စမ်းရေကြည်ပေါက်(Uni+Zawgyi)...

By MinKhant22

15.7K 576 4

... More

EPISODE 1(Uni+Zawgyi)
EPISODE 2(Uni+Zawgyi)
EPISODE 3(Uni+Zawgyi)
EPISODE 5(Uni+Zawgyi)
EPISODE 6(Uni+Zawgyi)
EPISODE 7(Uni+Zawgyi)
EPISODE 8(Uni+Zawgyi)
EPISODE 9(Uni+Zawgyi)
EPISODE 10(Uni+Zawgyi)
EPISODE 11(Uni+Zawgyi)
EPISODE 12(Uni+Zawgyi)
EPISODE 13(Uni+Zawgyi)
EPISODE 14(Uni+Zawgyi)Final

EPISODE 4(Uni+Zawgyi)

680 33 0
By MinKhant22

စမ်းရေကြည်ပေါက် (Part 4)

လှလှတစ်ယောက် အိမ်ဘက်ဆီသို့ အမောတကော ပြေးခဲ့ပါတော့သည်။ အိမ်ရောက်တော့ သားငယ်၀သုန်က မျက်နာသစ်သွားတိုက်လုပ်နေပါပြီး၊ လှလှတစ်ယောက် အမောတကောနှင့်ပင် အိမ်ပေါ်တက်ကာ ဖိတ်စာကို ရှာရသေးသည်။ လိပ်စာသိရန်အတွက်ဖြစ်ပါသည်။ ထိုနောက် ဖြစ်သလိုပင် အိမ်ပေါ်မှ ဆင်းပြေးကာ မမပိုင်ဆိုင်သို့ပြေးခဲ့ပါတော့သည်။
၀သုန်မှာ သွားတိုက်တန်ကြီးဖြင့် တိုက်တိုက်ရင် လှလှကို လိုက်ကြည့်နေသည်။ မျက်လုံးပြုးမျက်စံများ ပြူးသွားတော့သည်။ အဘယ့်ကြောင့် ဆိုသော် လှလှသည် လှေခါးမှ ခုန်ကျော်ကာပင် ဆင်းပြေးသွားသောကြောင့် ဖြစ်သည်။ ၀သုန် တစ်သက်တွင် သူ၏ကြီးမေကို ထိုကဲ့သို့ ပြုမှုသည်ကို မမြင်ခဲ့သောကြောင့်ဖြစ်သည်။
၀သုန်ကြောင်စီစီ ဖြစ်ကာ ကြီးကြီးကို ကြည့်နေမိတော့သည်။
လှလှကတော့ အပြေးတပိုင်းဖြင့်ကာ မမပိုင်ဆိုင်သို့ရောက်လာခဲ့သည်။ သို့သော်ဆိုင်က ပိတ်ထားသည်။ ဘယ်လိုဖြစ်သည်ကိုပင်နားမလည်တော့ချေ။ ဘေးကဆိုင်တွေကိုကြည့်လိုက်တော့လဲ ဆိုင်အချို့သာဖွင့်ကြသည်။ အတော်များများကတော့ ပ်ိတ်ထားသည်။ လှလှ နှစ်ရက်လောက်ဆိုင်မလာခဲ့ သည့်အပြစ်ပင်ဖြစ်ပါတော့သည်။
ဘေးကဆိုင်ကိုမေးလိုက်တော့ သူတို့ကပင် လှလှကို တအံ့တသြပင် ပြန်ကြည့်နေကြတော့သည်။
“မနေ့ကပဲ မလှတို့ ဘက်ကဖိတ်စာတွေဝေတယ်ဆိုပြီး လာပေးသွားတယ်လေ”
“ဘယ်လို”
“ဟုတ်တယ်လေ ခုစျေးဆိုင်တွေကို မလှပဲ ဖိတ်ပြီးတော့၊ မမပိုင်ကတောင် ပြောသေးတယ် ဒါကြောင့် လှလှဆိုင်ကို မလာတာလို့”
ဟင် …သွားပြန်ပြီး၊ လှလှ ကိုတဘက်လှည့်နှင့်လုပ်ကြံသွားလိုက်ပြီး၊ ဒါဆို သက်ဆိုင်သူ လှလှနှင့် သားကြီးရဲ့ညီလေး ၀သုန်တို့သာ ကျန်ခဲ့ကြသည်ပေါ့၊ လှလှ ကြုံးအော်ပစ်လိုက်ချင်တော့သည်။ ဒီအချိန်မှ လိုက်သွားလျှင်လည်း မင်္ဂလာခမ်းမတွင် အမှိုက်ကောက်ရုံသာ ရှိတော့မည်။ မသက်သာသည့်အဆုံးတွင်တော့ လှလှ စိတ်ပျက်ကာ အိမ်သို့ ပြန်လာခဲ့တော့သည်။ အိမ်ရောက်တော့ သားငယ်မရှိတော့ချေ။ အလုပ်သွားလေပြီး။
အကြောင်းသက်သေ တစ်စုံတစ်ရာမပြနိုင်သည့် လှလှ မိမိကိုယ်ကို ခွင့်မလွှတ်နိုင်ချေ။ တဘက်သက် အားငယ်ချက်တွေနဲ့ တွေငေးနေလုိ့ခုလို လုပ်ကြံခံလိုက်ရသည့် ဖြစ်ခြင်း။
တောက်…
“ဒေါ်မိမိနိုင် ရှင်ကလေ လူကြီးလူုကောင်းဖြစ်ပြီး လူကြီးလူကောင်း စိတ်ထားမရှိတဲ့မိန်းမကြီး၊ ရှင်လဲလှလှ လို၀ဠ်မလည်ပါစေနဲ့လို့ လှလှဆုတောင်းပေးလိုက်တယ်”
လှလှနူတ်ခမ်းကို ပြတ်လုမတက်ကိုက်ကာနေမိသည်။ မိမိ တစ်ဘက်သက် အားငယ်စိတ်တွေ ဖြစ်နေလို့ ယခုလိုခံစားရလိုက်သည်ဟုပင် တွက်ချက်ထားလိုက်တော့သည်။
ခုတော့လှလှတစ်ယောက်တည်း အိမ်မှာ၊ သူငယ်ချင်းတွေလဲ မရှိကြ။ သားကြီးကလဲ အဝေးမှာ မင်္ဂလာဆောင်နေသည်။ လှလှကတော့ အိမ်မှာ ငိုနေသည်။ မပျော်ရွှင်ရတဲ့ ဒီမင်္ဂလာပွဲမှာ ဒေါ်မိမိနိုင်တစ်ယောက်ကော ပျော်ရွှင်နိုင်ပါသေးရဲ့လာ။
မိုးယံထက် မင်္ဂလာပွဲကို စိတ်မကောင်းစွာ ဖြတ်သန်းခဲ့ရသည်။ မင်္ဂဆောင်တွင်းမှာ လှမ်းနေသည့် ခြေလှမ်းများက သက်မဲ့နေသည်။ သူမျက်လုံးများက မင်္ဂလာ၀င်ပေါက်ကိုသာ၊ ညီလေး ၀သုန်ကိုလဲ မျှော်နေမိသလို၊ ကျေးဇူးရှင် ကြီးမေကိုလဲ မျှော်နေမိသည်။ မင်္ဂလာပွဲကို ဖြတ်သန်းခဲ့ပေမယ့် မင်္ဂလာပွဲ အထမမြောက်သလို ခံစားရသည်။ ထိုကြောင့် မင်္ဂလာပွဲ ပြီးပြီးခြင်း လူကြီးစုံရာ မင်္ဂလာကန်တော့ပွဲတွင်တော့ ကြီးမေကို မတွေ့ရတော့ မျက်ရည်များပင် ကျမိသည်။ ကံကောင်းသည်က ချိုချိုမေမေက အစစ၊အရာရာ ဂရုစိုက်နေခဲ့သည့်အတွက် သူမှာ အနေရခက်လှပါသည်။
မိုးယံထက်သိသည်က ဒေါ်မိမိနိုင်နှင့် ကြီးမေတိုင်ပင်ကာ ဖိတ်စာများရိုက်၊ တိုင်ပင်ပြီးလုပ်ကြသည်ဟုသာ ချိုချိုဘက်မှတဆင့် ကြားသိခဲ့ရသည်။ ကြီးမေကလဲ သူ့ဆီဖုန်းဘာမှ မဆက်အသွယ်မလုပ်တော့ မိုးယံထက် ဘာမှမသိခဲ့ရ၊ အစက သူရေးပေးလိုက်သော ဖိတ်စာ အကြမ်းသည် ပြောင်းလဲသွားတော့ သူ့မှာ အံ့သြမှင်သက်မိသည်။ အိမ်ကို ဖုန်းဆက်တော့လဲ မည်သူနှင့်မျှ မတွေ့ရတော့ ဘာမှမသိခဲ့ရပါ။ ထိုကြောင့် မင်္ဂလာဆောင်ရန် တစ်ရက်အလိုမှာတော့ သူ့မှာ အလုပ်တွေများပြီး အိမ်ကိုလဲ ဖုန်းမခေါ်နိုင်တော့၊ သူ့၏အပေါင်းဖော်များနှင့် ချိုချိုမိသားစုကြားထဲ ဗျာများနေသည်မှာ ရှုပ်ရှက်ခတ်နေခဲ့သည်။ ချိုချိုမေမေကတော့ ကြီးမေကို ဆက်သွယ်ခဲ့သည် ဟုပြောခဲ့၍ သူစိတ်ချခဲ့သည်။ ခုတော့ ဖြင့်မင်္ဂလာဆောင် ထဲမှာတော့ မိဘမစုံတဲ့သူ့မင်္ဂလာပွဲက ပြီးသာပြီးခဲ့သည်၊ ထိုကြောင့် မင်္ဂလာပွဲပြီးသည်နှင့် ရွှေဘိုကိုသွားရန်ပြင်လိုက်သည်။ ချိုချိုကလည်းသဘောတူသည်။ မိုးယံထက် စိတ်မကောင်း ဖြစ်တော့ ချိုချိုလဲ ထက်တူခံစားရသည်ပင် မဟုတ်လား။
သူတို့နှစ်ယောက် ခရီးထွက်ရန်ပြင်ဆင်နေချိန်တွင်တော့ ဒေါ်မိမိနိုင်ရောက်လာခဲ့သည်။
“သမီးရေ….သားမိုးယံ…ဒီမှာကြည့်စမ်း”
“ရှင်မေမေ ဘာများလဲ”
“ဒီမှာ”
ဒေါ်မိမိနိုင်မှာ လေယဉ်လက်မှတ်တစ်စုံကို ပြနေသည်။ လက်ကိုလဲ မွေ့ယမ်းနေသည်။
“ဘာလက်မှတ်လဲ မေမေ”
“မေမေသူငယ်ချင်းက သမီးနဲ့ သားအတွက် ဟန်နီးမွန် လက်ဖွဲ့လက်မှတ်ပေးတယ်၊ ငွေဆောင်ကိုတဲ့၊ ၅ ရက် ၆ ည အားလုံးအပြီးစီးပဲ”
“ဟုတ်လာ ကောင်းတာပေါ့ မေမေ၊ ရွှေဘိုက ပြန်လာပြီးရင်သွားတာပေါ့”
“ဟဲ့လက်မှတ်က ဒီညနေထွက်မှာ နောက်နှစ်နာရီဆိုသွားရမှာ”
“အိုသမီးတို့က ဘာမှလဲ မပြင်ဆင်ရသေးဘူး”
“ဒါတွေကိုကြိုသိလို့ မေမေစီစဉ်ပြီးသား၊ သမီးနဲ့ သားသာ လူကြီးပဲလိုက်သွားလိုက်၊ ကားလဲ အိမ်ရှေ့မှာရောက်နေပြီး၊ ဒါကြောင့် ဘာမှစိုးရီမ်မနေနဲ့တော့”
ဒေါ်မိမိနိုင်မှာတော့ ပျာယာခတ်ကာ မိုးယံနှင့်ချိုချိုကို အတင်း တွဲကာ ခေါ်ထုတ်သွားပါတော့သည်။ မိုးယံမှာ ကိုလို့ကန့်လန့်ဖြစ်ကာ ပါသွားတော့သည်။
မင်္ဂလာပွဲပြီးနောက်တစ်ရက်။
၀သုန်အလုပ်က ပြန်လာခဲ့သည်။ စိတ်ထဲမှာ မကျေနပ်ချေ။ သူဒီနေ့မှသိရသည့် အကြောင်းက ကိုကိုမနေ့က မင်္ဂလာဆောင်သွားသည်ဆိုသည့် ကိစ္စပင်ဖြစ်သည်။ ကြီးကြီးလည်း သူ့ကို ဘာမှမပြောခဲ့၊ ကြီးကြီးလဲ အိမ်မှာ ရှိနေသည်။ ကိုကိုမင်္ဂလာဆောင်ကို မသွားတာသေးခြားသည်။
