အသက်နှင့်လဲ၍ (Completed)

By EmmaXing95

177K 10.7K 83

1st Fiction❤️ Author - Emma🌟 (MeiXing) Cover is not mine. Full Crd. More

Ep 1
Ep 2
Ep 3
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10
Ep 11
Ep 12
Ep 13
Ep 14
Ep 15
Ep 16
Ep 17
Ep 18
Ep 19
Ep 20
Ep 21
Ep 22
Ep 23
Ep 24
Ep 25
Ep 26
Ep 27
Ep 28
Ep 29
Ep 30
Ep 31
Ep 32
Ep 33
Ep 34
Ep 35
Ep 36
Ep 37
Ep 38
Ep 39
Ep 40
Ep 41
Ep 42
Ep 43
Ep 44 final

Ep 4

5.9K 382 0
By EmmaXing95


Unicode

"အကို!"

"ရိပေါ် မင်းအဆင်ပြေတယ်မလား"

"သတိရလာပြီပေါ့ ကျွန်တော်အဆင်ပြေတယ်"

ရိပေါ်နဲ့ ရှီးချန် က ရှောင်းကျန့်တို့လို တကယ့်ညီအကိုကောင်းတွေပါပဲ။ မိဘတွေဆုံးပြီးကတည်းက ရိပေါ် က အိမ်ကထွက်ပြီး တိုက်ခန်းမှာသွားနေတယ်။ ရှီးချန်ကတော့ မိဘတွေနဲ့အတူနေခဲ့တဲ့ အိမ်မှာပဲနေတယ်။

"အကို မေ့နေတာ သုံးရက်ကျော်ပြီ"

"အင်း ဒေါက်တာလေးပြောပြလို့သိထားတယ်"

"ဒေါက်တာလေး?"

"အင်းလေ အကို့ကို ကုပေးတဲ့သူလေ"

"ရှောင်းကျန့်ဆိုတဲ့ ဒေါက်တာလား"

"အင်း"

ပြောပြီး ငြိမ်ကျသွားကာတွေးနေတဲ့ ရိပေါ် နဲ့ သူ့ကိုအကဲခတ်နေတဲ့ ရှီးချန်

ရိပေါ်မရယ်တာကြာပါပြီ။ ဒါပေမဲ့ အခု ဒေါက်တာ အကြောင်းပြောတော့ ပြုံးသယောင်ယောင်နဲ့။

*ရိပေါ်  မင်းကတော့.....*
................

"ကျဲရေ ကျဲ!"

"ဟဲ့ ငါဒီမှာဘာလို့ကုန်းအော်နေတာလဲ"

အရေးပေါ်ခန်းထဲကိုလာပြီး အတင်းအော်နေတဲ့ ဝမ်နင်ကြောင့် ဝမ်ချင်တစ်ယောက် နာ့စ်ချုပ်ဆီကနေ အအော်မခံရခင် သူ့မောင်ကို ဆွဲခေါ်တော့သည်။

"နင်လည်းလေ မောင်‌ေလးဖြစ်ပြီး အားမကိုးရဘူး ငါ့ကိုအဆူခံရအောင်လုပ်နေတယ်"

"အကိုရှောင်းကျန့် ထိခိုက်သွားလို့ဆို"

"အော် အေး လာ!"

"အမ် ကျဲ!"

မေးတာတစ်ခု ပြောမယ်ဆိုပြီး ခေါ်သွားတာ
တစ်ခု နားမလည်တော့တဲ့ ဝမ်နင်။

"ရော့ အ့ဲမှာ"

ခေါ်လာတဲ့နေရာကကန်တင်း

"ကျဲ နှစ်နာရီတောင်ကျော်ပြီ ကျွန်တော်စားပြီးပါပြီဗျ"

"ဟဲ့ နင်စားပြီးပေမဲ့ ဟိုနှစ်ကောင်ကမပြီးသေးဘူး"

"ဘယ်နှစ်ကောင်.."

