[188 BoyGroup] Summer Limited...

By Saint_Mura

42.5K 1.9K 102

#水千丞 #188男团 #188男团夏日限定 [ Zawgyi Version ] Original Author : Shui Qian Cheng • 水千丞 This is really a rough tran... More

『 Niang Niang Qiang 』
『 Wife, Children And Warm Bed 』
『 In Love With An Idiot 』
『 Professional Substitute 』
『 Beloved Enemy 』
『 My Little Poplar 』
『 Additional Inheritance 』
『 Years Of Intoxication 』
『 Winner Takes All 』

『 Fight The Fire 』

2.6K 147 6
By Saint_Mura

Fight The Fire

[ Gong Ying Xian x Ren Yi ]

တောင်အာဖရိက • ဒရက်ကန်စ်ဘတ် • ခြေလျင်တောင်တက်ခရီး

°•°•°•°•°•°•°•°•°•°•°

🏞️⛺🏞️⛺🏞️

ယခုခရီးစဉ်မှာ နှစ်ယောက်အတူထွက်သည့် ပထမဆုံးခရီးစဉ်ဖြစ်သည့်အတွက် ရန်ရိက ကုံးရင့်ရှန်အကြိုက်ကိုထည့်တွေးကာ သမိုင်းဝင်ယဉ်ကျေးမှုများနှင့် ပြည့်နှက်ကြွယ်ဝနေသည့်နေရာကို ရွေးချယ်ချင်ပြီး ကုံးရင့်ရှန်ကမူ ရန်ရိ၏စိတ်ကူးစိတ်သန်းများကို ဉီးစားပေးကာ ရိုမန့်တစ်ဆန်သည့်နေရာကိုသာ ရွေးချယ်ချင်၏။ သို့သော် အချင်းချင်း တိုင်ပင်ကြည့်ကြသည့်အခါတွင် နှစ်ဉီးသားက စွန့်စားကြမ်းတမ်းသည့်နေရာများကို သဘောတွေ့ ကြမှန်း အချင်းချင်းသိရှိသွားကြသည့်အတွက် ယခုတစ်ခေါက်အား တောင်အာဖရိကသို့ ခရီးထွက်ရန် ပြင်ဆင်ကြတော့သည်။

၎သည်ကား ခက်ခဲကြမ်းတမ်းသည့် ကိုယ်ထူကိုယ်ထခရီးစဉ်တစ်ခုဖြစ်၏။ နှစ်ဉီးသားက နမီးဗီးယားနိုင်ငံရှိ အနီရောင်သဲကန္တရကြီးကို ကြည့်ရှုကြပြီးနောက် တောင်အာဖရိက ကိပ်ပြည်နယ် Cape of good hope ဆီသို့သွားပြီး ပင်လယ်ပြာကြီးကိုရှုမျှော်ကြသေးကာ နှင်းများဖုံးလွှမ်းနေသည့် ကီလီမန်ဂျာရိုတောင်တန်းကြီးကိုလည်း သွားရောက်ကြည့်ရှုကြသေး၏။

ထို့အပြင် ဂျစ်ကားလေးစီးရင်း ကျယ်ပြောလွန်းလှသည့် အာဖရိက ဆဗားနားမြက်ခင်းလွင်ပြင်ကြီးကိုဖြတ်သန်းကာ တောရိုင်းသဘာဝ ​ရွှေ့ပြောင်းနေထိုင်နည်းအား လိုက်လံကျင့်သုံးကြပြန်သည်။ ဤသို့ဖြင့် သူတို့ခရီးစဉ်၏ နောက်ဆုံးနေရာကား ဒရက်ကန်စ်ဘတ်တောင်တန်းကြီး ( Drakensberg Mountains ) များသာဖြစ်၏။

နှစ်ယောက်စလုံးက တောင်တက်ခြင်းနှင့် ခြေလျင်ခရီးထွက်ခြင်းကို သဘောကျနှစ်ခြိုက်ကြသူများဖြစ်ရာ ရှုမျှော်ခင်းနေရာများကို သွားကြည့်မည့်အစား ထိုဒေသမှဂိုက်တစ်ယောက်ကိုသာခေါ်ပြီး တောင်ပေါ်လမ်းပြပေးစေကာ သုံးရက်တာ ခြေလျင်တောင်တက်ခရီးကြမ်းကို စတင်လိုက်ကြပေသည်။

