အခန်း(၆) ချန်းလန်အားကယ်ထုတ်ဖို့
အိမ်သို့ပြန်သွားရခြင်း
(Unicode)
ချင်းလန်အပျက်အစီးတွေကြားထဲမှာမတ်တပ်ရပ်နေပြီး၊
လှေကားတစ်ထစ်ချင်းစီကနေဆင်းလာတဲ့လူတစ်ယောက်ကိုဘေးတိုက်အနေအထားကနေ
လှမ်းကြည့်နေလိုက်သည်။
"နောက်ဆုံးတော့ငါတို့ပြန်တွေ့ ကြပြီပေါ့ ဇုရှီ"
ချင်းလန်ထိုလူမျက်နှာကိုတွေ့လိုက်ရသောအခါ
သူ့အကြည့်တွေပြောင်းလဲသွားပြီး၊ အနီးနားက
ကျောက်တုံးပေါ်ထိုင်ချလိုက်သည်။
"ဟိုင်း..၊ဘော့စ်"
"ဆိုတော့မင်းလည်းငါ့ကိုဘော့စ်လို့ခေါ်ရမှန်း
သိတယ်ပေါ့"
ထိုလူသည် တရုတ်ရိုးရာဝတ်စုံကိုဝတ်ဆင်ထားပြီး၊မျက်နှာမှာ အမာရွတ်ကြီးတစ်ခုရှိသည်။သူရယ်မော
ပြီးပြောလိုက်သည်။
"အားလုံးကပြောလေ့ရှိတယ်အန္တာရယ်အများဆုံးနေရာက၊အလုံခြုံရဆုံးဘဲတဲ့၊မင်းကအတော်လေးသတ္တိရှိတာဘဲ၊ငါ့နှာခေါင်းအောက်မှာလာပုန်းနေရဲတယ်၊ငါ့
အစွမ်းအစကိုလာစမ်းနေတာလား"
ချင်းလန်သူ့လက်ကိုအသာယမ်းလိုက်ပြီး
"ဘော့စ်ကအခုBမြို့ မှာရှိတဲ့ မာဖီးယားဂိုဏ်းကြီးရဲ့
ခေါင်းဆောင်ဘဲ၊ လုဇုန်ဇဲ ဆိုတဲ့နာမည်ကြားလိုက်တာနဲ့လူတိုင်းကြောက်လန့်ရတဲ့သူတစ်ယောက်ရဲ့အစွမ်းအစကိုကျွန်တော့်လိုလူကဘယ်လိုလုပ်စမ်းရဲပါ့မလဲ"
"ကျွန်တော်ကနှစ်တွေအကြာကြီးဘော့စ်စောင့်
ရှောက်မှုအောက်မှာနေခဲ့တာဘဲ။အကယ်လိုကျွန်တော့်ကိုတွေ့ချင်တယ်ဆို တိုက်ရိုက်ခေါ်လို့ရတာဘဲ ဘာလို့ဒီလိုနည်းလမ်းမျိုးကိုသုံးရတာလဲ"
"သူအဲ့လိုသာခေါ် လိုက်ရင် ငါစိုးရိမ်တာက မင်း ယုန်တစ်ကောင်ထက်ကိုပိုမြန်မြန်ထွက်ပြေးသွားမှာစိုးလို့"
ရင်းနှီးနေတဲ့အသံကိုကြားလိုက်ရ၍ ချင်းလန် လုဇုန်ဇဲ
ရဲ့နောက်ကိုလှမ်းကြည့်လိုက်ရာ သူ့ရဲ့နောက် မနီးမဝေးမှာ လူတစ်ယောက်ရှိနေသည်။ ထိုလူကတော့ချီရန့်
မဟုတ်ဘူး...ခုတော့လုယွီရှန်းလို့ခေါ်ရမှာပေါ့
လုယွီရှန်းပြုံးကာ
"ငါမှန်းသိသွားတော့၊မင်းပြေးဖို့ကြိုးစားသေးတယ်မလား"
"ငါ့ကိုဒီခေါ်လာဖို့မင်းတော်တော်ကြိုးစားလိုက်ရတာဘဲ"
ချင်းလန်ပြုံးကာပြောလိုက်သည်။
"မင်းမှာအခုအရမ်းမိုက်တဲ့မျက်နှာရှိနေပြီဘဲ၊
မင်းရဲ့ နဂိုပုံစံထက် တော်တော်လေးကြည့်ကောင်းတယ်"
"ချီးမွန်းပေးတာအတွက်ကျေးဇူးပါ "
လုယွီရှင်းလက်ခံလိုက်ပြီးသူတော်ကောင်းလေသံနဲ့
ပြောလိုက်သည်။
"ဒါတွေအကုန်လုံးမင်းကျေးဇူးကြောင့်ပါ"
"အရေးမပါတာတွေပြောမနေနဲ့တော့၊အချိန်သိပ်မရှိဘူး ဇုရှီ၊ ငါမေးမယ်၊ အရင်ကဖြစ်ခဲ့တာတွေတုန်းက
မင်းဘာလို့ ဝန်မခံပေးခဲ့တာလဲ"
ချင်းလန်သူ့ကိုထူးထူးဆန်းဆန်းကြည့်လိုက်သည်
"ငါမလုပ်ခဲ့တဲ့ကိစ္စတစ်ခုကို ဘာလို့ဝန်ခံရမှာလဲ"
"မင်းမလုပ်ခဲ့ဘူးဆိုရင်လည်းဘာလို့
ထွက်ပြေးနေရတာလဲ"
"ဘာလို့ပြေးခဲ့တာလဲဆိုတော့ ဆက်နေဖို့မသင့်တော့ဘူးထင်လို့။ အဲ့လူကိုသတ်ခဲ့တာကျွန်တော်လည်းမဟုတ်ဘူး။ကျွန်တော်ကဘာလို့အဲ့အပြစ်ဒဏ်ကို ခင်ဗျား
ညီအစားခံယူပေးရမှာလဲ"
လုဇုန်ဇဲကအလျင်မလိုဘဲ ဖြည်းဖြည်းချင်း
ပြောလာသည်
" မင်းသာထောင်ထဲသွားမပေးရင်၊ ယွီရှင်းက
ဒီကမ္ဘာပေါ်မှာရပ်တည်လို့ရမှာမဟုတ်ဘူး၊
အမြဲတမ်းပုန်းအောင်းနေရပြီး အလိုရှိနေတဲ့
ရာဇဝတ်သားဆိုတဲ့ နာမည်ကြီးနဲ့တစ်ချိန်လုံး
ရှင်သန်နေရမှာ။
ချင်းလန်ပြောလိုက်သည်
"လူသတ်မှုကျုးလွန်လိုက်တဲ့လူတစ်ယောက်ကဒီအကျိူးဆက်ကိုခံစားရမှာကတော့ထုံးစံဘဲလေ။
ဒီလောက်နှစ်တွေအကြာကြီးဒီလောကမှာကျင်လည်ပြီးပြီး ဥပဒေတွေကိုနားမလည်တာကတော့မဖြစ်နိုင်ဘူးဟုတ်တယ်မလား"
လုဇုန်ဇဲအသာလေးပြုံးလိုက်ပြီး
" အမှားလုပ်မိရင်ပြန်ပေးဆပ်ရတယ်၊သိပ်မှန်တာပေါ့"
ပြီးနောက်သူ ဓါတ်ပုံအစုလိုက်ကိုထုတ်လိုက်ပြီး
ချင်းလန်ဆီပစ်ပေးလိုက်သည်။
ချင်းလန်ထိုပုံတွေကိုမြင်လိုက်သည်တစ်ပြိုင်နက်
အမူအရာပြောင်းလဲသွားပြီး၊ အေးစက်စက်
ပြောလိုက်သည်။
"ဘာလုပ်ဖို့စီစဥ်နေကြတာလဲ"
"ငါမင်းကိုနောက်တစ်ကြိမ်ထပ်မေးမယ်၊
မင်းအမှားအတွက်မင်းဝန်ခံမှာလား"
ထိုမေးခွန်းမေးလိုက်တဲ့အချိန် လုယွီရှင်း
အသံသွင်းဖောင်တိန်ကိုဖွင့်လိုက်သည်။
"ဒီကိစ္စကသူနဲ့မှ ဘာမှမသက်ဆိုင်တာ"
"ဘယ်သူပြောလဲ၊ မင်းနဲ့တော့သက်ဆိုင်တယ်
လေ၊ဟုတ်တယ်မလား"
လုဇုန်ဇဲ အကျည်းတန်သောအမှုအရာဖြင့် ပုံတစ်ပုံကို
ကောက်ယူလိုက်ပြီး
"ငါသိရသလောက်တော့သူကအခုထိ Bတက္ကသိုလ်မှာ
Ph.Dကျောင်းသားဖြစ်နေတုန်း မလား၊
အကယ်လို့ငါကဒီထဲကပုံတစ်ပုံသာကျောင်းကိုပို့လိုက်မယ်ဆိုရင် အုတ်အုတ်ကျက်ကျက်များဖြစ်သွားမလား၊
တွေးကြည့်ကြည့်ပေါ့ ဇုရှီ အသက် ၃၆နှစ်အရွယ်လူကြီးတစ်ယောက်နဲ့သူငြိနေတယ်ဆိုတာသာသိသွားကြည့်
သူ့ကိုလူတွေဘယ်လောက်တောင်လက်ညိုးထိုကဲ့ရဲ့
လိုက်မလဲ၊ သူ့ကိုလူတွေဘယ်လောက်တောင်ရှောင်ဖယ်
သွားကြလိမ့်မလဲ၊ မင်းကြောင့်သူ့ သိက္ခာလည်းဘယ်လောက်တောင်ကျဆင်းသွားလိမ့်မလဲ"
ချင်းလန်ဒေါသကြောင့်ကျယ်လောင်စွာရယ်
မောလိုက်ပြီးပြောသည်
"ခင်ဗျားဘယ်တုန်းက အဲ့လောက်ကလေးတစ်ယောက်ရဲ့
သိက္ခာကို တအားစိုးရိမ်ပေးတက်သွားတာတုန်း၊ ဒီက
ဇုရှီကဘဲစိုးရိမ်ပေးတဲ့အတွက်ကျေးဇူးတင်ရမှာပေါ့၊
ဒါပေမယ့်ကျွန်တော်ဂရုမစိုက်ဘူး၊ သူလည်းဂရုစိုက်မှာမဟုတ်ဘူး၊ အာ..ဓါတ်ပုံပို့လိုက်ရင်အဓိကနေရာတွေကို
ဆင်ဆာဖြတ်ပြီးမှပို့နော် ၊ကလေးတွေလန့်ကုန်ကြမှာ
စိုးလို့"
လုဇုန်ဇဲ သူဒီလိုပြန်တုန့်ပြန်မည်ဆိုတာကိုမျှော်လင့်
ပြီးသားဖြစ်၍ အပြုံးလေးနှင့်ပြောလိုက်သည်
" ချစ်တက်လိုက်ကြတာ" ပြီးနောက်သူမေးလိုက်သည်
"အဲဒါဆို သူ့မိဘတွေဆီပို့ကြည့်လိုက်ရင်ရော"
ချင်းလန်မျက်နှာမှာသွေးမရှိတော့။ လုယွီရှင်းကဝင်
ပြောလာသည်
"တကယ်တော့ပို့ပြီးသွားပါပြီ၊မနေ့ကတည်းက A မြို့ကိုရောက်သွားပြီဒါပေမယ့် အိမ်ထိတော့မပို့ရသေးဘူးပေါ့၊
အကယ်လို့မင်းသာ လူသတ်တာကိုဝန်မခံဘူးဆိုရင်
အင်း...ခုဆိုသွားပို့ရင်သွားပို့နေလောက်ပြီပေါ့"
"တခြားလူတွေရဲ့ ထင်မြင်ချက်တွေကအဲ့လောက်မဆိုး
ပေမယ့် သူ့ဆွေမျိုးတွေသာဆိုရင်ရော၊ ဇုရှီ မင်းသိပ်
တစ်ကိုယ်ကောင်းမဆန်လွန်းဘူးလား ၊မင်းကသူ့မိဘတွေနဲ့အတိုက်အခံဖြစ်စေချင်တာလား"
ချင်းလန်မျက်နှာကဖြူဖတ်နေပြီးလက်တွေတုန်ယင်
လာသည်။
"ဒီလိုမျိုးလုပ်ဖို့မင်းကိုဘယ်သူကခွင့်ပြုလို့လဲ၊
ဘယ်သူကလုပ်ခွင့်ပြုလို့လဲ"
"မင်းလေအဲဒါ..ငါစောနကမင်းကိုမေးလိုက်တယ်လေ"
လုဇုန်ဇဲ အပြုံးလေးနှင့်ပြောလာသည်
"ချင်းဇုရှီ..ငါမင်းကိုနောက်တစ်ကြိမ်ထပ်မေးမယ်
Golden Street ကလူသတ်မှုကိုမင်းဝန်ခံမှာလား"
လုယွီရှင်း သူ့ဖုန်း screenကို ချင်းလန်ရှေ့ပြလိုက်သည်၊ live ဗီဒီယိုတစ်ခုကိုပြသနေသည်။ Screenပေါ်မှာပြနေသည်က ပြတင်းပေါက်ဘောင်မှာထိုင်းငေးနေတဲ့လူတစ်ယောက်ဖြစ်သည်။ ထိုလူက အိမ်မှာရှိနေတဲ့
ရှောင်ဖျင်အာ ဖြစ်သည်။ ဗီဒီယိုရိုက်နေတဲ့လူကသေချာပေါက် မျက်နှာချင်းဆိုင်အဆောက်အဦးကနေလှမ်းရိုက်နေခြင်းဖြစ်သည်။ Screenရဲ့ထောင့်ကနေ ရုတ်တရက်သေနတ်ပြောင်းတစ်ခုပေါ်လာသည်ကိုတွေ့ရသောအခါ
ချင်းလန် သူငယ်အိမ်တို့ ချုံ့သွားခဲ့သည်။
ထိုအချိန်၌ သူဘာမှမသက်ဆိုင်တဲ့အရင်ကအကြောင်းအရာတစ်ခုကိုရုတ်တရက်သတိရသွားသည်။
နှင်းတွေအပြင်းအထန်ကျတဲ့ နှစ်တစ်နှစ်ရှိခဲ့သည်။
ရက်အားဖြင့်နှစ်သစ်ကူးအကြိုနေ့ဖြစ်သည်။
ချင်းလန် ဘားကနေပြန်လာတဲ့အချိန်၌ သူ့အိမ်ရှေ့တံခါးဝမှာ ငုတ်တုပ်ထိုင်နေတဲ့ ရှောင်ဖျင်အာကိုတွေ့ခဲ့
ရသည်။ ရှပ်အကျီအပါးလေးကိုဝတ်ထား၍ ခိုက်ခိုက်တုန်နေသော်လည်း အမှုအရာကတော့
လုံးဝအအေးကိုမကြောက်တဲ့ပုံစံသာဖြစ်သည်။
ချင်းလန်ကိုသူတွေ့တွေ့ချင်း မတ်တပ်ရပ်လိုက်ပြီး
သူ့အား ရင်နှီးနေလေ့ရှိသောထမင်းဘူး
လေးကိုပေးလာသည်။ အဲ့အချိန်က သူတို့နှစ်ယောက်
အတူစမနေရသေးသည့်အချိန်ဖြစ်ပြီးလီဖန်အမ်းကလည်းကျောင်းပြေးလေးဖြစ်နေဆဲ။
ထိူအချိန်ချင်းလန်မှင်သက်သွားခဲ့သည်၊ ဒီကလေး
နွေဦးပွဲတော်၌ သူ့ဆီရုတ်တရက်ရောက်လာလိမ့်မယ်လို့ သူမထင်ထားခဲ့။အလျင်အမြန်တံခါးပွင့်ပေးလိုက်ပြီး
သူ့အားဝင်ခွင့်ပေးလိုက်ခဲ့သည်။
"မင်းဘာလို့ဒီရောက်နေတာလဲ၊မင်းမိသားစုကကော
ဘယ်မှာလဲ"
ချင်းလန်ထမင်းဘူးကိုလှမ်းယူလိုက်ချိန်
ပူပူနွေးနွေးရှိနေသေးတုန်းသိလိုက်ရသည်။
လီဖန်အမ်းကဘာမှမပြောဒီအတိုင်းချင်းလန်အား
စိုက်ကြည့်နေပြီး သူ့မျက်လုံးကတစ်ခုခုကို
မျှော်လင့်တကြီးဖြစ်နေသည်။ ချင်းလန်ကနားလည်၍
ထမင်းဘူးကိုဖွင့်ကြည့်လိုက်သည် ၊ဘူးထဲမှာဖက်ထုပ်
အပြည့်ဖြည့်ထားပြီး၊သပ်သပ်ရပ်ရပ်စီကာထည့်ထားသည်။ ဒီလောက်အေးပြီးနှင်းတွေကျနေတဲ့နေ့မျိူးမှာ ဒီလိုပူပူနွေးနွေးဖြစ်နေဖို့ဆိုတာ ဒီကလေးတစ်လမ်းလုံးဒီဘူးကို ဖိအုပ်ပြီးသယ်လာတာဖြစ်ရမည်။
ချင်းလန် သူဒါတွေကိုဘယ်ကရသလဲတော့သူမသိ။
ချင်းလန်ရယ်ရမလားငိုရမလားတောင်သူမသိတော့၊
ဒါပေမယ့်ရင်ထဲအနည်းငယ်တော့လှုပ်ရှားသွားသည်။
သူကမိဘမဲ့တစ်ယောက်ဖြစ်၍ အဖေလည်းမရှိ
အမေလည်းမရှိသည့်အပြင် ဒီမြို့မှာ သူငယ်ချင်းလည်း
တစ်ယောက်မှမရှိ။ ဒီနွေဦးပွဲတော်လိုမျိုး မိသားစုတွေ
စုစုစည်းစည်းဖြင့်လုပ်ရသည့်ပွဲမျိုးက သူ့အတွက်ငယ်ငယ်ကတည်းကအဓိပ္ပါယ်မရှိခဲ့၊ပြီးတော့သူကလည်း
ဒါမျိုးကိုအသားကျနေပြီဖြစ်သည်။ သူဒီလိုပွဲတော်မျိူး
ကပေးတဲ့စိတ်လှုပ်ရှားမှုမျိူးကိုသူမရခဲ့ဘူး။ တခြားလူတွေဆီမှာ ဆုံစည်းဖို့ မိသားစုကိုယ်စီရှိကြသည် ၊သို့သော်
သူနှင့်ဒီလိုနေ့ရက်မျိုးတွင်အဖော်ပြုပြီးကုန်ဆုံးပေမယ့်လူတစ်ယောက်မှမရှိခဲ့။
"မင်းကိုယ်တိုင်လုပ်ထားတာလား"
ချင်းလန်ထိုကလေးကိုမေးလိုက်သည်။ချင်းလန် တစ်ခုလောက်ကိုယူလိုက်ပြီး ပါးစပ်ထဲကောက်ထည့်လိုက်
သည်။ သူ လီဖန်အမ်းအဖြေကိုစောင့်စရာမလိုတော့၊
သူသိလိုက်သည် ဒီကလေးကိုယ်တိုင်လုပ်ထားတာမှန်း။ ဖက်ထုပ်ရဲ့ ဂျုံသားကတစ်အားထူနေပြီး၊ အတွင်းထဲကအသားတွေကလည်း မချက်သေး။
သူအဲ့လိုတွေးသော်ငြားလည်း လီဖန်အမ်းကို
လက်မထောင်ပြလိုက်ပြီး
"အရသာရှိတယ်"
လီဖန်အမ်းထိန်းမထားနိုင်တော့ဘဲ ကလေးလေး
တစ်ယောက်လို ပျော်ပျော်ရွင်ရွင်ပြုံးပြလာပြီး၊
သူ့ရည်ရွယ်ကိုထုတ်ဖော်ပြောပြလာခဲ့သည်။
"နှစ်သစ်ကူးအတွက် ကျွန်တော်ခင်ဗျားကို
အဖော်ပြုပေးမယ်"
ဖက်ထုပ်အတူတူစားကြ၊TVကလာတဲ့
နွေဦးပွဲတော်အစီအစဥ်ကိုအတူတူကြည့်ကြ၊
မီးပန်းလေးတွေဖောက်ကြ ၊ချင်းလန်ငယ်ငယ်က
မလုပ်ဖြစ်ခဲ့တဲ့အရာတွေကို ဒီတစ်ညထဲမှာ
သူလုပ်ဖြစ်ခဲ့သည်။
လီဖန်အမ်းကအပူပေးထားတဲ့အခန်းထဲမှာနေတာကြာ
သွား၍ အပြင်ကအေးနေတယ်ဆိုတာကိုရုတ်တရက်မေ့သွားသည်။ သူအပြင်ထွက်လာတော့ ကုတ်အကျီမဝတ်ထားသည်ဖြစ်၍ချင်းလန်သူအေးခဲသွားမည်ကိုစိုးရိမ်သောကြောင့် ချင်းလန်သူဝတ်ထားတဲ့ Down Jacketကိုချွတ်ပေးလိုက်သည်သို့သော် လီဖန်အမ်းကဒါကိုတစ်ယောက်တည်းမဝတ်ချင်ဖြစ်နေသောကြောင့်
နှစ်ယောက်သားထို jacketကိုခြုံထားလိုက်ပြီး
ခေါင်းမိုးထပ်ပေါ် ၌ကွေးကွေးလေးထိုင်နေလိုက်ကြကာ
မီးရှုးမီးပန်းတွေဖောက်လွှတ်နေသည်ကိုထိုင်ကြည့်
နေလိုက်ကြသည်။ နှစ်သစ်ကူးကြောင့်ခေါင်းလောင်းသံ
နှင့်အပြိုင်နှင်းတွေကျဆင်းနေပြီး လီဖန်အမ်းရဲ့
အအေးဒဏ်ကြောင့်ရဲနေတဲ့ မျက်နှာလေးကိုကြည့်မိလိုက်ချိန် သူရင်ခုန်တယ်ဆိုတဲ့ခံစားချက်ကိုသူစတင်
နားလည်လာခဲ့သည်။
ဘုရားသခင်ကသူ့ကိုဆိုးဆိုးရွားရွားတော့
မဆက်ဆံခဲ့ပါဘူး၊ သူ့ဘေးနားကို ဒီလိုကောင်းမွန်
တဲ့လူတစ်ယောက်ကိုပို့ပေးခဲ့လေသည်။
ထိူလူကသူ့အတွက်မိသားစုလိုဖြစ်နေပြီး၊ တစ်ယောက်ပေါ်တစ်ယောက်အမီပြုပြီးနေထိုင်ကြသည်၊ တစ်ယောက်နဲ့တစ်ယောက်နွေးထွေးမှုတွေ အပြန်အလှန်ပေးကြသည်။သူအမြဲတွေးမိသည် သူဒီလိုကောင်းမွန်တဲ့ကလေးကိုသူပိုင်ဆိုင်ထားရပါလားဆိုပြီး။ ဘယ်လိုလုပ်ဒီလိုကလေးမျိုးကိုသဘောမကျတဲ့ မိဘတွေရှိနေမှန်းမသိ။အဲ့အချိန်ကအစသူ့ကိုယ်သူအမြဲပြောခဲ့တယ်၊
သူနဲ့အတူအဖော်ပြုပေးရမယ်၊သူ့ကိုကာကွယ်ပေးရမယ်၊
သူ့ကိုစောင့်ရှောက်ပေးရမယ်၊ သူ့ကို တစ်ဆင့်ပြီး
တစ်ဆင့်ရင့်ကျက်တဲ့လူတစ်ယောက်အဖြစ်ပြုစုပျိုးထောင်ပေးရမည်ဟူ၍။
ပြတင်းပေါက်ဘောင်ပေါ်က ပူစီနာအပင်လေးကခုချိန်ထိရေမလောင်းရသေး။ တစ်ယောက်မှရေမလောင်းပေးရင် ဒီနှစ်ကုန်ကျော်တဲ့အထိဘယ်လိုလုပ်ရှင်
ပါတော့မလဲ။
သူလက်လျှော့လိုက်ကာမျက်လုံးလေးကိုအသာလေး
ပိတ်လိုက်၍
"ငါသတ်လိုက်တာ"
သူပြောလိုက်တဲ့အချိန်မှာ မျက်နှာချင်းဆိုင်က
လူနှစ်ယောက် သိသိသာသာကိုသက်သာရာ
ရသွားကြသည်။ လုဇုန်ဇဲပြုံးလိုက်ပြီး ပခုံးကို
လှမ်းပုတ်လိုက်ကာ
"ငါသိပါတယ်မင်းကလိမ္မာပြီးစဥ်းစားတက်တဲ့
ကလေးဆိုတာ၊ မင်းအထဲမှာအဆင်ပြေပြေနေလို့
ရအောင်ငါတက်နိုင်သလောက်ကြိုးစားပေးပါ့မယ်၊
ငါကြားထားတယ် မင်းဗိုက်ခွဲစိတ်ထားတာမကြာသေးဘူးဆို၊ မင်းစားလို့မရသေးတဲ့အစားသောက်တွေရှိမှာပေါ့"
ချင်းလန်တစ်ယောက် ကျောရိုးဖယ်ခံလိုက်ရသည့် အရုပ်တစ်ရုပ်လိုမျိူး အရုပ်ကြိုးပျက်မြေပြင်ပေါ်သို့လဲကျသွားသည်။
လုယွီရှင်း အသံသွင်းထားတဲ့ဖောင်တိန်ကိုပြန်သိမ်း
ထားလိုက်ပြီးစိတ်ကျေနပ်မှုအပြည့်ဖြင့် လုဇုန်ဇဲ နဲ့
အတူထွက်လာခဲ့သည်။သူပြောလိုက်သည်
"ရဲတွေမကြာခင်ရောက်လာတော့မယ်၊
အကိုကြီးသူတို့ကိုဘယ်လိုသတင်းပေးဖို့စီစဥ်ထားလဲ"
ချင်းလန်စီကထွက်လာခဲ့ကြပြီးနောက် ၊ လုယွီရှင်း
လုဇုန်ဇဲအားလှည့်မေးလိုက်သည်။
"အကိုကြီး ၊အဲ့ လီဖန်အမ်းဆိုတဲ့တစ်ယောက်ကို
ဒီအတိုင်းဘဲလွှတ်ပေးလိုက်တော့မှာလား"
"အဲ့ပုံတွေကသူ့အတွက်အနှောင့်အယှက်ကောင်း
ကောင်းလေးဖြစ်မှာပါ" လုဇုန်ဇဲအပြုံးလေးနှင့်
ဆိုလိုက်သည်
"မင်းလုပ်တာကောင်းတယ်၊အခုဆိုငါတို့
ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်မိသွားပြီ"
"သူ့ကိုရှင်းဖို့အတွက်ကျွန်တော်တခြားတစ်ယောက်
တောင်ရှာစရာမလိုပါဘူး" သူသာတစ်ခုခုဖြစ်သွားခဲ့ရင်
ချင်းဇုရှီ တအားသောကရောက်သွားမယ်လေဟုတ်တယ်မလား။
"မလုပ်နဲ့အုံးသူ့ကိုငါတို့တစ်ခုခုလုပ်လိုက်ရင်အခြေနေတွေပြောင်းသွားလိမ့်မယ်၊သူ့မိဘတွေပါ ပါလာရင်မကောင်းဘူး" လီဇုန်ဇဲကငြင်းလိုက်သည်။
"ပြီးတော့ ရုပ်ပိုင်းဆိုင်ရာနာကျင်တာထက်ပိုခံရခက်တဲ့
အပြစ်ပေးတာမျိုးရှိသေးတယ် ၊မင်းစောင့်ဆိုင်း
ပြီးသာကြည့်နေလိုက်ပါ"
........................................................