မနက်က အလုပ်သွားတော့ ကြီးကြီးက အိပ်ယာမှ ထသေးဟန်မတူချေ။ ညကလဲ မေးတော့ နေမကောင်းလို့ဟုပြောကာ အိပ်နေသည်။ ထိုကိစ္စတွေက ကြီးကြီး ကိုနေမကောင်းစေခဲ့တာပဲ ဖြစ်မည်။ ထိုကြောင့် နေ့၀က်ပင် မကျိုးသေးပဲ အလုပ်မှပြန်လာခဲ့သည်။ အိမ်ကိုရောက်တော့ အိမ်က တိတ်ဆိတ်နေသည်။ ကြီးကြီး သည်လဲ အခန်းထဲမှာပင် ရှိနေမည်ဟုထင်သည်။ ၀သုန်အိမ်နောက် ဘက်သို့ ထွက်လာခဲ့လိုက်သည်။ မနက်က လှမ်းထားသည့် အ၀တ်စားများ သွားသိမ်းခြင်းဖြစ်ပါသည်။
လှလှတစ်ယောက် မမပိုင်တို့ကို မျှော်နေသည်။ မနေ့က ကိစ္စကို သိချင်သည်။ မနက်ကတည်းက မျှော်နေသည်မှာ ကြာလှပြီး၊ နေ့၀က်ပင် ကျိူးတော့မည် မမပိုင်တို့က မလာသေးချေ။ နောက်ဆုံးတော့ လှလှ မစောင့်နိုင်တော့ မမပိုင်တို့ဆီသွားရန် အိမ်ပေါ်မှဆင်းခဲ့လိုက်တော့သည်။ ထိုအချိန် ကားတစ်စီး အိမ်ရှေ့တို့ ရောက်လာသည်။ တစ်ခြားသူမဟုတ် ဒေါ်မိမိနိုင် ပင်ဖြစ်တော့သည်။ ဒီတစ်ခါတော့ ဒေါ်မိမိနိုင် တစ်ယောက် သားဖြစ်သူ မင်းခနိုင် ကိုပါ ခေါ်လာခဲ့သည်။
လှလှ မျက်မုန်းကျိုးစွာ၊ ရွံရှာစွာ ဒေါ်မိမိနိုင်ကို ကြည့်နေမိသည်။ ဒေါ်မိမိနိုင် အကြည့်များကလဲ လှလှလိုပင် ဖြစ်နေပါသည်။
“ဘာလာလုပ်တာလဲ ဒေါ်မိမိနိုင် လှလှမျှော်လင့်ထားတာက လှလှ သားကြီးကို အမကြီးကိုတော့ မဟုတ်ဘူး”
“အလိုတော် ကျုပ်ကလဲ လာချင်လို့လာတာ မဟုတ်ဘူး၊ တန်ရာတန်ကျေးလာပေးတာ၊ ပြီးတော့ ရှင်က သားမိုးယံနဲ့ ဆိုင်သာဆိုင်တယ် မပိုင်တော့ဘူး၊ ဒါကို လာပြောတာ ရော့”
ဒေါ်မိမိနိုင် ပိုက်ဆံထုတ်ကို လှလှရှေ့သို့ပစ်တင်လိုက်သည်။ လှလှ သည်းခံနိုင်တဲ့ အားအင်းတွေကုန်ခမ်းသွားတော့သည်။
“ရှင့်ကို ပြောလိုက်မယ် ရှင် သားမိုးယံရဲ့ဂုဏ်သိက္ခာကို စောင့်သိတယ်ဆိုရင် အဆက်သွယ်မလုပ်နဲ့တော့၊ ပြီးတော့ သားမိုးယံကို ရှောက်စောင့်လာလို့ တန်ရာတန်ကြေးပေးတယ်လို့ သဘောထားလိုက်၊ ပြီးတော့ ရှင့်လိုပုံမျိုးနဲ့ ကျမအမျိုးတော်ရမှာ ရင်နာလွန်လို့၊ ကျမဆွေမျိုးတွေကြားမှာ အမြဲတမ်းခေါင်းမော့ပြီးနေခဲ့တာ ခုတော့ ရှင့်ကြောင့် ကျမသိက္ခာတွေ မရှိသလောက်အောင် ဖြစ်နေပြီး၊ ဘယ်နဲ့တော် အခြောက်လို မျိုးမှ ခမည်းခမက် လာတော်ရတယ်လို့”
“ဒီမှာ ဒေါ်မိမိနိုင် လှလှမပြောချင်လို့ ကြည့်နေတာကို ရောင့်တက်မလာနဲ့ ဒီငွေတွေပြန်ယူသွား၊ လှလှကလဲ ကိုယ့်သိက္ခာနဲ့ ကိုယ်နေတာ”
“အေး မိမိနိုင်တို့ရဲ့ အမျိုးထဲမှာ ရှင့်လိုမျိုးဟာတွေ ကို မရှိစေချင်တာ မိမိနိုင်တို့က သန့်သန့်လေ နေတာ”
လှလှမှာ အသားများပင်တုန်ယင်လို့နေပါတော့သည်။
“သွားတော့ ထွက်သွားတော့ ဒီပိုက်ဆံတွေလဲ ပြန်ယူသွား”
လှလှပေါက်ကွဲကာ ပိုက်ဆံများကို ဒေါ်မိမိနိုင်ထံပစ်ပေါက်လိုက်ပါတော့သည်။ သူတို့ပြဿနာကို အစအဆုံးကြည့်နေသူနှစ်ယောက်ရှိခဲ့ပါသည်။ တစ်ယောက်ကတော့ သူတို့နှစ်ယောက်မြင်သာသည့် မြင်ကွင်းမှာ ရှိနေခဲ့သည့် ဒေါ်မိမိနိူင် သား …မင်းခနိုင်ဖြစ်သည်။
“မေမေဘာဖြစ်နေတာလဲ ဒီလိုလူမျိုးနဲ့ မေမေကလဲ ပြောနေသေးတယ် လာပြန်မယ်”
“ဟဲ့သား ဘာလို့အောက်ကိုဆင်းခဲ့တာလဲ၊ ဒီလိုမျိုးဟာတွေနဲ့ ပက်သက်ဘို့မပြောနဲ့ အရိပ်တောင် မနင်းမိစေနဲ့ လာသွားမယ်၊ ရှင့်ကိုနောက်ဆုံးတစ်ခေါက်ပြောလိုက်မယ် ကျမသမီး သားနဲ့ ဘယ်တော့မှ မပက်သက်ပါစေနဲ့၊ ရှင်သာ သားမိုးယံကိုချစ်တယ်ဆိုရင် သားမိုးယံဂုဏ်တွေ ညှိးနွမ်းသွားအောင် မလုပ်မိပါစေနဲ့၊ ရှင်ရှေ့ဆက်တိုးမယ်ဆိုခဲ့ရင်လဲ ကျမက လက်ပိုက်ကြည့်နေမှာမဟုတ်ဘူး၊ ဒါပဲ”
“ဒီမှာ ဒါတွေ ပြန်ယူသွား”
လှလှတစ်ယောက် ဒေါ်မိမိနိူင်ကို ကြုံးအော်လိုက်ပေမယ့် ဒေါ်မိမိနိုင်ကတော့ ကားပေါ်အသာလေ တက်သွားကာ ထွက်သွားတော့သည်။ လှလှမှာတော့ အရုပ်ကြိုးပျက်ကျကာ ထိုင်ချလိုက်ပြီး ရှုံးပွဲချ ငိုလိုက်မိပါတော့သည်။
ထိုအရာများကို အစအဆုံးကြည့်ကာ ဒေါသများဖြင့် လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားသော ၀သုန်ခေါင်……
၀သုန် ထိုမိန်းမကြီး (ဒေါ်မိမိနိုင်) ၀င်လာကတည်းက မြင်ဖူပါသည်ဟုကြည့်ကာ နေသည်။ ကြီးကြီးနှင့် ရန်ဖြစ်ကာ လုပ်နေသော မိန်းမကြီးကိုကြည့်ရင်က တစ်ချိန်က မန်းစျေးချိုတွင် ထိုမိန်းမကြီး၏ သားဖြင့် ၀င်တိုက်မိသလို ဖြစ်သွားကာ မိမိအား နှစ်ပြားမတန်အောင် ပြောဆိုသွားသော မိန်းမကြီးမှန် သိလိုက်သည်။
ထိုမိန်းမကြီး လာရခြင်းအကြောင်းရင်းကို သိချင်၍ သူ၀င်မပါပဲ ကွယ်ရာကနေပြီး ကြည့်နေခဲ့သည်။ ထိုမိန်းမကြီးပြောဆိုသွားသော စကားများက သူ့၏ကျေးဇူးရှင် ကြီးကြီး ကိုစော်ကားသွားသည်။
(အေး မိမိနိုင်တို့ရဲ့ အမျိုးထဲမှာ ရှင့်လိုမျိုးဟာတွေ ကို မရှိစေချင်တာ မိမိနိုင်တို့က သန့်သန့်လေ နေတာ)
၀သုန်မမှိတ်မသုန်ပဲ ကြည့်နေရင်းက နာကြီးစိတ်က ကြီးထွားလာသည်။ ထိုမိန်းမကြီးထွက်သွားတော့ မှပို၍ ဆိုးရွားစွာ ခံစားရသည်။ ကြီးကြီးသည် အိမ်ပေါ်တက်သွားကာ ဧည့်ခန်းတွင် ငိုနေသည်ကို သိသည်။ တစ်အောက်လောက်နေတော့မှ ၀သုန်အိမ်ပေါ်တက်သွားလိုက်သည်။ ကြီးကြီးသည် ၀သုန်တက်လာသည်ကို သိသည်နှင့် မျက်ရည်များကို ကဗျာကရာ သုတ်လိုက်ကာ သူမမြင်နိုင်အောင်လုပ်လိုက်သည်။ ကြီးကြီး မျက်ရည်ကျသည်ကို သူမမြင်ဖူပါ။ ယခုတော့ ကြီးကြီး သူတို့ကြောင့် မျက်ရည်ကျရပြီး။
“အော် သားလေးတောင် ပြန်လာပြီး အစောကြီးသားရယ် ဘယ်လိုဖြစ်လို့လဲ”
“ကြီးကြီးကငိုနေတာလာ”
“အိုမဟုတ်ပါဘူးကွယ် အိမ်သန့်ရှင်းရေးလုပ်နေတာ အဲဒါကြောင့် မျက်လုံးထဲ ဖုန်တွေ၀င်သွားလို့”
“အိမ်ရှေ့လှေခါးပေါ်က ပိုက်ဆံတွေက ဘာတွေလဲ ကြီးကြီး”
“ဟင်…..အော် ကြီးကြီး အခန်းရှင်းတာ”
“ပိုက်ဆံတွေကို လူမြင်သာအောင် လုပ်ပြီး အခန်းရှင်းတာတော့ ထူးဆန်းတယ်”
“သားငယ် မျက်နာလည်း မကောင်းဘူး ဘယ်သူနဲ့ ဘာဖြစ်လို့လဲ ကြီးမေကို ပြောစမ်း”
“ဘယ်သူနဲ့ မှမဖြစ်ဘူး၊ ကျနော်မကျေနပ်တာ၊ ကြီးကြီးက သားကို သားတစ်ယောက်လိုရော တန်ဘိုးထားရဲ့လာ”
“အို…”
“ဟုတ်တယ် တစ်ခြားသူစိမ်းတွေပြောမှ သိရတဲ့ကိုကိုမင်္ဂလာကိစ္စ၊ လူကြီးအရာကို ပေးမထားခဲ့တဲ့ ကြီးကြီးကိစ္စ၊ ဘာဖြစ်လို့ ကျနော်ကို မပြောတာလဲ”
“အိုသားရယ် သားကို ချစ်လွန်လို့ သားလေးစိတ်ဆင်းရဲမှာစိုးလို့ သားကို မပြောတာပါ၊ ကြီးမေကြောင့် သားတို့ ဂုဏ်ငယ်မှာစိုးလို့”
“ဟာ…..ဗျာ………….မဆိုင်လိုက်တာ သားစိတ်ထဲမှာ ကြီးကြီးက ကျနော် အုပ်ထိမ်းသူ၊ မိဘ၊ အမေပဲ ကျနော်သိတတတ်စကတည်းက ကြီးကြီးလက်ပေါ်မှာ နေခဲ့တာ၊ သားကို သားလို သဘောမထားတော့ဘူးလာ၊ အရင်လို မချစ်တော့ဘူးလာ”
“အို မဟုတ်တာ သားရယ် သားလေးရော သားကြီးရော ကြီးမေက ဘယ်တော့ မှ အချစ်မလျော့တဲ့ ချစ်တွေနဲ့ အေးမြတဲ့ အချစ်တွေနဲ့ ပါ တသက်လုံး ဒီအတိုင်းပဲ၊ သားတို့သာ ကြီးမေကိုလေ…အခြောက်ကြီးဆိုပြီးတော့………….”