တောင်တက်နေသည့်တစ်နေ့တာလုံး နှစ်ဉီးသားက ဆက်သွားလိုက် ခဏနားလိုက် လုပ်ကြရင်း တခါတရံ၌ သူတို့တစ်ခါမှမမြင်ဖူးသည့် အပင်များကို လေ့လာကြည့်ရှုကြကာ တခါတလေမှာတော့ ဒရုန်းများကိုလွှတ်တင်ပြီး အပေါ်စီးမြှမင်ရသည့် သဘာဝရှုခင်းအလှကို ရိုက်ကူးလေ့လာကြ၏။ ရံဖန်ရံခါ၌မူ မီးမွှေးပြီး အတူတကွ ချက်ပြုတ်စားသောက်ကြသလို ညရောက်လျှင်တော့ ရိုးရိုးရွက်ဖျင်တဲထဲ၌သာ အိပ်စက်အနားယူကြကုန်သည်။ နှစ်ယောက်သားက တစ်နေ့တာလုံးပင်ပန်းသွားသည့်တိုင် စိတ်အားထက်သန်မှုအပြည့်နှင့် မခွဲနိုင်မခွါရက် ချစ်ကြည်နူးကြဆဲပင်ဖြစ်၏။ ထို့အတူ အာဖရိကကို လည်ပတ်နေသည့်နေ့ရက်တိုင်းမှာလည်း သူတို့ခြေချခဲ့သည့် နေရာတိုင်းလိုလို၌ သည်းသည်းလှုပ်အချစ်အမှတ်တရများအား ချန်ထားရစ်ခဲ့ကြသေးသည်။

လမ်းပြဂိုက်သည် သူတို့နှစ်ဉီးနမ်းရှုံ့နေသည့်ပုံအား မြင်ပြီးကတည်းကပင် အလိုက်တသိနှင့်ကိုမှ ခပ်ဝေးဝေးမှာသာ နေပေးလေ၏။ သို့ဖြစ်ရာ အချိန်တော်တော်များများတွင်ကား တောင်တန်းကြီးတစ်ခုလုံး၌ သူတို့နှစ်ဉီးသာရှိနေသလို ခံစားရတော့သည်။

" ဒီဂိုက်ပြေးတက်သွားတာ တော်တော်မြန်တာပဲ " ရန်ရိတစ်ယောက် လူအရိပ်လေးတောင် မမြင်ရတော့ချေ။ " ငါတို့သက်လုံအားက သာမာန်လူတွေနဲ့ယှဉ်လို့မရတာတောင် သူကငါတို့ထက် မြန်မြန်သွားနိုင်သေးတယ်နော် "

" ဒေသခံတွေက ၊ တစ်နေကုန် တောင်အတက်အဆင်းလုပ်နေကျဆိုတော့ သေချာပေါက်မြန်မှာပဲလေ " ကုံးရင့်ရှန် သူ၏အိပ်ကပ်ထဲမှ တစ်ရှူးကိုထုတ်လိုက်ပြီး ရန်ရိနဖူးပေါ်မှချွေးများကို သုတ်ပေးလိုက်သည်။ " မောနေပြီလား ? ခဏနားကြမလား ? "

" အင်း ၊ ရေသောက်လိုက်ဉီးမယ် "

နှစ်ယောက်သား မြေပြင်ပေါ်သို့ထိုင်ချလိုက်ကြသည်။ ရန်ရိတစ်ယောက် သူ၏ဘေးမှ ကျောက်တုံးကိုမှီလိုက်ကာ အသက်ဝဝရှူလိုက်သည်။ " လေထုက တကယ်ကိုလတ်ဆတ်နေရောပဲ "

ကုံးရင့်ရှန် ရေဘူးကမ်းပေးလေသည်။

ရန်ရိက ရေဘူးတစ်ဝက်လောက်ကို သောက်ချလိုက်သည်။ " အဆာပြေမုန့်လေးဘာလေးရော ရှိသေးလား ? "

ကုံးရင့်ရှန်တစ်ယောက် သူ၏တောင်တက်ကျောပိုးအိတ်ကိုဖွင့်လိုက်ရာ သေသေချာချာ ထုပ်ပိုးထားသည့်ခေါင်းအုံးတစ်လုံးကို အိတ်ထဲမှ အရင်ဆုံးထုတ်လိုက်၏။

