That Omega is so cute and I c...

By Its_just_Thu

521K 59.9K 4.2K

Have you ever seen a cute adorable Omega before? Well I just met one. That Omega is so cute and I can't help... More

Welcome to my story - Author Note
2• Does my bff like my big brother?
3• WTF! He rejected a beautiful Omega?
4•The new student is strange
5• That Omega aint easy!
6• And they finally meet!
7• He is so annoying
8• Ray's Private Study Guide
9• What a coincidence!
Character Introduction
10• My ex is my Secretary
11• First Study Time
12• Sam's first love
13• A step forward
14• Getting closer
15• Memories aren't forgettable
16• God Damn! Alex is freaking Alpha!
A Guide to Omegaverse
17• Unexpected moment
18• Run Raymus Run!
19• A little hope!
20• Oh Baby Sam!
21•Not so fast Raymus🤣
22• First Encounter with Baby Sam!
23• Time for trip, Yayy!
24• Do you miss me?
25• Open your heart for me~
26• Is he ---- ?
27• Please don't lie!
28• He left me with no choice
29• Just give me a reason!
30• My heart shutters into pieces
31• Loving you is haunting me
32• Make him mine?
33• Let him go~
34• Treat you better
35• Marry me!
36• Love me, Love me, Say that you love me!
37• Love me like you do🔥
38• Bullies Brothers!
39• I love you
40•I admit I like you
41• The feeling of FA
42• Is X-Ray cp is real?
43• The feelings develop
44• What should I do if i fall in love
45•I am sure I love you
46• Am I ready for the next step?
47•My Alpha is dangerous🔥
48• What a miracle!
49• I'm in love with my son's dad
Ep 50• My Alpha knows how to make me melted
51 • I can't control anymore
52 • My Alpha, My Superman, My Hero
53• He was my mate all way long
54• Bonding time, it is
55• I need you tonight🔥
56• My life in your hand
57 • Who? My brother-in-law?
58 • Endless love
59 • Luckiest person in the world
60• Love is all you need 💛
Season 2 ???

1• New transfer student

29.9K 1.7K 148
By Its_just_Thu

That Omega is so cute and I can't help Part 1

ကျောင်းပျော်ကြီး Raymus ရဲ့ ပထမဆုံးသော ဒုတိယနှစ်ကျောင်းတက်ရက်ဖြစ်တယ်။

ကျောင်းမှာဆိုပျော်စရာကောင်းတာမို့ Raymus က ကျောင်းသွားရတာ နှစ်သက်တဲ့သူတစ်ယောက်ပဲ။

အရှေ့မှာစာသင်နေတဲ့ဆရာမတွေကို လိုက်စရတာ၊ သူငယ်ချင်းတွေနဲ့ ဘောလုံးကန်ရတာ၊ ကြည့်မရတဲ့ကောင်တွေနဲ့ရန်ဖြစ်တာ အကုန်လုံးက သူ့အတွက်ပျော်စရာတွေကြီး။

အိမ်မှာနေရတာမှ သူ့အတွက်သိပ်ပျင်းစရာကောင်းသေးတယ်။

အမေဆုံးပြီးနောက် နောက်အိမ်ထောင်ပြုလေတယ်။

အရွယ်ရောက်ပြီးသား သားတွေက သဘောမတူဘူး ဘာညာ ဆန္ဒမပြကြပေမယ့် အဖေက သားတွေအနေအထိုင်လွတ်လပ်အောင်ဟုဆိုကာ အိမ်ခွဲနေတာမို့ အိမ်မှာ Raymus တို့ညီအကိုတွေသာကျန်ခဲ့တယ်။
အလုပ်မှအလုပ်ဖြစ်နေတဲ့ ကိုကိုကြီး Thomas က အိမ်မှာနေတယ်လို့ကိုမရှိ။
ကိုလတ် Nicholas ကလဲ နိုင်ငံခြားမှာ ကျောင်းသွားတက်နေတော့ အိမ်တော်ထိန်းရယ် ခိုင်းတဲ့ဝန်ထမ်းတွေရယ်သာရှိတဲ့ အိမ်ကြီးက တကယ့်ကိုခြောက်ကပ်ကပ်နဲ့။

"Morning class"

နှုတ်ဆက်သံနဲ့ အခန်းထဲကို ခပ်ပြုံးပြုံးဝင်လာတဲ့သူက marketing ဘာသာရပ်သင်တဲ့ ဆရာမ။

"Morning teacher"

အတန်းသားတွေက ပြိုင်တူနှုတ်ဆက်လိုက်ကြတဲ့အထဲ Raymus ရဲ့ bff တစ်ယောက်ဖြစ်တဲ့ Willy ရဲ့ အသံကအကျယ်ဆုံး။

အဲဒီကောင် Willy က အင်မတန်အာပြဲတဲ့အထဲပါတယ်။

ကျောင်းပျော်ပေမယ့် စာလုပ်ရတာမပျော်တဲ့ Raymus ကတော့ ပျင်းရိပျင်းတွဲနဲ့ ဖတ်စာအုပ်ကိုလှန်နေတယ်။

အခန်းရဲ့အရှေ့ဆုံးခုံမှာထိုင်နေတဲ့ Raymus က အခန်းဝမှာ အရိပ်တစ်ခုကျလာတာမြင်တော့ ဘာရယ်မဟုတ် ခေါင်းမော့ကြည့်မိတော့ သူမမြင်ဖူးတဲ့ ကျောင်းဝတ်စုံ ဝတ်ထားတဲ့ ကျောင်းသားတစ်ယောက်။

