Zawgyi
အခ်စ္ဆိုတာ ဘာလဲ... အေျဖရွာမရသလို ဘာျဖစ္ေနမွန္းကိုမသိဘူး...သူ႔ကိုငါခ်စ္တာလား မခ်စ္တာလား ငါမသိဘူး...႐ူးေၾကာင္ေၾကာင္ျဖစ္တည္မႈေတြအတြက္ အခ်ိန္လည္းမကုန္ခ်င္ဘူး...စာေမးပြဲနီးေနၿပီ စာကိုသာအဓိကထားခ်င္ေပမဲ့ ရင္မခုန္တဲ့သာတစ္ေယာက္အတြက္ စိတ္ရႈပ္ေနရတယ္... ေဆး႐ုံကဆင္းၿပီး သုဝဏၰကိုမေတြ႕ရပါလား😌...
"မမေလး ဘာေတြေတြးေနတာလဲ... ဒီေန႔ဆရာမလာလို႔အိမ္စာမၿပီးေသးရင္ ဆူခံေနရဦးမယ္..."
"မစု..."
"ဟုတ္ မမေလး..."
"အခ်စ္နဲ႔အလြမ္းရဲ႕အဓိပၸာယ္က ဘာလဲဟင္🤨..."
"မစုက အပ်ိဳႀကီးေလကြယ္... အခ်စ္ဆိုတာက သိသေလာက္ေတာ့ ၅၂၈ေမတၱာဆိုတဲ့ အခ်စ္လည္း ပူေလာင္တာဘဲ ၁၅၀၀ဆိုတဲ့ အခ်စ္လည္းပူေလာင္ရတာဘဲ... အခ်စ္ဆိုတဲ့ စိတၱဇနာမ္ၾကားထဲ ပစၥည္းဥစၥာဓနေတြ ဂုဏ္ျဒပ္ေတြပါလာခဲ့ရင္ ပူေလာင္တာေပါ့... ခုေခတ္ပုံစံအရဆို အခ်စ္စစ္ဆိုတာ ေကာက္႐ိုးပုံထဲမွာ အပ္ေပ်ာက္ရွာရသလိုဘဲ မမေလးရဲ႕☺️..."
"ဒါနဲ႔ မစုက အမ်ားႀကီးသိေနတာဘဲ😁... အလြမ္းဆိုတာကေရာ..."
"အလြမ္းဆိုတာ ကိုယ္သံေယာဇဥ္တြယ္ရတဲ့ တစ္စုံတစ္ဦးနဲ႔ ေသကြဲ ကြဲရင္ကြဲ မဟုတ္ရင္ ရွင္ကြဲ ကြဲတာ... အဲ့လိုခ်ိန္ တစ္စုံတစ္ေယာက္ကို ငါ့အနားရွိေစခ်င္လိုက္တာဆိုတဲ့ အေတြးမ်ိဳးကို အလြမ္းလို႔သတ္မွတ္လိုက္တာ တကယ္ေတာ့ အလြမ္းဆိုတာ သံေယာဇဥ္နဲ႔လည္းဆိုင္ပါတယ္😌..."
"ဟူး... ဒါဘဲလား မစုရယ္😟..."
"ရွိေသးတာေပါ့... အရမ္းခ်စ္ၾကလို႔ ရင္ကြဲနာၾကၿပီး ေသဆုံးရတာ...အဲ့ဒါေတြက တကယ္ေတာ့ ပူတယ္ မမေလးရဲ႕...ေပ်ာ္႐ႊင္စရာမရွိတဲ့ ေလာကႀကီးထဲမွာ ေပ်ာ္႐ႊင္မႈကိုဖန္တီးၿပီး ေနၾကရတာဘဲေလ...တစ္ခ်ိဳ႕ေတြက အခ်စ္ကုန္လို႔ ကြာရွင္းျပတ္စဲၾကသတဲ့ အခုေခတ္ေတာ့ သိတဲ့အတိုင္း သုံးႏွစ္သုံးမိုးခ်စ္ခဲ့လည္း ျပတ္တာဘဲဆိုေတာ့😅..."
"အဲ့ဒါလည္း ဟုတ္ပါတယ္... မာမီနဲ႔ ဒယ္ဒီ အိပ္ယာခြဲအိပ္တာ အခ်စ္ကုန္သြားလို႔ျဖစ္မယ္😣..."
"ဒါကေတာ့ မစုမေျပာတတ္ဘူး မမေလး..."
"တစ္ခုထပ္ေမးလို႔ရလား ဟီးဟီး😁..."
"ဟြင္ ဟြင္ တစ္ခုဘဲေနာ္ ၿပီးရင္ စာလုပ္ေတာ့..."
"ဟုတ္ကဲ့ပါရွင့္..."
"ကဲေမးပါရွင့္..."
"ဟိုေလ ၾကယ္ေလးသူငယ္ခ်င္းက သူနဲ႔သိတာမၾကာေသးတဲ့ လူတစ္ေယာက္ကို ခ်စ္ေနမိလား မခ်စ္တာလား ေဝခြဲမရလို႔တဲ့😁..."
"တယ္ဆန္းတာပါလား...အဲ့ေတာ့ အဲ့ကေလးမက"
"သူ႔ကို အဲ့လူကခ်စ္ေနတာတဲ့...ဒါေပမဲ့အဲ့တာက လူမဟုတ္တဲ့ လူဆိုေတာ့ သူဘာဆက္လုပ္ရမလဲ မသိလို႔.😅.."
"အလိုေတာ္😳... လူမဟုတ္တဲ့ လူဆိုေတာ့ ဘယ္လိုမ်ိဳးေတြလဲ..."
"ဟို ဝိညာဥ္လိုမ်ိဳး..."
"ေအာင္မေလး😱 မမေလးရယ္ သြားမခ်စ္ပါနဲ႔..."
"ၾကယ္ေလးမဟုတ္ပါဘူးဆို..."
"ေအာ္ မသိပါဘူး... မမေလးက ကိုယ္တိုင္ခံစားဖူးသလိုႀကီး ေျပာေနေတာ့ေလ..."
"ျဖစ္စရာလား ၾကယ္ေလးက အဲ့လိုဟာေတြမခ်စ္ပါဘူးေနာ္..."
ေအာ္ ကေလးရယ္... အတူေနလာတာ ၁၀ႏွစ္ေက်ာ္ေနပါၿပီေလ... မ်က္ႏွာမွာ ရွက္ေသြးျဖာပုံေထာက္ေနရင္ မမေလးတစ္စုံတစ္ေယာက္ကို ခ်စ္မိေနတာလား... သူေျပာတဲ့ ဝိညာဥ္ဆိုသူလား...
"ဟုတ္ပါၿပီ... ဒီလိုအႀကံေပးလိုက္ မမေလး..."
"ဟုတ္ မစု..."
"ဘယ္လိုအရာမ်ိဳးနဲ႔ဘဲ ျဖစ္ျဖစ္ တစ္စုံတစ္ရာကို ခ်စ္မိတယ္ ျမတ္ႏိုးမိတယ္ တန္ဖိုးထားတတ္လာတယ္ဆိုရင္... ေနာက္လွည့္မၾကည့္ဘဲ ေနာင္တတရားတို႔မရွိဘဲ ခ်စ္လိုက္ပါလို႔..."
"အဲ့လူက လူမဟုတ္ရင္ေတာင္လား😫..."