ရန်ရိ ထိုခေါင်းအုံးကိုမြင်သည့်အခါတိုင်း သူ့အား မရယ်ဘဲမနေနိုင်တော့။ " ငါပြောမယ် ၊ မင်းသာ ဒီခေါင်းအုံးကိုမထည့်ထားရင် အာလူးကြော်ထုပ်တော်တော်များများ ထည့်လို့ရဉီးမှာနော် "

ကုံးရင့်ရှန် သူ့ကို မျက်လုံးစွေကြည့်လိုက်သည်။ " မင်းကရော မအိပ်လို့လား ? "

" ငါအဖို့ကမလိုဘူးလေ " ရန်ရိပြုံးပြရင်း ပြောသည်။ " ဒီခေါင်းအုံးက ငါ့လောင်ကုံးရဲ့လက်မောင်းလောက် မကောင်းဘူး "

ကုံးရင့်ရှန်လည်း ပြန်ပြုံးပြလေ၏။ " ညလယ်ကျရင် ငါ့ခေါင်းအုံးကို လာလာပြီးဆွဲတာ ဘယ်သူလဲမသိဘူး "

ရန်ရိက ရေဘူးကို ကုံးရင့်ရှန်၏နှုတ်ခမ်းနားသို့ ကပ်ပေးလိုက်သည်။ " ရေနည်းနည်းသောက်လိုက်ဉီး "

ကုံးရင့်ရှန် ရေဘူးကို သူ့ပါးစပ်နှင့်တေ့ပြီးကာမှ စိတ်ပြောင်းသွားပြီး တီးတိုးပြောလာသည်။ " မင်းတိုက်ပေးလေ "

ရန်ရိရှေ့သို့ ညွတ်ကိုင်းလိုက်ကာ လေသံတိုးဖွဖွလေးနှင့်ပြောသည်။ " မင်းကငါ့ကိုနမ်းပေးစေချင်တာလား ၊ ရေတိုက်ပေးစေချင်တာလား ? "

ကုံးရင့်ရှန်က ရန်ရိခေါင်းနောက်ကို အုပ်ကိုင်လိုက်ကာ နှုတ်ခမ်းများကိုနမ်းရှိုက်လိုက်ပြီး အလုပ်နှင့်သာ အဖြေပေးလိုက်သည်။ နှစ်ယောက်သားက နေရောင်ခြည်နှင့် တောင်ပေါ်မှလေထုနွေးနွေးတို့အောက်တွင် မွတ်မွတ်သိပ်သိပ်နမ်းရှိုက်နေကြ၏။ သူတို့သည်ကား အချစ်မှာနစ်မြောသွားပြီဆိုလျှင် အဆုံးမရှိသည့်ချစ်ခြင်းများဖြင့် ထိတွေ့လိုကြပြီး ပွတ်သီးပွတ်သပ်နေကြကာ ဘယ်အချိန်ဘယ်နေရာမဆို သိမ်းပိုက်ကြကုန်သည်။

ရန်ရိက ကုံးရင့်ရှန်၏ ဂျာကင်အင်္ကျီအောက်မှ အရှိန်ပြင်းပြင်းခုန်လှုပ်နေသော နှလုံးသားပေါ်သို့ လက်တင်လိုက်သည်။

" ဒီနှစ်ရက်အတွင်း တော်တော်လေးပင်ပန်းနေခဲ့တာတောင် ဘယ်လိုဖြစ်ပြီး ဒီလောက်ထိ 'အားအင်ပြည့်ဝ'နေသေးတာလဲ ? "

ကုံးရင့်ရှန်သည် ရန်ရိ၏နူးညံ့လှသော နှုတ်ခမ်းလေးများကို လျက်လိုက်ကာ အခုထက်ထိ မလုံလောက်နိုင်သေးသလို ပုံစံမျိုးနှင့်ပြောသည်။ " ငါမပင်ပန်းပါဘူး ၊ မင်းပင်ပန်းနေပြီလား ? ပင်ပန်းတယ်ဆို အနားယူကြမယ်လေ "

" အခုတော့ မင်းက မသန့်ရှင်းချင်တော့ဘူးပေါ့လေ ? မင်း ရွက်ဖျင်တဲကအိပ်ရတာ အဆင်မပြေဘူးလို့ မထင်မိဘူးလား ? မြစ်ရေထဲမှာ ရေချိုးတာကရော ညစ်ပတ်တယ်လို့ မထင်မိဘူးလား ? " ရန်ရိစနောက်လေသည်။ " ကွင်းပြင်ထဲမှာကစားရတာကရော တကယ်မိုက်လို့လား ? မင်းအဲ့ဒါတွေအကုန်လုံးကို သည်းခံနိုင်မှာမို့လို့လား ? "

