စမ်းရေကြည်ပေါက်(Uni+Zawgyi)...

By MinKhant22

15.8K 577 4

... More

EPISODE 1(Uni+Zawgyi)
EPISODE 2(Uni+Zawgyi)
EPISODE 3(Uni+Zawgyi)
EPISODE 4(Uni+Zawgyi)
EPISODE 5(Uni+Zawgyi)
EPISODE 6(Uni+Zawgyi)
EPISODE 7(Uni+Zawgyi)
EPISODE 8(Uni+Zawgyi)
EPISODE 10(Uni+Zawgyi)
EPISODE 11(Uni+Zawgyi)
EPISODE 12(Uni+Zawgyi)
EPISODE 13(Uni+Zawgyi)
EPISODE 14(Uni+Zawgyi)Final

EPISODE 9(Uni+Zawgyi)

549 27 0
By MinKhant22

စမ်းရေကြည်ပေါက်
(Part 9)

“လှလှ ဘယ်လိုလဲ သွားမှာလား”
“သွားမှာပေါ့ မမပိုင်ရယ် လှလှက နတ်ကနားကရင် ထမင်းမေ့ဟင်းမေ့ပဲ သွားရမှာပေါ့”
“ခိုင်ခိုင်လဲလိုက်မယ် ဒီတခါတော့ ခိုင်ခိုင်ကို ထားမသွားမကြနဲ့ အမြဲတမ်း ဆိုင်မှာကြီးပဲနေခဲ့ရတာ”
“နင်ကတစ်မျိုး ဆိုင်မှာစောင့်ရမည့်သူက ရှိတာမဟုတ်ဘူး လှလှပဲသွားပါစေ”
လှလှနတ်ကနားသွားကရန် ပြောဆိုနေကြသည်။ ဒီတစ်ခါသွးရမည့်နေရာက ရွှေဘိုအနီးနားက ရွာတစ်ရွာကိုပါ၊ နတ်ကနားပေးမည့် အစီစဉ်ကလဲကောင်း၊ လှလှတို့ကဲလို့ရသည့်နေရာပင် မဟုတ်လာ။ ခိုင်ခိုင်သည်လဲ နယ်ဝေးသွားတိုင် ဆိုင်စောင့်သာ ကျန်ခဲ့သည်ကများလာတော့ ခိုင်ခိုင်လဲ ပူဆာလာသည်။
“ဒါဆို လှလှပြန်လိုက်အုံးမယ် အိမ်မှာလုပ်စရာရှိတာလုပ်ပြီး ပြင်စင်လိုက်အုံးမယ်၊ ဆိုင်းဆရာကပြောတောတော့ ညနေလာခေါ်မယ်ဆိုတော့ အဆင်သင့်ဖြစ်အောင်လေ”
“အေးပါ ဟိုးရောက်ရင် ဖုန်းလေးလဲဆက်အုံး”
“ဆက်မှာပေ့ါမမပိုင်”
ခိုင်ခိုင်ကတော့ မျက်နာကိုဆူပုတ်ကာ ဆံလာသသော ဧည့်ကိုစောက်ကြီးအောက်ကြီး လုပ်ပေးနေသည်။
“ဟဲ့….ခိုင်ခိုင်….ဧည့်သည်ခေါင်းကြီးလဲပြတ်သွားအုံးမယ်”
မမပိုင်လှမ်းဟန့်လိုက်တော့မှ ခိုင်ခိုင်အခြေအနေကို ပြန်သတိရသွားက ထိမ်းသိမ်းလိုက်တော့သည်။ ဧည့်သည်လဲ မှန်ထဲမှ သူမပုံရိပ်ကို အလန့်တကြားကြည့်မိလိုက်တော့သည်။
လှလှသည် မမပိုင်နှုင့်ခိုင်ခိုင်ကို နူတ်ဆက်ကာ အိမ်သို့ပြန်လာသည်။ အိမ်ရှေ့ရောက်တော့ ခြံတံခါးပွင့်နေသည့်အတွက် လန့်ဖြတ်ကာ အိမ်ထဲပြေး၀င်လိုက်သည်။
“ဟယ်…..သားငယ်”
၀သုန်ကို အိမ်ရှေ့တွင်ထိုင်နေတာကို တအံ့တသြတွေ့လိုက်ရသဖြင့် လှလှပျော်ရွှင်သွားတော့သည်။
“ဘယ်တုံးကရောက်နေတာလဲသားငယ်ရယ် ဆိုင်ကိုတော့ ဖုန်းမဆက်ပဲ အိမ်ရှေ့ကြီးမှာ ထိုင်နေရလာ”
“ခုပဲရောက်တာပါကြီးမေ သားတို့လဲ ဖုန်းဆက်မလို့ပါပဲ”
ခုမှသေခြားကြည့်လိုက်တော့ သားငယ်ဘေးတွင် ထိုင်နေသောကောင်းလေးက ပြုံးပြသည်။ ၀သုန်သည် လမ်းလျှောက်လာရင်းက ကြီးမေအကြောင်းများကို တစ်ချို့တစ်လေကို ပြောပြထားသည့်အတွက် မင်းခနိုင် အံံ့သြကာ ဖြစ်မနေချင်ဖြစ်ပါတော့သည်။
“အော်…ဧည့်သည်လဲပါတာကိုး”
“ဟုတ်တယ်ကြီးမေ သူ့နာမည်က မင်းခနိုင်တဲ့”
“မင်းခနိုင်ဟုတ်လား ကြားဖူသလိုပဲ”
“ဟုတ်ကဲ့ ကြီးမေကိုလဲ မြင်ဖူသလိုပဲ ကျနော်ဒီအိမ်ကို မြင်ဖူသလိုဖြစ်နေတာ ဇဝေဇ၀ါဖြစ်နေတယ်”
“ဟုတ်လား သားကဘယ်ကလဲ”
“သားကခုနေတာက မန်းမှာပါ ကိုကြီးနဲ့လိုက်တာ”
“အော် သူငယ်ချင်းတွေပဲ အေးကွယ် ကြိုဆိုပါတယ်”
“ကိုကြီး ကျနော်ရေချိုးချင်ပြီး”
“အော်..ဟုတ်တာပေါ့ ကြီးမေသော့ခဏပေးအုံး သားတို့နားချင်ပြီး”
“အေးအေး”
သူတို့နှစ်ယောက်၀င်သွားတော့မှ လှလှစိတ်ထဲတစ်မျိုးဖြစ်လို့နေပါသည်။ ၀သုန်က မင်းခကို ဂရုတစိုက် မျက်နာသုတ်ပုဝါများနှင့် ရေလဲပုဆိုးများထုတ်ပေးကာ ရေချိုးရမည့်နောက်ဖေးဘက်ကို ပြလိုက်သည်။ မင်းခရေချိူးရန်ထွက်သွားတော့မှ လှလှတစ်ယောက် သားငယ်၀သုန်အနားသို့ အသာကပ်ကာမေးလိုက်ပါတော့သည်။
“သားသူငယ်ချင်းက လူရည်သန့်လေးပဲ”
“ဟုတ်တယ်ကြီးမေ သားချစ်သူလေ”
“ဘာ”
“ဟာကြီးမေကလဲ လန့်လိုက်တာ တိုးတိုးအော်ပါ”
“အလိုလေ နေပါအုံးဟယ်၊ ဘာတွေဖြစ်ကုန်တာလဲ”
၀သုန်ယခုအချိန်တွင် ကြီးမေကိုဘာမှရှင်းမပြချင်ပါ၊ ကြီးမေသာသိသွားခဲ့လျှင် သူလုပ်ရပ်များကို လက်ခံနိုင်မည်မဟုတ်သည့်အတွက် ပြောမပြခြင်းဖြစ်ပါသည်။
“သူနဲ့ကျနော်ကလေ…”
“နေ…နေပါအုံး….ခဏနေအုံး…ငါခေါင်းတွေတောင်မူးလာပြီး နေအုံး…..”
လှလှပြောပြောဆိုဆိုနှင့် အိမ်ပေါ်မှပြန်ဆင်းလာခဲ့တော့သည်။ လှလှခေါင်းများ ထူးပူသွားကာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်သွားသည်။ ထိုကြောင့် အိမ်ပေါ်မှဆင်းလာကာ မမပိုင်ဆီကို ဖုန်းဆက်ရန် ဘေးအိမ်သို့ပြေးလာခဲ့တော့သည်။ ဘေးအိမ်မှဖုန်းဖြင့် မမပိုင်ဆီလှမ်းခေါ်လိုက်တော့သည်။
“ဟယ်လို”
“ခိုင်ခိုင်လာ”
“ဟင်လှလှ ဟိုဘက်ရွာကိုရောက်သွားပြီးလာ မြန်ချက်တော်..”
“ဘာတွေပြောနေတာလဲ”
“သိဘူးလေ နတ်ကနားသွားကတဲ့ ရွာရောက်ရင်ဖုန်းခေါ်မယ်ဆိုတော့ …”
“ဒီခိုင်ခိုင်ကတော့လေ နင်ကတမှောက်၊ ခုအိမ်ကိုလာကြစမ်းပါ၊ သားငယ်၀သုန်ပြန်ရောက်နေပြီး”
“သူ့အိမ်သူပြန်လာတာစမ်းတာမှတ်လို့ ပြန်လာတော့ ဘာဖြစ်လဲ၊ သားငယ်ပြန်မလာတော့ တမေးတည်းမေးနေပြီးတော့”
“ဟဲ့ ခုကရိုးရိုးပြန်လာတာမဟုတ်ဘူးဟဲ့”
“ဘာလဲ မိန်းမခိုးလာလို့လာ”
“မဟုတ်ဘူးတော်ရေ မိန်းမခိုးလာတာကမှ တော်အုံးမယ် ခုကယောက်ျားခိုးလာတာ”
“ဘာ…….ဘယ်လို”
“အမလေး အသာအော်ပါဟဲ့ နားတောင်ကွဲတော့မှာပဲ”
“အို ဒါကအသာအော်လို့ရတာမဟုတ်ဘူး”
“ထားတော့ ခုအိမ်ကို နှစ်ယောက်လုံးအမြန်လာကြစမ်းပါ”
“အင်းအင်း…ခုပဲထွက်လာမယ်….မမပိုင်ရေ…….
ခိုင်ခိုင်ဖုန်းချသွားတော့မှ လှလှတစ်ယောက်ဖုန်းကြီးကို ကိုင်ကာကြောင်နေမိသည်။ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့၊ သားငယ်ကရည်းစားမထားပဲ နေလာတာ၊ ထားတော့ ယောက်ျလေးဖြစ်နေသည်။ မထင်မှတ်ထားမိ၊ ၀သုန်ဘာတွေဖြစ်နေသည်ကိုတော့ မသိတော့ပါ၊ ခေါငးများခါကာ ဖုန်းကိုချလိုိက်ပြီး အိမ်ဘက်သို့ လေးပင်စွာလျှောက်လာသည်။
အိမ်ပေါ်တက်ရန်ပြင်တုံးရှိသေး မမပိုင်နှင့်ခိုင်ခိုင်ရောက်လာသည်။ မြန်ချက်။
“ဘယ်လိုရောက်လာကြတာလဲ”
“အို..ငါတို့လဲ အမြန်လာရတော့တာပေါ့၊ ဘယ်မှာလဲ သူတို့နှစ်ယောက်”
လှလှဧည့်ခန်းထဲကြည့်လိုက်တော့ မည်သူမှမရှိတော့။
“ဟယ်အစောပိုင်း ဖုန်းသွားမဆက်ခင်းကတော့ ရှိသေးတယ် ခုဘယ်ရောက်သွားပြီးလဲ”
လှလှကိုမမပိုင်မျက်စောင်းခဲလိုက်ပြီး နောက်ဖေးဘက်သို့မေးဆတ်ပြလိုက်သည်။ သား၀သုန်ကရေချိူးနေပါသည်။ လှလှတို့ဆူညံသံတွေကြောင့် အိမ်ထဲမှ မင်းခနိုင်ထွက်လာသည်။ ၀သုန်သည်လဲ ရေချိုးပြီးလို့ အိမ်ပေါ်တက်လာသည်။
“ဟော လေးပိုင်တို့ လေးခိုင်တို့ပါရောက်နေကြတာကိုး”
“အေးလေ နင့်ကြီးမေခေါ်လိုက်လို့ လာစမ်းပါအုံး မေးစမ်းပရစေအုံး ဟိုကောင်းလေးလဲလာခဲ့”
“ဖြေးဖြေးပေါ့လေးပိုင်ကြီးကလဲ အကျီင်္၀တ်လိုက်အုံးမယ်”
၀သုန်အကျီင်္လဲပြီးပြန်ထွက်လာတော့ မင်းခနိုင်ကို ထိုင်ခိုင်းပြီးကြီးမေတို့ သုံးယောက်က ဝုိင်းပြီးကြည့်နေကြသည်။ မင်းခနိုင်ကတော့ မိမိကိုသေးခြားဝုိင်ကြည့်နေကြသော ကြီးမေတို့ကို ရှက်ရွံနေမိသည်။
၀သုန်မင်းခဘေးတွင် ၀င်ထိုင်လိုက်ပါတော့သည်။
“ကဲမေးစေဗျာ”
“အဟမ်း..”