"အခ်စ္မွာ မ်က္စိမရွိဘူးတဲ့ မမေလးရဲ႕..."
"ဟာ... မစုကလည္း ခ်စ္ျခင္းအစ မ်က္လုံးကတဲ့😒..."
"ဒါက ျမင္ျမင္ခ်င္းအခ်စ္ေတြအတြက္ေျပာတာပါ... မ်က္မျမင္ေတြမွာလည္း အခ်စ္ရွိတာဘဲေလ... ခ်စ္ျခင္းအစ ႏွလုံးသားကလို႔ေျပာရမွာ☺️အခ်စ္မွာ အကန္႔သတ္ေတြရွိေနရင္ အခ်စ္စစ္မဟုတ္လို႔ေပါ့... ကဲစာလုပ္ေတာ့ေနာ္..."
"ဒါဆို မစုက ခ်စ္ဖူးလို႔လား🧐..."
"ဘယ္လိုေျပာရမလဲကြယ္... ေနာက္ေန႔မွေျပာၾကတာေပါ့ စာလုပ္ၾကမယ္ေနာ္..."
"ဟြန္႔😒 ဟုတ္ပါၿပီ ဟုတ္ပါၿပီ..."
"ၾကည့္ပါဦး ဘြားေတာ္ေပါက္စေလသံနဲ႔ မမေလးရယ္..."
"မစုအားေဆးေသာက္ၿပီး ခဏနားေတာ့ ၾကယ္ေလးဘာသာ အိမ္စာအၿပီးလုပ္ေတာ့မယ္😗..."
"ဟုတ္ပါၿပီ မမေလးရယ္... မစုခဏေတာ့နားမယ္ေနာ္☺️..."
"ဟုတ္..."
ဟင့္အင္း... ၾကယ္ေလး ဘယ္သူ႔ကိုမွမခ်စ္ခ်င္ဘူး...ပူေလာင္တဲ့အရာကို ခ်စ္ျခင္းလို႔သတ္မွတ္ေနရင္ ဘာလို႔ လူေတြက အခ်စ္ကို မက္ေမာေနၾကတာလဲ...အခ်စ္မရွိဘဲ ဘာလို႔မေနႏိုင္ၾကတာလဲ...အပ်ိဳႀကီးေတြ လူပ်ိဳႀကီးေတြကေရာ🤔
(ဘာဘာ ဘာမွမသိ😁😁😁)
..............
"မင္းသမီးဧခ်င္းဟာ... တိုင္းျပည္ကို သစၥာေဖာက္႐ုံသာမက...မင္းသမီးသုဝဏၰေဒဝီရဲ႕ ၾကင္ယာေတာ္နဲ႔ သမီးေတာ္ကို သတ္ခဲ့တဲ့သူဘဲ... ခြင့္လႊတ္စရာအေၾကာင္းမရွိဘူးထင္တယ္😕..."
"တိတ္စမ္း😤...အထိန္းေတာ္မႉး ေတာ္ဝင္ေသြးစစ္စစ္ျဖစ္တဲ့ ငါကိုယ္ေတာ္ရဲ႕ေသြးသားရင္းညီမေတာ္ပါ... သူ႔ကို ျပည္သူလူထုေတြ မုန္းမုန္း... ဘယ္သူေတြမုန္းမုန္း ငါကိုယ္ေတာ္ညီမေတာ္ကို ခြင့္လႊတ္တယ္..."
"ဟူး... ခုေခတ္စကားအရနဲေျပာရမယ္ဆိုရင္... မင္းသမီးက တစ္ဖက္သတ္ႀကီး မနစ္နာေနဘူးလား😏..."
"နစ္နာျခင္းေတြမွာ ေနာင္သံသရာအတြက္ ဝဋ္ေႂကြးမရွိေတာ့ဘူးဆိုရင္ ကိုယ္ေတာ္ေပးဆပ္ေနမွာဘဲ😔..."
မင္းသမီးမသိေသးတဲ့ ကိစၥတစ္ခုကို... အေဖ့မွတ္စုထဲက ဖတ္မိထားတာရွိတယ္... အဲ့ကိစၥေျပာျပသင့္လား...အကယ္၍ အဲ့တာအမွန္ဆိုရင္ေရာ😖...
"ဟိုေလ မင္းသမီး...သမီးေတာ္သုႏၵရီက ဘာေၾကာင့္ နတ္႐ြာစံသြားတာလဲ..."
"ငါ့သမီးေတာ္ေလးက... သူ႔မယ္ေတာ္ က်ိန္စာစက္ကြင္းထဲကေန ႐ုန္းထြက္မရလို႔... စိတ္ႏွစ္ခြနဲ႔ အဆိပ္ကိုယ္တိုင္ေသာက္မိတဲ့ ကေလးငယ္ဘဲ😢..."
"မငိုပါနဲ႔... ဒဏ္ရာေတြကို ဆြေနတာမဟုတ္ပါဘူး..."
"ဒဏ္ရာေတြေတာင္ အမာ႐ြတ္မျဖစ္ေသးဘူး... ခုထိ နာက်င္ေနရတုန္းပါဘဲ😔..."
"႐ူပေဒဝီက ဘယ္ေနရာမွာ ဝင္စားေနတာလဲ...သမီးေတာ္ကေရာ🤨..."
"မင္းက ဘာျဖစ္လို႔သိခ်င္ရတာလဲ..."
"ဒီလိုပါဘဲ အရွင္မင္းသမီးရဲ႕ ႏွလုံးသားကို လႈပ္ကိုင္ေစႏိုင္တာ ဘယ္သူလဲ သိခ်င္လို႔ပါ..."
"သူမက နန္း..."
"သမီးေရ... သီတာအေမေရာက္ေနတယ္..."
ဟာကြာ😤...လူဝင္စားတဲ့သူကို သိရမွျဖစ္မယ္... သမိုင္းေၾကာင္းအရ လြဲေနတာ တစ္ခုရွိတယ္... အဲ့ကိစၥကို အမွန္တိုင္းသိဖို႔ ငါသတိေပးမွျဖစ္မယ္...
"ဟုတ္အေမ လာၿပီ... ဟို မင္းသမီး အဆင္ေျပတဲ့ေနရာမွာ ေနပါေနာ္..."
"ေကာင္းပါၿပီ..."
ဧည့္ခန္းထဲေရာက္ေနတာ သီတာအေမနဲ႔ ေဘးကဘယ္သူလဲဟ...
"သမီးေရ... လစာေလးလာရွင္းရင္းနဲ႔ တိမ္ယံအေၾကာင္းေလး ေဆြးေႏြးခ်င္လို႔..."
"ဟုတ္ကဲ့ရပါတယ္..."
ဘာလဲဟ ငါ့ကိုဘဲ စိုက္ၾကည့္ေနတာ... သီတာအစ္ကိုလည္းမျဖစ္ႏိုင္ပါဘူး...
"တိမ္ယံေလး အဆင့္ေကာင္းေပမဲ့... ခုတေလာ စာလုပ္လြန္းေနလို႔ သမီးက ေျဖာင့္ဖ်ေပးပါဦး..."
"သမီးလည္းရိပ္မိပါတယ္... စာေမးပြဲက တစ္လဘဲလိုေတာ့တာဆိုေတာ့ သမီးသင္ေပးရတဲ့ ကေလးေတြတိုင္း နည္းနည္း Psychoဆန္လာတာေတြ႕ရတယ္... အေဆာင္တစ္ခုက တပည့္မေလးေတြလည္း စာလုပ္လြန္းလို႔ Dripသြင္းလိုက္ရတယ္..."