ချင်းလန်အိမ်မက်ကနေရုတ်တရက်လန့်နိုးလာခဲ့သည်။
သူ့ဘေးပတ်ဝန်းကျင်ကမှောင်မိုက်နေဆဲဖြစ်သည်။
သူဒီမှာရှိတာရက်အနည်းငယ်ကြာပြီဖြစ်ပေမယ့်
သူဒီမှောင်မိုက်နေတဲ့ပတ်ဝန်းကျင်ကိုအသားမကျသေး။
ရှိသမျှအလင်းရောင်တွေကစုပ်ယူခံလိုက်ရပြီး မျှော်လင့်ချက်တွေပျောက်ဆုံးနေသလိုခံစားရသည်။
သူ့ဗိုက်ကဒဏ်ရာကလည်း ဓါးနဲ့ထိုးနေသကဲ့သို့
တဆစ်ဆစ်နာကျင်နေသည်။ ချင်းလန်နာကျင်သော
ကြောင့် လူးလိမ့်နေမိသောအခါ သူ့ကိုချုပ်ထားတဲ့လက်ထိပ်၊ခြေထိပ်တွေကလှုပ်ရှားမှုကြောင့် ဆူဆူညံညံအသံတွေထွက်လာသဖြင့်သူ့အောက်ကထောင်သားလည်း အသံကြောင့်နှိုးလားပြီးစတင်၍ ရိုင်းရိုင်းစိုင်းစိုင်းအော်ဟစ်ကာ ခြေထောက်ကိုဆန့်၍ အပေါ်ထပ်ကိုလှမ်းကန်လိုက်သည်။
" * မို့လို့ ဆူညံသံတွေဖြစ်အောင်လုပ်နေတာလား၊
သေစမ်း "
"တောင်းပန်ပါတယ်..."
ချင်းလန်အားမရှိစွာပြောလိုက်ပြီး တင်းတင်းကျပ်ကျပ်
ကိုယ်ကိုကွေးထားလိုက်တော့သည်။
လုဇုန်ဇဲရဲ့ အဆင်ပြေအောင် ဆိုတဲ့စကားက
စကားသက်သက်မဟုတ်ခဲ့။ ချင်းလန်ရဲ့ ခန္ဓာကိုယ်က ခွဲစိတ်ထားရာကနေအပြည့်အဝပြန်မကောင်းသေးသည့်အပြသူ့ရဲ့သောက်ဆေးတွေကိုပါဖြတ်တောက်ခံလိုက်ရသည်။ သူ့ချုပ်ရိုးပြန်ဖွင့်သွားနိုင်တဲ့သည့်အခြေနေမှာရှိနေသည်။ သူစားရတဲ့အစားသောက်တွေကလည်း မာထင်ပြီးခြောက်သွေ့နေသည်၊ပြီးလျှင်အားလုံးကိုငရုပ်ကောင်းမှုန့်ဖြူးထားခြင်းဖြစ်သည်။ ဘယ်လိုဖြစ်ဖြစ် အအားရှိအောင်စားရမည်ဖြစ်၍ ထမင်းအနည်းငယ်ကိုသာယူပြီး သူမစားခင်ရေနွေးနဲ့ဆေးကာစားသည်။ ဒါပေမယ့်လည်းညရောက်လျှင် သူ့ဗိုက်ကနာကျင်နေဆဲဖြစ်သည်။
လွန်ခဲ့တဲ့နှစ်ရက်လောက်ကစောင့်ကြည့်တာဝန်ကျတဲ့လူကသူထမင်းကိုလုပ်နေတာကိုတွေ့သွားပြီး ၊ ရေနွေးရခွင့်
ပိတ်ပင်ခံလိုက်ရသည်။ ရလဒ်အနေနဲ့ ချင်းလန်ထိုထမင်းမာတွေကိုလျှော့စားလိုက်ရ၍ ရက်အတော်များများ ကောင်းကောင်းမစားဖြစ်တော့။ သူလမ်းလျှောက်တိုင်းမူးနေသလိုခံစားရသည်။
ဒီကရာဇဝတ်သားတွေအကုန်လုံးက လက်ထိပ်၊ခြေထိပ်တွေနဲ့ဖြစ်သည်။ ဒါပေမယ့်ချင်းလန်ရဲ့ လက်ထိပ်တွေကတော့အထူးဂရုစိုက် ရွေးချယ်ထားခြင်းခံထားရသည်ဖြစ်၍တခြားသူ့တွေရဲ့ဟာထက် အတော်လေးထူပြီးလေးသည်။သူရဲ့ နဂိုဖြူဖွေးပြီးသေးငယ်တဲ့လက်ကောက်ဝတ်တွေမှာ အရေပြားထဲကနေသွေးစိမ့်နေပြီး ပြည်တောင်တည်နေပြီဖြစ်သည်။ လမ်းလျှောက်တိုင်း ခြေထောက်ကိုရွေ့ရုံမျှသ ရွေ့နိုင်ပြီး လှုပ်လိုက်တိုင်းရင်ဘက်ကပါအောင့်နေသည်။
တကယ်တမ်းအနာကျင်ဆုံးရကတော့ထိုဒဏ်ရာတွေ
မဟုတ်။ တစ်နေ့ကသူ ရှောင်ဖျင်အာကိုပြောခဲ့သည့်
စကားများသာဖြစ်သည်။ သူရှောင်ဖျင်အာ ဘယ်လိုခံစားနေရမည်ဆိုတာကိုတွေးတောင်မကြည့်ရဲ။ သေချာတာပေါ့ သူရှောင်ဖျင်အာကိုလက်မလွှတ်ချင်ဘူး၊သူဒီလိုတွေသာမပြောရင် သူ့ကို ရှောင်ဖျင်အာစောင့်နေမှာပါလို့
မျှော်လင့်နေမိမှာဆိုးသည်။
နှစ်တွေဆိုတာကုန်တာမြန်ပါတယ်၊သူသည်းခံနိုင်မှာပါ။
ဒါပေမယ့်ရှေ့နေ့ပြောတာကတော့ သူက တမင်တကာလူသတ်ခဲ့ပြီး ၁၀နှစ်ကြာထွက်ပြေးနေခဲ့တာမို့ သူ့အပြစ်ဒဏ်က ကြာမည်ဖြစ်သည်။ ပြီးတော့ လုဇုန်ဇဲကလည်းကြားဝင်ထားသည်မို့ သူ့အပြစ်ဒဏ်ကအနည်းဆုံး ၁၀နှစ်လောက်ကတော့ကြာနိုင်သည်။
သူပြန်လွှတ်လာတဲ့အခါကျ သူအသက်၅၀လောက်တော့ရှိမည်ထင်သည်။ သူ့ သွင်ပြင်ကအမြဲသူ့ကို ဆယ်ကျော်သက်သို့မဟုတ် ၂၀ကျော်အရွယ်ထင်ရစေသော်လည်း၊
လုယွီရှင်း တစ်ခါပြောခဲ့တာကမှန်သည် ချင်းလန်ရဲ့မျက်လုံးနဲ့အတွေ့အကြုံကသူ့ကိုသစ္စာဖောက်သွားသည်။
သူမငယ်တော့ဘူး။ သူ ရှောင်ဖျင်အာကို
၁၀နှစ်ကျော်ကြာ ဒီရာဇဝတ်သားအဖိုးကြီးအတွက်
စောင့်ခိုင်းရမှာလား။သူကရတယ်ဆိုရင်တောင်၊ ရှောင်ဖျင်အာက ဒီလိုမနေသင့်။ ထိုကလေးက ငယ်သေးပြီးထက်မြက်သည်။ ဒါချင်းလန်ကိုယ်တိုင်ပြုစုခဲ့သည့်
ကလေးမို့သူသိသည်။ သူမရှိတောင် ရှောင်ဖျင်အာက
တခြားလူတွေထက်တော့နိမ့်သွားမှာမဟုတ်။
ထိုကလေးက ဒီထက်ပိုကောင်းပြီးသင့်တော်တဲ့ ချစ်သူမျိူးနဲ့ပိုထိုက်တန်သည်၊ အမှန်တကယ်သူရဲ့
ရင်သွေးကိုမွေးဖွားပေးနိုင်မည့် ချစ်သူမျိူး။
"ဟိုနားကတစ်ယောက်၊လာခဲ့အုံး "
အဝေးကတစ်ယောက်ယောက်ကလှမ်းခေါ်လိုက်သဖြင့် ချင်းလန်အတွေးတွေရပ်တန့်သွားခဲ့သည်။
လွန်ခဲ့ရပ်တွေကမိုးတွေဆက်တိုက်အသည်းအသန်
ရွာထားသည်။ ထိုစိုစိုစွတ်စွတ်လေထုက ချင်းလန်ရဲ့
မျက်နှာကိုဖျော့သထက်ဖျော့နေစေသည်။ သူနေမကောင်းတာကြောင့် သူ့ပခုံးတွေသေးငယ်လာခဲ့ပြီး လေတိုက်လျှင်တောင်ကျိုးပဲ့တော့မတက်ဖြစ်နေသည်။
အထက်အရာတစ်ဦးကလာရောက်စစ်ဆေးမည်ဖြစ်၍
အရာရှိတွေက လူစုစည်း၍စတင်သန့်ရှင်းလုပ်ခိုင်းသည်။ ချင်းလန်က ရေကန်ဟောင်းထဲက
ရွံတွေကို သန့်ရှင်းဖို့တာဝန်ကျသည်။ သူ့ခြေထောက်က
မန်းအနာကအတော်ဆိုးနေသည်ဖြစ်၍၊ ထောင်ထဲကသူနဲ့အနည်းငယ်ခင်မင်တဲ့သူတွေက
သူ့ကိုရေထဲမဆင်းခိုင်းရဲကြ။
ဒါကြောင့်ချင်းလန် ဘောင်ပေါ်ကရွံတွေကိုဘဲ
သန့်ရှင်းရသည်။
ချင်းလန်အခေါ် ခံရပြန်သည်၊ ဒီတစ်ခါလည်း အထူးဂရုစိုက်မှုကိုခံရမည်မှန်းသိ၍ သူ့စိတ်ထဲ၌သာသက်ပြင်းချလိုက်တော့သည်။ ထောင်မှူးအိုကြီးကတော့
သူ့ကိုမသွားစေလို၍ လှမ်းဆွဲထားသည်။
ချင်းလန်ပြုံးကာပြောလိုက်သည်
"အဆင်ပြေပါတယ်"
"ငါ့လက်စွပ်အထဲပြုတ်ကျသွားတာမလို့၊သွားရှာလာခဲ့"
"ဟုတ်ကဲ့"
ချင်းလန်အင်္ကျီလက်ကိုခေါက်တင်လိုက်ပြီး၊သူရဲ့
တချွင်ချွင်မြည်နေတဲ့ အရာတွေကိုရေထဲသို့ဆွဲသွားလိုက်သည်။ ထိုရေညစ်တွေက သူ့ခြေကျင်းဝတ်ကိုစူး
ခနဲဖြစ်စေပြီးနာကျင်သွားသည်၊ တစ်ချိန်တည်းမှာဘဲ
ရာချီတဲ့အင်းစက်ပိုးမွှားတွေဝင်သွားသလိုခံစားလိုက်ရသည်။ သူမနက်စာမစားထား၍ ချင်းလန်တွင်သကြားဓါတ်နည်းပါးနေသည်။ သူငုံလိုက်တဲ့အချိန် တစ်ကိုယ်လုံးကသွေးတွေကခေါင်းထိပ်ဆောင့်တက်လာသလိုခံစားလိုက်ရပြီး ရေထဲပြုတ်ကျတော့မလိုတောင်ဖြစ်သွားသည်။ ရေထဲကနေသူရဲ့ မျက်တွင်းဟောက်ပက်ဖြစ်နေတဲ့သွင်ပြင်ကိုတွေ့လိုက်ရသောအခါ ၊သူရုတ်တရက်
ပျို့ချင်စိတ်ဖြစ်လာပြီး အလျင်အမြန်နာကျင်နေသောသူ့ဗိုက်ကိုအသာဖိထားလိုက်သည်။
လေအေးကဖြတ်တိုက်သွားသဖြင့် ချင်းလန်ရဲ့ပါးလွှာတဲ့
ထောင်သားဝတ်စုံကလှန်လှန်သွားသဖြင့် အင်္ကျီစအား
တင်းတင်းကျပ်ကျပ်ကိုယ်မှာစည်းထားလိုက်ပြီး၊
လက်ဖြင့်ကန်အောက်ခြေအားစမ်းတဝါးဝါးစမ်းရှာနေသည်။
ဘေးနားကလူတွေအကုန်လုံးလည်း ထောင်ကြပ်ကသူ့ကို ပစ်မှတ်ထားနေမှန်းသိသည်။ ချင်းလန်နဲ့တစ်ချိန်တည်း ထောင်ကျတဲ့သူတွေက ချင်းလန်အား ကူရှာပေးကြသော်လည်း အအော်ခံလိုက်ရပြီး ပြန်လွှတ်ခံလိုက်ရသည်။
ရေကန်ထဲလက်စွပ်ရှာသည်က ကောက်ရိုးပုံထဲအပ်ရှာရ
သလိုပင်။သို့သော် ချင်းလန်ကစိတ်ရှည်သည် ။
ရေအေးထဲမှာ နာရီပိုင်းလောက် စိမ်ရှာနေပြီး အကြာမှာတော့ရှာတွေ့ ခဲ့သည်။
ထောင်ကြပ်ကနောက်ထပ်ပြဿနာထပ်မရှာတော့၊
ချင်းလန် ပုံစံကိုကြည့်မိပြီး တစ်ဖက်ကတကယ်
အားနည်းနေတဲ့ပုံစံမို့ သူအနည်းငယ် ကရုဏာ
သတ်မိသွားပြီး ကန်ဘောင်ပေါ်သို့ပြန်တက်လာခဲ့ခိုင်းလိုက်သည်။
ချင်းလန်စိတ်သက်သာရာရသွားခဲ့သည်။
သို့သော်သူစိတ်သက်သာရာရတာစောသွားသည်ထင်
ရေအေးထဲမှာရပ်နေတာကြာပြီဖြစ်၍ သူ့ခြေထောက်တွေကထုံနေပြီး၊သူခြေလှမ်းမည့်အခိုက် ရေထဲကနေသူ့ခြေကျင်းဝက်ကိုတစ်စုံတစ်ယောက်က ဆွဲထားသလို
ဖြစ်နေ၍ သူမလုပ်နိုင်ဖြစ်သွားပြီး၊ ရေထဲသို့ပြန်ပြုတ်ကျသွားသည်။
နှစ်အစပိုင်းဖြစ်၍ ကန်ထဲကရေတွေကရေငွေ့ပျံထား၍
အနက်ဆုံးကရင်ဘတ်နားလောက်သာရှိသည်ဖြစ်၍
သူ့ဘာသာပြန်ထနိုင်မှာပါလို့တွေး၍ ဒီတိုင်းဘဲထားလိုက်ကြသည်။မမျှော်လင့်ထားသည်ကအချိန်အတော်ကြာတဲ့အထိရေထဲမှာဘာလှုပ်ရှားမှုမှမတွေ့ရ။
"မဟုတ်မှလွဲလို့ သူ့ခြေထိပ်တွေရွံ့ထဲမှာညှပ်နေတာလား"
တစ်ယောက်ကလှမ်းအော်ပြောလိုက်သည်။
ထောင်ကြပ်ထိုစကားကိုကြားတော့သူအောက်ကိုဆင်းလာခဲ့သည်။ သူချင်းလန်ကိုသင်ခန်းစာပေးဖို့
လာဘ်ထိုးခံထားရသည်ဆိုပေမယ့် အကယ်လို့ထောင်သားတစ်ယောက်က မတော်မဆဖြစ်တယ်ဆိုရင်သူဘဲတာဝန်ယူရမှာဖြစ်သည်။သူလှမ်းအော်လိုက်သည်။
"မြန်မြန်သူ့ကိုဆွဲထုတ်ကြ"
ချင်းလန်ကိုဘောင်ပေါ်ဆွဲတင်ပြီးတဲ့အချိန် ချင်းလန်မှာ
အသက်ရှူရပ်တန့်လုနီးပါးဖြစ်နေသည်။
သူ့မျက်လုံးတွေမှိတ်ထားသည်မှာ လူသေ
အလောင်းကောင်အတိုင်းဖြစ်လို့နေသည်။ ဆရာဝန်ကအလျင်အမြန်လာကြည့်ပေးသည်။ ဆရာဝန်မျက်နှာ
အမူအရာပြောင်းလဲသွားပြီး သူအစောင့်တွေကိုလှမ်းခေါ်လိုက်ကာ၊ အထက်အရာရှိတွေကိုအမြန်ဆက်သွယ်လိုက်စမ်းသူ့ကိုချက်ချင်းဆေးရုံပို့မှဖြစ်မယ်လို့။
အဲဒါနဲ့ အကြီးအကျယ်ပွက်လောရိုက်သွားခဲ့သည်။
ချင်းလန်ထောင်ထဲမှာဘယ်လိုနေခဲ့ရသည်နှင့် သေလုနီးပါးဖြစ်ခဲ့ရကြောင်း။တစ်ခဏလောက်ပြောစရာဖြစ်သွားပြီး၊ မုန့်ချွမ်းရဲ့အသိတစ်ယောက်ဆီသို့ သတင်းကအလျင်အမြန်ပြန့်သွားသည်။
ထိုသတင်းကိုလီဖန်အမ်းကြားသည်နှင့်တစ်ပြိုင်နက်
အသိစိတ်လွှတ်နေတဲ့ ခြင်္သေ့ တစ်ကောင်လိုပေါက်ကွဲနေပြီး ချင်းလန်အားအပူတပြင်းသွားတွေ့မည်လုပ်သည်။ကံဆိုးသည်က ခု ချင်းလန်က အထူးဂရုစိုက်ခံနေတဲ့ပစ်မှတ်ဖြစ်နေပြီး သူ့လူတွေတောင် ချဥ်းကပ်လို့မရဘူးဖြစ်နေသည်။
မုန့်ချွမ်းလည်းခေါင်းကိုက်နေသည်။လီဖန်အမ်းသည်သက်ရှိသားရဲတစ်ကောင်ဖြစ်ပြီးသူ့ကို ထိန်းကျောင်းတဲ့ ချင်းလန်မရှိလျှင် သူ့ကိုဘယ်သူမှထိန်းမရ။ လီဖန်အမ်း
ထူးထူးဆန်းဆန်း တည်တည်ငြိမ်ငြိမ်နဲ့ခေါင်းမော့လာ
သည်၊သူ့မျက်သားတွေရဲတက်လာသည်။
"မင်းဘာဆက်လုပ်မှာလဲ"
မုန့်ချွမ်းကသူတစ်တစ်ခုခုတဇွတ်ထိုးလုပ်မည်ဆိုး၍