ကုံးရင့်ရှန်၏မျက်တောင်လေးများက တဖျပ်ဖျပ်လှုပ်ခတ်သွားကာ သူ၏နှုတ်ခမ်းဖျားလေးများကလည်း ထိန်းမရနိုင်တော့အောင် ကွေးတက်သွား၏။ " အင်း ငါကြိုက်တယ် "

" ငါထင်တဲ့အတိုင်းပဲ ၊ မင်းစိတ်ကြွနေပြန်ပြီ " ရန်ရိက ကုံးရင့်ရှန်၏ပေါင်ကို ဖျစ်ညှစ်လိုက်၏။ " မင်း ၂၅နှစ်တာလုံးကို လူပျိုဘဝနဲ့ ဘယ်လိုရှင်သန်လာလဲဆိုတာ ငါတကယ် စဉ်းစားကြည့်လို့မရဘူး "

ကုံးရင့်ရှန် ကသိကအောက်နိုင်စွာပြောသည်။ " မင်းတစ်ယောက်တည်းကိုပဲ စိတ်ကြွတာပါ "

ရန်ရိလည်း ကုံးရင့်ရှန်၏ အနည်းငယ်မျှရှက်ရွံ့နေသောပုံလေးက အင်မတန်ချစ်ဖို့ကောင်းသည်ဟုခံစားလိုက်ရကာ သူ့အားမနမ်းဘဲ မနေနိုင်တော့ချေ။ " သိပ်ကောင်းတယ် "

ကုံးရင့်ရှန်တစ်ယောက် ရန်ရိကို ရင်ခွင်ထဲသို့ဆွဲသွင်းပွေ့ဖက်လိုက်ကာ လက်အိတ်များကိုဆွဲချွတ်လိုက်ပေ၏။ ပြီးနောက် သူက လက်စွပ်စွပ်ထားသည့် လက်နှစ်ဖက်ကို မြှောက်လိုက်ပြီး နေရောင်အောက်တွင် သေချာကြည့်ရှုနေတော့သည်။ ထိုရှည်သွယ်သောလက်ချောင်းများမှာ သစ်ကိုင်းလေးများနှယ် နေသူရိန်ရှိရာသို့  ဖြာထွက်နေပြီး လက်ချောင်းများကြားမှပင် နေရောင်ခြည်များထိုးကျနေကာ အသားအရည်ပေါ်သို့ဖြာကျနေရင်း နွေးထွေးမှုများ လွှမ်းခြုံနေလျက်ရှိ၏။ ကုံးရင့်ရှန်၏ နှလုံးသားတစ်ခုလုံးမှာလည်း ကျေနပ်မှုများ၊ ငြိမ်းချမ်းမှုများနှင့် ပြည့်လျှံနေတော့သည်။ သေချာပေါက် ထိုလက်စွပ်လေးများမှာ ရိုးရိုးသာမန်လက်စွပ်လေးများမဟုတ် ၊ သူတို့နှစ်ဉီး၏ သစ္စာပြယုဂ်​များသာ ဖြစ်ပေ၏။

" ဒီလက်စွပ်လေးက တကယ်လှတာပဲ ၊ ဒါဘယ် Brand များလဲ ? " ရန်ရိကပြောသည်။ " ငါ Brand တွေနဲ့ပတ်သတ်ပြီးတော့ မသိပေမယ့် ဒီလက်စွပ်လေးတွေအကြောင်းတော့ သိချင်လို့ " လက်စွပ်လေးနှစ်ကွင်းသည်ကား သားနားတင့်တယ်သလို ရိုးရှင်းလှသော်ငြား တော်တော်လေး အဆင့်အတန်းမြင့်ပုံပေါ်၏။

" အဲ့ဒါ Van Cleef & Arpels က ဒီဇိုင်နာရဲ့လက်ရာလေ ၊ သူက ကမ္ဘာပေါ်မှာ တစ်စုံတည်းပဲရှိတာ " ကုံးရင့်ရှန်ခေါင်းငုံ့ကာ ရန်ရိ၏နှုတ်ခမ်းဖျားလေးများကို နမ်းရှိုက်လိုက်ပြီးနောက် ကြောင်လေးတစ်ကောင်ကဲ့သို့ပင် သူ၏ပါးနှင့် နားရွက်ဖျားလေးကိုပါ အတောမသတ်နိုင်အောင် လိုက်နမ်းနေသေး၏။