“အိုကြီးမေရယ်”
၀သုန်ဆက်ပြီး နားမထောင်နိုင်တော့ ကြီးမေကို ဆွဲပွေ့ဖက်လိုက်ပါတော့သည်။
“သားကို ခွင့်လွှတ်ပါ ကြီးမေရယ်၊ သားစကားပြောမှားသွားတဲ့အတွက် သားကို ခွင့်လွှတ်ပါ”
“ကြီးမေကလေ သားတို့ဘာပဲလုပ်လုပ် တသက်လုံး ခွင့်လွှတ်နေမှာပါကွယ်”
တူ၀ရီး နှစ်ယောက် ဖက်ကာ မျက်ရည်များကျနေမိကြသည်။
၀သုန်စိတ်ထဲမှာတော့
( ဒေါ်မိမိနိူင် ခင်များခံစားစေရမယ်၊ ခင်များသားကို လုံခြုံအောင်သာ ဖုံးထားပေတော့)
==================================
အခန်း(၂)
၀သုန်…
သူ့ဘ၀ကရိုးရှင်းသည်။ အများတကာကို ကူညီချင်စိတ်ရှိသူ၊ မဟုတ်မခံစိတ်ကြောင့် လူဆိုးလေး အမြင်ဖြင့် အများအမြင်ဖြစ်နေခဲ့သည်။ ကြီးကြီး (လှလှ) ၏ဆိုဆုံးမမှု့အောက်တွင် ရှိခဲ့သောကြောင့် အားငယ်သူများအပေါ်စာနာတတ်သည့် စိတ်ကရှိသည်။ လူငယ်ပီပီစိတ်ကတော့ ဆတ်သည်။ အရိုးရင်းခံအတိုင်း နေတတ်သည်။ ၀သုန်ကမ္ဘာလေးတွင် ချစ်ရသော အကိုကြီး မိုးယံထက် နှင့် ကြီးကြီးသာ ရှိသည်။ လူငယ်ပီပီစိတ်ကစားသည်ကတော့ ရှိခဲ့သည်။ ရည်းစားနှစ်ယောက်လောက်ထားခဲ့ဖူသည်။ ကျောင်းတွင် ပန်းယမုံဆိုသည့်ကောင်းမလေးကချစ်ရေးဆိုခဲ့ဖူသည်။ ရည်စားဖြစ်ပြီး နှစ်ရက်လောက်သက်တန်းသာရှိခဲ့သည်။ ကြီးကြီးကိုစော်ကားသောကြောင့် ဖြစ်သည်။
“ကိုကို ရယ် ကိုကိုကြီးကြီးဆိုတာကြီးက အခြောက်ကြီးလာ”
“ဘာပြောတယ်”
“အမလေး ဒါလေးမေးတာလေနဲ့ ရည်းစားကို ငေါက်ရလာ”
“ကျန်တာတွေခွင့်လွှတ်လို့ရမယ် ငါ့ကြီးကြီးကိုတော့ အထင်သေးတဲ့လေသံနဲ့လာမမေးနဲ့ ဒီနေ့ပဲပြတ်တယ်”
“ဒါကြောင့်ကျောင်းကလူတွေကပြောတာ အခြောက်ရဲ့တူက အခြောက်လိုပဲနေမှာပဲ”
၀ုန်း…
“အမလေး”…
၀သုန်ဒေါကန်ကာ ခုန်ကိုစောက်ကန်လိုက်တော့သည်။ ၀သုန်နှင့် ပန်းယမုံ ကျောင်း၏အရှေ့က ကင်တင်းတွင်ထိုင်ကာ စကားပြောနေကြပါသည်။ ထိုကြောင့် ရှေ့မှ ခုန်ကတော့ နှစ်ပတ်လောက် ကျွမ်းပစ်ထွက်သွားသည်။
“နောက်တစ်ခါ ဒီစကားပြောရင် အဲ့ဒီခုန်အစား နင်ဖြစ်သွားမယ် မှတ်ထား”
ထိုနောက်ရည်းစား တစ်ယောက်ပြတ်ခဲ့သည်။ စိတ်ကတော့ မပျက်ခဲ့ပါ၊ နောက်တစ်ယောက်ရှာလိုက်သည်။ သူငယ်ချင်းတွေကလဲ မြှောက်ပြောသည်။ ၀မ်းဂိုး တူးကမ်း(လ်) တဲ့။
ကိုကိုမင်္ဂလာဆောင်သည့် အချိန်တွင်လဲ ၀သုန်မှာ ရည်းစားရှိခဲ့ပြီး။ သူမနာမည်က ခိုင်မာလာ၊
မာလာကိုတော့ အလုပ် လုပ်ရင်းက ရင်းနှီးပြီးခင်မင်ပြီးတစ်ဆင့်တက်ကာ ရည်းစားဖြစ်ခဲ့သည်။ မာလာကတော့ ပိုက်ဆံရှိအသင့်တင့် မိသားစုမှပေါက်ဖွားလာသူ။ သူမကအနေအေးသည်။ ကြိုးစားသည်။ ၀သုန်နှင့် အတူကျောင်းအတူတက်နေဆဲဖြစ်သည်။ အထက်တန်းတုံးကတော့ မာလာကို ၀သုန်မမြင်ခဲ့၊ သူမကရိုးသောကြောင့် အများကြားထဲပျောက်နေခဲ့သည်။ အဝေးသင်တက်ရင်က ပိုရင်နှီးခဲ့သည်။ ထိုနောက် အဆင့်တက်ကာ ချစ်သူတွေဖြစ်ခဲ့သည်။ သိုသိုသိပ်သိပ်နေခဲ့ကြသည့် အတွက် သူတို့ချစ်သူနှစ်ယောက်ကို မည်သူကမှ မရိပ်မိခဲ့ကြပါ။
မာလာကတော့ ၀သုန်အကြောင်းကောင်းကောင်းသိသည်။ ထိုကြောင့် ၀သုန်နှင့် ပက်သက်သည့် ကြီးကြီးအကြောင်းကို မသိကျိုးကျွံပြုကာနေခဲ့သည်။ ဘယ်တော့မှ သူမဘက်က ထိုကိစ္စကို စ၍မပြောခဲ့ပါ။ သူမ ၀သုန်ကို အလွန်ချစ်သောကြောင့်ဖြစ်သည်။ မာလာမိဘများကတော့ မာလာကို သူဌေးသားတစ်ယောက် နှင့်သဘောတူထားသည်ကိုတော့ ၀သုန်ကို ဖွင့်မပြောရဲပါ။ ထိုကြောင့်သူမမှာတော့ ၀သုန်နှင့်မိဘကြားတွင် ဗျာများနေခဲ့သူဖြစ်ခဲ့ပါတော့သည်။
သူ့အတွက် မင်းခနိုင်အကြောင်းကို စုံစမ်းရတာလွယ်ကူပါသည်။ မင်းမခလိုလူမျိုးအသိုင်းဝုိင်းက မြို့မျက်နာဖုံးများ ဖြစ်သည့် အတွက် သတင်းအစုံကို သိခဲ့ရသည်။ သူလိုငမွဲလိုလူမျိုးကတော့ တော်ရုံလူမည်သူမှ မသိပါ၊ မင်းခနိုင်တို့လူမျိုးအတွက်တော့ သူစုံစမ်းရတာလွယ်ကူသည်မဟုတ်လား။ ခုတော့ ၀သုန်စိတ်ထဲမှာ အကြံစည်းတစ်ခုကို ဖန်တီးယူရတော့မည် ဖြစ်သည့်အတွက်၊ ရွှေဘိုမြို့မှခွာခဲ့တော့သည်။ ကြီးကြီးကိုတော့ ကြည့်ကောင်းအောင်ပြောဆိုခဲ့သည်။
“သားဒီအတိုင်းကြီးရပ်နေလို့ မဖြစ်ဘူး၊ တိုးတက်အောင် စီးပွားရှာမယ်၊ သားတို့လုပ်နေတဲ့ ၀ပ်ရှော့က သူဌေးသူငယ်ချင်းလဲ မန်းမှာ ၀ပ်ရှော့ဖွင့်ထားတယ်၊ ဒါကြောင့်သားအတွက် အဆင်ပြေမယ့် မန်းကိုသွားမယ် ကြီးကြီးနော်”
“အေးပေါ့လေ အတောင်စုံကြတော့ ကြီးမေရင်ခွင်ကို စုံကန်နေကြပြီးပေါ့”
“မဟုတ်ပါဘူးကြီးမေရယ်”
“ကြီးမေလို့ သားငယ်ခေါ်ရင်တော့ ကြီးမေကြောက်လာတယ်”
“အဟား…ကြီးမေကတော့ လုပ်တော့မယ်၊ ကြီးမေရယ်နောက်ဆိုရင် သားကြီးမေလို့ပဲခေါ်တော့မယ် ၊ သားကို ၂နှစ်လောက်ပဲ လုပ်မှာပါ ပြီးရင် သားကြီးမေဆီပဲ ပြန်လာမယ်”
“အေးပါ အေးပါ…သူလုပ်ချင်ရာလုပ်ပြီးဆိုရင် ကပ်ချွဲနေတော့တာပဲ”
ကြီးမေဆီမှ ခွင့်တောင်းကာ ထွက်ခဲ့ပါတော့သည်။ ကြီးမေဆီမှ ထွက်ခဲ့သည့် ၀သုန်အကြံစည်းများ အကောင်းထည်ဖေါ်ရန် ဒေါ်မိမိနိုင်ပေးခဲ့သည့် ငွေထုတ်များကို ပိုက်ကာ ထွက်ခဲ့လိုက်သည်။ ကြီးမေကတော့ နာကျင်လို့ ထိုငွေထုတ်များကို အမိုက်သဖွယ် င်္ဗီရိုထဲ အလွယ်တကူ ထားသည့် အတွက် ၀သုန်ယူသွားသည်ကိုတော့ လုံး၀မသိခဲ့ပါချေ။
မင်ခနိုင်..
