My Little Poplar
[ Yu Feng Cheng x Bai Xin Yu ]
အမေရိကန် • နယူးယောက် • Street
°•°•°•°•°•°•°•°•°•°•°
🐷🐽🐷🐽🐷
ယွီဖုန်းချန်တစ်ယောက် နွေရာသီအားလပ်ရက်လေးမကုန်ဆုံးခင် ပြည်ပခရီးထွက်ခွင့်ရလိုက်ဖို့အရေး အတော်ကိုမှ ကြိုးစားရုန်းကန်လိုက်ရ၏။ ဒီကြားထဲမတော်လို့များ ခွင့်ပြုပေးလိုက်သည့်အဖွဲ့ကနောင်တရပြီး သူတို့ကိုပြန်ခေါ်မှာစိုးသည်ကြောင့် နှစ်ယောက်သား Special Forces စစ်သားများ၏အမြန်နှုန်းကိုထုတ်သုံးကာ ပြင်ဆင်ကြရသေးသည်။ ထုတ်ပိုးပြင်ဆင်သည်မှအစ ထွက်ခွါသည့်အဆုံး တစ်ရက်အတွင်း အပြီးအစီးလုပ်ကြကာ နယူးယောက်သို့ တစ်ချိုးတည်းလစ်သွားကြကုန်၏။
နှစ်ယောက်သား လျှောက်လည်မည့်နေရာကို ရွေးလိုက်ကြပုံမှာ မျက်စိမှိတ်၍ မြေပုံကိုဓားနဲ့ပေါက်ပြီး ရွေးလိုက်ကြခြင်းဖြစ်သည်။ သူတို့ထဲတွင် မည်သူကမှ ခရီးထွက်တာနှင့်ပတ်သတ်ပြီး အရမ်းကြီးစိတ်ပါဝင်စားတာမျိုး မရှိသည်ကြောင့် နောက်ထွက်ရမည့်ခရီးစဉ်နေရာအတွက် နောက်မှသာစဉ်းစားကြမှာဖြစ်၏။ တကယ်တမ်းပြောရလျှင် နှစ်ဉီးသားမှာ ကိုယ့်လူနှင့်အတူ တစ်ခုခုကွဲပြားခြားနားတာလေး လုပ်ချင်စိတ်ရှိရုံသာ။
" မနက်ဖြန်ကျရင် ကားဆရာက မြို့လိုက်ပတ်ပေးမှာဆိုတော့ မင်းရှုခင်းကောင်းတာလေးတွေကြည့်ချင်လား ? " ပိုင်ရှင်းယွီမေးလိုက်သည်။
ယခုအချိန်၌မူ သူတို့နှစ်ဉီးက မြို့လယ်ပန်းခြံထဲရှိ ခုံတန်းလျားပေါ်တွင်ထိုင်နေကြကာ နေပူဆာလှုံနေကြခြင်းဖြစ်၏။ ယွီဖုန်းချန်က ပိုင်ရှင်းယွီပခုံးပေါ်သို့ ခေါင်းတင်ထားကာ မျက်လုံးမှေးစင်းငိုက်မြည်းပြီး ဇိမ်ခံနေခြင်းပင်။
" လောင်ကုံး ? နားထောင်နေရဲ့လား ? "
[ T/N : 老公 (LaoGong) = ယောက်ျား ]
ပိုင်ရှင်းယွီပခုံးတွန့်ကာ ယွီဖုန်းချန်၏ခေါင်းကို လှုပ်ယမ်းစေလိုက်သည်။
" မင်းစီစဉ်လိုက်လေ " ယွီဖုန်းချန် သမ်းဝေလိုက်သည်။ " မင်းကိုယ်က ဘာအနံ့လေးလဲ ? မွှေးနေတာပဲ "
" လူချောလေးတွေရဲ့ဆွဲဆောင်မှုရှိတဲ့ရနံ့လေ ၊ ဒီအနံ့က နေရောင်ခြည်လောင်ကျွမ်းမှုရဲ့အောက်မှာဆို ပိုပြီးမွှေးတယ် "
ယွီဖုန်းချန်က နှုတ်ခမ်းတွန့်ကာပြုံးသည်။ " လေလုံးထွားလိုက်တာကွာ "