"ဝင်ခွင့်ပြုပါ teacher ကျွန်တော်နည်းနည်းနောက်ကျသွားတယ်"

"ဝင်ပါ မင်းက transfer ကျောင်းသားမဟုတ်လား"

"ဟုတ်ပါတယ်"

"လာလေ ဝင်ခဲ့ .. အတန်းထဲက လူတွေနဲ့လဲမိတ်ဆက်ပေးရအုံးမယ် သူ့နာမည်က Alexander တဲ့ D Public University ကနေ full scholar နဲ့ ဒီကျောင်းကိုဝင်ခွင့်ရတဲ့ကျောင်းသားပဲ"

ဆရာမစကားကြောင့် Raymus မျက်ခုံးပင့်မိတယ်။

အခုသူတို့တက်နေတဲ့ H University ဆိုတာ တစ်နိုင်ငံလုံးမှာ နာမည်အကြီးဆုံးကျောင်းမို့ ဈေးအကြီးဆုံးကျောင်းဖြစ်သလို scholar ရဖို့လဲအခက်ခဲဆုံးကျောင်းပဲ။

ဒီလိုကျောင်းမှာ full scholar နဲ့ဝင်ခွင့်ရဖို့ဆို တော်ရုံစာတော်တာမျိုးမဖြစ်နိုင်ဘူး။

ပုံစံကြည့်ရတာတော့ မအူမလည်နဲ့ ထုံပေပေရုပ်ပေမယ့် စာတော့တော်တယ်တဲ့လား။

"ကဲ ပထမဆုံးကျောင်းတက်ရက်ဆိုတော့ သွေးပူလေကျင့်ခန်းလုပ်တဲ့အနေနဲ့ မနှစ်ကသင်ခဲ့တဲ့ basic marketing module ထဲက စာနည်းနည်းပြန်မေးရမယ်ထင်တယ်"

ဆရာမစကားကြောင့် အကြီးအကျယ်စိတ်ညစ်သွားသူမှာ Raymus!

Raymus ဆိုတာ မနှစ်ကစာမပြောနဲ့ အခုသင်လိုက်တဲ့စာကို အခုပြန်မေးရင်တောင် သတိရတတ်တဲ့သူမျိုးမဟုတ်ဘူး။

မနှစ်ကဆိုလဲ စာမေးပွဲကို moderation အမှတ်နဲ့ ဘာသာစုံကပ်အောင်လာတာပင်။

မအောင်ပဲနေမှာတော့မဟုတ်ဘူး၊ Raymus ကိုစာမေးပွဲချလိုက်ရင် အဲဒီဆရာမက သူ့ထမင်းအိုးသူရိုက်ခွဲသလိုဖြစ်မှာပဲ။

အဲဒီလိုပဲ သူသာစာမေးပွဲမအောင်ခဲ့ဘူးဆိုရင် ဒီကျောင်းက ပိတ်ပစ်လိုက်ရတဲ့အထိမဖြစ်ဘူးလို့ ဘယ်သူမှအာမမခံနိုင်ဘူး။

ဘာလို့လဲဆိုတော့ သူက 'N Group of Companies' ရဲ့ အဖိုးတန်သားအငယ်ဆုံးလေး Raymus Nathaniel ဖြစ်နေလို့ပဲ။

"Raymus ဆရာမမေးတာမဖြေချင်ဘူးလား"

"ဟင့်အင်း"

ခပ်တည်တည်ပဲသူငြင်းလိုက်တော့ တစ်တန်းလုံးကအကြည့်တွေသူ့ထံရောက်လာပေမယ့် ဟိုကျောင်းသားတော့ မပါခဲ့ဘူး။

ဆရာမက စိတ်ပျက်လက်ပျက်ဖြစ်သွားပေမယ့် ဘာမှပြန်မပြောခဲ့။

အဲဒါကိုက Raymus ပဲလေ၊ မလုပ်ချင်ရင် သူ့ကိုခိုင်းတာ ဆရာမ မကလို့ သူ့အဖေဖြစ်နေရင်တောင်
မလုပ်ချင်ဘူးလို့ ပြတ်ပြတ်သားသားငြင်းရဲတဲ့သူမျိုးပဲ။

"Niche market ဆိုတာဘာလဲ တစ်ယောက်လောက်ဖြေပေးပါလား"

Raymus ကိုမေးလို့မဖြစ်နိုင်တော့ဘူးဆိုတော့ ဆရာမက ဘယ်သူဖြေဖြေဆိုပြီး ပြောင်းမေးလေတယ်။

သူကတော့ ဒူးလေးလှုပ်လို့ လက်ပိုက်ပြီး မသက်ဆိုင်သူလို ထိုင်နေတယ်။

"Niche market ဆိုတာ ကုန်ပစ္စည်းကို လူတိုင်းကိုဦးတည်ရောင်းချတာမျိုးမဟုတ်ပဲ သေးငယ်တဲ့လူနည်းစုကိုပဲ target audience သတ်မှတ်ထားတဲ့ဈေးကွက်ပါ"
ကျောင်းသားအသစ်က ခပ်တည်တည်နဲ့တစ်လုံးချင်းဖြေသွားတော့ အတန်းသားတွေက တဝိုးဝိုးတဝါးဝါးနဲ့။