(စာလုပ္တဲ့အထဲ Authorမပါ😁)
"ကေလးေတြက စာႀကိဳးစားေတာ့လည္း အလြန္ မႀကိဳးစားေတာ့လည္း စာအုပ္ေတာင္ ဖုန္တက္လို႔ ေဒၚေဒၚေရ... မဟုတ္လား ဆရာမ..."
"ဟုတ္မွာပါ ဒါနဲ႔ဒီကအစ္ကိုက..."
"ေအာ္ မိတ္ဆက္ေပးဖို႔ေမ့လို႔သမီးေရ... သူက ေနလင္းခပါ ရန္ကုန္ေဆး႐ုံႀကီးက ႏွလုံးအထူးကုေလ... အန္တီတူဝမ္းကြဲရဲ႕ မိန္းမမိုးခယံနဲ႔ သူက ေမာင္ႏွမေတာ္တယ္☺️ တိမ္ယံဦးေလးေပါ့..."
"ေအာ္...ေတြ႕ရတာဝမ္းသာပါတယ္ အစ္ကို..."
"ဟုတ္ ကြၽန္ေတာ္လည္း ေတြ႕ရတာဝမ္းသာပါတယ္ခင္ဗ်..."
"အန္တီ သီတာနဲ႔ Phေျပာျဖစ္လား☺️..."
"ဟိုတစ္လကေတာ့ အန္တီဆက္လို႔ ကိုင္ပါရဲ႕...မေျပာခ်င္ပါဘူးေအ🙂 သမီးသူငယ္ခ်င္းလဲ... ႏိုင္ငံျခားေျပာင္းဖို႔ ရာထူးတိုးခံရတာေတာင္ ဒီအေမကိုမေျပာဘူး..."
"ဒါဆို သူသြားၿပီေပါ့...အဲ့ကေလးမ ႏႈတ္ဆက္ေဖာ္ေတာင္မရဘူး..."
"အဲ့အလုပ္သြားကတည္းက အန္တီကိုေတာင္ ပလစ္ထားတာေဟ့... တစ္လတစ္လ ၅သိန္းေတာ့ပို႔ပါရဲ႕... အေမကို ဘာဘာညာညာေမးေဖာ္မရ..."
"သူအဆင္ေျပတယ္ဆို ၿပီးတာပါပဲ အန္တီရယ္..."
"သမီး ဒီမွာလစာေနာ္...အန္တီတို႔ျပန္ေတာ့မယ္..."
"ဟုတ္ကဲ့..."
"ကြၽန္ေတာ့္ကိုလည္း ခြင့္ျပဳပါဦး မႉး..."
"ဟုတ္..."
ဒီလိုအၾကည့္မ်ိဳး မႀကိဳက္ပါဘူး... လူကို ဝါးမတတ္ေငးေနတာ ေဒါက္တာျဖစ္ၿပီး မိန္းကေလးမျမင္ဖူးဘူးလားမသိ... သီတာမကလည္း ငါ့ကိုဆို ပစ္ထားတာ... ေတြ႕ဦးမယ္...ဟြန္႔...
..............
စံပယ္ပန္းေလးက ေမႊးေနတာဘဲ...သူရဲ႕အေရာင္ဆင္းက ျပည့္စုံေနတာဘဲ... အရမ္းခ်စ္ဖို႔ေကာင္းတဲ့ သူမကိုလည္း ငါစြဲလမ္းမိေနၿပီလား...
"တိမ္ယံ... စာလုပ္တာလည္း လုပ္ပါကြာ... မင္းၾကည့္ရတာ မႈိင္းမိေနသလိုဘဲ..."
"ေက်ာ္ႀကီးရာ... မင္းနားစမ္းပါ ငါဒီမွာနတ္သမီးေလးကိုၾကည့္ေနတယ္ေလ☺️..."
မ်က္ႏွာမူရာ ၾကည့္မိေတာ့...
"ေအာ္ နန္းၾကယ္ျဖဴကို ေငးေနတာကို... တဏွာမီးထေတာက္ေနတာဘဲ😒..."
"ဘာတဏွာမီးလဲ...ျပန္ျပင္ေျပာစမ္းပါ😕..."
"ေအး ဘယ္လိုေျပာရမလဲ😖..."
"အခ်စ္လမ္းခင္းေပးေနတဲ့ မိန္းမပ်ိဳေလးရဲ႕အလွတရားကို ခံစားျခင္းလို႔😊..."
"ေအာ့ ထြီး🤢🤮...မင္းဘာသာ ခံစားေနလိုက္... ေက်ာင္းဝန္းထဲ မဝင္ဘဲ အဲ့မွာဘဲ ရပ္က်န္ေနခဲ့ ေက်ာင္းတက္လို႔ Fineေၾကးေကာက္ခံရရင္ ၃၀၀၀ဘဲ ညီေလး...အာ ဟာ ဟား..."
"ၾကည့္စမ္းပါဦးကြာ... ငါအသဲေလး နန္းဆန္ခ်က္က မန္းေျမရဲ႕ ေတာ္ဝင္ရတနာတစ္ပါး အနီေရာင္ေကာ္ေဇာထက္ ေျခတစ္လွမ္း ကုေဋတစ္သန္းတန္ေအာင္ ေလွ်ာက္လွမ္းေနသလိုပါဘဲလားကြာ🤤..."
"အဟြတ္ အဟြတ္🤧... ဘယ္တုန္းက စာတတ္သြားတာလဲကြာ... ငါနားျဖင့္ မယုံႏိုင္ေအာင္ဘဲ..."
"ဟာ သူၿပဳံးျပန္ၿပီ... သူ႔အၿပဳံးတစ္ပြင့္ကို ျမင္ရဖို႔ ေန႔စဥ္မျပတ္ ခစားခ်င္တယ္ကြာ..."
"ဒီမွာ ပုရိသ 🙂အခ်ိန္မလင့္ခင္ အသိစိတ္ဝင္ကာ ဟိုေရွ႕က စာသင္ေဆာင္ထဲ ဆရာႀကိမ္မေရာက္ခင္ အျမန္ႂကြပါခင္ဗ်..."
"ေအာ္ ငါေလးက ပုရိသပါလား... သူ႔အတြက္ဘဲ ထာဝရ ပုရိသႀကီးပါ☺️..."
"ေျပာမိတဲ့ ငါ့အမွား... ဝင္မယ္ တိမ္ယံေရ..."
အတန္းထဲ ဒီေန႔မွထူးဆန္းေနတယ္... မိန္းကေလးအမ်ားစုက စာမလုပ္ဘဲ ေယာက်္ားေလးေတြအကုန္ စာက်က္ေနၾကတာလား... ၾကယ္ေလး ကိုယ့္မ်က္လုံးကိုယ္ မယုံႏိုင္ေတာ့😳...
"ဆရာမကိုႏႈတ္ဆက္မယ္..."
"မဂၤလာပါဆရာမ..."
"ေအး မဂၤလာပါ ထိုင္ၾကေတာ့...စာေမးပြဲေျဖဆိုရန္ ၁၈ရက္ဘဲလိုေတာ့တာေနာ္... စာေတြကို ေသခ်ာက်က္ Methodsေတြကို ေသခ်ာေလ့လာ... Bioသမားေတြက ပုံဆြဲက်င့္ စာလုံးေပါင္း ေသခ်ာက်က္... Ecoသမားေတြေတာ့ေျပာထားရတာဘဲ ဇယားနဲ႔တြက္ရတာေတြ ေသခ်ာၾကည့္ၾကေနာ္..."