ထိန်းထားမလို့လုပ်သော်လည်း၊သူမထိန်းနိုင်ခဲ့။
Queen's barအတွက်ဝိုင်သယ်ယူပို့ဆောင်ပေးတဲ့ သိပ်မသုံးဖြစ်တဲ့pick-up truckတစ်စီးရှိပြီး၊ ဆိုင်နောက်ဖေးမှာအမြဲရပ်ထားလေ့ရှိသည်။မုန့်ချွမ်းကတားနေသော်ငြားလည်း လီဖန်အမ်းထိုကားသော့ကို
ယူလိုက်ပြီး မောင်းထွက်သွားဖို့လုပ်တော့သည်။
"ဖန်မောင်၊မင်းဆိုင်ကယ်ရှိလား၊သူနဲ့လိုက်သွားစမ်း"
မုန့်ချွမ်းလှမ်းအော်လိုက်သည်။
လီဖန်အမ်းက Mr.Greenကိုသွားရှာခြင်းဖြစ်သည်။
သူခုသလောလမ်းပေါ်ကနေ သတင်းအချက်အလက်တွေရှာထားပြီး Mr.Greenရဲ့ နေထိုင်ရာနေရာကို
သိခဲ့ရသည်။ သူသတင်းအစအနတွေသိရပြီး ထိုလူနဲ့
ဆွေးနွေးဖို့စီစဥ်ထားတာဖြစ်သည်၊ဒါပေမယ့်သူခုထိုအချိန်ကိုထိုင်စောင့်မနေနိုင်တော့။သူဆက်ပြီးအချိန်ဆွဲနေလျှင်ချင်းလန်သေသွားနိုင်သည်။
လီဖန်အမ်း Mr.Green နေထိုင်ရာအိမ်သို့တိုက်ရိုက်
မောင်းသွားလိုက်ပြီး ကားအားလမ်ကြားမှာပိတ်ရပ်ထားခဲ့လိုက်သည်။ ထိုနေရာ၌ Mr.Greenရော
ဇုန့်ကျဲမင်ရောရှိနေသည်။ လီဖန်အမ်းကျုးကျော်ဝင်ရောက်လိုက်ပြီး ဇုန့်ကျဲမင် မတုန့်ပြန်လိုက်ခင်မှာဘဲ
သူ့ခေါင်းအရိုက်ခံလိုက်ရသည်။
"သန်မာတဲ့လူတွေက ကလိမ်ကကျစ်ကြတဲ့လူကိုကြောက်တယ်၊ကလိမ်ကကျစ်ကြတဲ့လူတွေကကျဒီလိုမျိုး အသက်ကိုတောင်စွန့်လွှတ်ထားတဲ့လူမျိုးကိုကြောက်သည်"ဟူ၍ပြောစရှိသည် ။ သူတစ်ချိန်လုံး
ကလိမ်ကကျစ်ကြပေမယ့်၊ Mr.Greenသည် သူ့အသက်ကိုတော့တန်ဖိုးထားသည်၊ သူကားထဲကနေလုံးဝထွက်မလာဘဲသူ့လက်အောက်ငယ်သားတွေကိုအလျင်အမြန်လှမ်းခေါ်ဖို့အချက်ပြလိုက်၍၊ဇုန့်ကျဲမင် ဖုန်းဆက်မည်အပြု လီဖန်အမ်းကသတိထားမိသွားပြီးထိုဖုန်းကို စတီးပိုက်နဲ့ရိုက်ချလိုက်သည်။
ပြီးနောက်လီဖန်အမ်း ဇုန့်ကျဲမင်ကိုဆံပင်ကနေဆွဲမလိုက်ပြီး
"ငါမေးမယ် ၊ အရင်ကချင်းလန်ရဲ့ မျက်နှာကို
ထိခိုက်အောင်လုပ်ခဲ့တာမင်းလား"
"ငါတမင်ရည်ရွယ်ပြီးလုပ်တာမဟုတ်ပါဘူး၊
ပြီးတော့သူကအရင်ငါ့ကိုစထိုးတာလေ"
ဇုန့်ကျဲမင်ခါးသက်သက်ငိုကြွေးနေပြီး ဒူးထောက်ချ
မိတော့မတက်ဖြစ်နေသည်။
လီဖန်အမ်းလက်ထဲက စတီးပိုက်နဲ့ရွယ်လိုက်ပြီး
မေးလိုက်သည်။
"ဘယ်လက်နဲ့သူ့ကို ရိုက်ခဲ့တာလဲ"
"ညာဘက်၊ညာဘက်"
ကောင်းကင်ကြီးကိုအက်ကွဲစေလောက်သည့်အသံ
တစ်သံနားထဲကိုထိုးဖောက်ဝင်ရောက်သွားသည်။
လီဖန်အမ်းကသူ့အားအပြစ်ပေးနေသည့်
ရှိုးကိုပြသနေ၍၊ Mr.Greenမျက်နှာမှာဒေါသ
ကြောင့်အစိမ်းရောင်သန်းလာသည်။ လီဖန်အမ်းကားပြတင်းပေါက်ကို ခွဲလိုက်ပြီးသားရဲလိုအကြည့်တွေနဲ့
သူ့ကိုကားထဲကနေဆွဲထုတ်လိုက်သည်။ Mr.Green
သည်သူတို့နှစ်ယောက်လက်ဗလာနဲ့ယှဥ်ချရင်တော့
သူအနိုင်ရမည်ဖြစ်ကြောင်းယုံကြည်ချက်ရှိသည်၊
သို့သော်လီဖန်အမ်းလက်ထဲတွင် လက်နက်ရှိနေသည်။
အခြေနေကိုသုံးသပ်ပြီးနောက် သူလက်မြှောက်ပြလိုက်ကာအရှုံးပေးလိုက်တော့သည်။
"ငါချင်းလန်အကြောင်းသိတယ်"
"ပြောစမ်း"
"အဲဒီ ချင်းလန်ကအရင်က ချင်းဇုရှီ ဖြစ်ပြီးတော့၊
ငါ့အရင်စီနီယာတွေဆီကကြားဖူးတာတော့
သူငယ်ငယ်က လုမိသားစုခေါင်းဆောင်နဲ့အတူရှိနေခဲ့တယ်ဆိုတာဘဲ"
ချင်းလန်မျက်မှောင်ကျုံ့သွားပြီး"ဘယ်သူနဲ့"
"မဟုတ်ဘူးငါပြောချင်တာ သူအရင်ကအဲ့မိသားစု
အတွက်အလုပ်လုပ်ပေးခဲ့တာ၊ အဲ့အချိန်တုန်းက
လုမိသားစုခေါင်းဆောင်ကဒီအတိုင်း ဂန်းစတားခေါင်းဆောင်သာသာဘဲ၊ သူ့ အဖွဲ့သားက အယောက် ၂၀လောက်ဘဲရှိပြီးတော့ ချင်းဇုရှီကတော့ အစွမ်းဆုံးပေါ့၊
နောက်ပိုင်းသူတို့နှစ်ယောက်ကသွေးသောက်ညီအကို
တွေလိုဖြစ်သွားကြတယ်"
"နောက်တော့သူတို့ဂိုဏ်းဖွဲ့လိုက်ပြီး၊ချင်းလန်ကသူရဲ့
ညာလက်ရုံးဖြစ်လာတာပေါ့၊ ဘော့စ်လုရဲ့ ညီလေးကလည်းနောက်ပိုင်းသူတို့နဲ့တတွဲတွဲဖြစ်လာတယ်၊
သူတို့ ၃ယောက်ရဲ့ ဆက်ဆံရေးကအစပိုင်းမှာတော့အတော်လေးကောင်းခဲ့တယ်၊ဒါပေမယ့်နောက်ပိုင်းကစ္စတစ်ခုဖြစ်လာခဲ့တယ်။ဘော့စ်လုရဲ့ သားကိုသူ့ရန်သူတွေကပြန်ပေးဆွဲသွားကြတယ် ၊ဘော့စ်လုကသူ့ရဲ့လူတွေနဲ့ပြန်တိုက်ခိုက်ဖို့လုပ်တော့ ချင်းလန်ကသဘောမတူဘဲရဲတွေကိုသာစောင့်နေဖို့တိုက်တွန်းလာသည်။ ချင်းလန်က
သူ့အတွက်ညီအကိုလိုဖြစ်နေပေမယ့် သူတို့စရိုက်တွေကလုံးဝခွဲခြားနေခဲ့တယ်၊ ချင်းလန်ကနောက်ပိုင်းကျောင်းပြီးတော့၊ Bတက္ကသိုလ်မှာလားမသိဆက်တက်နေပြီး၊ကြာတော့သူ့ရဲ့အတွေးအခေါ်တွေပါပြောင်းလဲလာခဲ့တယ်"
လီဖန်အမ်းရုတ်တရက်သတိရလာခဲ့သည်၊
သူ Ph.D ဆက်တက်ဖို့ထောက်ခံချက်ရတုန်းက
ချင်းလန်ပန်းခြံကရုပ်ထုကြီးကိုဖက်ပြီး ငိုခဲ့တုန်းက
အကြောင်းကို။
"ချင်းလန်ရဲ့ဟန့်တားမှုကြောင့် ဂိုဏ်းကတော့
ကြီးကြီးမားမားထိုခိုက်မှုမရှိသွားပေမယ့်၊ ဘော့စ်လုရဲ့
သားကအချိန်အကြာကြီးကြိုးတုပ်ခံထားရပြီး၊
ရဲတွေကလည်းအတော်လေးအချိန်နောက်ကျသောကြောင့် သူ့သားရဲ့ခြေထောက်တွေကသွေးမလျှောက်တော့ဘဲထော့နဲ့ထော့နဲ့ဖြစ်သွားခဲ့တယ်။ အဲ့အချိန်ကစလို့သူတို့၃ယောက်ရဲ့ဆက်ဆံရေးအက်ကွဲကြောင်းစဖြစ်လာတော့တာဘဲ ဘော့စ်လုက သူ့သားရဲ့လုံခြုံရေးကို ချင်းလန်ကဂရုမစိုက်ဘူးဟု ခံစားလာရပြီး။တစ်ဖက်ကလည်းသူထပ်တွေးမိသည်က ဒီလိုဂန်းစတားအဖွဲ့ရဲ့ ပြဿနာကိုရဲတွေကိုဖြေရှင်းခိုင်းရသည်က လှောင်စရာဖြစ်နေသည်ဟုထင်ပြီး၊ဘော့စ်လုရဲ့ချင်းလန်အပေါ် မကောင်းတဲ့သဘောထားကပိုပို
ကြီးထွားလာတော့တာဘဲ"
"နောက်ဆုံးပြဿနာကတော့ သူတို့အတွက်အကြီးမားဆုံး အက်ကွဲမှုကိုဖြစ်စေခဲ့တာပေါ့။ ဘော့စ်လုရဲ့
ညီမှာ မိန်းမလှလေးတစ်ယောက်ရှိတယ်။ ငါကြားတာတော့ချင်းလန်က အဲ့ကောင်မလေးနဲ့
ငြိနေတာကြောင့် ၊အဲ့ကောင်မလေးကလည်း
ချင်းလန်အပေါ် စိတ်တွေပြောင်းလဲတယ်ဆိုပြီး။ ဘော့စ်လုရဲ့ညီကအဲဒါကိုသိသွားတော့ဒေါသအရမ်းထွက်သွားတယ်၊သူ့အကိုရဲ့နောက်ကွယ်မှာ သူ့ကောင်မလေးနဲ့ဖောက်ပြန်နေသည်ကမဖြစ်သင့်ဆိုပြီး၊ပိုဆိုးသွားတာက ချင်းလန်ကလည်းသူမဟုတ်ကြောင်းငြင်းတော့၊ ချင်းလန်ကိုဒီကိစ္စနဲ့ပတ်သက်ပြီး ဝန်ခံဖို့နည်းလမ်းရှာခဲ့တာပေါ့၊ဘော့စ်လုကသူ့သားတုန်းကလည်း ခံလိုက်ရ၍၊
သူ့ညီကိုထပ်ပြီးတော့ နစ်နာမှုမျိုးမခံစားစေချင်တော့လို့
ချင်းလန်ကို ထောင်ချောက်ဆင်ပြီး ရှင်းထုတ်ပစ်ဖို့စီစဥ်ကြသည်။ အစီစဥ်ကဘယ်နားမှားသွားလဲမသိ
အခန်းထဲကိုဝင်လာသည်က ချင်းလန်မဟုတ်ဘဲ
ထိုကောင်မလေးဖြစ်နေခဲ့တယ် ။ ဘော့စ်လုရဲ့ညီက
ဝင်လာတာဘယ်သူဘယ်ဝါမှန်းသေချာမသိဘဲ ထိုကောင်မလေးကိုဓါးနဲ့ထိုးချမိသွားပြီးသေသွားတယ်၊ ချင်းလန်ကအတော်လေးကြာမှရောက်လာတာ"
"ဒီလိုဂိုဏ်းတွေအတွက်ကတကယ်တမ်းလူသတ်တယ်
ချတယ်ဆိုတာမျိုးကတော့ကိစ္စကြီးမဟုတ်၊
ဒါပေမဲ့သူတို့မသိခဲ့တာကအသတ်ခံလိုက်ရတဲ့
ကောင်မလေးကအရာရှိတစ်ယောက်ရဲ့ တူမဆိုတာကိုဘဲ၊
မတော်တဆမှုကကြီးသွားပြီး အလိုရှိကြောင်း အမိန့်ကျလာတော့ ဘော့စ်လုက သူ့ညီကိုနိုင်ငံခြားမှာ၁၀နှစ်လောက်သွားပုန်းနေခိုင်းလိုက်သည်။ "
"တကယ်တော့ဒီကိစ္စကချင်းလန်နဲ့တိုက်ရိုက်မသက်ဆိုင်
ပေမယ့်၊သူကြောင့်အစပြုလာရတာဆိုတော့၊ဘော့စ်လု
ချင်းလန်ကိုမုန်းတဲ့စိတ်တွေနဲ့သွားကျိတ်နေခဲ့ပြီး၊
ဘော့စ်လုက သက်သေတွေကိုလုပ်ကြံဖန်တီးလိုက်ပြီး
အကုန်လုံးကို ချင်းလန်ခေါင်းပေါ်ပုံချချင်နေခဲ့တာ၊
သေချာပေါက် ချင်းလန်ကငြင်းဆိုပြီးထွက်ပြေးလာခဲ့တယ်၊ ကျောင်းလည်းဆက်မတက်တော့၊ ချင်းလန်က
မိဘမဲ့ဖြစ်ပြီး သူငယ်ချင်းအသိလည်းမရှိတော့၊
သူ့ကိုလွန်ခဲ့တဲ့ခြောက်နှစ်လုံးလုံးရှာမတွေ့ခဲ့ကြဘူး"
လီဖန်အမ်းမျက်မှောင်ကျုံ့လိုက်သည်၊သူအလိုလိုသိနေသည် အရေးကြီးတဲ့အမှန်တရားကထွက်လာတော့မယ်ဆိုတာ။
"လွန်ခဲ့တဲ့ခြောက်နှစ်မတိုင်ခင်တုန်းကသူ့ကို Aမြို့မှာ
တစ်ခေါက်ရှာတွေ့ခဲ့ကြပြီး၊သူ့ကိုဝိုင်းထားလိုက်ကြတော့၊သူလည်းပြန်ချပြီး ဓါးနဲ့အထိုး
ခံလိုက်ရတယ်ထင်တယ်၊ ဒါပေမယ့်သူ့ကိုအဲ့တုန်းက Mr.Greenရဲ့လူတွေမဖမ်းလိုက်နိုင်ခဲ့ဘူး၊ အဲဒါနဲ့နောက်ထပ်နှစ်အနည်းငယ် ပြန်ပျောက်သွားခဲ့တယ်၊ မထင်မှတ်ထားတာကတော့ ဒီတစ်ခါသူ Bမြို့မှာတင် ပြန်ပုန်းနေတယ်ဆိုတာကိုဘဲ၊ အဲ့ကလေးက တအားပါးနပ်တာဘဲ"
လီဖန်အမ်းရင်ထဲအောင့်သက်သက်ဖြစ်သွားသည်
သူတစ်ယောက်ဘဲသိသည်ချင်းလန် Bမြို့ကို ပြန်လာရခြင်းကပါးနပ်လို့မဟုတ်ဘူးဆိုတာကို။ အာ့ဆိုသူဒုက္ခရောက်နေတာသေချာခဲ့သည်ပေါ့၊ လီဖန်အမ်းကတော့
သူစက်ဘီူးပေါ်ကပြုတ်ကျလို့ ဒဏ်ရာရခဲ့သည်လို့
ပြောသည်ကိုယုံကြည်ခဲ့မိသည်။ သူနဲ့အတူ Bမြို့ကို
သွားဖို့ခေါ်တုန်းက ချင်းလန်တွန့်ဆုတ်နေခဲ့သည်မှာ
မဆန်းတော့၊ ချင်းလန်ဘယ်လောက်အသည်းသန်ဖြစ်ဖြစ်ဆေးရုံကိုမသွားချင်သည်မှာ မဆန်းတော့ပေ။
Bမြို့ရဲ့ ဆေးကုသမှုနယ်ပယ်ကဆက်စပ်နေသည်ဖြစ်၍
သူ့ကိုရှာတွေ့သွားမည်ဆိုး၍ဖြစ်သည်။
ချင်းလန်သူ့ဘေးနားမှာရှိနေခဲ့တဲ့နှစ်တွေတစ်လျှောက်လုံးအတွင်း သူချင်းလန်ဘယ်လို ဘဝမျိူးကိုနေထိုင်ခဲ့
သည်ဆိုတာကို မခန့်မှန်းနိုင်ခဲ့။
"ဒါဆိုခုလူသတ်မှုကသူနဲ့မဆိုင်ဘူးမလား၊
ဟုတ်တယ်မလား"
Mr.Greenဘာမှတော့မပြော၊ ဒါပေမယ့်သူမငြင်းဆိုခဲ့။
လီဖန်အမ်းစတီးပိုက်ကိုဆုပ်ကိုင်လိုက်ပြီး
လှောင်ထေ့လိုက်သည်။
အမှားလုပ်ခဲ့တဲ့လူတိုင်းမှာကျခွင့်လွှတ်ခံရဖို့ အခွင့်ရေးရှိပြီး၊ အမှားမလုပ်ခဲ့ဖူးတဲ့လူတစ်ယောက်မှာကျခွှင့်လွှတ်
ခံရဖို့အခွင့်အရေးမရှိဘူးလား။
(T/N ဆိုးနေတဲ့လူဆိုးတာလုပ်ရင်ကြဆိုးနေလို့ပါ၊
ကောင်းနေတဲ့လူကတစ်ခါမှားခဲ့မိရင် အမှားကြီးဘဲ
အဲ့လိုမျိုးကိုဆိုလိုတာပါ)
"မင်းကိုသတင်းစာပို့ခိုင်းခဲ့တာ ဘယ်သူလဲ"
"အမ်...ဘော့စ်လုရဲ့ ညီ"
"ချီရန့်?"
