ကာကြည့်နေခဲ့မိတော့သည်။
၀သုန်ပြာယာခတ်ကာ ထထွက်ခဲ့ပြီးဘယ်ကိုစပြီး ရှားရမှန်းမသိတော့၊ နောက်ဆုံးတော့ စိတ်ကစိုးရီမ်းပူပန်ကာ ကန်ကြီးဆီဘက်သို့ပြေးခဲ့ပါတော့သည်။ ကန်ကြီးဆီသို့အမောတကောနှင့်ရောက်လာသော ၀သုန်မည်သူကိုမှမတွေ့ရပါ၊ စိတ်ကစိုးရီမ်းပူပန်ကာသွားတော့သည်။ ထိုကြောင့်လဲ ကန်ကြီးကိုပတ်ကာ မင်းခရေလို့အော်ခေါ်နေမိပါတော့သည်။
“မင်းခရေ…မင်းခ…မင်းဘယ်မှာလဲ…မင်းဘယ်မှာလဲ…….မင်းခ…”
<<<<<<>>>>>>>>>>>>>>>>
“ကိုမိုးဘယ်လိုလုပ်မလဲ၊ ညည့်လည်းတော်တော်နက်နေပြီး မောင်လေး၀သုန်လည်းပြန်မလာသေးဘူး”
“ဟုတ်ပါ့ကွာ ဘယ်တွေသွားနေလဲမသိဘူး မိုးတွေကလည်းရွာနေပြီး”
၀သုန်ထွက်သွားပြီးမှ ချိုဆီကို မေမေတို့ဆီက ဖုန်းပြန်၀င်လာသည်။ မင်းခကို ကားဂိတ်တွင်တွေ့၍ပြန်ခေါ်လာပြီးဖြစ်သည့်အကြောင်းကို လက်ခံရရှိခဲ့သည်။ ခုတော့ မင်းခအတွက် စိတ်မပူရတော့ပဲ ၀သုန်အတွက်စိတ်တွေပူပန်နေရတော့သည်။ မိုးကလည်း ၀သုန်ထွက်သွားပြီးမကြာခင် ရွာချလိုက်သည်။ ထိုကြောင့် သူတို့တွေစိတ်ပူကာနေရပါတော့သည်။
“ဟင်ကြီးမေ ထီးကြီးနဲ့ဘယ်သွားမလို့လဲ”
“ဘယ်သွားရမှာလဲ သားငယ်ကိုသွားရှားမှဖြစ်မှာပေါ့”
“အာ…ကြီးမေရယ် ညကလဲမှောင်နေပြီး ကြီးမေမသွားနဲ့တော့ သားပဲသွားရှားလိုက်မယ်”
“မဖြစ်ဘူး…ငါ့သားလေး မိုးမိနေမယ်၊ ဒီကလေးဘယ်ကိုသွားနေလဲမသိဘူး”
“ကြီးမေရယ် စိတ်မပူပါနဲ့ ၀သုန်က ကလေးမဟုတ်တော့ဘူးလေ၊ ပြီးတော့ သူလည်းစဉ်းစားတတ်ပါတယ်၊ ကျနော်ပဲ သွားရှားလိုက်ပါ့မယ်”
လှလှတစ်ယောက် ပျော်ရွှင်တာတွေပင်ဘယ်ရောက်သွားသည်မသိတော့၊ ဒီသားငယ်ကြောင့်လှလှစိတ်တွေ မောလှပါပြီး။
၀သုန်ပြေးထွက်သွားလာသည်။ ရင်ထဲမှာပူလောင်နေသည်။ မည်သည့်နေရာကို လိုက်ရမည်မှန်းမသိတော့ မှောင်မည်းနေသည့် ပတ်၀န်ကျင်က ၀သုန်၏အမြင်အားရုံများကိုလွဲမှားစေခဲ့သည်။ ဝေး၀ါးစွာသာမြင်ရသော အမြင်များကို ဖယ်ရှားစေရန် ဆီးကျနေသည့်မျက်ရည်များကို လက်ဖမိုးနှင့် သုတ်ပစ်လိုက်သည်။ မင်းခကိုရှာရသည့် အချိန်သည် သူရင်ထဲမှာပူလောင်နေခဲ့သည်။ ရင်ကွဲအောင်ကို ခံစားရသည်။ ကန်ကြီးပတ်ကာ အခေါက်ခေါက် အခါးခါးဘယ်အကြိမ်မှန်မသိတော့ပဲ ပတ်နေမိတော့သည်။
“မင်းခ…မင်းဘယ်မှာလဲ….ထွက်လာခဲ့ပါ...မင်းကို…ကိုကြီးချစ်ပါတယ်…ထွက်လာခဲ့ပါတော့နော်”
နူတ်ကမင်းခရေလို့ အော်နေသည့် အသံများပင်ပျောက်နေသည်။ ခိုက်ခိုက်တုန်အောင်လည်းချမ်းနေသည့် သူခန္ဒာကိုယ်ကို မေ့လျော့နေသည်။ စိတ်ကဗျားများနေသည့် သူမှာတော့ ဘာမှမစဉ်းစားနိုင်အောင်ပါပင်။ ဒီတစ်ခါအသံထွက်ရန် မင်းခရေလို့အော်ရန်အားယူလိုက်တော့သည်။
“…”
ဟင်…..ငါအသံတွေမထွက်တော့ဘူး….ဘယ်လိုလုပ်ရမလည်း….ငါ…အသံမကြားရင် ….မင်းခထွက်လာမှာ မဟုတ်ဘူး…ဒုက္ခပါပဲ မင်းခကြားနိုင်အောင် အော်ရမယ်၊ ငါ့အသံထွက်မှဖြစ်မယ်။
“…...”
ဟင်….သူအားယူကာအော်လိုက်ပေမည့် အသံကထွက်မလာတော့၊ မိုးတွေကတအားသည်းကာ ပိုဆိုးလာသည်။ ဒီပုံစံအတိုင်းဆို မင်းခဘယ်လိုနေမည်နည်း။ မင်းခ…ဘယ်လိုဖြစ်နေမည်နည်း။ သူအသံမထွက်လို့မဖြစ်ချေဘူး၊ သူအသံထွက်မှ မင်းခကြားနိုင်မည်။
၀သုန်လေကို ၀၀ရှူလိုက်သည်။ ထိုနောက် ရှိသမျှအားကို အားကုန်ဆုကာ အော်လိုက်ပါတော့သည်။
“မင်း……ခ…..ရေ…..”.
“ညီလေး…၀သုန်…၀သုန်သတိထားလေ…ညီလေး…ညီလေး…သတိထားနော်”
“ဟင်…ကိုကို…..မင်းခရော…ကိုကို…မင်းခရော…ပြီးတော့ ကိုကိုဘယ်အချိန်ကရောက်နေတာလဲ…မင်းခကို တွေ့လားကိုကို…မင်းခကျနော်ကို စိတ်ပျက်ပြီးထွက်သွားတာ…မင်းခတစ်ခုခုဖြစ်ရင်..ကျနော်ရင်ကျိုးမှာ..”
“စိတ်ငြိမ်ငြိမ်ထားနော်….၀သုန်…မင်းခအတွက်ဘာမှမပူနဲ့..သူ့အိမ်ကိုပြန်ရောက်နေပြီး၊ မင်းခကညကတည်းက အိမ်ကိုပြန်ရောက်နေတာပါ၊ ခုညီလေးက ဆေးရုံးမှာ”
“ဗျာ..”
ထိုအခါမှ ၀သုန်ဘေးပတ်၀န်ကျင်ကို ကြည့်လိုက်တော့ ဆေးရုံးအဆောက်ဦးထဲတွင်သူရောက်ရှိနေသည်ကို သိရှိလိုက်တော့သည်။ သူလက်မှာလဲ ပိုက်တွေတန်းလန်းနှင့်ရှိနေပါသည်။ ကြီးမေကတော့ မျက်ရည်တွေသုတ်ကာ ငိုနေသည်။ မမချိုကတော့ ကြီးမေကို ထိန်းပေးထားသည်။ လေးပိုင်နှင့်လေးခိုင်ကတော့ သူ့အားစိုးရီမ်းစွာ ကြည့်နေကြပါသည်။ သူဘယ်လိုကနေပြီးဒီကိုရောက်နေသည်ကို နားပင်မလည်နိုင်တော့၊ သူသိသည်က မင်းခကို သူကန်ကြီးတွင်လိုက်ရှာနေသည်။ ဒါကိုပဲသူသိသည်။
“ကျနော်…ကျနော်..ဘယ်လိုဖြစ်ပြီး..
