α€‘α€žα€€α€Ία€”α€Ύα€„α€Ία€·α€œα€²α (Completed)

By EmmaXing95

193K 11K 86

1st Fiction❀️ Author - Emma🌟 (MeiXing) Cover is not mine. Full Crd. More

Ep 1
Ep 2
Ep 3
Ep 4
Ep 6
Ep 7
Ep 8
Ep 9
Ep 10
Ep 11
Ep 12
Ep 13
Ep 14
Ep 15
Ep 16
Ep 17
Ep 18
Ep 19
Ep 20
Ep 21
Ep 22
Ep 23
Ep 24
Ep 25
Ep 26
Ep 27
Ep 28
Ep 29
Ep 30
Ep 31
Ep 32
Ep 33
Ep 34
Ep 35
Ep 36
Ep 37
Ep 38
Ep 39
Ep 40
Ep 41
Ep 42
Ep 43
Ep 44 final

Ep 5

5.7K 371 5
By EmmaXing95


Unicode

"နင် ဒီတစ်သက်မမျှော်လင့်နဲ့တော့"

"ဟမ် ဘာလို့"

"သူက မိန်းမတွေဆိုလုံးဝစိတ်မဝင်စားတဲ့သူ"

"ဟင် သူက gay နေတာလား အမ"

"အင်းလေ ....ဟဲ့ ဘာတွေလျှောက်ပြောနေတာလဲ"

"မိန်းမတွေကို စိတ်မဝင်စားဘူးဆို ယောကျာ်းတွေကြိုက်တာလားလို့"

"နင်လည်း ဖူဂျိုရှီရောဂါ အခုထိမပျောက်နိုင်ဘူး။ ငါနဲ့သိတဲ့လူတွေအကုန်ဘာဖြစ်နေကြမှန်းကိုမသိဘူး"
.............

"ခင်ဗျား..အဲ ကျန့်ကော ဖုန်းနံပါတ်ပေး"

"ဘာလို့"

"ရင်းရင်းနှီးနှီးနေမယ်ဆို"

"အော် ဟုတ်သား ဒီမှာ"

နှစ်ယောက်လုံး ဖုန်းနံပါတ်ပေးလိုက်ကြသည်။

ရှောင်းကျန့်က ရိပေါ်နံပါတ်ကို ဝမ်ရိပေါ် လို့မှတ်တော့။

"နာမည်ကြီးမှတ်မလို့လား"

"မင်းဖုန်းကို မင်းနာမည်မမှတ်လို့ ကိုယ်က ဘယ်လိုမှတ်ရမလဲ"

ရိပေါ်က ရှောင်းကျန့်ဖုန်းကိုယူကာ နာမည်ပြောင်းမှတ်လိုက်သည်။

"ရော့ အခုမကြည့်နဲ့ နောက်မှကြည့်"

"အမ်....အင်း"

"ဒါဆိုကျွန်တော်သွားပြီ"

"အင်း ဖြေးဖြေးသွား ပြေးမနေနဲ့ဦး"

ကျိုးချန်ပြောလည်းပြောချင်စရာ ကြည့်လိုက်ရင် အမြဲပြေးနေတာမို့ ပြောလိုက်ပြီး လူနာကြည့်ဖို့ထွက်လာခဲ့သည်။

"ဟဲ့ ဝမ်ချင်"

"အင်း ပြော"

"နင် ရိပေါ်နဲ့ဘယ်လိုသိတာလဲ"

"ဟိုးအရင်ကတည်းက သိတာ"

"ဘယ်လိုလဲလို့"

"ရိပေါ်နဲ့ဝမ်နင်က ကျောင်းအတူတူပဲ တစ်ခန်းထဲဆိုတော့ ၁၀ နှစ်သားလောက်ကတည်းကလား
မသိဘူး။ ငါတို့အိမ်ကိုလာနေကြ"