" ဒါဆိုငါက နံတာလား မွှေးတာလား ? " ပိုင်ရှင်းယွီရယ်မောလိုက်၏။
ယွီဖုန်းချန်လက်မြှောက်ကာ ပိုင်ရှင်းယွီမေးဖျားလေးကို ဆွဲယူဖျစ်ညှစ်ပြီးပြောသည်။ " ငါမြည်းကြည့်ပြီးရင် ပြန်ဖြေပေးမယ်လေ "
ပိုင်ရှင်းယွီမတ်တပ်ထရပ်ကာ သူ့ပေါ်မှီထားသည့် ယွီဖုန်းချန်ကိုပထုတ်လိုက်သည်။ ထိုအခါဝယ် အရပ်ရှည်ရှည်အမျိုးသားက မျက်လုံးဖွင့်လိုက်ကာ ခါးကိုဆန့်လိုက်၏။ သူ၏သန်မာအားကောင်းသောလက်မောင်းများက တောင်ပံတစ်စုံကဲ့သို့နှယ် ခုံတန်းလျား၏နောက်မှီပေါ်၌ ဖြန့်ကျက်ဆန့်ထုတ်လိုက်ပုံမှာ မသိလျှင် ပိုင်ရှင်းယွီကို သိမ်းကျုံးပွေ့ဖက်ပေးထားမည့် ခိုဝင်ရာတစ်ခုအလား ၊ သူ၏အင်မတန်ချောမောခန့်ညားလှသည့် မျက်နှာထက်တွင်လည်း မြတ်နိုးမှုအပြည့်နှင့်အပြုံးတစ်ခုရှိနေ၏။ " ငါ့ကိုပေးမနမ်းဘူးပေါ့လေ ၊ ဘာလို့လဲ ? မင်းကိုဒေါသထွက်အောင် လုပ်မိလို့လား ? "
" အင်းလေ "
" ဘယ်မှာလုပ်မိလို့လဲ ? "
" မင်းပဲ ငါကလေလုံးထွားတယ်ဆို " ပိုင်ရှင်းယွီက ခပ်မြူးမြူးလေးပြုံးပြသည်။
" အဲ့တာက စတာလေကွာ " ယွီဖုန်းချန်၏ မှေးကျဉ်းထားသောမျက်လုံးထဲ၌ စနောက်မှုသုံးဆယ်ရာခိုင်နှုန်းနှင့် အလိုလိုက်မှုခုနစ်ဆယ်ရာခိုင်နှုန်း ထင်ဟပ်နေ၏။ " အင်းပါ မင်းလေလုံးမထွားပါဘူး ၊ မင်းကမွှေးကြိုင်ပြီးတော့ ချောမောလှပတယ် "
ပိုင်ရှင်းယွီလည်း အောင်နိုင်သူတစ်ယောက်လို ပြုံးရယ်ကာ ယွီဖုန်းချန်၏မျက်နှာကို လက်နှစ်ဖက်ဖြင့်အုပ်ကိုင်ရင်း အားရပါးရနမ်းလိုက်သည်။ " လမ်းမပေါ် တက်ရအောင် "
ယွီဖုန်းချန်ကမူ ယခုအခြေအနေအပေါ် အခွင့်ကောင်းယူကာ ပိုင်ရှင်းယွီကို ရင်ခွင်ထဲသို့ ဆွဲသွင်းပစ်လိုက်ချင်သော်ငြား သူ့အကြံအစည်ကို အကောင်အထည်မဖော်ရသေးခင်မှာတင် ခုံပေါ်မှတွန်းထုတ်ခံလိုက်ရ၏။
" သွားမယ်. .အဝတ်အစားသွားဝယ်မယ် "
" ဘာအဝတ်အစားလဲ ? "
" Sexy underwear "
ယွီဖုန်းချန် မျက်လုံးကြီးဝင်းလက်သွား၏။ " တကယ်ကြီးလား ? "
ပိုင်ရှင်းယွီပြုံးပြီး ဆူငေါက်တော့သည်။ " မင်းကတော့ တကယ့်ဉီးလေးပဲ ၊ သေချာပေါက်ငါတို့ဝတ်ဖို့ အဝတ်အစားတွေသွားဝယ်ရမှာပေါ့။ ဒီကိုခပ်မြန်မြန်ကြီးထွက်ချလာလို့ အဝတ်အစားတွေတောင် သိပ်မယူလာခဲ့မိဘူးလေ "