“အင်းမောနေမယ်…ညီလေးဘာမှမတွေးနဲ့တော့ ကိုကိုပြောပြမယ်ဟုတ်ပြီးလား…ညီလေးထွက်သွားပြီးမှ ကိုကိုနဲ့ချိုလည်းမြို့ထဲကို ကားနဲ့ထွက်ရှာခဲ့ကြတယ်၊ ဒီလိုရှာနေတုံးမှာပဲ မေမေဆီကဖုန်းလာပြီးတော့ မင်းခကို ကားဂိတ်မှာတွေ့လို့ပြန်ခေါ်သွားပြီးလို့ပြောတာနဲ့ကိုကိုတို့လည်း အိမ်ကိုပြန်လာတယ်၊ ညီလေးက သန်းခေါင်ယံတဲ့ ထိပြန်မလာသေးတော့ ကိုကိုလည်းပြန်ထွက်ရှာရတယ်လေ၊ ညီလေးကိုဘယ်မှာရှာရမှန်း မသိတာနဲ့ လေးခိုင်တို့အိမ်ဘက်ကိုသွားကြည့်တာ၊ လေးခိုင်ကကန်ကြီးဘက်မှာ ညီလေးနဲ့မင်းခတို့စကား ပြောခဲ့ကြတယ်ဆိုလို့ ကိုကိုတို့ ကန်ကြီးဘက်ကိုလိုက်လာကြတယ်၊ အဲ့ဒီမှာညီလေးက လဲနေတာကိုတွေ့လို့ ကိုကိုပဲဆေးရုံးတင်လိုက်တာညီလေးကို”
၀သုန်ဇာတ်ရည်လည်သွားတော့သည်။ သူမည်သည့်အချိန်တွင်မေ့လဲသွားသည်ကိုပင် မမှတ်မိတော့ပါ၊ ပြန်စဉ်းစားလို့လည်မရတော့၊ သို့ပေမယ့် မင်းခအိမ်ကိုပြန်ရောက်နေပြီးဆိုသည့် အသိက သူရင်ကိုအေးချမ်းသွားတော့သည်။
“ကဲညီလေးနားလိုက်အုံးနော်၊ ကြီးမေတို့ကို ကိုကိုအိမ်လိုက်ပို့လိုက်အုံးမယ်၊ ကြီးမေလည်းတမှေးမှအိပ်ရ သေးတာမဟုတ်ဘူး၊ ညကတည်းက ညီဘေးမှာစောင့်ကြည့်နေတာ”
“ကြီးမေရယ် သားကလေး ကြီးမေကိုဒုက္ခပေးဘို့ရှင်သန်နေတာလားဗျာ”
“အိုမဟုတ်တာသားရယ်၊ သားရယ်ဒီစကားတွေမပြောပါနဲ့တော့နော်၊ ကြီးမေအရင်ကပြောဆိုခဲ့တာတွေက သားကိုစိတ်ဆိုးတုန်းကခဏပြောခဲ့တာပဲကွယ်၊ အဲလိုတော့မဟုတ်ပါဘူးသားရယ်”
“ညီလေးရယ် ကြီးမေစိတ်မကောင်းဖြစ်အောင်ပြောမနေပါနဲ့တော့နော်”
“ကျနော် ကိုခွင့်လွှတ်ပါနော်”
“ကြီးမေကသားတို့အပေါ်အမြဲခွင့်လွှတ်ပြီးသားပါကွယ်”
အခြေအနေတွေက ရှုပ်ထွေးနေသည်။ ချိုချိုတစ်ယောက်စိတ်ညစ်ရပါသည်။ မောင်လေး နှစ်ယောက်လုံးကလဲ တစ်ချိန်တည်းမှာ နေမကောင်းကာ ဖျားနေကြပါတော့သည်။ ခုတော့ ကိုမိုးရော ချိုချိုရောမနားရတော့ တစ်ယောက်တလှည့်ဆီမောင်လေးနှစ်ယောက်ဆီကိုပြေးနေရပါတော့သည်။ ခုလဲချိုချိုအိမ်ကိုရောက်နေပါသည်။
“လုပ်ပါအုံးသမီးရယ် ညည်းမောင်ကဘာမှမစားဘူးဖြစ်နေတယ်၊ မေမေတော့စိတ်သာညစ်ပါတော့တယ်”
“မောင်လေးကြောင့်လည်းခက်ပါတယ်”
“ဟုတ်တယ် အဲ့ဒါဟိုမကောင်းဆိုးဝါးကြီးကြောင့်ဖြစ်ရတာ၊ ဒင်းကြောင့်ငါ့သားသမီးတွေ စိတ်ဆင်းရဲရတာ”
ဒေါ်မိမိနိုင်စိတ်များတိုမိပါတော့သည်။ ထိုမကောင်းဆိုးဝါးမရဲ့သားတွေကြောင့်လို့စိတ်ထဲမှာပေါ်လာခဲ့လျှင် ဒေါ်မိမိနိုင်ဒေါသများ ထိန်းလို့မရအောင်ဖြစ်နေရပါသည်။
“မင်းမတော်သေးဘူးလား”
“ဘာကိုကျုပ်ကတော်ရမှာတုံး”
ဦးမင်းခေါင် မနေနိုင်တော့ပဲ၀င်ပြောလိုက်တော့သည်။ သူသည် ဒေါ်မိမိနိုင်လုပ်နေသည့် အကြောင်းရာများ ကိစ္စများတွင် ဘာမှ၀င်စွက်ဖက်ခြင်းမရှိခဲ့ပါ၊ ဘုရားသမားပီပီ အေးအေးဆေးဆေးပဲနေခဲ့သည်။ သူ၏ဇနီးလုပ်ကိုင်နေသည်များကို ကောင်းသည်ဆိုးသည်ဟု ဘာမှ၀င်မပြောခဲ့ပါ၊ ယခုတော့ မပြောလို့မဖြစ်တော့ပါ။
“မကောင်းဆိုးဝါးလို့ပြောနေရတာက ငါ့အမြင်မှာတော့ မင်းသာမကောင်းဆိုးဝါးဖြစ်နေတာ”
“ဘာရှင့်….ရှင်ကဘာသိလို့ဘာတွေ၀င်ပြောနေတာလဲ ကိုယ့်ဖာသာကိုနေစမ်းပါရှင်၊ ဘယ်တုံးက မိသားစုအရေးကို စိတ်ပါပြီး ၀င်ပါဖူးလို့လဲ၊ ခုမှဘာမှမသိပဲ ကျမကိုအပြစ်တွေပြောနေရတာလဲ”
“မင်းလုပ်ပုံတွေမဟုတ်လို့ကွ၊ ခုချိန်ထိအမြင်မှန်မရနိုင်ဘူး၊ မင်းကိုကြည့်ရတာ ပူလောင်နေတာပဲ”
“အော် …ရှင်လိုတော့ ဘုရားတရားအေးအေးဆေးဆေးမလုပ်နိုင်ဘူးတော်ရေ၊ ကျုပ်မှာသားနဲ့ သမီးနဲ့ရှိသေးတယ်၊ ဒီသားတွေသမီးတွေအတွက်ပူပန်နေရတာ၊ ရှင်ကတော့ ဘာပူပန်မှု့မျုိုးမှမရှိတာ”
“မင်းကို ငါမပြောဘူးလို့ စဉ်းစားထားတာ၊ ခုတော့မင်းက မင်းသားတစ်ယောက်လုံးခံစားနေရတာတောင်မှ မောဟတွေကမပျောက်နိုင်သေးဘူး၊ အေးခုတော့ ပြောရတော့မှာပဲ၊ မင်းသားခုလိုဖြစ်တာဘယ်သူက အဲဒီမီးကိုမွှေးခဲ့တာလဲကွ၊ ဘယ်သူက မင်းသမီးခုလိုစိတ်ဆင်းရဲအောင်လုပ်နေတာလဲ၊ မင်းလုပ်ခဲ့တဲ့ အပြစ်တွေက မင်းနားလည်သဘောပေါက်ရဲ့လား၊ မင်းမှာစာနာစိတ်ရောရှိသေးရဲ့လား၊ ကဲပြောစမ်းပါအုံး၊ မင်းလိုပဲ သူတို့လည်းသူတို့မွေးထားတဲ့သားတွေကို ချစ်တာပဲ၊ ချစ်လွန်းလို့မင်းထက်တောင် ကိုယ်ကျိုးစွန့်ပြီး စောင့်ရှောက်ခဲ့ကြတာ၊ မင်းကသွားစော်ကားခဲ့တာကိုး၊ ခုတော့ မင်းအဲ့ဒီအပြစ်တွေမင်းခံစားရတာပဲ၊ စဉ်းစားကြည့်စမ်းပါ၊ ဘယ်သူကမကောင်းဆိုးဝါးလဲလို့၊ ကိုယ်တိုင်ရောမြင်သိရဲ့လား”
ဒေါ်မိမိနိုင် ဦးမင်းခေါင်ရဲ့စကားတွေကြောင့် တွေဝေသွားတော့သည်။ အကြောင်းရာကိစ္စများက သူမဖန်တီးခဲ့သည်တဲ့လား၊ ဒါဆိုရင်တော့ သူမကမကောင်းဆိုးဝါးမကြီးလား၊
By Jin Jar #TBC#

Jin Jar’s Books

<3  <3 စမ္းေရၾကည္ေပါက္  <3  <3
(Part 12)