အဟက် သောက်ပိုတွေ သိပ်လုပ်ကြတယ်။

လူအများစိတ်ဝင်စားတဲ့အရာတွေ လူအများကြိုက်တဲ့အရာတွေကို သူမကြိုက်ဘူး! သူ့ကိုယ်သူကတော့ ခြွင်းချက်ပေါ့လေ။

စာသင်ချိန်တစ်ချိန်ကနေ တစ်ချိန်ကုန်လွန်သွားပြီးတဲ့နောက် Raymus ခေါင်းထဲမှာ အတွေးတစ်ခုပေါ်လာတယ်။

"သူက beta ဖြစ်မယ်ထင်တယ်"

Raymus ရဲ့ထင်ကြေးကို Olivier က ချက်ချင်းတုံ့ပြန်တယ်။

"မင်းကလဲ ရမ်းပြောနေပြန်ပြီ ဟုတ်ချင်မှလဲဟုတ်မှာပေါ့ တော်ကြာ Alpha ဖြစ်နေရင် ဘယ်လိုလုပ်မလဲ"

"သူ့ပုံစံကိုကြည့်ရင် အသိသာကြီး ဘယ်လိုမှ alpha မဖြစ်နိုင်ဘူး ကျိန်းသေပေါက် beta ပဲ"

"မင်းက beta ဖြစ်စေချင်နေတာမဟုတ်လား"

အမြဲတမ်းလိုလို beta သားကောင်ရှာနေတတ်တဲ့ Raymus ရဲ့အကျင့်ကိုသိထားသူပီပီ Olivier က မှတ်ချက်ပေးလာတယ်။

ဒီတစ်ခါတော့ Raymus ဘာမှခွန်းတုံ့ပြန်မပဲ ခပ်ပြုံးပြုံးသာငြိမ်နေလိုက်တယ်။

ဘယ်ဘဝက အိပ်ရေးပျက်လာတယ်မသိရလောက်အောင် ငိုက်မြည်းနေတဲ့ Willy ကတော့ Raymus တို့စကားဝိုင်းထဲဝင်လာဖို့
အာရုံရှိပုံမရဘူး။

Willy ဆီက မျက်ဝန်းအကြည့်ကို ကျောင်းသားအသစ်ထံတစ်ဖန်ပြန်ရွှေ့လိုက်တယ်။

သူ့ပုံစံက လူတကာရဲ့ အာရုံတွေသူ့ဆီရောက်အောင် လုပ်နေတယ်လို့ Raymus ခံစားနေရတယ်။

သေချာပေါက်ဆွဲဆောင်မှုရှိတဲ့ရုပ်ရည်ကို ခပ်တုံးတုံးပုံစံဖမ်းပြီး လူသတိမထားမိအောင်နေတယ်။

ကျောင်းအကျီမဝတ်လဲရရဲ့သားနဲ့ ဟိတ်ဟန်မရှိ ပြင်ဆင်မှုမရှိပဲ ကျောင်းအကျီဝတ်ပြီး တက္ကသိုလ်လာတက်တယ်။

ပထမဆုံးကျောင်းတက်ရက်မှာတောင် အတန်းထဲမှာ ဆရာမမေးတဲ့မေးခွန်းတွေကိုဖြေနိူင်တယ်။

အတန်းထဲက ဘယ်သူ့ကိုမှလိုက်မကြည့်ပဲ ဘယ်သူနဲ့မှ
မိတ်မဖွဲ့ပဲ တစ်ယောက်တည်းခပ်အေးအေးထိုင်နေတယ်။

အထူးသဖြင့် အတန်းရဲ့ရှေ့ဆုံးမှာထိုင်နေတဲ့ Raymus လို အချောအလှဆီကို မျက်လုံးလေးတစ်ချက်ရောက်မလာခဲ့ဘူးလေ။

အဲဒါက Raymus ရဲ့ အာရုံကို မကောင်းတဲ့နည်းနဲ့ ဖမ်းစားသွားတာနဲ့အတူတူပဲပေါ့။

ဒီအတန်းထဲမှာတင်မဟုတ်ဘူး၊ ဒီတစ်ကျောင်းလုံးမှာ Raymus နဲ့မပက်သက်ချင်တဲ့သူမရှိဘူး။

Raymus အတွေးနယ်ချဲ့နေတုန်း အတန်းလွှတ်ခေါင်းလောင်းသံကြားရပြီးနောက် ဆရာမက အခန်းထဲကနေ ထွက်သွားတယ်။

ထမင်းစားချိန်ဖြစ်တာမို့ ကျောင်းသားတွေလဲ အလျှိုလျှိုနဲ့ အတန်းထဲကထွက်သွားတယ်။

သူတို့အတန်းထဲက ထွက်သွားဖို့ အခန်းတံခါးဆီလျှောက်လာတဲ့အခါ အရှေ့ဆုံးတန်းရဲ့ တောင့်ဆုံးမှာ ထိုင်နေတဲ့ Raymus ကိုလှည်ကြည့်သွားကြဖို့လဲ မမေ့လျော့ကြဘူး။