"သူ့နာမည်အရင်းက လုယွီရှင်း၊ အဖမ်းမခံရအောင်လို့
နိုင်ငံခြားမှာ ပလစ်စတ်ဆာဂျရီ လုပ်ထားတာ"
ဒီလိုဆိုရင် သူချင်းလန်ကိုရည်ရွယ်ချက်ရှိရှိချဥ်းကပ်ခဲ့ပြီး
အကြောင်းအရာအားလုံးကအဆက်စပ်ရှိသွားပြီ။
လီဖန်အမ်းထပ်မေးလိုက်သည်။
"သူဘာလို့မင်းကိုသတင်းစာကိုပို့ခိုင်းရတာလဲ"
"သူပြောတာတော့..မင်းမိဘတွေဒီလက်ဆောင်ကို
သဘောကျလိမ့်မယ်တဲ့"
လီဖန်အမ်းကိုယ့်ကိုမတ်လိုက်ပြီး စူးစူးရဲရဲကြည့်လိုက်
သည်။
"မင်း ဘာပြောလိုက်တယ်"
Mr.Greenကကြောက်လန့်တကြာလက်ယမ်းပြလိုက်ပြီး "ငါပြောတာမဟုတ်ဘူး...ဘော့စ်လုနဲ့သူ့ညီတို့
ပြောနေတာကိုကြားခဲ့တာ"
လီဖန်အမ်းတစ်ခဏလောက်ကြောင်သွားသည်။
သူ့မိဘတွေပါဒီကိစ္စထဲပါလာလိမ့်မည်လို့သူတစ်ခါမှ
မတွေးခဲ့ဘူး။ သူလွန်ခဲ့တဲ့ ၆နှစ်ကတည်းကအိမ်ပေါ်က
ဆင်းလာပြီး Bမြို့ကိုတစ်ယောက်တည်းပညာသင်ဖို့
ထွက်လာခဲ့သည်။ ထိုအချိန်ကတည်းကသူ သူ့မိဘတွေဆီလည်းတစ်ခေါက်မှပြန်မသွားခဲ့သလို သူ့မိဘတွေကလည်းတစ်ခါမှကြားထဲပြန်မဆက်သွယ်ခဲ့။ နှစ်ဖက်လုံး
တစ်ယောက်ကိစ္စတစ်ယောက်စိတ်မဝင်စားတဲ့ အခြေနေမှာရှိနေသည်။ ဒီလိုရှုပ်ထွေးနေတဲ့ကိစ္စထဲသူ့မိဘတွေပါဘယ်လိုလုပ်ပါလာရသလည်းဆိုတာကိုသူစဥ်းစားမရ။
ဖန်မောင် စကူတာလေးက ယိုင်တိယိုင်တောင်နဲ့ရောက်လာပြီး အောက်ကလူနှစ်ယောက်ကို
တွေ့လိုက်ရပြီး အံ့သြသွားသည်။
လီဖန်အမ်း စတီးပိုက်ကိုသူ့ဆီလွှင့်ပစ်လိုက်ပြီး ဘာစကားမှမပြောဘဲအဝေးသို့လျှောက်ကာ ထွက်လာခဲ့ပြီး ကြောက်ရွံ့တုန်လှုပ်နေတဲ့ ဖန်မောင်ကိုထားခဲ့တော့သည်။ သူချက်ချင်းမုန့်ချွမ်းကို ဖုန်းဆက်လိုက်ပြီး
"မုန့်ကော..ရှောင်ဖျင်အာတော့ တစ်ယောက်ယောက်
လက်မောင်းကိုချိုးလိုက်ပြီထင်တယ်၊
ဘယ်လိုလုပ်ကြမလဲ"
လီဖန်အမ်းညတွင်းချင်း Aမြို့သို့ထွက်လာခဲ့လိုက်သည်။
ခြောက်နှစ်ကြာအပြီးမှာ သူဒီနေရာကို
ထပ်ခြေချရပြန်သည်၊ သူ့စိတ်ထဲစိမ်းသက်သက်သာခံစားရသည်။ သူ့ကို အစောင့်တွေကမြင်လိုက်သောအခါ
မမှတ်မိကြ၍ သူ့အားတားကြသည်။ ဥယျာဥ်မှူးကတော့မျက်စိလျင်၍သိလိုက်ပြီး အိမ်တော်ထဲသို့လှမ်းအသိပေးလိုက်သည်။
"သခင်ကြီးတို့၊ သခင်လေး ပြန်ရောက်လာပြီ"
အခန်းထဲမှာလက်ဖက်ရည်တောင်အဆင်သင့်ပြင်ထားပြီးဖြစ်သည်၊ လီချန်ဟွိုင်း လီဖန်အမ်းအဖေကတော့သိနေသည်သူ့သားမနက်အစောမှာရောက်လာလိမ့်မည်
ဆိုတာကို။
"နောက်ဆုံးတော့ပြန်ရောက်လာပြီပေါ့"
လီဖန်အမ်းစားပွဲပေါ်ကပုံတွေကို မြင်လိုက်ပြီး
သဘောပေါက်သွား၍လိုရင်းကိုသာပြောတော့သည်
" သူဘယ်သူ့ကိုမှမသတ်ခဲ့ဘူး၊ သူ့ကိုထုတ်ပေးပါ"
လီချန်ဟွိုင်း ကတော့ သူ့သဘောထားကိုဂရုမစိုက်
"လုပ်ပေးရင်ငါ့အတွက်ဘာရမှာလဲ"
"ခင်ဗျားကဘာလိုချင်တာလဲ"
"သားတစ်ယောက်ကခြောက်နှစ်လုံးလုံးအိပ်ပေါ်ကဆင်း
သွားပြီး ယောကျ်ားတစ်ယောက်နဲ့နေနေတယ်၊ခုမင်းက
မေးလာတယ်ငါ့ကိုဘာလိုချင်တာလဲတဲ့၊မင်းကငါ့ထက်
ပိုသိရမှာဘဲမဟုတ်ဘူးလား"
လီဖန်အမ်းလက်သီးကျစ်ကျစ်ဆုပ်မိသွားပြီး
"ကျွန်တော်မလုပ်နိုင်ဘူး"
"ငါမင်းကိုရွေးချယ်ဖို့ဖိအားမပေးပါဘူး"
လီချန်ဟွိုင်းလက်ဖက်ရည်
တစ်ငုံလောက်သောက်လိုက်ပြီး
"ဒါပေမယ့်ငါမင်းကိုတော့ မြန်မြန်လေးရွေးချယ်
ဖို့အကြံပေးချင်တယ်၊ငါကြားထားတာတော့
သူအပြင်းဖျားနေတာရက်ပိုင်းရှိပြီကြားတယ် ၊
မင်းဆုံးဖြတ်ဖို့ကြာနေရင်တော့ ၊ငါတောင်သူ့ကိုထုတ်
ပေးဖို့ခက်ခဲသွားလိမ့်မယ်"
လီဖန်အမ်းပင့်သက်ရှိုက်လိုက်ကာ
"ခင်ဗျားလားသူ့ကိုခြိမ်းခြောက်ထားတာ၊
သူမသတ်ခဲ့ဘဲနဲ့ဘာလို့သတ်တယ်လို့ဝန်ခံခဲ့ရတာလဲ"
"အဲဒါကတော့မင်းဒီပုံတွေကိုရိုက်တဲ့သူဖြစ်ဖြစ်
ဒီပုံတွေကိုငါ့ဆီပို့တဲ့လူကိုဘဲဖြစ်ဖြစ် မေးသင့်တာ"
ထိုသို့ပြောပြီးနောက်၊ ပုံတွေကိုကြည့်ပြီး
စက်ဆုပ်တဲ့အမှုအရာဖြင့် စားပွဲပေါ်ကပုံတွေကို သူ့ဆီပစ်
ပေးလိုက်သည်။
လီချန်ဟွိုင်း အထင်သေးစွာပြောလိုက်သည်။
"ငါဒါတွေကိုဂရုမစိုက်ပါဘူး၊ သူသိသင့်တယ်သူသွားထိခဲ့တဲ့လူကဘယ်လိုလူလဲဆိုတာကို၊ ပြဿနာတွေအားလုံးကိုမင်းအဖေပေါ်ပုံချပို့တော့မကြိုးစားနဲ့ပေါ့"
လီဖန်အမ်းဒီတစ်နေ့တော့အိမ်မှာဘဲဆက်နေလိုက်တော့သည်။သူ့အမေသူ့ကို တွေ့လိုက်ရတဲ့ချိန်
အဆက်မပြတ်ဖက်ကာငိုကြွေးတော့သည်။
သူ့ကိုလွှတ်မပေးဘဲနဲ့ဖက်ထားကာ သူဒီမှာဘဲနေသင့်ကြောင်း ၊အပြင်မှာနှစ်တွေအကြာကြီး ခံစားလာခဲ့ရ၍
ဒီမှာကောင်းကောင်းအနားယူသင့်ကြောင်းပြောလာသည်။
လီဖန်အမ်း ချင်းလန်အကြောင်းမတွေးဘဲမနေနိုင်တော့။သူ့ခေါင်းထဲမှာသူ့အဖေပြောလိုက်တာတွေနဲ့
ခေါင်းထဲပြည့်နှက်နေသည်
"ရက်အတော်အကြာအပြင်းဖျားနေတယ်"
လီဖန်အမ်း အကူညီမဲ့စွာငိုချလိုက်ပြီးသူ့အမေကို
ပြောလိုက်သည်။
"မား..ကျွန်တော်ရဲ့ဘယ်နေရာကိုကြည့်ပြီး
ခံစားနေခဲ့ရတယ်လို့ထင်တာလည်း"
သူပြောလိုက်ပြီးနောက်၊သူ့ခံတွင်းထဲခါးသက်သက်ခံစား
လိုက်ရသည်။ ချင်းလန်ကသာအမြဲခံစားနေခဲ့တဲ့လူပါ။
နှစ်တွေအများကြီး ချင်းလန်ကသူ့ချစ်သူအဖြစ်နဲ့ရော
စည်းကမ်းကြီးတဲ့အုပ်ထိန်းသူအဖြစ်နဲ့ပါရှိနေပေးခဲ့သည်။ သူပညာသင်ဖို့အတွက်ပိုက်ဆံရှာပေးခဲ့သည်၊
သူ့ကိုဂရုတစိုက်သင်ကြားပေးသည်၊ သူ့ကိုသူ့ရဲ့အတောင်ပံအောက်မှာအကာကွယ်ပေးခဲ့သည်၊ မှားယွင်းနေတဲ့လမ်းကြောင်းပေါ်ကသူ့ကိုဖေးမပေးခဲ့သည်။
ဒါပေမယ့်ထိုလူကအခု အသည်းအသန်ဖျားနေပြီး
သူကမျက်နှာလေးတောင်မြင်ခွင့်မရ။ နှစ်တွေအကြာကြီးချင်းလန်ရဲ့ ကြိုးစားအားထုတ်မှုတွေအပေါ်သာမှီခိုနေခဲ့ပြီး၊ သူ့မှာတော့ထိုလူ ခံစားနေရတဲ့အရာတွေကနေဆွဲထုတ်ပေးဖို့ အစွမ်းအစမရှိ။
သူ့အမေသည်ထိုစကားကိုကြားလိုက်သောအခါ
အငိုရပ်တန့်သွားခဲ့ပြီး သူ့သားရဲ့ပြောင်းလဲမှုတွေကို
သူကိုယ်တိုင်သေချာကြည့်လိုက်သည်။ အပြင်မှာနှစ်တွေအကြာကြီးကျင်လည်ခဲ့ပြီးနောက် ရုပ်ပိုင်းဆိုင်ရာပြောင်းလဲသွားရုံသာမကစိတ်ဓါတ်ကလည်း ပိုမိုရင့်ကျက်လာခဲ့ပြီး၊သူရဲ့ကလေးဆန်တဲ့ခပ်ဆိုးဆိုးစရိုက်တွေပျောက်ကွယ်သွားခဲ့သည်။ အခုသူ့သားကတည်တည်ငြိမ်ငြိမ်နဲ့တာဝန်ယူတက်တဲ့ ယောကျ်ားကောင်းတစ်ယောက်
ဖြစ်လာခဲ့လေသည်။အခု လီဖန်အမ်းက သူအရင်ကမျှော်လင်ခဲ့တဲ့သားလိမ္မာတစ်ယောက်ဖြစ်လာခဲ့ပြီး၊
ခုသူရှေ့မှာရပ်နေသော်လည်း ၊သူမပျော်နိုင်
ထိုကလေးကိုဒီလိုလူတစ်ယောက်ဖြစ်အောင်
သွန်သင်ဆုံးမပေးခဲ့တဲ့လူက သူမ မဟုတ်ခဲ့၍။
"မင်းအဖေပြောတာအမှန်လားဟင်"
သူမ မျက်ရည်တွေကိုသုတ်လိုက်ပြီးမေးလိုက်သည်။
"မင်းယောကျ်ားတစ်ယောက်နဲ့
အတူနေနေတယ်ဆိုတာအမှန်လား"
ချင်းလန်ခေါင်းငြိမ့်ကာဟုတ်ကြောင်းပြောလိုက်သည်။
"ကျွန်တော်သူ့ကိုချစ်တယ်၊ ကျန်နေတဲ့သက်တမ်း
တစ်လျှောက်လုံးလည်း သူ့ကိုဘဲချစ်သွားမှာ"
"ကျန်နေတဲ့တစ်လျှောက်ကာရှည်လျားပါတယ်၊
မင်းကဘယ်လိုလုပ်အသေအချာပြောနိုင်ရတာလည်း"
လီဖန်အမ်းခေါင်းအသာခါလိုက်သည်။
"မင်းအဖေကမင်းကိုလက်ထပ်စေချင်နေတာ၊
Mr.မိန်းရဲ့ မြေးမလေးနဲ့၊သူ့ရဲ့ နိုင်ငံရေးအဖွဲ့စည်း
နေရာမြဲစေဖို့အတွက်၊ သူကမင်းကိုအဲ့လူနဲ့ ဆက်တွဲခွင့်ပြုမှာမဟုတ်ဘူး၊ သားမင်းတကယ်လက်မထပ်ချင်ဘူးဆို
ဒီကိုပြန်မလာခဲ့နဲ့"
လီဖန်အမ်းတအားအံ့သြသွားပြီး၊သူနားကြားများ
မှားလိုက်သလားလို့ သူ့စိတ်ထဲထင်လိုက်သည်။
"မားကကျွန်တော်နဲ့သူ့ကို မကန့်ကွက်ဘူးလား"
"မား မင်းအဖေရဲ့ နည်းလမ်းတွေကိုတော့သေချာနားမလည်ပေမယ့် မင်းကိုတော့ယုံတယ်သား၊
တကယ်တမ်းတော့ဘဝကတိုပါတယ် ၊တစ်ဖက်လူက
မင်းအပေါ် အမှန်တကယ်သာ စစ်မှန်တယ်ဆိုရင်
မိန်းမဖြစ်ဖြစ် ယောကျ်ားဖြစ်ဖြစ်ကိစ္စမရှိပါဘူး၊
အရေးကြီးဆုံးကတော့ သားပျော်နေရဖို့ဘဲ"
ချင်းလန်ရဲ့မတော်တဆမှုပြီးကတည်းကသူ့ရင်ထဲ
ပထမဆုံးအနွေးဓါတ်လေးဝင်လာခဲ့သည်။
သေချာလေးပြန်တွေးကြည့်တော့သူ့အမေရဲ့
အပြုအမှုတွေကတကယ်တော့အံ့သြဖို့မကောင်း
ခဲ့ပါဘူး၊လီဖန်အမ်း မိသားစုကအရင်ကတည်းက
စည်းကမ်းကြီးပြီးအထက်စီးဆန်တဲ့ အဖေနဲ့ နူးညံ့ပြီး
ကြင်နာတက်တဲ့အမေမျိုးရှိခဲ့တာဘဲ။ သူငယ်စဥ်ငယ်ကတည်းက သူ့အဖေကကြမ်းတမ်းပြီး ခေါင်းမာသည်၊
သူ့ဘက်ကိုမကြည့်ဘဲအမြဲ ကြမ်းကြမ်းတမ်းတမ်းသွင်သင်ဆုံးမပြီးသူလိုရာဖြစ်စေချင်သည်၊တစ်ဖက်မှာသူ့
အမေကတော့အားနည်းပြီး စိတ်နှလုံးကနူးညံ့သည်၊
သူ့ကိုအလွန်အမင်းတုန်နေအောင်ချစ်ပြီးအလိုလိုက်သည်။ နှစ်ယောက်ရဲ့ကွာခြားမှုကနေနေပြီး လီဖန်အမ်း
ရဲ့ စရိုက်ဆိုးဆိုးကပေါ်လာခဲ့သည်။ သူ့အမေကလည်း
နှစ်တွေအကြာကြီးသူထွက်သွားခဲ့တာဖြစ်၍ နောက်
ထပ်အဝေးကိုထပ်ထွက်သွားမည်ကိုစိုးသည်။
သူ့မ သူ့သားမျက်လုံးကိုကြည့်လိုက်တာနိုင်သိသည်
သူ့မက ထိုကလေးရဲ့အမေဖြစ်သည့်တိုင်
ထိုကလေးရဲ့ရင်ထဲမှာရှိနေတဲ့ ထိုယောကျ်ားနဲ့ပတ်သက်ပြီး ဘာမှထပ်ပြောနိုင်မှာမဟုတ်ကြောင်း။ထိုသို့ဆိုရင်လည်းသူ့သားကို တကယ်ချစ်မြတ်နိုးတဲ့လူနောက်သာ
လိုက်စေချင်တော့သည်။
အမေတစ်ယောက်အနေနဲ့သူလည်း သူ့ကလေးအပေါ်
မျှော်လင့်ချက်ကြီးကြီးရှိသည်၊ ထိုမျှော်လင့်ချက်ကတော့
သူ့ကလေးပျော်ရွင်ရဖို့ဘဲဖြစ်သည်။ သူမ ယောက်ျားလေးနှစ်ယောက်အတူတူရှိနေလို့ဖြစ်ရဲ့လားဆိုတာတော့
မသိပေမယ့်၊ဒါပေမယ့်သူမ သူ့သားကို ကြည့်လိုက်ရုံနဲ့တော့သိနိုင်ပါသည်။ နှစ်တွေအကြာကြီးရှိနေပေမယ့်
သူ့သားဆီမှာ ခြစ်ရာရှရာအသစ်ဘာမှမရှိ၊ သူ့ဆံပင်နဲ့အဝတ်အစားတွေကလည်း သပ်ရပ်သန့်ရှင်းသည်။
နာမည်ကြီး အင်္ကျီ တံဆပ်ကိုတောင်ဝတ်ထားသေး၊
နာမည်ကြီးတက္ကသိုလ်ကနေလည်းဘွဲ့ရထားပြီးသားဖြစ်သည်။ သွေးသားမတော်စပ်တဲ့လူတစ်ယောက်ကိုဒီလိုအပြည့်အဝထောက်ပံ့ပေးပြီး ကြင်နာမှုတွေပေးဆပ်နိုင်တဲ့လူတစ်ယောက်ကသူ့သားကိုဘယ်လောက်တောင် ရင်ထဲမှာချစ်မြတ်နိုးသလဲဆိုတာ သူ့မ ပုံဖော်ကြည့်လို့တောင်မရ။
"ဒါပေမယ့်သူနေမကောင်းဖြစ်နေတယ်မား.."