မမပိုင်ကလည်ချောင်းကို ရှင်းလိုက်သေးသည်။
“ဟိုလေ သားကြီးမေပြောတာဟုတ်လား”
“ဘာကိုလဲ လေးပိုင်ကလဲ”
“သားငယ်ကြီးမေကပြောတယ် သားငယ်ယောက်ျားခိုးလာတာဆို”
ဖြန်း..
လှလှအလန့်တကြား မမပိုင်ကိုရိုက်လိုက်မိပါတော့သည်။
“စကားအဖြစ်ပြောတာမမပိုင်ရဲ့”
“ဟဲ့သိဘူးလေ ညည်းပဲအဲလိုပြောပြီးတော့ နော်ခိုင်ခိုင်”
“ဟုတ်တယ်လေ လှလှပဲအဲလိုပြောပြီးတော့”
“စကားအဖြစ်ပါလို့ဆိုနေမှပဲ”
သူတို့သုံးယောက်ကိုကြည့်ပြီး မင်းခနှင့်၀သုန်ကတော့ ရယ်နေမိကြတော့သည်။ မမပိုင်သည် စိုးမြတ်သူဇာလိုမျိုး အိုက်တင်ဖမ်းလိုက်ပြီးမှ..
“သားငယ်ပြောစမ်း သားငယ်တို့ကဘာတွေလဲ”
“ချစ်သူတွေပါ”
၀သုန်ဆီကမဟုတ်ပဲ မင်းခဆီကထွက်လာသည့်အသံဖြစ်နေသည့်အတွက် မမပိုင်လန့်သွားသည်။ ခိုင်ခိုင်ကတော့ အလန့်တကြားမမပိုင်လက်ကို ကိုင်လိုက်သည်။ နူတ်ကလဲ အံ့သြသံထွက်သွားသည်။
“ဟယ်”
“ကျနော်ကိုကြီးကို အရမ်းချစ်တယ်”
“ဟယ်”
“ကိုကြီးနဲ့လဲ မခွဲနိုင်ဘူး”
“ဟယ်”
“ကိုကြီးနဲ့ကျနော်ကို သဘောတူပေးပါနော်”
“ဟယ်”
“ကိုကြီးကိုလဲ မဆူပါနဲ့ ကိုကြီးက ကြီးမေသဘောကောင်းကြောင်းတွေ အများကြီးပြောထားတယ်”
“ဟယ်”
“ပြီးတော့ ကိုကြီးနဲ့နှစ်ယောက်တစ်ဘ၀ နေချင်တယ်”
“ဟယ်”
“အဲဒါလေ ကြီးမေခွင့်ပြုပေးပါနော်”
“ဟယ်”
“အား…….
အသံနက်ကြီးက မမပိုင်ဆီကထွက်သည့်အသံဖြစ်ပါသည်။
“အား…….”
၀သုန်နှင့်မင်းခနိုင် သည်လဲလန့်ဖြန့်ကာ အော်လိုက်ကြပြီး ချထားသည့်ခြေထောက်များကို စတီထိုင်ခုံပေါ်သို့တင်လိုက်ကြပြီး ဒူးတုတ်သလိုဖြစ်သွားသည်။
“အောင်မငီး…”
လှလှကတော့ လန့်ဖြတ်ကာ နောက်သို့ယိုင်သွားသည်။
“အောင်မလေးတော့…”
အဆိုးဆုံးကတော့ ခိုင်ခိုင်၊ သူသည်လဲ မမပိုင်အနားတွင်ရှိကာ မမပိုင်အသံကြောင့်ကြောက်လန့်ကာ အလှဆုံးနူတ်ခမ်းကိုဖြဲကား မမပိုင်ကိုကြောက်လန့်တကြားကြည့်နေသည်။ မမပိုင်လက်မောင်းကိုကိုင်ထားသည့်လက်ကတော့ မလွှတ်ပါ။
မမပိုင်ခိုင်ခိုင်လက်ကိုရိုက်ချလိုက်သည်။
“မမပိုင်….ဘာ…ဘာဖြစ်လို့လဲဟင်…ဘာကောင်ကိုက်လို့လဲ”
“ဘာမှမဖြစ်ဘူ ညည်းလက်ကိုခုလွှတ် ဘယ်နဲ့တော် လက်ကိုအဲလောက်တောင် ဆုပ်ကိုင်ထားရလား တစ်ဟယ်ဟယ်နဲ့ တစ်ဟယ်ခေါ်တိုင်း လက်ကတင်းတင်းလာတာ ခုတော့တအားနာလို့အော်လိုက်ရတာ”
“ဟင်မမပိုင်ကလဲ တကယ်ပဲတော် ဒီမှာအံ့သြလွန်းလို့ဖြစ်သွားတာကိုး၊ ဂယ်ပဲ အစကတည်းက လက်ကိုပုတ်ချလိုက်ပါလာလို့”
“ဟဲ့…ငါလဲပုတ်ချချိန်ကိုမရှိတာ သူတို့ပြောနေတာကို စျာန်၀င်သွားတာ နင်စကိုင်တာကို သတိကိုမရတာ”
“ဖြစ်ရလေ မမပိုင်ရယ် လှလှဖြင့်လန့်သွားတာပဲ”
“အို…ခိုင်ခိုင်လဲ သူတို့ကိုကြည့်ပြီး အားကျလို့ဒီလိုဖြစ်သွားတာကို နည်းနည်းလေတော့ အောက်ခံတာမဟုတ်ဘူး တကယ်ပဲတော် မပြောလိုက်ချင်ဘူး၊ ဒါနဲ့လေ သားလေးတို့က ချစ်တာဘယ်လောက်ကြာပြီးလဲ”
“ချစ်တာတော့ကြာပြီး တရာ၀င်ချစ်ခွင့်ရတာတော့ ၄ လပဲရှိသေးတယ်”
“ဟယ်…ဂယ်ပဲ အားကျလိုက်တာဟယ်၊ လှလှသဘောမတူချင်နေ လေးခိုင်ကတော့ သဘောတူတယ်”
ခိုင်ခိုင်စကားကြောင့် မမပိုင်နှင့်လှလှ ခိုင်ခိုင်ကို မျက်စောင်းများ ဝုိင်းထိုးကြပါတော့သည်။
“ဘယ်သူကပြောလဲ သဘောမတူဘူးလို့”
မမပိုင်မကျေနပ်သလို ခိုင်ခိုင်ကို၀င်ပတ်သည်။
“လှလှကတော့ သူတို့တကယ်ချစ်ရင်တော့ ဘာမှမပြောတော့ပါဘူး သူတို့လမ်းသူတို့လျှောက်ရမှာဆိုတော့လေ၊ ဒါပေမယ့်လေ သတ္တိတော့ရှိရမှာပေါ့နော်”
“ဟေး….
မင်းခနိူင်၀မ်းသာစွာ ခုန်ထလိုက်ပြီး ကြီးမေကိုဖက်လိုက်ပါတော့သည်။ ထိုနောက်ထိုင်ခုန်ကို ပြန်ထိုင်လိုက်တော့ ခိုင်ခိုင်က လှလှကိုဖက်ပြီးရင် သူ့ကိုပါဖက်မည်ထင်သည့် အနေဖြင့်လက်က တန်းလမ်းကြီးရှိနေပါတော့သည်။
လှလှနှင့်မမပိုင်ကတော့ ခိုင်ခိုင်ကို မျက်စောင်းခဲကာ ပိုကိုပိုတယ်လို့ပြောချင်နေသည့်အနေထားများ ပြလိုက်တော့သည်။
“ကောင်းတယ် အဲလိုတန်လန်းကြီးပဲ ဖြစ်ပါစေတော်”
မမပိုင်ကတော့ နူတ်ကပင်ပြောဆိုလိုက်တော့သည်။
အိမ်ငယ်လေးတစ်ခုထဲတွင်တော့ လှပစွာဖူးပွင့်နေသော ပန်းငယ်လေးနှစ်ပွင့်ကို မေတ္တာဓာတ်ရေများ ပတ်ဖြန်းလို့နေပါတော့သည်။ မင်းခကတော့ ကိုကြီးကိုကျေးဇူးတင်သည်။ ကိုကြီးကိုချစ်ခွင့်ရလို့လည်း ကျေးဇူးတင်သည်။ ကြီးမေကခွင့်ပြုလို့လည်း ကိုကြီးကိုကျေးဇူးတင်သည်။
“ကျေးဇူးပါပဲကိုကြီးရယ်”
ရုတ်တရက်ပြောလိုက်သော မင်းခစကားကြောင့် ၀သုန်တောင် ကြောင်သွားရသည်။
“ဘာဖြစ်လို့လဲ”
“ကိုကြီးက ကျနော်ကိုနွေးထွေးစွာ ကြိုဆိုလို့ပေါ့”
“အော်…..”
၀သုန်ပြုံးပြလိုက်သည်။ ထိုနောက်တွင် အိတ်ကပ်ထဲမှ လက်စွပ်ဗူးလေးကို ထုတ်လိုက်ပါတော့သည်။ ဗူးအနီရောင်ကိုမြင်တာနှင့် လက်စွပ်ဗူးလေးမှန်သိသာပါသည်။ ( ၀သုန်သည် ဆိုင်ကပေးလိုက်သော ဗူးအစစ်ကို လွင့်ပစ်လိုက်ပြီး နောက်ဗူးအသစ်၀ယ်ကာ ထည့်ထားသည့်အတွက် မင်းခနိုင်သည် ဆိုင်လိပ်စာအမှန်ကို မသိခြင်းဖြစ်ပါသည်။ )
“ဟင်..ကိုကြီး..”
မင်းခဗူးလေးကိုကြည့်ကာ မျက်ရည်များသီးလာပါတော့သည်။
“ဟိတ်..ဒါငိုရမှာမဟုတ်ဘူးလေ…ကိုပေးတဲ့ချစ်သက်လက်ဆောင်က မင်းခကို၀မ်းနည်းစေတာလာ”
“မဟုတ်ပါဘူးကိုကြီးရယ် ကျနော်ရင်ထဲပြောပြလို့မတတ်အောင် ပျော်ရွှင်သွားလို့ပါ၊ မျက်ရည်ကျလာတယ်ဆိုတာကလဲ ၀မ်းသာမျက်ရည်သာဖြစ်မှာပါ”
“မင်းခလက်ခံလေ ပြီးတော့ ဗူးလေးကိုဖွင့်ကြည့်လိုက်”
မင်းခ ကိုကြီးပေးသောဗူးလေးကို တယုတယကိုင်ကာ ဖွင့်ကြည့်လိုက်ပါတော့သည်။
“ဟာ”
“ဘယ်လိုလဲ သဘောကျလာ”
“အရမ်းလှတာပဲ ကိုကြီးကရွေးတတ်လိုက်တာ၊ လှလည်းလှတယ် စျေးကြီးမယ့်ပုံပဲနော်”
“စျေးကအဓိကမဟုတ်ပါဘူး မင်းခကြိုက်တာမကြိုက်တာက အဓိကပါ”
“ဆင်တူလေနော်”
“ဟုတ်တယ်လေ”
“ဒါဆိုရင် ကိုကြီးကိုအရင်စွပ်ပေးမယ်”
“အင်း”
မင်းခထံသို့ ၀သုန်လက်ထိုးပေးလိုက်သည်။ မင်းခ၀သုန်လက်ကို သေးခြားစွပ်ပေးလိုက်တော့သည်။ ၀သုန်လဲမင်းခလက်ကို တဖန်ပြန်စွပ်ပေးလိုက်သည်။ ချစ်သူနှစ်ဦးကြည်ဖြူစွာ ဖြစ်နေကြသည်ကို လှလှ၊ မမပိုင်၊ ခိုင်ခိုင်တို့မှာ ရင်တထိတ်ထိတ် ကြည်နူးမှု့တွေနဲ့ကြည်းနူးစွာ ကြည့်နေမိသည်။ ၀သုန်နှင့်မင်းခသည်လည်း အနားတွင်ရှိနေသည့်ထိုသုံးယောက်ကို တဒင်္ဂမေ့လျော့သွားသည်။
အဟင့် ရွှတ်….