ခိုင္ခိုင္တစ္ေယာက္ ဆိုင္ကိုေနာက္က်မွေရာက္လာေတာ့သည္။ ညကသူႏွင့္မမပိုင္ ေနာက္က်မွအိပ္ယာ၀င္ခဲ့ရသည္။ မနက္ေရာက္ေတာ့ မမပိုင္ကေခါင္းကိုက္သည္ဟုဆို၍ တစ္ေယာက္တည္း ဆိုင္ကိုလာခဲ့ရေတာ့သည္။ ဆိုင္ဖြင့္တာပင္ေနာက္က်ေနပါေတာ့သည္။
“ေလးခိုင္…”
“အမေလး ျမတ္စြာဘုရား မင္းခေလး ဘယ္လိုေရာက္လာတာလဲ”
“မိုးေပၚကက်လာတာမဟုတ္ပါဘူးေလးခိုင္ကလဲ ကားႀကီးနဲ႔လာေတာ့ေပါ့ဗ်”
ေလးခိုင္ ရင္ေတြပင္တုန္သြားသည္။ ညကမွလက္တေလာ ေအးသြားသည့္ျပႆနာ ခုေတာ့ မနက္ပိုင္းတြင္ ဆိုင္ေရ႔ွမွာ ငုတ္တုတ္ေရာက္ေနပါေတာ့သည္။
ခိုင္ခိုင္ဆိုင္ဖြင့္ရန္လုပ္တံုးက ေကာင္းေလးတစ္ေယာက္ ဦးထုတ္ကိုငိုက္စိုက္စြာေဆာင္းၿပီး ဆိုင္ေရ႔ွနားက ခုန္ေလးတြင္ထိုင္ေနတာကိုေတြ့ပါသည္။ မင္းခမွန္းေတာ့မသိပါ၊ သာမန္ေစ်းေရာင္းေစ်း၀ယ္ေတြပဲ မွတ္ေနခဲ့သည္။ ခုေတာ့ျဖင့္ ေရႊမင္းသားေလး မင္းချဖစ္ေနပါေတာ့သည္။
“ဘုရား ဘုရား”
“ေလးခိုင္ကလဲ ဘုရားႀကီးပဲတေနတယ္ လုပ္ေတာ့ က်ေနာ္နားခ်င္ေနၿပီး ဆိုင္ဖြင့္ေတာ့ဗ်၊ အျပင္ကပူတယ္”
“ေအာ္…ေအးေအး”
ဆိုင္ကိုအေလာသံုးဆယ္ဖြင့္လိုက္ေတာ့ ကိုယ္ေတာ္ေခ်ာက အထဲသို႔၀င္သြားၿပီး ဧည့္မ်ားလာရန္ထိုင္သၫ့္ေနရာတြင္ ေက်ာဆန္႔ကာ လွဲခ်လိုက္ေတာ့သည္။
“မင္းခ..တူေလး မင္းဒီကိုလာတာ မင္းအေမသိလား”
“သိမလားဗ်၊ အိမ္ကေနအျပင္ေတာင္မထြက္ရလို႔ ႀကိမ္းထားတာ၊ ခုေတာင္ခိုးထြက္လာတာ”
“ဟင္ သားကဒီကိုသားေမေမနဲ႔ပါလာတာလား”
“ဟာ…ေလးခိုင္ကလဲ မနက္အေစာႀကီးမန္းကေနထြက္လာတာ၊ ခုပဲေရာက္တယ္”
“ဟယ္ သားေမေမအိမ္ကိုဖုန္းဆက္ေမးရင္သိသြားမွာေပါ့၊ သားေမေမသိသြားရင္ေတာ့ မိုးမီးေလာင္ေတာ့မွာပဲ”
“ေလာင္ပါဘူးဗ်၊ က်ေနာ္အခန္းမွာ သီးခ်င္းဖြင့္ထားခဲ့တယ္ သီးခ်င္းသံၾကားရင္က်ေနာ္ရိွေနတယ္လို႔ မိမႈန္ကသိမွာပဲ၊ မိမႈန္ဆိုတာ ေမေမတူမေလ”
“ေအာ္….”
ခိုင္ခိုင္ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိေတာ့၊ ထိုင္လို႔လဲမရ၊ ထလို႔လဲမရ ဘာလုပ္ရမည္ကို စဉ္းစားလို႔မရေတာ့ပဲ အလိုလိုေနရင္း စိတ္ေတြကေမာလာေတာ့သည္။
“ေလးခိုင္”
“….”
မမပိုင္ကိုသြားေခၚရင္ေကာင္းမလား၊ ၀သုန္ကိုပဲေျပးေခၚရင္ေကာင္းမလား၊
“ေလးခိုင္”
“….”
သားႀကီးမိုးယံကိုပဲေျပးေခၚရင္ေကာင္းမလား
“ေလးခိုင္…”
“အမေလး ေသာက္ပလုတ္တုတ္”
မင္းခေခၚေနတာကို ေလးခိုင္ကျပန္မေျဖသျဖင့္ စိတ္မရွည္ေတာ့ပဲ အနားကပ္၍ေအာ္ေခၚလိုက္ျခင္းျဖစ္ပါသည္။
“ဘာလဲ ဘာျဖစ္လို႔လဲ..အမေလး …လန္႔လိုက္တာ မင္းခရယ္ အသားေအာ္ပါ၊ ေလးခိုင္ၾကားပါတယ္”
“ၾကားလို႔သားပဲ က်ေနာ္ေခၚေနတာ အခါ ၈သိန္းရိွေနၿပီး”
“ေအာ္….ဟုတ္လား…ဘာေျပာမလို႔လဲ”
“က်ေနာ္ကားစီးလာလို႔ မူးေနတာ၊ ခုေလးခိုင္က မထိုင္ပဲ ဟိုဘက္ေလ်ွာက္လိုက္ ဒီဘက္ေလ်ွာက္လိုက္နဲ႔ က်ေနာ္ေလးခိုင္ကိုၾကၫ့္ရတာ ပိုမူးလာတယ္၊ ထိုင္မွာျဖင့္ထိုင္ဗ်ာ၊ ဟိုမွာထိုင္လိုက္ ၿပီးျပန္ထလိုက္နဲ႔၊ ဒီမွာထိုင္လိုက္ ၿပီးျပန္ထသြားလိုက္နဲ႔၊ ဘာေတျြဖစ္ေနမွန္းကိုမသိဘူး”
“ဟယ္…ဟုတ္လား….အဲလိုႀကီး ျဖစ္သြားလား”
“ဟုတ္တယ္”
“အို….ရွက္လိုက္တာ…ရွက္လိုက္တာ …ငါကလဲ..ကေလးေရ႔ွမွာ မဟုတ္တာေတျြဖစ္သြားတယ္”
“ဗ်ာ”
“ေအာ္ စကားအျဖင့္ေျပာတာပါဟယ္ လန္႔မသြားပါနဲ႔”
“ေအာ္…အဟီး…ေလးခိုင္ကရီရတယ္ေနာ္”
ခိုင္ခိုင္မင္းခကို မ်က္ေစာင္းထိုးလိုက္ပါေသးသည္။
“သားမင္းခ ဒီမွာေနအံုး ခဏေလးပဲ ေလးခိုင္ မမပိုင္ကိုသြားေခၚအံုးမယ္၊ ဘယ္မွမသြားနဲ႔ေနာ္”
“ဟုတ္”
ခိုင္ခိုင္သည္ မမပိုင္ကို အႀကိဳးအေၾကာင္းလိုရင္းတိုရွင္းေျပာခဲ့ၿပီးေခၚခဲ့ေတာ့သည္။ မမပိုင္သည္လဲ ေခါင္းကိုက္ေနသည့္ေဝဒနာပင္ ဘယ္သို႔ေရာက္သြားသည္မသိေတာ့ေခ်။ ဆိုင္ကိုခ်က္ျခင္းႏွစ္ေယာက္သား ေျပးလာခဲ့ရပါေတာ့သည္။ ဆိုင္ေရာက္ေတာ့ အေကာင့္သားေလးက ေရပင္ခ်ိဳးၿပီးေနၿပီ ျဖစ္သည္။
“ေလးပိုင္က ေခ်ာလို႔လွလို႔ပဲ”
“အပိုေတြ..ကဲဘာစားမလဲ”
“မမပိုင္ လာရင္းကိစၥေလ”
“ေအာ္ဟုတ္သားပဲ…သားကလဲဘာျဖစ္လို႔လိုက္လာတာလဲ”
“ေမေမကိုစိတ္မခ်လို႔ေလ၊ ေမေမက ကိုႀကီးကို ဆူေနမွာစိုးလို႔၊ ခုေတာင္ ေလးခိုင္တို႔ေလးပိုင္တို႔ဆီ၀င္လာတာ၊ ကိုႀကီးကိုလည္းေတြ့ခ်င္တယ္၊ က်ေနာ္ကိုႀကီးကိုစိုးရီမ္းလို႔လိုက္လာတာ”
“အမေလး ေမာင္မင္းႀကီးသားရယ္ မန္းကိုပဲျပန္ပါေတာ့ ဒီမွာက ကမ႓ာစစ္ျဖစ္ေနတာ မၿပီးေသးဘူး လက္နက္ေတြလာၿပီးထက္မေရာင္းနဲ႔အံုး”
“အာေလးပိုင္ႀကီးကလဲ၊ ေလးခိုင္ကို ဘာမွေမးလို႔မရလို႔ ေလးပိုင္ကိုအားကိုးရမလားမွတ္တယ္ ေလးပိုင္က ပိုဆိုးေနတယ္၊ က်ေနာ္ကိုႀကီးကိုေတြ့ခ်င္တယ္”
“ဘယ္လို”
“အိုမျဖစ္ပါဘူး”
“အာ…ျဖစ္ပါတယ္”
“မျဖစ္ပါဘူး”
“ျဖစ္လိုက္ပါ”
“အိုဟယ္…မျဖစ္ဘူးဟယ္”
“ရဘူးဗ်ာ…ျဖစ္လိုက္ပါ”
“အို…ဟယ္…”
“လုပ္လိုက္ပါ..”