သူကတော့ မွေးကတည်းက ရွှေဇွန်းကိုက်ကာ ဖွားလာသည့်အတွက် သူ့အတွက်ကတော့ အားလုံးစေလိုရာစေ ဖြစ်စေခဲ့သည့်အတွက် မာနခေါင်ခိုက်ကာ နေသည်။ ပေါင်းသည့်သူငယ်ချင်းများကလဲ သူလိုတန်းတူညီတူ မိသားစုမှပေါက်ဖွားလာသည့် သူများသာပေါင်းသင်းနေထိုင်သည်။ သူ့အပေါင်းသင်းမျာကတော့
သန့်စင်နိုင်၊ နိုင်မင်းကျော်၊ ချစ်သမီး နှင့် နန်းရင်မွှေးတို့ပင်ဖြစ်ပါသည်။ သူတို့ဘ၀ကတော့ သာယာနေသည်။ ကျောင်းကိုသွား ဝေးလာဝါးလာ ဖြင့်ပျော်ပျော်နေကာ လူရှုပ်လေးတစ်ယောက် ဖြစ်လို့နေပါတော့သည်။
သားတစ်ယောက်သာ ဖြစ်သည့်အတွက်တော့ လိုတရဖြစ်စေခဲ့သည့် မင်းခနိုင်ဘ၀ထဲသို့ ၀င်လာမည့် လူတစ်ယောက်ကို မတွေ့ခင်ချိန်ထိတော့ မင်းခနိုင် ဘ၀ဆိုသည့် အကြောင်းရာများကို ချိုမြိန်စွာ ဖြတ်သန်းနေပါတော့သည်။ ခုလဲ သူတို့အဖွဲ့ ဦးပိန်တံတားအောက်က ကင်တင်းမှာငါးကြော်လေးများကို စားရင် ကျောင်းချိန်ကို ဖြတ်သန်းနေကြပါသည်ဒ
“ဟဲ့ ကြည့်စမ်း ဟိုဘဲကြီးက ငါတို့ဝုိင်းကိုကြည့်နေတာ ကြောက်စရာကြီး”
ချစ်သမီးရဲ့ စကားကြောင့် သူတို့အားလုံး ချစ်သမီးပြောသည့်ဝုိင်ကို ကြည့်လိုက်သည်။ လူတစ်ယောက် ထိုင်နေကာ အအေးသောက်ရင် သူတို့ဝုိင်းကို ကြည့်နေသည်။ ခပ်မိုက်မုိက်နှင့် အမိသားပင်၊ နေကာမျက်မှန်ကို တက်ထားသည့် အတွက် သူ့မျက်လုံးများကိုတော့ မမြင်မိပါ။
“နင်ကလဲ အကန်းလာမှမသိတာ”
“အေးလေ”
“သန့်စင် နင့်ထက်ရုပ်ဖြောင့်လို့ နင်မနာလိုဖြစ်နေတာမဟုတ်လာ၊ နော်နန်းရာ”
“အေးလေဟယ် ဟိုကောင် အနိုင်ပါ ပါသေးတယ်၊ သူလို နင့်တို့က မမိုက်ပါဘူး”
“သွားစမ်းပါ ဒါမျိုးတွေက တောဂိုက်တွေ”
“ဟဲ့ အလန်းဇယားလေပါ သူတို့ထက်သာလို့ မှိုချိုးမြစ်ချိုးနဲ့”
သူငယ်ချင်းများ ပြောဆိုနေသည့်စကားများကို မင်းခနိုင်ကတော့ စိတ်လဲ မ၀င်စား၊ တစ်ခါသာ လှည့်ကြည့်ပြီး စားစရာများပေါ် မျက်စိပို့ထားလိုက်တော့သည်။
မင်းခနိုင် သည် ဒေါ်မိမိနိုင် ပလာဇာအပေါ်ထက်တွင် ဖွင့်ထားသည့် ဒေါ်မိမိနိူင် ၏ရွှေဆိုင်ကို ပလာဇာအောက်ထက်တွင်လိုက်ပို့ပြီးမှကျောင်းသို့ လာခဲ့သည်။
ထိုအချိန် ဖုန်းမြည်လာသဖြင့် နားကျပ်ဖြင့် ဖွင့်လိုက်သည်။
“ဟယ်လို မေမေ”
“သားရယ် မေမေ့ပိုက်ဆံအိတ် သားကားပေါ်ပါသွားလို့ လာပို့ပေးနော်”
“မေမေတို့ကလဲ ကွိုင်ပဲ ကျနော်သူငယ်ချင်းတွေစောင့်နေတော့မှာ”
“အဝေးကြီးမှ မဟုတ်သေးတာ သားရယ် ရုံးခန်းထိပဲ ပို့ပေး ပြီးရင်သားပြန်ပေါ့ ခဏပါပဲ ပြီးတော့ သားကျောင်းကလဲ နေ့လည်မှစတာကို မသိတာကျနေတာပဲ”
“ဟုတ်ပါပြီးဗျာ”
မင်းခနိုင် ပလာဇာအပေါ်ထက်သို့ ဓာတ်လှေကားဖြင့်တက်ခဲ့သည်။ သူ၏နောက်တွင် လူတစ်ယောက်လိုက်လာသည်ကိုတော့ မင်းခနိုင်မသိရှိခဲ့၊ သတိမထားမိသည်လဲ ပါသည်။ အချိန်က မနက် ၁၀ နာရီခွဲ၊ ထိုအချိန်သည် ဓတ်လှေကားများ ခဏတစ်ဖြုတ်စစ်ဆေးသည့် အချိန်ဆိုသည်ကိုတော့ မင်းခနိုင်မသိရှိခဲ့ပါ၊ ထိုကြောင့် စက်လှေခါးဖြင့် မတက်ခဲ့ပဲ ဓာတ်လှေကားနှင့်တက်လာပါသည်။
ဓာတ်လှေကား ပိတ်ခါးနီးတွင် လူတစ်ယောက် အတင်း၀င်လာသဖြင့် မင်းခနိုင် နည်းနည်းရှောင်ပေးလိုက်သည်။ မင်းခနိုင် နံပါတ် ၅ ကိုနှိပ်လိုက်ပေမယ့် ခုမှ၀င်လာသူကတော့ ဘာမှမနှိပ်ပါ။ မင်းခနိုင် ထိုသူကိုလဲ ဂရုတစိုက်ကြည့်မနေတော့၊ လုပ်စရာရှိသည်ကိုသာ အားရုံထားလိုက်သည်။
၀သုန်သည် မနက်ကတည်းက ဒေါ်မိမိနိုင် ဖွင့်ထားသော ရွှေဆိုင်ကိုလာကြည့်သည်။ လာလေ့လာခြင်းဖြစ်ပါသည်။ ရွှေများကို ဘာမှမ၀ယ်ပဲ ဟိုကြည့်ဒီကြည့်လုပ်ကာ ပြန်ဆင်းလာသည်။ သူပြန်ဆင်းလာတော့ မင်းခနိုင် ပလာဇာထဲ ၀င်လာသည်ကိုမြင်လိုက်သည်။ ထိုကြောင့် မင်းခနိုင်နောက်သို့ လိုက်လာခဲ့လိုက်သည်။ မင်းခနိုင်ကတော့ ဘေးပတ်၀န်ကျင်ကို ဂရုမစိုက်တတ်သော နဂိုပုံစံအတိုင်း သွားလာနေသဖြင့် ၀သုန်ကို မသိခြင်းဖြစ်ပါသည်။ ၀သုန် မင်းခနိုင် နောက်ကကြည့်ရင်းက စိတ်ကို ထိန်းချုပ်ထားသည်။ သူ့ဒေါသများကို မျိုးသိပ်ထားရသည်။
ထိုအချိန် ရုတ်တရက် ဓာတ်လှေကားရပ်သွားပါတော့သည်။
“ဟာ…ဘာဖြစ်တာလဲ”
မင်းခနိုင် ရုတ်တရက် ဖြစ်သွားသောကြောင့် လန့်ဖျတ်သွားသည်။ ဒီလိုမျိုးတစ်ခါမှမကြုံဖူသည့်အတွက် သူ့အတွက် ထိတ်လန့်စရာ တစ်ခုဖြစ်နေပါတော့သည်။
“ဟာ…လုပ်ကြပါအုံး လုပ်ကြပါအုံး အထဲမှာလူရှိတယ်လေ၊ လူရှိတယ်ဗျ၊ လုပ်ကြပါအုံး”
၀သုန်ကတော့ နောက်နေပြီး အေးအေးဆေးဆေးကြည့်နေသည်။ ထိုအချိန်အခါမျိုးသည် စိတ်လှုပ်ရှားသူက ပို၍ဒုက္ခရောက်တတ်သည်မဟုတ်လား။ ၀သုန် အတတ်နိုင်ဆုံး စိတ်ကို ငြိမ်အောင်ထားသည်။
“ဟေ့လူ ဘာလုပ်နေတာလဲ ဒီအတိုင်းရပ်မနေနဲ့လေ ခင်များတစ်ခုခုတော့ အကူညီတောင်းအုံးလေ”
“ငါလဲဘယ်သိမလဲ ငါလဲဘာမှမလုပ်တတ်ဘူး အချိန်တန်ရင် ပြန်ကောင်းသွားလိမ့်မယ်”
“ဘာ…..ဒီလောက် အခန်းကျဉ်းလေးထဲမှာ ဘယ်လိုနေရမှာလဲ အသက်ရှူကြတ်လို့ သေသွားနိုင်တယ်ဗျ၊ ကျုပ်တို့သေမှ သူတို့လာဖွင့်ရင် ဘယ်နဲ့လုပ်မလဲ”
“ဒါကတော့ကံပေါ့”
“ဟာဗျာ….ခင်များ…ခင်များ…”
မင်းခနိုင် ဒေါသများကထွက်ကာ ချွေးသီးများ ပျံလာတော့သည်။ နောက်တော့ ခြေတွေမခိုင်တော့ပဲ ဒူးတုတ်ကျသွားတော့သည်။ ၀သုန် မင်းခနိုင်ကို လှမ်းဆွဲထားလိုက်ပြီးနောက်မှ နူတ်ခမ်းခြင်းတေ့လိုက်တော့သည်။
၀သုန်အမှန်တော့ ရှေးဦးသူနာပြုနည်းဖြင့် လေကိုရှူသွင်းပေးလိုက်ခြင်းဖြစ်ပါသည်။ မင်းခနိုင်သေလို့ မဖြစ်သေးဘူးလေ၊ သူ့အကြံတွေ မအောင်မြင်သေးသည့် အချိန်ထိ ဒီကောင်အကောင်းပတိရှိမှ ဖြစ်မည်။ ထိုကြောင့် ၀သုန်ကူညီလိုက်ခြင်းဖြစ်ပါသည်။
အစကတော့ မင်းခနိုင်ရုန်းပါသေးသည်။ ရုန်းအားလဲ မရှိတော့သည့်အတွက် သူရုန်းသည်က ဘာမှအရာမရောက်ခဲ့ပါ။ မင်းခနိုင်ကို ၀သုန်စိမ်ပြေတပြေနူတ်ခမ်းခြင်းတေ့ကာ ကုသလိုက်သည်။ ဆက်ရန်....Jin Jar

<3 <3 စမ္းေရၾကည္ေပါက္ <3 <3
(Part 4)
လွလွတစ္ေယာက္ အိမ္ဘက္ဆီသို႔ အေမာတေကာ ေျပးခဲ့ပါေတာ့သည္။ အိမ္ေရာက္ေတာ့ သားငယ္၀သုန္က မ်က္နာသစ္သြားတိုက္လုပ္ေနပါၿပီး၊ လွလွတစ္ေယာက္ အေမာတေကာႏွင့္ပင္ အိမ္ေပၚတက္ကာ ဖိတ္စာကို ရွာရေသးသည္။ လိပ္စာသိရန္အတြက္ျဖစ္ပါသည္။ ထိုေနာက္ ျဖစ္သလိုပင္ အိမ္ေပၚမွ ဆင္းေျပးကာ မမပိုင္ဆိုင္သို႔ေျပးခဲ့ပါေတာ့သည္။