အများစုကတော့ Alpha တွေနဲ့ Beta တွေပေါ့။

Alpha တွေကတော့ Raymus ကို သူတို့ရဲ့  Permanent partner အဖြစ် အလိုရှိပြီး ချဉ်းကပ်ချင်ကြသလို beta တွေကတော့ Raymus ရဲ့ ယာယီသားကောင်ပဲဖြစ်ချင်ဖြစ်ပါစေဆိုတဲ့စိတ်နဲ့ ဈေးဗန်းတွေ အပြိုင်အဆိုင်ခင်းကြတယ်။

Raymus က Omega တစ်ယောက်။
ဒါပေမယ့် သူဟာ Omega နဲ့ မတူတဲ့ Omega တစ်ယောက်လိုပြောရမယ်။

Raymus တို့ကျင်လည်ရာကမ္ဘာကြီးမှာ Omega တွေက လူဦးရေရာခိုင်နှုန်းအနည်းဆုံးဖြစ်သလို အင်အားလည်း အနည်းဆုံးဖြစ်တယ်။

အကောင်းဘက်ကပြောရရင် omega တွေက နူးညံ့တယ်၊ အဆိုးဘက်ကပြောရရင်တော့ omega တွေက အင်အားနည်းတယ်ဆိုတယ်ဆိုတဲ့ယူဆချက်နဲ့ အမြဲတမ်း နှိမ့်ချဆက်ဆံခံရတယ်လို့ Raymus ထင်တယ်။

Alpha တွေကတော့ omega တွေနဲ့ပြောင်းပြန်၊
ပတ်ဝန်းကျင်အသိုင်းအဝိုင်းတစ်ခုလုံးမှာ အင်အားအကြီးမားဆုံးတွေဖြစ်ပြီး အချို့သောခပ်ဆိုးဆိုး Dominant Alpha တွေက omega တွေကို ကလေးမွေးပေးရုံလောက်သာအသုံးကျတဲ့သူမျိုးတွေလို ဆက်ဆံတတ်ကြတယ်။

အဲဒီထဲမှာ သူ့အကိုတွေလဲအပါအဝင်ပဲ။ Raymus ကိုသာ သူတို့ညီလေးမို့ တုန်နေအောင်ချစ်ကြပေမယ့် တခြား omega တွေကိုတော့ အဖက်တောင်လှည့်မလုပ်ကြဘူး။

Raymus ဆိုတာက ကံဆိုးစွာနဲ့ တစ်မိသားစုလုံးမှာတစ်ယောက်တည်း omega ဖြစ်နေခဲ့ပေမယ့် 'ဇ' က မသေးတာကြောင့် သူ့ကိုနှိမ့်ချဆက်ဆံမယ့် အရှုပ်ထုပ် Alpha တွေနဲ့ လုံးဝမတွဲဘူးလို့ ဆုံးဖြတ်ထားတယ်။

ဒါကြောင့်ပဲ Raymus က သူ့စကားနားထောင်မယ့် ခပ်တုံးတုံး beta တွေကိုပဲရွေးတွဲဖို့ဆုံးဖြတ်ခဲ့လေတော့ beta တော်တော်များများက Raymus ရဲ့ အရွေးချယ်ခံဖြစ်ရဖို့ ကြိုးစားကြတော့တာပဲ။

အတန်းထဲရှိလူကုန်သလောက် အခန်းပြင်ကိုရောက်သွားကြပေမယ့် ဟိုကျောင်းသားသစ်လေးကတော့ အခုထိ ခုံမှာထိုင်ကာ တစ်စုံတစ်ခုကို အသည်းအသန်ရေးမှတ်နေပုံပဲ။

"Raymus ကင်တန်းသွားမယ်လေ"

Olivier က လက်တို့ကာပြောပေမယ့် Raymus ခေါင်းခါပြလိုက်တယ်။

"ခဏနေအုံး"

Raymus စကားတစ်ခွန်းဆိုတစ်ခွန်းနာခံတတ်တဲ့ Olivier က ဘာမှမပြောတော့ပဲ ဆက်ထိုင်နေတယ်။

ဟော ဟိုတစ်ယောက်ထလာပြီ အခန်းပြင် ထွက်တော့မယ်။

Raymus ကိုကျိန်းသေပေါက်လှည့်ကြည့်မှာပဲလို့ ထင်ပေမယ့် အထင်နဲ့လက်တွေ့က တက်တက်စင်အောင် လွဲသွားတယ်။
ခေါင်းကိုငုံ့လို့ ခပ်အေးအေးထွက်သွားတဲ့သူကိုကြည့်ပြီး သူ့ရင်ထဲမှာ ကလိကလိဖြစ်တဲ့စိတ်တွေကတိုးလို့လာတယ်။

"ငါ မင်းကို အကြွေးမှတ်ထားပြီ အသစ်ကလေး"

Part 2 to be continued

I need comment ပါ ဘေဘီတို့ရေ
ပထမဆုံးရေးတဲ့ omegaverse မို့ ဘယ်လိုမြင်တယ်ဆိုတာ သေချာပေါက်ပြောပေးသွားကြပါ

Zawgyi below

That Omega is so cute and I can't help Part 1

ေက်ာင္းေပ်ာ္ႀကီး Raymus ရဲ႕ ပထမဆုံးေသာ ဒုတိယႏွစ္ေက်ာင္းတက္ရက္ျဖစ္တယ္။

ေက်ာင္းမွာဆိုေပ်ာ္စရာေကာင္းတာမို႔ Raymus က ေက်ာင္းသြားရတာ ႏွစ္သက္တဲ့သူတစ္ေယာက္ပဲ။