“အို…
ဒီတစ္ခါ “အို” ဆိုသည့္စကားေလးက ေလသံမ်ွပင္ထြက္လာေတာ့သည္။ ၾကၫ့္ေနသည့္ခိုင္ခိုင္စိတ္မရွည္ေတာ့။
“ေတာ္ၾကေတာ့….တကယ္တည္းမေျပာလိုက္ခ်င္ဘူး…မမပိုင္ေနာ္…မမပိုင္…ဟင္းဟင္း…”
“ရဘူးဗ်ာ…ကိုႀကီးကိုေပးမေတြ့ရင္ က်ေနာ္ဆိုင္မွာေသာင္းက်န္းမွာေနာ္၊ ၿပီးမွက်ေနာ္အဆိုး မဆိုနဲ႔”
“ဟယ္ေတာ့…”
“ငါေနာ္…ေသသာေသလိုက္ခ်င္ေတာ့တယ္…တကယ္ပါပဲဟယ္”
“လုပ္ပါ က်ေနာ္ကိုသနားၾကပါအံုး က်ေနာ္ကိုႀကီးကိုအရမ္းခ်စ္တယ္ ကူညီၾကမယ္မဟုတ္လား ဟင္၊ ေနာ္ေလးပိုင္…ေနာ္ေနာ္…ေလးခိုင္ရယ္ေျပာပါအံုး”
“အမေလးဟဲ့ ကဲပါ..ဒီမွာပဲေနခဲ့ ေလးပိုင္ၾကၫ့္ေခၚခဲ့မယ္”
“ေဟး…ဒါမွတို႔ေလးပိုင္ကြ”
မင္းခေတာ့ကေလးတစ္ေယာက္လိုခုန္ေပါက္ကာ ေပ်ာ္ျမဴးေနေတာ့သည္။
“ခိုင္ခိုင္”
“ရွင္မမပိုင္”
“ဆိုင္ကိုေတာ့ ေခၚေတြ့လို႔ျဖစ္ဘူး၊ ဒီေတာ့က ၿမိဳ႔ထိပ္က ေရကန္ကိုမင္းခေလးကိုေခၚသြားလိုက္ မမပိုင္ ၀သုန္ကိုလႊတ္လိုက္မယ္”
“ဟုတ္မမပိုင္ ခိုင္ၾကၫ့္ၿပီးလုပ္လိုက္မယ္”
မမပိုင္ခိုင္ခိုင္ကိုမ်က္ေစာင္းထိုးလိုက္ပါေသးသည္။ မင္းခကေတာ့ ခိုင္ခိုင္ေခၚေဆာင္ရာ ၿမိဳ႔ထိပ္ကကန္ႀကီးဆီသို႔သြားခဲ့ပါေတာ့သည္။
မမပိုင္သည္ လွလွတို႔အိမ္ေရာက္ေတာ့ လူကကုတ္ေခ်ာင္းကုတ္ေခ်ာင္းျဖင့္ အလစ္ေခ်ာင္းေနရေသးသည္။ လွလွကိုအလာပ သလာပေျပာၿပီး ၿခံထဲေရာက္ေနသည့္ ၀သုန္အနားေျပးကပ္ကာ။
“မင္းခ ၿမိဳ႔ျပင္က ကန္မွာေရာက္ေနတယ္ သြားေတြ့လိုက္ ျမန္ျမန္”
“ဟင္”
ေလးပိုင္ေျပာခ်င္ရာေျပာၿပီးအိမ္ေပၚေျပးတက္သြားကာ လွလွအနားသြားကပ္ေနလိုက္သည္။ ၀သုန္ကို အိမ္ေပၚကေနၿပီး ခိုးေၾကာင္ခိုးဝွက္ျဖင့္ အမူယာလုပ္ကာ သြားရန္ျပေနသည္။
“မမပိုင္”
“ဟင္….ဘာတံုး…ဘာေျပာလိုက္တာလဲ”
“ဘာမွမေျပာရေသးဘူး မမပိုင္ၾကၫ့္ရတာ တစ္ခုခုျဖစ္ေနသလိုပဲ၊ ဘာျဖစ္ေနတာလဲ မ်က္နာကလဲ မဲ့ရဲြ႔ေနတာ လွလွဆီၾလာ့ပီးေတာ့”
“အဲ…ဘာမွဟုတ္ပါဘူးဟယ္ ႏူတ္ခမ္းေတြေညာင္းေနလို႔ အဲ့ဒါ”
“ဟယ္ေတာ့”
“အဲ”
“ဟယ္မဟုတ္တာမေတြးနဲ႔ ဘာမျွဖစ္ဘူး ငါမ်က္နာကို ေလ့က်င့္ခန္းလုပ္ေနတာ တကယ္တယ္ေတာ္”
“ေအာ္ ဂလိုလား..ထားပါေတာ့ေလ၊ ဒါနဲ႔ဆိုင္ကိုမသြားဘူးလား”
“အင္း…သြားမယ္ ခုပဲသြားေတာ့မယ္”
“အမေလး မမပိုင္ရယ္ ေျပာမွထသြားေတာ့တယ္ ဘာေတျြဖစ္ေနမွန္ကိုမသိေတာ့ဘူး”
မမပိုင္ထြက္သြားသည္ႏွင့္ လွလွတစ္ေယာက္ဇေဝဇဝါျဖစ္ကာ က်န္ခဲ့ေတာ့သည္။
၀သုန္သည္လဲ ေလးပိုင္ေျပာလိုက္သၫ့္စကားေၾကာင့္ စိုးရီမ္ကာ အိမ္မွထြက္ခဲ့လိုက္ေတာ့သည္။ ၿမိဳ႔ျပင္က ကန္ႀကီးဆီကိုေရာက္ေတာ့၊ ေလးခိုင္ႏွင့္ မင္းခကိုေတြ့လိုက္ရသည္။ မင္းခကေတာ့ ေပ်ာ္ရႊင္သြားသည့္ မ်က္နာက ဟန္မေဆာင္ႏိုင္စြာ သိသာလြန္ပါသည္။ ေလးခိုင္ကေတာ့ မင္းခႏွင့္ ၀သုန္ကိုထားခဲ့ကာ ဆိုင္သို႔ျပန္လာခဲ့ေတာ့သည္။ ၀သုန္အနားေရာက္ေတာ့ ေလးခိုင္ မင္းခမၾကားေစရန္အတြက္ ေလသံတိုးေလးျဖင့္ ေျပာသြားလိုက္သည္။
“၀သုန္…စိတ္လိုက္မန္ပါမလုပ္နဲ႔ေနာ္ မင္းခေလးသနားပါတယ္”
“ဟုတ္ေလးခိုင္”
ေလၫွင္းကေလးေတြက တေသာေသာတိုက္ေနပါသည္။ လူငယ္ႏွစ္ေယာက္ ရပ္ကာစကားေျပာေနပါသည္။ တစ္ေယာက္ေသာသူကေတာ့ တစ္ျခားတစ္ဖက္ကို လွည့္ကာရပ္လ်ွက္ ေနသည္။ တစ္ေယာက္ေသာသူကေတာ့ ထိုလူရြယ္၏ေနာက္ေက်ာကိုေငးကာ ေနသည္။
“ဗ်ာ..”