လီဖန်အမ်းသူ့မျက်နှာကိုသူ့အမေရဲ့
ပခုံးပေါ် ကိုမျက်လုံးလေးအသာမှိတ်၍
နှစ်ထားလိုက်တော့သည်။
"မား..ကျွန်တော်သူ့ကိုကယ်ချင်တယ်၊
ကျွန်တော်မရှိလည်းသူ့ကိုအသက်ဆက်ရှင်စေချင်တယ်"
T/N
Pick up truck
အခန္း(၆) ခ်န္းလန္အားကယ္ထုတ္ဖို႔
အိမ္သို႔ျပန္သြားရျခင္း
(Zawgyi)
ခ်င္းလန္အပ်က္အစီးေတြၾကားထဲမွာမတ္တပ္ရပ္ေနၿပီး၊
ေလွကားတစ္ထစ္ခ်င္းစီကေနဆင္းလာတဲ့လူတစ္ေယာက္ကိုေဘးတိုက္အေနအထားကေန
လွမ္းၾကည့္ေနလိုက္သည္။
"ေနာက္ဆုံးေတာ့ငါတို႔ျပန္ေတြ႕ ၾကၿပီေပါ့ ဇု႐ွီ"
ခ်င္းလန္ထိုလူမ်က္ႏွာကိုေတြ႕လိုက္ရေသာအခါ
သူ႕အၾကည့္ေတြေျပာင္းလဲသြားၿပီး၊ အနီးနားက
ေက်ာက္တုံးေပၚထိုင္ခ်လိုက္သည္။
"ဟိုင္း..၊ေဘာ့စ္"
"ဆိုေတာ့မင္းလည္းငါ့ကိုေဘာ့စ္လို႔ေခၚရမွန္း
သိတယ္ေပါ့"
ထိုလူသည္ တ႐ုတ္႐ိုးရာဝတ္စုံကိုဝတ္ဆင္ထားၿပီး၊မ်က္ႏွာမွာ အမာ႐ြတ္ႀကီးတစ္ခု႐ွိသည္။သူရယ္ေမာ
ၿပီးေျပာလိုက္သည္။
"အားလုံးကေျပာေလ့႐ွိတယ္အႏၲာရယ္အမ်ားဆုံးေနရာက၊အလုံျခဳံရဆုံးဘဲတဲ့၊မင္းကအေတာ္ေလးသတၱိ႐ွိတာဘဲ၊ငါ့ႏွာေခါင္းေအာက္မွာလာပုန္းေနရဲတယ္၊ငါ့
အစြမ္းအစကိုလာစမ္းေနတာလား"
ခ်င္းလန္သူ႕လက္ကိုအသာယမ္းလိုက္ၿပီး
"ေဘာ့စ္ကအခုBၿမိဳ႕ မွာ႐ွိတဲ့ မာဖီးယားဂိုဏ္းႀကီးရဲ႕
ေခါင္းေဆာင္ဘဲ၊ လုဇုန္ဇဲ ဆိုတဲ့နာမည္ၾကားလိုက္တာနဲ႔လူတိုင္းေၾကာက္လန္႔ရတဲ့သူတစ္ေယာက္ရဲ႕အစြမ္းအစကိုကြၽန္ေတာ္႕လိုလူကဘယ္လိုလုပ္စမ္းရဲပါ့မလဲ"
"ကြၽန္ေတာ္ကႏွစ္ေတြအၾကာႀကီးေဘာ့စ္ေစာင့္
ေ႐ွာက္မႈေအာက္မွာေနခဲ့တာဘဲ။အကယ္လိုကြၽန္ေတာ္႕ကိုေတြ႕ခ်င္တယ္ဆို တိုက္႐ိုက္ေခၚလို႔ရတာဘဲ ဘာလို႔ဒီလိုနည္းလမ္းမ်ိဳးကိုသုံးရတာလဲ"
"သူအဲ့လိုသာေခၚ လိုက္ရင္ ငါစိုးရိမ္တာက မင္း ယုန္တစ္ေကာင္ထက္ကိုပိုျမန္ျမန္ထြက္ေျပးသြားမွာစိုးလို႔"
ရင္းႏွီးေနတဲ့အသံကိုၾကားလိုက္ရ၍ ခ်င္းလန္ လုဇုန္ဇဲ
ရဲ႕ေနာက္ကိုလွမ္းၾကည့္လိုက္ရာ သူ႕ရဲ႕ေနာက္ မနီးမေဝးမွာ လူတစ္ေယာက္႐ွိေနသည္။ ထိုလူကေတာ့ခ်ီရန္႔
မဟုတ္ဘူး...ခုေတာ့လုယြီ႐ွန္းလို႔ေခၚရမွာေပါ့
လုယြီ႐ွန္းျပဳံးကာ
"ငါမွန္းသိသြားေတာ့၊မင္းေျပးဖို႔ႀကိဳးစားေသးတယ္မလား"
"ငါ့ကိုဒီေခၚလာဖို႔မင္းေတာ္ေတာ္ႀကိဳးစားလိုက္ရတာဘဲ"
ခ်င္းလန္ျပဳံးကာေျပာလိုက္သည္။
"မင္းမွာအခုအရမ္းမိုက္တဲ့မ်က္ႏွာ႐ွိေနၿပီဘဲ၊
မင္းရဲ႕ နဂိုပုံစံထက္ ေတာ္ေတာ္ေလးၾကည့္ေကာင္းတယ္"
"ခ်ီးမြန္းေပးတာအတြက္ေက်းဇူးပါ "
လုယြီ႐ွင္းလက္ခံလိုက္ၿပီးသူေတာ္ေကာင္းေလသံနဲ႔
ေျပာလိုက္သည္။
"ဒါေတြအကုန္လုံးမင္းေက်းဇူးေၾကာင့္ပါ"
"အေရးမပါတာေတြေျပာမေနနဲ႔ေတာ့၊အခ်ိန္သိပ္မ႐ွိဘူး ဇု႐ွီ၊ ငါေမးမယ္၊ အရင္ကျဖစ္ခဲ့တာေတြတုန္းက
မင္းဘာလို႔ ဝန္မခံေပးခဲ့တာလဲ"
ခ်င္းလန္သူ႕ကိုထူးထူးဆန္းဆန္းၾကည့္လိုက္သည္
"ငါမလုပ္ခဲ့တဲ့ကိစၥတစ္ခုကို ဘာလို႔ဝန္ခံရမွာလဲ"
"မင္းမလုပ္ခဲ့ဘူးဆိုရင္လည္းဘာလို႔
ထြက္ေျပးေနရတာလဲ"
"ဘာလို႔ေျပးခဲ့တာလဲဆိုေတာ့ ဆက္ေနဖို႔မသင့္ေတာ့ဘူးထင္လို႔။ အဲ့လူကိုသတ္ခဲ့တာကြၽန္ေတာ္လည္းမဟုတ္ဘူး။ကြၽန္ေတာ္ကဘာလို႔အဲ့အျပစ္ဒဏ္ကို ခင္ဗ်ား
ညီအစားခံယူေပးရမွာလဲ"
လုဇုန္ဇဲကအလ်င္မလိုဘဲ ျဖည္းျဖည္းခ်င္း
ေျပာလာသည္
" မင္းသာေထာင္ထဲသြားမေပးရင္၊ ယြီ႐ွင္းက
ဒီကမ႓ာေပၚမွာရပ္တည္လို႔ရမွာမဟုတ္ဘူး၊
အၿမဲတမ္းပုန္းေအာင္းေနရၿပီး အလို႐ွိေနတဲ့
ရာဇဝတ္သားဆိုတဲ့ နာမည္ႀကီးနဲ႔တစ္ခ်ိန္လုံး
႐ွင္သန္ေနရမွာ။
ခ်င္းလန္ေျပာလိုက္သည္
"လူသတ္မႈက်ဳးလြန္လိုက္တဲ့လူတစ္ေယာက္ကဒီအက်ိဴးဆက္ကိုခံစားရမွာကေတာ့ထုံးစံဘဲေလ။
ဒီေလာက္ႏွစ္ေတြအၾကာႀကီးဒီေလာကမွာက်င္လည္ၿပီးၿပီး ဥပေဒေတြကိုနားမလည္တာကေတာ့မျဖစ္ႏိုင္ဘူးဟုတ္တယ္မလား"
လုဇုန္ဇဲအသာေလးျပဳံးလိုက္ၿပီး
" အမွားလုပ္မိရင္ျပန္ေပးဆပ္ရတယ္၊သိပ္မွန္တာေပါ့"
ၿပီးေနာက္သူ ဓါတ္ပုံအစုလိုက္ကိုထုတ္လိုက္ၿပီး
ခ်င္းလန္ဆီပစ္ေပးလိုက္သည္။
ခ်င္းလန္ထိုပုံေတြကိုျမင္လိုက္သည္တစ္ၿပိဳင္နက္
အမူအရာေျပာင္းလဲသြားၿပီး၊ ေအးစက္စက္
ေျပာလိုက္သည္။
"ဘာလုပ္ဖို႔စီစဥ္ေနၾကတာလဲ"
"ငါမင္းကိုေနာက္တစ္ႀကိမ္ထပ္ေမးမယ္၊
မင္းအမွားအတြက္မင္းဝန္ခံမွာလား"
ထိုေမးခြန္းေမးလိုက္တဲ့အခ်ိန္ လုယြီ႐ွင္း
အသံသြင္းေဖာင္တိန္ကိုဖြင့္လိုက္သည္။
"ဒီကိစၥကသူနဲ႔မွ ဘာမွမသက္ဆိုင္တာ"
"ဘယ္သူေျပာလဲ၊ မင္းနဲ႔ေတာ့သက္ဆိုင္တယ္
ေလ၊ဟုတ္တယ္မလား"
လုဇုန္ဇဲ အက်ည္းတန္ေသာအမႈအရာျဖင့္ ပုံတစ္ပုံကို
ေကာက္ယူလိုက္ၿပီး
"ငါသိရသေလာက္ေတာ့သူကအခုထိ Bတကၠသိုလ္မွာ
Ph.Dေက်ာင္းသားျဖစ္ေနတုန္း မလား၊
အကယ္လို႔ငါကဒီထဲကပုံတစ္ပုံသာေက်ာင္းကိုပို႔လိုက္မယ္ဆိုရင္ အုတ္အုတ္က်က္က်က္မ်ားျဖစ္သြားမလား၊
ေတြးၾကည့္ၾကည့္ေပါ့ ဇု႐ွီ အသက္ ၃၆ႏွစ္အ႐ြယ္လူႀကီးတစ္ေယာက္နဲ႔သူၿငိေနတယ္ဆိုတာသာသိသြားၾကည့္
သူ႕ကိုလူေတြဘယ္ေလာက္ေတာင္လက္ညိဳးထိုကဲ့ရဲ႕
လိုက္မလဲ၊ သူ႕ကိုလူေတြဘယ္ေလာက္ေတာင္ေ႐ွာင္ဖယ္
သြားၾကလိမ့္မလဲ၊ မင္းေၾကာင့္သူ႕ သိကၡာလည္းဘယ္ေလာက္ေတာင္က်ဆင္းသြားလိမ့္မလဲ"
ခ်င္းလန္ေဒါသေၾကာင့္က်ယ္ေလာင္စြာရယ္
ေမာလိုက္ၿပီးေျပာသည္
"ခင္ဗ်ားဘယ္တုန္းက အဲ့ေလာက္ကေလးတစ္ေယာက္ရဲ႕
သိကၡာကို တအားစိုးရိမ္ေပးတက္သြားတာတုန္း၊ ဒီက
ဇု႐ွီကဘဲစိုးရိမ္ေပးတဲ့အတြက္ေက်းဇူးတင္ရမွာေပါ့၊
ဒါေပမယ့္ကြၽန္ေတာ္ဂ႐ုမစိုက္ဘူး၊ သူလည္းဂ႐ုစိုက္မွာမဟုတ္ဘူး၊ အာ..ဓါတ္ပုံပို႔လိုက္ရင္အဓိကေနရာေတြကို
ဆင္ဆာျဖတ္ၿပီးမွပို႔ေနာ္ ၊ကေလးေတြလန္႔ကုန္ၾကမွာ
စိုးလို႔"
လုဇုန္ဇဲ သူဒီလိုျပန္တုန္႔ျပန္မည္ဆိုတာကိုေမွ်ာ္လင့္
ၿပီးသားျဖစ္၍ အျပဳံးေလးႏွင့္ေျပာလိုက္သည္
" ခ်စ္တက္လိုက္ၾကတာ" ၿပီးေနာက္သူေမးလိုက္သည္
"အဲဒါဆို သူ႕မိဘေတြဆီပို႔ၾကည့္လိုက္ရင္ေရာ"
ခ်င္းလန္မ်က္ႏွာမွာေသြးမ႐ွိေတာ့။ လုယြီ႐ွင္းကဝင္
ေျပာလာသည္
"တကယ္ေတာ့ပို႔ၿပီးသြားပါၿပီ၊မေန႔ကတည္းက A ၿမိဳ႕ကိုေရာက္သြားၿပီဒါေပမယ့္ အိမ္ထိေတာ့မပို႔ရေသးဘူးေပါ့၊
အကယ္လို႔မင္းသာ လူသတ္တာကိုဝန္မခံဘူးဆိုရင္
အင္း...ခုဆိုသြားပို႔ရင္သြားပို႔ေနေလာက္ၿပီေပါ့"
"တျခားလူေတြရဲ႕ ထင္ျမင္ခ်က္ေတြကအဲ့ေလာက္မဆိုး
ေပမယ့္ သူ႕ေဆြမ်ိဳးေတြသာဆိုရင္ေရာ၊ ဇု႐ွီ မင္းသိပ္
တစ္ကိုယ္ေကာင္းမဆန္လြန္းဘူးလား ၊မင္းကသူ႕မိဘေတြနဲ႔အတိုက္အခံျဖစ္ေစခ်င္တာလား"
ခ်င္းလန္မ်က္ႏွာကျဖဴဖတ္ေနၿပီးလက္ေတြတုန္ယင္
လာသည္။
"ဒီလိုမ်ိဳးလုပ္ဖို႔မင္းကိုဘယ္သူကခြင့္ျပဳလို႔လဲ၊
ဘယ္သူကလုပ္ခြင့္ျပဳလို႔လဲ"
"မင္းေလအဲဒါ..ငါေစာနကမင္းကိုေမးလိုက္တယ္ေလ"
လုဇုန္ဇဲ အျပဳံးေလးႏွင့္ေျပာလာသည္
"ခ်င္းဇု႐ွီ..ငါမင္းကိုေနာက္တစ္ႀကိမ္ထပ္ေမးမယ္
Golden Street ကလူသတ္မႈကိုမင္းဝန္ခံမွာလား"
လုယြီ႐ွင္း သူ႕ဖုန္း screenကို ခ်င္းလန္ေ႐ွ႕ျပလိုက္သည္၊ live ဗီဒီယိုတစ္ခုကိုျပသေနသည္။ Screenေပၚမွာျပေနသည္က ျပတင္းေပါက္ေဘာင္မွာထိုင္းေငးေနတဲ့လူတစ္ေယာက္ျဖစ္သည္။ ထိုလူက အိမ္မွာ႐ွိေနတဲ့
ေ႐ွာင္ဖ်င္အာ ျဖစ္သည္။ ဗီဒီယို႐ိုက္ေနတဲ့လူကေသခ်ာေပါက္ မ်က္ႏွာခ်င္းဆိုင္အေဆာက္အဦးကေနလွမ္း႐ိုက္ေနျခင္းျဖစ္သည္။ Screenရဲ႕ေထာင့္ကေန ႐ုတ္တရက္ေသနတ္ေျပာင္းတစ္ခုေပၚလာသည္ကိုေတြ႕ရေသာအခါ
ခ်င္းလန္ သူငယ္အိမ္တို႔ ခ်ံဳ႕သြားခဲ့သည္။
ထိုအခ်ိန္၌ သူဘာမွမသက္ဆိုင္တဲ့အရင္ကအေၾကာင္းအရာတစ္ခုကို႐ုတ္တရက္သတိရသြားသည္။
ႏွင္းေတြအျပင္းအထန္က်တဲ့ ႏွစ္တစ္ႏွစ္႐ွိခဲ့သည္။
ရက္အားျဖင့္ႏွစ္သစ္ကူးအႀကိဳေန႔ျဖစ္သည္။
ခ်င္းလန္ ဘားကေနျပန္လာတဲ့အခ်ိန္၌ သူ႕အိမ္ေ႐ွ႕တံခါးဝမွာ ငုတ္တုပ္ထိုင္ေနတဲ့ ေ႐ွာင္ဖ်င္အာကိုေတြ႕ခဲ့
ရသည္။ ႐ွပ္အက်ီအပါးေလးကိုဝတ္ထား၍ ခိုက္ခိုက္တုန္ေနေသာ္လည္း အမႈအရာကေတာ့
လုံးဝအေအးကိုမေၾကာက္တဲ့ပုံစံသာျဖစ္သည္။
ခ်င္းလန္ကိုသူေတြ႕ေတြ႕ခ်င္း မတ္တပ္ရပ္လိုက္ၿပီး
သူ႕အား ရင္ႏွီးေနေလ့႐ွိေသာထမင္းဘူး
ေလးကိုေပးလာသည္။ အဲ့အခ်ိန္က သူတို႔ႏွစ္ေယာက္
အတူစမေနရေသးသည့္အခ်ိန္ျဖစ္ၿပီးလီဖန္အမ္းကလည္းေက်ာင္းေျပးေလးျဖစ္ေနဆဲ။
ထိူအခ်ိန္ခ်င္းလန္မွင္သက္သြားခဲ့သည္၊ ဒီကေလး
ေႏြဦးပြဲေတာ္၌ သူ႕ဆီ႐ုတ္တရက္ေရာက္လာလိမ့္မယ္လို႔ သူမထင္ထားခဲ့။အလ်င္အျမန္တံခါးပြင့္ေပးလိုက္ၿပီး
သူ႕အားဝင္ခြင့္ေပးလိုက္ခဲ့သည္။
"မင္းဘာလို႔ဒီေရာက္ေနတာလဲ၊မင္းမိသားစုကေကာ
ဘယ္မွာလဲ"
ခ်င္းလန္ထမင္းဘူးကိုလွမ္းယူလိုက္ခ်ိန္
ပူပူေႏြးေႏြး႐ွိေနေသးတုန္းသိလိုက္ရသည္။
လီဖန္အမ္းကဘာမွမေျပာဒီအတိုင္းခ်င္းလန္အား
စိုက္ၾကည့္ေနၿပီး သူ႕မ်က္လုံးကတစ္ခုခုကို
ေမွ်ာ္လင့္တႀကီးျဖစ္ေနသည္။ ခ်င္းလန္ကနားလည္၍
ထမင္းဘူးကိုဖြင့္ၾကည့္လိုက္သည္ ၊ဘူးထဲမွာဖက္ထုပ္
အျပည့္ျဖည့္ထားၿပီး၊သပ္သပ္ရပ္ရပ္စီကာထည့္ထားသည္။ ဒီေလာက္ေအးၿပီးႏွင္းေတြက်ေနတဲ့ေန႔မ်ိဴးမွာ ဒီလိုပူပူေႏြးေႏြးျဖစ္ေနဖို႔ဆိုတာ ဒီကေလးတစ္လမ္းလုံးဒီဘူးကို ဖိအုပ္ၿပီးသယ္လာတာျဖစ္ရမည္။
ခ်င္းလန္ သူဒါေတြကိုဘယ္ကရသလဲေတာ့သူမသိ။
ခ်င္းလန္ရယ္ရမလားငိုရမလားေတာင္သူမသိေတာ့၊
ဒါေပမယ့္ရင္ထဲအနည္းငယ္ေတာ့လႈပ္႐ွားသြားသည္။
သူကမိဘမဲ့တစ္ေယာက္ျဖစ္၍ အေဖလည္းမ႐ွိ
အေမလည္းမ႐ွိသည့္အျပင္ ဒီၿမိဳ႕မွာ သူငယ္ခ်င္းလည္း
တစ္ေယာက္မွမ႐ွိ။ ဒီေႏြဦးပြဲေတာ္လိုမ်ိဳး မိသားစုေတြ
စုစုစည္းစည္းျဖင့္လုပ္ရသည့္ပြဲမ်ိဳးက သူ႕အတြက္ငယ္ငယ္ကတည္းကအဓိပၸါယ္မ႐ွိခဲ့၊ၿပီးေတာ့သူကလည္း
ဒါမ်ိဳးကိုအသားက်ေနၿပီျဖစ္သည္။ သူဒီလိုပြဲေတာ္မ်ိဴး
ကေပးတဲ့စိတ္လႈပ္႐ွားမႈမ်ိဴးကိုသူမရခဲ့ဘူး။ တျခားလူေတြဆီမွာ ဆုံစည္းဖို႔ မိသားစုကိုယ္စီ႐ွိၾကသည္ ၊သို႔ေသာ္
သူႏွင့္ဒီလိုေန႔ရက္မ်ိဳးတြင္အေဖာ္ျပဳၿပီးကုန္ဆုံးေပမယ့္လူတစ္ေယာက္မွမ႐ွိခဲ့။
"မင္းကိုယ္တိုင္လုပ္ထားတာလား"
ခ်င္းလန္ထိုကေလးကိုေမးလိုက္သည္။ခ်င္းလန္ တစ္ခုေလာက္ကိုယူလိုက္ၿပီး ပါးစပ္ထဲေကာက္ထည့္လိုက္
သည္။ သူ လီဖန္အမ္းအေျဖကိုေစာင့္စရာမလိုေတာ့၊
သူသိလိုက္သည္ ဒီကေလးကိုယ္တိုင္လုပ္ထားတာမွန္း။ ဖက္ထုပ္ရဲ႕ ဂ်ံဳသားကတစ္အားထူေနၿပီး၊ အတြင္းထဲကအသားေတြကလည္း မခ်က္ေသး။
သူအဲ့လိုေတြးေသာ္ျငားလည္း လီဖန္အမ္းကို
လက္မေထာင္ျပလိုက္ၿပီး
"အရသာ႐ွိတယ္"
လီဖန္အမ္းထိန္းမထားႏိုင္ေတာ့ဘဲ ကေလးေလး
တစ္ေယာက္လို ေပ်ာ္ေပ်ာ္႐ြင္႐ြင္ျပဳံးျပလာၿပီး၊
သူ႕ရည္႐ြယ္ကိုထုတ္ေဖာ္ေျပာျပလာခဲ့သည္။
"ႏွစ္သစ္ကူးအတြက္ ကြၽန္ေတာ္ခင္ဗ်ားကို
အေဖာ္ျပဳေပးမယ္"
ဖက္ထုပ္အတူတူစားၾက၊TVကလာတဲ့
ေႏြဦးပြဲေတာ္အစီအစဥ္ကိုအတူတူၾကည့္ၾက၊
မီးပန္းေလးေတြေဖာက္ၾက ၊ခ်င္းလန္ငယ္ငယ္က
မလုပ္ျဖစ္ခဲ့တဲ့အရာေတြကို ဒီတစ္ညထဲမွာ
သူလုပ္ျဖစ္ခဲ့သည္။
လီဖန္အမ္းကအပူေပးထားတဲ့အခန္းထဲမွာေနတာၾကာ
သြား၍ အျပင္ကေအးေနတယ္ဆိုတာကို႐ုတ္တရက္ေမ့သြားသည္။ သူအျပင္ထြက္လာေတာ့ ကုတ္အက်ီမဝတ္ထားသည္ျဖစ္၍ခ်င္းလန္သူေအးခဲသြားမည္ကိုစိုးရိမ္ေသာေၾကာင့္ ခ်င္းလန္သူဝတ္ထားတဲ့ Down Jacketကိုခြၽတ္ေပးလိုက္သည္သို႔ေသာ္ လီဖန္အမ္းကဒါကိုတစ္ေယာက္တည္းမဝတ္ခ်င္ျဖစ္ေနေသာေၾကာင့္
ႏွစ္ေယာက္သားထို jacketကိုျခဳံထားလိုက္ၿပီး
ေခါင္းမိုးထပ္ေပၚ ၌ေကြးေကြးေလးထိုင္ေနလိုက္ၾကကာ
မီး႐ႈးမီးပန္းေတြေဖာက္လႊတ္ေနသည္ကိုထိုင္ၾကည့္
ေနလိုက္ၾကသည္။ ႏွစ္သစ္ကူးေၾကာင့္ေခါင္းေလာင္းသံ
ႏွင့္အၿပိဳင္ႏွင္းေတြက်ဆင္းေနၿပီး လီဖန္အမ္းရဲ႕
အေအးဒဏ္ေၾကာင့္ရဲေနတဲ့ မ်က္ႏွာေလးကိုၾကည့္မိလိုက္ခ်ိန္ သူရင္ခုန္တယ္ဆိုတဲ့ခံစားခ်က္ကိုသူစတင္
နားလည္လာခဲ့သည္။
ဘုရားသခင္ကသူ႕ကိုဆိုးဆိုး႐ြား႐ြားေတာ့
မဆက္ဆံခဲ့ပါဘူး၊ သူ႕ေဘးနားကို ဒီလိုေကာင္းမြန္
တဲ့လူတစ္ေယာက္ကိုပို႔ေပးခဲ့ေလသည္။
ထိူလူကသူ႕အတြက္မိသားစုလိုျဖစ္ေနၿပီး၊ တစ္ေယာက္ေပၚတစ္ေယာက္အမီျပဳၿပီးေနထိုင္ၾကသည္၊ တစ္ေယာက္နဲ႔တစ္ေယာက္ေႏြးေထြးမႈေတြ အျပန္အလွန္ေပးၾကသည္။သူအၿမဲေတြးမိသည္ သူဒီလိုေကာင္းမြန္တဲ့ကေလးကိုသူပိုင္ဆိုင္ထားရပါလားဆိုၿပီး။ ဘယ္လိုလုပ္ဒီလိုကေလးမ်ိဳးကိုသေဘာမက်တဲ့ မိဘေတြ႐ွိေနမွန္းမသိ။အဲ့အခ်ိန္ကအစသူ႕ကိုယ္သူအၿမဲေျပာခဲ့တယ္၊
သူနဲ႔အတူအေဖာ္ျပဳေပးရမယ္၊သူ႕ကိုကာကြယ္ေပးရမယ္၊
သူ႕ကိုေစာင့္ေ႐ွာက္ေပးရမယ္၊ သူ႕ကို တစ္ဆင့္ၿပီး
တစ္ဆင့္ရင့္က်က္တဲ့လူတစ္ေယာက္အျဖစ္ျပဳစုပ်ိဳးေထာင္ေပးရမည္ဟူ၍။
ျပတင္းေပါက္ေဘာင္ေပၚက ပူစီနာအပင္ေလးကခုခ်ိန္ထိေရမေလာင္းရေသး။ တစ္ေယာက္မွေရမေလာင္းေပးရင္ ဒီႏွစ္ကုန္ေက်ာ္တဲ့အထိဘယ္လိုလုပ္႐ွင္
ပါေတာ့မလဲ။
သူလက္ေလွ်ာ့လိုက္ကာမ်က္လုံးေလးကိုအသာေလး
ပိတ္လိုက္၍
"ငါသတ္လိုက္တာ"
သူေျပာလိုက္တဲ့အခ်ိန္မွာ မ်က္ႏွာခ်င္းဆိုင္က
လူႏွစ္ေယာက္ သိသိသာသာကိုသက္သာရာ
ရသြားၾကသည္။ လုဇုန္ဇဲျပဳံးလိုက္ၿပီး ပခုံးကို
လွမ္းပုတ္လိုက္ကာ
"ငါသိပါတယ္မင္းကလိမၼာၿပီးစဥ္းစားတက္တဲ့
ကေလးဆိုတာ၊ မင္းအထဲမွာအဆင္ေျပေျပေနလို႔
ရေအာင္ငါတက္ႏိုင္သေလာက္ႀကိဳးစားေပးပါ့မယ္၊
ငါၾကားထားတယ္ မင္းဗိုက္ခြဲစိတ္ထားတာမၾကာေသးဘူးဆို၊ မင္းစားလို႔မရေသးတဲ့အစားေသာက္ေတြ႐ွိမွာေပါ့"
ခ်င္းလန္တစ္ေယာက္ ေက်ာ႐ိုးဖယ္ခံလိုက္ရသည့္ အ႐ုပ္တစ္႐ုပ္လိုမ်ိဴး အ႐ုပ္ႀကိဳးပ်က္ေျမျပင္ေပၚသို႔လဲက်သြားသည္။
လုယြီ႐ွင္း အသံသြင္းထားတဲ့ေဖာင္တိန္ကိုျပန္သိမ္း
ထားလိုက္ၿပီးစိတ္ေက်နပ္မႈအျပည့္ျဖင့္ လုဇုန္ဇဲ နဲ႔
အတူထြက္လာခဲ့သည္။သူေျပာလိုက္သည္
"ရဲေတြမၾကာခင္ေရာက္လာေတာ့မယ္၊
အကိုႀကီးသူတို႔ကိုဘယ္လိုသတင္းေပးဖို႔စီစဥ္ထားလဲ"
ခ်င္းလန္စီကထြက္လာခဲ့ၾကၿပီးေနာက္ ၊ လုယြီ႐ွင္း
လုဇုန္ဇဲအားလွည့္ေမးလိုက္သည္။
"အကိုႀကီး ၊အဲ့ လီဖန္အမ္းဆိုတဲ့တစ္ေယာက္ကို
ဒီအတိုင္းဘဲလႊတ္ေပးလိုက္ေတာ့မွာလား"
"အဲ့ပုံေတြကသူ႕အတြက္အေႏွာင့္အယွက္ေကာင္း
ေကာင္းေလးျဖစ္မွာပါ" လုဇုန္ဇဲအျပဳံးေလးႏွင့္
ဆိုလိုက္သည္
"မင္းလုပ္တာေကာင္းတယ္၊အခုဆိုငါတို႔
ခဲတစ္လုံးနဲ႔ ငွက္ႏွစ္ေကာင္ပစ္မိသြားၿပီ"
"သူ႕ကို႐ွင္းဖို႔အတြက္ကြၽန္ေတာ္တျခားတစ္ေယာက္
ေတာင္႐ွာစရာမလိုပါဘူး" သူသာတစ္ခုခုျဖစ္သြားခဲ့ရင္
ခ်င္းဇု႐ွီ တအားေသာကေရာက္သြားမယ္ေလဟုတ္တယ္မလား။
"မလုပ္နဲ႔အုံးသူ႕ကိုငါတို႔တစ္ခုခုလုပ္လိုက္ရင္အေျခေနေတြေျပာင္းသြားလိမ့္မယ္၊သူ႕မိဘေတြပါ ပါလာရင္မေကာင္းဘူး" လီဇုန္ဇဲကျငင္းလိုက္သည္။
"ၿပီးေတာ့ ႐ုပ္ပိုင္းဆိုင္ရာနာက်င္တာထက္ပိုခံရခက္တဲ့
အျပစ္ေပးတာမ်ိဳး႐ွိေသးတယ္ ၊မင္းေစာင့္ဆိုင္း
ၿပီးသာၾကည့္ေနလိုက္ပါ"
........................................................