၀သုန္မွာ သြားတိုက္တန္ႀကီးျဖင့္ တိုက္တိုက္ရင္ လွလွကို လိုက္ၾကၫ့္ေနသည္။ မ်က္လံုးျပဳးမ်က္စံမ်ား ျပဴးသြားေတာ့သည္။ အဘယ့္ေၾကာင့္ ဆိုေသာ္ လွလွသည္ ေလွခါးမွ ခုန္ေက်ာ္ကာပင္ ဆင္းေျပးသြားေသာေၾကာင့္ ျဖစ္သည္။ ၀သုန္ တစ္သက္တြင္ သူ၏ႀကီးေမကို ထိုကဲ့သို႔ ျပဳမႈသည္ကို မျမင္ခဲ့ေသာေၾကာင့္ျဖစ္သည္။
၀သုန္ေၾကာင္စီစီ ျဖစ္ကာ ႀကီးႀကီးကို ၾကၫ့္ေနမိေတာ့သည္။
လွလွကေတာ့ အေျပးတပိုင္းျဖင့္ကာ မမပိုင္ဆိုင္သို႔ေရာက္လာခဲ့သည္။ သို႔ေသာ္ဆိုင္က ပိတ္ထားသည္။ ဘယ္လိုျဖစ္သည္ကိုပင္နားမလည္ေတာ့ေခ်။ ေဘးကဆိုင္ေတြကိုၾကၫ့္လိုက္ေတာ့လဲ ဆိုင္အခ်ိဳ႕သာဖြင့္ၾကသည္။ အေတာ္မ်ားမ်ားကေတာ့ ပ္ိတ္ထားသည္။ လွလွ ႏွစ္ရက္ေလာက္ဆိုင္မလာခဲ့ သည့္အျပစ္ပင္ျဖစ္ပါေတာ့သည္။
ေဘးကဆိုင္ကိုေမးလိုက္ေတာ့ သူတို႔ကပင္ လွလွကို တအံ့တၾသပင္ ျပန္ၾကၫ့္ေနၾကေတာ့သည္။
“မေန့ကပဲ မလွတို႔ ဘက္ကဖိတ္စာေတြေဝတယ္ဆိုၿပီး လာေပးသြားတယ္ေလ”
“ဘယ္လို”
“ဟုတ္တယ္ေလ ခုေစ်းဆိုင္ေတြကို မလွပဲ ဖိတ္ၿပီးေတာ့၊ မမပိုင္ကေတာင္ ေျပာေသးတယ္ ဒါေၾကာင့္ လွလွဆိုင္ကို မလာတာလို႔”
ဟင္ …သြားျပန္ၿပီး၊ လွလွ ကိုတဘက္လွည့္ႏွင့္လုပ္ႀကံသြားလိုက္ၿပီး၊ ဒါဆို သက္ဆိုင္သူ လွလွႏွင့္ သားႀကီးရဲ့ညီေလး ၀သုန္တို႔သာ က်န္ခဲ့ၾကသည္ေပါ့၊ လွလွ ႄကံုးေအာ္ပစ္လိုက္ခ်င္ေတာ့သည္။ ဒီအခ်ိန္မွ လိုက္သြားလ်ွင္လည္း မဂၤလာခမ္းမတြင္ အမိႈက္ေကာက္ရံုသာ ရိွေတာ့မည္။ မသက္သာသၫ့္အဆံုးတြင္ေတာ့ လွလွ စိတ္ပ်က္ကာ အိမ္သို႔ ျပန္လာခဲ့ေတာ့သည္။ အိမ္ေရာက္ေတာ့ သားငယ္မရိွေတာ့ေခ်။ အလုပ္သြားေလၿပီး။
အေၾကာင္းသက္ေသ တစ္စံုတစ္ရာမျပႏိုင္သည့္ လွလွ မိမိကိုယ္ကို ခြင့္မလႊတ္ႏိုင္ေခ်။ တဘက္သက္ အားငယ္ခ်က္ေတြနဲ႔ ေတြေငးေနလို႔ခုလို လုပ္ႀကံခံလိုက္ရသည့္ ျဖစ္ျခင္း။
ေတာက္…
“ေဒၚမိမိႏိုင္ ရွင္ကေလ လူႀကီးလူုေကာင္းျဖစ္ၿပီး လူႀကီးလူေကာင္း စိတ္ထားမရိွတဲ့မိန္းမႀကီး၊ ရွင္လဲလွလွ လို၀ဠ္မလည္ပါေစနဲ႔လို႔ လွလွဆုေတာင္းေပးလိုက္တယ္”
လွလွႏူတ္ခမ္းကို ျပတ္လုမတက္ကိုက္ကာေနမိသည္။ မိမိ တစ္ဘက္သက္ အားငယ္စိတ္ေတြ ျဖစ္ေနလို႔ ယခုလိုခံစားရလိုက္သည္ဟုပင္ တြက္ခ်က္ထားလိုက္ေတာ့သည္။
ခုေတာ့လွလွတစ္ေယာက္တည္း အိမ္မွာ၊ သူငယ္ခ်င္းေတြလဲ မရိွၾက။ သားႀကီးကလဲ အေဝးမွာ မဂၤလာေဆာင္ေနသည္။ လွလွကေတာ့ အိမ္မွာ ငိုေနသည္။ မေပ်ာ္ရႊင္ရတဲ့ ဒီမဂၤလာပဲြမွာ ေဒၚမိမိႏိုင္တစ္ေယာက္ေကာ ေပ်ာ္ရႊင္ႏိုင္ပါေသးရဲ့လာ။
မိုးယံထက္ မဂၤလာပဲြကို စိတ္မေကာင္းစြာ ျဖတ္သန္းခဲ့ရသည္။ မဂၤေဆာင္တြင္းမွာ လွမ္းေနသည့္ ေျခလွမ္းမ်ားက သက္မဲ့ေနသည္။ သူမ်က္လံုးမ်ားက မဂၤလာ၀င္ေပါက္ကိုသာ၊ ညီေလး ၀သုန္ကိုလဲ ေမ်ွာ္ေနမိသလို၊ ေက်းဇူးရွင္ ႀကီးေမကိုလဲ ေမ်ွာ္ေနမိသည္။ မဂၤလာပဲြကို ျဖတ္သန္းခဲ့ေပမယ့္ မဂၤလာပဲြ အထမေျမာက္သလို ခံစားရသည္။ ထိုေၾကာင့္ မဂၤလာပဲြ ၿပီးၿပီးျခင္း လူႀကီးစံုရာ မဂၤလာကန္ေတာ့ပဲြတြင္ေတာ့ ႀကီးေမကို မေတြ့ရေတာ့ မ်က္ရည္မ်ားပင္ က်မိသည္။ ကံေကာင္းသည္က ခ်ိဳခ်ိဳေမေမက အစစ၊အရာရာ ဂရုစိုက္ေနခဲ့သည့္အတြက္ သူမွာ အေနရခက္လွပါသည္။
မိုးယံထက္သိသည္က ေဒၚမိမိႏိုင္ႏွင့္ ႀကီးေမတိုင္ပင္ကာ ဖိတ္စာမ်ားရိုက္၊ တိုင္ပင္ၿပီးလုပ္ၾကသည္ဟုသာ ခ်ိဳခ်ိဳဘက္မွတဆင့္ ၾကားသိခဲ့ရသည္။ ႀကီးေမကလဲ သူ႔ဆီဖုန္းဘာမွ မဆက္အသြယ္မလုပ္ေတာ့ မိုးယံထက္ ဘာမွမသိခဲ့ရ၊ အစက သူေရးေပးလိုက္ေသာ ဖိတ္စာ အၾကမ္းသည္ ေျပာင္းလဲသြားေတာ့ သူ႔မွာ အံ့ၾသမွင္သက္မိသည္။ အိမ္ကို ဖုန္းဆက္ေတာ့လဲ မည္သူႏွင့္မ်ွ မေတြ့ရေတာ့ ဘာမွမသိခဲ့ရပါ။ ထိုေၾကာင့္ မဂၤလာေဆာင္ရန္ တစ္ရက္အလိုမွာေတာ့ သူ႔မွာ အလုပ္ေတြမ်ားၿပီး အိမ္ကိုလဲ ဖုန္းမေခၚႏိုင္ေတာ့၊ သူ႔၏အေပါင္းေဖာ္မ်ားႏွင့္ ခ်ိဳခ်ိဳမိသားစုၾကားထဲ ဗ်ာမ်ားေနသည္မွာ ရႈပ္ရွက္ခတ္ေနခဲ့သည္။ ခ်ိဳခ်ိဳေမေမကေတာ့ ႀကီးေမကို ဆက္သြယ္ခဲ့သည္ ဟုေျပာခဲ့၍ သူစိတ္ခ်ခဲ့သည္။ ခုေတာ့ ျဖင့္မဂၤလာေဆာင္ ထဲမွာေတာ့ မိဘမစံုတဲ့သူ႔မဂၤလာပဲြက ၿပီးသာၿပီးခဲ့သည္၊ ထိုေၾကာင့္ မဂၤလာပဲြၿပီးသည္ႏွင့္ ေရႊဘိုကိုသြားရန္ျပင္လိုက္သည္။ ခ်ိဳခ်ိဳကလည္းသေဘာတူသည္။ မိုးယံထက္ စိတ္မေကာင္း ျဖစ္ေတာ့ ခ်ိဳခ်ိဳလဲ ထက္တူခံစားရသည္ပင္ မဟုတ္လား။
သူတို႔ႏွစ္ေယာက္ ခရီးထြက္ရန္ျပင္ဆင္ေနခ်ိန္တြင္ေတာ့ ေဒၚမိမိႏိုင္ေရာက္လာခဲ့သည္။
“သမီးေရ….သားမိုးယံ…ဒီမွာၾကၫ့္စမ္း”
“ရွင္ေမေမ ဘာမ်ားလဲ”
“ဒီမွာ”
ေဒၚမိမိႏိုင္မွာ ေလယဉ္လက္မွတ္တစ္စံုကို ျပေနသည္။ လက္ကိုလဲ ေမြ့ယမ္းေနသည္။
“ဘာလက္မွတ္လဲ ေမေမ”
“ေမေမသူငယ္ခ်င္းက သမီးနဲ႔ သားအတြက္ ဟန္နီးမြန္ လက္ဖဲြ႔လက္မွတ္ေပးတယ္၊ ေငြေဆာင္ကိုတဲ့၊ ၅ ရက္ ၆ ည အားလံုးအၿပီးစီးပဲ”
“ဟုတ္လာ ေကာင္းတာေပါ့ ေမေမ၊ ေရႊဘိုက ျပန္လာၿပီးရင္သြားတာေပါ့”
“ဟဲ့လက္မွတ္က ဒီညေနထြက္မွာ ေနာက္ႏွစ္နာရီဆိုသြားရမွာ”
“အိုသမီးတို႔က ဘာမွလဲ မျပင္ဆင္ရေသးဘူး”
“ဒါေတြကိုႀကိဳသိလို႔ ေမေမစီစဉ္ၿပီးသား၊ သမီးနဲ႔ သားသာ လူႀကီးပဲလိုက္သြားလိုက္၊ ကားလဲ အိမ္ေရ႔ွမွာေရာက္ေနၿပီး၊ ဒါေၾကာင့္ ဘာမွစိုးရီမ္မေနနဲ႔ေတာ့”
ေဒၚမိမိႏိုင္မွာေတာ့ ပ်ာယာခတ္ကာ မိုးယံႏွင့္ခ်ိဳခ်ိဳကို အတင္း တဲြကာ ေခၚထုတ္သြားပါေတာ့သည္။ မိုးယံမွာ ကိုလို႔ကန္႔လန္႔ျဖစ္ကာ ပါသြားေတာ့သည္။
မဂၤလာပဲြၿပီးေနာက္တစ္ရက္။
၀သုန္အလုပ္က ျပန္လာခဲ့သည္။ စိတ္ထဲမွာ မေက်နပ္ေခ်။ သူဒီေန့မွသိရသည့္ အေၾကာင္းက ကိုကိုမေန့က မဂၤလာေဆာင္သြားသည္ဆိုသည့္ ကိစၥပင္ျဖစ္သည္။ ႀကီးႀကီးလည္း သူ႔ကို ဘာမွမေျပာခဲ့၊ ႀကီးႀကီးလဲ အိမ္မွာ ရိွေနသည္။ ကိုကိုမဂၤလာေဆာင္ကို မသြားတာေသးျခားသည္။
မနက္က အလုပ္သြားေတာ့ ႀကီးႀကီးက အိပ္ယာမွ ထေသးဟန္မတူေခ်။ ညကလဲ ေမးေတာ့ ေနမေကာင္းလို႔ဟုေျပာကာ အိပ္ေနသည္။ ထိုကိစၥေတြက ႀကီးႀကီး ကိုေနမေကာင္းေစခဲ့တာပဲ ျဖစ္မည္။ ထိုေၾကာင့္ ေန့၀က္ပင္ မက်ိဳးေသးပဲ အလုပ္မျွပန္လာခဲ့သည္။ အိမ္ကိုေရာက္ေတာ့ အိမ္က တိတ္ဆိတ္ေနသည္။ ႀကီးႀကီး သည္လဲ အခန္းထဲမွာပင္ ရိွေနမည္ဟုထင္သည္။ ၀သုန္အိမ္ေနာက္ ဘက္သို႔ ထြက္လာခဲ့လိုက္သည္။ မနက္က လွမ္းထားသည့္ အ၀တ္စားမ်ား သြားသိမ္းျခင္းျဖစ္ပါသည္။