၀သုန္မင္းခကို အႀကိဳးအေၾကာင္းရွင္းျပလိုက္ေတာ့သည္။ မင္းခကေတာ့ မ်က္ရည္မ်ားျဖင့္ နားဆင္ေနသည္။ ၀သုန္စကားဆံုးေတာ့ မင္းချပန္စဉ္းစားမိသည္။ ေမေမသည္ မမ မဂၤလာေဆာင္ၿပီးေတာ့ အိမ္တစ္အိမ္ကိုသြားကာ ေသာင္းက်န္ခဲ့သည္။ ထိုအခ်ိန္တံုးကမင္းခလည္းပါလာခဲ့သည္။ ထိုေၾကာင့္ ႀကီးေမတို႔အိမ္ကို ျမင္ဖူးသည္ထင္ခဲ့သည္။ ခုေတာ့ အေၾကာင္းမ်ားကို ျပန္စဉ္းစားလိုက္ေတာ့ မင္းခစိတ္ထဲ မေက်နပ္ေတာ့၊ မင္းခေတာ္ေတာ္ခံစားရပါသည္။ ယခုေတာ့ သူသည္ေျမစားပင္ျဖစ္လို႔ေနပါေတာ့သည္။
“က်ေနာ္က ငါးစားျဖင့္ခဲ့တာေပါ့၊ ကိုႀကီးက က်ေနာ္ကို အကြက္ခ်ၿပီးလုပ္ခဲ့တာေပါ့၊ တကယ္လဲမခ်စ္ဘူးေပါ့ေနာ္၊ ၿပီးေတာ့ မွက်ေနာ္အသဲကို အစိမ္းလိုက္ခဲြၿပီးလက္စားေခ်လိုက္တာေပါ့”
“….”
“ေျပာပါအံုးဗ် ဒီပါးစပ္ႀကီးက ဘာလို႔ခုမွပိတ္ေနတာလဲ၊ လုပ္ၾကေပါ့ ခင္မ်ားႀကီး ယုတ္မာၿပီးေတာ့ က်ေနာ္အခ်စ္ကို ညာသြားတယ္၊ ခင္မ်ားႀကီးက ဘီးလူးႀကီးပဲ၊ ခင္မ်ားႀကီးမို႔လုပ္ရက္တယ္ဗ်ာ၊ က်ေနာ္က ခင္မ်ားလက္စားေခ် ဘို႔အတြက္ က်ေနာ္အခ်စ္ေတြကိုေပးဆပ္ခဲ့ရတာ၊ ခင္မ်ားႀကီး ေတာ္ေတာ္မတရားပါလားဗ်”
မင္းခသည္ စိတ္မ်ားလြတ္ထြက္သြားကာ ၀သုန္ကု ထုရိုက္မိေနပါေတာ့သည္။
“ဟုတ္တယ္ ငါကလူယုတ္မာႀကီး၊ မင္းအတြက္ကေတာ့ ငါကလူဆိုးႀကီး မေကာင္းဆိုးဝါးႀကီးပဲ၊ မင္းမုန္းလိုက္ေတာ့ မင္းအတြက္ ကိုကတစ္စက္မွမေကာင္းတဲ့သူ”
“ကိုႀကီး….
မင္းခ ၀သုန္ကို တြန္းထုတ္လိုက္သည္။
“ကိုႀကီးက်ေနာ္ကို ခ်စ္ဖို႔အမိန္႔မေပးႏိုင္သလို၊ က်ေနာ္ကိုမုန္းဖို႔လဲ ေပးလို႔မရဘူး”
“….”
“မရဘူး…က်ေနာ္ကိုႀကီးကို ဘယ္လိုမွမုန္းေမ့လို႔မရဘူး၊ က်ေနာ္ကို သနားပါအံုးဗ်ာေနာ္၊ က်ေနာ္ကိုေတာ့ မခ်စ္ဘူးလို႔ေတာ့ မေျပာပါနဲ႔ေနာ္”
“ဟုတ္တယ္ မင္းကိုငါမခ်စ္ဘူး၊ တမင္သက္သက္ဒီအခ်စ္ကိုဖန္တီးခဲ့တာ”
“ကိုႀကီးမတရားဘူးဗ်ာ၊ က်ေနာ္ကိုေတာ့ ငါးစားခ်ၿပီးထားလိုက္တယ္၊ ကိုႀကီးကေတာ့ ရတဲ့ငါးကို ၿမိန္ေရခ်က္ေရ စားႏိုင္တယ္၊ က်ေနာ္ကေတာ့ ငါးရဲ့အစားအျဖင့္ေသေပးခဲ့ရတယ္”
“အဲလိုေတာ့မေျပာပါနဲ႔ကြာ”
“မေျပာလို႔ရမလားဗ်၊ က်ေနာ္အခ်စ္ကခင္မ်ားႀကီးေၾကာင့္ေသသြားၿပီး၊ က်ေနာ္ကဘယ္လိုေနရမွာလဲဗ်”
“…..”
“ေျပာပါအံုး….ခင္မ်ားႀကီးကခုေတာ့ ဘာမွမေျပာေတာ့ဘူးလား၊ က်ေနာ္ကေတာ့ဗ်ာ ခ်စ္လိုက္ရတာ”
“ဟုတ္တယ္ ငါကမင္းခ်စ္ဖို႔မသင့္ေတာ္တဲ့သူ မင္းမုန္းလိုက္ေတာ့”
“ရမလားဗ်…..”
မင္းခမ်က္ရည္မ်ားျဖင့္ ၀သုန္ေနာက္ေက်ာကို ၾကည့္ကာ စိတ္မ်ားပ်က္ေနမိပါေတာ့သည္။
“က်ေနာ္ကေတာ့ ခင္မ်ားႀကီးကိုခ်စ္လြန္းလို႔ ခင္မ်ားအတြက္စိတ္ပူၿပီးလိုက္လာရတာ၊ ခင္မ်ားႀကီးကို ခ်စ္လြန္းလို႔ဗ် သိရဲ့လား၊ ခုေတာ့ ခင္မ်ားႀကီးကလြယ္လြယ္ေလးေျပာလိုက္တယ္၊ မုန္းလိုက္ေတာ့တဲ့”
“…..”