" အဲ့ဒါက Sexy underwear လည်း ဝယ်လို့ရတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲဟာ "
" သွားစမ်းပါ ၊ မင်းဘာသာမင်းပဲဝယ်ပြီးဝတ် "
" ငါဝတ်နိုင်တယ်နော် " ယွီဖုန်းချန်ခေါင်းငုံ့ကာ ပိုင်ရှင်းယွီ၏နားရွက်လေးကို ကိုက်လိုက်သည်။ သူ့မျက်နှာပေါ်သို့ အသက်ရှူငွေ့လေးရိုက်ခတ်နေပုံကား သားရိုင်းတစ်ကောင်ကဲ့သို့နှယ် ၊ အန္တရာယ်လည်းများလှသလို ညှို့ငင်နိုင်စွမ်းလည်းရှိလှ၏။
" ဘာပဲဖြစ်ဖြစ် မင်းပဲဖာ့ခ်ခံရမှာလေ "
ပိုင်ရှင်းယွီကလည်း အကြောမခံပေ။ " မင်းကမှအဲ့တာကြီးဝတ်ပြီး လာဖာ့ခ်ပေးပါလို့ တောင်းဆိုနေတာမဟုတ်ဘူးလား ? "
ရယ်သံတိုးညှင်းညှင်းလေးက သူ၏နားထဲသို့စီးဝင်လာသည်။ " ကိုယ့်မိန်းမလေးလည်း Sexy underwear လေးဝတ်ပေးပါလားလို့. .နော် ? "
ပိုင်ရှင်းယွီ လက်သီးတစ်လုံး ပစ်ကျွေးလိုက်သည်။
နှစ်ယောက်သားရယ်ကာမောကာ လျှောက်ပတ်ကြည့်ကြရင်း ဈေးဆိုင်များတည်ရှိရာလမ်းမပေါ်သို့ ဘုမသိဘမသိရောက်သွားကြ၏။
ပိုင်ရှင်းယွီက ခေတ်ဆန်သည့်ဒီဇိုင်းများကို တကယ်သဘောကျကာ လူငယ်များကြားရေပန်းစားသည့် Brands များကို ကြိုက်နှစ်သက်သည်။ သို့သော်ငြား ယွီဖုန်းချန်ကတော့ ဆန့်ကျင်ဘက်ပါပေ။ ယွီဖုန်းချန်က များသောအားဖြင့် စစ်ယူနီဖောင်းများကိုသာ စွဲစွဲမြဲမြဲဝတ်ဆင်သလို ပုံမှန်အဝတ်အစားများဝတ်ပြီဆိုလျှင်လည်း အခြေခံအားဖြင့် တီရှပ်ဗြောင်များ ၊ ပြောက်ကျားစစ်အင်္ကျီများကို ဂျင်းဘောင်းဘီနှင့်သာတွဲစပ်ပြီး အတောမသတ်နိုင်အောင် ထပ်ခါတလဲလဲဝတ်ဆင်ခြင်းဖြစ်၏။ သူက အဝတ်အစားဝတ်ဆင်သည့်နေရာတွင် အင်မတန်ကိုမှရိုးရှင်းလှသလို ထိုကိစ္စနှင့်ပတ်သတ်ပြီးတော့လည်း ခေါင်းသုံးချင်စိတ်မရှိပါချေ။ သို့သော်ငြား သူ၏ခန္ဓာကိုယ်အချိုးအစားက အတော်လေးကို မိမိုက်လှသည်ကြောင့်ပင် ဘာပဲဝတ်ဝတ်ကြည့်ကောင်းလွန်းနေပြီး ဘာမှမဝတ်လျှင် ပိုတောင်ကြည့်ကောင်းနေသေး၏။ သို့ဖြစ်ရာ ပိုင်ရှင်းယွီလည်း သူဘာဝတ်ဝတ် တကူးတကကြီး အာရုံစိုက်မနေပါချေ။