အေရွ႕မွာစာသင္ေနတဲ့ဆရာမေတြကို လိုက္စရတာ၊ သူငယ္ခ်င္းေတြနဲ႕ ေဘာလုံးကန္ရတာ၊ ၾကည့္မရတဲ့ေကာင္ေတြနဲ႕ရန္ျဖစ္တာ အကုန္လုံးက သူ႕အတြက္ေပ်ာ္စရာေတြႀကီး။

အိမ္မွာေနရတာမွ သူ႕အတြက္သိပ္ပ်င္းစရာေကာင္းေသးတယ္။

အေမဆုံးၿပီးေနာက္ ေနာက္အိမ္ေထာင္ျပဳေလတယ္။

အ႐ြယ္ေရာက္ၿပီးသား သားေတြက သေဘာမတူဘူး ဘာညာ ဆႏၵမျပၾကေပမယ့္ အေဖက သားေတြအေနအထိုင္လြတ္လပ္ေအာင္ဟုဆိုကာ အိမ္ခြဲေနတာမို႔ အိမ္မွာ Raymus တို႔ညီအကိုေတြသာက်န္ခဲ့တယ္။
အလုပ္မွအလုပ္ျဖစ္ေနတဲ့ ကိုကိုႀကီး Thomas က အိမ္မွာေနတယ္လို႔ကိုမရွိ။
ကိုလတ္ Nicholas ကလဲ နိုင္ငံျခားမွာ ေက်ာင္းသြားတက္ေနေတာ့ အိမ္ေတာ္ထိန္းရယ္ ခိုင္းတဲ့ဝန္ထမ္းေတြရယ္သာရွိတဲ့ အိမ္ႀကီးက တကယ့္ကိုေျခာက္ကပ္ကပ္နဲ႕။

"Morning class"

ႏႈတ္ဆက္သံနဲ႕ အခန္းထဲကို ခပ္ၿပဳံးၿပဳံးဝင္လာတဲ့သူက marketing ဘာသာရပ္သင္တဲ့ ဆရာမ။

"Morning teacher"

အတန္းသားေတြက ၿပိဳင္တူႏႈတ္ဆက္လိုက္ၾကတဲ့အထဲ Raymus ရဲ႕ bff တစ္ေယာက္ျဖစ္တဲ့ Willy ရဲ႕ အသံကအက်ယ္ဆုံး။

အဲဒီေကာင္ Willy က အင္မတန္အာၿပဲတဲ့အထဲပါတယ္။

ေက်ာင္းေပ်ာ္ေပမယ့္ စာလုပ္ရတာမေပ်ာ္တဲ့ Raymus ကေတာ့ ပ်င္းရိပ်င္းတြဲနဲ႕ ဖတ္စာအုပ္ကိုလွန္ေနတယ္။

အခန္းရဲ႕အေရွ႕ဆုံးခုံမွာထိုင္ေနတဲ့ Raymus က အခန္းဝမွာ အရိပ္တစ္ခုက်လာတာျမင္ေတာ့ ဘာရယ္မဟုတ္ ေခါင္းေမာ့ၾကည့္မိေတာ့ သူမျမင္ဖူးတဲ့ ေက်ာင္းဝတ္စုံ ဝတ္ထားတဲ့ ေက်ာင္းသားတစ္ေယာက္။

"ဝင္ခြင့္ျပဳပါ teacher ကြၽန္ေတာ္နည္းနည္းေနာက္က်သြားတယ္"

"ဝင္ပါ မင္းက transfer ေက်ာင္းသားမဟုတ္လား"

"ဟုတ္ပါတယ္"

"လာေလ ဝင္ခဲ့ .. အတန္းထဲက လူေတြနဲ႕လဲမိတ္ဆက္ေပးရအုံးမယ္ သူ႕နာမည္က Alexander တဲ့ D Public University ကေန full scholar နဲ႕ ဒီေက်ာင္းကိုဝင္ခြင့္ရတဲ့ေက်ာင္းသားပဲ"

ဆရာမစကားေၾကာင့္ Raymus မ်က္ခုံးပင့္မိတယ္။

အခုသူတို႔တက္ေနတဲ့ H University ဆိုတာ တစ္နိုင္ငံလုံးမွာ နာမည္အႀကီးဆုံးေက်ာင္းမို႔ ေဈးအႀကီးဆုံးေက်ာင္းျဖစ္သလို scholar ရဖို႔လဲအခက္ခဲဆုံးေက်ာင္းပဲ။

ဒီလိုေက်ာင္းမွာ full scholar နဲ႕ဝင္ခြင့္ရဖို႔ဆို ေတာ္႐ုံစာေတာ္တာမ်ိဳးမျဖစ္နိုင္ဘူး။

ပုံစံၾကည့္ရတာေတာ့ မအူမလည္နဲ႕ ထုံေပေပ႐ုပ္ေပမယ့္ စာေတာ့ေတာ္တယ္တဲ့လား။

"ကဲ ပထမဆုံးေက်ာင္းတက္ရက္ဆိုေတာ့ ေသြးပူေလက်င့္ခန္းလုပ္တဲ့အေနနဲ႕ မႏွစ္ကသင္ခဲ့တဲ့ basic marketing module ထဲက စာနည္းနည္းျပန္ေမးရမယ္ထင္တယ္"

ဆရာမစကားေၾကာင့္ အႀကီးအက်ယ္စိတ္ညစ္သြားသူမွာ Raymus!