"ဟုတ္ကဲ့ ဆရာမ..."
"သမီး နန္းၾကယ္ျဖဴ ၿပီးေတာ့ တိမ္ယံ ဆရာမ႐ုံခန္း ခဏလိုက္ခဲ့ဦး... က်န္တဲ့ကေလးေတြ စာၾကည့္ၾက..."
"ဟုတ္..."
ဘာျဖစ္လို႔ ႐ုံးခန္းေခၚတာပါလိမ့္... ခိုင္းစရာရွိရေအာင္လည္း ၿပိဳင္ပြဲေတြေရာ ပြဲေတာ္ေန႔လည္းမရွိဘဲနဲ႔...
"ကဲ သမီးတို႔ ထိုင္ၾကပါဦး..."
"ဟုတ္..."
"ဒီလို သမီးတို႔ႏွစ္ေယာက္က အၿမဲတမ္း 1 to 5 ဝင္ေနၾကသူေတြမလို႔... စာကို ပိုၿပီးဖိလုပ္ပါ... စာေမးပြဲအတြင္း သမီးတို႔ကို အခ်ိန္ပိုတက္ေစခ်င္တယ္..."
"ဟိုေလ ဆရာမ သမီးအိမ္ကိုေမးၾကည့္လိုက္ဦးမယ္..."
"ဆရာမေျပာလိုက္ပါမယ္...သမီးတိမ္ယံေရာ..."
"ရတယ္ ဆရာမ ရတယ္☺️..."
"ျဖည္းျဖည္းေျပာပါဟယ္😒... ဒီနားနဲ႔ ဒီနားကို အလန္႔တၾကားနဲ႔... ကဲ တစ္နာရီေတာ့ အခ်ိန္ပိုတက္ရမယ္ေနာ္...သြားေတာ့..."
"ဟုတ္ဆရာမ..."
ဒီအခြင့္ေရးလက္လႊတ္လိုက္ရင္ ငါ့ထက္မိုက္တဲ့သူ ရွိမယ္မထင္ဘူး... ဟဲဟဲ... ေက်ာ္ႀကီးရာ ငါနန္းနဲ႔တြဲတဲ့အခါက်မွ မင္းကိုအားက်တဲ့အၾကည့္နဲ႔ၾကည့္ေနေစရမယ္😀😀😀...
.............
ရာစုႏွစ္ဘယ္လိုေျပာင္းလဲသြားပါေစ... မေျပာင္းလဲတဲ့အမွန္တရားတစ္ခုအတြက္ ငါဘယ္လိုေဖာ္ထုတ္ရမလဲ...
"ဟဲ့သမီး!...နင္ဘာေတြစဥ္းစားေနလို႔ ဟင္းရည္ထဲဆားေတြသြန္းထည့္ေနတာလဲ😒..."
"အာ... Sorry အေမ Sorry..."
"နင္ေတာ့ေလ ေသေတာ့မွာဘဲ... နင့္အဖြားက ဆာေနပါၿပီဆို..."
"သမီးအျမန္တည္လိုက္မယ္ေနာ္... ခဏေလးဘဲေစာင့္..."
"ငါမေျပာခ်င္ေတာ့ပါဘူးေအ...ေစ့စပ္ပြဲကလည္းပ်က္ ညည္းအေဖကလည္း အ႐ြယ္မတိုင္ခင္ဆုံး... ညည္းကလည္းျပာယာနဲ႔ေတာ့ ခက္ေနပါၿပီ မိမႉးေရ..."
"အေမရယ္ ေစ့စပ္ပြဲပ်က္တာ သမီးလုပ္တာမွမဟုတ္ဘဲ..."
"ညည္းဆြဲမထားႏိုင္လို႔ ဟိုကလက္သာတဲ့ေနာက္ပါတာေပါ့ေအ..."
"အေမရယ္...အခ်စ္ဆိုတာ လုပ္ယူလို႔ရတဲ့အရာမွမဟုတ္တာ..."
"ေျပာစမ္းပါဦးေအ... ငါတို႔ေခတ္တုန္းကေတာ့ မိဘသေဘာတူတဲ့သူနဲ႔ယူ ၿပီးရင္ အခ်ိန္ၾကာလာေတာ့ သံေယာဇဥ္ေတြျဖစ္ၿပီး သားသမီးေတြေမြး... ေပ်ာ္ေပ်ာ္ေနခဲ့ရတာဘဲ..."
"အဲ့တာေတာ့ဟုတ္ပါတယ္အေမရယ္... အခ်စ္ဆိုတာ ဖူးစာပါမွလည္းျဖစ္တာကို..."
"လွ်ာရွည္တဲ့ ညည္းနဖူးမွာေလ ကြၽန္မဖူးစာရွင္ အျမန္လာတင္ေတာင္းပါရန္ဆိုၿပီး ေရးေပးလိုက္ခ်င္တယ္..."
"ဟာ အေမေနာ္ ကိုယ့္သမီးကိုယ္ျပန္ေရာင္းစားေနတာလား..."
"ငါလုပ္လိုက္ရ...သြား ဟင္းရည္အိုးထဲ ဂ်ဳံးလုံးအေနေတာ္ေလး လုံးထည့္လိုက္..."
"ဘာျဖစ္လို႔လဲအေမ..."
"ဟဲ ဂ်ဳံလုံးက ဆားကိုစုပ္တယ္ဟဲ့... ေအာင္မယ္ေလး ကိုပိုင္ရယ္ ရွင္နဲ႔တစ္ေထရာတည္းတူတဲ့ သမီးကို စိတ္ခ်လက္ခ် ကြၽန္မနားထားခဲ့ရတာ ေပ်ာ္ရဲ႕လားလို႔... ဟင့္ ဟင့္😭😭..."
"မငိုပါနဲ႔အေမရယ္... သမီးကေရာ အေဖ့ကို ျမန္ျမန္ထြက္သြားေစခ်င္တယ္ထင္ေနတာလား... ဟီးဟီး😭..."
"ဟဲ့ သားအမိႏွစ္ေယာက္ ခုမွငါ့သားကိုတၿပီးငိုမေနၾကနဲ႔... စားစရာရွိစား လုပ္စရာရွိလုပ္ ေသတဲ့သူက နင္တို႔ကိုၾကည့္ၿပီး သူသြားမဲ့ေနရာေတာင္ ေျဖာင့္ေျဖာင့္မသြားရဘဲေနေနမယ္.😤..."
"ဟုတ္..."
"ေျမး အဘြားအခန္းထဲလိုက္ခဲ့...နင္ကေတာ့ ထမင္းခူးထားေတာ့..."
"ဟုတ္ကဲ့ပါအေမ..."
အဘြားငါ့ကို ေစ့စပ္ပြဲပ်က္တဲ့ကိစၥေမးမလို႔မ်ားလား...
"ေျမး..."
"ဟုတ္အဘြား..."
"ဒီမိသားစု မ်ိဳး႐ိုးစာအုပ္က ေျမးဆီမွာမဟုတ္လား..."
"ဟုတ္တယ္အဘြားရဲ႕..."
"ဟူး😔... အဘြားေျမးကို ေျပာမွျဖစ္မဲ့ကိစၥေလးေတြရွိတယ္..."
"ဟုတ္ကဲ့အဘြား..."
"ေျမးလက္ထဲရွိတဲ့ သမိုင္းေၾကာင္းစာအုပ္က တကယ္ေတာ့ အဘြားရဲ႕အဘိုးျပန္ျပင္ေရးခဲ့တဲ့အေၾကာင္းအရာေတြပါ..."
"ရွင္!... ဒါဆို ဒါက အတုေတြေပါ့..."
"ဟုတ္တယ္ေျမး... လြန္ခဲ့တဲ့
ႏွစ္ေပါင္း၁၅၀ခန္႔ကေပါ့..."
...........
ဒန္ တန္႔ တန္...
ကဲ ဘာဆက္ျဖစ္ၾကမလဲ...
😁😁😁ေျပာဘူးေနာ္...အားေပးၾကပါဦး...
VOTE & Commentေလးေတြနဲ႔
Reading listထဲ ကြၽန္ေတာ့္ရဲ႕ ဖန္တီးမႈကို ႏွစ္သက္ရင္ ထည့္ေပးၾကပါဦးဗ်ာ...
စိတ္ထဲမပါရင္ေတ့ မထည့္နဲ႔ေပါ့😔...
#DVassan
...................
Meow-14
Unicode
အချစ်ဆိုတာ ဘာလဲ... အဖြေရှာမရသလို ဘာဖြစ်နေမှန်းကိုမသိဘူး...သူ့ကိုငါချစ်တာလား မချစ်တာလား ငါမသိဘူး...ရူးကြောင်ကြောင်ဖြစ်တည်မှုတွေအတွက် အချိန်လည်းမကုန်ချင်ဘူး...စာမေးပွဲနီးနေပြီ စာကိုသာအဓိကထားချင်ပေမဲ့ ရင်မခုန်တဲ့သာတစ်ယောက်အတွက် စိတ်ရှုပ်နေရတယ်... ဆေးရုံကဆင်းပြီး သုဝဏ္ဏကိုမတွေ့ရပါလား😌...
"မမလေး ဘာတွေတွေးနေတာလဲ... ဒီနေ့ဆရာမလာလို့အိမ်စာမပြီးသေးရင် ဆူခံနေရဦးမယ်..."
"မစု..."
"ဟုတ် မမလေး..."
"အချစ်နဲ့အလွမ်းရဲ့အဓိပ္ပာယ်က ဘာလဲဟင်🤨..."
"မစုက အပျိုကြီးလေကွယ်... အချစ်ဆိုတာက သိသလောက်တော့ ၅၂၈မေတ္တာဆိုတဲ့ အချစ်လည်း ပူလောင်တာဘဲ ၁၅၀၀ဆိုတဲ့ အချစ်လည်းပူလောင်ရတာဘဲ... အချစ်ဆိုတဲ့ စိတ္တဇနာမ်ကြားထဲ ပစ္စည်းဥစ္စာဓနတွေ ဂုဏ်ဒြပ်တွေပါလာခဲ့ရင် ပူလောင်တာပေါ့... ခုခေတ်ပုံစံအရဆို အချစ်စစ်ဆိုတာ ကောက်ရိုးပုံထဲမှာ အပ်ပျောက်ရှာရသလိုဘဲ မမလေးရဲ့☺️..."
"ဒါနဲ့ မစုက အများကြီးသိနေတာဘဲ😁... အလွမ်းဆိုတာကရော..."
"အလွမ်းဆိုတာ ကိုယ်သံယောဇဉ်တွယ်ရတဲ့ တစ်စုံတစ်ဦးနဲ့ သေကွဲ ကွဲရင်ကွဲ မဟုတ်ရင် ရှင်ကွဲ ကွဲတာ... အဲ့လိုချိန် တစ်စုံတစ်ယောက်ကို ငါ့အနားရှိစေချင်လိုက်တာဆိုတဲ့ အတွေးမျိုးကို အလွမ်းလို့သတ်မှတ်လိုက်တာ တကယ်တော့ အလွမ်းဆိုတာ သံယောဇဉ်နဲ့လည်းဆိုင်ပါတယ်😌..."
"ဟူး... ဒါဘဲလား မစုရယ်😟..."
"ရှိသေးတာပေါ့... အရမ်းချစ်ကြလို့ ရင်ကွဲနာကြပြီး သေဆုံးရတာ...အဲ့ဒါတွေက တကယ်တော့ ပူတယ် မမလေးရဲ့...ပျော်ရွှင်စရာမရှိတဲ့ လောကကြီးထဲမှာ ပျော်ရွှင်မှုကိုဖန်တီးပြီး နေကြရတာဘဲလေ...တစ်ချို့တွေက အချစ်ကုန်လို့ ကွာရှင်းပြတ်စဲကြသတဲ့ အခုခေတ်တော့ သိတဲ့အတိုင်း သုံးနှစ်သုံးမိုးချစ်ခဲ့လည်း ပြတ်တာဘဲဆိုတော့😅..."
"အဲ့ဒါလည်း ဟုတ်ပါတယ်... မာမီနဲ့ ဒယ်ဒီ အိပ်ယာခွဲအိပ်တာ အချစ်ကုန်သွားလို့ဖြစ်မယ်😣..."
"ဒါကတော့ မစုမပြောတတ်ဘူး မမလေး..."
"တစ်ခုထပ်မေးလို့ရလား ဟီးဟီး😁..."
"ဟွင် ဟွင် တစ်ခုဘဲနော် ပြီးရင် စာလုပ်တော့..."
"ဟုတ်ကဲ့ပါရှင့်..."
"ကဲမေးပါရှင့်..."
"ဟိုလေ ကြယ်လေးသူငယ်ချင်းက သူနဲ့သိတာမကြာသေးတဲ့ လူတစ်ယောက်ကို ချစ်နေမိလား မချစ်တာလား ဝေခွဲမရလို့တဲ့😁..."
"တယ်ဆန်းတာပါလား...အဲ့တော့ အဲ့ကလေးမက"
"သူ့ကို အဲ့လူကချစ်နေတာတဲ့...ဒါပေမဲ့အဲ့တာက လူမဟုတ်တဲ့ လူဆိုတော့ သူဘာဆက်လုပ်ရမလဲ မသိလို့.😅.."
"အလိုတော်😳... လူမဟုတ်တဲ့ လူဆိုတော့ ဘယ်လိုမျိုးတွေလဲ..."
"ဟို ဝိညာဉ်လိုမျိုး..."
"အောင်မလေး😱 မမလေးရယ် သွားမချစ်ပါနဲ့..."
"ကြယ်လေးမဟုတ်ပါဘူးဆို..."
"အော် မသိပါဘူး... မမလေးက ကိုယ်တိုင်ခံစားဖူးသလိုကြီး ပြောနေတော့လေ..."
"ဖြစ်စရာလား ကြယ်လေးက အဲ့လိုဟာတွေမချစ်ပါဘူးနော်..."
အော် ကလေးရယ်... အတူနေလာတာ ၁၀နှစ်ကျော်နေပါပြီလေ... မျက်နှာမှာ ရှက်သွေးဖြာပုံထောက်နေရင် မမလေးတစ်စုံတစ်ယောက်ကို ချစ်မိနေတာလား... သူပြောတဲ့ ဝိညာဉ်ဆိုသူလား...
"ဟုတ်ပါပြီ... ဒီလိုအကြံပေးလိုက် မမလေး..."
"ဟုတ် မစု..."
"ဘယ်လိုအရာမျိုးနဲ့ဘဲ ဖြစ်ဖြစ် တစ်စုံတစ်ရာကို ချစ်မိတယ် မြတ်နိုးမိတယ် တန်ဖိုးထားတတ်လာတယ်ဆိုရင်... နောက်လှည့်မကြည့်ဘဲ နောင်တတရားတို့မရှိဘဲ ချစ်လိုက်ပါလို့..."
"အဲ့လူက လူမဟုတ်ရင်တောင်လား😫..."
"အချစ်မှာ မျက်စိမရှိဘူးတဲ့ မမလေးရဲ့..."
"ဟာ... မစုကလည်း ချစ်ခြင်းအစ မျက်လုံးကတဲ့😒..."
"ဒါက မြင်မြင်ချင်းအချစ်တွေအတွက်ပြောတာပါ... မျက်မမြင်တွေမှာလည်း အချစ်ရှိတာဘဲလေ... ချစ်ခြင်းအစ နှလုံးသားကလို့ပြောရမှာ☺️အချစ်မှာ အကန့်သတ်တွေရှိနေရင် အချစ်စစ်မဟုတ်လို့ပေါ့... ကဲစာလုပ်တော့နော်..."
"ဒါဆို မစုက ချစ်ဖူးလို့လား🧐..."
"ဘယ်လိုပြောရမလဲကွယ်... နောက်နေ့မှပြောကြတာပေါ့ စာလုပ်ကြမယ်နော်..."
"ဟွန့်😒 ဟုတ်ပါပြီ ဟုတ်ပါပြီ..."
"ကြည့်ပါဦး ဘွားတော်ပေါက်စလေသံနဲ့ မမလေးရယ်..."
"မစုအားဆေးသောက်ပြီး ခဏနားတော့ ကြယ်လေးဘာသာ အိမ်စာအပြီးလုပ်တော့မယ်😗..."
"ဟုတ်ပါပြီ မမလေးရယ်... မစုခဏတော့နားမယ်နော်☺️..."
"ဟုတ်..."
ဟင့်အင်း... ကြယ်လေး ဘယ်သူ့ကိုမှမချစ်ချင်ဘူး...ပူလောင်တဲ့အရာကို ချစ်ခြင်းလို့သတ်မှတ်နေရင် ဘာလို့ လူတွေက အချစ်ကို မက်မောနေကြတာလဲ...အချစ်မရှိဘဲ ဘာလို့မနေနိုင်ကြတာလဲ...အပျိုကြီးတွေ လူပျိုကြီးတွေကရော🤔
(ဘာဘာ ဘာမှမသိ😁😁😁)
..............
"မင်းသမီးဧချင်းဟာ... တိုင်းပြည်ကို သစ္စာဖောက်ရုံသာမက...မင်းသမီးသုဝဏ္ဏဒေဝီရဲ့ ကြင်ယာတော်နဲ့ သမီးတော်ကို သတ်ခဲ့တဲ့သူဘဲ... ခွင့်လွှတ်စရာအကြောင်းမရှိဘူးထင်တယ်😕..."
"တိတ်စမ်း😤...အထိန်းတော်မှူး တော်ဝင်သွေးစစ်စစ်ဖြစ်တဲ့ ငါကိုယ်တော်ရဲ့သွေးသားရင်းညီမတော်ပါ... သူ့ကို ပြည်သူလူထုတွေ မုန်းမုန်း... ဘယ်သူတွေမုန်းမုန်း ငါကိုယ်တော်ညီမတော်ကို ခွင့်လွှတ်တယ်..."
"ဟူး... ခုခေတ်စကားအရနဲပြောရမယ်ဆိုရင်... မင်းသမီးက တစ်ဖက်သတ်ကြီး မနစ်နာနေဘူးလား😏..."
"နစ်နာခြင်းတွေမှာ နောင်သံသရာအတွက် ဝဋ်ကြွေးမရှိတော့ဘူးဆိုရင် ကိုယ်တော်ပေးဆပ်နေမှာဘဲ😔..."
မင်းသမီးမသိသေးတဲ့ ကိစ္စတစ်ခုကို... အဖေ့မှတ်စုထဲက ဖတ်မိထားတာရှိတယ်... အဲ့ကိစ္စပြောပြသင့်လား...အကယ်၍ အဲ့တာအမှန်ဆိုရင်ရော😖...
"ဟိုလေ မင်းသမီး...သမီးတော်သုန္ဒရီက ဘာကြောင့် နတ်ရွာစံသွားတာလဲ..."
"ငါ့သမီးတော်လေးက... သူ့မယ်တော် ကျိန်စာစက်ကွင်းထဲကနေ ရုန်းထွက်မရလို့... စိတ်နှစ်ခွနဲ့ အဆိပ်ကိုယ်တိုင်သောက်မိတဲ့ ကလေးငယ်ဘဲ😢..."
"မငိုပါနဲ့... ဒဏ်ရာတွေကို ဆွနေတာမဟုတ်ပါဘူး..."
"ဒဏ်ရာတွေတောင် အမာရွတ်မဖြစ်သေးဘူး... ခုထိ နာကျင်နေရတုန်းပါဘဲ😔..."
"ရူပဒေဝီက ဘယ်နေရာမှာ ဝင်စားနေတာလဲ...သမီးတော်ကရော🤨..."
"မင်းက ဘာဖြစ်လို့သိချင်ရတာလဲ..."
"ဒီလိုပါဘဲ အရှင်မင်းသမီးရဲ့ နှလုံးသားကို လှုပ်ကိုင်စေနိုင်တာ ဘယ်သူလဲ သိချင်လို့ပါ..."
"သူမက နန်း..."
"သမီးရေ... သီတာအမေရောက်နေတယ်..."
ဟာကွာ😤...လူဝင်စားတဲ့သူကို သိရမှဖြစ်မယ်... သမိုင်းကြောင်းအရ လွဲနေတာ တစ်ခုရှိတယ်... အဲ့ကိစ္စကို အမှန်တိုင်းသိဖို့ ငါသတိပေးမှဖြစ်မယ်...
"ဟုတ်အမေ လာပြီ... ဟို မင်းသမီး အဆင်ပြေတဲ့နေရာမှာ နေပါနော်..."
"ကောင်းပါပြီ..."
ဧည့်ခန်းထဲရောက်နေတာ သီတာအမေနဲ့ ဘေးကဘယ်သူလဲဟ...
"သမီးရေ... လစာလေးလာရှင်းရင်းနဲ့ တိမ်ယံအကြောင်းလေး ဆွေးနွေးချင်လို့..."
"ဟုတ်ကဲ့ရပါတယ်..."
ဘာလဲဟ ငါ့ကိုဘဲ စိုက်ကြည့်နေတာ... သီတာအစ်ကိုလည်းမဖြစ်နိုင်ပါဘူး...
"တိမ်ယံလေး အဆင့်ကောင်းပေမဲ့... ခုတလော စာလုပ်လွန်းနေလို့ သမီးက ဖြောင့်ဖျပေးပါဦး..."
"သမီးလည်းရိပ်မိပါတယ်... စာမေးပွဲက တစ်လဘဲလိုတော့တာဆိုတော့ သမီးသင်ပေးရတဲ့ ကလေးတွေတိုင်း နည်းနည်း Psychoဆန်လာတာတွေ့ရတယ်... အဆောင်တစ်ခုက တပည့်မလေးတွေလည်း စာလုပ်လွန်းလို့ Dripသွင်းလိုက်ရတယ်..."
