မင်းတို့နှစ်ယောက်ဘာတွေလုပ်နေက...

By friedeggs_r_da_best

81.4K 11.9K 324

Both Zawgyi and Unicode. Not my own story, JUST TRANSLATION. All credit goes to original Author and Translato... More

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 9
Chapter 10
Chapter 11
Chapter 12
Epilogue

Chapter 8

4K 869 18
By friedeggs_r_da_best

Zawgyi

ေနာက္တစ္ေန႔မွာေတာ့ ဟိုခ်န္တစ္ေယာက္ ဘာအစားမွားခဲ့သလဲ မသိေပမယ့္ မနက္ခင္းအေစာႀကီးကတည္းက သူဝမ္းေလ်ာေနခဲ့တယ္။ သူတစ္ေယာက္တည္း စာသင္ခန္းထဲမွာ ငူငူေငါင္ေငါင္ျဖစ္ေနၿပီး ၾကားအတန္းေတြကို သြားတက္ဖို႔ေတာင္မွ ေျခကုန္လက္ပန္းက်ေနေလသည္။ (ဒီထဲမွာ ၾကားအတန္းဆိုတာက ေက်ာင္းစာသင္ခ်ိန္ေတြၾကားထဲက လူမႈေရးအခ်ိန္တို႔ စီးပြားေရးအတန္းခ်ိန္တို႔ကို ဆိုလိုတာပါ)

လုယီက အခုခ်ိန္ဟာ ဝမ္းေလ်ာတာကို အေၾကာင္းျပၿပီး စကားေျပာလို႔ရမယ့္ အခြင့္အေရးေကာင္းလို႔ ထင္တယ္။ လုယီဟာ ခံုေပၚမွာထိုင္ေနရင္းနဲ႔ ဟိုခ်န္ကို တိုက္ရိုက္ေမးရင္ ေကာင္းမလား သြယ္ဝိုက္ေမးရင္ ေကာင္းမလားဆိုတာ အေလးအနက္ခ်င့္ခ်ိန္ေတြးေတာလိုက္တယ္။

"မင္းဘာလို႔ ၾကားအတန္းခ်ိန္ေတြကို သြားမတက္တာလဲ?" ဟိုခ်န္က သူတို႔ၾကားမွာ ေနရာခ်ထားတဲ့ စားပြဲေပၚကစာအုပ္ကို ေဘးကိုတြန္းဖယ္လိုက္ၿပီးေတာ့ လုယီရဲ႕လက္ေမာင္းကို တို႔လိုက္ၿပီး ေမးလာတယ္။ လြန္ခဲ့တဲ့၂ရက္ေလာက္ကတည္းက သူတို႔ၾကားမွာ စစ္ေအးတိုက္ပြဲ ျဖစ္ေပၚေနခဲ့တာ။ ပံုမွန္အားျဖင့္ေတာ့ လုယီကပဲ ဟိုခ်န္ကို စကားစေျပာေနက်။ အၿမဲတမ္းစေခၚတတ္တဲ့ အမွတ္မရွိတဲ့ အမိုက္အမဲေလးကို အျပစ္တင္ဖို႔ေတာ့ မသင့္ဘူးမဟုတ္လား။ လုယီကစဥ္းစားလိုက္တယ္ ဟိုခ်န္က ထံုးစံအတိုင္း ဒီအမိုက္အမဲေလးကို ပစ္မထားနိုင္ဘူးပဲ။ အခုေတာ့ ဟိုခ်န္ကအရင္စေခၚလိုက္တာမို႔ သူရႈံးၿပီလို႔ လုယီကေတြးေတာလိုက္တယ္။

"ငါ ဒီမွာပဲ..." လုယီက စကားေျပာဖို႔ ျပင္လိုက္ၿပီး ဟိုခ်န္ကေဂးဟုတ္မဟုတ္ တိုက္ရိုက္ပဲေမးဖို႔ ႀကိဳးစားလိုက္တယ္။ ဒါေပမယ့္လည္း သူ႔ကိုေဂးလား မေဂးလားဆိုတာ တိုက္ရိုက္ႀကီးေမးဖို႔က ရိုင္းၿပီးအရမ္းမယဥ္ေက်းရာမက်ဘူးလား။ လုယီက အေတြးေတြထဲ အခ်ိန္အေတာ္ၾကာ ရုန္းကန္ေနရတယ္။ ေနာက္ဆံုးေတာ့သူက သြားၿဖဲျပလိုက္ၿပီး ပြင့္ပြင့္လင္းလင္းပဲ ေမးလိုက္ေတာ့တယ္ "အာ ဟိုခ်န္ မင္းက.."