လွလွတစ္ေယာက္ မမပိုင္တို႔ကို ေမ်ွာ္ေနသည္။ မေန့က ကိစၥကို သိခ်င္သည္။ မနက္ကတည္းက ေမ်ွာ္ေနသည္မွာ ၾကာလွၿပီး၊ ေန့၀က္ပင္ က်ိူးေတာ့မည္ မမပိုင္တို႔က မလာေသးေခ်။ ေနာက္ဆံုးေတာ့ လွလွ မေစာင့္ႏိုင္ေတာ့ မမပိုင္တို႔ဆီသြားရန္ အိမ္ေပၚမွဆင္းခဲ့လိုက္ေတာ့သည္။ ထိုအခ်ိန္ ကားတစ္စီး အိမ္ေရ႔ွတို႔ ေရာက္လာသည္။ တစ္ျခားသူမဟုတ္ ေဒၚမိမိႏိုင္ ပင္ျဖစ္ေတာ့သည္။ ဒီတစ္ခါေတာ့ ေဒၚမိမိႏိုင္ တစ္ေယာက္ သားျဖစ္သူ မင္းခႏိုင္ ကိုပါ ေခၚလာခဲ့သည္။
လွလွ မ်က္မုန္းက်ိဳးစြာ၊ ရြံရွာစြာ ေဒၚမိမိႏိုင္ကို ၾကၫ့္ေနမိသည္။ ေဒၚမိမိႏိုင္ အၾကၫ့္မ်ားကလဲ လွလွလိုပင္ ျဖစ္ေနပါသည္။
“ဘာလာလုပ္တာလဲ ေဒၚမိမိႏိုင္ လွလွေမ်ွာ္လင့္ထားတာက လွလွ သားႀကီးကို အမႀကီးကိုေတာ့ မဟုတ္ဘူး”
“အလိုေတာ္ က်ဳပ္ကလဲ လာခ်င္လို႔လာတာ မဟုတ္ဘူး၊ တန္ရာတန္ေက်းလာေပးတာ၊ ၿပီးေတာ့ ရွင္က သားမိုးယံနဲ႔ ဆိုင္သာဆိုင္တယ္ မပိုင္ေတာ့ဘူး၊ ဒါကို လာေျပာတာ ေရာ့”
ေဒၚမိမိႏိုင္ ပိုက္ဆံထုတ္ကို လွလွေရ႔ွသို႔ပစ္တင္လိုက္သည္။ လွလွ သည္းခံႏိုင္တဲ့ အားအင္းေတြကုန္ခမ္းသြားေတာ့သည္။
“ရွင့္ကို ေျပာလိုက္မယ္ ရွင္ သားမိုးယံရဲ့ဂုဏ္သိကၡာကို ေစာင့္သိတယ္ဆိုရင္ အဆက္သြယ္မလုပ္နဲ႔ေတာ့၊ ၿပီးေတာ့ သားမိုးယံကို ေရွာက္ေစာင့္လာလို႔ တန္ရာတန္ေၾကးေပးတယ္လို႔ သေဘာထားလိုက္၊ ၿပီးေတာ့ ရွင့္လိုပံုမ်ိဳးနဲ႔ က်မအမ်ိဳးေတာ္ရမွာ ရင္နာလြန္လို႔၊ က်မေဆြမ်ိဳးေတြၾကားမွာ အၿမဲတမ္းေခါင္းေမာ့ၿပီးေနခဲ့တာ ခုေတာ့ ရွင့္ေၾကာင့္ က်မသိကၡာေတြ မရိွသေလာက္ေအာင္ ျဖစ္ေနၿပီး၊ ဘယ္နဲ႔ေတာ္ အေျခာက္လို မ်ိဳးမွ ခမည္းခမက္ လာေတာ္ရတယ္လို႔”
“ဒီမွာ ေဒၚမိမိႏိုင္ လွလွမေျပာခ်င္လို႔ ၾကၫ့္ေနတာကို ေရာင့္တက္မလာနဲ႔ ဒီေငြေတျြပန္ယူသြား၊ လွလွကလဲ ကိုယ့္သိကၡာနဲ႔ ကိုယ္ေနတာ”
“ေအး မိမိႏိုင္တို႔ရဲ့ အမ်ိဳးထဲမွာ ရွင့္လိုမ်ိဳးဟာေတြ ကို မရိွေစခ်င္တာ မိမိႏိုင္တို႔က သန္႔သန္႔ေလ ေနတာ”
လွလွမွာ အသားမ်ားပင္တုန္ယင္လို႔ေနပါေတာ့သည္။
“သြားေတာ့ ထြက္သြားေတာ့ ဒီပိုက္ဆံေတြလဲ ျပန္ယူသြား”
လွလွေပါက္ကဲြကာ ပိုက္ဆံမ်ားကို ေဒၚမိမိႏိုင္ထံပစ္ေပါက္လိုက္ပါေတာ့သည္။ သူတို႔ျပႆနာကို အစအဆံုးၾကၫ့္ေနသူႏွစ္ေယာက္ရိွခဲ့ပါသည္။ တစ္ေယာက္ကေတာ့ သူတို႔ႏွစ္ေယာက္ျမင္သာသည့္ ျမင္ကြင္းမွာ ရိွေနခဲ့သည့္ ေဒၚမိမိႏိူင္ သား …မင္းခႏိုင္ျဖစ္သည္။
“ေမေမဘာျဖစ္ေနတာလဲ ဒီလိုလူမ်ိဳးနဲ႔ ေမေမကလဲ ေျပာေနေသးတယ္ လာျပန္မယ္”
“ဟဲ့သား ဘာလို႔ေအာက္ကိုဆင္းခဲ့တာလဲ၊ ဒီလိုမ်ိဳးဟာေတြနဲ႔ ပက္သက္ဘို႔မေျပာနဲ႔ အရိပ္ေတာင္ မနင္းမိေစနဲ႔ လာသြားမယ္၊ ရွင့္ကိုေနာက္ဆံုးတစ္ေခါက္ေျပာလိုက္မယ္ က်မသမီး သားနဲ႔ ဘယ္ေတာ့မွ မပက္သက္ပါေစနဲ႔၊ ရွင္သာ သားမိုးယံကိုခ်စ္တယ္ဆိုရင္ သားမိုးယံဂုဏ္ေတြ ၫွိးႏြမ္းသြားေအာင္ မလုပ္မိပါေစနဲ႔၊ ရွင္ေရ႔ွဆက္တိုးမယ္ဆိုခဲ့ရင္လဲ က်မက လက္ပိုက္ၾကၫ့္ေနမွာမဟုတ္ဘူး၊ ဒါပဲ”
“ဒီမွာ ဒါေတြ ျပန္ယူသြား”
လွလွတစ္ေယာက္ ေဒၚမိမိႏိူင္ကို ႄကံုးေအာ္လိုက္ေပမယ့္ ေဒၚမိမိႏိုင္ကေတာ့ ကားေပၚအသာေလ တက္သြားကာ ထြက္သြားေတာ့သည္။ လွလွမွာေတာ့ အရုပ္ႀကိဳးပ်က္က်ကာ ထိုင္ခ်လိုက္ၿပီး ရႈံးပဲြခ် ငိုလိုက္မိပါေတာ့သည္။
ထိုအရာမ်ားကို အစအဆံုးၾကၫ့္ကာ ေဒါသမ်ားျဖင့္ လက္သီးက်စ္က်စ္ပါေအာင္ဆုပ္ကိုင္ထားေသာ ၀သုန္ေခါင္……
၀သုန္ ထိုမိန္းမႀကီး (ေဒၚမိမိႏိုင္) ၀င္လာကတည္းက ျမင္ဖူပါသည္ဟုၾကၫ့္ကာ ေနသည္။ ႀကီးႀကီးႏွင့္ ရန္ျဖစ္ကာ လုပ္ေနေသာ မိန္းမႀကီးကိုၾကၫ့္ရင္က တစ္ခ်ိန္က မန္းေစ်းခ်ိဳတြင္ ထိုမိန္းမႀကီး၏ သားျဖင့္ ၀င္တိုက္မိသလို ျဖစ္သြားကာ မိမိအား ႏွစ္ျပားမတန္ေအာင္ ေျပာဆိုသြားေသာ မိန္းမႀကီးမွန္ သိလိုက္သည္။
ထိုမိန္းမႀကီး လာရျခင္းအေၾကာင္းရင္းကို သိခ်င္၍ သူ၀င္မပါပဲ ကြယ္ရာကေနၿပီး ၾကၫ့္ေနခဲ့သည္။ ထိုမိန္းမႀကီးေျပာဆိုသြားေသာ စကားမ်ားက သူ႔၏ေက်းဇူးရွင္ ႀကီးႀကီး ကိုေစာ္ကားသြားသည္။
(ေအး မိမိႏိုင္တို႔ရဲ့ အမ်ိဳးထဲမွာ ရွင့္လိုမ်ိဳးဟာေတြ ကို မရိွေစခ်င္တာ မိမိႏိုင္တို႔က သန္႔သန္႔ေလ ေနတာ)
၀သုန္မမိွတ္မသုန္ပဲ ၾကၫ့္ေနရင္းက နာႀကီးစိတ္က ႀကီးထြားလာသည္။ ထိုမိန္းမႀကီးထြက္သြားေတာ့ မွပို၍ ဆိုးရြားစြာ ခံစားရသည္။ ႀကီးႀကီးသည္ အိမ္ေပၚတက္သြားကာ ဧည့္ခန္းတြင္ ငိုေနသည္ကို သိသည္။ တစ္ေအာက္ေလာက္ေနေတာ့မွ ၀သုန္အိမ္ေပၚတက္သြားလိုက္သည္။ ႀကီးႀကီးသည္ ၀သုန္တက္လာသည္ကို သိသည္ႏွင့္ မ်က္ရည္မ်ားကို ကဗ်ာကရာ သုတ္လိုက္ကာ သူမျမင္ႏိုင္ေအာင္လုပ္လိုက္သည္။ ႀကီးႀကီး မ်က္ရည္က်သည္ကို သူမျမင္ဖူပါ။ ယခုေတာ့ ႀကီးႀကီး သူတို႔ေၾကာင့္ မ်က္ရည္က်ရၿပီး။
“ေအာ္ သားေလးေတာင္ ျပန္လာၿပီး အေစာႀကီးသားရယ္ ဘယ္လိုျဖစ္လို႔လဲ”
“ႀကီးႀကီးကငိုေနတာလာ”
“အိုမဟုတ္ပါဘူးကြယ္ အိမ္သန္႔ရွင္းေရးလုပ္ေနတာ အဲဒါေၾကာင့္ မ်က္လံုးထဲ ဖုန္ေတြ၀င္သြားလို႔”
“အိမ္ေရ႔ွေလွခါးေပၚက ပိုက္ဆံေတြက ဘာေတြလဲ ႀကီးႀကီး”
“ဟင္…..ေအာ္ ႀကီးႀကီး အခန္းရွင္းတာ”
“ပိုက္ဆံေတြကို လူျမင္သာေအာင္ လုပ္ၿပီး အခန္းရွင္းတာေတာ့ ထူးဆန္းတယ္”
“သားငယ္ မ်က္နာလည္း မေကာင္းဘူး ဘယ္သူနဲ႔ ဘာျဖစ္လို႔လဲ ႀကီးေမကို ေျပာစမ္း”
“ဘယ္သူနဲ႔ မွမျဖစ္ဘူး၊ က်ေနာ္မေက်နပ္တာ၊ ႀကီးႀကီးက သားကို သားတစ္ေယာက္လိုေရာ တန္ဘိုးထားရဲ့လာ”
“အို…”
“ဟုတ္တယ္ တစ္ျခားသူစိမ္းေတြေျပာမွ သိရတဲ့ကိုကိုမဂၤလာကိစၥ၊ လူႀကီးအရာကို ေပးမထားခဲ့တဲ့ ႀကီးႀကီးကိစၥ၊ ဘာျဖစ္လို႔ က်ေနာ္ကို မေျပာတာလဲ”
“အိုသားရယ္ သားကို ခ်စ္လြန္လို႔ သားေလးစိတ္ဆင္းရဲမွာစိုးလို႔ သားကို မေျပာတာပါ၊ ႀကီးေမေၾကာင့္ သားတို႔ ဂုဏ္ငယ္မွာစိုးလို႔”
“ဟာ…..ဗ်ာ………….မဆိုင္လိုက္တာ သားစိတ္ထဲမွာ ႀကီးႀကီးက က်ေနာ္ အုပ္ထိမ္းသူ၊ မိဘ၊ အေမပဲ က်ေနာ္သိတတတ္စကတည္းက ႀကီးႀကီးလက္ေပၚမွာ ေနခဲ့တာ၊ သားကို သားလို သေဘာမထားေတာ့ဘူးလာ၊ အရင္လို မခ်စ္ေတာ့ဘူးလာ”
“အို မဟုတ္တာ သားရယ္ သားေလးေရာ သားႀကီးေရာ ႀကီးေမက ဘယ္ေတာ့ မွ အခ်စ္မေလ်ာ့တဲ့ ခ်စ္ေတြနဲ႔ ေအးျမတဲ့ အခ်စ္ေတြနဲ႔ ပါ တသက္လံုး ဒီအတိုင္းပဲ၊ သားတို႔သာ ႀကီးေမကိုေလ…အေျခာက္ႀကီးဆိုၿပီးေတာ့………….”