(စာလုပ်တဲ့အထဲ Authorမပါ😁)
"ကလေးတွေက စာကြိုးစားတော့လည်း အလွန် မကြိုးစားတော့လည်း စာအုပ်တောင် ဖုန်တက်လို့ ဒေါ်ဒေါ်ရေ... မဟုတ်လား ဆရာမ..."
"ဟုတ်မှာပါ ဒါနဲ့ဒီကအစ်ကိုက..."
"အော် မိတ်ဆက်ပေးဖို့မေ့လို့သမီးရေ... သူက နေလင်းခပါ ရန်ကုန်ဆေးရုံကြီးက နှလုံးအထူးကုလေ... အန်တီတူဝမ်းကွဲရဲ့ မိန်းမမိုးခယံနဲ့ သူက မောင်နှမတော်တယ်☺️ တိမ်ယံဦးလေးပေါ့..."
"အော်...တွေ့ရတာဝမ်းသာပါတယ် အစ်ကို..."
"ဟုတ် ကျွန်တော်လည်း တွေ့ရတာဝမ်းသာပါတယ်ခင်ဗျ..."
"အန်တီ သီတာနဲ့ Phပြောဖြစ်လား☺️..."
"ဟိုတစ်လကတော့ အန်တီဆက်လို့ ကိုင်ပါရဲ့...မပြောချင်ပါဘူးအေ🙂 သမီးသူငယ်ချင်းလဲ... နိုင်ငံခြားပြောင်းဖို့ ရာထူးတိုးခံရတာတောင် ဒီအမေကိုမပြောဘူး..."
"ဒါဆို သူသွားပြီပေါ့...အဲ့ကလေးမ နှုတ်ဆက်ဖော်တောင်မရဘူး..."
"အဲ့အလုပ်သွားကတည်းက အန်တီကိုတောင် ပလစ်ထားတာဟေ့... တစ်လတစ်လ ၅သိန်းတော့ပို့ပါရဲ့... အမေကို ဘာဘာညာညာမေးဖော်မရ..."
"သူအဆင်ပြေတယ်ဆို ပြီးတာပါပဲ အန်တီရယ်..."
"သမီး ဒီမှာလစာနော်...အန်တီတို့ပြန်တော့မယ်..."
"ဟုတ်ကဲ့..."
"ကျွန်တော့်ကိုလည်း ခွင့်ပြုပါဦး မှူး..."
"ဟုတ်..."
ဒီလိုအကြည့်မျိုး မကြိုက်ပါဘူး... လူကို ဝါးမတတ်ငေးနေတာ ဒေါက်တာဖြစ်ပြီး မိန်းကလေးမမြင်ဖူးဘူးလားမသိ... သီတာမကလည်း ငါ့ကိုဆို ပစ်ထားတာ... တွေ့ဦးမယ်...ဟွန့်...
..............
စံပယ်ပန်းလေးက မွှေးနေတာဘဲ...သူရဲ့အရောင်ဆင်းက ပြည့်စုံနေတာဘဲ... အရမ်းချစ်ဖို့ကောင်းတဲ့ သူမကိုလည်း ငါစွဲလမ်းမိနေပြီလား...
"တိမ်ယံ... စာလုပ်တာလည်း လုပ်ပါကွာ... မင်းကြည့်ရတာ မှိုင်းမိနေသလိုဘဲ..."
"ကျော်ကြီးရာ... မင်းနားစမ်းပါ ငါဒီမှာနတ်သမီးလေးကိုကြည့်နေတယ်လေ☺️..."
မျက်နှာမူရာ ကြည့်မိတော့...
"အော် နန်းကြယ်ဖြူကို ငေးနေတာကို... တဏှာမီးထတောက်နေတာဘဲ😒..."
"ဘာတဏှာမီးလဲ...ပြန်ပြင်ပြောစမ်းပါ😕..."
"အေး ဘယ်လိုပြောရမလဲ😖..."
"အချစ်လမ်းခင်းပေးနေတဲ့ မိန်းမပျိုလေးရဲ့အလှတရားကို ခံစားခြင်းလို့😊..."
"အော့ ထွီး🤢🤮...မင်းဘာသာ ခံစားနေလိုက်... ကျောင်းဝန်းထဲ မဝင်ဘဲ အဲ့မှာဘဲ ရပ်ကျန်နေခဲ့ ကျောင်းတက်လို့ Fineကြေးကောက်ခံရရင် ၃၀၀၀ဘဲ ညီလေး...အာ ဟာ ဟား..."
"ကြည့်စမ်းပါဦးကွာ... ငါအသဲလေး နန်းဆန်ချက်က မန်းမြေရဲ့ တော်ဝင်ရတနာတစ်ပါး အနီရောင်ကော်ဇောထက် ခြေတစ်လှမ်း ကုဋေတစ်သန်းတန်အောင် လျှောက်လှမ်းနေသလိုပါဘဲလားကွာ🤤..."
"အဟွတ် အဟွတ်🤧... ဘယ်တုန်းက စာတတ်သွားတာလဲကွာ... ငါနားဖြင့် မယုံနိုင်အောင်ဘဲ..."
"ဟာ သူပြုံးပြန်ပြီ... သူ့အပြုံးတစ်ပွင့်ကို မြင်ရဖို့ နေ့စဉ်မပြတ် ခစားချင်တယ်ကွာ..."
"ဒီမှာ ပုရိသ 🙂အချိန်မလင့်ခင် အသိစိတ်ဝင်ကာ ဟိုရှေ့က စာသင်ဆောင်ထဲ ဆရာကြိမ်မရောက်ခင် အမြန်ကြွပါခင်ဗျ..."
"အော် ငါလေးက ပုရိသပါလား... သူ့အတွက်ဘဲ ထာဝရ ပုရိသကြီးပါ☺️..."
"ပြောမိတဲ့ ငါ့အမှား... ဝင်မယ် တိမ်ယံရေ..."
အတန်းထဲ ဒီနေ့မှထူးဆန်းနေတယ်... မိန်းကလေးအများစုက စာမလုပ်ဘဲ ယောကျ်ားလေးတွေအကုန် စာကျက်နေကြတာလား... ကြယ်လေး ကိုယ့်မျက်လုံးကိုယ် မယုံနိုင်တော့😳...
"ဆရာမကိုနှုတ်ဆက်မယ်..."
"မင်္ဂလာပါဆရာမ..."
"အေး မင်္ဂလာပါ ထိုင်ကြတော့...စာမေးပွဲဖြေဆိုရန် ၁၈ရက်ဘဲလိုတော့တာနော်... စာတွေကို သေချာကျက် Methodsတွေကို သေချာလေ့လာ... Bioသမားတွေက ပုံဆွဲကျင့် စာလုံးပေါင်း သေချာကျက်... Ecoသမားတွေတော့ပြောထားရတာဘဲ ဇယားနဲ့တွက်ရတာတွေ သေချာကြည့်ကြနော်..."
"ဟုတ်ကဲ့ ဆရာမ..."
"သမီး နန်းကြယ်ဖြူ ပြီးတော့ တိမ်ယံ ဆရာမရုံခန်း ခဏလိုက်ခဲ့ဦး... ကျန်တဲ့ကလေးတွေ စာကြည့်ကြ..."
"ဟုတ်..."