Raymus ဆိုတာ မႏွစ္ကစာမေျပာနဲ႕ အခုသင္လိုက္တဲ့စာကို အခုျပန္ေမးရင္ေတာင္ သတိရတတ္တဲ့သူမ်ိဳးမဟုတ္ဘူး။

မႏွစ္ကဆိုလဲ စာေမးပြဲကို moderation အမွတ္နဲ႕ ဘာသာစုံကပ္ေအာင္လာတာပင္။

မေအာင္ပဲေနမွာေတာ့မဟုတ္ဘူး၊ Raymus ကိုစာေမးပြဲခ်လိဳက္ရင္ အဲဒီဆရာမက သူ႕ထမင္းအိုးသူရိုက္ခြဲသလိုျဖစ္မွာပဲ။

အဲဒီလိုပဲ သူသာစာေမးပြဲမေအာင္ခဲ့ဘူးဆိုရင္ ဒီေက်ာင္းက ပိတ္ပစ္လိုက္ရတဲ့အထိမျဖစ္ဘူးလို႔ ဘယ္သူမွအာမမခံနိုင္ဘူး။

ဘာလို႔လဲဆိုေတာ့ သူက 'N Group of Companies' ရဲ႕ အဖိုးတန္သားအငယ္ဆုံးေလး Raymus Nathaniel ျဖစ္ေနလို႔ပဲ။

"Raymus ဆရာမေမးတာမေျဖခ်င္ဘူးလား"

"ဟင့္အင္း"

ခပ္တည္တည္ပဲသူျငင္းလိုက္ေတာ့ တစ္တန္းလုံးကအၾကည့္ေတြသူ႕ထံေရာက္လာေပမယ့္ ဟိုေက်ာင္းသားေတာ့ မပါခဲ့ဘူး။

ဆရာမက စိတ္ပ်က္လက္ပ်က္ျဖစ္သြားေပမယ့္ ဘာမွျပန္မေျပာခဲ့။

အဲဒါကိုက Raymus ပဲေလ၊ မလုပ္ခ်င္ရင္ သူ႕ကိုခိုင္းတာ ဆရာမ မကလို႔ သူ႕အေဖျဖစ္ေနရင္ေတာင္
မလုပ္ခ်င္ဘူးလို႔ ျပတ္ျပတ္သားသားျငင္းရဲတဲ့သူမ်ိဳးပဲ။

"Niche market ဆိုတာဘာလဲ တစ္ေယာက္ေလာက္ေျဖေပးပါလား"

Raymus ကိုေမးလို႔မျဖစ္နိုင္ေတာ့ဘူးဆိုေတာ့ ဆရာမက ဘယ္သူေျဖေျဖဆိုၿပီး ေျပာင္းေမးေလတယ္။

သူကေတာ့ ဒူးေလးလႈပ္လို႔ လက္ပိုက္ၿပီး မသက္ဆိုင္သူလို ထိုင္ေနတယ္။

"Niche market ဆိုတာ ကုန္ပစၥည္းကို လူတိုင္းကိုဦးတည္ေရာင္းခ်တာမ်ိဳးမဟုတ္ပဲ ေသးငယ္တဲ့လူနည္းစုကိုပဲ target audience သတ္မွတ္ထားတဲ့ေဈးကြက္ပါ"
ေက်ာင္းသားအသစ္က ခပ္တည္တည္နဲ႕တစ္လုံးခ်င္းေျဖသြားေတာ့ အတန္းသားေတြက တဝိုးဝိုးတဝါးဝါးနဲ႕။

အဟက္ ေသာက္ပိုေတြ သိပ္လုပ္ၾကတယ္။

လူအမ်ားစိတ္ဝင္စားတဲ့အရာေတြ လူအမ်ားႀကိဳက္တဲ့အရာေတြကို သူမႀကိဳက္ဘူး! သူ႕ကိုယ္သူကေတာ့ ႁခြင္းခ်က္ေပါ့ေလ။

စာသင္ခ်ိန္တစ္ခ်ိန္ကေန တစ္ခ်ိန္ကုန္လြန္သြားၿပီးတဲ့ေနာက္ Raymus ေခါင္းထဲမွာ အေတြးတစ္ခုေပၚလာတယ္။

"သူက beta ျဖစ္မယ္ထင္တယ္"

Raymus ရဲ႕ထင္ေၾကးကို Olivier က ခ်က္ခ်င္းတုံ႕ျပန္တယ္။

"မင္းကလဲ ရမ္းေျပာေနျပန္ၿပီ ဟုတ္ခ်င္မွလဲဟုတ္မွာေပါ့ ေတာ္ၾကာ Alpha ျဖစ္ေနရင္ ဘယ္လိုလုပ္မလဲ"

"သူ႕ပုံစံကိုၾကည့္ရင္ အသိသာႀကီး ဘယ္လိုမွ alpha မျဖစ္နိုင္ဘူး က်ိန္းေသေပါက္ beta ပဲ"

"မင္းက beta ျဖစ္ေစခ်င္ေနတာမဟုတ္လား"

အၿမဲတမ္းလိုလို beta သားေကာင္ရွာေနတတ္တဲ့ Raymus ရဲ႕အက်င့္ကိုသိထားသူပီပီ Olivier က မွတ္ခ်က္ေပးလာတယ္။