ငိုသံနှင့်နှပ်ရှုံသံကိုကြားတော့မှ မင်းခနှင့်၀သုန်သတိရကာ လှည့်ကြည့်လိုက်တော့ အနီးကပ်ကြည့်နေကြသော မျက်နာသုံးခုကို တွေ့လိုက်ရသဖြင့် နောက်သို့အနည်းငယ်တွန့်သွားတော့သည်။
မမပိုင်နှင့်လှလှက ခိုင်ခိုင်ကိုမကျေနပ်သလိုကြည့်လိုက်သည်။
“သူများတွေကြည်နူးနေတာကို နင်ကတစ်မှောက်”
“မမပိုင်ကလဲ ခိုင်ခိုင်မနေနိုင်တော့ဘူး”
“မနေနိုင်ရင် ဟင်းဟင်း…ငါမပြောချင်ဘူး ကလေးတွေရှေ့မှာ”
“မမပိုင်က ခိုင်ခိုင်ဆိုဒီလိုကြီးပဲ အကောင်းကိုမပြောဘူး၊ ခိုင်ခိုင်မှာတော့ ကလေးတွေကိုကြည့်ပြီး ကျေနပ်၀မ်းသာနေတာ၊ ခိုင်ခိုင်ကိုလဲ အဲလိုချစ်မယ့်သူရှိရင်ကောင်းမှာပဲလို့တွေးပြီး အားတွေကျနေတာ၊ ခိုင်ခိုင်ဘ၀ကတော့သနားစရာကောင်းလိုက်တာ၊ မမပိုင်ကရော ဒီလိုမျိုးချစ်သူရှိတာကြနေတာပဲ”
“အမလေးဟယ် ငါမပြောချင်လို့နော် တကယ်ပဲ၊ ကျုပ်တို့တုန်းကလဲ ဒီလိုပဲကဲခဲ့ကြတာပါနော်၊ ဟိုးတစ်ချိန်တုန်းကဆိုရင်လေ……..”
“တော်ပါတော့မမပိုင်ရယ်”
ခိုင်ခိုင်ရှေ့ကပိတ်ကာတားလိုက်သည့်အတွက် မမပိုင်စကားပြောရန်အားယူလိုက်သည့် အခြေနေက တိုးလို့တန်းလန်းကြီးဖြစ်သွားတော့သည်။ နူတ်ခမ်း၀တွင်တင့်နေသော စကားလုံးများက ထွက်ကျလုလု၊
“မမပိုင်ရဲ့ဟိုးတစ်ချိန်တုန်းက စကားကို ကြောက်လွန်းလို့ပါ”
မမပိုင်မျက်စောင်းကြီးကြီးကို ဒိုင်းကနဲမြည်းအောင်ထိုးလိုက်ပါတော့သည်။
“ဘာဖြစ်လို့လည်း လေးခိုင်ရ လေးပိုင်ရဲ့ဟိုးတစ်ခါကိုဘာလို့ကြောက်ရတာလဲ”
“ဒီလို သားငယ်၀သုန်ရဲ့ ဒီလို…..”
“ခိုင်ခိုင်နော် ကလေးတွေကို ဘာပေါက်ကရတွေပြောမလို့လဲ”
လှလှကတော့ မမပိုင်နှင့်ခိုင်ခိုင်ကိုကြည့်ကာ သဘောကျကာရယ်နေမိပါတော့သည်။
“အိုအမှန်တွေပြောမလို့ပါနော်”
၀သုန်နှင့် မင်းခသည်လည်း စိတ်ပါ၀င်စားသည့်အမူရာများကိုတွေ့သည့်အတွက် ခိုင်ခိုင်မှာပြောချင်နေပါတော့သည်။
“ညည်းပြောရဲပြောကြည့် ကျုပ်အကြောင်းသိစေရမယ်”
“ပြောပါစေလေးခိုင်ကလဲ သားတို့လဲသိချင်တာပေါ့”
“ဟီး…..”
“ဟင်းနော် မိခိုင် မခိုင်ကြတ်ကြတ်သတိထား”
မမပိုင်က လက်ညိုးကလေးတစ်ထောင်ထောင်ဖြင့် ကြိမ်းမောင်းနေပါတော့သည်။ ခိုင်ခိုင်တို့ကလဲ ထိုသို့ပြောမှ ပို၍ပြောချင်နေပါတော့သည်။
“ဒီလို မမပိုင်ကလေ တစ်ညက ဟိုးတစ်ချိန်တုန်းကပေါ့ကွယ်ဆိုပြီးပြောလိုက်တာ၊ စကားလဲမပျက် အမျှင်းလဲမပျက်တော့ပဲ မနက်မိုးလင်းသွားတာ ခိုင်ခိုင်မှာတော့ တညလုံး သူပြောသမျှကို ခေါင်းကြီးညိတ်နေရတာ၊ မနက်မိုးလင်းတော့ ခေါင်းကြီးက ညိမ့်နေတာပဲ ပုတ်သင်ညိုကြီးအတိုင်းပဲ”
“ဟားဟား……
“ဟားဟား….
“တကယ်တော်ရေ…နောက်နေ့ညနေကျတော့ ဆေးခန်းပြရတော့တယ်လေ၊ ဒါကြောင့်မမပိုင်ရဲ့ ဟိုးတစ်ခါတုန်းက အကြောင်းတော့လန့်တယ်”
“လုပ်ပြီးခိုင်ခိုင်ကတော့”
“မဟုတ်လို့လား လှလှရယ်၊ လှလှလည်းသိသားနဲ့”
မမပိုင်က ခိုင်ခိုင်ကိုတဖတ်ဖတ်နှင့်ရိုက်ပါလေတော့သည်။ လှလှကတော့ ရယ်မောကာနေပါတော့သည်။ မင်းခနှင့်၀သုန်သည်လဲ သူတို့ကိုကြည့်ကာ သဘောကျနေမိပါတော့သည်။
“ဟဲ့လှလှ နင်ခရီးထွက်မလို့ဟာ ဆိုင်းဆရာလည်းလာမခေါ်ပါလာ”
“ဆိုင်ဆရာကို ဖုန်းဆက်လိုက်တယ်၊ ဒီတစ်ခေါက်မလိုက်တော့ဘူးလို့”
“ဘယ်တုံးကလဲ”
“မမပိုင်တို့ကိုခေါ်ပြီးသူ့ကိုခေါ်လိုက်တာပဲ မမပိုင်”
“အော်”
“မမပိုင်တို့ရောပြန်တော့မှာလာ”
မမပိုင်သည်ခိုင်ခိုင်ကို မျက်စပစ်ပြလိုက်သည်။ ဘယ်လိုလဲဆိုသည့်သဘော။
“ဟင့်အင်းပြန်ဘူး ဒီညဒီမှာအိပ်မယ်”
ခိုင်ခိုင်ကဆုံးဖြတ်ချက်ချကာ ပြောလိုက်သည်။
“ဟယ်”
“ဘာဖြစ်တာလဲ လှလှ၊ ခိုင်ခိုင်တို့အိပ်မှာမကြိုက်လို့လာ”
“မဟုတ်ပါဘူးတော် အံ့သြလွန်းလို့ အရင်ကဆို သူရဲကြောက်လို့ အိပ်ပါဆိုတာတောင် မအိပ်ကြပဲနဲ့”
“အိုခုက အိပ်ချင်စရာကောင်းတာကို”
၀သုန်နှင့်မင်းခဘက်ကို ကြည့်ကာပြောလိုက်ပါတော့သည်။
မည်သို့မှမနိုင်သည့်အဆုံးတော့ လှလှလည်းလက်လျော့လိုက်ရတော့သည်။ ညစာစားချက်ကြတော့လဲ တပျော်တပါးကြီးနှင့် သူငယ်ချင်းများဖြစ်သည့် မမပိုင်နှင့်ခိုင်ခိုင်တို့ပါ ဝုိင်းကူးလုပ်ကြသည်။
“ငယ်ငယ်တုန်းကကိုအရမ်းသတိရတာပဲ”
“ဟုတ်တယ်နော်မမပိုင်”
“ဟုတ်တယ်မမပိုင်ရယ် ကလေးတွေကိုဒီခေါ်လာတော့ မီးဖိုးချောင်းထဲမှာလှလှ ချက်ပြုတ်နေတာကိုကြည့်ပြီး ခိုင်တို့မှာပြောဆိုနေကြတာကိုလေး”
“ဒါကလဲဂရုနာနဲ့ပြောကြတာကို လှလှသဘောပေါက်တယ် စိတ်ထဲမှာ ဘာမှမရှိပါဘူး ခိုင်ရယ်”
“ခုတော့သူတို့လေးတွေကကြီးကုန်ကြပြီးနော်”
“အို…မမပိုင်ဘာကြီးတာလဲလို့”
“ဟဲ့ခိုင်ခိုင်မ နင်ကတော့လေ တဆိတ်ရှိနှာပဲတွေး ငါကသူတို့ကိုပြောတာက အသက်ဟဲ့အသက်”
“အဟင်း အဲလိုရှင်းရှင်းပြောပါလို့”
လှလှမှာတော့ ခိုင်ခိုင်နှင့်မမပိုင်ကိုကြည့်ပြီး ပြုံးမိပါတော့သည်။ အော်…ကလေးတွေလည်း အတောင်တွေစုံကြပြီး၊ အသိုက်ကိုစွန့်ခွာခြင်နေကြပြီး၊ လှလှဒီခွဲခွာမှု့တွေကို စိတ်ခိုင်နိုင်အောင် ကြိုးစားရအုံးမည်။
ညစာစားပြီးကြတော့ တီဗွီကြည့်၊ လုပ်စရာရှိတာလုပ်ကြပြီးမှ အသီးသီးအိပ်ယာ၀င်ခဲ့ကြတော့သည်။ ၀သုန်နှင့်မင်းခတို့ အခန်းထဲတွင်ရှိနေပါသည်။ ၀သုန်ကိုဖတ်ပြီးမင်းခက အိပ်နေသည်။ ၀သုန်၏မျက်နာနူနူလေးကိုကြည့်ကာ မင်းခစိတ်ထဲတွင်ကြည်းနူးနေမိသည်။ ညမီးမှိန်မှိန်လေးအောက်မှာ အပြစ်ကင်းစင်စွာအိပ်နေသော ၀သုန်ကိုမင်းခကြည့်နေရင်းက နူတ်ခမ်းနူနူလေးဆီသို့ တရွေ့ရွေ့နီးကပ်လာသည်။ မင်းခနှာ၀မှလေတိုးမှု့ကြောင့် ၀သုန်မျက်လုံးကို ဖွင့်လိုက်သည်။ ထိုနောက်မင်းခဆီကို အတင်းဖိကာနမ်းလိုက်သည်။
“အာကိုကြီးမကောင်းဘူး ကျနော်ကအိပ်နေတယ်မှတ်လို့”
“ဟားဟား ရှက်ပါတယ်၊ ခိုးနမ်းတာတဲ့”
“သွားဗျာ ဖီလ်တောင်ငုပ်သွားတယ်”
“ဟားဟားကောင်းလေးရှက်ပါတယ်”
“တော်ပြီးပြောတော့နဲ့”
မင်းခတစ်ဘက်လှဲအိပ်လိုက်မှ ၀သုန်ကနောက်ကနေပြီးသိုင်းဖက်ထားလိုက်သည်။
“မင်းခအိပ်မပျော်ဘူးလာ”
“ကီုကြီး”
“အင်းပြောလေမင်းခ”
“ကိုကြီးကိုကျနော်အရမ်းချစ်တယ်”
“ကိုကြီးလည်းတူတူပါပဲကွာ”
“ကိုကြီး”
“အင်း”
“တခုလောက်မေးလို့ရလာ”
“မေးလေး”
“ကိုကြီးကျနော်ကိုဘာလို့မနမ်းတာလဲ”
“ဟင်”
“ဟုတ်တယ် အဲ့ဒါကိုကျနော်စဉ်းစားနေတာ ကိုကြီးဒီလောက်လွတ်လပ်တဲ့နှစ်ယောက်တည်း တွေ့ချိန်မှာတောင်ကိုကြီးကျနော်ကိုမနမ်းဘူးနော်”
“မင်းခရယ်”
“အဲဒါဘာဖြစ်လို့လဲ”
“မဟုတ်ဘူးမင်းခရဲ့ မင်းခကိုလေကိုကြီးကားပေါ်မှာတုံးက တစ်စိမ့်စိမ့်ကြည့်ရင်းက စိတ်ထားတွေပြောင်းလဲလာတာ၊ ဒါကြောင့်မင်းခကိုလေး ကိုကြီးစိတ်ဒါဏ်ရာတွေမပေးချင်တော့တာ”
“ကိုကြီးစကားက ဘယ်လိုကြီးလဲ”
“ကိုကြီးပြောရင်မင်းခလက်ခံမှာလာ”
“အကြောင်းရာခိုင်လုံတယ်ဆိုရင်တော့လက်ခံမှာပေါ့ ကိုကြီး”
“မင်းခကို ကိုကြီးမပိုင်သေးဘူး၊ မင်းခကို ကိုကြီးရဲ့စေတနာကို မင်းခတစ်နေ့နားလည်မှာပါ၊ တစ်ချိန်ဆိုတာကပြောရတာမဟုတ်ဘူး၊ ကံကြမ္မာအလှည့်ပြောင်းဆိုတာ ရှိတတ်တယ် ကိုကြီးက မင်းခကိုစိတ်ဒါဏ်ယာတွေ မရစေချင်ဘူး”
“ကိုကြီးစကားကလည်း ကျနော်အချစ်ကိုမယုံသလိုပဲ”
“မယုံတာမဟုတ်ပါဘူး မင်းခရယ် ကိုကြီးလေ မင်းခလေးရဲ့ဘ၀ကို ကိုကြီးကြောင့်တော့ မနစ်မွန်းစေချင်ဘူး၊ ကိုကြီးကိုမင်းခတနေ့တော့နားလည်လာမှာပါ၊ ကိုကြီးက မင်းခအတွက်တစ်ချိန်ချိန်မှာမကောင်းဆိုးဝါးကြီး ဖြစ်နေခဲ့မယ်ဆိုရင်ပေါ့”
“တော်ပြီးဗျာ စိတ်ညစ်တာတွေလာမပြောတော့နဲ့၊ မနမ်းချင်လဲနေတော့၊ ဒီလိုလေးပဲဖက်အိပ်တော့မယ်”
မင်းခ ၀သုန်ရင်ခွင်ထဲကို ကလေးတစ်ယောက်လို တိုး၀င်က ဖက်၍အိပ်လိုက်ပါတော့သည်။
“မင်းခကိုလေ ကိုကြီးချစ်တယ်ဆိုတာတော့ယုံပေးပါနော်”
“အင်း….”