“တစ္ခုေလာက္ေတာ့ေမးခ်င္ပါရဲ့”
“…”
“ခင္မ်ားႀကီး က်ေနာ္ကိုခ်စ္ခဲ့တာက ဟန္ေဆာင္ခဲ့တာပါလို႔ေျပာခဲ့တယ္ေနာ္၊ ဒါဆိုက်ေနာ္ဘက္ကို လွည့္ၾကၫ့္ၿပီးေျပာစမ္းပါ၊ ခင္မ်ားမ်က္နာကိုၾကၫ့္ခ်င္လြန္းလို႔ လွည့္ၾကၫ့္လိုက္စမ္းပါ၊ ဒီဘက္ကို ၾကၫ့္ၿပီးေျပာပါဗ်၊ ခင္းမ်ားႀကီး က်ေနာ္ကို မခ်စ္ဘူးလို႔ က်ေနာ္ကိုၾကၫ့္ၿပီးေျပာလိုက္ေလ၊ ခုေျပာ”
“……”
မင္းခေအာ္ေျပာေနေပမယ့္ ၀သုန္ကေတာ့ မလႈပ္၊ လွည့္လဲမၾကၫ့္ပါ၊ ထိုေၾကာင့္မင္းခေနာက္ကို လွမ္းဆဲြကာ သူ႔ဘက္ကိုလွည့္ကာ ၾကည့္ေစသည္။
“ကိုႀကီး…………”
“……”
“ကိုႀကီးလဲက်ေနာ္ကို ခ်စ္ခဲ့တယ္မဟုတ္လားဟင္၊ ကိုႀကီးက်ေနာ္ကို ခ်စ္ခဲ့တယ္မဟုတ္လား”
“မခ်စ္ခဲ့ဘူး၊ ငါလိမ္ခဲ့တာ”
“မယံုဘူး၊ က်ေနာ္ႏွလံုးသားက ယံုလို႔မရဘူး မခ်စ္ဘူးဆိုတာကို၊ ကိုႀကီးက်ေနာ္ကိုခ်စ္ေနတယ္မဟုတ္လား”
“မခ်စ္ဘူးကြ၊ မခ်စ္ဘူး၊…ကဲ..ငါအခုလွည့္ၿပီး ေျပာလိုက္ၿပီး၊ မင္းေက်နပ္ၿပီးလား၊ မင္း…ဘာေျပာခ်င္ေသးလဲ”
“ဟင္”
၀သုန္စိတ္လိုက္မာန္ပါလွည့္ကာ ေျပာလိုက္ေသာေၾကာင့္ မင္းခမွင္သက္သြားပါေတာ့သည္။ မင္းခရင္ထဲေျဗာင္ဆန္သြားေတာ့သည္။ ေျခလွမ္းမ်ားလဲ ေနာက္သို႔ဆုတ္လိုက္မိေတာ့သည္။ ေနာက္ဆံုးေတာ့ မင္းခႏူတ္ခမ္းကို ျပတ္လုမတက္ကိုက္ကာ ၀သုန္ကိုခပ္စိမ္းစိမ္းစိုက္ၾကၫ့္ၿပီးေနာက္ ၀သုန္ကိုေက်ာခိုင္းကာ ထြက္သြားပါေတာ့သည္။
ကိုႀကီးကို မုန္းလိုက္ပါမင္းခရယ္ မင္းခကိုေတာ့ အားနာမိပါတယ္၊ ကိုႀကီးမေကာင္းတဲ့သူပါ၊ ကိုႀကီးမင္းခအေပၚမွာလြန္သြားတဲ့ အေၾကာင္းမ်ားကို ကိုႀကီးေတာင္ပန္ပါတယ္၊ ဒါေပမယ့္ေလ ကိုႀကီးေနာင္တာမရဘူးသိလား၊ ကိုႀကီးရဲ့ခ်စ္လွစြာေသာ ႀကီးေမကို ေစာ္ကားလိုက္တဲ့ ေဒၚမိမိႏိုင္ဆိုတဲ့ မင္းခအေမကို လက္တုန္႔ျပန္လိုက္ရလို႔ပါပဲ၊ ၿပီးေတာ့ မင္းခဘဝေလးကို ကိုႀကီးေၾကာင္မနစ္မြန္းေစခ်င္ဘူး၊ ဒါကေတာ့ ကိုႀကီးစိတ္ရင္းအမွန္ပါပဲ၊ ကိုႀကီးမင္းခကို ျဖဴစင္စြာခ်စ္ခြင့္ရခဲ့လို႔လည္း မင္းခကိုေက်းဇူးတင္ပါတယ္၊ မင္းခကိုေလ ဟိုးအျမင့္မွာပ်ံသန္းေနတဲ့ ဘဝေလးကိုပဲ ျမင္ခ်င္ခဲ့တာပါ။ မင္းခညီေလးေရ ဟိုးအျမင့္ကိုပ်ံလိုက္ပါ၊ မင္းခရယ္….
ညေနဘက္တြင္ေတာ့ အိမ္တြင္လူစံုေနၾကသည္။ လွလွတို႔အိမ္ေလးစိုေျပေနပါေတာ့သည္။ လွလွေနခ်င္ခဲ့ေသာ မိသားစုေလးကို ပိုင္ဆိုင္ေနရပါေတာ့သည္။ လွလွလူတစ္ေယာက္ကိုေတာ့ ေမ့ေလ်ာ့ေနခဲ့ပါသည္။ ထိုသူကေတာ့ မင္းခပင္ျဖစ္ပါသည္။
တီတီတီ
ခ်ိဳခ်ိဳ၏ဖုန္းျမည္သံေၾကာင့္ ဖုန္းကိုကိုင္လိုက္ပါသည္။
“ဟယ္လို….ရွင္…ေမေမရယ္ဟုတ္လို႔လား…ဒီကိုလဲမလာဘူး….ဒါဆိုဘယ္လိုလုပ္မွာလဲ…ဒုကၡပါပဲေမေမ…ဟုတ္ကဲ့ေမေမ…သမီးတို႔လဲလိုက္ရွာလိုက္အံုးမယ္…ဟုတ္ကဲ့”
ခ်ိဳခ်ိဳမ်က္နာပ်က္ယြင္းစြာ ျဖစ္သြားသည္ကို ၾကၫ့္ရင္လွလွစိတ္ပူေနမိသည္။
“ကိုမိုး”
“ခ်ိဳေမေမကဘာတဲ့လဲ”
“ေမာင္ေလး မင္းခအိမ္ကထြက္သြားတယ္တဲ့ ဘယ္ကိုေရာက္ေနလဲမသိဘူး”
အားလံုးရဲ့အၾကၫ့္မ်ားက ၀သုန္ဆီကိုေရာက္သြားေတာ့သည္။ ၀သုန္လည္းစဉ္းစားရက်ပ္သြားသည္။ သူႏွင့္မင္းခလမ္းခဲြခဲ့သည္က ေန့လည္ကတည္းက၊ ေလးခိုင္တို႔ဆိုင္ကိုလည္းသူသြားခဲ့သည္။ ဆိုင္မွသူ ျပန္လာေတာ့ ညေနပင္ေစာင္းေနၿပီး၊ ထိုအခ်ိန္ထိ မင္းခကိုသူမေတြ့ခဲ့ပါ၊ ခုညပင္ေရာက္ေနၿပီး။
၀သုန္ဘာမွစဉ္းစားမေနေတာ့ပဲ ထထြက္ခဲ့ေတာ့သည္။
“ေဟ့ညီေလး ဘယ္သြားမလို႔လဲ”
“မင္းခကိုသြားရွားမလို႔”
၀သုန္အေျဖစကားေၾကာင့္ သားအမိသံုးေယာက္ ေၾကာင္ကာၾကၫ့္ေနခဲ့မိေတာ့သည္။
၀သုန္ျပာယာခတ္ကာ ထထြက္ခဲ့ၿပီးဘယ္ကိုစၿပီး ရွားရမွန္းမသိေတာ့၊ ေနာက္ဆံုးေတာ့ စိတ္ကစိုးရီမ္းပူပန္ကာ ကန္ႀကီးဆီဘက္သို႔ေျပးခဲ့ပါေတာ့သည္။ ကန္ႀကီးဆီသို႔အေမာတေကာႏွင့္ေရာက္လာေသာ ၀သုန္မည္သူကိုမွမေတြ့ရပါ၊ စိတ္ကစိုးရီမ္းပူပန္ကာသြားေတာ့သည္။ ထိုေၾကာင့္လဲ ကန္ႀကီးကိုပတ္ကာ မင္းခေရလို႔ေအာ္ေခၚေနမိပါေတာ့သည္။
“မင္းခေရ…မင္းခ…မင္းဘယ္မွာလဲ…မင္းဘယ္မွာလဲ…….မင္းခ…”