ရန်ရိရယ်မောကာ ပြောကြားလိုက်သည်။ " ပုံကြီးချဲ့လှချည်လား ? အဲ့လောက်ထိ လိုလို့လား "

" အင်း ၊ ငါမင်းကို တုနှိုင်းမဲ့ အကောင်းဆုံးအရာတွေပဲ ပေးချင်တယ် ၊ ငါဖြည့်ဆည်းပေးနိုင်သမျှအရာအားလုံး မင်းရှေ့မှောက်အရောက် ပို့ပေးချင်တယ် "

ရန်ရိသည် ကုံးရင့်ရှန်၏လက်မောင်းများကြား၌ ခိုဝင်နေရင်း တောင်ကြားချိုင့်ဝှမ်းထဲမှပင် ကောင်းကင်ပြာကြီးကို မော့ကြည့်လိုက်သည်။ " တိတ်ဆိတ်နေတာပဲနော် ၊ မသိရင် တစ်လောကလုံးမှာ ငါတို့နှစ်ဉီးတည်း ကျန်တော့သလိုပဲ "

" မဆိုးပါဘူး " အခုချိန်၌ နောက်တစ်စက္ကန့်က ကမ္ဘာကြီးအဆုံးသတ်ချိန်ဖြစ်သွားမည်ဆိုလျှင်တောင် သူ့ထံ၌ နောင်တရှိတော့မှာမဟုတ်မှန်း ကုံးရင့်ရှန်ဝန်ခံမိသည်။

" ငါအခုခရီးမှာ အရမ်းပျော်တယ် ၊ ငါ့တစ်သက်လုံး ဒီလောက်ထိ တစ်ခါမှမလည်ပတ်ဖူးဘူး " ရန်ရိနည်းနည်းရှက်နေကာ မေးမြန်းလိုက်သည်။ " ပိုက်ဆံတွေလည်း တော်တော်ကုန်သွားတယ်မလား ? "

" အဲ့ဒီအကြောင်းမတွေးပါနဲ့ " ကုံးရင့်ရှန်က ရန်ရိပုခုံးပေါ်သို့မေးတင်ကာ သူ၏လက်စွပ်လေးအား လက်ဖျားလေးဖြင့် ခပ်ဖွဖွပွတ်သပ်နေတော့သည်။ " ပိုက်ဆံကငါ့အတွက် ဘာတန်ဖိုးမှမရှိဘူး ၊ မင်းအတွက်သုံးတဲ့တစ်နေရာမှာပဲ သူကတန်ဖိုးရှိတာ "

ရန်ရိစနောက်လိုက်သည်။ " သေစမ်း ဘောစိကြီးပေါ့လေ "

ကုံးရင့်ရှန်မျက်လုံးမှေးလိုက်ကာ နေရောင်ခြည်ဖြာကျရာဘက်သို့ ကိုယ်ကိုလှည့်လိုက်ရင်း နေပူဆာလှုံနေသည့်ကြောင်လေးတစ်ကောင်ကဲ့သို့ပင် သူ၏မျက်တောင်စင်းစင်းလေးများက သက်တောင့်သက်သာရှိကာ ကျေနပ်တင်းတိမ်နေသည့်ပုံကို ဖော်ကျူးနေပြီး သူ့လက်မောင်းများကြားမှလူနှင့်အတူ အိပ်စက်တော့မည့်အသွင်ဖြစ်နေသည်။

" အိုင်း ၊ ငါတို့အော်​ပြောကြည့်ရအောင် ! " ရန်ရိ ရုတ်တရက် တိုက်တွန်းလိုက်သည်။

" ပေါကြောင်ကြောင်နိုင်တယ် "

" ဟုတ်သား " ရန်ရိက လည်ချောင်းရှင်းပြီး အူသံပြုလိုက်ကာ ကုံးရင့်ရှန်လည်း ထိုအသံကြောင့်ပင် လန့်ဖြန့်သွားပေ၏။

" ဟားဟားဟားဟားဟား —— "

ကုံးရင့်ရှန်ခပ်မြန်မြန်ထကာ ရန်ရိကိုပခုံးပေါ်တင်၍ သယ်ပိုးလိုက်ပြီး ချောက်ကမ်းပါးနားသို့ ပြေးထွက်သွားလေ၏။