“အိုႀကီးေမရယ္”
၀သုန္ဆက္ၿပီး နားမေထာင္ႏိုင္ေတာ့ ႀကီးေမကို ဆဲြေပြ့ဖက္လိုက္ပါေတာ့သည္။
“သားကို ခြင့္လႊတ္ပါ ႀကီးေမရယ္၊ သားစကားေျပာမွားသြားတဲ့အတြက္ သားကို ခြင့္လႊတ္ပါ”
“ႀကီးေမကေလ သားတို႔ဘာပဲလုပ္လုပ္ တသက္လံုး ခြင့္လႊတ္ေနမွာပါကြယ္”
တူ၀ရီး ႏွစ္ေယာက္ ဖက္ကာ မ်က္ရည္မ်ားက်ေနမိၾကသည္။
၀သုန္စိတ္ထဲမွာေတာ့
( ေဒၚမိမိႏိူင္ ခင္မ်ားခံစားေစရမယ္၊ ခင္မ်ားသားကို လံုႃခံုေအာင္သာ ဖံုးထားေပေတာ့)
==================================
အခန္း(၂)
၀သုန္…
သူ႔ဘ၀ကရိုးရွင္းသည္။ အမ်ားတကာကို ကူညီခ်င္စိတ္ရိွသူ၊ မဟုတ္မခံစိတ္ေၾကာင့္ လူဆိုးေလး အျမင္ျဖင့္ အမ်ားအျမင္ျဖစ္ေနခဲ့သည္။ ႀကီးႀကီး (လွလွ) ၏ဆိုဆံုးမမႈ႔ေအာက္တြင္ ရိွခဲ့ေသာေၾကာင့္ အားငယ္သူမ်ားအေပၚစာနာတတ္သည့္ စိတ္ကရိွသည္။ လူငယ္ပီပီစိတ္ကေတာ့ ဆတ္သည္။ အရိုးရင္းခံအတိုင္း ေနတတ္သည္။ ၀သုန္ကမ႓ာေလးတြင္ ခ်စ္ရေသာ အကိုႀကီး မိုးယံထက္ ႏွင့္ ႀကီးႀကီးသာ ရိွသည္။ လူငယ္ပီပီစိတ္ကစားသည္ကေတာ့ ရိွခဲ့သည္။ ရည္းစားႏွစ္ေယာက္ေလာက္ထားခဲ့ဖူသည္။ ေက်ာင္းတြင္ ပန္းယမံုဆိုသည့္ေကာင္းမေလးကခ်စ္ေရးဆိုခဲ့ဖူသည္။ ရည္စားျဖစ္ၿပီး ႏွစ္ရက္ေလာက္သက္တန္းသာရိွခဲ့သည္။ ႀကီးႀကီးကိုေစာ္ကားေသာေၾကာင့္ ျဖစ္သည္။
“ကိုကို ရယ္ ကိုကိုႀကီးႀကီးဆိုတာႀကီးက အေျခာက္ႀကီးလာ”
“ဘာေျပာတယ္”
“အမေလး ဒါေလးေမးတာေလနဲ႔ ရည္းစားကို ေငါက္ရလာ”
“က်န္တာေတြခြင့္လႊတ္လို႔ရမယ္ ငါ့ႀကီးႀကီးကိုေတာ့ အထင္ေသးတဲ့ေလသံနဲ႔လာမေမးနဲ႔ ဒီေန့ပဲျပတ္တယ္”
“ဒါေၾကာင့္ေက်ာင္းကလူေတြကေျပာတာ အေျခာက္ရဲ့တူက အေျခာက္လိုပဲေနမွာပဲ”
ဝုန္း…
“အမေလး”…
၀သုန္ေဒါကန္ကာ ခုန္ကိုေစာက္ကန္လိုက္ေတာ့သည္။ ၀သုန္ႏွင့္ ပန္းယမံု ေက်ာင္း၏အေရ႔ွက ကင္တင္းတြင္ထိုင္ကာ စကားေျပာေနၾကပါသည္။ ထိုေၾကာင့္ ေရ႔ွမွ ခုန္ကေတာ့ ႏွစ္ပတ္ေလာက္ ကၽြမ္းပစ္ထြက္သြားသည္။
“ေနာက္တစ္ခါ ဒီစကားေျပာရင္ အဲ့ဒီခုန္အစား နင္ျဖစ္သြားမယ္ မွတ္ထား”
ထိုေနာက္ရည္းစား တစ္ေယာက္ျပတ္ခဲ့သည္။ စိတ္ကေတာ့ မပ်က္ခဲ့ပါ၊ ေနာက္တစ္ေယာက္ရွာလိုက္သည္။ သူငယ္ခ်င္းေတြကလဲ ၿမွောက္ေျပာသည္။ ၀မ္းဂိုး တူးကမ္း(လ္) တဲ့။
ကိုကိုမဂၤလာေဆာင္သည့္ အခ်ိန္တြင္လဲ ၀သုန္မွာ ရည္းစားရိွခဲ့ၿပီး။ သူမနာမည္က ခိုင္မာလာ၊
မာလာကိုေတာ့ အလုပ္ လုပ္ရင္းက ရင္းႏွီးၿပီးခင္မင္ၿပီးတစ္ဆင့္တက္ကာ ရည္းစားျဖစ္ခဲ့သည္။ မာလာကေတာ့ ပိုက္ဆံရိွအသင့္တင့္ မိသားစုမွေပါက္ဖြားလာသူ။ သူမကအေနေအးသည္။ ႀကိဳးစားသည္။ ၀သုန္ႏွင့္ အတူေက်ာင္းအတူတက္ေနဆဲျဖစ္သည္။ အထက္တန္းတံုးကေတာ့ မာလာကို ၀သုန္မျမင္ခဲ့၊ သူမကရိုးေသာေၾကာင့္ အမ်ားၾကားထဲေပ်ာက္ေနခဲ့သည္။ အေဝးသင္တက္ရင္က ပိုရင္ႏွီးခဲ့သည္။ ထိုေနာက္ အဆင့္တက္ကာ ခ်စ္သူေတျြဖစ္ခဲ့သည္။ သိုသိုသိပ္သိပ္ေနခဲ့ၾကသည့္ အတြက္ သူတို႔ခ်စ္သူႏွစ္ေယာက္ကို မည္သူကမွ မရိပ္မိခဲ့ၾကပါ။
မာလာကေတာ့ ၀သုန္အေၾကာင္းေကာင္းေကာင္းသိသည္။ ထိုေၾကာင့္ ၀သုန္ႏွင့္ ပက္သက္သည့္ ႀကီးႀကီးအေၾကာင္းကို မသိက်ိဳးကၽြံျပဳကာေနခဲ့သည္။ ဘယ္ေတာ့မွ သူမဘက္က ထိုကိစၥကို စ၍မေျပာခဲ့ပါ။ သူမ ၀သုန္ကို အလြန္ခ်စ္ေသာေၾကာင့္ျဖစ္သည္။ မာလာမိဘမ်ားကေတာ့ မာလာကို သူေဌးသားတစ္ေယာက္ ႏွင့္သေဘာတူထားသည္ကိုေတာ့ ၀သုန္ကို ဖြင့္မေျပာရဲပါ။ ထိုေၾကာင့္သူမမွာေတာ့ ၀သုန္ႏွင့္မိဘၾကားတြင္ ဗ်ာမ်ားေနခဲ့သူျဖစ္ခဲ့ပါေတာ့သည္။
သူ႔အတြက္ မင္းခႏိုင္အေၾကာင္းကို စံုစမ္းရတာလြယ္ကူပါသည္။ မင္းမခလိုလူမ်ိဳးအသိုင္းဝိုင္းက ၿမိဳ႔မ်က္နာဖံုးမ်ား ျဖစ္သည့္ အတြက္ သတင္းအစံုကို သိခဲ့ရသည္။ သူလိုငမဲြလိုလူမ်ိဳးကေတာ့ ေတာ္ရံုလူမည္သူမွ မသိပါ၊ မင္းခႏိုင္တို႔လူမ်ိဳးအတြက္ေတာ့ သူစံုစမ္းရတာလြယ္ကူသည္မဟုတ္လား။ ခုေတာ့ ၀သုန္စိတ္ထဲမွာ အႀကံစည္းတစ္ခုကို ဖန္တီးယူရေတာ့မည္ ျဖစ္သည့္အတြက္၊ ေရႊဘိုၿမိဳ႔မွခြာခဲ့ေတာ့သည္။ ႀကီးႀကီးကိုေတာ့ ၾကၫ့္ေကာင္းေအာင္ေျပာဆိုခဲ့သည္။
“သားဒီအတိုင္းႀကီးရပ္ေနလို႔ မျဖစ္ဘူး၊ တိုးတက္ေအာင္ စီးပြားရွာမယ္၊ သားတို႔လုပ္ေနတဲ့ ၀ပ္ေရွာ့က သူေဌးသူငယ္ခ်င္းလဲ မန္းမွာ ၀ပ္ေရွာ့ဖြင့္ထားတယ္၊ ဒါေၾကာင့္သားအတြက္ အဆင္ေျပမယ့္ မန္းကိုသြားမယ္ ႀကီးႀကီးေနာ္”
“ေအးေပါ့ေလ အေတာင္စံုၾကေတာ့ ႀကီးေမရင္ခြင္ကို စံုကန္ေနၾကၿပီးေပါ့”
“မဟုတ္ပါဘူးႀကီးေမရယ္”
“ႀကီးေမလို႔ သားငယ္ေခၚရင္ေတာ့ ႀကီးေမေၾကာက္လာတယ္”
“အဟား…ႀကီးေမကေတာ့ လုပ္ေတာ့မယ္၊ ႀကီးေမရယ္ေနာက္ဆိုရင္ သားႀကီးေမလို႔ပဲေခၚေတာ့မယ္ ၊ သားကို ၂ႏွစ္ေလာက္ပဲ လုပ္မွာပါ ၿပီးရင္ သားႀကီးေမဆီပဲ ျပန္လာမယ္”
“ေအးပါ ေအးပါ…သူလုပ္ခ်င္ရာလုပ္ၿပီးဆိုရင္ ကပ္ခၽဲြေနေတာ့တာပဲ”
ႀကီးေမဆီမွ ခြင့္ေတာင္းကာ ထြက္ခဲ့ပါေတာ့သည္။ ႀကီးေမဆီမွ ထြက္ခဲ့သည့္ ၀သုန္အႀကံစည္းမ်ား အေကာင္းထည္ေဖၚရန္ ေဒၚမိမိႏိုင္ေပးခဲ့သၫ့္ ေငြထုတ္မ်ားကို ပိုက္ကာ ထြက္ခဲ့လိုက္သည္။ ႀကီးေမကေတာ့ နာက်င္လို႔ ထိုေငြထုတ္မ်ားကို အမိုက္သဖြယ္ ဗႌရိုထဲ အလြယ္တကူ ထားသည့္ အတြက္ ၀သုန္ယူသြားသည္ကိုေတာ့ လံုး၀မသိခဲ့ပါေခ်။
မင္ခႏိုင္..