ခ်င္းလန္အိမ္မက္ကေန႐ုတ္တရက္လန္႔ႏိုးလာခဲ့သည္။
သူ႕ေဘးပတ္ဝန္းက်င္ကေမွာင္မိုက္ေနဆဲျဖစ္သည္။
သူဒီမွာ႐ွိတာရက္အနည္းငယ္ၾကာၿပီျဖစ္ေပမယ့္
သူဒီေမွာင္မိုက္ေနတဲ့ပတ္ဝန္းက်င္ကိုအသားမက်ေသး။
႐ွိသမွ်အလင္းေရာင္ေတြကစုပ္ယူခံလိုက္ရၿပီး ေမွ်ာ္လင့္ခ်က္ေတြေပ်ာက္ဆုံးေနသလိုခံစားရသည္။
သူ႕ဗိုက္ကဒဏ္ရာကလည္း ဓါးနဲ႔ထိုးေနသကဲ့သို႔
တဆစ္ဆစ္နာက်င္ေနသည္။ ခ်င္းလန္နာက်င္ေသာ
ေၾကာင့္ လူးလိမ့္ေနမိေသာအခါ သူ႕ကိုခ်ဳပ္ထားတဲ့လက္ထိပ္၊ေျခထိပ္ေတြကလႈပ္႐ွားမႈေၾကာင့္ ဆူဆူညံညံအသံေတြထြက္လာသျဖင့္သူ႕ေအာက္ကေထာင္သားလည္း အသံေၾကာင့္ႏိႈးလားၿပီးစတင္၍ ႐ိုင္း႐ိုင္းစိုင္းစိုင္းေအာ္ဟစ္ကာ ေျခေထာက္ကိုဆန္႔၍ အေပၚထပ္ကိုလွမ္းကန္လိုက္သည္။
" * မို႔လို႔ ဆူညံသံေတြျဖစ္ေအာင္လုပ္ေနတာလား၊
ေသစမ္း "
"ေတာင္းပန္ပါတယ္..."
ခ်င္းလန္အားမ႐ွိစြာေျပာလိုက္ၿပီး တင္းတင္းက်ပ္က်ပ္
ကိုယ္ကိုေကြးထားလိုက္ေတာ့သည္။
လုဇုန္ဇဲရဲ႕ အဆင္ေျပေအာင္ ဆိုတဲ့စကားက
စကားသက္သက္မဟုတ္ခဲ့။ ခ်င္းလန္ရဲ႕ ခႏၶာကိုယ္က ခြဲစိတ္ထားရာကေနအျပည့္အဝျပန္မေကာင္းေသးသည့္အျပသူ႕ရဲ႕ေသာက္ေဆးေတြကိုပါျဖတ္ေတာက္ခံလိုက္ရသည္။ သူ႕ခ်ဳပ္႐ိုးျပန္ဖြင့္သြားႏိုင္တဲ့သည့္အေျခေနမွာ႐ွိေနသည္။ သူစားရတဲ့အစားေသာက္ေတြကလည္း မာထင္ၿပီးေျခာက္ေသြ႕ေနသည္၊ၿပီးလွ်င္အားလုံးကိုင႐ုပ္ေကာင္းမႈန္႔ျဖဴးထားျခင္းျဖစ္သည္။ ဘယ္လိုျဖစ္ျဖစ္ အအား႐ွိေအာင္စားရမည္ျဖစ္၍ ထမင္းအနည္းငယ္ကိုသာယူၿပီး သူမစားခင္ေရေႏြးနဲ႔ေဆးကာစားသည္။ ဒါေပမယ့္လည္းညေရာက္လွ်င္ သူ႕ဗိုက္ကနာက်င္ေနဆဲျဖစ္သည္။
လြန္ခဲ့တဲ့ႏွစ္ရက္ေလာက္ကေစာင့္ၾကည့္တာဝန္က်တဲ့လူကသူထမင္းကိုလုပ္ေနတာကိုေတြ႕သြားၿပီး ၊ ေရေႏြးရခြင့္
ပိတ္ပင္ခံလိုက္ရသည္။ ရလဒ္အေနနဲ႔ ခ်င္းလန္ထိုထမင္းမာေတြကိုေလွ်ာ့စားလိုက္ရ၍ ရက္အေတာ္မ်ားမ်ား ေကာင္းေကာင္းမစားျဖစ္ေတာ့။ သူလမ္းေလွ်ာက္တိုင္းမူးေနသလိုခံစားရသည္။
ဒီကရာဇဝတ္သားေတြအကုန္လုံးက လက္ထိပ္၊ေျခထိပ္ေတြနဲ႔ျဖစ္သည္။ ဒါေပမယ့္ခ်င္းလန္ရဲ႕ လက္ထိပ္ေတြကေတာ့အထူးဂ႐ုစိုက္ ေ႐ြးခ်ယ္ထားျခင္းခံထားရသည္ျဖစ္၍တျခားသူ႕ေတြရဲ႕ဟာထက္ အေတာ္ေလးထူၿပီးေလးသည္။သူရဲ႕ နဂိုျဖဴေဖြးၿပီးေသးငယ္တဲ့လက္ေကာက္ဝတ္ေတြမွာ အေရျပားထဲကေနေသြးစိမ့္ေနၿပီး ျပည္ေတာင္တည္ေနၿပီျဖစ္သည္။ လမ္းေလွ်ာက္တိုင္း ေျခေထာက္ကိုေ႐ြ႕႐ုံမွ်သ ေ႐ြ႕ႏိုင္ၿပီး လႈပ္လိုက္တိုင္းရင္ဘက္ကပါေအာင့္ေနသည္။
တကယ္တမ္းအနာက်င္ဆုံးရကေတာ့ထိုဒဏ္ရာေတြ
မဟုတ္။ တစ္ေန႔ကသူ ေ႐ွာင္ဖ်င္အာကိုေျပာခဲ့သည့္
စကားမ်ားသာျဖစ္သည္။ သူေ႐ွာင္ဖ်င္အာ ဘယ္လိုခံစားေနရမည္ဆိုတာကိုေတြးေတာင္မၾကည့္ရဲ။ ေသခ်ာတာေပါ့ သူေ႐ွာင္ဖ်င္အာကိုလက္မလႊတ္ခ်င္ဘူး၊သူဒီလိုေတြသာမေျပာရင္ သူ႕ကို ေ႐ွာင္ဖ်င္အာေစာင့္ေနမွာပါလို႔
ေမွ်ာ္လင့္ေနမိမွာဆိုးသည္။
ႏွစ္ေတြဆိုတာကုန္တာျမန္ပါတယ္၊သူသည္းခံႏိုင္မွာပါ။
ဒါေပမယ့္ေ႐ွ႕ေန႔ေျပာတာကေတာ့ သူက တမင္တကာလူသတ္ခဲ့ၿပီး ၁၀ႏွစ္ၾကာထြက္ေျပးေနခဲ့တာမို႔ သူ႕အျပစ္ဒဏ္က ၾကာမည္ျဖစ္သည္။ ၿပီးေတာ့ လုဇုန္ဇဲကလည္းၾကားဝင္ထားသည္မို႔ သူ႕အျပစ္ဒဏ္ကအနည္းဆုံး ၁၀ႏွစ္ေလာက္ကေတာ့ၾကာႏိုင္သည္။
သူျပန္လႊတ္လာတဲ့အခါက် သူအသက္၅၀ေလာက္ေတာ့႐ွိမည္ထင္သည္။ သူ႕ သြင္ျပင္ကအၿမဲသူ႕ကို ဆယ္ေက်ာ္သက္သို႔မဟုတ္ ၂၀ေက်ာ္အ႐ြယ္ထင္ရေစေသာ္လည္း၊
လုယြီ႐ွင္း တစ္ခါေျပာခဲ့တာကမွန္သည္ ခ်င္းလန္ရဲ႕မ်က္လုံးနဲ႔အေတြ႕အၾကဳံကသူ႕ကိုသစၥာေဖာက္သြားသည္။
သူမငယ္ေတာ့ဘူး။ သူ ေ႐ွာင္ဖ်င္အာကို
၁၀ႏွစ္ေက်ာ္ၾကာ ဒီရာဇဝတ္သားအဖိုးႀကီးအတြက္
ေစာင့္ခိုင္းရမွာလား။သူကရတယ္ဆိုရင္ေတာင္၊ ေ႐ွာင္ဖ်င္အာက ဒီလိုမေနသင့္။ ထိုကေလးက ငယ္ေသးၿပီးထက္ျမက္သည္။ ဒါခ်င္းလန္ကိုယ္တိုင္ျပဳစုခဲ့သည့္
ကေလးမို႔သူသိသည္။ သူမ႐ွိေတာင္ ေ႐ွာင္ဖ်င္အာက
တျခားလူေတြထက္ေတာ့နိမ့္သြားမွာမဟုတ္။
ထိုကေလးက ဒီထက္ပိုေကာင္းၿပီးသင့္ေတာ္တဲ့ ခ်စ္သူမ်ိဴးနဲ႔ပိုထိုက္တန္သည္၊ အမွန္တကယ္သူရဲ႕
ရင္ေသြးကိုေမြးဖြားေပးႏိုင္မည့္ ခ်စ္သူမ်ိဴး။
"ဟိုနားကတစ္ေယာက္၊လာခဲ့အုံး "
အေဝးကတစ္ေယာက္ေယာက္ကလွမ္းေခၚလိုက္သျဖင့္ ခ်င္းလန္အေတြးေတြရပ္တန္႔သြားခဲ့သည္။
လြန္ခဲ့ရပ္ေတြကမိုးေတြဆက္တိုက္အသည္းအသန္
႐ြာထားသည္။ ထိုစိုစိုစြတ္စြတ္ေလထုက ခ်င္းလန္ရဲ႕
မ်က္ႏွာကိုေဖ်ာ့သထက္ေဖ်ာ့ေနေစသည္။ သူေနမေကာင္းတာေၾကာင့္ သူ႕ပခုံးေတြေသးငယ္လာခဲ့ၿပီး ေလတိုက္လွ်င္ေတာင္က်ိဳးပဲ့ေတာ့မတက္ျဖစ္ေနသည္။
အထက္အရာတစ္ဦးကလာေရာက္စစ္ေဆးမည္ျဖစ္၍
အရာ႐ွိေတြက လူစုစည္း၍စတင္သန္႔႐ွင္းလုပ္ခိုင္းသည္။ ခ်င္းလန္က ေရကန္ေဟာင္းထဲက
႐ြံေတြကို သန္႔႐ွင္းဖို႔တာဝန္က်သည္။ သူ႕ေျခေထာက္က
မန္းအနာကအေတာ္ဆိုးေနသည္ျဖစ္၍၊ ေထာင္ထဲကသူနဲ႔အနည္းငယ္ခင္မင္တဲ့သူေတြက
သူ႕ကိုေရထဲမဆင္းခိုင္းရဲၾက။
ဒါေၾကာင့္ခ်င္းလန္ ေဘာင္ေပၚက႐ြံေတြကိုဘဲ
သန္႔႐ွင္းရသည္။
ခ်င္းလန္အေခၚ ခံရျပန္သည္၊ ဒီတစ္ခါလည္း အထူးဂ႐ုစိုက္မႈကိုခံရမည္မွန္းသိ၍ သူ႕စိတ္ထဲ၌သာသက္ျပင္းခ်လိုက္ေတာ့သည္။ ေထာင္မႉးအိုႀကီးကေတာ့
သူ႕ကိုမသြားေစလို၍ လွမ္းဆြဲထားသည္။
ခ်င္းလန္ျပဳံးကာေျပာလိုက္သည္
"အဆင္ေျပပါတယ္"
"ငါ့လက္စြပ္အထဲျပဳတ္က်သြားတာမလို႔၊သြား႐ွာလာခဲ့"
"ဟုတ္ကဲ့"
ခ်င္းလန္အက်ႌလက္ကိုေခါက္တင္လိုက္ၿပီး၊သူရဲ႕
တခြၽင္ခြၽင္ျမည္ေနတဲ့ အရာေတြကိုေရထဲသို႔ဆြဲသြားလိုက္သည္။ ထိုေရညစ္ေတြက သူ႕ေျခက်င္းဝတ္ကိုစူး
ခနဲျဖစ္ေစၿပီးနာက်င္သြားသည္၊ တစ္ခ်ိန္တည္းမွာဘဲ
ရာခ်ီတဲ့အင္းစက္ပိုးမႊားေတြဝင္သြားသလိုခံစားလိုက္ရသည္။ သူမနက္စာမစားထား၍ ခ်င္းလန္တြင္သၾကားဓါတ္နည္းပါးေနသည္။ သူငုံလိုက္တဲ့အခ်ိန္ တစ္ကိုယ္လုံးကေသြးေတြကေခါင္းထိပ္ေဆာင့္တက္လာသလိုခံစားလိုက္ရၿပီး ေရထဲျပဳတ္က်ေတာ့မလိုေတာင္ျဖစ္သြားသည္။ ေရထဲကေနသူရဲ႕ မ်က္တြင္းေဟာက္ပက္ျဖစ္ေနတဲ့သြင္ျပင္ကိုေတြ႕လိုက္ရေသာအခါ ၊သူ႐ုတ္တရက္
ပ်ိဳ႕ခ်င္စိတ္ျဖစ္လာၿပီး အလ်င္အျမန္နာက်င္ေနေသာသူ႕ဗိုက္ကိုအသာဖိထားလိုက္သည္။
ေလေအးကျဖတ္တိုက္သြားသျဖင့္ ခ်င္းလန္ရဲ႕ပါးလႊာတဲ့
ေထာင္သားဝတ္စုံကလွန္လွန္သြားသျဖင့္ အက်ႌစအား
တင္းတင္းက်ပ္က်ပ္ကိုယ္မွာစည္းထားလိုက္ၿပီး၊
လက္ျဖင့္ကန္ေအာက္ေျခအားစမ္းတဝါးဝါးစမ္း႐ွာေနသည္။
ေဘးနားကလူေတြအကုန္လုံးလည္း ေထာင္ၾကပ္ကသူ႕ကို ပစ္မွတ္ထားေနမွန္းသိသည္။ ခ်င္းလန္နဲ႔တစ္ခ်ိန္တည္း ေထာင္က်တဲ့သူေတြက ခ်င္းလန္အား ကူ႐ွာေပးၾကေသာ္လည္း အေအာ္ခံလိုက္ရၿပီး ျပန္လႊတ္ခံလိုက္ရသည္။
ေရကန္ထဲလက္စြပ္႐ွာသည္က ေကာက္႐ိုးပုံထဲအပ္႐ွာရ
သလိုပင္။သို႔ေသာ္ ခ်င္းလန္ကစိတ္႐ွည္သည္ ။
ေရေအးထဲမွာ နာရီပိုင္းေလာက္ စိမ္႐ွာေနၿပီး အၾကာမွာေတာ့႐ွာေတြ႕ ခဲ့သည္။
ေထာင္ၾကပ္ကေနာက္ထပ္ျပႆနာထပ္မ႐ွာေတာ့၊
ခ်င္းလန္ ပုံစံကိုၾကည့္မိၿပီး တစ္ဖက္ကတကယ္
အားနည္းေနတဲ့ပုံစံမို႔ သူအနည္းငယ္ က႐ုဏာ
သတ္မိသြားၿပီး ကန္ေဘာင္ေပၚသို႔ျပန္တက္လာခဲ့ခိုင္းလိုက္သည္။
ခ်င္းလန္စိတ္သက္သာရာရသြားခဲ့သည္။
သို႔ေသာ္သူစိတ္သက္သာရာရတာေစာသြားသည္ထင္
ေရေအးထဲမွာရပ္ေနတာၾကာၿပီျဖစ္၍ သူ႕ေျခေထာက္ေတြကထုံေနၿပီး၊သူေျခလွမ္းမည့္အခိုက္ ေရထဲကေနသူ႕ေျခက်င္းဝက္ကိုတစ္စုံတစ္ေယာက္က ဆြဲထားသလို
ျဖစ္ေန၍ သူမလုပ္ႏိုင္ျဖစ္သြားၿပီး၊ ေရထဲသို႔ျပန္ျပဳတ္က်သြားသည္။
ႏွစ္အစပိုင္းျဖစ္၍ ကန္ထဲကေရေတြကေရေငြ႕ပ်ံထား၍
အနက္ဆုံးကရင္ဘတ္နားေလာက္သာ႐ွိသည္ျဖစ္၍
သူ႕ဘာသာျပန္ထႏိုင္မွာပါလို႔ေတြး၍ ဒီတိုင္းဘဲထားလိုက္ၾကသည္။မေမွ်ာ္လင့္ထားသည္ကအခ်ိန္အေတာ္ၾကာတဲ့အထိေရထဲမွာဘာလႈပ္႐ွားမႈမွမေတြ႕ရ။
"မဟုတ္မွလြဲလို႔ သူ႕ေျခထိပ္ေတြ႐ြံ႕ထဲမွာညႇပ္ေနတာလား"
တစ္ေယာက္ကလွမ္းေအာ္ေျပာလိုက္သည္။
ေထာင္ၾကပ္ထိုစကားကိုၾကားေတာ့သူေအာက္ကိုဆင္းလာခဲ့သည္။ သူခ်င္းလန္ကိုသင္ခန္းစာေပးဖို႔
လာဘ္ထိုးခံထားရသည္ဆိုေပမယ့္ အကယ္လို႔ေထာင္သားတစ္ေယာက္က မေတာ္မဆျဖစ္တယ္ဆိုရင္သူဘဲတာဝန္ယူရမွာျဖစ္သည္။သူလွမ္းေအာ္လိုက္သည္။
"ျမန္ျမန္သူ႕ကိုဆြဲထုတ္ၾက"
ခ်င္းလန္ကိုေဘာင္ေပၚဆြဲတင္ၿပီးတဲ့အခ်ိန္ ခ်င္းလန္မွာ
အသက္႐ွဴရပ္တန္႔လုနီးပါးျဖစ္ေနသည္။
သူ႕မ်က္လုံးေတြမွိတ္ထားသည္မွာ လူေသ
အေလာင္းေကာင္အတိုင္းျဖစ္လို႔ေနသည္။ ဆရာဝန္ကအလ်င္အျမန္လာၾကည့္ေပးသည္။ ဆရာဝန္မ်က္ႏွာ
အမူအရာေျပာင္းလဲသြားၿပီး သူအေစာင့္ေတြကိုလွမ္းေခၚလိုက္ကာ၊ အထက္အရာ႐ွိေတြကိုအျမန္ဆက္သြယ္လိုက္စမ္းသူ႕ကိုခ်က္ခ်င္းေဆး႐ုံပို႔မွျဖစ္မယ္လို႔။
အဲဒါနဲ႔ အႀကီးအက်ယ္ပြက္ေလာ႐ိုက္သြားခဲ့သည္။
ခ်င္းလန္ေထာင္ထဲမွာဘယ္လိုေနခဲ့ရသည္ႏွင့္ ေသလုနီးပါးျဖစ္ခဲ့ရေၾကာင္း။တစ္ခဏေလာက္ေျပာစရာျဖစ္သြားၿပီး၊ မုန္႔ခြၽမ္းရဲ႕အသိတစ္ေယာက္ဆီသို႔ သတင္းကအလ်င္အျမန္ျပန္႔သြားသည္။
ထိုသတင္းကိုလီဖန္အမ္းၾကားသည္ႏွင့္တစ္ၿပိဳင္နက္
အသိစိတ္လႊတ္ေနတဲ့ ျခေသၤ့ တစ္ေကာင္လိုေပါက္ကြဲေနၿပီး ခ်င္းလန္အားအပူတျပင္းသြားေတြ႕မည္လုပ္သည္။ကံဆိုးသည္က ခု ခ်င္းလန္က အထူးဂ႐ုစိုက္ခံေနတဲ့ပစ္မွတ္ျဖစ္ေနၿပီး သူ႕လူေတြေတာင္ ခ်ဥ္းကပ္လို႔မရဘူးျဖစ္ေနသည္။
မုန္႔ခြၽမ္းလည္းေခါင္းကိုက္ေနသည္။လီဖန္အမ္းသည္သက္႐ွိသားရဲတစ္ေကာင္ျဖစ္ၿပီးသူ႕ကို ထိန္းေက်ာင္းတဲ့ ခ်င္းလန္မ႐ွိလွ်င္ သူ႕ကိုဘယ္သူမွထိန္းမရ။ လီဖန္အမ္း
ထူးထူးဆန္းဆန္း တည္တည္ၿငိမ္ၿငိမ္နဲ႔ေခါင္းေမာ့လာ
သည္၊သူ႕မ်က္သားေတြရဲတက္လာသည္။
"မင္းဘာဆက္လုပ္မွာလဲ"
မုန္႔ခြၽမ္းကသူတစ္တစ္ခုခုတဇြတ္ထိုးလုပ္မည္ဆိုး၍