" မင်းဘာလုပ်မလို့လဲ ! ! ! "

ကုံးရင့်ရှန်ကမူ ချောက်ကမ်းပါးစွန်းသို့ရောက်ကာမှ ပြေးနေတာကိုရပ်လိုက်ပြီး အော်ဟစ်နေသည့်ရန်ရိကို အောက်ချပေးလိုက်သည်။ " ငါ့ကိုခြောက်လှန့်ရဲသေးလား "

" မင်းသတိထားရမယ်လေ " ရန်ရိအရယ်မရပ်နိုင်တော့။ " ဒီကိုလာပြီး အော်ကြည့်စမ်းပါ ၊ မင်းအရမ်းတွေ စိတ်ပေါ့ပါးသွားမှာ "

ကုံးရင့်ရှန် လည်ချောင်းရှင်းလိုက်ပြီးနောက် နည်းနည်းရှက်နေလေ၏။

ရန်ရိအသက်ပြင်းပြင်းရှူလိုက်ကာ တောင်ကြားဘက်သို့ အော်ဟစ်လိုက်သည်။ " ငါက ကမ္ဘာပေါ်မှာ အချောဆုံးနံပါတ်တစ်ပဲ —— "

ကုံးရင့်ရှန် သူ့ကိုတစ်ချက်ရှိုးကာ အသက်ပြင်းပြင်းရှူသည့်ပုံကို လေ့လာပြီးနောက်တွင် သတ္တိမွေးပြီး အော်ဟစ်လေ၏။ " ရန်ရိ —— "

" ​ပြော —— " ရန်ရိလည်း အသံအကျယ်ကြီးဖြင့် တုံ့ပြန်လိုက်သည်။

ကုံးရင့်ရှန် အသံကုန်အော်ဟစ်ကာ " ငါမင်းကိုချစ်တယ် —— "

ရန်ရိတစ်ခဏမျှ တောင့်တင်းသွား၏။ ပြီးနောက်တွင် သူကျယ်လောင်စွာ အော်ဟစ်ရယ်မောတော့သည်။ သူ့ခမျာ ဗိုက်နှိပ်ပြီးရယ်နေရသဖြင့် ခါးတောင်မဆန့်နိုင်တော့။

ကုံးရင့်ရှန်တစ်ယောက် စိတ်ဆိုးမာန်ဆိုးဖြင့် ပြောတော့သည်။ " ဘာရယ်နေတာလဲ ! မင်းပဲငါ့ကို အော်ခိုင်းတာလေ "

" ငါလည်းဘယ်သိမလဲ ဟားဟားဟား " ရန်ရိလည်း တစ်ခါတစ်လေကျရင် သူက မူလတန်းကျောင်းသားလေးနှင့် တွဲနေရသလို ခံစားမိတော့သည်။ ကုံးရင့်ရှန်က ဘယ်တော့မဆို ရိုးရှင်းပွင့်လင်းတတ်ပြီး တဲ့တိုးဆန်သည့်အပြုအမူများသာ လုပ်တတ်ကာ ဘယ်ကနေဘယ်လို သင်လာမှန်းမသိသည့် နည်းလမ်းများဖြင့်လည်း ရိုမန့်တစ်ဆန်အောင် ကြိုးစားတတ်သေး၏။ ဖွင့်ဟပြောသည့်စကားအဓိပ္ပါယ်များက ဆွတ်ပျံ့ကြည်နူးဖွယ်ကောင်းသည့်တိုင် ရလဒ်က တစ်ခါတစ်လေ၌ ရယ်ချင်စဖွယ်ဖြစ်သွားတတ်သော်ငြား ရန်ရိကတော့ အမြဲတမ်းစိတ်လှုပ်ရှားနေဆဲဖြစ်ပြီး ပျော်ရွှင်မှုများနှင့် ပြည့်နှက်နေဆဲပင်။

ကုံးရင့်ရှန်မျက်နှာက နီမြန်းလာပြီဖြစ်သည်။ " မင်း ၊ မင်းကိုငါသင်္ချိုင်းမှာ ပရိုပို့စ်လုပ်ခဲ့တာက မကောင်းဘူးထင်တယ်ဆို ငါထပ်ပြီး . . "