သူ့အစ်မပြတဲ့နေရာကိုကြည့်ကာမှ အခုချက်ချင်း မျက်စိရှေ့က စားစရာတွေပျောက်သွားတော့မလိုလိုစားနေတဲ့ ရှောင်းကျန့်နဲ့
ကျိုးချန်

ဘယ်ဘက်လက်မှာပတ်တီးကြီးနဲ့ အကိုရှောင်းကျန့်ကို အော်ခေါ်လိုက်သည်။

"အကိုရှောင်းကျန့်!"

"ဝမ်နင် မင်းဘယ်လိုရောက်လာတာလဲ"

"ဓားထိသွားတယ်ဆိုလို့လေဗျာ"

"ငါအဆင်ပြေပါတယ်ကွာ ဖြေရတာမောလှပြီ"

"ဘာဖြစ်လို့"

"ပြောမနေနဲ့ ဝမ်နင်ရေ
ရှောင်းကျန့်က နဂိုကမှ ဆေးရုံရဲ့ အတော်ဆုံးဆရာဝန်လေ"

"အတော်ဆုံးဆရာဝန်က ကောင်းတာမဟုတ်ဘူးလား"

"ကောင်းတာတော့ ကောင်းတယ် မကောင်းရင်လည်း မကောင်းဘူး"

"ဟမ်"

"ကျိုးချန် တစ်ခါထဲရှင်းအောင်ပြောစမ်းပါဟယ်"

ဝမ်ချင်ကဝင်ပြောတော့

"ဒီလိုဟေ့ သူ့ကိုကြိုက်လို့ လာကုတဲ့လူနာတွေက တစ်ပုံကြီး တကယ်ဖြစ်တာတွေကော မဖြစ်တာတွေကောပေါ့ကွာ
ခုနက ကန်တင်းကိုလာတုန်း ဝမ်ချင်ကလွဲရင် ဆေးရုံက နာ့စ်တွေရော ဆရာဝန်မလေးတွေပါ အကုန်လာမေးပြီး ဆေးတွေပေးကြတာ မနည်းငြင်းလွှတ်ရတယ်"

"အော်"

"ဟား ဟား အကိုရှောင်းကျန့်က နာမည်ကြီးတာကိုဗျ"

"ငါ့ရုပ်က ချောနေတော့ ဘယ်တတ်နိုင်ပါ့မလဲ"

"ရွံတာ ဝေါ့"

"ဝမ်ချင် ငါစားနေတယ်"

"ဘာဖြစ်လဲ ဒါလေးပြောတာ"

"အကုန်လုံးက စိုးရိမ်ပြီးမေးနေကြပေမဲ့ တစ်ယောက်သောသူကတော့...."

ကျိုးချန်ပြောတော့ ဝမ်နင်က

"ဘယ်သူလဲ အကို?"

"ဘယ်သူရှိရမှာလဲ မင်းရဲ့ လုပ်ဖော်ကိုင်ဖက်ဆိုတဲ့ တစ်ယောက်လေ"

"ရိပေါ်လား သူကအဲ့လိုမဟုတ်ပါဘူးဗျ သူ့အကိုကြောင့်နေမှာပါ"

"အေးလေ မင်းကလည်းခုနကတည်းက ပြောနေတာ မပြီးဘူး"

"ငါက မဟုတ်လို့ပြောနေတာကြနေတာပဲ။ ခုနကတည်းက နည်းနည်းလေးတောင်မမေးဘူး"

"ငါက ဘာမှမဖြစ်ဘူးလို့ပြောလိုက်တာလေ အဲ့တော့ဘယ်မေးတော့မလဲ"

"မသိဘူး ငါတော့ ကြည့်မရဘူး"

"အကိုကျိုးချန်ကြည့်ရတာ နာ့စ်မလေးတွေဘဲရှိတာမလား"

"ဘာ! မင်း...ဝမ်နင် လာခဲ့စမ်း"

ကျိုးချန်လိုက်ရိုက်တော့ ဝမ်နင်ပတ်ပြေးတော့သည်။
ရှောင်းကျန့်ကတော့ ရယ်နေသည်။

.................