တကယ့်ကိုပင် သူတို့နှစ်ယောက်က အခုမှအတူတူ ရှော့ပင်းထွက်ဖူးကြခြင်းဖြစ်သည်။ ပိုင်ရှင်းယွီက သူကြိုက်နှစ်သက်သည့် Brand အင်္ကျီများကို ဆွဲထုတ်လာပြီး ယွီဖုန်းချန်နှင့် ခေါင်းအစခြေအဆုံး လိုက်ကပ်ကြည့်နေကာ လတ်တလောရေပန်းစားနေသည့် Street fashion အဆင်အယင်မျိုးစုံကိုလည်း ရှာဖွေပြီး ဆင်ပေးတော့သည်။ ၄တို့ကို ယွီဖုန်းချန်ဝတ်ဆင်လိုက်သည့်အခါ၌ သူ့ပုံစံက အတော်လေးစတိုင်ကျမိမိုက်နေပြီး " I'm the Worst " ဆိုသည့် အရှိန်အဝါများဖြာထွက်နေ၏။
ယွီဖုန်းချန်က အဝတ်အစားအသစ်များကိုဝတ်ဆင်ပြီးနောက်တွင် တခြားအဝတ်အစားများအား ဟော်တယ်သို့ ပို့ခိုင်းလိုက်ပေသည်။ ပြီးနောက် ပိုင်ရှင်းယွီကိုဆွဲခေါ်ကာ လမ်းဆက်လျှောက်ကြည့်နေရင်း မထင်မှတ်ဘဲ ကောင်းကင်ပြာပြာဖုံးလွှမ်းနေသည့် ကွန်ကရစ်လမ်းမကြီးနှင့် သွေဖီသွားခဲ့ကာ ထူးဆန်းသည့်ရပ်ကွက်တစ်ခုဆီသို့ လမ်းလွဲရောက်ရှိသွားကြသည်။ ထိုရပ်ကွက်ထဲရှိ ညစ်ပတ်နေသည့်နံရံများ ၊ အိုဟောင်းနေသည့်လမ်းများနှင့် အမှိုက်သရိုက်များကြောင့် မသိလျှင် ဤမြို့ကြီးက ဆင်းရဲ ချမ်းသာ ကမ္ဘာနှစ်ခုကွဲနေသလို။
လမ်းမပေါ်၌ နှစ်ယောက်သုံးယောက်စီ အုပ်စုဖွဲ့ရပ်နေကြသော လူမည်းတချို့က ကျူးကျော်လာသူနှစ်ယောက်အား စောင်းကြည့်လာကြသည်။
" မင်းဘယ်သွားမလို့လဲ ? " ပိုင်ရှင်းယွီ ဖုန်းထဲမှမြေပုံကို ဖွင့်ကြည့်လိုက်သည်။ " ရှေ့နားကလမ်းကိုဖြတ်သွားရအောင် ၊ ဒီမှာကအန္တရာယ်များတယ် "
ယွီဖုန်းချန်ကတော့ ပျော်မြဲပျော်လျက်။ " သူတို့ကအန္တရာယ်များတာလား ဒါမှမဟုတ် ငါတို့ကအန္တရာယ်များတာလား "
" ဝေ့ သူတို့မှာသေနတ်ရှိနေရင် ဘယ်လိုလုပ်မလဲ ? "
နှစ်ယောက်သား လမ်းကြိုလမ်းကြားထဲသို့ ဝင်သွားကြသည့်အခါတွင် ရုတ်တရက်ကြီး ပိုင်ရှင်းယွီက ကမ္ဘာသစ်တစ်ခုတွေ့လိုက်ရသလို ထအော်လာ၏။ " ယွီဖုန်းချန် ! "
" ဟမ် ? " ယွီဖုန်းချန်လည်း သူ့အကြည့်နောက်သို့လိုက်ကြည့်ကာ နံရံပေါ်မှ ဆေးရေးပန်းချီကိုကြည့်ရှုလိုက်သည်။
" မင်းကိုခေါ်တာမဟုတ်ဘူးကွ အိုင်းယား ဒီဝက် " ပိုင်ရှင်းယွီက ပန်းရောင်ဝက်ပုံကို လက်ညှိုးထိုးပြီး တဟားဟားအော်ရယ်လေ၏။ " ဒီဝက်က ငါတပ်ထဲကစားဖိုဆောင်မှာ မွေးခဲ့တဲ့ဝက်နဲ့တူတယ် ၊ မင်းနဲ့နာမည်တူတဲ့အကောင်ကြီးလေ "
ယွီဖုန်းချန်က ပိုင်ရှင်းယွီလည်ပင်းကိုဖက်တွယ်ကာ တင်ပါးကိုဖျစ်ညှစ်လိုက်သည်။ " ငါတစ်ရက်လောက်လေး မလုပ်ပေးတာနဲ့ကိုမှ မင်းတင်ပါးက ပြန်ယားလာတာလား ? "
ပိုင်ရှင်းယွီက ခံစားချက်အပြည့်နှင့်ပြောသည်။ " သြော် ယွီဖုန်းချန် ယွီဖုန်းချန်. .အခုချိန်လောက်ဆို ဘယ်လောက်တောင်များ အသားတိုးနေပြီလဲမသိဘူး "
သို့နှင့် နှစ်ယောက်သား စကားများကြလေသတည်း။ ထိုစဉ် ရုတ်တရက်ကြီး သူတို့နှစ်ယောက်ရှေ့သို့ လူတချို့လာရပ်ကြကာ သူတို့သွားမည့်လမ်းကို ပိတ်ဆို့လိုက်ကြသည်။ ထိုသူတို့ကား လူမည်းလူငယ်နှစ်ယောက်ဖြစ်ကာ အင်္ကျီအိပ်ကပ်များအတွင်းသို့ လက်များထိုးထည့်ထား၏။ အိပ်ကပ်များကိုအပေါက်ဖောက်ထားကာ ထိုအပေါက်မှတဆင့် သေနတ်ပြောင်းကပြူထွက်နေပြီး သူတို့ကိုချိန်ရွယ်ထားသည်ပင်။
" ဘာသေနတ်လဲဆိုတာ မှန်းကြည့်ကြမလား ? " ပိုင်ရှင်းယွီ စူးစိုက်ကြည့်ရင်းပြောသည်။ " သေနတ်ပြောင်းအဝက 3mm ရှိတဲ့ ပြောင်းရှည်ပုံပဲနေလိမ့်မယ် ၊ ငါသေချာတော့မမြင်ရဘူး ၊ Glock ? M&P ? NP27 ? အဲ့တာတွေကတော့ US မှာအရောင်းများတဲ့ 9 millimeter အမျိုးအစားတွေပဲ "
" မထုတ်ပြထားရင်တော့ မှန်းဖို့တော်တော်လေးခက်တယ် " ယွီဖုန်းချန်က ကျန်တစ်ယောက်ကို လှစ်ခနဲလှမ်းကြည့်လိုက်သည်။ " ဒါ ဆုံလည်သေနတ် (Revolver) ပဲဖြစ်ရမယ် "
ဂန်းစတားတစ်ယောက်က ဒေါသတကြီးပြောသည်။ " မင်းတို့ဘာစောက်စကားတွေသုံးပြီး ဆွေးနွေးနေကြတာလဲ ၊ ပိုက်ဆံအိတ်တွေ ထုတ်ကြစမ်း ! "
" မင်းဘာသေနတ်သုံးနေတာလဲ ? " ယွီဖုန်းချန်မေးလိုက်ပြီးနောက် ပိုင်ရှင်းယွီဘက်သို့ လှည့်ပြောလာသည်။ " ငါ Glock ပစ္စတိုကို လောင်းမယ် "
" ဒါပေမယ့်ငါကလည်း Glock ကိုပဲ လောင်းချင်တာ "
" ကောင်းပြီလေ ငါမင်းကိုအလျှော့ပေးလိုက်မယ် ၊ ငါ NP27 ကိုလောင်းမယ် ။ သူသာ တကယ်ကြီး ငါတို့တရုတ်ပြည်ကထုတ်တဲ့သေနတ်ကို ကိုင်ထားတာဆိုရင်တော့ ငါသူ့အရိုးတွေကို ကောင်းကောင်းကြီးရိုက်ချိုးပစ်မယ် "
" လောင်းကြေးကဘာလဲ ? "
" Sexy underwear "
" ဒီဖေ. ."