ထိန္းထားမလို႔လုပ္ေသာ္လည္း၊သူမထိန္းႏိုင္ခဲ့။
Queen's barအတြက္ဝိုင္သယ္ယူပို႔ေဆာင္ေပးတဲ့ သိပ္မသုံးျဖစ္တဲ့pick-up truckတစ္စီး႐ွိၿပီး၊ ဆိုင္ေနာက္ေဖးမွာအၿမဲရပ္ထားေလ့႐ွိသည္။မုန္႔ခြၽမ္းကတားေနေသာ္ျငားလည္း လီဖန္အမ္းထိုကားေသာ့ကို
ယူလိုက္ၿပီး ေမာင္းထြက္သြားဖို႔လုပ္ေတာ့သည္။
"ဖန္ေမာင္၊မင္းဆိုင္ကယ္႐ွိလား၊သူနဲ႔လိုက္သြားစမ္း"
မုန္႔ခြၽမ္းလွမ္းေအာ္လိုက္သည္။
လီဖန္အမ္းက Mr.Greenကိုသြား႐ွာျခင္းျဖစ္သည္။
သူခုသေလာလမ္းေပၚကေန သတင္းအခ်က္အလက္ေတြ႐ွာထားၿပီး Mr.Greenရဲ႕ ေနထိုင္ရာေနရာကို
သိခဲ့ရသည္။ သူသတင္းအစအနေတြသိရၿပီး ထိုလူနဲ႔
ေဆြးေႏြးဖို႔စီစဥ္ထားတာျဖစ္သည္၊ဒါေပမယ့္သူခုထိုအခ်ိန္ကိုထိုင္ေစာင့္မေနႏိုင္ေတာ့။သူဆက္ၿပီးအခ်ိန္ဆြဲေနလွ်င္ခ်င္းလန္ေသသြားႏိုင္သည္။
လီဖန္အမ္း Mr.Green ေနထိုင္ရာအိမ္သို႔တိုက္႐ိုက္
ေမာင္းသြားလိုက္ၿပီး ကားအားလမ္ၾကားမွာပိတ္ရပ္ထားခဲ့လိုက္သည္။ ထိုေနရာ၌ Mr.Greenေရာ
ဇုန္႔က်ဲမင္ေရာ႐ွိေနသည္။ လီဖန္အမ္းက်ဳးေက်ာ္ဝင္ေရာက္လိုက္ၿပီး ဇုန္႔က်ဲမင္ မတုန္႔ျပန္လိုက္ခင္မွာဘဲ
သူ႕ေခါင္းအ႐ိုက္ခံလိုက္ရသည္။
"သန္မာတဲ့လူေတြက ကလိမ္ကက်စ္ၾကတဲ့လူကိုေၾကာက္တယ္၊ကလိမ္ကက်စ္ၾကတဲ့လူေတြကက်ဒီလိုမ်ိဳး အသက္ကိုေတာင္စြန္႔လႊတ္ထားတဲ့လူမ်ိဳးကိုေၾကာက္သည္"ဟူ၍ေျပာစ႐ွိသည္ ။ သူတစ္ခ်ိန္လုံး
ကလိမ္ကက်စ္ၾကေပမယ့္၊ Mr.Greenသည္ သူ႕အသက္ကိုေတာ့တန္ဖိုးထားသည္၊ သူကားထဲကေနလုံးဝထြက္မလာဘဲသူ႕လက္ေအာက္ငယ္သားေတြကိုအလ်င္အျမန္လွမ္းေခၚဖို႔အခ်က္ျပလိုက္၍၊ဇုန္႔က်ဲမင္ ဖုန္းဆက္မည္အျပဳ လီဖန္အမ္းကသတိထားမိသြားၿပီးထိုဖုန္းကို စတီးပိုက္နဲ႔႐ိုက္ခ်လိုက္သည္။
ၿပီးေနာက္လီဖန္အမ္း ဇုန္႔က်ဲမင္ကိုဆံပင္ကေနဆြဲမလိုက္ၿပီး
"ငါေမးမယ္ ၊ အရင္ကခ်င္းလန္ရဲ႕ မ်က္ႏွာကို
ထိခိုက္ေအာင္လုပ္ခဲ့တာမင္းလား"
"ငါတမင္ရည္႐ြယ္ၿပီးလုပ္တာမဟုတ္ပါဘူး၊
ၿပီးေတာ့သူကအရင္ငါ့ကိုစထိုးတာေလ"
ဇုန္႔က်ဲမင္ခါးသက္သက္ငိုေႂကြးေနၿပီး ဒူးေထာက္ခ်
မိေတာ့မတက္ျဖစ္ေနသည္။
လီဖန္အမ္းလက္ထဲက စတီးပိုက္နဲ႔႐ြယ္လိုက္ၿပီး
ေမးလိုက္သည္။
"ဘယ္လက္နဲ႔သူ႕ကို ႐ိုက္ခဲ့တာလဲ"
"ညာဘက္၊ညာဘက္"
ေကာင္းကင္ႀကီးကိုအက္ကြဲေစေလာက္သည့္အသံ
တစ္သံနားထဲကိုထိုးေဖာက္ဝင္ေရာက္သြားသည္။
လီဖန္အမ္းကသူ႕အားအျပစ္ေပးေနသည့္
႐ိႈးကိုျပသေန၍၊ Mr.Greenမ်က္ႏွာမွာေဒါသ
ေၾကာင့္အစိမ္းေရာင္သန္းလာသည္။ လီဖန္အမ္းကားျပတင္းေပါက္ကို ခြဲလိုက္ၿပီးသားရဲလိုအၾကည့္ေတြနဲ႔
သူ႕ကိုကားထဲကေနဆြဲထုတ္လိုက္သည္။ Mr.Green
သည္သူတို႔ႏွစ္ေယာက္လက္ဗလာနဲ႔ယွဥ္ခ်ရင္ေတာ့
သူအႏိုင္ရမည္ျဖစ္ေၾကာင္းယုံၾကည္ခ်က္႐ွိသည္၊
သို႔ေသာ္လီဖန္အမ္းလက္ထဲတြင္ လက္နက္႐ွိေနသည္။
အေျခေနကိုသုံးသပ္ၿပီးေနာက္ သူလက္ေျမႇာက္ျပလိုက္ကာအ႐ႈံးေပးလိုက္ေတာ့သည္။
"ငါခ်င္းလန္အေၾကာင္းသိတယ္"
"ေျပာစမ္း"
"အဲဒီ ခ်င္းလန္ကအရင္က ခ်င္းဇု႐ွီ ျဖစ္ၿပီးေတာ့၊
ငါ့အရင္စီနီယာေတြဆီကၾကားဖူးတာေတာ့
သူငယ္ငယ္က လုမိသားစုေခါင္းေဆာင္နဲ႔အတူ႐ွိေနခဲ့တယ္ဆိုတာဘဲ"
ခ်င္းလန္မ်က္ေမွာင္က်ံဳ႕သြားၿပီး"ဘယ္သူနဲ႔"
"မဟုတ္ဘူးငါေျပာခ်င္တာ သူအရင္ကအဲ့မိသားစု
အတြက္အလုပ္လုပ္ေပးခဲ့တာ၊ အဲ့အခ်ိန္တုန္းက
လုမိသားစုေခါင္းေဆာင္ကဒီအတိုင္း ဂန္းစတားေခါင္းေဆာင္သာသာဘဲ၊ သူ႕ အဖြဲ႕သားက အေယာက္ ၂၀ေလာက္ဘဲ႐ွိၿပီးေတာ့ ခ်င္းဇု႐ွီကေတာ့ အစြမ္းဆုံးေပါ့၊
ေနာက္ပိုင္းသူတို႔ႏွစ္ေယာက္ကေသြးေသာက္ညီအကို
ေတြလိုျဖစ္သြားၾကတယ္"
"ေနာက္ေတာ့သူတို႔ဂိုဏ္းဖြဲ႕လိုက္ၿပီး၊ခ်င္းလန္ကသူရဲ႕
ညာလက္႐ုံးျဖစ္လာတာေပါ့၊ ေဘာ့စ္လုရဲ႕ ညီေလးကလည္းေနာက္ပိုင္းသူတို႔နဲ႔တတြဲတြဲျဖစ္လာတယ္၊
သူတို႔ ၃ေယာက္ရဲ႕ ဆက္ဆံေရးကအစပိုင္းမွာေတာ့အေတာ္ေလးေကာင္းခဲ့တယ္၊ဒါေပမယ့္ေနာက္ပိုင္းကစၥတစ္ခုျဖစ္လာခဲ့တယ္။ေဘာ့စ္လုရဲ႕ သားကိုသူ႕ရန္သူေတြကျပန္ေပးဆြဲသြားၾကတယ္ ၊ေဘာ့စ္လုကသူ႕ရဲ႕လူေတြနဲ႔ျပန္တိုက္ခိုက္ဖို႔လုပ္ေတာ့ ခ်င္းလန္ကသေဘာမတူဘဲရဲေတြကိုသာေစာင့္ေနဖို႔တိုက္တြန္းလာသည္။ ခ်င္းလန္က
သူ႕အတြက္ညီအကိုလိုျဖစ္ေနေပမယ့္ သူတို႔စ႐ိုက္ေတြကလုံးဝခြဲျခားေနခဲ့တယ္၊ ခ်င္းလန္ကေနာက္ပိုင္းေက်ာင္းၿပီးေတာ့၊ Bတကၠသိုလ္မွာလားမသိဆက္တက္ေနၿပီး၊ၾကာေတာ့သူ႕ရဲ႕အေတြးအေခၚေတြပါေျပာင္းလဲလာခဲ့တယ္"
လီဖန္အမ္း႐ုတ္တရက္သတိရလာခဲ့သည္၊
သူ Ph.D ဆက္တက္ဖို႔ေထာက္ခံခ်က္ရတုန္းက
ခ်င္းလန္ပန္းျခံက႐ုပ္ထုႀကီးကိုဖက္ၿပီး ငိုခဲ့တုန္းက
အေၾကာင္းကို။
"ခ်င္းလန္ရဲ႕ဟန္႔တားမႈေၾကာင့္ ဂိုဏ္းကေတာ့
ႀကီးႀကီးမားမားထိုခိုက္မႈမ႐ွိသြားေပမယ့္၊ ေဘာ့စ္လုရဲ႕
သားကအခ်ိန္အၾကာႀကီးႀကိဳးတုပ္ခံထားရၿပီး၊
ရဲေတြကလည္းအေတာ္ေလးအခ်ိန္ေနာက္က်ေသာေၾကာင့္ သူ႕သားရဲ႕ေျခေထာက္ေတြကေသြးမေလွ်ာက္ေတာ့ဘဲေထာ့နဲ႔ေထာ့နဲ႔ျဖစ္သြားခဲ့တယ္။ အဲ့အခ်ိန္ကစလို႔သူတို႔၃ေယာက္ရဲ႕ဆက္ဆံေရးအက္ကြဲေၾကာင္းစျဖစ္လာေတာ့တာဘဲ ေဘာ့စ္လုက သူ႕သားရဲ႕လုံျခဳံေရးကို ခ်င္းလန္ကဂ႐ုမစိုက္ဘူးဟု ခံစားလာရၿပီး။တစ္ဖက္ကလည္းသူထပ္ေတြးမိသည္က ဒီလိုဂန္းစတားအဖြဲ႕ရဲ႕ ျပႆနာကိုရဲေတြကိုေျဖ႐ွင္းခိုင္းရသည္က ေလွာင္စရာျဖစ္ေနသည္ဟုထင္ၿပီး၊ေဘာ့စ္လုရဲ႕ခ်င္းလန္အေပၚ မေကာင္းတဲ့သေဘာထားကပိုပို
ႀကီးထြားလာေတာ့တာဘဲ"
"ေနာက္ဆုံးျပႆနာကေတာ့ သူတို႔အတြက္အႀကီးမားဆုံး အက္ကြဲမႈကိုျဖစ္ေစခဲ့တာေပါ့။ ေဘာ့စ္လုရဲ႕
ညီမွာ မိန္းမလွေလးတစ္ေယာက္႐ွိတယ္။ ငါၾကားတာေတာ့ခ်င္းလန္က အဲ့ေကာင္မေလးနဲ႔
ၿငိေနတာေၾကာင့္ ၊အဲ့ေကာင္မေလးကလည္း
ခ်င္းလန္အေပၚ စိတ္ေတြေျပာင္းလဲတယ္ဆိုၿပီး။ ေဘာ့စ္လုရဲ႕ညီကအဲဒါကိုသိသြားေတာ့ေဒါသအရမ္းထြက္သြားတယ္၊သူ႕အကိုရဲ႕ေနာက္ကြယ္မွာ သူ႕ေကာင္မေလးနဲ႔ေဖာက္ျပန္ေနသည္ကမျဖစ္သင့္ဆိုၿပီး၊ပိုဆိုးသြားတာက ခ်င္းလန္ကလည္းသူမဟုတ္ေၾကာင္းျငင္းေတာ့၊ ခ်င္းလန္ကိုဒီကိစၥနဲ႔ပတ္သက္ၿပီး ဝန္ခံဖို႔နည္းလမ္း႐ွာခဲ့တာေပါ့၊ေဘာ့စ္လုကသူ႕သားတုန္းကလည္း ခံလိုက္ရ၍၊
သူ႕ညီကိုထပ္ၿပီးေတာ့ နစ္နာမႈမ်ိဳးမခံစားေစခ်င္ေတာ့လို႔
ခ်င္းလန္ကို ေထာင္ေခ်ာက္ဆင္ၿပီး ႐ွင္းထုတ္ပစ္ဖို႔စီစဥ္ၾကသည္။ အစီစဥ္ကဘယ္နားမွားသြားလဲမသိ
အခန္းထဲကိုဝင္လာသည္က ခ်င္းလန္မဟုတ္ဘဲ
ထိုေကာင္မေလးျဖစ္ေနခဲ့တယ္ ။ ေဘာ့စ္လုရဲ႕ညီက
ဝင္လာတာဘယ္သူဘယ္ဝါမွန္းေသခ်ာမသိဘဲ ထိုေကာင္မေလးကိုဓါးနဲ႔ထိုးခ်မိသြားၿပီးေသသြားတယ္၊ ခ်င္းလန္ကအေတာ္ေလးၾကာမွေရာက္လာတာ"
"ဒီလိုဂိုဏ္းေတြအတြက္ကတကယ္တမ္းလူသတ္တယ္
ခ်တယ္ဆိုတာမ်ိဳးကေတာ့ကိစၥႀကီးမဟုတ္၊
ဒါေပမဲ့သူတို႔မသိခဲ့တာကအသတ္ခံလိုက္ရတဲ့
ေကာင္မေလးကအရာ႐ွိတစ္ေယာက္ရဲ႕ တူမဆိုတာကိုဘဲ၊
မေတာ္တဆမႈကႀကီးသြားၿပီး အလို႐ွိေၾကာင္း အမိန္႔က်လာေတာ့ ေဘာ့စ္လုက သူ႕ညီကိုႏိုင္ငံျခားမွာ၁၀ႏွစ္ေလာက္သြားပုန္းေနခိုင္းလိုက္သည္။ "
"တကယ္ေတာ့ဒီကိစၥကခ်င္းလန္နဲ႔တိုက္႐ိုက္မသက္ဆိုင္
ေပမယ့္၊သူေၾကာင့္အစျပဳလာရတာဆိုေတာ့၊ေဘာ့စ္လု
ခ်င္းလန္ကိုမုန္းတဲ့စိတ္ေတြနဲ႔သြားက်ိတ္ေနခဲ့ၿပီး၊
ေဘာ့စ္လုက သက္ေသေတြကိုလုပ္ၾကံဖန္တီးလိုက္ၿပီး
အကုန္လုံးကို ခ်င္းလန္ေခါင္းေပၚပုံခ်ခ်င္ေနခဲ့တာ၊
ေသခ်ာေပါက္ ခ်င္းလန္ကျငင္းဆိုၿပီးထြက္ေျပးလာခဲ့တယ္၊ ေက်ာင္းလည္းဆက္မတက္ေတာ့၊ ခ်င္းလန္က
မိဘမဲ့ျဖစ္ၿပီး သူငယ္ခ်င္းအသိလည္းမ႐ွိေတာ့၊
သူ႕ကိုလြန္ခဲ့တဲ့ေျခာက္ႏွစ္လုံးလုံး႐ွာမေတြ႕ခဲ့ၾကဘူး"
လီဖန္အမ္းမ်က္ေမွာင္က်ံဳ႕လိုက္သည္၊သူအလိုလိုသိေနသည္ အေရးႀကီးတဲ့အမွန္တရားကထြက္လာေတာ့မယ္ဆိုတာ။
"လြန္ခဲ့တဲ့ေျခာက္ႏွစ္မတိုင္ခင္တုန္းကသူ႕ကို Aၿမိဳ႕မွာ
တစ္ေခါက္႐ွာေတြ႕ခဲ့ၾကၿပီး၊သူ႕ကိုဝိုင္းထားလိုက္ၾကေတာ့၊သူလည္းျပန္ခ်ၿပီး ဓါးနဲ႔အထိုး
ခံလိုက္ရတယ္ထင္တယ္၊ ဒါေပမယ့္သူ႕ကိုအဲ့တုန္းက Mr.Greenရဲ႕လူေတြမဖမ္းလိုက္ႏိုင္ခဲ့ဘူး၊ အဲဒါနဲ႔ေနာက္ထပ္ႏွစ္အနည္းငယ္ ျပန္ေပ်ာက္သြားခဲ့တယ္၊ မထင္မွတ္ထားတာကေတာ့ ဒီတစ္ခါသူ Bၿမိဳ႕မွာတင္ ျပန္ပုန္းေနတယ္ဆိုတာကိုဘဲ၊ အဲ့ကေလးက တအားပါးနပ္တာဘဲ"
လီဖန္အမ္းရင္ထဲေအာင့္သက္သက္ျဖစ္သြားသည္
သူတစ္ေယာက္ဘဲသိသည္ခ်င္းလန္ Bၿမိဳ႕ကို ျပန္လာရျခင္းကပါးနပ္လို႔မဟုတ္ဘူးဆိုတာကို။ အာ့ဆိုသူဒုကၡေရာက္ေနတာေသခ်ာခဲ့သည္ေပါ့၊ လီဖန္အမ္းကေတာ့
သူစက္ဘီူးေပၚကျပဳတ္က်လို႔ ဒဏ္ရာရခဲ့သည္လို႔
ေျပာသည္ကိုယုံၾကည္ခဲ့မိသည္။ သူနဲ႔အတူ Bၿမိဳ႕ကို
သြားဖို႔ေခၚတုန္းက ခ်င္းလန္တြန္႔ဆုတ္ေနခဲ့သည္မွာ
မဆန္းေတာ့၊ ခ်င္းလန္ဘယ္ေလာက္အသည္းသန္ျဖစ္ျဖစ္ေဆး႐ုံကိုမသြားခ်င္သည္မွာ မဆန္းေတာ့ေပ။
Bၿမိဳ႕ရဲ႕ ေဆးကုသမႈနယ္ပယ္ကဆက္စပ္ေနသည္ျဖစ္၍
သူ႕ကို႐ွာေတြ႕သြားမည္ဆိုး၍ျဖစ္သည္။
ခ်င္းလန္သူ႕ေဘးနားမွာ႐ွိေနခဲ့တဲ့ႏွစ္ေတြတစ္ေလွ်ာက္လုံးအတြင္း သူခ်င္းလန္ဘယ္လို ဘဝမ်ိဴးကိုေနထိုင္ခဲ့
သည္ဆိုတာကို မခန္႔မွန္းႏိုင္ခဲ့။
"ဒါဆိုခုလူသတ္မႈကသူနဲ႔မဆိုင္ဘူးမလား၊
ဟုတ္တယ္မလား"
Mr.Greenဘာမွေတာ့မေျပာ၊ ဒါေပမယ့္သူမျငင္းဆိုခဲ့။
လီဖန္အမ္းစတီးပိုက္ကိုဆုပ္ကိုင္လိုက္ၿပီး
ေလွာင္ေထ့လိုက္သည္။
အမွားလုပ္ခဲ့တဲ့လူတိုင္းမွာက်ခြင့္လႊတ္ခံရဖို႔ အခြင့္ေရး႐ွိၿပီး၊ အမွားမလုပ္ခဲ့ဖူးတဲ့လူတစ္ေယာက္မွာက်ခႊင့္လႊတ္
ခံရဖို႔အခြင့္အေရးမ႐ွိဘူးလား။
(T/N ဆိုးေနတဲ့လူဆိုးတာလုပ္ရင္ၾကဆိုးေနလို႔ပါ၊
ေကာင္းေနတဲ့လူကတစ္ခါမွားခဲ့မိရင္ အမွားႀကီးဘဲ
အဲ့လိုမ်ိဳးကိုဆိုလိုတာပါ)
"မင္းကိုသတင္းစာပို႔ခိုင္းခဲ့တာ ဘယ္သူလဲ"
"အမ္...ေဘာ့စ္လုရဲ႕ ညီ"
"ခ်ီရန္႔?"