"ဆရာဟို!" အၿမဲတမ္း ၾကားအတန္းခ်ိန္တိုင္းကို အိမ္သာထဲဝင္ၿပီး လစ္တတ္တဲ့ေကာင္ ဝမ္က်ီးရွန္က အေျခအေနအခ်ိန္အခါကို မၾကည့္ဘဲ အတန္းထဲကို ဇြတ္ဝင္ခ်လာတယ္။ ဒါတင္မကဘူး သူကခံုတစ္ခံုကိုဆြဲယူၿပီး ဟိုခ်န္ရဲ႕ေဘးမွာေတာင္ လာထိုင္ေနေသးတယ္။ သူကထပ္ၿပီး လုယီရဲ႕ေျပာလက္စစကားကို လစ္လ်ဴရႈလိုက္ၿပီး သူေျပာခ်င္တဲ့စကားကိုပဲ စြတ္ေျပာေတာ့တယ္ "မင္းက ၾကားအတန္းခ်ိန္ သြားမတက္ဘဲ ဒီမွာေရာက္ေနတာကိုး မင္းတို႔ေတြ ေဂးတစ္ခ်ိဳ႕လုပ္တတ္ၾကတဲ့  အရာေတြလုပ္ေနၾကတာလား!"

ေဂးတစ္ခ်ိဳ႕လုပ္တတ္ၾကတဲ့ အရာေတြလုပ္ေနၾကတယ္! ေဂးတစ္ခ်ိဳ႕! လုပ္တတ္ၾကတဲ့! အရာေတြ! အား!
ဒါကစေနာက္ၿပီးေျပာလိုက္တာျဖစ္ၿပီး တကယ္ေတာ့ဝမ္က်ီးရွန္က ဟိုခ်န္နဲ႔လုယီ အတူရွိေနၾကတာကို မထိတထိေျပာဖို႔ မရည္႐ြယ္ပါဘူး။ သူကတမင္ရည္႐ြယ္ၿပီး ေျပာတာမဟုတ္ေတာင္ ၾကားတဲ့သူေတြကေတာ့ တစ္မ်ိဳးထင္နိုင္တယ္ေလ။ ဝမ္က်ီးရွန္ရဲ႕စကားေတြက လုယီရဲ႕နားထဲမွာ ပဲ့တင္ထပ္ေနတယ္။ လုယီကတုန္လႈပ္သြားၿပီး သူ႔မ်က္နွာက ေမ်ာက္ဖင္လိုပဲ နီရဲသြားေတာ့တယ္။ လုယီက အထိတ္တလန္႔နဲ႔ မတ္တပ္ထရပ္လိုက္ၿပီး သန္႔စင္ခန္းသြားဦးမယ္လို႔ အေၾကာင္းျပၿပီး အျပင္ထြက္လာခဲ့တယ္။

သူ႔ေျခလွမ္းေတြက အတန္းတံခါးေပါက္နား ေရာက္ေရာက္ခ်င္းပဲ ဟိုခ်န္ရဲ႕ ေဒါသတႀကီးတံု႔ျပန္သံကို သူၾကားလိုက္ရတယ္ "မင္းဘာေတြေျပာေနတာလဲ? ငါကေဂးမဟုတ္ဘူး ငါကေကာင္မေလးေတြကိုပဲႀကိဳက္တာ"
လုယီရဲ႕ေျခေထာက္ေတြက ခလုတ္တိုက္ၿပီး လူကေဘးနံရံနဲ႔သြားတိုက္မိေတာ့တယ္။ အဲ့တာက ေသေလာက္ေအာင္ နာက်င္ရတယ္! သူသန္႔စင္ခန္းကိုသြားတဲ့ လမ္းတစ္ေလ်ွာက္လံုး သူ႔ရင္ဘတ္ကို အေယာင္ေယာင္အမွားမွား လက္၂ဖက္နဲ႔အုပ္ရင္းသြားမိတယ္။ ဒီနံရံႀကီးကို ဘယ္လိုေသာက္ပစၥည္းေတြသံုးၿပီး ေဆာက္ထားတာပါလိမ့္? အဲ့တာက ဒီသခင္ေလးကို နာက်င္ေစတယ္။