"ဒေါက်တာ"

"အော် ရိပေါ်"

ထူးထူးဆန်းဆန်း သူ့ကိုစကားလာပြောသည့်အတွက် ရှောင်းကျန့်တစ်ယောက်ဘာလုပ်ရမှန်းမသိဖြစ်နေသည်။

*နေဦး စကားလေးပြောတာပါပဲ ငါကဘာဖြစ်နေတာလဲ*

"ဟို ခင်ဗျားလက်က ဒဏ်ရာအဆင်ပြေလားလို့"

"အော် အဆင်ပြေပါတယ်"

"အင်း ပြီးတော့ သတိနဲ့နေဖို့လိုတယ်ထင်လို့
အဲ့လူက ကွင်းဆက်လူသတ်သမား သူ့ကိစ္စ ပျက်သွားတော့ ခင်ဗျားကို တစ်ခုခုလုပ်မှာစိုးလို့"

"ကွင်းဆက်လူသတ်သမား?"

"အင်း ကျွန်တော့် အကိုကို သေနတ်နဲ့ပစ်တာသူပဲ"

"အော်"

"ခင်ဗျား စိုးရိမ်နေရင် ကျွန်တော်တို့ ရဲတစ်ယောက်ကို ခင်ဗျားအိမ်ကိုပို့ပေးမယ်လေ။ တစ်ခုခုဖြစ်မှာစိုးလို့"

"အော် ရပါတယ် ကိုယ်မကြောက်ပါဘူး။ ဒါနဲ့ ခင်ဗျား ခင်ဗျားနဲ့ ခေါ်နေတာ စိမ်းတယ်နော်"

"ကျွန်တော်တို့က ရင်းနှီးတာမှမဟုတ်တာ"

"အခုကစပြီး ရင်းနှီးရင် ရတာပဲ ကိုယ့်နာမည် ရှောင်းကျန့် ပါ"

"အင်း ဝမ်ရိပေါ် ကျွန်တော့်နာမည်"

"ရိပေါ်လို့ခေါ်မယ်လေ မင်းကရော"

"ကော...ကျန့်ကောလို့ပဲ ခေါ်မယ်"

ရှောင်းကျန့် နဲ့ရိပေါ် စကားပြောနေတာကို ကောင်တာက နာ့စ်မလေး မြန်မြန် ကြည့်မဝဖြစ်နေသတဲ့။

"မြန်မြန် ဒီကိုလာဦး...မြန်မြန်!"

"ရှင့်! ဟုတ်ကဲ အမဝမ်ချင်"

"နင်လည်း တစ်နေ့တစ်နေ့ ငမ်းဖို့ပဲ ရှောင်းကျန့်ကိုနေ့တိုင်းတွေ့နေရတာကို"

"အမကလည်း ကျွန်မ target ပြောင်းသွားပြီ အခုသူ့ဘေးက ကောင်လေးလေ"

"ဘာ! ဝမ်ရိပေါ်လား"

"အမ တိုးတိုးပြောပါကြားသွားဦးမယ်"

##########

Mei Xing.

မနက်ဖန်ကို မျှော်နေပါပြီလို့😭
နှစ်ယောက်အတူတူပွဲတက်မှာကို မြင်ချင်လှပြီ❤️💚

Zawgyi

Continue Reading

You'll Also Like

24.2K 787 35
in which a newsies crew member tries to ignore her feelings for a Broadway actor (it's recommended to read Ten Minutes Ago before this book) ~~ [Josh...
214K 4.5K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
35.3K 1.1K 7
in which the new girl asks to borrow a lighter. [ COMPLETED / SHORT STORY ] [ ©️ PVACHY ON WATTPAD ]
1.3M 58.2K 104
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC