တွယ်နှောင်ရစ်ငင်

By Spica-a

328K 15K 801

တွယ်နှောင်ရစ်ငင် "ကိုချမ်း...ကျိန်..." "ဟမ်..." "အလုံးက လွဲပြီး ဘယ်သူမှ မခင်ဘူးလို့ ကျိန်..." "ဘာလို့ ကျိန်ရမ... More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58 ( Final)

Part 25

4.5K 269 16
By Spica-a

တွယ်နှောင်ရစ်ငင်

အပိုင်း(၂၅)

#တွယ်နှောင်ရစ်ငင်

"ငါ နေတာ အေးချမ်းပါတယ်ကွာ..."

"မဟုတ်သေးဘူး...မြို့နဲ့ အဝေးကြီးပဲကွာ...ပြီးခဲ့တဲ့ လက မင်း ဆေးရုံတက်ရတဲ့အထိ နေမကောင်း  ဖြစ်ထားတာလေ... ...မင်းတစ်ယောက်တည်း နေတာ အန္တရယ်များတယ်ကွ..."

"ကိုယ်ခြံထဲနေတာပဲ...သော့လည်းခတ်တာပဲ...ငါက ဒီလို အိမ်မျိုးတွေကို ပိုကြိုက်တာ...အဆင်ပြေတယ်...."

မြို့ပြနဲ့ဝေးတဲ့ ခြံကျယ်ကြီးနဲ့ နှစ်ထပ်တိုက် အဟောင်းကို ၀ယ်ပြီး ငြိမ်းချမ်း တစ်ယောက်တည်းနေတာကို မိသားစုတွေ ဆူပြီးတော့ သူငယ်ချင်းတွေက  ဆူပြန်ပြီ..။

စားပွဲပေါ်မှာ ရှိနေတာကို ဘာမှ မစား မသောက်နိုင်ပဲ ငြိမ်းချမ်းကိုချည်း ပြောဆိုနေတာ စေတနာတွေမို့ နားလည်ပါသည်။

ကိုယ့်ဘဝက အမြဲတမ်း အဲလိုပါပဲလေ။

တခြား လင်မယား တွေ အဆင်မပြေလို့ ကွာရှင်းတာ ကိစ္စ မရှိပေမဲ့  ငြိမ်းချမ်း မှာတော့ ဖိအားတွေ များလာသည်။

မွန့်ရဲ့ အမေ က သူ့သမီးကို ကာဗာ ဖြစ်ဖို့အတွက် စကားလုံး အဆန်းတွေ ထုတ်သုံးခဲ့သည်။

ငြိမ်းချမ်းက ပထမ အိမ်ထောင် ရှိခဲ့ကြောင်းနဲ့ သားသမီး မရနိုင်ကြောင်း..။

သူ့သမီးလေးကို သူများရဲ့ ဒုတိယဇနီး ဖြစ်နေတာ မသိလို့ လက်ထပ်ပေးမိတာ နောင်တရကြောင်း ..။

မိဘတွေချင်း ခင်နေလို့သာ ဒီတိုင်း ထားလိုက်ပေမဲ့ တကယ်ဆို တရားစွဲချင်ကြောင်း..။

သတင်းက အနီးကပ် အသိုင်းအဝိုင်းကိုပဲ ဖြန့်လိုက်တယ်ဆိုပေမဲ့ ငြိမ်းချမ်း ပတ်၀န်းကျင် တစ်ခုလုံးကို ပြန့်သွားသည်။

အဖေက စိတ်ဆိုးသလို မကြီးကလည်း မျက်နှာချင်းဆိုင် ရှင်းမည်ဆိုတာ ကို ငြိမ်းချမ်းတားထားရသည်။

"မကြီးရာ....သူတို့ပြောသလိုပဲလေ....ကျွန်တေ်ာက ကလေးမှ မရနိုင်တော့တာ..."

ငြိမ်းချမ်း ဆေးမှတ်တမ်းတွေပါ သက်သေ ပြလိုက်ရသည် ။

အပေါင်းအသင်း ပတ်၀န်းကျင်ရဲ့ အမေးတစ်ခုချင်းစီ ကို ဖြေရတာတော့ စိတ်ပင်ပန်းရပါသည်။

ရင်းနှီးတဲ့ သူငယ်ချင်းတွေကတော့ ငြိမ်းချမ်းစိတ်ကို နားလည်ပေးကြပါသည်။

"ကျစ်...ဘာဖြစ်လဲကွာ..ခုခေတ်မှာ ကွာရှင်းတာက မထူးဆန်းတော့ပါဘူး ငြိမ်းချမ်းရာ...."

"အေးလေ...မထူးဆန်းပါဘူး..ဒါပေမဲ့ ငါ့သတင်းတွေ မင်းကြားတယ်မလား.."

"အေးကွာ...တကယ်မထင်ထားဘူး...သူတို့ သမီး တစ်လင်ကွာ စျေးကျမှာ စိုးလို့ အဲလိုတွေ လျှောက်ပြောနေတယ်ပဲ သဘောထားလိုက်...ယောက်ျားဆိုတာ သားသမီး ရရ မရရ ကျားက ကျားပဲကွာ...ရှင်းလား..."

"စိတ်လျော့ပါကွာ...ငါတောင် မင်းလောက် မဖြစ်ဘူး.."

"ငါ စိတ်တိုလို့ပါကွာ...သားသမီး မရလို့ ပြဿနာရှာတယ်ဆိုတာ ကြားကောင်းသေး...အဆင့်ရှိတဲ့ အသိုင်းအဝိုင်းဖြစ်ပြီး သားပုပ်လေလွင့် ပြောတာတော့ မင်းမို့ ငြိမ်ခံနေတာ ငါသာဆို တရားတောင်စွဲပစ်တယ်..."

"သူတို့ပြောသလိုပဲ ငါက မြုံနေတာပဲလေ....နောက်ပြီး ပထမ အိမ်ထောင် ရှိရဲ့သားနဲ့ လိမ်ပြီးယူထားတယ်ဆိုလာလည်း ဟုတ်မှာပေါ့..."

"ဟင်...တကယ်ကြီးလားကွ..."

"အဟွင်း...ငါ ကိုးတန်းနှစ်ကတည်းက မိန်းမရပြီးပြီ..."

"ပေါက်ကရတွေ လာနောက်နေတယ်...မင်း က မဟုတ်ဘူးလို့ နည်းနည်းပါးပါး ရှင်းဦး...ဟိုနေ့က မိုးစံပယ်တောင် ငါ့လာမေးနေသေးတယ်..."

"ဟုတ်လား...ခုရက်ပိုင်း ငါ့သတင်းက ခေါင်းစီးပိုင်းပေါ့လေ...ဟား..ဟား.."

"ငါလည်း ပြောလိုက်တယ်...နင့်တောင် မယူပဲ ထားခဲ့တာ မိန်းမ ရှိတယ်ဆိုတာ ဟုတ်မလားလို့.."

"ဟား..ဟား..."

"နှာကစ်အောင် တင်းသွားတာ....ခုချိန်ထိ ငါ့ဆေးခန်း ရောက်မလာတော့ဘူး...ဆေးဖိုးတွေတောင် မပေးရသေးဘူး..ဟား..ဟား..."

"မင်းကွာ....ငါ့ရည်းစားဟောင်းတွေကို နည်းနည်း ညှာတာပါကွာ...ပြောလို့ရတာမဟုတ်ဘူး...သူတို့နဲ့ ဇာတ်လမ်းဆက်ချင် ဆက်ရမှာကွ...ဟား..ဟား.."

"အေးပေါ့လေ...မင်းက ကိုနှင်းဆီပဲ လုပ်ပေါ့...ဒါနဲ့ မင်း အိပ်မက်သေးလား...ကလေးလေးကို မက်တယ်ဆိုတာလေ...."

ငြိမ်းချမ်း အဖြစ်မှန်တွေကို မပြောပြချင်လို့ ကောင်မလေး တစ်ယောက်နဲ့ ပတ်သက်တဲ့အိပ်မက်တွေ မက်ပြီး အဆင်မပြေဘူးလို့သာ ပြောပြခဲ့ဖူးသည်။

သူငယ်ချင်း ကျော်ဇင် ကမှတ်မိပြီး မေးနေတော့ ခေါင်းရမ်းလိုက်သည်။

"မမက်တော့ဘူး..ကြာပြီ..."

" သူတို့ ပြောနေတာတွေ ခေါင်းထဲမထားပါနဲ့ကွာ.."

"မထားပါဘူးကွာ...၇ှိလည်း မရှိဘူး...ငါ အခု အချစ်ဦးကို အရမ်းလွမ်းတာပဲ..."

"အမယ်...လာသေးတယ်..."

"တကယ်ပါဆို....ဘယ်လောက်တောင် လွမ်းလဲ ဆိုရင် သူ့ယောက်ျားနဲ့ မိသားစုလိုက် ထမင်းစားဖိတ်တာတို့ ဘာတို့တောင် လုပ်ချင်မိတယ်.."

"ဖြစ်ရလေ...မင်း က အဆွေးလိုင်းကူးသွားပြန်ပြီ...အရင်လိုသာ ပြန်နေပါကွာ..."

"ငါ တွေ့ချင်နေတာ....သူ့ကို တွေ့ရင် သူ့ယောက်ျားများ အထင်လွဲမလား...မတွေ့ရတော့ လည်း သူအဆင်ပြေပါ့မလား အရင်အတိုင်း အူကြောင်ကြောင် အရူးမလေး ဖြစ်နေမလား စိတ်ပူနေလို့ပါကွာ..."

"မင်းယောက္ခမဟောင်းကြောင့် ရူးတော့မသွားနဲ့နော်...အိမ်ထောင်ကျနေတဲ့ ငယ်ချစ်လည်း သွားဒုက္ခမပေးပါနဲ့ကွာ..တော်ကြာ လင်မယားကွဲကုန်ပါ့မယ်..."

"ကွဲရင် ငါ ယူမှာ..."

"......."

"တကယ်...ဟ...တကယ်ပြောတာပါဆို...ကလေးမရဘူးဆိုတော့ သူ့သားသမီး သုံးယောက်ကိုပါ မွေးမှာကွာ..အမွေစား အမွေခံ မွေးမယ်...သူ့ကိုသာ ရရင် ငါ အရမ်းပျော်မှာပဲ...."

ကျော်ဇင် က မျက်ခုံးတွန့်ရင်း ကြည့်နေတော့ ငြိမ်းချမ်း အော်ရယ်မိတော့ မကြည်မသာ ဆဲရင်း ခွက်ကို ကောက်သောက်သည်။

"ငါ့ကို စိတ်ပူပေးတာ ကျေးဇူးတင်ပါတယ်ကွာ..ခု ငါ အဆင်ပြေနေပါတယ်......ကလေး တစ်ယောက်လည်း ငါ့အတွက် မလိုအပ်ပါဘူး...မျိုးဆက်ဆိုတာလည်းမရူးသွပ်ပါဘူး..ပတ်၀န်းကျင်က ထိုးနှက်ချက်တွေကိုတော့ လူသား တစ်ယောက်မို့ ဥပက္ခာ မပြုနိုင်သေးဘူး...အဲဒါကြောင့်ပါ...အလုပ်တွေ မဖြစ်မနေမို့ လုပ်နေရတာ တကယ်တော့ ငါ ပင်ပန်းတယ်..."

"လုပ်မနေနဲ့ပေါ့ကွာ...အကုန်လုံး ပစ်ထားပြီး ခရီးတွေ ဘာတွေထွက်လိုက်...မင်း က ကုတ်ကုတ်နေပေမဲ့ ငါတို့ထက် အများကြီး ချမ်းသာပါတယ်ကွာ...ငါတို့တောင် တစ်နှစ်လေးကြိမ်လောက် ခရီးထွက်တယ်...မင်းက ဘာအတွက် အဲလောက်ရှာနေတာလဲ..."

"မသိဘူးလေ....ပိုက်ဆံမရှာရင် ငါ ဘာလုပ်ရမလဲ မသိဘူး..နောက်ပြီး ငါကဒဏ်ရာတွေနဲ့ဆိုတော့ ဦးနှောက်တွေ ကောင်းနေတုန်း ကြိုးစားရတယ်ကွ...."

ကျော်ဇင် ကြည့်နေပေမဲ့ ငြိမ်းချမ်းရှေ့က ဘူးကို မော့သောက်လိုက်ပြီး စင်ပေါ်က သီချင်းဆိုနေသူကို လှမ်းကြည့်မိသည်။

ဘ၀ က ဖြစ်ချင်တာတွေ မဖြစ်တော့တာ သိတော့ ဘာလုပ်စရာ ကျန်သေးလို့လဲ..။

ငြိမ်းချမ်း ဘူးကို ပြန်ချပြီး စင်ဆီကို လျှောက်သွားသည်။

ဂစ်တာ တောင်းပြီး ခုံမှာ ထိုင်လိုက်ချိန် ကျော်ဇင်က မျက်ခုံးတွန့်နေပြီ..။

"အဝေးဆုံးက အကြင်နာဆုံးရေ ...တို့နှစ်ယောက် အချစ် အတူဆုံနိုင်ဖို့လေ ကြိုးစားရင်း ငါ ပျံနေဆဲမှာလေ..."

"ရိုင်းစိုင်းတဲ့ ကံကြမ္မာဆိုးတွေ တံတိုင်းများ အဖြစ် ကာရံနေတော့လေ အရှုံးပေးရင်း ငါ ငိုနေရပြီလေ..."

ငြိမ်းချမ်း သီချင်းဆိုနေရင်း ပြုံးမိသည်။

အမြဲတမ်း ဒီသီချင်းချည်းပါပဲလား.။

မပြောင်းလဲ တဲ့ ခံစားချက်တွေ ရှိနေပေမဲ့လည်း  ဘ၀ က အပြောင်းအလဲ မြန်လှပါသည်။

.

"မေ့...."

"ဟင်.."

"နက်ဖြန်  မေ့လိုက်မှာလား.."

"လိုက်မှာပေါ့...ဘာလို့လဲ.."

"မလိုက်ပါနဲ့..."

"ဘာလဲ...ဘယ်သူနဲ့ ချိန်းထားလို့လဲ..."

"အာ...မဟုတ်ပါဘူး....စာမေးပွဲပြီးရင် သူငယ်ချင်းဆီ လိုက်သွားပြီး စာ ဆက်ကျက်မလို့ပါ.."

"အဟွင်း..."

"မေ့ က ဘာရယ်တာလဲ.."

"ငါတို့ အတိုင်းပဲ...တခြားနည်းနဲ့ လိမ်ကြပါလားဟယ်.."

"တကယ်ပါ...မေ့ရဲ့ "

"မလိုက်နဲ့ဆိုလည်း မလိုက်ပါဘူး...စာမေးပွဲတော့ အောင်အောင်ဖြေပေါ့..."

"ဟုတ်..."

"သေချာပါတယ်..တစ်ခုခုပဲ.."

အလုံး ပြောပြီး အိမ်ပေါ်ကဆင်းလာလို့ "မဟုတ်ပါဘူးဆို "လို့အော်ရင်း စူပုတ်ပုတ်လေး ကျန်ခဲ့သည်။

အထည် အဆင်လေးတွေ ရွေးရဦးမှာမို့ သူ့ရဲ့ မွေးစားဘွားဘွားကြီး ဆီကို ထွက်လာခဲ့ရသည်။

သားသင်ပြပေးလို့ စာရိုက်တာ စာပြန်တာနဲ့ ဖုန်းဖြေတာလည်း အလုံး လုပ်တက်နေပြီ..။

ပစ္စည်းတွေ ဓာတ်ပုံရိုက်ရင်တော့ အလုံးမလုပ်တက်လို့ သားကို အားကိုးနေရဆဲပင်..။

"မိလုံး..စျေးရောင်းမသွားဘူးလား.."

"ဟုတ်ကဲ့...သား စာမေးပွဲ ရှိလို့ အစ်မရဲ့...."

"အမလေး...သားအမိ နှစ်ယောက်ပဲ ကောင်းတယ်...သူ့သားက စာဒီလောက် တော်တာကိုပဲ....ပိုလွန်းတယ်..."

"စာတော်ပေမဲ့ ပြောရတယ်...ပေါ့တယ်..."

"ကျုပ်တော့ သေချာ သိတယ်...မောင်ချမ်းက အောင်ကို အောင်မှာသလား.."

"အဲလိုပဲ ဖြစ်ပါစေလို့ ဆုတောင်းတယ်...သွားလိုက်ဦးမယ်...."