မင်းခ ကြီးမေတို့အိမ်တွင်သုံးရက်လောက်နေပြီးမှ မန်းသို့နှစ်ယောက်လုံး ပြန်လာခဲ့တော့သည်။ ကြီးမေကတော့ မျက်ရည်စမ်းစမ်းနှင့် မှာရှာသည်။ ခိုင်ခိုင်ကတော့ နှပ်တွေထွက်အောင်ပင်ငိုသည်။
“နောက်လဲ ၀သုန်မပါလဲသားလာခဲ့နော် ဒီအိမ်ကသားရဲ့အိမ်ပါပဲ”
“ဟုတ်ကဲ့ပါကြီးမေရယ် သားလာခဲ့ပါ့မယ်၊ လေးခိုင်ကလဲသားစိတ်မကောင်းမလုပ်နဲ့လေ”
“ဟုတ်သားပဲ မိခိုင်ရယ် ကလေးတွေစိတ်မကောင်းပဲဖြစ်နေမယ်”
“အိုမမပိုင်ကလဲ ခိုင်ကမျက်ရည်ခိုင်တာမဟုတ်ဘူး၊ ပြီးတော့လေ သူတို့လိုချစ်သူမရတာကို ၀မ်းနည်းပြီးငိုတာ”
“တယ်….ကောင်မစုတ်ကတစ်မျိုး……ကဲကဲသားတို့ဂရုတစိုက်ပြန်ကြနော်၊ မကြာမကြာလဲဖုန်းဆက်ကြ၊ အခြင်းခြင်းလဲရန်မဖြစ်ကြနဲ့၊ သားတို့လေးခိုင်ကို စိတ်မပူနဲ့ သူကကောက်ရိုးမီးလိုပဲ ဝုန်းကနဲပဲ ပြီးရင်ဘာမှဟုတ်တော့တာမဟုတ်ဘူး သွားကြသွားကြ”
၀သုန်တို့ကားပေါ်တက်လာခဲ့တော့သည်။ မင်းခကတော့ကလေးငယ်တစ်ယောက်လို ပျော်ရွှင်စွာလက်ပြနူတ်ဆက်နေသည်။ ကိုကြီးဘေးမှာရှိနေသ၍တော့မင်းခကတော့ ပျော်ရွှင်ပြည့်စုံနေပြီးဟုသတ်မှတ်ထားသည်ပဲ။
၀သုန်စိတ်ထဲ တစ်ခုတော့ပေါ့သွားခဲ့သည်။ အစကတော့ တစ်ပတ်နေမည်စိတ်ကူးခဲ့သော်လည်း ကိုကိုမိုးယံနှင့်တွေ့မည်စိုးသော်ကြောင့် သုံးရက်နှင့်ပြန်လာခဲ့သည်။ ကိုကိုအကြောင်းကို ကြီးမေတို့စပြောလာလျှင်လဲ လိမ္မာပါးနပ်စွာ စကားကြောင်းပြောင်းနိုင်ခဲ့သည့်အတွက် မင်းခရှေ့တွင်ကိုကိုအကြောင်းများ မပြောဖြစ်ခဲ့ကြပါ၊ အကြံမအောင်မြင်သေးခင်တော့ မင်းခသိသွားလို့ မဖြစ်ချေဘူးလေ။
ခရီးစဉ်ကပြန်လာတော့မင်းခနှင့်၀သုန် ကားဂိတ်တွင်လမ်းခွဲကာကိုယ်ဆီပြန်ခဲ့ကြပါတော့သည်။
“ဟောမေမေကြီးပြန်လာပြီး ထမင်းပွဲပြင်လိုက်မယ်နော်”
“အေး”
ဒေါ်မိမိနိုင်ကားပေါ်မှဆင်းလိုက်ပြီး မိမှုန်ကို အိတ်များပေးလိုက်သည်။ ဖိနပ်စဉ်တွင်ဖိနပ်ချွတ်လိုိက်တော့ သားငယ်ဖိနပ်ကိုတွေ့လိုက်ရသည်။
“ဟဲ့မိမှုန်”
“ရှင် မေမေကြီး”
“ညည်းကိုလေးပြန်ရောက်နေတာလာ”
“ဟုတ်တယ်မေမေကြီး နေ့လည်ကတည်းက”
“ဒါဆိုညည်းကိုလေးကို ပြောလိုက်တော့ ထမင်းစားဆင်းခဲ့တော့လို့ မေမေကြီးရောက်ပြီးလို့၊ ငါရေချိုးပြီးရင် ထမင်းစားမယ်”
“ဟုတ်ကဲ့ မေမေကြီး”
ဒေါ်မိမိနိုင်သည် ကိုယ်လက်သန့်စင်စွာပြုလုပ်ပြီး အောက်ထပ်သို့ဆင်းလာခဲ့သည်။ မင်းခနိုင်လည်းအောက်ထပ်တွင်ရောက်နေပါပြီး။
“လာပါအုံးမေမေသားလေးကို မတွေ့ရတော့လွမ်းနေတာ”
“သားလဲမေမေကိုလွမ်းနေတာပါမေမေရယ်”
မင်းခနိုင်မေမေကိုဖက်ကာ ကပ်ချွဲလိုက်ပါသည်။
“သွားလူဆိုးလေး ပိုပြီး”
“ဒါနဲ့ဖေဖေရောမေမေ”
“သားအမဆီကို သွားတယ်”
“ဟင်ဟုတ်လား၊ ဘယ်တုံးကလဲ”
“ဒီနေ့ပဲလေ၊ သားလေးကချောင်းသာမှာတပတ်နေမယ်ဆိုပြီးဘယ်လိုဖြစ်တာလဲ၊ ကားလဲမတွေ့ပါဘူး”
“ကားကသူငယ်ချင်းတွေဆီမှာ၊ သူတို့ကနေခဲ့တယ်၊ သားကမေမေကိုလွမ်းလို့”
“အေးပါအေးပါ သားငယ်ကပ်ချွဲနေရင်းတော့မေမေတော့လန့်လန့်လာတယ်၊ လာထမင်းစားမယ်”
“ဟုတ်”
သားအမိနှစ်ယောက်ထမင်းစားကြရင် ကြည်းနူးနေပါသည်။ ထိုသို့ပါပဲ မိဘဆိုတာ သားသမီးတွေပျော်ရွှင်နေရင်တော့ ရင်ထဲမှာအေးချမ်းစွာ ရှိနေခဲ့သည်ပဲ၊ ဒါတွေကမိဘမေတ္တာတွေပဲပေါ့။
“ဟင်…”
ဒေါ်မိမိနိူင် မင်းခလက်မှလက်စွပ်ကိုအမှတ်မထင်တွေ့လိုက်သည်။ ဒီလက်စွပ်ကို သူမကောင်းကောင်းသိသည်။
By Jin Jar #TBC#

Jin Jar’s Books 
<3  <3 စမ္းေရၾကည္ေပါက္  <3  <3
(Part 9)
“လွလွ ဘယ္လိုလဲ သြားမွာလား”
“သြားမွာေပါ့ မမပိုင္ရယ္ လွလွက နတ္ကနားကရင္ ထမင္းေမ့ဟင္းေမ့ပဲ သြားရမွာေပါ့”
“ခိုင္ခိုင္လဲလိုက္မယ္ ဒီတခါေတာ့ ခိုင္ခိုင္ကို ထားမသြားမၾကနဲ႔ အၿမဲတမ္း ဆိုင္မွာႀကီးပဲေနခဲ့ရတာ”
“နင္ကတစ္မ်ိဳး ဆိုင္မွာေစာင့္ရမည့္သူက ရိွတာမဟုတ္ဘူး လွလွပဲသြားပါေစ”
လွလွနတ္ကနားသြားကရန္ ေျပာဆိုေနၾကသည္။ ဒီတစ္ခါသြးရမည့္ေနရာက ေရႊဘိုအနီးနားက ရြာတစ္ရြာကိုပါ၊ နတ္ကနားေပးမည့္ အစီစဉ္ကလဲေကာင္း၊ လွလွတို႔ကဲလို႔ရသည့္ေနရာပင္ မဟုတ္လာ။ ခိုင္ခိုင္သည္လဲ နယ္ေဝးသြားတိုင္ ဆိုင္ေစာင့္သာ က်န္ခဲ့သည္ကမ်ားလာေတာ့ ခိုင္ခိုင္လဲ ပူဆာလာသည္။
“ဒါဆို လွလျွပန္လိုက္အံုးမယ္ အိမ္မွာလုပ္စရာရိွတာလုပ္ၿပီး ျပင္စင္လိုက္အံုးမယ္၊ ဆိုင္းဆရာကေျပာေတာေတာ့ ညေနလာေခၚမယ္ဆိုေတာ့ အဆင္သင့္ျဖစ္ေအာင္ေလ”
“ေအးပါ ဟိုးေရာက္ရင္ ဖုန္းေလးလဲဆက္အံုး”
“ဆက္မွာေပ့ါမမပိုင္”
ခိုင္ခိုင္ကေတာ့ မ်က္နာကိုဆူပုတ္ကာ ဆံလာသေသာ ဧည့္ကိုေစာက္ႀကီးေအာက္ႀကီး လုပ္ေပးေနသည္။
“ဟဲ့….ခိုင္ခိုင္….ဧည့္သည္ေခါင္းႀကီးလဲျပတ္သြားအံုးမယ္”
မမပိုင္လွမ္းဟန္႔လိုက္ေတာ့မွ ခိုင္ခိုင္အေျခအေနကို ျပန္သတိရသြားက ထိမ္းသိမ္းလိုက္ေတာ့သည္။ ဧည့္သည္လဲ မွန္ထဲမွ သူမပံုရိပ္ကို အလန္႔တၾကားၾကၫ့္မိလိုက္ေတာ့သည္။
လွလွသည္ မမပိုင္ႏႈင့္ခိုင္ခိုင္ကို ႏူတ္ဆက္ကာ အိမ္သို႔ျပန္လာသည္။ အိမ္ေရ႔ွေရာက္ေတာ့ ၿခံတံခါးပြင့္ေနသည့္အတြက္ လန္႔ျဖတ္ကာ အိမ္ထဲေျပး၀င္လိုက္သည္။
“ဟယ္…..သားငယ္”
၀သုန္ကို အိမ္ေရ႔ွတြင္ထိုင္ေနတာကို တအံ့တၾသေတြ့လိုက္ရသျဖင့္ လွလွေပ်ာ္ရႊင္သြားေတာ့သည္။
“ဘယ္တံုးကေရာက္ေနတာလဲသားငယ္ရယ္ ဆိုင္ကိုေတာ့ ဖုန္းမဆက္ပဲ အိမ္ေရ႔ွႀကီးမွာ ထိုင္ေနရလာ”