သူကေတာ့ ေမြးကတည္းက ေရႊဇြန္းကိုက္ကာ ဖြားလာသည့္အတြက္ သူ႔အတြက္ကေတာ့ အားလံုးေစလိုရာေစ ျဖစ္ေစခဲ့သည့္အတြက္ မာနေခါင္ခိုက္ကာ ေနသည္။ ေပါင္းသည့္သူငယ္ခ်င္းမ်ားကလဲ သူလိုတန္းတူညီတူ မိသားစုမွေပါက္ဖြားလာသည့္ သူမ်ားသာေပါင္းသင္းေနထိုင္သည္။ သူ႔အေပါင္းသင္းမ်ာကေတာ့
သန္႔စင္ႏိုင္၊ ႏိုင္မင္းေက်ာ္၊ ခ်စ္သမီး ႏွင့္ နန္းရင္ေမႊးတို႔ပင္ျဖစ္ပါသည္။ သူတို႔ဘ၀ကေတာ့ သာယာေနသည္။ ေက်ာင္းကိုသြား ေဝးလာဝါးလာ ျဖင့္ေပ်ာ္ေပ်ာ္ေနကာ လူရႈပ္ေလးတစ္ေယာက္ ျဖစ္လို႔ေနပါေတာ့သည္။
သားတစ္ေယာက္သာ ျဖစ္သည့္အတြက္ေတာ့ လိုတရျဖစ္ေစခဲ့သည့္ မင္းခႏိုင္ဘ၀ထဲသို႔ ၀င္လာမည့္ လူတစ္ေယာက္ကို မေတြ့ခင္ခ်ိန္ထိေတာ့ မင္းခႏိုင္ ဘ၀ဆိုသည့္ အေၾကာင္းရာမ်ားကို ခ်ိဳၿမိန္စြာ ျဖတ္သန္းေနပါေတာ့သည္။ ခုလဲ သူတို႔အဖဲြ႔ ဦးပိန္တံတားေအာက္က ကင္တင္းမွာငါးေၾကာ္ေလးမ်ားကို စားရင္ ေက်ာင္းခ်ိန္ကို ျဖတ္သန္းေနၾကပါသည္ဒ
“ဟဲ့ ၾကၫ့္စမ္း ဟိုဘဲႀကီးက ငါတို႔ဝိုင္းကိုၾကၫ့္ေနတာ ေၾကာက္စရာႀကီး”
ခ်စ္သမီးရဲ့ စကားေၾကာင့္ သူတို႔အားလံုး ခ်စ္သမီးေျပာသည့္ဝိုင္ကို ၾကၫ့္လိုက္သည္။ လူတစ္ေယာက္ ထိုင္ေနကာ အေအးေသာက္ရင္ သူတို႔ဝိုင္းကို ၾကၫ့္ေနသည္။ ခပ္မိုက္မိုက္ႏွင့္ အမိသားပင္၊ ေနကာမ်က္မွန္ကို တက္ထားသည့္ အတြက္ သူ႔မ်က္လံုးမ်ားကိုေတာ့ မျမင္မိပါ။
“နင္ကလဲ အကန္းလာမွမသိတာ”
“ေအးေလ”
“သန္႔စင္ နင့္ထက္ရုပ္ေျဖာင့္လို႔ နင္မနာလိုျဖစ္ေနတာမဟုတ္လာ၊ ေနာ္နန္းရာ”
“ေအးေလဟယ္ ဟိုေကာင္ အႏိုင္ပါ ပါေသးတယ္၊ သူလို နင့္တို႔က မမိုက္ပါဘူး”
“သြားစမ္းပါ ဒါမ်ိဳးေတြက ေတာဂိုက္ေတြ”
“ဟဲ့ အလန္းဇယားေလပါ သူတို႔ထက္သာလို႔ မိႈခ်ိဳးျမစ္ခ်ိဳးနဲ႔”
သူငယ္ခ်င္းမ်ား ေျပာဆိုေနသည့္စကားမ်ားကို မင္းခႏိုင္ကေတာ့ စိတ္လဲ မ၀င္စား၊ တစ္ခါသာ လွည့္ၾကၫ့္ၿပီး စားစရာမ်ားေပၚ မ်က္စိပို႔ထားလိုက္ေတာ့သည္။
မင္းခႏိုင္ သည္ ေဒၚမိမိႏိုင္ ပလာဇာအေပၚထက္တြင္ ဖြင့္ထားသည့္ ေဒၚမိမိႏိူင္ ၏ေရႊဆိုင္ကို ပလာဇာေအာက္ထက္တြင္လိုက္ပို႔ၿပီးမွေက်ာင္းသို႔ လာခဲ့သည္။
ထိုအခ်ိန္ ဖုန္းျမည္လာသျဖင့္ နားက်ပ္ျဖင့္ ဖြင့္လိုက္သည္။
“ဟယ္လို ေမေမ”
“သားရယ္ ေမေမ့ပိုက္ဆံအိတ္ သားကားေပၚပါသြားလို႔ လာပို႔ေပးေနာ္”
“ေမေမတို႔ကလဲ ကြိုင္ပဲ က်ေနာ္သူငယ္ခ်င္းေတြေစာင့္ေနေတာ့မွာ”
“အေဝးႀကီးမွ မဟုတ္ေသးတာ သားရယ္ ရံုးခန္းထိပဲ ပို႔ေပး ၿပီးရင္သားျပန္ေပါ့ ခဏပါပဲ ၿပီးေတာ့ သားေက်ာင္းကလဲ ေန့လည္မွစတာကို မသိတာက်ေနတာပဲ”
“ဟုတ္ပါၿပီးဗ်ာ”
မင္းခႏိုင္ ပလာဇာအေပၚထက္သို႔ ဓာတ္ေလွကားျဖင့္တက္ခဲ့သည္။ သူ၏ေနာက္တြင္ လူတစ္ေယာက္လိုက္လာသည္ကိုေတာ့ မင္းခႏိုင္မသိရိွခဲ့၊ သတိမထားမိသည္လဲ ပါသည္။ အခ်ိန္က မနက္ ၁၀ နာရီခဲြ၊ ထိုအခ်ိန္သည္ ဓတ္ေလွကားမ်ား ခဏတစ္ျဖဳတ္စစ္ေဆးသည့္ အခ်ိန္ဆိုသည္ကိုေတာ့ မင္းခႏိုင္မသိရိွခဲ့ပါ၊ ထိုေၾကာင့္ စက္ေလွခါးျဖင့္ မတက္ခဲ့ပဲ ဓာတ္ေလွကားႏွင့္တက္လာပါသည္။
ဓာတ္ေလွကား ပိတ္ခါးနီးတြင္ လူတစ္ေယာက္ အတင္း၀င္လာသျဖင့္ မင္းခႏိုင္ နည္းနည္းေရွာင္ေပးလိုက္သည္။ မင္းခႏိုင္ နံပါတ္ ၅ ကိုႏိွပ္လိုက္ေပမယ့္ ခုမွ၀င္လာသူကေတာ့ ဘာမွမႏိွပ္ပါ။ မင္းခႏိုင္ ထိုသူကိုလဲ ဂရုတစိုက္ၾကၫ့္မေနေတာ့၊ လုပ္စရာရိွသည္ကိုသာ အားရံုထားလိုက္သည္။
၀သုန္သည္ မနက္ကတည္းက ေဒၚမိမိႏိုင္ ဖြင့္ထားေသာ ေရႊဆိုင္ကိုလာၾကၫ့္သည္။ လာေလ့လာျခင္းျဖစ္ပါသည္။ ေရႊမ်ားကို ဘာမွမ၀ယ္ပဲ ဟိုၾကၫ့္ဒီၾကၫ့္လုပ္ကာ ျပန္ဆင္းလာသည္။ သူျပန္ဆင္းလာေတာ့ မင္းခႏိုင္ ပလာဇာထဲ ၀င္လာသည္ကိုျမင္လိုက္သည္။ ထိုေၾကာင့္ မင္းခႏိုင္ေနာက္သို႔ လိုက္လာခဲ့လိုက္သည္။ မင္းခႏိုင္ကေတာ့ ေဘးပတ္၀န္က်င္ကို ဂရုမစိုက္တတ္ေသာ နဂိုပံုစံအတိုင္း သြားလာေနသျဖင့္ ၀သုန္ကို မသိျခင္းျဖစ္ပါသည္။ ၀သုန္ မင္းခႏိုင္ ေနာက္ကၾကၫ့္ရင္းက စိတ္ကို ထိန္းခ်ဳပ္ထားသည္။ သူ႔ေဒါသမ်ားကို မ်ိဳးသိပ္ထားရသည္။
ထိုအခ်ိန္ ရုတ္တရက္ ဓာတ္ေလွကားရပ္သြားပါေတာ့သည္။
“ဟာ…ဘာျဖစ္တာလဲ”
မင္းခႏိုင္ ရုတ္တရက္ ျဖစ္သြားေသာေၾကာင့္ လန္႔ဖ်တ္သြားသည္။ ဒီလိုမ်ိဳးတစ္ခါမွမႄကံုဖူသၫ့္အတြက္ သူ႔အတြက္ ထိတ္လန္႔စရာ တစ္ခုျဖစ္ေနပါေတာ့သည္။
“ဟာ…လုပ္ၾကပါအံုး လုပ္ၾကပါအံုး အထဲမွာလူရိွတယ္ေလ၊ လူရိွတယ္ဗ်၊ လုပ္ၾကပါအံုး”
၀သုန္ကေတာ့ ေနာက္ေနၿပီး ေအးေအးေဆးေဆးၾကၫ့္ေနသည္။ ထိုအခ်ိန္အခါမ်ိဳးသည္ စိတ္လႈပ္ရွားသူက ပို၍ဒုကၡေရာက္တတ္သည္မဟုတ္လား။ ၀သုန္ အတတ္ႏိုင္ဆံုး စိတ္ကို ၿငိမ္ေအာင္ထားသည္။
“ေဟ့လူ ဘာလုပ္ေနတာလဲ ဒီအတိုင္းရပ္မေနနဲ႔ေလ ခင္မ်ားတစ္ခုခုေတာ့ အကူညီေတာင္းအံုးေလ”
“ငါလဲဘယ္သိမလဲ ငါလဲဘာမွမလုပ္တတ္ဘူး အခ်ိန္တန္ရင္ ျပန္ေကာင္းသြားလိမ့္မယ္”
“ဘာ…..ဒီေလာက္ အခန္းက်ဉ္းေလးထဲမွာ ဘယ္လိုေနရမွာလဲ အသက္ရႉၾကတ္လို႔ ေသသြားႏိုင္တယ္ဗ်၊ က်ဳပ္တို႔ေသမွ သူတို႔လာဖြင့္ရင္ ဘယ္နဲ႔လုပ္မလဲ”
“ဒါကေတာ့ကံေပါ့”
“ဟာဗ်ာ….ခင္မ်ား…ခင္မ်ား…”
မင္းခႏိုင္ ေဒါသမ်ားကထြက္ကာ ခၽြေးသီးမ်ား ပ်ံလာေတာ့သည္။ ေနာက္ေတာ့ ေျခေတြမခိုင္ေတာ့ပဲ ဒူးတုတ္က်သြားေတာ့သည္။ ၀သုန္ မင္းခႏိုင္ကို လွမ္းဆဲြထားလိုက္ၿပီးေနာက္မွ ႏူတ္ခမ္းျခင္းေတ့လိုက္ေတာ့သည္။
၀သုန္အမွန္ေတာ့ ေရွးဦးသူနာျပဳနည္းျဖင့္ ေလကိုရႉသြင္းေပးလိုက္ျခင္းျဖစ္ပါသည္။ မင္းခႏိုင္ေသလို႔ မျဖစ္ေသးဘူးေလ၊ သူ႔အႀကံေတြ မေအာင္ျမင္ေသးသည့္ အခ်ိန္ထိ ဒီေကာင္အေကာင္းပတိရိွမွ ျဖစ္မည္။ ထိုေၾကာင့္ ၀သုန္ကူညီလိုက္ျခင္းျဖစ္ပါသည္။
အစကေတာ့ မင္းခႏိုင္ရုန္းပါေသးသည္။ ရုန္းအားလဲ မရိွေတာ့သည့္အတြက္ သူရုန္းသည္က ဘာမွအရာမေရာက္ခဲ့ပါ။ မင္းခႏိုင္ကို ၀သုန္စိမ္ေျပတေျပႏူတ္ခမ္းျခင္းေတ့ကာ ကုသလိုက္သည္။ ဆက္ရန္....Jin Jar

Continue Reading

You'll Also Like

1.1M 28.8K 41
While moonlighting as a stripper, Emery Jones' mundane life takes a twisted and seductive turn when she finds herself relentlessly pursued by reclusi...
3.7M 234K 96
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
1.9K 48 27
Unicode ဖန်တီးသူဘဝဇာတ်ကြောင်းတစ်ချို့အား ပြန်လည်ပုံဖော်ရင်း ဝတ္ထုတစ်ပုဒ်အဖြစ် ရေးသားသည်းဆည်းရင်း နောက်တစ်ကြိမ်ထပ်မံနာကျင်ရပြန်ပါသည်။ Zawgyi ဖန္တီးသ...
651K 29K 39
Myanmar × BL Uni/Zaw [ 3 ] Warning..... My Best Friend Becomes My Husband Season 2 Start Date: 20.11.2023 End Date: 30.1.2024 Photo Crd