အလုံး နှုတ်ဆက်ပြီး ထွက်လာရင်း လမ်းထဲကို ကားတစ်စီး၀င်လာတော့ လမ်းဘေးကပ်ပေးရသည်။

ကားမောင်းနေတဲ့သူကို တစ်ချက်ကြည့်ပြီး မျက်လုံးပြူးသွားသည်။

အလုံး ခြေထောက်တွေက ရှေ့ဆက်မသွားပဲ ကားနောက်ကို ပြန်လိုက်ခဲ့မိသည်။

ကားရပ်ပြီး ထွက်လာတော့မှ အလုံး အသိ၀င်ပြီး သက်ပြင်းချလိုက်သည်။

အသားဖြူတိုင်း ကိုချမ်းကိုပဲ မြင်ယောင်နေတော့တာပဲ..။

ကားထဲက ဆင်းလာတဲ့ ကောင်မလေးကို လက်ကိုင်ပြီး အိမ် တစ်အိမ်ကို တက်သွားတော့ အလုံး ပြုံးမိသည်။

ကိုချမ်းလည်း အိမ်ထောင်တွေ ဘာတွေ ကျနေလောက်ပါပြီ..။

သား သမီးတွေ ဘာတွေလည်း ရလောက်ရောပေါ့...။

အလုံးဆီမှာလည်း သားလေး တစ်ယောက် ရှိတယ်ဆိုတာ တွေးမိမှာတောင် မဟုတ်ပါဘူးလေ..။

"မိလုံး.."

"ဟင်..."

"မလေး...ကျူပ် ပြောဦးမလို့...စံလှရဲ့ သမီး သူ့ချစ်သူနဲ့ လာတာ တွေ့လား.."

လူတွေ အကြောင်းသိပ်မသိပေမဲ့ အလုံး ခေါင်းညိတ်လိုက်သည်။

"ကားနဲ့တော်...အင်တာနက်က တွေ့တာတဲ့...ချမ်းသာတယ်ထင်တယ်..ကောင်လေးက ဖြူဖြူသန့်သန့်လေးပဲ..."

သူများ သားသမီး အကြောင်းပြောနေပေမဲ့ အလုံးမှာတော့ သားကိုသာ မြင်ယောင်မိသည်။

သားလည်း ဖုန်းချည်းနှိပ်နေတာ ချစ်သူတွေ ဘာတွေများ ရှိနေပြီလား မသိ..။

ခုခေတ်က ဖုန်းနှိပ်ပြီး ချစ်သူ ထားလို့ရတဲ့ ခေတ်ကို ရောက်နေပြီ..။

သားလည်း သူ့ကောင်မလေးကို လက်စွဲပြီး အိမ်ကို ခေါ်လာခဲ့ရင် အလုံး ဘယ်လိုနေမလဲ..။

အိုး....သား စာမေးပွဲပြီးတာနဲ့ အလုပ်တွေ ကြိုးစားမယ်..ဒီလိုအိမ်စုတ်နဲ့တော့ သားကို မျက်နှာငယ်အောင် မထားနိုင်ပါဘူး..။

အနည်းဆုံး ပျဉ်ထောင် နှစ်ထပ် အိမ်လေး ပြင်ဆောက်ရမည်။

ဒါမှ အမြင်တင့်မှာပေါ့လေ..။

သားက စာမေးပွဲအတွက် စာကျက်နေပေမဲ့ အလုံးမှာတော့ လမ်းလျှောက်ရင်း သား ရဲ့ မင်္ဂလာဆောင်ကို ဘယ်လို ခမ်းနားအောင် လုပ်ပေးမယ်ဆိုပြီး စိတ်ကူးယဉ်နေမိသည်။

.

"ဟင်...ဒါဆို....အန်ကယ်စိုးမြင့် မိန်းမ က နှစ်ယောက်လား..."

"ဟေ့ကောင်...ငါ့သူငယ်ချင်း နာရေးက အရေးကြီးတာလား...သူ့မိန်းမ စာရင်းက အရေးကြီးတာလား.."

"ပထမ မိန်းမနဲ့ ကွဲသွားပြီလား...ကြာပြီလားဟင်.."

"ဟဲ့...ချမ်းချမ်း...ဘာတွေ ဖြစ်နေတာလဲဟာ...ပထမအိမ်ထောင်နဲ့ သားတစ်ယောက်ရတာပဲ တို့သိတာလေ...အန်ကယ်စိုးမြင့် မိန်းမ နှစ်ယောက်ဆိုတာ အဖေ တောင်ခုမှ သိတာ...သူနိုင်ငံခြားကို ပြောင်းသွားတာ အဲဒါကြောင့်နေမှာပေါ့....ဘယ်သူက ကျွန်တော် မိန်းမ နှစ်ယောက်ယူပါတယ်လို့ လိုက်ပြောလို့လဲ...တကယ်ပဲ..."

"အေးလေ...ဒီကောင် ကြောင်တောင်တောင်ကောင်...မင်း ဆရာ၀န် ဖြစ်ပြီး ကိုယ့်ရောဂါ ကိုယ်သိနော်...ချမ်းချမ်း...."

"အင်းပါ...ကိုကြီး လိုက်သွားရင် အဖေ့ကို စောင့်ကြည့် ...မောမှာပဲ...မသွားပါနဲ့ဆိုလည်း မရဘူး.."

"........."

ငြိမ်းချမ်းမှာ အန်ကယ် စိုးမြင့် ဆုံးသွားတာကို ပျော်နေသလို ဖြစ်တော့ စိတ်ကို အတက်နိုင်ဆုံး ထိန်းချုပ် သတိထားနေရသည်။

အဖေ့ကို လိုအပ်တဲ့ ဆေးတွေ အဆင့်သင့် လုပ်ပေးရင်း အလုံးနဲ့ ဘယ်အချိန်ကွဲသွားတာလည်းဆိုတာ တွက်ချက်နေမိသည်။

ဒါဆို...အလုံး ဘယ်မှာလဲ ဘယ်တွေ ရောက်နေပြီလဲ..။

အန်ကယ်စိုးမြင့်နဲ့ ရတဲ့ သားလေး တစ်ယောက်တော့ ရှိဦးမှာပဲ..။

အရင်ရွာမှာ ပြန်နေပြီလား..။

ငြိမ်းချမ်း တစ်ချက်ပြုံးပြီး ရွာကို လိုက်သွားဖို့ ဆုံးဖြတ်လိုက်သည်။

အလုံးကို တွေ့ရင် ဘာတွေ ပြောရမလဲ..။

ဘာမှ မပြောဘူး...ဖက် ပစ်လိုက်မှာပဲ..။

ငါတို့ အချစ်စစ်လို့ အိမ်ထောင်တွေ မတည်မြဲကြတာပေါ့လေ..။

အဖေတို့ဆီက ပြန်တာနဲ့  ခရီးအဝေးကြီး ဆက်မောင်းလာခဲ့လိုက်သည်။

အလုံး အဖေရဲ့ နောက်အိမ်ထောင်ဖြစ်တဲ့ ရွာထဲက ဒေါ်မိတုတ်ဆိုတဲ့  အိမ်ကို အရင် ရောက်သွားသည်။

"ဒေါ်မိတုတ်တို့က ယုယ အိမ်ထောင်ကျကတည်းက ပြောင်းသွားပြီ ဆရာလေးရဲ့..."

"သြော် မိလုံးကော ပြန်လာသေးလား..."

"တစ်ခါတော့ ကလေးတစ်ယောက်နဲ့ ပြန်လာတာ တွေ့တယ်..ကျွန်မတို့ကိုလည်း မခေါ်မပြော အဆက်အသွယ် မထားတော့ ဘယ်မှာ နေတယ် မသိရဘူးရှင့်"

"သူပြန်လာရင် ဒီစာကဒ်လေး ပေးပေးပါနော် သေချာ ဆက်သွယ်ပါလို့"

"ဟုတ်ကဲ့...ခုတလော..မိလုံးကို လာရှာတဲ့သူတွေ များသားပဲ...ရှေ့နေ့ဆိုတာလည်း လာရှာသေးတယ်...ဟုတ်ကဲ့..တွေ့ရင် ပြောပါ့မယ်..."

"ဟုတ်ကဲ့...ဒါဆို ပြန်ဦးမယ်နော်...သေချာလေး ဆက်သွယ်ပေးပါနော်..."

"ဟုတ်ကဲ့...စိတ်ချပါ..."

"............"

ငြိမ်းချမ်း ခဏခဏ ရောက်ပေမဲ့လည်း ရွာထဲကို မ၀င်ဖြစ်တာ များသည်။

ခုတော့ ရွာထဲ မှာ လမ်းလျှောက်ရင်း ငယ်သူငယ်ချင်းတွေနဲ့ ပြန်တွေ့ဖြစ်သည်။

"ငြိမ်းချမ်းသူ...နင်က ဆရာ၀န်ဖြစ်နေပြီဆို..."

"အေး...နင်ကော.."

"တစ်ယောက် နဲ့ တစ်ဗိုက်ပါပဲအေ...တိုးတက်လာတာ ဒါပဲ ရှိတယ်..."

"ဟား.ဟား...မွေးခါနီး...အလုပ်လျော့လုပ်လေဟာ..."

"အေးပါ...မလုပ်လည်း မရဘူးလေ...နင်က ရန်ကုန်မှာပေါ့.."

"အေး....ရောက်ရင်လာလေ....ဒါ ငါ့လိပ်စာ..."

"အေး...အေး...လာမယ်နော်..."

"သွားဦးမယ်...အေးသက်...လှိုင်၀င်း ပြန်လာရင်လည်း ငါမေးတဲ့အကြောင်း ပြောပေးနော်...နှင်းမှုံကို တွေ့ရင်လည်း သေချာ ပြောပေးနော်"

"အေး...စိတ်ချပါဟာ...လှိုင်ဝင်းကလည်း နင့်ကို အရက်တိုက်ခိုင်းဖို့ချည်း ပြောနေတာ မြို့တက်နေလို့ တော်သွားတယ်..."

"နင်ကလည်း ယောက်ျားကို အဲလောက် မနိုင်ပါနဲ့ ဆံပင်ဖြူလိမ့်မယ်.."

"ဖြူပလေစေ.."

"ဟား..ဟား..."

ငြိမ်းချမ်း လမ်းလျှောက်ပြန်လာရင်း အလုံး တို့ အိမ်ရှေ့ကို ရောက်သွားတော့ ခြံထဲကို လှမ်းကြည့်မိသည်။

ရေတွင်းမှာ ယောက်ျား တစ်ယောက် ရေခပ်နေတာ တွေ့ရသည်။

အလုံးတို့ အိမ်က ရောင်းလိုက်တာ ကြာပြီတဲ့လေ..။

အလုံး ရေခပ်နေတာကို မြင်ယောက်မိသည်။

"ကိုချမ်း...ဘာလာလုပ်တာလဲ..."

"ဟီး...သတိရတာပေါ့..."

"ခဏနေဦး....သဲတွေနဲ့..."

"ကိုချမ်း ဖိနပ်က အလုံးနဲ့ မတော်ဘူး...ကြီးကြီးပဲ..."

"အလုံး စက်ဘီးဆေးနေတာ...နေ့တိုင်းမဆေးရဘူးလား..."

"ဟီး..ဟီး...သိဘူးလေ..."

ငြိမ်းချမ်း အတိတ်က မြင်ကွင်းတွေကို မြင်ယောင်ရင်း မျက်ရည်ဝဲကာ ပြုံးမိသည်။

နင့်ကို ဒီတစ်ခါ တွေ့ရင် လုံး၀ လွှတ်မပေးတော့ဘူး အလုံးရယ်..။

နင် က အဝေးဆုံးကိုပဲ ထွက်ပြေးတက်လို့  ငါ အရမ်းကြောက်နေပြီ..။

ငြိမ်းချမ်း၀ယ်ထားတဲ့ ခြံလေးကို ပြန်ရောက်လာပြီး သစ်ပင်ကြီး အောက်မှာ ထိုင်၍ အလုံး နဲ့  တွေ့ခဲ့တဲ့ အကြောင်း တွေးနေမိသည်။

"..........."

".........."

ငြိမ်းချမ်း နားထဲ စာကျက်သံ  ကြားနေရတာ အဆင်မပြေ..။

"လုပ်ပြန်ပြီ..."

"........."

ငြိမ်းချမ်း ရောက်လာသည့် ရက်က ဆယ်တန်း စာမေးပွဲ ချိန် မို့ တိတ်ဆိတ်တဲ့ နေရာမှာ စာလာကျက်တာကို နားလည်ပေးနိုင်ပါသည်။

သစ်ပင် အရိပ်အောက်မှာ စာကျက်နေတဲ့ ကျောင်းသား တစ်ယောက်က ငြိမ်းချမ်းအတွက် အနှောင့်အယှက်မဟုတ်ပါ..။

ဒါပေမဲ့ စာတစ်ကြောင်း ပြီးရင် အမ်....အမ် လုပ်နေတာက စိတ်မရှည်ချင်စရာ ဖြစ်သည်။

ဆယ်တန်း စာတွေကို ကျက်နေတာ ကြားနေရတာမို့ ဆယ်တန်းကျောင်းသား တစ်ယောက်ဖြစ်ပြီး ကလေး စိတ်မပျောက်သေးတာလား.။

ဒီနေ့ နောက်ဆုံး ဘာသာ ကျက်နေမှန်း သိတော့ ရှေ့ဆက်မမှား အောင် သတိပေးဖို့ ဆုံးဖြတ်လိုက်သည်။

"........."

"ဟေ့...စာကျက်ရင် ကောင်းကောင်းကျက်စမ်း..ဘာလို့ အမ်...အမ် ထည့်ဆိုနေတာလဲကွ..."

"ခင်ဗျားနဲ့ ဘာဆိုင်လဲ..."

".........."

ငြိမ်းချမ်းမထင်ထားတဲ့ တုန့်ပြန်မှု ချက်ချင်းထွက်လာတော့ ပြောလိုက်တဲ့ စကားပင် မေ့လောက်အောင် အံသြသွားသည်။

တော်တော်ရိုင်းတာပဲ..။

ဒီလို ကလေး တစ်ယောက်နဲ့ စကားလည်း ဆက်မပြောချင်တော့လို့ သစ်ပင် ကို ကျောခိုင်းပြီး ပြန်ထွက်လာခဲ့လိုက်သည်။

"ဟေ့လူ...."

"..........."

ငြိမ်းချမ်း မျက်ခုံးတွန့်သွားကာ ခြေလှမ်းတွေ ရပ်သွားပေမဲ့ လှည့်ကြည့်ချင်စိတ်လည်း မရှိပါ..။

အသက်ကြီးတဲ့ သူမှန်း သိရင် အစ်ကို ဖြစ်ဖြစ် ဦးလေး ဖြစ်ဖြစ် သုံးနှုန်းသင့်သည်။

"ဒီမှာ ဘာလုပ်နေတာလဲ..."

"ငါ့ခြံမှာ ငါနေတာ...ဘာဖြစ်လို့လဲ..."

"သြော်...ကျွန်တော် စာကျက်လို့ အနှောင့်အယှက်ဖြစ်သွားရင် ဆောရီးပဲ..."

".........."

"ကျေးဇူးပဲ..."

"ဟင်..."

ငြိမ်းချမ်း လှည့်ကြည့်တော့ စက်ဘီး နင်းပြီး ထွက်သွားပြီမို့ လိုက်ကြည့်မိသည်။

ဘယ်လို ကောင်ပါလိမ့်..။

စာကျက်နေတဲ့ ပုံစံ အရတော့ စာတော်တဲ့သူ တစ်ယောက်မို့ ဖြေနိုင်မှာသိပါသည်။

စာတော်သလို ပေါင်းသင်းဆက်ဆံရေး မှာလည်း လိမ်မာရင် ဒီကောင် တော်တော်လေး တိုးတက် ပြောင်းလဲနိုင်မှာပါ.။

သိလည်းမသိ...တွေ့လည်းမတွေ့သည့် ချာတိတ်တစ်ယောက်ရဲ့ အနာဂတ်အတွက် တွေးတောနေမိတာ သတိရတော့ ငြိမ်းချမ်း ဟက်ခနဲ့ တစ်ချက် ရယ်မိသည်။

ငါလည်း အရာရာ အဆင်မပြေတဲ့ နှလုံးသား ကြောင့် ကြောင်နေပြီ ထင်ပါရဲ့..။

.

"ဟော...ပင်ပန်းသွားပြီလား.."

"အွင်း.."

"တစ်ဘာသာ ကျန်သေးတယ်...အားတင်းထားနော်..."

"အွင်း..."

သားက ထူးထူးဆန်းဆန်း လွယ်အိတ်ချပြီး အလုံး နောက်ကနေ သိုင်းဖက်လိုက်တော့ သား ပါးလေးကို ပြန်ကိုင်ပြီး စကားပြောနေမိသည်။

"မေ့..ဘာလုပ်နေတာလဲ..."

"သား အတွက် ကြက်သားချက်ပေးမလို့လေ....ကြက်သွန်အခွံသင်နေတာ...."

"ဟီး...စာမေးပွဲနေ့တိုင်း ဖြေနေရရင် ကောင်းမယ်...ကြက်သားချည်း နေတိုင်း စားရတယ်..."

"ကြည့်စမ်း..အမေ က အငတ်ထားတာ ကျနေတာပဲ...."

"စားရပေမဲ့ ကြက်သား က တစ်ခါတလေ ပဲ စားရတာလေ..."

"ဟုတ်ပါတယ်...မေ့ချမ်းသာရင် သားကို နေ့တိုင်း ကြက်သားဟင်းကျွေးမယ်နော်..."

"အွင်း..."

"ဘယ်လိုလဲ....မေးခွန်းတွေ လွယ်ရဲ့လား.."

"လွယ်တာပေါ့....အောင်မှာပါ..."

"ဟင်း...တော်ပါသေးရဲ့...သား မရတဲ့ ဘာသာဆိုတော့ မေ့က စိတ်ပူပြီး ဆုတောင်းနေတာ....ငါ့သားလေး ပင်ပန်းသွားပြီ....ညတုန်းက မေ့ အိပ်သွားတဲ့ အချိန်ထိ မအိပ်သေးဘူးမလား.."

"မေ့ အိပ်ပျော်နေတာ မောင် ရွေ့ပေးမလို့ပဲ နိုင်ဘူး.."

"အမလေး...မရွေ့ပါနဲ့...ပြုတ်ကျမှာ နှစ်ယောက်စလုံး ကျိုးနေပါ့မယ်..."

"ဟား..ဟား..မောင်က သေချာ ချီရင် နိုင်ပါတယ်...မေ့ နိုးသွားမှာစိုးလို့ပါ.."

"အဲဒါတော့ မတရားဘူး..သားကိုကျတော့ မနိုးအောင် ချီရွေ့နိုင်တယ်..သားကျတော့ နိုးမှာစိုးလို့တဲ့.."

"အာ...မေ့ကလည်း အဲဒါ ပေါက်စန လေးကိုး..."

"ခုတော့ ကြီးပြီပေါ့..."

"အာ....."

"ဟား..ဟား..."

"မေ့....ခုချိန်မှာ ဖေချမ်းကိုတွေ့ရင် မောင်ခေါ်ရမလား ဟင်..."

"ဟင်.."

အလုံးကျောမှာ ကပ်မှီပြီး ပွေ့ဖက်ကာ ပခုံးပေါ် မေးတင်ထားသည့် သားနဲ့ မျက်နှာချင်းဆိုင်နိုင်အောင် ကိုယ်ကို စောင်းပြီးလှည့်လိုက်သည်။

သား က ငေးပြီး ကြည့်နေတော့ အလုံး မျက်လုံးပြူးသွားသည်။

"သား..သား..ကိုချမ်း ကို တွေ့လို့လားဟင်...ဘယ်မှာ တွေ့တာလဲ..."

"တွေ့ရင်လို့ပြောတာပါမေ့ရဲ့..မောင်စဉ်းစားမိလို့ပါ...မြို့မှာ စာမေးပွဲသွားဖြေတော့ ကျောင်းသားတွေ အများကြီး လာကြိုတဲ့ မိဘတွေလည်း အများကြီးလေ..ကျူရှင်က ကားနဲ့ ပြန်ရပေမဲ့ လည်း ကားစောင့်နေတုန်း လူအများကြီးတွေ့တော့ ဖေချမ်း လည်း ပါလာနိုင်တယ်.."

"ဟင်း...သားတော့ တွေ့ချင်လား မသိပေမဲ့မေ့ကတော့မတွေ့စေချင်ဘူး သားရယ်..အချိန်တွေ အကြာကြီး  အဆက်အသွယ်ပျက်နေတဲ့သူ တစ်ယောက်က သူ့ဘ၀နဲ့ သူ ဖြစ်နေနိုင်တယ်လေ..သူလည်း အိမ်ထောင်ကျလို့ ကလေးတွေ ဘာတွေ ရနေလောက်ပြီ...သားက သိလို့ အားတက်သရော နှုတ်ဆက်တောင် သူက လက်မခံနိုင်တဲ့အခါ သား စိတ်မကောင်းဖြစ်ရမှာပေါ့...မဟုတ်ဘူးလား.."

"အင်း..ဟုတ်တယ်နော်..."

"သား က မိဘတွေ လိုက်မပို့နိုင်လို့ အားငယ်နေတာလား ဟင်.."

"ဟုတ်ပါဘူး..ကျူရှင်က အကုန်လုံး မိဘ မပါပါဘူး...ဒီတိုင်းပါ..."

"မေ့ စိတ်မကောင်းပါဘူး..ဒါပေမဲ့ သား စိတ်ဓာတ်ကျလို့ မဖြစ်ဘူးနော်...သား မှာက အမေ ရှိပေမဲ့ အမေကော အဖေကော မရှိပဲ ရပ်တည်နေတဲ့ ကလေးငယ်ငယ်လေးတွေ အများကြီးပဲ..."

"အွင်းပါ....မောင် စာမေးပွဲပြီးတာနဲ့ အလုပ်လုပ်မှာနော်...မနက်ဖြန် ပြီးတာနဲ့ စလုပ်မယ်.."

"မနားတော့ဘူးလား..အလုပ်ချည်းပဲ...သူများတွေကတော့ စာမေးပွဲပြီးရင် လိုချင်တာ ပူဆာတယ်..သူ့ကျမှ အထူးအဆန်း...အလုပ်...အလုပ်နဲ့ဟယ်...."

"မောင် က  မေ့နဲ့ တူတာကိုး.."

"သြော်..ဟုတ်ပါတယ်...ကျွန်မ ကလည်း လူထူးဆန်းပါရှင့်....ဖယ်ဦး..မေ့ ဟင်းချက်ရဦးမယ်..."

အလုံး ကြက်သွန်ပန်းကန် ကို ယူလာပြီး မီးဖိုဘေးမှာ ချလိုက်ပေမဲ့ ရင်ခုန်နေသည်။

သားရဲ့ မျက်၀န်းတွေကို ကြည့်ပြီး အဖြေမရှာနိုင်တော့တာလည်း သတိထားမိသည်။

သား က ကြီးသွားလို့ ထင်ပါရဲ့..။

ကိုချမ်း နဲ့ တွေ့ခဲ့သည် ဖြစ်စေ မတွေ့သေးဘူးဖြစ်စေ သားလေး စိတ်ထိခိုက်နာကျင်မှု မရှိဖို့သာ မျှော်လင့်ပါသည်။

တစ်ခုလပ်တို့ မုဆိုးမ တို့ ဘယ်လို သတ္တိမျိုးနဲ့ ရပ်တည်ကြလဲ အလုံးမတွေးနိုင်..။

အလုံးမှာတော့ သား အတွက် လိုအပ်နေတဲ့ အဖေ နေရာကို တွေးမိတိုင်း ရင်ထဲမှာ ခံစားနေရဆဲပင်..။

.

"ဟင်...မေ့..."

"အဟွင်း..."

"ဖြေနိုင်လား.."

"အွင်း.."

သား က အလုံး ကို တွေ့သွားတော့ ကားအနားကို ကလေး တစ်ယောက်လို ရယ်ပြီး ပြေးလာသည်။

သားရဲ့ အဖြူအစိမ်း မြင်ကွင်းလေး က နောက်ဆုံးလည်း ဖြစ်နေနိုင်သည်။

ဖြစ်ပါစေလို့လည်း အထပ်ထပ် ဆုတောင်းပေးခဲ့ပြီးပါပြီ..။

သူငယ်တန်း ကျောင်းစတက်တုန်းက အမေကိုတောင် သတိမရပဲ ကျောင်းပျော်ခဲ့သည့်သားလေး..။

ကျောင်းတက်နေချိန် ဘ၀ အခြေအနေ အမျိုးမျိုး အဖုံဖုံ ပြောင်းလဲချက်တွေကြောင့် အနိမ့်အမြင့် ခံစားရသမျှ ပြီးဆုံးပြီ ထင်ပါရဲ့.။

နာကျင်စရာ ဖြစ်ဖြစ် ပျော်ရွှင်စရာ ဖြစ်ဖြစ်  ကျောင်းသားဘ၀ အမှတ်တရလေးတွေက သားရဲ့ဘ၀မှာ ပျောက်ကွယ်သွားမှာ မဟုတ်ဘူးဆိုတာ အလုံးသိပါသည်။

အမြဲတမ်း ရှက်တက်သည့် သား က  လူတွေ အများကြီး ရှိနေချိန် အလုံး ရဲ့ ဘေးမှာရပ်ကာ ခါးကို ဖက်ပြီး ပါးကို နမ်းလိုက်တော့ အံသြမိပေမဲ့ ပြုံးမိသည်။

သား လက်မောင်းကို ပြန်ဆုပ်ကိုင်ပြီး မနမ်းတာ ကြာပြီ ဖြစ်တဲ့ ပါးလေး ကို ပြန်နမ်းပေးမိသည်။

"ငြိမ်းချမ်းသူ..ဖြေနိုင်လား.."

"အေး...မင်းကော..."

"အို..မောင့် သူငယ်ချင်းပဲမလား...မေ့ ခုမှ ပဲ တွေ့ရတော့တယ်..."

"ဟင်..."

"ဖြေနိုင်လား ကလေး.."

"အင်း...မင်းအစ်မလား...မင်းစော်လား..."

"ငါ့အမေ ကွ..."

"ကန်တော့ ကန်တော့ အစ်မ...အဲ...အန်တီ..."

"အဟွင်း.."

"မင်းတော့ အထိုးခံရတော့မယ်..."

"မင်း အမေ က နုတာကိုးကွ..."

"အေးပါ...မုန့်၀ယ်ကျွေးမယ်လေ...လာ..."

"ဟီး...နေပါစေ...အန်တီ....ကျွန်တော်ကအဖေ စောင့်နေပြီ.."

"သြော်...စာမေးပွဲပြီးလည်း အဆက်အသွယ် လုပ်နော် သား.."

"ဟုတ်..ဟုတ်..."

"သား နဲ့ စာကျက်ပေးတာလည်း ကျေးဇူးနော်...ဖြိုးသူရ"

"ဟီး....သားက ဖြိုးသူရ မဟုတ်ဘူး...ကောင်းထက်ပိုင် ပါ.."

"သြော်...သြော်....သူငယ်ချင်းတွေပါပဲ..."

သား က အလုံး လက်ကို ဆွဲပေမဲ့ ပြောလိုက်မိသည်။

ကောင်လေး က နောက်ဘက်ကို လျှောက်သွားတော့မှ သားကို တစ်ချက်လှည့်ကြည့်ရင်း..။

"ဘာလို့လဲ.."

"မောင် စာကျက်တာ သူတို့နဲ့ မဟုတ်ဘူး.."

'ဟင်...သား ပြောတော့ သူငယ်ချင်းအိမ် သွားကျက်တာဆို..."

'မဟုတ်ဘူး..မေ့...မောင်...မောင်....ဟိုခြံကြီးထဲမှာ သွားကျက်တာပါ.."

"ဟင်..."

"အဲဒီ့မှာ ဖေချမ်း လည်း ရောက်နေတယ်..."

"ဟင်..."

အလုံး မှာ မျက်လုံးပြူးသလို ရင်တွေလည်း တလှပ်လှပ် ခုန်လာသည်။

"မောင့်ကို မတွေ့ပါဘူး..မောင်လည်း သေချာမကြည့်ပါဘူး...."

"..........."

သား က သူ့ကို စိတ်ဆိုးမှာ စိုးလို့သေချာ ရှင်းပြပေမဲ့ အလုံးမှာတော့ ကိုယ့်နှလုံးခုန်သံ ကိုယ်ပြန်ကြားရသည့် အထိ ထိတ်လန့် တုန်လှုပ်နေမိသည်။

"မောင်တို့ သွားတွေ့မလားဟင်...မနေ့က  မောင်ပြန်လာတဲ့အထိ သူ ရှိသေးတယ်..."

"ဟင်..."

"သူက ဆရာ၀န်တဲ့...ဖေချမ်း ဆိုတာ သေချာပါတယ်....ဒေါက်တာ ငြိမ်းချမ်းသူ ဖြစ်ပြီပေါ့တဲ့ ရွာထဲက သူ့သူငယ်ချင်းနဲ့ စကားပြောနေတာ ကြားတယ်...ရန်ကုန်မှာ နေတာတဲ့....ဆရာ၀န်ဖြစ်နေပြီ....နောက်ပြီး...ဟိုခြံကြီးကို သူ၀ယ်လိုက်တာ...ပြီးတော့ မောင့်ကို စာကျက်တာ အမ် နေလို့ ဆူသေးတယ်..မောင် မခေါ်ရဲလို့ ကျေးဇူးတင်တယ်ပြောပြီး စက်ဘီးနင်းပြေးလာခဲ့တာ..."

"အို...သားရယ်.."

သားက မရပ်မနား ပြောချလိုက်တော့ အလုံး ရင်ထဲ စို့သွားသည်။

စက်ဘီး နဲ့ တစ်နာရီကျော်လောက် နင်းရတဲ့ ရွာအထိ ရောက်သွားတာ မယုံနိုင်သေး..။

အလုံး ခံစားချက်တွေ မေ့ပြီး သားရဲ့ ခံစားသမျှ ကို နာကျင်စွာဖြင့် အံသြနေမိသည်။

သူ့အဖေမှန်း သိလျက်သားနဲ့ အမေ့ဆီက ခွင့်ပြုချက်တောင်းဖို့ မခေါ်ပဲ ပြန်ခဲ့သည်။

သားရဲ့ ခေါင်းလေးကို ဖွဖွ ပွတ်ပြီး ရင်ထဲမှာ နာပေမဲ့  ပြုံးလိုက်သည်။

"သား တွေ့ချင်ရင် သွားတွေ့ပေါ့...ကိုချမ်း ရဲ့သားဆိုတာတော့ သူ က ချက်ချင်း လက်ခံပါ့မလား မသိဘူး သားရယ်.. ...သူ့မှာ မိန်းမ နဲ့ကလေး ရှိနေရင် မေ့တို့ကြောင့် မိသားစုလိုက် စိတ်ညစ်ရလိမ့်မယ်...."

"မေ့ကော..မတွေ့ချင်ဘူးလားဟင်...မောင် နေခဲ့မယ်လေ...မေ့က ဒီတိုင်း သူငယ်ချင်းလို သွားတွေ့ပြီး သူ့မှာ မိန်းမရှိနေလား မေးကြည့်ပါလား.."

သား က ကိုချမ်းနဲ့ တွေ့စေချင်လို့ အကြံပေးနေတော့ ရင်ထဲ မကောင်းပေမဲ့ အားတင်း ကာ ပြုံးရင်း ခေါင်းရမ်းလိုက်သည်။

ကိုချမ်းနဲ့ တွေ့လို့ ကိုချမ်းမှာ မိသားစု ရှိနေရင် အလုံးထက် သားက ပိုခံစားရလိမ့်မည်။

"မေ့ တော့ မတွေ့ချင်ပါဘူးသားရယ်...ကိုချမ်း ကို တွေ့ရင် ဘာတွေ ပြောရမလဲ မေ့တစ်ခါမှ မတွေးမိဘူး...သူ့ဘဝနဲ့ သူပဲ နေပါစေ..."

"..............."

"သားတွေ့ချင်ရင် သွားပါ...မေ့ခွင့်ပြုပါတယ်...သေချာမသိတော့ သားကို စိတ်ထိခိုက်အောင် ပြောမှာပဲ မေ့က စိတ်ပူတာပါ..."

"မောင် မတွေ့ချင်ပါဘူး..မေ့တွေ့ချင်မလားလို့ ပြောပြတာပါ..."

"............."

သား ရဲ့ မျက်၀န်းတွေကို အကဲခတ်နေချိန် တခြား ကျောင်းသားတွေ ရောက်လာသည်။

"ဟင်...မကြီးမိလုံးလည်း လာခေါ်တာလား.."

"အေး....ဒီနေ့ ကျုပ်သားက ဖြေနိုင်တယ်တဲ့...တော်တို့ကော.."

"ဖြေနိုင်တာပေါ့..."

"ဒါဆို စာမေးပွဲပြီးတဲ့အထိမ်းအမှတ်နဲ့ မုန့်တစ်ခုစားကြမလား...ကိုနိုင်သူ မုန့်ဆိုင်ကို အရင်မောင်းပို့ပါနော်...ကျွန်မ ဒကာခံကျွေးပါ့မယ်.."

"ဟုတ်ပြီဗျာ.."

သား ပခုံးကို ပုတ်ပြီး အလုံး ကားပေါ် တက်တော့ သားကလည်းရယ်ပြီး လိုက်တက်သည်။

သူငယ်ချင်းတွေနဲ့ စကားပြောရင်း မေးခွန်း အဖြေ တိုက်ရင်းဖြင့် အလုပ်များနေတဲ့ သားကို ကြည့်၍ အလုံးမှာတော့ အကြိမ်ကြိမ် သက်ပြင်းခိုးချနေမိတော့သည်။

1106071011071108

.