သန္႔စင္ခန္းထဲကိုေရာက္ေတာ့ လုယီဟာ လက္ေဆးကန္နားမွာပဲ ရပ္ေနမိၿပီး မ်က္နွာကို အႀကိမ္ႀကိမ္သစ္ေနမိတယ္။ ၿပီးေတာ့ မွန္ထဲမွာျမင္ေနရတဲ့ သူ႔ကိုယ္သူ သံုးသပ္လိုက္တယ္။ လုယီရဲ႕အသားအေရဟာ ျဖဴေဖြးၾကည္လင္ေနေတာ့ အားနည္းၿပီး ရွက္တတ္ေၾကာက္တတ္မယ့္ပံုေပၚေနတယ္။ မ်က္မွန္တပ္ထားရင္ သူဟာဘာကိုမွမသိ စိတ္မဝင္စားတဲ့ လူနံုလူအ,ေလးပံုေပၚေနျပန္တယ္။ တစ္ကိုယ္လံုးကို ၿခံဳၾကည့္လိုက္ရင္ သူဟာအေတာ္ေလးကို ခ်စ္ဖို႔ေကာင္းေနတယ္။ ဒါေပမယ့္ ေယာက္်ားေလးဆိုတာ ခ်စ္ဖို႔ေကာင္းဖို႔လိုလို႔လား?! ေယာက္်ားေလးဆိုတာ ေယာက္်ားပဲဆန္ရမွာေပါ့!
လုယီက သူ႔ကိုယ္သူအားတင္းလိုက္ၿပီး မ်က္နွာပဲသစ္ၿပီးေတာ့ သန္႔စင္ခန္းထဲက ထြက္လာလိုက္တယ္။ သူကဟိုခ်န္နဲ႔ ညီအကိုလိုပဲေနေတာ့ဖို႔ စဥ္းစားၿပီး စာသင္ခန္းထဲကို ျပန္လာလိုက္တယ္။ ဟုတ္တာေပါ့ သူမွန္တယ္!

Unicode

နောက်တစ်နေ့မှာတော့ ဟိုချန်တစ်ယောက် ဘာအစားမှားခဲ့သလဲ မသိပေမယ့် မနက်ခင်းအစောကြီးကတည်းက သူဝမ်းလျောနေခဲ့တယ်။ သူတစ်ယောက်တည်း စာသင်ခန်းထဲမှာ ငူငူငေါင်ငေါင်ဖြစ်နေပြီး ကြားအတန်းတွေကို သွားတက်ဖို့တောင်မှ ခြေကုန်လက်ပန်းကျနေလေသည်။ (ဒီထဲမှာ ကြားအတန်းဆိုတာက ကျောင်းစာသင်ချိန်တွေကြားထဲက လူမှုရေးအချိန်တို့ စီးပွားရေးအတန်းချိန်တို့ကို ဆိုလိုတာပါ)

လုယီက အခုချိန်ဟာ ဝမ်းလျောတာကို အကြောင်းပြပြီး စကားပြောလို့ရမယ့် အခွင့်အရေးကောင်းလို့ ထင်တယ်။ လုယီဟာ ခုံပေါ်မှာထိုင်နေရင်းနဲ့ ဟိုချန်ကို တိုက်ရိုက်မေးရင် ကောင်းမလား သွယ်ဝိုက်မေးရင် ကောင်းမလားဆိုတာ အလေးအနက်ချင့်ချိန်တွေးတောလိုက်တယ်။