<<<<<<>>>>>>>>>>>>>>>>
“ကိုမိုးဘယ္လိုလုပ္မလဲ၊ ညည့္လည္းေတာ္ေတာ္နက္ေနၿပီး ေမာင္ေလး၀သုန္လည္းျပန္မလာေသးဘူး”
“ဟုတ္ပါ့ကြာ ဘယ္ေတြသြားေနလဲမသိဘူး မိုးေတြကလည္းရြာေနၿပီး”
၀သုန္ထြက္သြားၿပီးမွ ခ်ိဳဆီကို ေမေမတို႔ဆီက ဖုန္းျပန္၀င္လာသည္။ မင္းခကို ကားဂိတ္တြင္ေတြ့၍ျပန္ေခၚလာၿပီးျဖစ္သည့္အေၾကာင္းကို လက္ခံရရိွခဲ့သည္။ ခုေတာ့ မင္းခအတြက္ စိတ္မပူရေတာ့ပဲ ၀သုန္အတြက္စိတ္ေတြပူပန္ေနရေတာ့သည္။ မိုးကလည္း ၀သုန္ထြက္သြားၿပီးမၾကာခင္ ရြာခ်လိုက္သည္။ ထိုေၾကာင့္ သူတို႔ေတြစိတ္ပူကာေနရပါေတာ့သည္။
“ဟင္ႀကီးေမ ထီးႀကီးနဲ႔ဘယ္သြားမလို႔လဲ”
“ဘယ္သြားရမွာလဲ သားငယ္ကိုသြားရွားမျွဖစ္မွာေပါ့”
“အာ…ႀကီးေမရယ္ ညကလဲေမွာင္ေနၿပီး ႀကီးေမမသြားနဲ႔ေတာ့ သားပဲသြားရွားလိုက္မယ္”
“မျဖစ္ဘူး…ငါ့သားေလး မိုးမိေနမယ္၊ ဒီကေလးဘယ္ကိုသြားေနလဲမသိဘူး”
“ႀကီးေမရယ္ စိတ္မပူပါနဲ႔ ၀သုန္က ကေလးမဟုတ္ေတာ့ဘူးေလ၊ ၿပီးေတာ့ သူလည္းစဉ္းစားတတ္ပါတယ္၊ က်ေနာ္ပဲ သြားရွားလိုက္ပါ့မယ္”
လွလွတစ္ေယာက္ ေပ်ာ္ရႊင္တာေတြပင္ဘယ္ေရာက္သြားသည္မသိေတာ့၊ ဒီသားငယ္ေၾကာင့္လွလွစိတ္ေတြ ေမာလွပါၿပီး။
၀သုန္ေျပးထြက္သြားလာသည္။ ရင္ထဲမွာပူေလာင္ေနသည္။ မည္သည့္ေနရာကို လိုက္ရမည္မွန္းမသိေတာ့ ေမွာင္မည္းေနသည့္ ပတ္၀န္က်င္က ၀သုန္၏အျမင္အားရံုမ်ားကိုလဲြမွားေစခဲ့သည္။ ေဝးဝါးစြာသာျမင္ရေသာ အျမင္မ်ားကို ဖယ္ရွားေစရန္ ဆီးက်ေနသည့္မ်က္ရည္မ်ားကို လက္ဖမိုးႏွင့္ သုတ္ပစ္လိုက္သည္။ မင္းခကိုရွာရသည့္ အခ်ိန္သည္ သူရင္ထဲမွာပူေလာင္ေနခဲ့သည္။ ရင္ကဲြေအာင္ကို ခံစားရသည္။ ကန္ႀကီးပတ္ကာ အေခါက္ေခါက္ အခါးခါးဘယ္အႀကိမ္မွန္မသိေတာ့ပဲ ပတ္ေနမိေတာ့သည္။
“မင္းခ…မင္းဘယ္မွာလဲ….ထြက္လာခဲ့ပါ...မင္းကို…ကိုႀကီးခ်စ္ပါတယ္…ထြက္လာခဲ့ပါေတာ့ေနာ္”
ႏူတ္ကမင္းခေရလို႔ ေအာ္ေနသည့္ အသံမ်ားပင္ေပ်ာက္ေနသည္။ ခိုက္ခိုက္တုန္ေအာင္လည္းခ်မ္းေနသည့္ သူခႏၵာကိုယ္ကို ေမ့ေလ်ာ့ေနသည္။ စိတ္ကဗ်ားမ်ားေနသည့္ သူမွာေတာ့ ဘာမွမစဉ္းစားႏိုင္ေအာင္ပါပင္။ ဒီတစ္ခါအသံထြက္ရန္ မင္းခေရလို႔ေအာ္ရန္အားယူလိုက္ေတာ့သည္။
“…”
ဟင္…..ငါအသံေတြမထြက္ေတာ့ဘူး….ဘယ္လိုလုပ္ရမလည္း….ငါ…အသံမၾကားရင္ ….မင္းခထြက္လာမွာ မဟုတ္ဘူး…ဒုကၡပါပဲ မင္းခၾကားႏိုင္ေအာင္ ေအာ္ရမယ္၊ ငါ့အသံထြက္မျွဖစ္မယ္။
“…...”
ဟင္….သူအားယူကာေအာ္လိုက္ေပမည့္ အသံကထြက္မလာေတာ့၊ မိုးေတြကတအားသည္းကာ ပိုဆိုးလာသည္။ ဒီပံုစံအတိုင္းဆို မင္းခဘယ္လိုေနမည္နည္း။ မင္းခ…ဘယ္လိုျဖစ္ေနမည္နည္း။ သူအသံမထြက္လို႔မျဖစ္ေခ်ဘူး၊ သူအသံထြက္မွ မင္းခၾကားႏိုင္မည္။
၀သုန္ေလကို ၀၀ရႉလိုက္သည္။ ထိုေနာက္ ရိွသမ်ွအားကို အားကုန္ဆုကာ ေအာ္လိုက္ပါေတာ့သည္။
“မင္း……ခ…..ေရ…..”.
“ညီေလး…၀သုန္…၀သုန္သတိထားေလ…ညီေလး…ညီေလး…သတိထားေနာ္”
“ဟင္…ကိုကို…..မင္းခေရာ…ကိုကို…မင္းခေရာ…ၿပီးေတာ့ ကိုကိုဘယ္အခ်ိန္ကေရာက္ေနတာလဲ…မင္းခကို ေတြ့လားကိုကို…မင္းခက်ေနာ္ကို စိတ္ပ်က္ၿပီးထြက္သြားတာ…မင္းခတစ္ခုခုျဖစ္ရင္..က်ေနာ္ရင္က်ိဳးမွာ..”
“စိတ္ၿငိမ္ၿငိမ္ထားေနာ္….၀သုန္…မင္းခအတြက္ဘာမွမပူနဲ႔..သူ႔အိမ္ကိုျပန္ေရာက္ေနၿပီး၊ မင္းခကညကတည္းက အိမ္ကိုျပန္ေရာက္ေနတာပါ၊ ခုညီေလးက ေဆးရံုးမွာ”
“ဗ်ာ..”
ထိုအခါမွ ၀သုန္ေဘးပတ္၀န္က်င္ကို ၾကၫ့္လိုက္ေတာ့ ေဆးရံုးအေဆာက္ဦးထဲတြင္သူေရာက္ရိွေနသည္ကို သိရိွလိုက္ေတာ့သည္။ သူလက္မွာလဲ ပိုက္ေတြတန္းလန္းႏွင့္ရိွေနပါသည္။ ႀကီးေမကေတာ့ မ်က္ရည္ေတြသုတ္ကာ ငိုေနသည္။ မမခ်ိဳကေတာ့ ႀကီးေမကို ထိန္းေပးထားသည္။ ေလးပိုင္ႏွင့္ေလးခိုင္ကေတာ့ သူ႔အားစိုးရီမ္းစြာ ၾကၫ့္ေနၾကပါသည္။ သူဘယ္လိုကေနၿပီးဒီကိုေရာက္ေနသည္ကို နားပင္မလည္ႏိုင္ေတာ့၊ သူသိသည္က မင္းခကို သူကန္ႀကီးတြင္လိုက္ရွာေနသည္။ ဒါကိုပဲသူသိသည္။
“က်ေနာ္…က်ေနာ္..ဘယ္လိုျဖစ္ၿပီး..