“ခုပဲေရာက္တာပါႀကီးေမ သားတို႔လဲ ဖုန္းဆက္မလို႔ပါပဲ”
ခုမွေသျခားၾကၫ့္လိုက္ေတာ့ သားငယ္ေဘးတြင္ ထိုင္ေနေသာေကာင္းေလးက ႃပံုးျပသည္။ ၀သုန္သည္ လမ္းေလ်ွာက္လာရင္းက ႀကီးေမအေၾကာင္းမ်ားကို တစ္ခ်ိဳ႕တစ္ေလကို ေျပာျပထားသည့္အတြက္ မင္းခႏိုင္ အံ့ၾသကာ ျဖစ္မေနခ်င္ျဖစ္ပါေတာ့သည္။
“ေအာ္…ဧည့္သည္လဲပါတာကိုး”
“ဟုတ္တယ္ႀကီးေမ သူ႔နာမည္က မင္းခႏိုင္တဲ့”
“မင္းခႏိုင္ဟုတ္လား ၾကားဖူသလိုပဲ”
“ဟုတ္ကဲ့ ႀကီးေမကိုလဲ ျမင္ဖူသလိုပဲ က်ေနာ္ဒီအိမ္ကို ျမင္ဖူသလိုျဖစ္ေနတာ ဇေဝဇဝါျဖစ္ေနတယ္”
“ဟုတ္လား သားကဘယ္ကလဲ”
“သားကခုေနတာက မန္းမွာပါ ကိုႀကီးနဲ႔လိုက္တာ”
“ေအာ္ သူငယ္ခ်င္းေတြပဲ ေအးကြယ္ ႀကိဳဆိုပါတယ္”
“ကိုႀကီး က်ေနာ္ေရခ်ိဳးခ်င္ၿပီး”
“ေအာ္..ဟုတ္တာေပါ့ ႀကီးေမေသာ့ခဏေပးအံုး သားတို႔နားခ်င္ၿပီး”
“ေအးေအး”
သူတို႔ႏွစ္ေယာက္၀င္သြားေတာ့မွ လွလွစိတ္ထဲတစ္မ်ိဳးျဖစ္လို႔ေနပါသည္။ ၀သုန္က မင္းခကို ဂရုတစိုက္ မ်က္နာသုတ္ပုဝါမ်ားႏွင့္ ေရလဲပုဆိုးမ်ားထုတ္ေပးကာ ေရခ်ိဳးရမည့္ေနာက္ေဖးဘက္ကို ျပလိုက္သည္။ မင္းခေရခ်ိူးရန္ထြက္သြားေတာ့မွ လွလွတစ္ေယာက္ သားငယ္၀သုန္အနားသို႔ အသာကပ္ကာေမးလိုက္ပါေတာ့သည္။
“သားသူငယ္ခ်င္းက လူရည္သန္႔ေလးပဲ”
“ဟုတ္တယ္ႀကီးေမ သားခ်စ္သူေလ”
“ဘာ”
“ဟာႀကီးေမကလဲ လန္႔လိုက္တာ တိုးတိုးေအာ္ပါ”
“အလိုေလ ေနပါအံုးဟယ္၊ ဘာေတျြဖစ္ကုန္တာလဲ”
၀သုန္ယခုအခ်ိန္တြင္ ႀကီးေမကိုဘာမွရွင္းမျပခ်င္ပါ၊ ႀကီးေမသာသိသြားခဲ့လ်ွင္ သူလုပ္ရပ္မ်ားကို လက္ခံႏိုင္မည္မဟုတ္သၫ့္အတြက္ ေျပာမျပျခင္းျဖစ္ပါသည္။
“သူနဲ႔က်ေနာ္ကေလ…”
“ေန…ေနပါအံုး….ခဏေနအံုး…ငါေခါင္းေတြေတာင္မူးလာၿပီး ေနအံုး…..”
လွလွေျပာေျပာဆိုဆိုႏွင့္ အိမ္ေပၚမျွပန္ဆင္းလာခဲ့ေတာ့သည္။ လွလွေခါင္းမ်ား ထူးပူသြားကာ ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိျဖစ္သြားသည္။ ထိုေၾကာင့္ အိမ္ေပၚမွဆင္းလာကာ မမပိုင္ဆီကို ဖုန္းဆက္ရန္ ေဘးအိမ္သို႔ေျပးလာခဲ့ေတာ့သည္။ ေဘးအိမ္မွဖုန္းျဖင့္ မမပိုင္ဆီလွမ္းေခၚလိုက္ေတာ့သည္။
“ဟယ္လို”
“ခိုင္ခိုင္လာ”
“ဟင္လွလွ ဟိုဘက္ရြာကိုေရာက္သြားၿပီးလာ ျမန္ခ်က္ေတာ္..”
“ဘာေတြေျပာေနတာလဲ”
“သိဘူးေလ နတ္ကနားသြားကတဲ့ ရြာေရာက္ရင္ဖုန္းေခၚမယ္ဆိုေတာ့ …”
“ဒီခိုင္ခိုင္ကေတာ့ေလ နင္ကတေမွာက္၊ ခုအိမ္ကိုလာၾကစမ္းပါ၊ သားငယ္၀သုန္ျပန္ေရာက္ေနၿပီး”
“သူ႔အိမ္သူျပန္လာတာစမ္းတာမွတ္လို႔ ျပန္လာေတာ့ ဘာျဖစ္လဲ၊ သားငယ္ျပန္မလာေတာ့ တေမးတည္းေမးေနၿပီးေတာ့”
“ဟဲ့ ခုကရိုးရိုးျပန္လာတာမဟုတ္ဘူးဟဲ့”
“ဘာလဲ မိန္းမခိုးလာလို႔လာ”
“မဟုတ္ဘူးေတာ္ေရ မိန္းမခိုးလာတာကမွ ေတာ္အံုးမယ္ ခုကေယာက္်ားခိုးလာတာ”
“ဘာ…….ဘယ္လို”
“အမေလး အသာေအာ္ပါဟဲ့ နားေတာင္ကဲြေတာ့မွာပဲ”
“အို ဒါကအသာေအာ္လို႔ရတာမဟုတ္ဘူး”
“ထားေတာ့ ခုအိမ္ကို ႏွစ္ေယာက္လံုးအျမန္လာၾကစမ္းပါ”
“အင္းအင္း…ခုပဲထြက္လာမယ္….မမပိုင္ေရ…….
ခိုင္ခိုင္ဖုန္းခ်သြားေတာ့မွ လွလွတစ္ေယာက္ဖုန္းႀကီးကို ကိုင္ကာေၾကာင္ေနမိသည္။ ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိေတာ့၊ သားငယ္ကရည္းစားမထားပဲ ေနလာတာ၊ ထားေတာ့ ေယာက္်ေလးျဖစ္ေနသည္။ မထင္မွတ္ထားမိ၊ ၀သုန္ဘာေတျြဖစ္ေနသည္ကိုေတာ့ မသိေတာ့ပါ၊ ေခါငးမ်ားခါကာ ဖုန္းကိုခ်လိုက္ၿပီး အိမ္ဘက္သို႔ ေလးပင္စြာေလ်ွာက္လာသည္။
အိမ္ေပၚတက္ရန္ျပင္တံုးရိွေသး မမပိုင္ႏွင့္ခိုင္ခိုင္ေရာက္လာသည္။ ျမန္ခ်က္။
“ဘယ္လိုေရာက္လာၾကတာလဲ”
“အို..ငါတို႔လဲ အျမန္လာရေတာ့တာေပါ့၊ ဘယ္မွာလဲ သူတို႔ႏွစ္ေယာက္”
လွလွဧည့္ခန္းထဲၾကၫ့္လိုက္ေတာ့ မည္သူမွမရိွေတာ့။
“ဟယ္အေစာပိုင္း ဖုန္းသြားမဆက္ခင္းကေတာ့ ရိွေသးတယ္ ခုဘယ္ေရာက္သြားၿပီးလဲ”
လွလွကိုမမပိုင္မ်က္ေစာင္းခဲလိုက္ၿပီး ေနာက္ေဖးဘက္သို႔ေမးဆတ္ျပလိုက္သည္။ သား၀သုန္ကေရခ်ိူးေနပါသည္။ လွလွတို႔ဆူညံသံေတြေၾကာင့္ အိမ္ထဲမွ မင္းခႏိုင္ထြက္လာသည္။ ၀သုန္သည္လဲ ေရခ်ိဳးၿပီးလို႔ အိမ္ေပၚတက္လာသည္။
“ေဟာ ေလးပိုင္တို႔ ေလးခိုင္တို႔ပါေရာက္ေနၾကတာကိုး”
“ေအးေလ နင့္ႀကီးေမေခၚလိုက္လို႔ လာစမ္းပါအံုး ေမးစမ္းပရေစအံုး ဟိုေကာင္းေလးလဲလာခဲ့”
“ေျဖးေျဖးေပါ့ေလးပိုင္ႀကီးကလဲ အက်ီင္္၀တ္လိုက္အံုးမယ္”
၀သုန္အက်ီႄလၤပီးျပန္ထြက္လာေတာ့ မင္းခႏိုင္ကို ထိုင္ခိုင္းၿပီးႀကီးေမတို႔ သံုးေယာက္က ဝိုင္းၿပီးၾကည့္ေနၾကသည္။ မင္းခႏိုင္ကေတာ့ မိမိကိုေသးျခားဝိုင္ၾကည့္ေနၾကေသာ ႀကီးေမတို႔ကို ရွက္ရြံေနမိသည္။
၀သုန္မင္းခေဘးတြင္ ၀င္ထိုင္လိုက္ပါေတာ့သည္။
“ကဲေမးေစဗ်ာ”
“အဟမ္း..”
မမပိုင္ကလည္ေခ်ာင္းကို ရွင္းလိုက္ေသးသည္။
“ဟိုေလ သားႀကီးေမေျပာတာဟုတ္လား”
“ဘာကိုလဲ ေလးပိုင္ကလဲ”
“သားငယ္ႀကီးေမကေျပာတယ္ သားငယ္ေယာက္်ားခိုးလာတာဆို”
ျဖန္း..
လွလွအလန္႔တၾကား မမပိုင္ကိုရိုက္လိုက္မိပါေတာ့သည္။
“စကားအျဖစ္ေျပာတာမမပိုင္ရဲ့”
“ဟဲ့သိဘူးေလ ညည္းပဲအဲလိုေျပာၿပီးေတာ့ ေနာ္ခိုင္ခိုင္”
“ဟုတ္တယ္ေလ လွလွပဲအဲလိုေျပာၿပီးေတာ့”
“စကားအျဖစ္ပါလို႔ဆိုေနမွပဲ”
သူတို႔သံုးေယာက္ကိုၾကည့္ၿပီး မင္းခႏွင့္၀သုန္ကေတာ့ ရယ္ေနမိၾကေတာ့သည္။ မမပိုင္သည္ စိုးျမတ္သူဇာလိုမ်ိဳး အိုက္တင္ဖမ္းလိုက္ၿပီးမွ..