ဒီတစ္ခါေတာ့ Raymus ဘာမွခြန္းတုံ႕ျပန္မပဲ ခပ္ၿပဳံးၿပဳံးသာၿငိမ္ေနလိုက္တယ္။

ဘယ္ဘဝက အိပ္ေရးပ်က္လာတယ္မသိရေလာက္ေအာင္ ငိုက္ျမည္းေနတဲ့ Willy ကေတာ့ Raymus တို႔စကားဝိုင္းထဲဝင္လာဖို႔
အာ႐ုံရွိပုံမရဘူး။

Willy ဆီက မ်က္ဝန္းအၾကည့္ကို ေက်ာင္းသားအသစ္ထံတစ္ဖန္ျပန္ေ႐ႊ႕လိုက္တယ္။

သူ႕ပုံစံက လူတကာရဲ႕ အာ႐ုံေတြသူ႕ဆီေရာက္ေအာင္ လုပ္ေနတယ္လို႔ Raymus ခံစားေနရတယ္။

ေသခ်ာေပါက္ဆြဲေဆာင္မႈရွိတဲ့႐ုပ္ရည္ကို ခပ္တုံးတုံးပုံစံဖမ္းၿပီး လူသတိမထားမိေအာင္ေနတယ္။

ေက်ာင္းအက်ီမဝတ္လဲရရဲ႕သားနဲ႕ ဟိတ္ဟန္မရွိ ျပင္ဆင္မႈမရွိပဲ ေက်ာင္းအက်ီဝတ္ၿပီး တကၠသိုလ္လာတက္တယ္။

ပထမဆုံးေက်ာင္းတက္ရက္မွာေတာင္ အတန္းထဲမွာ ဆရာမေမးတဲ့ေမးခြန္းေတြကိုေျဖနိူင္တယ္။

အတန္းထဲက ဘယ္သူ႕ကိုမွလိုက္မၾကည့္ပဲ ဘယ္သူနဲ႕မွ
မိတ္မဖြဲ႕ပဲ တစ္ေယာက္တည္းခပ္ေအးေအးထိုင္ေနတယ္။

အထူးသျဖင့္ အတန္းရဲ႕ေရွ႕ဆုံးမွာထိုင္ေနတဲ့ Raymus လို အေခ်ာအလွဆီကို မ်က္လုံးေလးတစ္ခ်က္ေရာက္မလာခဲ့ဘူးေလ။

အဲဒါက Raymus ရဲ႕ အာ႐ုံကို မေကာင္းတဲ့နည္းနဲ႕ ဖမ္းစားသြားတာနဲ႕အတူတူပဲေပါ့။

ဒီအတန္းထဲမွာတင္မဟုတ္ဘူး၊ ဒီတစ္ေက်ာင္းလုံးမွာ Raymus နဲ႕မပက္သက္ခ်င္တဲ့သူမရွိဘူး။

Raymus အေတြးနယ္ခ်ဲ့ေနတုန္း အတန္းလႊတ္ေခါင္းေလာင္းသံၾကားရၿပီးေနာက္ ဆရာမက အခန္းထဲကေန ထြက္သြားတယ္။

ထမင္းစားခ်ိန္ျဖစ္တာမို႔ ေက်ာင္းသားေတြလဲ အလွ်ိုလွ်ိုနဲ႕ အတန္းထဲကထြက္သြားတယ္။

သူတို႔အတန္းထဲက ထြက္သြားဖို႔ အခန္းတံခါးဆီေလွ်ာက္လာတဲ့အခါ အေရွ႕ဆုံးတန္းရဲ႕ ေတာင့္ဆုံးမွာ ထိုင္ေနတဲ့ Raymus ကိုလွည္ၾကည့္သြားၾကဖို႔လဲ မေမ့ေလ်ာ့ၾကဘူး။

အမ်ားစုကေတာ့ Alpha ေတြနဲ႕ Beta ေတြေပါ့။

Alpha ေတြကေတာ့ Raymus ကို သူတို႔ရဲ႕  Permanent partner အျဖစ္ အလိုရွိၿပီး ခ်ဥ္းကပ္ခ်င္ၾကသလို beta ေတြကေတာ့ Raymus ရဲ႕ ယာယီသားေကာင္ပဲျဖစ္ခ်င္ျဖစ္ပါေစဆိုတဲ့စိတ္နဲ႕ ေဈးဗန္းေတြ အၿပိဳင္အဆိုင္ခင္းၾကတယ္။

Raymus က Omega တစ္ေယာက္။
ဒါေပမယ့္ သူဟာ Omega နဲ႕ မတူတဲ့ Omega တစ္ေယာက္လိုေျပာရမယ္။

Raymus တို႔က်င္လည္ရာကမာၻႀကီးမွာ Omega ေတြက လူဦးေရရာခိုင္ႏႈန္းအနည္းဆုံးျဖစ္သလို အင္အားလည္း အနည္းဆုံးျဖစ္တယ္။

အေကာင္းဘက္ကေျပာရရင္ omega ေတြက ႏူးညံ့တယ္၊ အဆိုးဘက္ကေျပာရရင္ေတာ့ omega ေတြက အင္အားနည္းတယ္ဆိုတယ္ဆိုတဲ့ယူဆခ်က္နဲ႕ အၿမဲတမ္း ႏွိမ့္ခ်ဆက္ဆံခံရတယ္လို႔ Raymus ထင္တယ္။