ဘာဖြစ်လို့ ရုံးခန်းခေါ်တာပါလိမ့်... ခိုင်းစရာရှိရအောင်လည်း ပြိုင်ပွဲတွေရော ပွဲတော်နေ့လည်းမရှိဘဲနဲ့...
"ကဲ သမီးတို့ ထိုင်ကြပါဦး..."
"ဟုတ်..."
"ဒီလို သမီးတို့နှစ်ယောက်က အမြဲတမ်း 1 to 5 ဝင်နေကြသူတွေမလို့... စာကို ပိုပြီးဖိလုပ်ပါ... စာမေးပွဲအတွင်း သမီးတို့ကို အချိန်ပိုတက်စေချင်တယ်..."
"ဟိုလေ ဆရာမ သမီးအိမ်ကိုမေးကြည့်လိုက်ဦးမယ်..."
"ဆရာမပြောလိုက်ပါမယ်...သမီးတိမ်ယံရော..."
"ရတယ် ဆရာမ ရတယ်☺️..."
"ဖြည်းဖြည်းပြောပါဟယ်😒... ဒီနားနဲ့ ဒီနားကို အလန့်တကြားနဲ့... ကဲ တစ်နာရီတော့ အချိန်ပိုတက်ရမယ်နော်...သွားတော့..."
"ဟုတ်ဆရာမ..."
ဒီအခွင့်ရေးလက်လွှတ်လိုက်ရင် ငါ့ထက်မိုက်တဲ့သူ ရှိမယ်မထင်ဘူး... ဟဲဟဲ... ကျော်ကြီးရာ ငါနန်းနဲ့တွဲတဲ့အခါကျမှ မင်းကိုအားကျတဲ့အကြည့်နဲ့ကြည့်နေစေရမယ်😀😀😀...
.............
ရာစုနှစ်ဘယ်လိုပြောင်းလဲသွားပါစေ... မပြောင်းလဲတဲ့အမှန်တရားတစ်ခုအတွက် ငါဘယ်လိုဖော်ထုတ်ရမလဲ...
"ဟဲ့သမီး!...နင်ဘာတွေစဉ်းစားနေလို့ ဟင်းရည်ထဲဆားတွေသွန်းထည့်နေတာလဲ😒..."
"အာ... Sorry အမေ Sorry..."
"နင်တော့လေ သေတော့မှာဘဲ... နင့်အဖွားက ဆာနေပါပြီဆို..."
"သမီးအမြန်တည်လိုက်မယ်နော်... ခဏလေးဘဲစောင့်..."
"ငါမပြောချင်တော့ပါဘူးအေ...စေ့စပ်ပွဲကလည်းပျက် ညည်းအဖေကလည်း အရွယ်မတိုင်ခင်ဆုံး... ညည်းကလည်းပြာယာနဲ့တော့ ခက်နေပါပြီ မိမှူးရေ..."
"အမေရယ် စေ့စပ်ပွဲပျက်တာ သမီးလုပ်တာမှမဟုတ်ဘဲ..."
"ညည်းဆွဲမထားနိုင်လို့ ဟိုကလက်သာတဲ့နောက်ပါတာပေါ့အေ..."
"အမေရယ်...အချစ်ဆိုတာ လုပ်ယူလို့ရတဲ့အရာမှမဟုတ်တာ..."
"ပြောစမ်းပါဦးအေ... ငါတို့ခေတ်တုန်းကတော့ မိဘသဘောတူတဲ့သူနဲ့ယူ ပြီးရင် အချိန်ကြာလာတော့ သံယောဇဉ်တွေဖြစ်ပြီး သားသမီးတွေမွေး... ပျော်ပျော်နေခဲ့ရတာဘဲ..."
"အဲ့တာတော့ဟုတ်ပါတယ်အမေရယ်... အချစ်ဆိုတာ ဖူးစာပါမှလည်းဖြစ်တာကို..."
"လျှာရှည်တဲ့ ညည်းနဖူးမှာလေ ကျွန်မဖူးစာရှင် အမြန်လာတင်တောင်းပါရန်ဆိုပြီး ရေးပေးလိုက်ချင်တယ်..."
"ဟာ အမေနော် ကိုယ့်သမီးကိုယ်ပြန်ရောင်းစားနေတာလား..."
"ငါလုပ်လိုက်ရ...သွား ဟင်းရည်အိုးထဲ ဂျုံးလုံးအနေတော်လေး လုံးထည့်လိုက်..."
"ဘာဖြစ်လို့လဲအမေ..."
"ဟဲ ဂျုံလုံးက ဆားကိုစုပ်တယ်ဟဲ့... အောင်မယ်လေး ကိုပိုင်ရယ် ရှင်နဲ့တစ်ထေရာတည်းတူတဲ့ သမီးကို စိတ်ချလက်ချ ကျွန်မနားထားခဲ့ရတာ ပျော်ရဲ့လားလို့... ဟင့် ဟင့်😭😭..."
"မငိုပါနဲ့အမေရယ်... သမီးကရော အဖေ့ကို မြန်မြန်ထွက်သွားစေချင်တယ်ထင်နေတာလား... ဟီးဟီး😭..."
"ဟဲ့ သားအမိနှစ်ယောက် ခုမှငါ့သားကိုတပြီးငိုမနေကြနဲ့... စားစရာရှိစား လုပ်စရာရှိလုပ် သေတဲ့သူက နင်တို့ကိုကြည့်ပြီး သူသွားမဲ့နေရာတောင် ဖြောင့်ဖြောင့်မသွားရဘဲနေနေမယ်.😤..."
"ဟုတ်..."
"မြေး အဘွားအခန်းထဲလိုက်ခဲ့...နင်ကတော့ ထမင်းခူးထားတော့..."
"ဟုတ်ကဲ့ပါအမေ..."
အဘွားငါ့ကို စေ့စပ်ပွဲပျက်တဲ့ကိစ္စမေးမလို့များလား...
"မြေး..."
"ဟုတ်အဘွား..."
"ဒီမိသားစု မျိုးရိုးစာအုပ်က မြေးဆီမှာမဟုတ်လား..."
"ဟုတ်တယ်အဘွားရဲ့..."
"ဟူး😔... အဘွားမြေးကို ပြောမှဖြစ်မဲ့ကိစ္စလေးတွေရှိတယ်..."
"ဟုတ်ကဲ့အဘွား..."
"မြေးလက်ထဲရှိတဲ့ သမိုင်းကြောင်းစာအုပ်က တကယ်တော့ အဘွားရဲ့အဘိုးပြန်ပြင်ရေးခဲ့တဲ့အကြောင်းအရာတွေပါ..."
"ရှင်!... ဒါဆို ဒါက အတုတွေပေါ့..."
"ဟုတ်တယ်မြေး... လွန်ခဲ့တဲ့
နှစ်ပေါင်း၁၅၀ခန့်ကပေါ့..."
...........
ဒန် တန့် တန်...
ကဲ ဘာဆက်ဖြစ်ကြမလဲ...
😁😁😁ပြောဘူးနော်...အားပေးကြပါဦး...
VOTE & Commentလေးတွေနဲ့
Reading listထဲ ကျွန်တော့်ရဲ့ ဖန်တီးမှုကို နှစ်သက်ရင် ထည့်ပေးကြပါဦးဗျာ...
စိတ်ထဲမပါရင်တေ့ မထည့်နဲ့ပေါ့😔...
#DVassan