"အော် သူ့မိဘတွေ ဘယ်လိုဆုံးသွားတာလဲ"

"သူ အသက် ၂၀ လောက်မှာကား‌ေမှာက်ပြီးဆုံးသွားတာ အဲ့ကတည်းက ရိပေါ်က အိမ်ကထွက်လာပြီး တိုက်ခန်းနဲ့နေတာ"

"အော်"

"ဒေါက်တာရှောင်း က အဲ့တာကို ဘာလို့မေးတာလဲ"

ဘေးနားက တစ်ချိန်လုံးနားထောင်နေတဲ့ မျန်မျန် ကပြောတော့

"ဟမ် ဟိုဘာမှမဟုတ်ပါဘူး။ ဒီလိုပဲ စပ်စုတာ
ငါလူနာသွားကြည့်တော့မယ်"

မျန်မျန်က

"အမဝမ်ချင်ရေ ဒီတစ်ခါလည်း ရှရပြန်ပြီလား
မသိဘူး"

"ဟဲ့ ဒီဖူဂျိုရှီမကတစ်မျိုး ငိုမနေနဲ့ ငါတစ်ယောက်တည်းမနိုင်တော့ဘူး။
ဒီမှာ လာကူဦး"
..............

"အစ်ကို ဘာလုပ်နေတာလဲ"

"ငါဆင်းမလို့လေ အခုနေကောင်းနေပြီပဲကို"

"ကျွန်တော်အခုတင် ကျန့်ကောနဲ့တွေ့လာတာ အစ်ကို နေကောင်းဖို့လိုသေးတယ်"

"ကျန့်..ကျန့်ကော ဆိုတာ ဘယ်သူလဲ ရိပေါ်"

"အကို တာဝန်ခံဒေါက်တာ ရှောင်းကျန့်လေ"

အမေနဲ့ အဖေ ဆုံးသွားကတည်းက သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ဖြတ် အစ်ကိုဖြစ်တဲ့မိမိကိုတောင် စိမ်းကားသွားပြီး တိုက်ခန်းမှာသွားနေတာ။
အရင်လိုလဲ စကားမများတော့တဲ့သူက
ဘယ်တုန်းက ဘယ်လို ကျန့်ကောဆိုပြီး ခင်မင်သွားတာလဲ။

"အစ်ကို ဘာတွေတွေးနေတာလဲ"

"မင်းနဲ့ရင်းနှီးလို့လား ဒေါက်တာလေးက"

"အခုကစ ရင်းနှီးသွားပြီ အကို့ကို နှစ်ခါတောင်ကယ်ခဲ့တာပဲကို"

"......."

"ဘာပဲဖြစ်ဖြစ် ဆေးရုံမှာ တစ်ပတ်လောက်
နေလိုက်ဦး"

"အင်းပါကွာ"

"ကျွန်တော်သွားတော့မယ် အိပ်လို့ရတုန်း အိပ်လိုက် ဆေးရုံဆင်းရင် အမှုတွေက အကို့ကို
စောင့်နေတယ်"
....................

"ဟေ့ကောင် ရှောင်းကျန့် အရမ်းလုပ်မနေနဲ့။ လက်ကကောင်းသေးတာမဟုတ်ဘူး"

"ရပါတယ်ကွ မင်းကလည်း နဲနဲခြစ်မိရုံကို"

"အရိုးကုဆရာဝန်ဖြစ်တဲ့ ငါပြောတာကိုနားထောင်စမ်းပါ နဲနဲလေးမို့လို့ပဲ ဒီထက်ပိုနက်လို့ သွေးကြောကိုထိသွားရင် မင်းတစ်သက်လုံး ခွဲစိတ်ခန်းထဲဝင်ဖို့မစဥ်းစားနဲ့ အခုအလုပ်ဆင်းတော့သွား မင်းတစ်ယောက်မရှိလို့ အရေးပေါ်ဌာနကြီး ဘာမှဖြစ်မသွားဘူး"