"မင်းဘာလို့ ကြားအတန်းချိန်တွေကို သွားမတက်တာလဲ?" ဟိုချန်က သူတို့ကြားမှာ နေရာချထားတဲ့ စားပွဲပေါ်ကစာအုပ်ကို ဘေးကိုတွန်းဖယ်လိုက်ပြီးတော့ လုယီရဲ့လက်မောင်းကို တို့လိုက်ပြီး မေးလာတယ်။ လွန်ခဲ့တဲ့၂ရက်လောက်ကတည်းက သူတို့ကြားမှာ စစ်အေးတိုက်ပွဲ ဖြစ်ပေါ်နေခဲ့တာ။ ပုံမှန်အားဖြင့်တော့ လုယီကပဲ ဟိုချန်ကို စကားစပြောနေကျ။ အမြဲတမ်းစခေါ်တတ်တဲ့ အမှတ်မရှိတဲ့ အမိုက်အမဲလေးကို အပြစ်တင်ဖို့တော့ မသင့်ဘူးမဟုတ်လား။ လုယီကစဉ်းစားလိုက်တယ် ဟိုချန်က ထုံးစံအတိုင်း ဒီအမိုက်အမဲလေးကို ပစ်မထားနိုင်ဘူးပဲ။ အခုတော့ ဟိုချန်ကအရင်စခေါ်လိုက်တာမို့ သူရှုံးပြီလို့ လုယီကတွေးတောလိုက်တယ်။

"ငါ ဒီမှာပဲ..." လုယီက စကားပြောဖို့ ပြင်လိုက်ပြီး ဟိုချန်ကဂေးဟုတ်မဟုတ် တိုက်ရိုက်ပဲမေးဖို့ ကြိုးစားလိုက်တယ်။ ဒါပေမယ့်လည်း သူ့ကိုဂေးလား မဂေးလားဆိုတာ တိုက်ရိုက်ကြီးမေးဖို့က ရိုင်းပြီးအရမ်းမယဉ်ကျေးရာမကျဘူးလား။ လုယီက အတွေးတွေထဲ အချိန်အတော်ကြာ ရုန်းကန်နေရတယ်။ နောက်ဆုံးတော့သူက သွားဖြဲပြလိုက်ပြီး ပွင့်ပွင့်လင်းလင်းပဲ မေးလိုက်တော့တယ် "အာ ဟိုချန် မင်းက.."

"ဆရာဟို!" အမြဲတမ်း ကြားအတန်းချိန်တိုင်းကို အိမ်သာထဲဝင်ပြီး လစ်တတ်တဲ့ကောင် ဝမ်ကျီးရှန်က အခြေအနေအချိန်အခါကို မကြည့်ဘဲ အတန်းထဲကို ဇွတ်ဝင်ချလာတယ်။ ဒါတင်မကဘူး သူကခုံတစ်ခုံကိုဆွဲယူပြီး ဟိုချန်ရဲ့ဘေးမှာတောင် လာထိုင်နေသေးတယ်။ သူကထပ်ပြီး လုယီရဲ့ပြောလက်စစကားကို လစ်လျူရှုလိုက်ပြီး သူပြောချင်တဲ့စကားကိုပဲ စွတ်ပြောတော့တယ် "မင်းက ကြားအတန်းချိန် သွားမတက်ဘဲ ဒီမှာရောက်နေတာကိုး မင်းတို့တွေ ဂေးတစ်ချို့လုပ်တတ်ကြတဲ့  အရာတွေလုပ်နေကြတာလား!"

ဂေးတစ်ချို့လုပ်တတ်ကြတဲ့ အရာတွေလုပ်နေကြတယ်! ဂေးတစ်ချို့! လုပ်တတ်ကြတဲ့! အရာတွေ! အား!
ဒါကစနောက်ပြီးပြောလိုက်တာဖြစ်ပြီး တကယ်တော့ဝမ်ကျီးရှန်က ဟိုချန်နဲ့လုယီ အတူရှိနေကြတာကို မထိတထိပြောဖို့ မရည်ရွယ်ပါဘူး။ သူကတမင်ရည်ရွယ်ပြီး ပြောတာမဟုတ်တောင် ကြားတဲ့သူတွေကတော့ တစ်မျိုးထင်နိုင်တယ်လေ။ ဝမ်ကျီးရှန်ရဲ့စကားတွေက လုယီရဲ့နားထဲမှာ ပဲ့တင်ထပ်နေတယ်။ လုယီကတုန်လှုပ်သွားပြီး သူ့မျက်နှာက မျောက်ဖင်လိုပဲ နီရဲသွားတော့တယ်။ လုယီက အထိတ်တလန့်နဲ့ မတ်တပ်ထရပ်လိုက်ပြီး သန့်စင်ခန်းသွားဦးမယ်လို့ အကြောင်းပြပြီး အပြင်ထွက်လာခဲ့တယ်။