" ပါးစပ်ပိတ်စမ်း ! " ဂန်းစတားက လုံးဝတင်းနေပြီဖြစ်သည်။ " မင်းတို့ကို ငါလာနောက်နေတယ်လို့များ ထင်နေတာလား ? ပိုက်ဆံအိတ် ! " သူသေနတ်ကိုထုတ်လိုက်၏။
နှစ်ယောက်သားမျက်လုံးပြူးပြဲပြီး သေချာစိုက်ကြည့်ကြတော့သည်။ ရလဒ်ကား ဘယ်တစ်ယောက်မှ အဖြေမမှန်လိုက်ကြ ၊ ၄က Ruger သေနတ်တစ်လက်ပင်။
Sexy underwear လည်း လွင့်စင်ထွက်သွားသလို ယွီဖုန်းချန်လည်း စိတ်တွေတိုသွား၏။ ပြီးနောက် နှစ်ယောက်ကိုယ်စီ ဂန်းစတားတစ်ယောက်ချင်းဆီသို့ တန်းတန်းမတ်မတ်လျှောက်လှမ်းသွားကြသည်။
မျက်နှာချင်းဆိုင်မှနှစ်ယောက်မှာလည်း သူတို့သေနတ်နှင့် ချိန်ရွယ်ပြထားသည့်တိုင် ရှေ့သို့အေးဆေးလျှောက်လှမ်းလာသည့်လူနှစ်ဉီးကြောင့် ရုတ်တရက် ကြက်သေသေသွားကြ၏။ ထိုအရှေ့တိုင်းမျက်နှာနှစ်ခုပေါ်၌မူ အလေးအနက်ထားစိုးရိမ်နေသည့် အမူအရာမျိုးတောင်ရှိမနေ။ ဂန်းစတားခမျာ သေနတ်ပစ်ဖို့ရန် ဆော်သြလိုက်သည့်အချိန်မှာပဲ မိုးကြိုးလျှပ်စီးကဲ့သို့ လျင်မြန်လှသည့်အရှိန်ဖြင့် ဆတ်ခနဲဆောင့်ဆွဲခံလိုက်ရကာ မြေပြင်ပေါ်သို့ ဖိနှိပ်ခံလိုက်ရပေ၏။
ယွီဖုန်းချန်က ထိုဂန်းစတား၏လက်မောင်းကို လိမ်ချိုးလိုက်ရာဝယ် မျက်တောင်တစ်ချက်လေးတောင် ခတ်လိုက်သည်မဟုတ်။ သူက တစ်ဖက်လူအော်ဟစ်နေစဉ်မှာပဲ သေနတ်ကို သေချာစူးစမ်းကြည့်နေတော့သည်။ " တော်တော်လေးပေါ့သားပဲ ဟမ့် ၊ ဒါကြောင့်မို့ Ruger က ရောင်းအားကောင်းတာနေမှာ "
ပိုင်ရှင်းယွီတစ်ယောက် ကိုယ်ကိုညွတ်ကိုင်းပြီး သေနတ်ကိုကောက်လိုက်သည့်အချိန်တွင် သူ၏မျက်လုံးထောင့်မှနေ၍ လူရိပ်တစ်ခုပြေးဝင်လာတာကို တွေ့လိုက်ရ၏။ သူခုန်အုပ်ခံလိုက်ရကာ မြေပြင်ပေါ်သို့ပြုတ်ကျနေဆဲအချိန်မှာပဲ သေနတ်ပစ်သံတစ်သံကိုကြားလိုက်ရသည်။
ယွီဖုန်းချန်က ပိုင်ရှင်းယွီအပေါ်မှအုပ်မိုးလျက် အပီအပြင်ကာကွယ်ပေးထားရင်း တစ်ဖက်သို့မျက်နှာမူလိုက်ကာ လူမဆန်လှစွာ အကြမ်းပတမ်းပစ်ခတ်လိုက်၏။ ထို့နောက်သူက လမ်းကြိုလမ်းကြားဝင်ပေါက်နေရာမှချောင်းပစ်လိုက်သည့် သုံးယောက်မြောက်ဂန်းစတားကောင်အား အမိအရပစ်ခတ်လိုက်သည်။