“သားငယ္ေျပာစမ္း သားငယ္တို႔ကဘာေတြလဲ”
“ခ်စ္သူေတြပါ”
၀သုန္ဆီကမဟုတ္ပဲ မင္းခဆီကထြက္လာသည့္အသံျဖစ္ေနသည့္အတြက္ မမပိုင္လန္႔သြားသည္။ ခိုင္ခိုင္ကေတာ့ အလန္႔တၾကားမမပိုင္လက္ကို ကိုင္လိုက္သည္။ ႏူတ္ကလဲ အံ့ၾသသံထြက္သြားသည္။
“ဟယ္”
“က်ေနာ္ကိုႀကီးကို အရမ္းခ်စ္တယ္”
“ဟယ္”
“ကိုႀကီးနဲ႔လဲ မခဲြႏိုင္ဘူး”
“ဟယ္”
“ကိုႀကီးနဲ႔က်ေနာ္ကို သေဘာတူေပးပါေနာ္”
“ဟယ္”
“ကိုႀကီးကိုလဲ မဆူပါနဲ႔ ကိုႀကီးက ႀကီးေမသေဘာေကာင္းေၾကာင္းေတြ အမ်ားႀကီးေျပာထားတယ္”
“ဟယ္”
“ၿပီးေတာ့ ကိုႀကီးနဲ႔ႏွစ္ေယာက္တစ္ဘ၀ ေနခ်င္တယ္”
“ဟယ္”
“အဲဒါေလ ႀကီးေမခြင့္ျပဳေပးပါေနာ္”
“ဟယ္”
“အား…….
အသံနက္ႀကီးက မမပိုင္ဆီကထြက္သည့္အသံျဖစ္ပါသည္။
“အား…….”
၀သုန္ႏွင့္မင္းခႏိုင္ သည္လဲလန္႔ျဖန္႔ကာ ေအာ္လိုက္ၾကၿပီး ခ်ထားသည့္ေျခေထာက္မ်ားကို စတီထိုင္ခံုေပၚသို႔တင္လိုက္ၾကၿပီး ဒူးတုတ္သလိုျဖစ္သြားသည္။
“ေအာင္မငီး…”
လွလွကေတာ့ လန္႔ျဖတ္ကာ ေနာက္သို႔ယိုင္သြားသည္။
“ေအာင္မေလးေတာ့…”
အဆိုးဆံုးကေတာ့ ခိုင္ခိုင္၊ သူသည္လဲ မမပိုင္အနားတြင္ရိွကာ မမပိုင္အသံေၾကာင့္ေၾကာက္လန္႔ကာ အလွဆံုးႏူတ္ခမ္းကိုၿဖဲကား မမပိုင္ကိုေၾကာက္လန႔္တၾကားၾကၫ့္ေနသည္။ မမပိုင္လက္ေမာင္းကိုကိုင္ထားသည့္လက္ကေတာ့ မလႊတ္ပါ။
မမပိုင္ခိုင္ခိုင္လက္ကိုရိုက္ခ်လိုက္သည္။
“မမပိုင္….ဘာ…ဘာျဖစ္လို႔လဲဟင္…ဘာေကာင္ကိုက္လို႔လဲ”
“ဘာမွမျဖစ္ဘူ ညည္းလက္ကိုခုလႊတ္ ဘယ္နဲ႔ေတာ္ လက္ကိုအဲေလာက္ေတာင္ ဆုပ္ကိုင္ထားရလား တစ္ဟယ္ဟယ္နဲ႔ တစ္ဟယ္ေခၚတိုင္း လက္ကတင္းတင္းလာတာ ခုေတာ့တအားနာလို႔ေအာ္လိုက္ရတာ”
“ဟင္မမပိုင္ကလဲ တကယ္ပဲေတာ္ ဒီမွာအံ့ၾသလြန္းလို႔ျဖစ္သြားတာကိုး၊ ဂယ္ပဲ အစကတည္းက လက္ကိုပုတ္ခ်လိုက္ပါလာလို႔”
“ဟဲ့…ငါလဲပုတ္ခ်ခ်ိန္ကိုမရိွတာ သူတို႔ေျပာေနတာကို စ်ာန္၀င္သြားတာ နင္စကိုင္တာကို သတိကိုမရတာ”
“ျဖစ္ရေလ မမပိုင္ရယ္ လွလျွဖင့္လန္႔သြားတာပဲ”
“အို…ခိုင္ခိုင္လဲ သူတို႔ကိုၾကၫ့္ၿပီး အားက်လို႔ဒီလိုျဖစ္သြားတာကို နည္းနည္းေလေတာ့ ေအာက္ခံတာမဟုတ္ဘူး တကယ္ပဲေတာ္ မေျပာလိုက္ခ်င္ဘူး၊ ဒါနဲ႔ေလ သားေလးတို႔က ခ်စ္တာဘယ္ေလာက္ၾကာၿပီးလဲ”
“ခ်စ္တာေတာ့ၾကာၿပီး တရာ၀င္ခ်စ္ခြင့္ရတာေတာ့ ၄ လပဲရိွေသးတယ္”
“ဟယ္…ဂယ္ပဲ အားက်လိုက္တာဟယ္၊ လွလွသေဘာမတူခ်င္ေန ေလးခိုင္ကေတာ့ သေဘာတူတယ္”
ခိုင္ခိုင္စကားေၾကာင့္ မမပိုင္ႏွင့္လွလွ ခိုင္ခိုင္ကို မ်က္ေစာင္းမ်ား ဝိုင္းထိုးၾကပါေတာ့သည္။
“ဘယ္သူကေျပာလဲ သေဘာမတူဘူးလို႔”
မမပိုင္မေက်နပ္သလို ခိုင္ခိုင္ကို၀င္ပတ္သည္။
“လွလွကေတာ့ သူတို႔တကယ္ခ်စ္ရင္ေတာ့ ဘာမွမေျပာေတာ့ပါဘူး သူတို႔လမ္းသူတို႔ေလ်ွာက္ရမွာဆိုေတာ့ေလ၊ ဒါေပမယ့္ေလ သတၲိေတာ့ရိွရမွာေပါ့ေနာ္”
“ေဟး….
မင္းခႏိူင္၀မ္းသာစြာ ခုန္ထလိုက္ၿပီး ႀကီးေမကိုဖက္လိုက္ပါေတာ့သည္။ ထိုေနာက္ထိုင္ခုန္ကို ျပန္ထိုင္လိုက္ေတာ့ ခိုင္ခိုင္က လွလွကိုဖက္ၿပီးရင္ သူ႔ကိုပါဖက္မည္ထင္သည့္ အေနျဖင့္လက္က တန္းလမ္းႀကီးရိွေနပါေတာ့သည္။
လွလွႏွင့္မမပိုင္ကေတာ့ ခိုင္ခိုင္ကို မ်က္ေစာင္းခဲကာ ပိုကိုပိုတယ္လို႔ေျပာခ်င္ေနသည့္အေနထားမ်ား ျပလိုက္ေတာ့သည္။
“ေကာင္းတယ္ အဲလိုတန္လန္းႀကီးပဲ ျဖစ္ပါေစေတာ္”
မမပိုင္ကေတာ့ ႏူတ္ကပင္ေျပာဆိုလိုက္ေတာ့သည္။
အိမ္ငယ္ေလးတစ္ခုထဲတြင္ေတာ့ လွပစြာဖူးပြင့္ေနေသာ ပန္းငယ္ေလးႏွစ္ပြင့္ကို ေမတၲာဓာတ္ေရမ်ား ပတ္ျဖန္းလို႔ေနပါေတာ့သည္။ မင္းခကေတာ့ ကိုႀကီးကိုေက်းဇူးတင္သည္။ ကိုႀကီးကိုခ်စ္ခြင့္ရလို႔လည္း ေက်းဇူးတင္သည္။ ႀကီးေမကခြင့္ျပဳလို႔လည္း ကိုႀကီးကိုေက်းဇူးတင္သည္။
“ေက်းဇူးပါပဲကိုႀကီးရယ္”
ရုတ္တရက္ေျပာလိုက္ေသာ မင္းခစကားေၾကာင့္ ၀သုန္ေတာင္ ေၾကာင္သြားရသည္။
“ဘာျဖစ္လို႔လဲ”
“ကိုႀကီးက က်ေနာ္ကိုေနြးေထြးစြာ ႀကိဳဆိုလို႔ေပါ့”
“ေအာ္…..”
၀သုန္ႃပံုးျပလိုက္သည္။ ထိုေနာက္တြင္ အိတ္ကပ္ထဲမွ လက္စြပ္ဗူးေလးကို ထုတ္လိုက္ပါေတာ့သည္။ ဗူးအနီေရာင္ကိုျမင္တာႏွင့္ လက္စြပ္ဗူးေလးမွန္သိသာပါသည္။ ( ၀သုန္သည္ ဆိုင္ကေပးလိုက္ေသာ ဗူးအစစ္ကို လြင့္ပစ္လိုက္ၿပီး ေနာက္ဗူးအသစ္၀ယ္ကာ ထည့္ထားသည့္အတြက္ မင္းခႏိုင္သည္ ဆိုင္လိပ္စာအမွန္ကို မသိျခင္းျဖစ္ပါသည္။ )
“ဟင္..ကိုႀကီး..”
မင္းခဗူးေလးကိုၾကၫ့္ကာ မ်က္ရည္မ်ားသီးလာပါေတာ့သည္။
“ဟိတ္..ဒါငိုရမွာမဟုတ္ဘူးေလ…ကိုေပးတဲ့ခ်စ္သက္လက္ေဆာင္က မင္းခကို၀မ္းနည္းေစတာလာ”
“မဟုတ္ပါဘူးကိုႀကီးရယ္ က်ေနာ္ရင္ထဲေျပာျပလို႔မတတ္ေအာင္ ေပ်ာ္ရႊင္သြားလို႔ပါ၊ မ်က္ရည္က်လာတယ္ဆိုတာကလဲ ၀မ္းသာမ်က္ရည္သာျဖစ္မွာပါ”
“မင္းခလက္ခံေလ ၿပီးေတာ့ ဗူးေလးကိုဖြင့္ၾကၫ့္လိုက္”
မင္းခ ကိုႀကီးေပးေသာဗူးေလးကို တယုတယကိုင္ကာ ဖြင့္ၾကၫ့္လိုက္ပါေတာ့သည္။
“ဟာ”
“ဘယ္လိုလဲ သေဘာက်လာ”
“အရမ္းလွတာပဲ ကိုႀကီးကေရြးတတ္လိုက္တာ၊ လွလည္းလွတယ္ ေစ်းႀကီးမယ့္ပံုပဲေနာ္”
“ေစ်းကအဓိကမဟုတ္ပါဘူး မင္းခႀကိဳက္တာမႀကိဳက္တာက အဓိကပါ”
“ဆင္တူေလေနာ္”
“ဟုတ္တယ္ေလ”
“ဒါဆိုရင္ ကိုႀကီးကိုအရင္စြပ္ေပးမယ္”
“အင္း”
မင္းခထံသို႔ ၀သုန္လက္ထိုးေပးလိုက္သည္။ မင္းခ၀သုန္လက္ကို ေသးျခားစြပ္ေပးလိုက္ေတာ့သည္။ ၀သုန္လဲမင္းခလက္ကို တဖန္ျပန္စြပ္ေပးလိုက္သည္။ ခ်စ္သူႏွစ္ဦးၾကည္ျဖဴစြာ ျဖစ္ေနၾကသည္ကို လွလွ၊ မမပိုင္၊ ခိုင္ခိုင္တို႔မွာ ရင္တထိတ္ထိတ္ ၾကည္ႏူးမႈ႔ေတြနဲ႔ၾကည္းႏူးစြာ ၾကၫ့္ေနမိသည္။ ၀သုန္ႏွင့္မင္းခသည္လည္း အနားတြင္ရိွေနသၫ့္ထိုသံုးေယာက္ကို တဒဂၤေမ့ေလ်ာ့သြားသည္။
အဟင့္ ရႊတ္….