သူ့ခြေလှမ်းတွေက အတန်းတံခါးပေါက်နား ရောက်ရောက်ချင်းပဲ ဟိုချန်ရဲ့ ဒေါသတကြီးတုံ့ပြန်သံကို သူကြားလိုက်ရတယ် "မင်းဘာတွေပြောနေတာလဲ? ငါကဂေးမဟုတ်ဘူး ငါကကောင်မလေးတွေကိုပဲကြိုက်တာ"
လုယီရဲ့ခြေထောက်တွေက ခလုတ်တိုက်ပြီး လူကဘေးနံရံနဲ့သွားတိုက်မိတော့တယ်။ အဲ့တာက သေလောက်အောင် နာကျင်ရတယ်! သူသန့်စင်ခန်းကိုသွားတဲ့ လမ်းတစ်လျှောက်လုံး သူ့ရင်ဘတ်ကို အယောင်ယောင်အမှားမှား လက်၂ဖက်နဲ့အုပ်ရင်းသွားမိတယ်။ ဒီနံရံကြီးကို ဘယ်လိုသောက်ပစ္စည်းတွေသုံးပြီး ဆောက်ထားတာပါလိမ့်? အဲ့တာက ဒီသခင်လေးကို နာကျင်စေတယ်။

သန့်စင်ခန်းထဲကိုရောက်တော့ လုယီဟာ လက်ဆေးကန်နားမှာပဲ ရပ်နေမိပြီး မျက်နှာကို အကြိမ်ကြိမ်သစ်နေမိတယ်။ ပြီးတော့ မှန်ထဲမှာမြင်နေရတဲ့ သူ့ကိုယ်သူ သုံးသပ်လိုက်တယ်။ လုယီရဲ့အသားအရေဟာ ဖြူဖွေးကြည်လင်နေတော့ အားနည်းပြီး ရှက်တတ်ကြောက်တတ်မယ့်ပုံပေါ်နေတယ်။ မျက်မှန်တပ်ထားရင် သူဟာဘာကိုမှမသိ စိတ်မဝင်စားတဲ့ လူနုံလူအ,လေးပုံပေါ်နေပြန်တယ်။ တစ်ကိုယ်လုံးကို ခြုံကြည့်လိုက်ရင် သူဟာအတော်လေးကို ချစ်ဖို့ကောင်းနေတယ်။ ဒါပေမယ့် ယောက်ျားလေးဆိုတာ ချစ်ဖို့ကောင်းဖို့လိုလို့လား?! ယောက်ျားလေးဆိုတာ ယောက်ျားပဲဆန်ရမှာပေါ့!
လုယီက သူ့ကိုယ်သူအားတင်းလိုက်ပြီး မျက်နှာပဲသစ်ပြီးတော့ သန့်စင်ခန်းထဲက ထွက်လာလိုက်တယ်။ သူကဟိုချန်နဲ့ ညီအကိုလိုပဲနေတော့ဖို့ စဉ်းစားပြီး စာသင်ခန်းထဲကို ပြန်လာလိုက်တယ်။ ဟုတ်တာပေါ့ သူမှန်တယ်!

Continue Reading

You'll Also Like

5.7K 722 5
Type - Web Novel Genre - Drama, Romance, Shounen Ai, Tragedy English Title- The Story of two male Mosquitoes Not my own story. This is a Translat...
11.1K 881 10
[Unicode]ဟန်ယွင်ဟာသေဆုံးပြီးနောက်သူရဲ့အရင်အတိတ်ဘဝကိုပြန်ပြင်ခွင့်ရတဲ့အခါ•••••••••••• ဇာတ်လမ်းတစ်ပုဒ် သူဟာဒီဇာတ်လမ်းရဲ့အဓိကဇာတ်လိုက်တော့မဟုတ်ခဲ့ဘူး သ...