ပိုင်ရှင်းယွီလည်း မြေပြင်ပေါ်မှကုန်းထလိုက်ပြီးနောက် အတော်လေးရှက်မိနေတော့သည်။ " သေစမ်း သတိမရှိချက်ကတော့ " သူသတိနိုးကြားသည့်အကျင့်ကို ပြန်လေ့ကျင့်မြှဖစ်တော့မည်။ ထိုသို့သာမဟုတ်ရင် လုံခြုံအေးချမ်းသည့်နေရာ၌ ခပ်ကြာကြာနေလာသည်နှင့်အမျှ စွမ်းရည်ကျလာပြီး နဂိုဒုံရင်းအတိုင်းသာ ပြန်ဖြစ်တော့မှာပင်။
ယွီဖုန်းချန်က ဘာစကားတစ်ခွန်းမှမဆိုဘဲ ပိုင်ရှင်းယွီကို ရင်ခွင်ထဲ၌ တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားပုံမှာ မသိလျှင် သူ၏အရိုးများကိုချိုးဖျက်နေသလို။
ပိုင်ရှင်းယွီလည်းခပ်မြန်မြန်ပင် ယွီဖုန်းချန်၏ကျောပြင်အား ငြင်သာစွာပွတ်သပ်ပေးကာ ကလေးတစ်ယောက်ကို ချော့မော့နေသလို နူးနူးညံ့ညံ့လေးပြောလိုက်သည်။ " ငါအဆင်ပြေပါတယ် ၊ လိမ္မာတယ်နော် ငါတကယ်ကိုအဆင်ပြေတာ ၊ တော်လိုက်တဲ့ငါ့လောင်ကုံး. .ငါ့လောင်ကုံးက အကောင်းဆုံးပဲ ။ ငါမင်းနဲ့အတူရှိတိုင်း အမြဲလုံခြုံရတယ် "
ယွီဖုန်းချန်ဘာကိုကြောက်နေမှန်း ပိုင်ရှင်းယွီသိသည်။ သေနတ်နှင့်ပစ်ခံရသည့်ဖြစ်အင်က ယွီဖုန်းချန်အတွက် ဘယ်လောက်ထိတောင် တုန်လှုပ်ခြောက်ခြားစရာကောင်းသွားမှန်း သူသိသည်။ ထိုလမ်းကြိုလမ်းကြား၌ လဲနေသည့်တစ်ယောက်က ကယ်တင်၍ရနိုင်သေးသော်ငြား ယွီဖုန်းချန်ကတော့ သူ့ကိုယ်သူဂရုစိုက်နိုင်စွမ်းမရှိတော့ပေ။
အပျော်ခရီးထွက်ပါသည်ဆိုမှ မထင်မှတ်ထားဘဲ ဓားပြများနှင့် လာတိုးလိုက်သေးသည်။ တကယ့်ကိုပဲ ကံဆိုးလိုက်သည့်ဖြစ်ချင်း။
ယွီဖုန်းချန်က ပိုင်ရှင်းယွီကိုလွှတ်ပေးလိုက်သော်ငြား လူတစ်ကိုယ်လုံးကတော့ တောင့်တင်းနေဆဲပင်။ သူ၏မျက်လုံးများက အေးစက်ကြမ်းကြုတ်နေပြီး နှုတ်ခမ်းပါးများကလည်း ကြောက်စရာကောင်းအောင် ခပ်တင်းတင်းစေ့ပိတ်နေ၏။ ပိုင်ရှင်းယွီ၏နှလုံးအိမ်တစ်ခုလုံး တုန်ယင်သွားတော့သည်။ ယွီဖုန်းချန်အခြေအနေမကောင်းတော့ဘူးဆိုတာ သူသိလိုက်၏။ စစ်မြေပြင်သို့ ရှေ့တန်းထွက်ထားရသည့် လူတော်တော်များများ၌ စိတ်ကစဥ့်ကလျားဖြစ်အင်များရှိတတ်ကြသည်။ ယခုဖြစ်ရပ်က ယွီဖုန်းချန်ကို စစ်မြေပြင်နှင့်ပတ်သတ်ပြီး အစပျိုးလိုက်သလိုဖြစ်သွားစေ၏။ ယခုအချိန်တွင်ကား ဤလူက သူနှင့်အတူ ဈေးဝယ်ထွက်ကာ ထွေရာလေးပါးပြောဆိုနိုင်သည့်သူတစ်ယောက် မဟုတ်တော့ပေ။ အဲ့ဒီအစား သွေးဆာနေသည့်သားရဲတစ်ကောင်သာ ဖြစ်နေတော့၏။
ပိုင်ရှင်းယွီ သူ့မျက်နှာကို လက်နှစ်ဖက်ဖြင့်အုပ်ကိုင်ကာ အလေးအနက်ပြောလာသည်။ " ငါ့ကိုကြည့် ၊ ငါပြောတာနားထောင်နော် ၊ ငါတကယ်အဆင်ပြေပါတယ် "
ယွီဖုန်းချန်တစ်ယောက် စကားမပြောပေ။
" နောက်တစ်ခါ ဒီလိုမျိုးထပ်မဖြစ်စေရပါဘူးလို့ ငါကတိပေးတယ် ၊ ငါ ငါ့ကိုယ်ငါအပြည့်အဝကာကွယ်မယ် ၊ မင်းအသက်နဲ့လဲပြီး ငါ့ကိုကာကွယ်ပေးတာမျိုးတွေ ငါတကယ်မဖြစ်စေချင်ဘူး ၊ အဲ့တာကြောင့် ငါကိုယ်ငါကာကွယ်မယ် "
ယွီဖုန်းချန်က ပိုင်ရှင်းယွီကိုစိုက်ကြည့်ကာ အခိုင်အမာပြောဆိုတော့သည်။ " ငါမင်းအတွက် သေရဲတယ် ၊ သေနည်းပေါင်းတစ်သောင်းနဲ့ကိုမှ အခါတစ်သောင်းသေရဲတယ် ၊ ငါတစ်ကြိမ်တစ်ခါလေးတောင် တုံ့ဆိုင်းနေမှာမဟုတ်ဘူး "
ပိုင်ရှင်းယွီက နူးညံ့စွာအနမ်းခြွေလိုက်သည်။ " သေတဲ့ကိစ္စကြီးတွေ မပြောပါနဲ့ကွာ၊ ငါတို့ကဒီကိုပျော်ပါးဖို့ ထွက်လာတာလေ ၊ စစ်တိုက်ဖို့ထွက်လာတာမှမဟုတ်ဘဲ ။ မင်းအရင်လိုပဲ ပြန်နေပေးနိုင်မလားဟင် ? ငါ့ရဲ့လောင်ကုံးအဖြစ်လေ ၊ လိမ္မာတယ်နော် ငါတကယ်အဆင်ပြေပါတယ် "
ယွီဖုန်းချန်လည်း နာခံကျိုးနွံစွာပင် မျက်လုံးစုံမှိတ်လိုက်ပြီး အသက်ရှူမှန်အောင် ပြန်ထိန်းညှိနေတော့သည်။ သူ၏ရင်ဘတ် နိမ့်ချည်မြင့်ချည်ဖြစ်မှုက ဖြည်းဖြည်းချင်းအရှိန်လျော့လာကာ အတော်ကြာပြီးမှ မျက်လုံးပြန်ဖွင့်လိုက်ချိန်၌ သူ၏မျက်လုံးများက တည်ငြိမ်သွားပြီဖြစ်သည်။ သူတစ်ခဏလောက် အသံတိတ်နေပြီးနောက်တွင် ရုတ်တရက်ထပြုံးလာ၏။ " နောက်ဆုံးတစ်လက်က NP27 ဆိုတော့ မင်း Sexy underwear ဝတ်ရတော့မှာပေါ့ "
ပိုင်ရှင်းယွီလည်း သူ့ခေါင်းကိုဖြတ်ရိုက်လိုက်ကာ ပြောလိုက်လေ၏။ " . . . ကောင်းပြီ ! "
🐷🐽🐷🐽🐷
°•°•°•°•°•°•°•°•°•°•°