“အင္းေမာေနမယ္…ညီေလးဘာမွမေတြးနဲ႔ေတာ့ ကိုကိုေျပာျပမယ္ဟုတ္ၿပီးလား…ညီေလးထြက္သြားၿပီးမွ ကိုကိုနဲ႔ခ်ိဳလည္းၿမိဳ႔ထဲကို ကားနဲ႔ထြက္ရွာခဲ့ၾကတယ္၊ ဒီလိုရွာေနတံုးမွာပဲ ေမေမဆီကဖုန္းလာၿပီးေတာ့ မင္းခကို ကားဂိတ္မွာေတြ့လို႔ျပန္ေခၚသြားၿပီးလို႔ေျပာတာနဲ႔ကိုကိုတို႔လည္း အိမ္ကိုျပန္လာတယ္၊ ညီေလးက သန္းေခါင္ယံတဲ့ ထိျပန္မလာေသးေတာ့ ကိုကိုလည္းျပန္ထြက္ရွာရတယ္ေလ၊ ညီေလးကိုဘယ္မွာရွာရမွန္း မသိတာနဲ႔ ေလးခိုင္တို႔အိမ္ဘက္ကိုသြားၾကၫ့္တာ၊ ေလးခိုင္ကကန္ႀကီးဘက္မွာ ညီေလးနဲ႔မင္းခတို႔စကား ေျပာခဲ့ၾကတယ္ဆိုလို႔ ကိုကိုတို႔ ကန္ႀကီးဘက္ကိုလိုက္လာၾကတယ္၊ အဲ့ဒီမွာညီေလးက လဲေနတာကိုေတြ့လို႔ ကိုကိုပဲေဆးရံုးတင္လိုက္တာညီေလးကို”
၀သုန္ဇာတ္ရည္လည္သြားေတာ့သည္။ သူမည္သည့္အခ်ိန္တြင္ေမ့လဲသြားသည္ကိုပင္ မမွတ္မိေတာ့ပါ၊ ျပန္စဉ္းစားလို႔လည္မရေတာ့၊ သို႔ေပမယ့္ မင္းခအိမ္ကိုျပန္ေရာက္ေနၿပီးဆိုသည့္ အသိက သူရင္ကိုေအးခ်မ္းသြားေတာ့သည္။
“ကဲညီေလးနားလိုက္အံုးေနာ္၊ ႀကီးေမတို႔ကို ကိုကိုအိမ္လိုက္ပို႔လိုက္အံုးမယ္၊ ႀကီးေမလည္းတေမွးမွအိပ္ရ ေသးတာမဟုတ္ဘူး၊ ညကတည္းက ညီေဘးမွာေစာင့္ၾကၫ့္ေနတာ”
“ႀကီးေမရယ္ သားကေလး ႀကီးေမကိုဒုကၡေပးဘို႔ရွင္သန္ေနတာလားဗ်ာ”
“အိုမဟုတ္တာသားရယ္၊ သားရယ္ဒီစကားေတြမေျပာပါနဲ႔ေတာ့ေနာ္၊ ႀကီးေမအရင္ကေျပာဆိုခဲ့တာေတြက သားကိုစိတ္ဆိုးတုန္းကခဏေျပာခဲ့တာပဲကြယ္၊ အဲလိုေတာ့မဟုတ္ပါဘူးသားရယ္”
“ညီေလးရယ္ ႀကီးေမစိတ္မေကာင္းျဖစ္ေအာင္ေျပာမေနပါနဲ႔ေတာ့ေနာ္”
“က်ေနာ္ ကိုခြင့္လႊတ္ပါေနာ္”
“ႀကီးေမကသားတို႔အေပၚအၿမဲခြင့္လႊတ္ၿပီးသားပါကြယ္”
အေျခအေနေတြက ရႈပ္ေထြးေနသည္။ ခ်ိဳခ်ိဳတစ္ေယာက္စိတ္ညစ္ရပါသည္။ ေမာင္ေလး ႏွစ္ေယာက္လံုးကလဲ တစ္ခ်ိန္တည္းမွာ ေနမေကာင္းကာ ဖ်ားေနၾကပါေတာ့သည္။ ခုေတာ့ ကိုမိုးေရာ ခ်ိဳခ်ိဳေရာမနားရေတာ့ တစ္ေယာက္တလွည့္ဆီေမာင္ေလးႏွစ္ေယာက္ဆီကိုေျပးေနရပါေတာ့သည္။ ခုလဲခ်ိဳခ်ိဳအိမ္ကိုေရာက္ေနပါသည္။
“လုပ္ပါအံုးသမီးရယ္ ညည္းေမာင္ကဘာမွမစားဘူးျဖစ္ေနတယ္၊ ေမေမေတာ့စိတ္သာညစ္ပါေတာ့တယ္”
“ေမာင္ေလးေၾကာင့္လည္းခက္ပါတယ္”
“ဟုတ္တယ္ အဲ့ဒါဟိုမေကာင္းဆိုးဝါးႀကီးေၾကာင့္ျဖစ္ရတာ၊ ဒင္းေၾကာင့္ငါ့သားသမီးေတြ စိတ္ဆင္းရဲရတာ”
ေဒၚမိမိႏိုင္စိတ္မ်ားတိုမိပါေတာ့သည္။ ထိုမေကာင္းဆိုးဝါးမရဲ့သားေတြေၾကာင့္လို႔စိတ္ထဲမွာေပၚလာခဲ့လ်ွင္ ေဒၚမိမိႏိုင္ေဒါသမ်ား ထိန္းလို႔မရေအာင္ျဖစ္ေနရပါသည္။
“မင္းမေတာ္ေသးဘူးလား”
“ဘာကိုက်ဳပ္ကေတာ္ရမွာတံုး”
ဦးမင္းေခါင္ မေနႏိုင္ေတာ့ပဲ၀င္ေျပာလိုက္ေတာ့သည္။ သူသည္ ေဒၚမိမိႏိုင္လုပ္ေနသည့္ အေၾကာင္းရာမ်ား ကိစၥမ်ားတြင္ ဘာမွ၀င္စြက္ဖက္ျခင္းမရိွခဲ့ပါ၊ ဘုရားသမားပီပီ ေအးေအးေဆးေဆးပဲေနခဲ့သည္။ သူ၏ဇနီးလုပ္ကိုင္ေနသည္မ်ားကို ေကာင္းသည္ဆိုးသည္ဟု ဘာမွ၀င္မေျပာခဲ့ပါ၊ ယခုေတာ့ မေျပာလို႔မျဖစ္ေတာ့ပါ။
“မေကာင္းဆိုးဝါးလို႔ေျပာေနရတာက ငါ့အျမင္မွာေတာ့ မင္းသာမေကာင္းဆိုးဝါးျဖစ္ေနတာ”
“ဘာရွင့္….ရွင္ကဘာသိလို႔ဘာေတြ၀င္ေျပာေနတာလဲ ကိုယ့္ဖာသာကိုေနစမ္းပါရွင္၊ ဘယ္တံုးက မိသားစုအေရးကို စိတ္ပါၿပီး ၀င္ပါဖူးလို႔လဲ၊ ခုမွဘာမွမသိပဲ က်မကိုအျပစ္ေတြေျပာေနရတာလဲ”
“မင္းလုပ္ပံုေတြမဟုတ္လို႔ကြ၊ ခုခ်ိန္ထိအျမင္မွန္မရႏိုင္ဘူး၊ မင္းကိုၾကၫ့္ရတာ ပူေလာင္ေနတာပဲ”
“ေအာ္ …ရွင္လိုေတာ့ ဘုရားတရားေအးေအးေဆးေဆးမလုပ္ႏိုင္ဘူးေတာ္ေရ၊ က်ဳပ္မွာသားနဲ႔ သမီးနဲ႔ရိွေသးတယ္၊ ဒီသားေတြသမီးေတြအတြက္ပူပန္ေနရတာ၊ ရွင္ကေတာ့ ဘာပူပန္မႈ႔မ်ိဳုးမွမရိွတာ”
“မင္းကို ငါမေျပာဘူးလို႔ စဉ္းစားထားတာ၊ ခုေတာ့မင္းက မင္းသားတစ္ေယာက္လံုးခံစားေနရတာေတာင္မွ ေမာဟေတြကမေပ်ာက္ႏိုင္ေသးဘူး၊ ေအးခုေတာ့ ေျပာရေတာ့မွာပဲ၊ မင္းသားခုလိုျဖစ္တာဘယ္သူက အဲဒီမီးကိုေမႊးခဲ့တာလဲကြ၊ ဘယ္သူက မင္းသမီးခုလိုစိတ္ဆင္းရဲေအာင္လုပ္ေနတာလဲ၊ မင္းလုပ္ခဲ့တဲ့ အျပစ္ေတြက မင္းနားလည္သေဘာေပါက္ရဲ့လား၊ မင္းမွာစာနာစိတ္ေရာရိွေသးရဲ့လား၊ ကဲေျပာစမ္းပါအံုး၊ မင္းလိုပဲ သူတို႔လည္းသူတို႔ေမြးထားတဲ့သားေတြကို ခ်စ္တာပဲ၊ ခ်စ္လြန္းလို႔မင္းထက္ေတာင္ ကိုယ္က်ိဳးစြန္႔ၿပီး ေစာင့္ေရွာက္ခဲ့ၾကတာ၊ မင္းကသြားေစာ္ကားခဲ့တာကိုး၊ ခုေတာ့ မင္းအဲ့ဒီအျပစ္ေတြမင္းခံစားရတာပဲ၊ စဉ္းစားၾကၫ့္စမ္းပါ၊ ဘယ္သူကမေကာင္းဆိုးဝါးလဲလို႔၊ ကိုယ္တိုင္ေရာျမင္သိရဲ့လား”
ေဒၚမိမိႏိုင္ ဦးမင္းေခါင္ရဲ့စကားေတြေၾကာင့္ ေတြေဝသြားေတာ့သည္။ အေၾကာင္းရာကိစၥမ်ားက သူမဖန္တီးခဲ့သည္တဲ့လား၊ ဒါဆိုရင္ေတာ့ သူမကမေကာင္းဆိုးဝါးမႀကီးလား၊
By Jin Jar #TBC#

Continue Reading

You'll Also Like

649K 28.9K 39
Myanmar × BL Uni/Zaw [ 3 ] Warning..... My Best Friend Becomes My Husband Season 2 Start Date: 20.11.2023 End Date: 30.1.2024 Photo Crd
7.3K 445 33
ဆက်ဘုန်းခန့်ရှိန် ( Satt Bhone Khat Shein) နွေဦးထည်ဝါ (Nway Oo Htal War ) (Own Creation ) Starting date: 1./6./2023
1K 83 58
အသစ်ပြန်တင်ထားတာလေးပါ
187K 9.5K 37
Myanmar × BL Uni/Zaw [ 4 ] Warning..... Start Date: 3.3.2024 End Date: 4.5.2024 Photo Crd