Alpha ေတြကေတာ့ omega ေတြနဲ႕ေျပာင္းျပန္၊
ပတ္ဝန္းက်င္အသိုင္းအဝိုင္းတစ္ခုလုံးမွာ အင္အားအႀကီးမားဆုံးေတြျဖစ္ၿပီး အခ်ိဳ႕ေသာခပ္ဆိုးဆိုး Dominant Alpha ေတြက omega ေတြကို ကေလးေမြးေပး႐ုံေလာက္သာအသုံးက်တဲ့သူမ်ိဳးေတြလို ဆက္ဆံတတ္ၾကတယ္။

အဲဒီထဲမွာ သူ႕အကိုေတြလဲအပါအဝင္ပဲ။ Raymus ကိုသာ သူတို႔ညီေလးမို႔ တုန္ေနေအာင္ခ်စ္ၾကေပမယ့္ တျခား omega ေတြကိုေတာ့ အဖက္ေတာင္လွည့္မလုပ္ၾကဘူး။

Raymus ဆိုတာက ကံဆိုးစြာနဲ႕ တစ္မိသားစုလုံးမွာတစ္ေယာက္တည္း omega ျဖစ္ေနခဲ့ေပမယ့္ 'ဇ' က မေသးတာေၾကာင့္ သူ႕ကိုႏွိမ့္ခ်ဆက္ဆံမယ့္ အရႈပ္ထုပ္ Alpha ေတြနဲ႕ လုံးဝမတြဲဘူးလို႔ ဆုံးျဖတ္ထားတယ္။

ဒါေၾကာင့္ပဲ Raymus က သူ႕စကားနားေထာင္မယ့္ ခပ္တုံးတုံး beta ေတြကိုပဲေ႐ြးတြဲဖို႔ဆုံးျဖတ္ခဲ့ေလေတာ့ beta ေတာ္ေတာ္မ်ားမ်ားက Raymus ရဲ႕ အေ႐ြးခ်ယ္ခံျဖစ္ရဖို႔ ႀကိဳးစားၾကေတာ့တာပဲ။

အတန္းထဲရွိလူကုန္သေလာက္ အခန္းျပင္ကိုေရာက္သြားၾကေပမယ့္ ဟိုေက်ာင္းသားသစ္ေလးကေတာ့ အခုထိ ခုံမွာထိုင္ကာ တစ္စုံတစ္ခုကို အသည္းအသန္ေရးမွတ္ေနပုံပဲ။

"Raymus ကင္တန္းသြားမယ္ေလ"

Olivier က လက္တို႔ကာေျပာေပမယ့္ Raymus ေခါင္းခါျပလိုက္တယ္။

"ခဏေနအုံး"

Raymus စကားတစ္ခြန္းဆိုတစ္ခြန္းနာခံတတ္တဲ့ Olivier က ဘာမွမေျပာေတာ့ပဲ ဆက္ထိုင္ေနတယ္။

ေဟာ ဟိုတစ္ေယာက္ထလာၿပီ အခန္းျပင္ ထြက္ေတာ့မယ္။

Raymus ကိုက်ိန္းေသေပါက္လွည့္ၾကည့္မွာပဲလို႔ ထင္ေပမယ့္ အထင္နဲ႕လက္ေတြ႕က တက္တက္စင္ေအာင္ လြဲသြားတယ္။
ေခါင္းကိုငုံ႕လို႔ ခပ္ေအးေအးထြက္သြားတဲ့သူကိုၾကည့္ၿပီး သူ႕ရင္ထဲမွာ ကလိကလိျဖစ္တဲ့စိတ္ေတြကတိုးလို႔လာတယ္။

"ငါ မင္းကို အေႂကြးမွတ္ထားၿပီ အသစ္ကေလး"

Part 2 to be continued

I need comment ပါ ေဘဘီတို႔ေရ
ပထမဆုံးေရးတဲ့ omegaverse မို႔ ဘယ္လိုျမင္တယ္ဆိုတာ ေသခ်ာေပါက္ေျပာေပးသြားၾကပါ

Continue Reading

You'll Also Like

268K 17.1K 73
" ရှင်က ၀န်ကြီးချုပ် ဖြစ်တယ် ဆိုတိုင်း ကျွန်မက ကြောက်ရမှာလား " " ဟင့်အင်း မကြောက်ရပါဘူး။လုံးဝကို ကြောက်စရာမလိုတာ။ထက်သာ ကသာ မကြီးကို သက်ဆုံးတိုင် ချစ...
8.6K 1.4K 7
"လမိုက်ညဆို ရွာမြောက်ဘက်က တောင်နား ယောင်လို့တောင် မသွားမိစေနဲ့" "မိစ္ဆာက လူကို ဖမ်းစားတယ်လို့ ပြောကြတာပဲ" သည်လို ပြောစမှတ်ပြုကြတဲ့ ကိုမိုရီ ရွာလေးရဲ့...
2.2M 145K 91
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
224K 22.5K 44
Book-1 က Sueရဲ့ Accထဲမှာပဲ ရှိပါတယ် အဲ့မှာ Limitပြည့်သွားလို့ ခွဲတင်ပေးတာပါ💕 Do not Repost my Translation.🚫 All Crd To original Author & Artist.💯