"ကျိုးချန် ရေသောက်ဦးမလား"

"ငါအကောင်းပြောနေတာ အိမ်ပြန်နားတော့သွား"

"အေးပါကွာ တစ်ယောက်ကြည့်ပြီးရင်ပြန်ပါ့မယ်"

"အဲ့တစ်ယောက်ကို ငါ့တာဝန်သာထားလိုက်တော့ မြန်မြန်ပြန်နားစမ်းပါ"

အတင်းနှင်ထုတ်နေတဲ့ကျိုးချန်ကြောင့်
ရှောင်းကျန့်တစ်ယောက် နောက်ဆုံးတော့ အဝတ်လဲရတော့သည်။

"ရှောင်းကျန့် ပြန်တော့မလို့လား"

"အေးဟေ့ နင့်လင်ကျိုးချန် မောင်းထုတ်နေလို့"

"သူက နင့်ကိုနားစေချင်လို့ပါ ငါရောပဲ ဟမ် ဟဲ့! ဘယ်သူက ငါ့လင်လဲ မဟုတ်တာတွေမပြောနဲ့"

"ဘာဖြစ်လဲ နင်ကျိုးချန်ကိုကြိုက်နေတာ ဆေးရုံတစ်ခုလုံးသိတယ်"

"ရှောင်းကျန့်! နင်သွားမလား ငါကန်ထုတ်ရမလား"

"သွားမယ်ဟေ့ သွားမယ် လင်မယားနှစ်ယောက်လုံး ငါ့ကို မောင်းထုတ်နေကြတာ"

"ရှောင်းကျန့်!"

ဝမ်ချင်အော်လိုက်တာ လူနာတွေပါလန့်သွားကြသည်။

"ဝမ်ချင် နင်အာပြဲ မှန်းလူသိတယ်သိလား အဲ့လောက်ထိအော်စရာမလိုပါဘူး"

"ဒီ....တော်ပြီ နင်နဲ့မပြော‌ေတာ့ဘူး အကုသိုလ်များတယ်"

ပြောပြီးထွက်သွားတဲ့ ဝမ်ချင်ကို နောက်ကနေ လှမ်းအော်တဲ့ ရှောင်းကျန့်

"ဝမ်ချင်ရေ ကျိုးချန်နဲ့ရရင် ငါ့ကိုမေ့မသွားနဲ့ဦး ကျောင်းတုန်းက ရည်းစားစာ ငါပေး ပေးတာနော်"

"သေချင်းဆိုး ရှောင်းကျန့်ရေ!"

ပြောချင်ရာပြောပြီး ပြေးထွက်လာတဲ့
ရှောင်းကျန့်က နောက်က ဝမ်ချင်လှမ်းအော်တဲ့ အသံကြောင့် အော်ရယ်မိတော့သည်။

########

Mei Xing.

သာသာ daily update ေပးတာနော်😘
ဖတ်ပေးတဲ့သူတွေကျေးဇူးပါ🥰❤️

Zawgyi

Continue Reading

You'll Also Like

3.7K 231 20
(γ₯ β—•β€Ώβ—• )γ₯ π•π•Šπ•ƒ π•˜π•£π•’π•‘π•™π•šπ•” 𝕀𝕙𝕠𝕑 Welcome to YSL GRAPHIC SHOP on Wattpad! We're thrilled to be your go-to destination for bringing your storie...
165K 11.7K 61
BOOK #2 They say love heals scars, but Seokmin's scars were lessons-bitter reminders that twisted him into a creature of darkness. His life was a ser...
190K 8.6K 107
In the vast and perilous world of One Piece, where the seas are teeming with pirates, marines, and untold mysteries, a young man is given a second ch...
2.1M 57.7K 95
On the twelfth hour of October 1st, 1989, 43 women gave birth. It was unusual as none of them had been pregnant since the first day they started. Sir...