ငိုသံႏွင့္ႏွပ္ရႈံသံကိုၾကားေတာ့မွ မင္းခႏွင့္၀သုန္သတိရကာ လွည့္ၾကၫ့္လိုက္ေတာ့ အနီးကပ္ၾကၫ့္ေနၾကေသာ မ်က္နာသံုးခုကို ေတြ့လိုက္ရသျဖင့္ ေနာက္သို႔အနည္းငယ္တြန္႔သြားေတာ့သည္။
မမပိုင္ႏွင့္လွလွက ခိုင္ခိုင္ကိုမေက်နပ္သလိုၾကၫ့္လိုက္သည္။
“သူမ်ားေတြၾကည္ႏူးေနတာကို နင္ကတစ္ေမွာက္”
“မမပိုင္ကလဲ ခိုင္ခိုင္မေနႏိုင္ေတာ့ဘူး”
“မေနႏိုင္ရင္ ဟင္းဟင္း…ငါမေျပာခ်င္ဘူး ကေလးေတြေရ႔ွမွာ”
“မမပိုင္က ခိုင္ခိုင္ဆိုဒီလိုႀကီးပဲ အေကာင္းကိုမေျပာဘူး၊ ခိုင္ခိုင္မွာေတာ့ ကေလးေတြကိုၾကၫ့္ၿပီး ေက်နပ္၀မ္းသာေနတာ၊ ခိုင္ခိုင္ကိုလဲ အဲလိုခ်စ္မယ့္သူရိွရင္ေကာင္းမွာပဲလို႔ေတြးၿပီး အားေတြက်ေနတာ၊ ခိုင္ခိုင္ဘ၀ကေတာ့သနားစရာေကာင္းလိုက္တာ၊ မမပိုင္ကေရာ ဒီလိုမ်ိဳးခ်စ္သူရိွတာၾကေနတာပဲ”
“အမေလးဟယ္ ငါမေျပာခ်င္လို႔ေနာ္ တကယ္ပဲ၊ က်ဳပ္တို႔တုန္းကလဲ ဒီလိုပဲကဲခဲ့ၾကတာပါေနာ္၊ ဟိုးတစ္ခ်ိန္တုန္းကဆိုရင္ေလ……..”
“ေတာ္ပါေတာ့မမပိုင္ရယ္”
ခိုင္ခိုင္ေရ႔ွကပိတ္ကာတားလိုက္သည့္အတြက္ မမပိုင္စကားေျပာရန္အားယူလိုက္သည့္ အေျခေနက တိုးလို႔တန္းလန္းႀကီးျဖစ္သြားေတာ့သည္။ ႏူတ္ခမ္း၀တြင္တင့္ေနေသာ စကားလံုးမ်ားက ထြက္က်လုလု၊
“မမပိုင္ရဲ့ဟိုးတစ္ခ်ိန္တုန္းက စကားကို ေၾကာက္လြန္းလို႔ပါ”
မမပိုင္မ်က္ေစာင္းႀကီးႀကီးကို ဒိုင္းကနဲျမည္းေအာင္ထိုးလိုက္ပါေတာ့သည္။
“ဘာျဖစ္လို႔လည္း ေလးခိုင္ရ ေလးပိုင္ရဲ့ဟိုးတစ္ခါကိုဘာလို႔ေၾကာက္ရတာလဲ”
“ဒီလို သားငယ္၀သုန္ရဲ့ ဒီလို…..”
“ခိုင္ခိုင္ေနာ္ ကေလးေတြကို ဘာေပါက္ကရေတြေျပာမလို႔လဲ”
လွလွကေတာ့ မမပိုင္ႏွင့္ခိုင္ခိုင္ကိုၾကည့္ကာ သေဘာက်ကာရယ္ေနမိပါေတာ့သည္။
“အိုအမွန္ေတြေျပာမလို႔ပါေနာ္”
၀သုန္ႏွင့္ မင္းခသည္လည္း စိတ္ပါ၀င္စားသည့္အမူရာမ်ားကိုေတြ့သည့္အတြက္ ခိုင္ခိုင္မွာေျပာခ်င္ေနပါေတာ့သည္။
“ညည္းေျပာရဲေျပာၾကၫ့္ က်ဳပ္အေၾကာင္းသိေစရမယ္”
“ေျပာပါေစေလးခိုင္ကလဲ သားတို႔လဲသိခ်င္တာေပါ့”
“ဟီး…..”
“ဟင္းေနာ္ မိခိုင္ မခိုင္ၾကတ္ၾကတ္သတိထား”
မမပိုင္က လက္ညိုးကေလးတစ္ေထာင္ေထာင္ျဖင့္ ႀကိမ္းေမာင္းေနပါေတာ့သည္။ ခိုင္ခိုင္တို႔ကလဲ ထိုသို႔ေျပာမွ ပို၍ေျပာခ်င္ေနပါေတာ့သည္။
“ဒီလို မမပိုင္ကေလ တစ္ညက ဟိုးတစ္ခ်ိန္တုန္းကေပါ့ကြယ္ဆိုၿပီးေျပာလိုက္တာ၊ စကားလဲမပ်က္ အမ်ွင္းလဲမပ်က္ေတာ့ပဲ မနက္မိုးလင္းသြားတာ ခိုင္ခိုင္မွာေတာ့ တညလံုး သူေျပာသမ်ွကို ေခါင္းႀကီးညိတ္ေနရတာ၊ မနက္မိုးလင္းေတာ့ ေခါင္းႀကီးက ညိမ့္ေနတာပဲ ပုတ္သင္ညိုႀကီးအတိုင္းပဲ”
“ဟားဟား……
“ဟားဟား….
“တကယ္ေတာ္ေရ…ေနာက္ေန့ညေနက်ေတာ့ ေဆးခန္းျပရေတာ့တယ္ေလ၊ ဒါေၾကာင့္မမပိုင္ရဲ့ ဟိုးတစ္ခါတုန္းက အေၾကာင္းေတာ့လန္႔တယ္”
“လုပ္ၿပီးခိုင္ခိုင္ကေတာ့”
“မဟုတ္လို႔လား လွလွရယ္၊ လွလွလည္းသိသားနဲ႔”
မမပိုင္က ခိုင္ခိုင္ကိုတဖတ္ဖတ္ႏွင့္ရိုက္ပါေလေတာ့သည္။ လွလွကေတာ့ ရယ္ေမာကာေနပါေတာ့သည္။ မင္းခႏွင့္၀သုန္သည္လဲ သူတို႔ကိုၾကၫ့္ကာ သေဘာက်ေနမိပါေတာ့သည္။
“ဟဲ့လွလွ နင္ခရီးထြက္မလို႔ဟာ ဆိုင္းဆရာလည္းလာမေခၚပါလာ”
“ဆိုင္ဆရာကို ဖုန္းဆက္လိုက္တယ္၊ ဒီတစ္ေခါက္မလိုက္ေတာ့ဘူးလို႔”
“ဘယ္တံုးကလဲ”
“မမပိုင္တို႔ကိုေခၚၿပီးသူ႔ကိုေခၚလိုက္တာပဲ မမပိုင္”
“ေအာ္”
“မမပိုင္တို႔ေရာျပန္ေတာ့မွာလာ”
မမပိုင္သည္ခိုင္ခိုင္ကို မ်က္စပစ္ျပလိုက္သည္။ ဘယ္လိုလဲဆိုသည့္သေဘာ။
“ဟင့္အင္းျပန္ဘူး ဒီညဒီမွာအိပ္မယ္”
ခိုင္ခိုင္ကဆံုးျဖတ္ခ်က္ခ်ကာ ေျပာလိုက္သည္။
“ဟယ္”
“ဘာျဖစ္တာလဲ လွလွ၊ ခိုင္ခိုင္တို႔အိပ္မွာမႀကိဳက္လို႔လာ”
“မဟုတ္ပါဘူးေတာ္ အံ့ၾသလြန္းလို႔ အရင္ကဆို သူရဲေၾကာက္လို႔ အိပ္ပါဆိုတာေတာင္ မအိပ္ၾကပဲနဲ႔”
“အိုခုက အိပ္ခ်င္စရာေကာင္းတာကို”
၀သုန္ႏွင့္မင္းခဘက္ကို ၾကၫ့္ကာေျပာလိုက္ပါေတာ့သည္။
မည္သို႔မွမႏိုင္သည့္အဆံုးေတာ့ လွလွလည္းလက္ေလ်ာ့လိုက္ရေတာ့သည္။ ညစာစားခ်က္ၾကေတာ့လဲ တေပ်ာ္တပါးႀကီးႏွင့္ သူငယ္ခ်င္းမ်ားျဖစ္သည့္ မမပိုင္ႏွင့္ခိုင္ခိုင္တို႔ပါ ဝိုင္းကူးလုပ္ၾကသည္။
“ငယ္ငယ္တုန္းကကိုအရမ္းသတိရတာပဲ”
“ဟုတ္တယ္ေနာ္မမပိုင္”
“ဟုတ္တယ္မမပိုင္ရယ္ ကေလးေတြကိုဒီေခၚလာေတာ့ မီးဖိုးေခ်ာင္းထဲမွာလွလွ ခ်က္ျပဳတ္ေနတာကိုၾကၫ့္ၿပီး ခိုင္တို႔မွာေျပာဆိုေနၾကတာကိုေလး”
“ဒါကလဲဂရုနာနဲ႔ေျပာၾကတာကို လွလွသေဘာေပါက္တယ္ စိတ္ထဲမွာ ဘာမွမရိွပါဘူး ခိုင္ရယ္”
“ခုေတာ့သူတို႔ေလးေတြကႀကီးကုန္ၾကၿပီးေနာ္”
“အို…မမပိုင္ဘာႀကီးတာလဲလို႔”
“ဟဲ့ခိုင္ခိုင္မ နင္ကေတာ့ေလ တဆိတ္ရိွႏွာပဲေတြး ငါကသူတို႔ကိုေျပာတာက အသက္ဟဲ့အသက္”
“အဟင္း အဲလိုရွင္းရွင္းေျပာပါလို႔”
လွလွမွာေတာ့ ခိုင္ခိုင္ႏွင့္မမပိုင္ကိုၾကၫ့္ၿပီး ႃပံုးမိပါေတာ့သည္။ ေအာ္…ကေလးေတြလည္း အေတာင္ေတြစံုၾကၿပီး၊ အသိုက္ကိုစြန္႔ခြာျခင္ေနၾကၿပီး၊ လွလွဒီခဲြခြာမႈ႔ေတြကို စိတ္ခိုင္ႏိုင္ေအာင္ ႀကိဳးစားရအံုးမည္။
ညစာစားၿပီးၾကေတာ့ တီဗီြၾကၫ့္၊ လုပ္စရာရိွတာလုပ္ၾကၿပီးမွ အသီးသီးအိပ္ယာ၀င္ခဲ့ၾကေတာ့သည္။ ၀သုန္ႏွင့္မင္းခတို႔ အခန္းထဲတြင္ရိွေနပါသည္။ ၀သုန္ကိုဖတ္ၿပီးမင္းခက အိပ္ေနသည္။ ၀သုန္၏မ်က္နာႏူႏူေလးကိုၾကၫ့္ကာ မင္းခစိတ္ထဲတြင္ၾကည္းႏူးေနမိသည္။ ညမီးမိွန္မိွန္ေလးေအာက္မွာ အျပစ္ကင္းစင္စြာအိပ္ေနေသာ ၀သုန္ကိုမင္းခၾကၫ့္ေနရင္းက ႏူတ္ခမ္းႏူႏူေလးဆီသို႔ တေရြ့ေရြ့နီးကပ္လာသည္။ မင္းခႏွာ၀မွေလတိုးမႈ႔ေၾကာင့္ ၀သုန္မ်က္လံုးကို ဖြင့္လိုက္သည္။ ထိုေနာက္မင္းခဆီကို အတင္းဖိကာနမ္းလိုက္သည္။
“အာကိုႀကီးမေကာင္းဘူး က်ေနာ္ကအိပ္ေနတယ္မွတ္လို႔”
“ဟားဟား ရွက္ပါတယ္၊ ခိုးနမ္းတာတဲ့”
“သြားဗ်ာ ဖီလ္ေတာင္ငုပ္သြားတယ္”
“ဟားဟားေကာင္းေလးရွက္ပါတယ္”
“ေတာ္ၿပီးေျပာေတာ့နဲ႔”