"သူ႕နာမည္အရင္းက လုယြီ႐ွင္း၊ အဖမ္းမခံရေအာင္လို႔
ႏိုင္ငံျခားမွာ ပလစ္စတ္ဆာဂ်ရီ လုပ္ထားတာ"
ဒီလိုဆိုရင္ သူခ်င္းလန္ကိုရည္႐ြယ္ခ်က္႐ွိ႐ွိခ်ဥ္းကပ္ခဲ့ၿပီး
အေၾကာင္းအရာအားလုံးကအဆက္စပ္႐ွိသြားၿပီ။
လီဖန္အမ္းထပ္ေမးလိုက္သည္။
"သူဘာလို႔မင္းကိုသတင္းစာကိုပို႔ခိုင္းရတာလဲ"
"သူေျပာတာေတာ့..မင္းမိဘေတြဒီလက္ေဆာင္ကို
သေဘာက်လိမ့္မယ္တဲ့"
လီဖန္အမ္းကိုယ့္ကိုမတ္လိုက္ၿပီး စူးစူးရဲရဲၾကည့္လိုက္
သည္။
"မင္း ဘာေျပာလိုက္တယ္"
Mr.Greenကေၾကာက္လန္႔တၾကာလက္ယမ္းျပလိုက္ၿပီး "ငါေျပာတာမဟုတ္ဘူး...ေဘာ့စ္လုနဲ႔သူ႕ညီတို႔
ေျပာေနတာကိုၾကားခဲ့တာ"
လီဖန္အမ္းတစ္ခဏေလာက္ေၾကာင္သြားသည္။
သူ႕မိဘေတြပါဒီကိစၥထဲပါလာလိမ့္မည္လို႔သူတစ္ခါမွ
မေတြးခဲ့ဘူး။ သူလြန္ခဲ့တဲ့ ၆ႏွစ္ကတည္းကအိမ္ေပၚက
ဆင္းလာၿပီး Bၿမိဳ႕ကိုတစ္ေယာက္တည္းပညာသင္ဖို႔
ထြက္လာခဲ့သည္။ ထိုအခ်ိန္ကတည္းကသူ သူ႕မိဘေတြဆီလည္းတစ္ေခါက္မွျပန္မသြားခဲ့သလို သူ႕မိဘေတြကလည္းတစ္ခါမွၾကားထဲျပန္မဆက္သြယ္ခဲ့။ ႏွစ္ဖက္လုံး
တစ္ေယာက္ကိစၥတစ္ေယာက္စိတ္မဝင္စားတဲ့ အေျခေနမွာ႐ွိေနသည္။ ဒီလို႐ႈပ္ေထြးေနတဲ့ကိစၥထဲသူ႕မိဘေတြပါဘယ္လိုလုပ္ပါလာရသလည္းဆိုတာကိုသူစဥ္းစားမရ။
ဖန္ေမာင္ စကူတာေလးက ယိုင္တိယိုင္ေတာင္နဲ႔ေရာက္လာၿပီး ေအာက္ကလူႏွစ္ေယာက္ကို
ေတြ႕လိုက္ရၿပီး အံ့ၾသသြားသည္။
လီဖန္အမ္း စတီးပိုက္ကိုသူ႕ဆီလႊင့္ပစ္လိုက္ၿပီး ဘာစကားမွမေျပာဘဲအေဝးသို႔ေလွ်ာက္ကာ ထြက္လာခဲ့ၿပီး ေၾကာက္႐ြံ႕တုန္လႈပ္ေနတဲ့ ဖန္ေမာင္ကိုထားခဲ့ေတာ့သည္။ သူခ်က္ခ်င္းမုန္႔ခြၽမ္းကို ဖုန္းဆက္လိုက္ၿပီး
"မုန္႔ေကာ..ေ႐ွာင္ဖ်င္အာေတာ့ တစ္ေယာက္ေယာက္
လက္ေမာင္းကိုခ်ိဳးလိုက္ၿပီထင္တယ္၊
ဘယ္လိုလုပ္ၾကမလဲ"
လီဖန္အမ္းညတြင္းခ်င္း Aၿမိဳ႕သို႔ထြက္လာခဲ့လိုက္သည္။
ေျခာက္ႏွစ္ၾကာအၿပီးမွာ သူဒီေနရာကို
ထပ္ေျခခ်ရျပန္သည္၊ သူ႕စိတ္ထဲစိမ္းသက္သက္သာခံစားရသည္။ သူ႕ကို အေစာင့္ေတြကျမင္လိုက္ေသာအခါ
မမွတ္မိၾက၍ သူ႕အားတားၾကသည္။ ဥယ်ာဥ္မႉးကေတာ့မ်က္စိလ်င္၍သိလိုက္ၿပီး အိမ္ေတာ္ထဲသို႔လွမ္းအသိေပးလိုက္သည္။
"သခင္ႀကီးတို႔၊ သခင္ေလး ျပန္ေရာက္လာၿပီ"
အခန္းထဲမွာလက္ဖက္ရည္ေတာင္အဆင္သင့္ျပင္ထားၿပီးျဖစ္သည္၊ လီခ်န္ဟြိဳင္း လီဖန္အမ္းအေဖကေတာ့သိေနသည္သူ႕သားမနက္အေစာမွာေရာက္လာလိမ့္မည္
ဆိုတာကို။
"ေနာက္ဆုံးေတာ့ျပန္ေရာက္လာၿပီေပါ့"
လီဖန္အမ္းစားပြဲေပၚကပုံေတြကို ျမင္လိုက္ၿပီး
သေဘာေပါက္သြား၍လိုရင္းကိုသာေျပာေတာ့သည္
" သူဘယ္သူ႕ကိုမွမသတ္ခဲ့ဘူး၊ သူ႕ကိုထုတ္ေပးပါ"
လီခ်န္ဟြိဳင္း ကေတာ့ သူ႕သေဘာထားကိုဂ႐ုမစိုက္
"လုပ္ေပးရင္ငါ့အတြက္ဘာရမွာလဲ"
"ခင္ဗ်ားကဘာလိုခ်င္တာလဲ"
"သားတစ္ေယာက္ကေျခာက္ႏွစ္လုံးလုံးအိပ္ေပၚကဆင္း
သြားၿပီး ေယာက်္ားတစ္ေယာက္နဲ႔ေနေနတယ္၊ခုမင္းက
ေမးလာတယ္ငါ့ကိုဘာလိုခ်င္တာလဲတဲ့၊မင္းကငါ့ထက္
ပိုသိရမွာဘဲမဟုတ္ဘူးလား"
လီဖန္အမ္းလက္သီးက်စ္က်စ္ဆုပ္မိသြားၿပီး
"ကြၽန္ေတာ္မလုပ္ႏိုင္ဘူး"
"ငါမင္းကိုေ႐ြးခ်ယ္ဖို႔ဖိအားမေပးပါဘူး"
လီခ်န္ဟြိဳင္းလက္ဖက္ရည္
တစ္ငုံေလာက္ေသာက္လိုက္ၿပီး
"ဒါေပမယ့္ငါမင္းကိုေတာ့ ျမန္ျမန္ေလးေ႐ြးခ်ယ္
ဖို႔အၾကံေပးခ်င္တယ္၊ငါၾကားထားတာေတာ့
သူအျပင္းဖ်ားေနတာရက္ပိုင္း႐ွိၿပီၾကားတယ္ ၊
မင္းဆုံးျဖတ္ဖို႔ၾကာေနရင္ေတာ့ ၊ငါေတာင္သူ႕ကိုထုတ္
ေပးဖို႔ခက္ခဲသြားလိမ့္မယ္"
လီဖန္အမ္းပင့္သက္႐ိႈက္လိုက္ကာ
"ခင္ဗ်ားလားသူ႕ကိုၿခိမ္းေျခာက္ထားတာ၊
သူမသတ္ခဲ့ဘဲနဲ႔ဘာလို႔သတ္တယ္လို႔ဝန္ခံခဲ့ရတာလဲ"
"အဲဒါကေတာ့မင္းဒီပုံေတြကို႐ိုက္တဲ့သူျဖစ္ျဖစ္
ဒီပုံေတြကိုငါ့ဆီပို႔တဲ့လူကိုဘဲျဖစ္ျဖစ္ ေမးသင့္တာ"
ထိုသို႔ေျပာၿပီးေနာက္၊ ပုံေတြကိုၾကည့္ၿပီး
စက္ဆုပ္တဲ့အမႈအရာျဖင့္ စားပြဲေပၚကပုံေတြကို သူ႕ဆီပစ္
ေပးလိုက္သည္။
လီခ်န္ဟြိဳင္း အထင္ေသးစြာေျပာလိုက္သည္။
"ငါဒါေတြကိုဂ႐ုမစိုက္ပါဘူး၊ သူသိသင့္တယ္သူသြားထိခဲ့တဲ့လူကဘယ္လိုလူလဲဆိုတာကို၊ ျပႆနာေတြအားလုံးကိုမင္းအေဖေပၚပုံခ်ပို႔ေတာ့မႀကိဳးစားနဲ႔ေပါ့"
လီဖန္အမ္းဒီတစ္ေန႔ေတာ့အိမ္မွာဘဲဆက္ေနလိုက္ေတာ့သည္။သူ႕အေမသူ႕ကို ေတြ႕လိုက္ရတဲ့ခ်ိန္
အဆက္မျပတ္ဖက္ကာငိုေႂကြးေတာ့သည္။
သူ႕ကိုလႊတ္မေပးဘဲနဲ႔ဖက္ထားကာ သူဒီမွာဘဲေနသင့္ေၾကာင္း ၊အျပင္မွာႏွစ္ေတြအၾကာႀကီး ခံစားလာခဲ့ရ၍
ဒီမွာေကာင္းေကာင္းအနားယူသင့္ေၾကာင္းေျပာလာသည္။
လီဖန္အမ္း ခ်င္းလန္အေၾကာင္းမေတြးဘဲမေနႏိုင္ေတာ့။သူ႕ေခါင္းထဲမွာသူ႕အေဖေျပာလိုက္တာေတြနဲ႔
ေခါင္းထဲျပည့္ႏွက္ေနသည္
"ရက္အေတာ္အၾကာအျပင္းဖ်ားေနတယ္"
လီဖန္အမ္း အကူညီမဲ့စြာငိုခ်လိုက္ၿပီးသူ႕အေမကို
ေျပာလိုက္သည္။
"မား..ကြၽန္ေတာ္ရဲ႕ဘယ္ေနရာကိုၾကည့္ၿပီး
ခံစားေနခဲ့ရတယ္လို႔ထင္တာလည္း"
သူေျပာလိုက္ၿပီးေနာက္၊သူ႕ခံတြင္းထဲခါးသက္သက္ခံစား
လိုက္ရသည္။ ခ်င္းလန္ကသာအၿမဲခံစားေနခဲ့တဲ့လူပါ။
ႏွစ္ေတြအမ်ားႀကီး ခ်င္းလန္ကသူ႕ခ်စ္သူအျဖစ္နဲ႔ေရာ
စည္းကမ္းႀကီးတဲ့အုပ္ထိန္းသူအျဖစ္နဲ႔ပါ႐ွိေနေပးခဲ့သည္။ သူပညာသင္ဖို႔အတြက္ပိုက္ဆံ႐ွာေပးခဲ့သည္၊
သူ႕ကိုဂ႐ုတစိုက္သင္ၾကားေပးသည္၊ သူ႕ကိုသူ႕ရဲ႕အေတာင္ပံေအာက္မွာအကာကြယ္ေပးခဲ့သည္၊ မွားယြင္းေနတဲ့လမ္းေၾကာင္းေပၚကသူ႕ကိုေဖးမေပးခဲ့သည္။
ဒါေပမယ့္ထိုလူကအခု အသည္းအသန္ဖ်ားေနၿပီး
သူကမ်က္ႏွာေလးေတာင္ျမင္ခြင့္မရ။ ႏွစ္ေတြအၾကာႀကီးခ်င္းလန္ရဲ႕ ႀကိဳးစားအားထုတ္မႈေတြအေပၚသာမွီခိုေနခဲ့ၿပီး၊ သူ႕မွာေတာ့ထိုလူ ခံစားေနရတဲ့အရာေတြကေနဆြဲထုတ္ေပးဖို႔ အစြမ္းအစမ႐ွိ။
သူ႕အေမသည္ထိုစကားကိုၾကားလိုက္ေသာအခါ
အငိုရပ္တန္႔သြားခဲ့ၿပီး သူ႕သားရဲ႕ေျပာင္းလဲမႈေတြကို
သူကိုယ္တိုင္ေသခ်ာၾကည့္လိုက္သည္။ အျပင္မွာႏွစ္ေတြအၾကာႀကီးက်င္လည္ခဲ့ၿပီးေနာက္ ႐ုပ္ပိုင္းဆိုင္ရာေျပာင္းလဲသြား႐ုံသာမကစိတ္ဓါတ္ကလည္း ပိုမိုရင့္က်က္လာခဲ့ၿပီး၊သူရဲ႕ကေလးဆန္တဲ့ခပ္ဆိုးဆိုးစ႐ိုက္ေတြေပ်ာက္ကြယ္သြားခဲ့သည္။ အခုသူ႕သားကတည္တည္ၿငိမ္ၿငိမ္နဲ႔တာဝန္ယူတက္တဲ့ ေယာက်္ားေကာင္းတစ္ေယာက္
ျဖစ္လာခဲ့ေလသည္။အခု လီဖန္အမ္းက သူအရင္ကေမွ်ာ္လင္ခဲ့တဲ့သားလိမၼာတစ္ေယာက္ျဖစ္လာခဲ့ၿပီး၊
ခုသူေ႐ွ႕မွာရပ္ေနေသာ္လည္း ၊သူမေပ်ာ္ႏိုင္
ထိုကေလးကိုဒီလိုလူတစ္ေယာက္ျဖစ္ေအာင္
သြန္သင္ဆုံးမေပးခဲ့တဲ့လူက သူမ မဟုတ္ခဲ့၍။
"မင္းအေဖေျပာတာအမွန္လားဟင္"
သူမ မ်က္ရည္ေတြကိုသုတ္လိုက္ၿပီးေမးလိုက္သည္။
"မင္းေယာက်္ားတစ္ေယာက္နဲ႔
အတူေနေနတယ္ဆိုတာအမွန္လား"
ခ်င္းလန္ေခါင္းၿငိမ့္ကာဟုတ္ေၾကာင္းေျပာလိုက္သည္။
"ကြၽန္ေတာ္သူ႕ကိုခ်စ္တယ္၊ က်န္ေနတဲ့သက္တမ္း
တစ္ေလွ်ာက္လုံးလည္း သူ႕ကိုဘဲခ်စ္သြားမွာ"
"က်န္ေနတဲ့တစ္ေလွ်ာက္ကာ႐ွည္လ်ားပါတယ္၊
မင္းကဘယ္လိုလုပ္အေသအခ်ာေျပာႏိုင္ရတာလည္း"
လီဖန္အမ္းေခါင္းအသာခါလိုက္သည္။
"မင္းအေဖကမင္းကိုလက္ထပ္ေစခ်င္ေနတာ၊
Mr.မိန္းရဲ႕ ေျမးမေလးနဲ႔၊သူ႕ရဲ႕ ႏိုင္ငံေရးအဖြဲ႕စည္း
ေနရာၿမဲေစဖို႔အတြက္၊ သူကမင္းကိုအဲ့လူနဲ႔ ဆက္တြဲခြင့္ျပဳမွာမဟုတ္ဘူး၊ သားမင္းတကယ္လက္မထပ္ခ်င္ဘူးဆို
ဒီကိုျပန္မလာခဲ့နဲ႔"
လီဖန္အမ္းတအားအံ့ၾသသြားၿပီး၊သူနားၾကားမ်ား
မွားလိုက္သလားလို႔ သူ႕စိတ္ထဲထင္လိုက္သည္။
"မားကကြၽန္ေတာ္နဲ႔သူ႕ကို မကန္႔ကြက္ဘူးလား"
"မား မင္းအေဖရဲ႕ နည္းလမ္းေတြကိုေတာ့ေသခ်ာနားမလည္ေပမယ့္ မင္းကိုေတာ့ယုံတယ္သား၊
တကယ္တမ္းေတာ့ဘဝကတိုပါတယ္ ၊တစ္ဖက္လူက
မင္းအေပၚ အမွန္တကယ္သာ စစ္မွန္တယ္ဆိုရင္
မိန္းမျဖစ္ျဖစ္ ေယာက်္ားျဖစ္ျဖစ္ကိစၥမ႐ွိပါဘူး၊
အေရးႀကီးဆုံးကေတာ့ သားေပ်ာ္ေနရဖို႔ဘဲ"
ခ်င္းလန္ရဲ႕မေတာ္တဆမႈၿပီးကတည္းကသူ႕ရင္ထဲ
ပထမဆုံးအေႏြးဓါတ္ေလးဝင္လာခဲ့သည္။
ေသခ်ာေလးျပန္ေတြးၾကည့္ေတာ့သူ႕အေမရဲ႕
အျပဳအမႈေတြကတကယ္ေတာ့အံ့ၾသဖို႔မေကာင္း
ခဲ့ပါဘူး၊လီဖန္အမ္း မိသားစုကအရင္ကတည္းက
စည္းကမ္းႀကီးၿပီးအထက္စီးဆန္တဲ့ အေဖနဲ႔ ႏူးညံ့ၿပီး
ၾကင္နာတက္တဲ့အေမမ်ိဳး႐ွိခဲ့တာဘဲ။ သူငယ္စဥ္ငယ္ကတည္းက သူ႕အေဖကၾကမ္းတမ္းၿပီး ေခါင္းမာသည္၊
သူ႕ဘက္ကိုမၾကည့္ဘဲအၿမဲ ၾကမ္းၾကမ္းတမ္းတမ္းသြင္သင္ဆုံးမၿပီးသူလိုရာျဖစ္ေစခ်င္သည္၊တစ္ဖက္မွာသူ႕
အေမကေတာ့အားနည္းၿပီး စိတ္ႏွလုံးကႏူးညံ့သည္၊
သူ႕ကိုအလြန္အမင္းတုန္ေနေအာင္ခ်စ္ၿပီးအလိုလိုက္သည္။ ႏွစ္ေယာက္ရဲ႕ကြာျခားမႈကေနေနၿပီး လီဖန္အမ္း
ရဲ႕ စ႐ိုက္ဆိုးဆိုးကေပၚလာခဲ့သည္။ သူ႕အေမကလည္း
ႏွစ္ေတြအၾကာႀကီးသူထြက္သြားခဲ့တာျဖစ္၍ ေနာက္
ထပ္အေဝးကိုထပ္ထြက္သြားမည္ကိုစိုးသည္။
သူ႕မ သူ႕သားမ်က္လုံးကိုၾကည့္လိုက္တာႏိုင္သိသည္
သူ႕မက ထိုကေလးရဲ႕အေမျဖစ္သည့္တိုင္
ထိုကေလးရဲ႕ရင္ထဲမွာ႐ွိေနတဲ့ ထိုေယာက်္ားနဲ႔ပတ္သက္ၿပီး ဘာမွထပ္ေျပာႏိုင္မွာမဟုတ္ေၾကာင္း။ထိုသို႔ဆိုရင္လည္းသူ႕သားကို တကယ္ခ်စ္ျမတ္ႏိုးတဲ့လူေနာက္သာ
လိုက္ေစခ်င္ေတာ့သည္။
အေမတစ္ေယာက္အေနနဲ႔သူလည္း သူ႕ကေလးအေပၚ
ေမွ်ာ္လင့္ခ်က္ႀကီးႀကီး႐ွိသည္၊ ထိုေမွ်ာ္လင့္ခ်က္ကေတာ့
သူ႕ကေလးေပ်ာ္႐ြင္ရဖို႔ဘဲျဖစ္သည္။ သူမ ေယာက်္ားေလးႏွစ္ေယာက္အတူတူ႐ွိေနလို႔ျဖစ္ရဲ႕လားဆိုတာေတာ့
မသိေပမယ့္၊ဒါေပမယ့္သူမ သူ႕သားကို ၾကည့္လိုက္႐ုံနဲ႔ေတာ့သိႏိုင္ပါသည္။ ႏွစ္ေတြအၾကာႀကီး႐ွိေနေပမယ့္
သူ႕သားဆီမွာ ျခစ္ရာ႐ွရာအသစ္ဘာမွမ႐ွိ၊ သူ႕ဆံပင္နဲ႔အဝတ္အစားေတြကလည္း သပ္ရပ္သန္႔႐ွင္းသည္။
နာမည္ႀကီး အက်ႌ တံဆပ္ကိုေတာင္ဝတ္ထားေသး၊
နာမည္ႀကီးတကၠသိုလ္ကေနလည္းဘြဲ႕ရထားၿပီးသားျဖစ္သည္။ ေသြးသားမေတာ္စပ္တဲ့လူတစ္ေယာက္ကိုဒီလိုအျပည့္အဝေထာက္ပံ့ေပးၿပီး ၾကင္နာမႈေတြေပးဆပ္ႏိုင္တဲ့လူတစ္ေယာက္ကသူ႕သားကိုဘယ္ေလာက္ေတာင္ ရင္ထဲမွာခ်စ္ျမတ္ႏိုးသလဲဆိုတာ သူ႕မ ပုံေဖာ္ၾကည့္လို႔ေတာင္မရ။
"ဒါေပမယ့္သူေနမေကာင္းျဖစ္ေနတယ္မား.."
လီဖန္အမ္းသူ႕မ်က္ႏွာကိုသူ႕အေမရဲ႕
ပခုံးေပၚ ကိုမ်က္လုံးေလးအသာမွိတ္၍
ႏွစ္ထားလိုက္ေတာ့သည္။
"မား..ကြၽန္ေတာ္သူ႕ကိုကယ္ခ်င္တယ္၊
ကြၽန္ေတာ္မ႐ွိလည္းသူ႕ကိုအသက္ဆက္႐ွင္ေစခ်င္တယ္"
T/N
Pick up truck