"မေ့..."

"အွင်း....ဘာလုပ်ချင်ပြန်ပြီလဲ.."

"အဟီး...မောင် ပြောတာ နားထောင်ပါဦး.."

"နားထောင်နေပါတယ်...တစ်ခုခုတော့ လုပ်တော့မယ်ဆိုလည်း သိပါတယ်..."

အလုံး ထမင်းနယ်ရင်း ပြောလိုက်တော့ သားက ဖုန်းနှိပ်ရင်း ပါးစပ်ဟပေးသည်။

ဆံပင်ရှည်တွေကို  ညှပ်ခိုင်းလို့လည်း မရတော့ မျက်စိရှုပ်တယ်ပြောတာကို ကြက်တောင်စီးထားသေးသည်။

အလုံး ထမင်း တစ်လုပ်ခွံ့ပေးလိုက်ပြီး ငရုတ်သီးချက်ကို နည်းနည်းထပ်စမ်းပြီး ပြန်နယ်နေမိသည်။

"ဘာလဲ...ရန်ကုန်က ပိုက်ဆံမလွဲသေးလို့လား.."

"အာ..လွဲပြီ...."

ထမင်းတစ်လုပ်ခွံတိုင်း လက်ဝါးနဲ့ခံနေတာ အလုံး ကြည့်မရလို့ လက်ကို ဆွဲချလိုက်ရသည်။

"ဘာဖြစ်လို့လဲ..."

"ဘွားဘွားကြီး က သူ့ရုံ ကို ရောင်းချင်တယ်တဲ့.."

"ဟင်..."

'တခြားတစ်ယောက်၀ယ်လိုက်ရင် မောင်တှို့ အလုပ်ကို ထိခိုက်လိမ့်မယ်...ခုဆို ကိုယ်လိုချင်တဲ့ ဒီဇိုင်းလေးတွေ လုပ်ခိုင်းလို့ရသေးတယ်..နောက်ပြီး မောင် လိုချင်သလောက်ယူလို့လည်း ရတယ်...သူများဆို အဲလို မရတော့ဘူး.."

"အဲတော့..."

"မောင်တို့ ၀ယ်လိုက်မလား.."

"ဟဲ့..."

အလုံး မျက်လုံးပြူးသွားပေမဲ့ ဖုန်းကို လက်နှစ်ဖက်နဲ့ ကိုင်ပြီး နှိပ်နေတာ အကြည့်တောင် ရွေ့မလာ..။

" မြို့ကို ပြောင်းရမှာဆိုတော့ ပိုက်ဆံလည်း ချက်ချင်း မလိုပါဘူး...မလုပ်တာကြာရင် စက်တွေ ပျက်ကုန်မှာ စိုးလို့တဲ့..."

"သားရယ်..မေ့မှာ ရက်ကန်းဆို ဘာမှ တက်တာ မဟုတ်ဘူး...ခုက စက်ပစ္စည်းတွေဆိုတော့ ပိုတောင် ဆိုးသေး...တစ်ခုပျက်ရင် သွားရော....စက်ချည်းပဲ လေးလုံးတောင် ဆိုတော့ တန်ဖိုးကလည်း သေးမှာ မဟုတ်ဘူး..သူတို့က ငွေမလောပေမဲ့ ပေးရမှာပဲမလား...အမြဲပူပြီးလောနေရလိမ့်မယ်..."

"မေ့ အဲလို ပြောမယ်ဆိုတာ သိသားပဲ.."

"မပြောလို့ရမလား...နင်က တန်ရာ တန်ရာ ဘယ်တော့မှ မတွေးဘူးလေ...."

"ဒါပေမဲ့လည်း အဆင်ပြေနေတာပဲမလား..ခုဆို ဖုန်းလေးနဲ့ပဲ စျေးရောင်းရတာ မေ့ကော မောင်ကော ဘယ်လောက် သက်သာလဲ..."

"အဲဒါတော့ ဟုတ်ပါတယ်...ဒါပေမဲ့မတူဘူးလေ...သားရဲ့.."

"မောင်တော့  ယူမယ်ပြောလိုက်ပြီ.."

"ဟမ်..."

"သူတို့ လကုန်အထိ လုပ်လို့...ပြီးတာနဲ့ လက်ကျန်ပစ္စည်းတွေပါ ထည့်တွက်ပေးပါလို့ ပြောထားတယ်..."

"အို....ချမ်းမြေ့သူ...နင့်ကိုယ်နင် ဘာထင်နေလဲ....အိုး..ဒုက္ခပါပဲဟယ်...ငါ စိတ်ဆင်းရဲလိုက်တာ...ဘာတွေ လျှောက်လုပ်နေတာလဲ အရူးရဲ့..."

အလုံး လက်ထဲ က ထမင်းပန်းကန်ကို ချပြီး ကျောကို ထုလိုက်တော့ တစ်ခြမ်းစောင်းပြီး ဖုန်းချည်းပဲ နှိပ်နေသည်။

ဟင်း....အသက်တစ်နှစ်ကြီးလာလေ မွေးကတည်းကပါလာသည့် နားက အကြားအာရုံ မရှိတော့သလိုပါပဲလား..။

ဘာပြောပြော ဘာလုပ်လုပ် တိုင်ပင်တာမဟုတ်တော့ပဲ လုပ်ပြီးမှသာ အသိပေးတက်သည်။

ကားဂိတ် ပစ္စည်းပို့တဲ့ လူတစ်ယောက် နေ့စားခေါ်လိုက်တဲ့ကိစ္စ..။

အထည်တွေကို ကိုယ်ပိုင် တံဆိပ်နဲ့   ရောင်းတဲ့ ကိစ္စ..။

စက်ချုပ်မိန်းကလေး ခြောက်ယောက်လောက်နဲ့ အကျီ င်္ လုံချည်တွေပါ ချုပ်ရောင်းနေသည့် ကိစ္စ..။

အို....တော်တော်များများ ကို အလုံး မသိခဲ့ပါဘူး..။

စာမေးပွဲ ပြီးပြီဆိုကတည်းက သူ့မှာ တစ်ခုပြီး တစ်ခု လုပ်နေတော့တာပါပဲ..။

ဒါကြောင့် "မေ့ရေ..ဟိုလေ..."ဆိုတာနဲ့ ကြောက်နေရပြီ..။

ပိုက်ဆံ အရင်းတပြားမှ မသုံးပဲ သူလုပ်ချင်တာတွေ အကုန်လျှောက်လုပ်နေတာ အလုံးမှာတော့ ရင်တဒိတ်ဒိတ်..။

ကိုယ် စျေးရောင်းချိန်တုန်းက အကြွေးရှင်များ အိမ်လာတောင်းမလားလို့ စိတ်ပူခဲ့ပြီး အိပ်မပျော်တောင် ဖြစ်ရသည်။

အတိုင်အတော ခံရပြီး ခံ၀န်တောင် လုပ်ဖူးထားတော့ ရှိသလောက်နဲ့သာ တိုးပွားအောင် ရှာချင်သည်။

သားကတော့ အရာရာ လုပ်ရဲပြီး လွယ်ကူနေတာပါပဲ..။

တစ်ခါတလေ ဖုန်းလာလို့ ကိုချမ်းမြေ့သူနဲ့ ပြောချင်ပါတယ်ဆို အလုံးမှာ အံသြရသေးသည်။

ဆယ်ခြောက်နှစ် ကလေး တစ်ယောက် လို့ တစ်ဖက်က ထင်ပုံမရ..တရိုတသတောင် ပြောနေသည်။

သားရဲ့ ထက်မြက်မှုကို တစ်ရွာလုံးက အားကျ အတုယူ ဆုံးမ ကြပေမဲ့ အလုံးမှာတော့ အမေထက် သား ဆယ်နှစ်မက ကြီးနေတာ သိပ်မကြိုက်ချင်..။

အရင်လို မေ့ဆိုပြီး တွယ်တာ အားကိုးနေတာ မဟုတ်တော့ပဲ အရာရာမှာ သူ့ကို ကိုယ်က အားကိုးနေရတာချည်းသာ။

မီတာခပေးတာက စလို့ အိမ်အမိုး ပြင်တာ အထိ..။

ရေတွင်းက မော်တာ မလည်တာ စပြီး အိမ်ရေကပြင် မီးလုံး မလင်းတာအထိ..။

အရာရာမှာ သူချည်း ဆရာလုပ်နေတာ တစ်ခါတလေ ခံပြင်းသလို တစ်ခါတလေ ကျတော့လည်း ၀မ်းသာဂုဏ်ယူ ကျေနပ်ရပါသည်။

ဒါပေမဲ့ ခုလို ကိစ္စမှာတော့ အလုံး မတိုက်တွန်းရဲပါ..။

စက်ပစ္စည်းတွေရဲ့ တန်ဖိုးက အလုံးဦးနှောက်ဖြင့်တောင် မတွက်ချက်ကြည့်နိုင်ပါ.။

နေသာရုံ အိမ်တလုံးသာ ရှိသည့် သားအမိနှစ်ယောက်ကို ဘာကို ယုံလို့ ကြီးတော်တို့က ပုံအပ်တာလည်း မသိ..။

"ဟာ..ဒီပုံစံလေး ကြည့်စမ်း..မေ့.."