မင္းခတစ္ဘက္လွဲအိပ္လိုက္မွ ၀သုန္ကေနာက္ကေနၿပီးသိုင္းဖက္ထားလိုက္သည္။
“မင္းခအိပ္မေပ်ာ္ဘူးလာ”
“ကီုႀကီး”
“အင္းေျပာေလမင္းခ”
“ကိုႀကီးကိုက်ေနာ္အရမ္းခ်စ္တယ္”
“ကိုႀကီးလည္းတူတူပါပဲကြာ”
“ကိုႀကီး”
“အင္း”
“တခုေလာက္ေမးလို႔ရလာ”
“ေမးေလး”
“ကိုႀကီးက်ေနာ္ကိုဘာလို႔မနမ္းတာလဲ”
“ဟင္”
“ဟုတ္တယ္ အဲ့ဒါကိုက်ေနာ္စဉ္းစားေနတာ ကိုႀကီးဒီေလာက္လြတ္လပ္တဲ့ႏွစ္ေယာက္တည္း ေတြ့ခ်ိန္မွာေတာင္ကိုႀကီးက်ေနာ္ကိုမနမ္းဘူးေနာ္”
“မင္းခရယ္”
“အဲဒါဘာျဖစ္လို႔လဲ”
“မဟုတ္ဘူးမင္းခရဲ့ မင္းခကိုေလကိုႀကီးကားေပၚမွာတံုးက တစ္စိမ့္စိမ့္ၾကၫ့္ရင္းက စိတ္ထားေတြေျပာင္းလဲလာတာ၊ ဒါေၾကာင့္မင္းခကိုေလး ကိုႀကီးစိတ္ဒါဏ္ရာေတြမေပးခ်င္ေတာ့တာ”
“ကိုႀကီးစကားက ဘယ္လိုႀကီးလဲ”
“ကိုႀကီးေျပာရင္မင္းခလက္ခံမွာလာ”
“အေၾကာင္းရာခိုင္လံုတယ္ဆိုရင္ေတာ့လက္ခံမွာေပါ့ ကိုႀကီး”
“မင္းခကို ကိုႀကီးမပိုင္ေသးဘူး၊ မင္းခကို ကိုႀကီးရဲ့ေစတနာကို မင္းခတစ္ေန့နားလည္မွာပါ၊ တစ္ခ်ိန္ဆိုတာကေျပာရတာမဟုတ္ဘူး၊ ကံၾကမၼာအလွည့္ေျပာင္းဆိုတာ ရိွတတ္တယ္ ကိုႀကီးက မင္းခကိုစိတ္ဒါဏ္ယာေတြ မရေစခ်င္ဘူး”
“ကိုႀကီးစကားကလည္း က်ေနာ္အခ်စ္ကိုမယံုသလိုပဲ”
“မယံုတာမဟုတ္ပါဘူး မင္းခရယ္ ကိုႀကီးေလ မင္းခေလးရဲ့ဘ၀ကို ကိုႀကီးေၾကာင့္ေတာ့ မနစ္မြန္းေစခ်င္ဘူး၊ ကိုႀကီးကိုမင္းခတေန့ေတာ့နားလည္လာမွာပါ၊ ကိုႀကီးက မင္းခအတြက္တစ္ခ်ိန္ခ်ိန္မွာမေကာင္းဆိုးဝါးႀကီး ျဖစ္ေနခဲ့မယ္ဆိုရင္ေပါ့”
“ေတာ္ၿပီးဗ်ာ စိတ္ညစ္တာေတြလာမေျပာေတာ့နဲ႔၊ မနမ္းခ်င္လဲေနေတာ့၊ ဒီလိုေလးပဲဖက္အိပ္ေတာ့မယ္”
မင္းခ ၀သုန္ရင္ခြင္ထဲကို ကေလးတစ္ေယာက္လို တိုး၀င္က ဖက္၍အိပ္လိုက္ပါေတာ့သည္။
“မင္းခကိုေလ ကိုႀကီးခ်စ္တယ္ဆိုတာေတာ့ယံုေပးပါေနာ္”
“အင္း….”
မင္းခ ႀကီးေမတို႔အိမ္တြင္သံုးရက္ေလာက္ေနၿပီးမွ မန္းသို႔ႏွစ္ေယာက္လံုး ျပန္လာခဲ့ေတာ့သည္။ ႀကီးေမကေတာ့ မ်က္ရည္စမ္းစမ္းႏွင့္ မွာရွာသည္။ ခိုင္ခိုင္ကေတာ့ ႏွပ္ေတြထြက္ေအာင္ပင္ငိုသည္။
“ေနာက္လဲ ၀သုန္မပါလဲသားလာခဲ့ေနာ္ ဒီအိမ္ကသားရဲ့အိမ္ပါပဲ”
“ဟုတ္ကဲ့ပါႀကီးေမရယ္ သားလာခဲ့ပါ့မယ္၊ ေလးခိုင္ကလဲသားစိတ္မေကာင္းမလုပ္နဲ႔ေလ”
“ဟုတ္သားပဲ မိခိုင္ရယ္ ကေလးေတြစိတ္မေကာင္းပဲျဖစ္ေနမယ္”
“အိုမမပိုင္ကလဲ ခိုင္ကမ်က္ရည္ခိုင္တာမဟုတ္ဘူး၊ ၿပီးေတာ့ေလ သူတို႔လိုခ်စ္သူမရတာကို ၀မ္းနည္းၿပီးငိုတာ”
“တယ္….ေကာင္မစုတ္ကတစ္မ်ိဳး……ကဲကဲသားတို႔ဂရုတစိုက္ျပန္ၾကေနာ္၊ မၾကာမၾကာလဲဖုန္းဆက္ၾက၊ အျခင္းျခင္းလဲရန္မျဖစ္ၾကနဲ႔၊ သားတို႔ေလးခိုင္ကို စိတ္မပူနဲ႔ သူကေကာက္ရိုးမီးလိုပဲ ဝုန္းကနဲပဲ ၿပီးရင္ဘာမွဟုတ္ေတာ့တာမဟုတ္ဘူး သြားၾကသြားၾက”
၀သုန္တို႔ကားေပၚတက္လာခဲ့ေတာ့သည္။ မင္းခကေတာ့ကေလးငယ္တစ္ေယာက္လို ေပ်ာ္ရႊင္စြာလက္ျပႏူတ္ဆက္ေနသည္။ ကိုႀကီးေဘးမွာရိွေနသ၍ေတာ့မင္းခကေတာ့ ေပ်ာ္ရႊင္ျပၫ့္စံုေနၿပီးဟုသတ္မွတ္ထားသည္ပဲ။
၀သုန္စိတ္ထဲ တစ္ခုေတာ့ေပါ့သြားခဲ့သည္။ အစကေတာ့ တစ္ပတ္ေနမည္စိတ္ကူးခဲ့ေသာ္လည္း ကိုကိုမိုးယံႏွင့္ေတြ့မည္စိုးေသာ္ေၾကာင့္ သံုးရက္ႏွင့္ျပန္လာခဲ့သည္။ ကိုကိုအေၾကာင္းကို ႀကီးေမတို႔စေျပာလာလ်ွင္လဲ လိမၼာပါးနပ္စြာ စကားေၾကာင္းေျပာင္းႏိုင္ခဲ့သည့္အတြက္ မင္းခေရ႔ွတြင္ကိုကိုအေၾကာင္းမ်ား မေျပာျဖစ္ခဲ့ၾကပါ၊ အႀကံမေအာင္ျမင္ေသးခင္ေတာ့ မင္းခသိသြားလို႔ မျဖစ္ေခ်ဘူးေလ။
ခရီးစဉ္ကျပန္လာေတာ့မင္းခႏွင့္၀သုန္ ကားဂိတ္တြင္လမ္းခဲြကာကိုယ္ဆီျပန္ခဲ့ၾကပါေတာ့သည္။
“ေဟာေမေမႀကီးျပန္လာၿပီး ထမင္းပဲြျပင္လိုက္မယ္ေနာ္”
“ေအး”
ေဒၚမိမိႏိုင္ကားေပၚမွဆင္းလိုက္ၿပီး မိမႈန္ကို အိတ္မ်ားေပးလိုက္သည္။ ဖိနပ္စဉ္တြင္ဖိနပ္ခၽြတ္လိုက္ေတာ့ သားငယ္ဖိနပ္ကိုေတြ့လိုက္ရသည္။
“ဟဲ့မိမႈန္”
“ရွင္ ေမေမႀကီး”
“ညည္းကိုေလးျပန္ေရာက္ေနတာလာ”
“ဟုတ္တယ္ေမေမႀကီး ေန့လည္ကတည္းက”
“ဒါဆိုညည္းကိုေလးကို ေျပာလိုက္ေတာ့ ထမင္းစားဆင္းခဲ့ေတာ့လို႔ ေမေမႀကီးေရာက္ၿပီးလို႔၊ ငါေရခ်ိဳးၿပီးရင္ ထမင္းစားမယ္”
“ဟုတ္ကဲ့ ေမေမႀကီး”
ေဒၚမိမိႏိုင္သည္ ကိုယ္လက္သန္႔စင္စြာျပဳလုပ္ၿပီး ေအာက္ထပ္သို႔ဆင္းလာခဲ့သည္။ မင္းခႏိုင္လည္းေအာက္ထပ္တြင္ေရာက္ေနပါၿပီး။
“လာပါအံုးေမေမသားေလးကို မေတြ့ရေတာ့လြမ္းေနတာ”
“သားလဲေမေမကိုလြမ္းေနတာပါေမေမရယ္”
မင္းခႏိုင္ေမေမကိုဖက္ကာ ကပ္ခၽဲြလိုက္ပါသည္။
“သြားလူဆိုးေလး ပိုၿပီး”
“ဒါနဲ႔ေဖေဖေရာေမေမ”
“သားအမဆီကို သြားတယ္”
“ဟင္ဟုတ္လား၊ ဘယ္တံုးကလဲ”
“ဒီေန့ပဲေလ၊ သားေလးကေခ်ာင္းသာမွာတပတ္ေနမယ္ဆိုၿပီးဘယ္လိုျဖစ္တာလဲ၊ ကားလဲမေတြ့ပါဘူး”
“ကားကသူငယ္ခ်င္းေတြဆီမွာ၊ သူတို႔ကေနခဲ့တယ္၊ သားကေမေမကိုလြမ္းလို႔”
“ေအးပါေအးပါ သားငယ္ကပ္ခၽဲြေနရင္းေတာ့ေမေမေတာ့လန္႔လန္႔လာတယ္၊ လာထမင္းစားမယ္”
“ဟုတ္”
သားအမိႏွစ္ေယာက္ထမင္းစားၾကရင္ ၾကည္းႏူးေနပါသည္။ ထိုသို႔ပါပဲ မိဘဆိုတာ သားသမီးေတြေပ်ာ္ရႊင္ေနရင္ေတာ့ ရင္ထဲမွာေအးခ်မ္းစြာ ရိွေနခဲ့သည္ပဲ၊ ဒါေတြကမိဘေမတၲာေတြပဲေပါ့။
“ဟင္…”
ေဒၚမိမိႏိူင္ မင္းခလက္မွလက္စြပ္ကိုအမွတ္မထင္ေတြ့လိုက္သည္။ ဒီလက္စြပ္ကို သူမေကာင္းေကာင္းသိသည္။
By Jin Jar #TBC#

Continue Reading

You'll Also Like

2.9M 54.4K 17
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
202K 11.2K 22
ထည္ဝါ႐ွန္ ေႏြဦးေမာင္ ထည်ဝါရှန် နွေဦးမောင်
1M 57K 58
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
59.2K 1.8K 16
Semeက လူဆိုးဖစ်ပီ ရဲတစ်ယောက်ဖစ်တဲ.ukeလေးတို.ရဲ.အကြောင်းလေးပါ သူတို.နှစ်ယောက်ရဲ.အချစ်ကဖစ်နိုင်လားမဖစ်နိုင်လား? စိတ်ကူးယဥ်သက်သက်သာ... မှတ်ချက်#မြန်မာနိ...