ရန်ရိက ရယ်နေတာကိုရပ်လိုက်ကာ ကုံးရင့်ရှန်၏မျက်နှာလေးကို လက်နှစ်ဖက်ဖြင့်အုပ်ကိုင်လိုက်ပြီး ပြင်းပြစွာနမ်းရှိုက်လေတော့သည်။ " မဟုတ်ပါဘူး ၊ ငါကတော့ အရမ်းကောင်းတယ်လို့ထင်တယ် ၊ မင်းရဲ့မိဘတွေနဲ့အစ်မကို အသိသက်သေအဖြစ်ထားတဲ့ အဲ့ဒီပရိုပို့စ်က ကမ္ဘာပေါ်မှာ ဆွတ်ပျံ့ကြည်နူးဖွယ်အကောင်းဆုံးနဲ့ အစစ်မှန်ဆုံးသောပရိုပို့စ်ပဲ "

ကုံးရင့်ရှန်၏ မျက်ဝန်းလေးများက ရုတ်တရက်ဆိုသလို အပြုံးရိပ်များနှင့်ပြည့်လျှံသွားသည်။

ရန်ရိချောင်းဟန့်လိုက်ကာ တောင်တန်းများဘက်သို့မျက်နှာမူပြီး အော်ဟစ်လိုက်သည်။ " ကုံးရင့်ရှန် ငါ့ကိုလက်ထပ်လို့ —— "

ကုံးရင့်ရှန်လည်း ခုနလေးတင် သူလုပ်ခဲ့သည့် မျက်နှာပူစရာအဖြစ်ကို ပြန်စဉ်းစားမိကာ ချက်ချင်းဆိုသလို မျက်နှာရဲတက်သွားပြန်၏။

ရန်ရိလည်း အော်ဟစ်ပြီးသည့်နောက်တွင် သူ့ကိုယ်သူရယ်စရာကောင်းသည်ဟု ခံစားလိုက်ရကာ ကုံးရင့်ရှန်လက်ကို ဆုပ်ကိုင်လိုက်ရင်း လက်စွပ်ကလေးနှစ်ကွင်းအား ပူးကပ်ထိခတ်သွားစေသည်။ " မင်းတစ်ယောက်တည်း ရှက်ဖို့ကောင်းတာ မဟုတ်တော့ဘူးနော် "

" ချစ်တယ်လို့ပြောတာက ရှက်စရာမှမဟုတ်တာ " ကုံးရင့်ရှန်ရှေ့သို့ကိုင်းကာ ရန်ရိနားရွက်ကို လှမ်းကိုက်လိုက်ပြီး ခြိမ်းခြောက်လေတော့သည်။ " ဒါပေမယ့် မင်းငါ့ကိုထပ်ပြီးရယ်နေမယ်ဆိုရင် မင်းမနက်ဖြန် လမ်းလျှောက်လို့မရတော့အောင် ငါဒီညလုပ်ပစ်မှာနော် "

" မလုပ်ရဲပါဘူး ၊ မလုပ်ရဲပါဘူး " ရန်ရိလန့်သွားသည်။ ကုံးရင့်ရှန်သည်ကား တကယ်ကြီးလုပ်နိုင်သည့်အတွက်ပင်။

နှစ်ယောက်သားက လက်ကိုခပ်တင်းတင်းဆုပ်ကိုင်ထားကြရင်း တောင်တန်းကြီး၏နိမ့်ချည်မြင့်ချည်သွယ်တန်းမှုများ ၊ တောင်ရိုးများနှင့် သစ်ပင်ကြီးငယ်များ ၊ လေထုနှင့်တိမ်တိုက်တို့၏ ရောထွေးယှက်နွယ်ပုံများကို ကြည့်ရှုကြကာ တစ်ချိန်တည်းမှာပင် သူတို့၏မျက်လုံးများမှာလည်း ခိုင်မြဲသောချစ်ခြင်းတရားများဖြင့် ရွှန်းလဲ့တောက်ပနေသည်ကို တွေ့ရတော့သည်။

🏞️⛺🏞️⛺🏞️

°•°•°•°•°•°•°•°•°•°•°


















Continue Reading

You'll Also Like

793K 8.4K 98
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
360K 42K 199
Title : SAYE Author : WU ZHE, YUAN DIAN GEZI MANHUA, ZUOER CONG DONG Gener : Shounen Ai/ Drama/ Psychological/ Romance/ School life/ Slice of Life St...
220K 5.4K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
1.2M 52.9K 64
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...