"ဘာတုန်း.."

ဖုန်း ကို ကိုင်ပြီး အလုံး အနားကို တိုးကပ်လာကာ ပြတော့ တွေးလက်စ ပျောက်ပြီး လှမ်းကြည့်မိသည်။

"ဒီအဆင်လေးဆို မဆိုးဘူး တွေ့လား...ချင်းရိုးရာ ဒီဇိုင်းကို ပုံစံပြောင်းထားတာ.."

"ကန့်လန့်စင်းကြိး ဘယ်သူက ၀တ်မှာလဲ..."

"ရိုးရာ အထည်တွေ တစ်ခေတ်ဆန်းလာပြီလေ...မေ့ရဲ့..မောင်တော့ ဒီ ဒီဇိုင်းကို ပုံစံကွဲတစ်ခု ယူထုတ်မယ်.."

"ရောင်းရပါလိမ့်မယ်...သိလား..စိတ်ထင်တိုင်းသာ လျှောက်လုပ်...မောင်...နင် တစ်နေ့ ဒုက္ခရောက်မယ်..."

"မေ့ ကလည်း သားလေး ကို ဆုတောင်းပေမယ် မရှိဘူး..."

"ဟင်း...သား စိတ်ညစ်ရမှာ မေ့စိုးရိမ်လို့ပါ သားရယ်..."

"မောင် စိတ်ညစ်ရလည်း မေ့ကို တွေးရင် စိတ်မညစ်တော့ပါဘူး.."

အလုံး မျက်ခုံးပင့်လိုက်တော့ သား က ရယ်ပြီး လက်မောင်းကို ခေါင်းနဲ့ ဝေ့ကာ ထမင်း ပန်းကန်ကို လက်ထဲ ပြန်ထည့်ပေးသည်။

အလုံးမှာ တော့ စိတ်ထဲက ပူပန်မှုက သပ်သပ် ထမင်းစားဖို့တောင် မအားဘူးဆိုပြီးထမင်းခွံ့ခိုင်းနေတဲ့ အပျင်းလေး ဗိုက်မ၀ မှာ စိုးရိမ်တာက သပ်သပ်မို့ လက်က အလိုအလျောက် ထမင်းခွံ့ပေးမိသည်။

"မောင်...သားရယ်...ဆံပင်ကြီးက ရှည်တွေ ညှင်းသိုးသိုးနဲ့...ညှပ်လိုက်ပါလား...ဂုတ်ထောက်ရုံဆို တော်ရောပေါ့.."

"ခုလည်း ဂုတ်ကျော်လေးပဲမေ့ရဲ့...မောင် က အက်ရှင်မင်းသားတွေလို မှုတ်ဆိတ် မွှေး ပမြိုင်းမွှေးတွေနဲ့ ဂေါ်ချင်တာ...ဘာလို့ မပေါက်တာလဲ..မသိဘူး.."

"အမလေး...အက်ရှင်မင်းသားတော့ မလုပ်လိုက်ပါနဲ့မောင်...ကျွန်မ သားလေး တစ်ယောက်တည်း ရှိတာပါ...တစ်ခုခုသာ ဖြစ်သွားရင် ရင်ကျိုးရချည်ရဲ့.."

"ဟီး...ရင်ကွဲတာတော့ လုပ်ပါ...ရင်က ကျိုးပါ့မလား..."

"အမေကို ပြောင်စပ်စပ် ပြောပြန်ပြီ...သြော်....လကုန်ရင် ပစ္စည်းပို့တဲ့ကောင်လေးကို လခ ပေးရမယ်မလား...ဘယ်လို လုပ်မလဲ.."

"ပေးပြီးပြီလေ..."

"ဟင်...ဘယ်တုန်းကလည်း..ဘယ်က ပိုက်ဆံနဲ့ ပေးလိုက်တာတုန်း.."

"မမိုးဆိုင်က ငွေလွဲ၀င်တယ်လေ...အဲဒါပေးလိုက်တာ.."

"ဟယ်....အဲဒီ အထည်ဖိုးတွေ ကြီးတော်ကို ပေးရမှာမလား..."

"ရန်ကုန်ငွေလွဲ နည်းနည်း ပေးထားတယ်....နောက်မှ ပေးလို့ရပါတယ်.."

"ဟယ်...ကောင်းမလား သားရယ်..."

"မောင်မှာ ပေးစရာမှ မရှိတာ...ဒီလိုပဲ လှည့်ရတာပေါ့ ....လိမ်သွားတာမှ မဟုတ်တာ မေ့ရဲ့ ရင်းနှီးထားတာပါ..."

"ဟိုဘက် ရွာက စက်ချုပ်တဲ့ကောင်မလေးတွေကော...."

"သူတို့က အပ်ထည်နဲ့ပေးရတာလေ...ချက်ချင်းပေးစရာမလိုဘူး...မောင် ဆိုဒ်တွေ အကြောင်းသေချာ မသိသေးတော့ အဲဒါက လွဲကုန်မှာ စိုးရတယ်...မိန်းကလေးတွေ က ဘာလို့ အကျီ ဆိုဒ် အမျိုးမျိုးဖြစ်နေတာလဲ...ယောက်ျားတွေသာဆို တစ်ထည်ကို ဘယ်သူ၀တ်၀တ်ရတယ်..."

"တူမလားဟဲ့..မိန်းကလေး အ၀တ်တွေချုပ်တာရောင်းတာတော့ သားအတွက် မလွယ်ပါဘူး မလုပ်ပါနဲ့ သားရယ်..."

"အထည်ချင်း ရောင်းတာထက် အဲလို ရောင်းတာက ပိုမြတ်တာ မေ့ရဲ့....နောက်ပြီး ချုပ်တဲ့သူ တော်ရင် တစ်ကွင်းစာ ကို တစ်စုံဖြစ်အောင် ချုပ်လို့ရတယ်....စျေးလည်း မကြီးတော့ ၀ယ်တဲ့သူတွေကလည်း သဘောကျတယ်..နောက် ပွဲရက်ဆို အထည်တစ်ရာ နှစ်ရာလောက် အော်ဒါ ရလိမ့်မယ်..."

"သား ကို ကြည့်ရတာ မေ့ပင်ပန်းတယ်...မေ့ ကူလို့ရရင်ကောင်းမယ်..မေ့ကတော့ စျေးရောင်း စျေး၀ယ်တာလောက်ပဲ သိတယ်...ခုချိန်မှာတော့ မေ့က တကယ့်ကို မှီခို ဖြစ်နေပါပြီ..."

"မဟုတ်ပါဘူး..မေ့ က မလုံး ကုမ္ပဏီင်္ရဲ့ ဒါရိုက်တာ ဟုတ်ပလား.."

"အမလေး....ဒါရိုက်တာ တွေ ဘာတွေ တောင် ဖြစ်ကုန်ပြီ..."

"ဟုတ်တယ်လေ...အောင်မြင်လာရင် ဆိုင်ခွဲတွေ ဘာတွေ ဖွင့်ပြီး သေချာ လုပ်ရမှာပေါ့..."

"ဟုတ်ပါပြီ...သား လုပ်သမျှ အောင်မြင်ပါစေလို့ မေ့အမြဲ ဆုတောင်းနေပါတယ်...သား နောက်မှာ မေ့ အမြဲရှိနေပါ့မယ်..."

"ဘာလို့ နောက်မှာ နေမှာလဲ...မောင့် ဘေးမှာနေရမှာပေါ့..."

"အဟွင်း..ဟုတ်ပါပြီ...ရှေ့ကတော့ မဟုတ်တော့ဘူးမလား.."

"မေ့ကို ရှေ့က မသွားခိုင်းတော့တာ မောင် က မေ့ကို ကာကွယ်ပေးချင်လို့ပါ...အချိန်အကြာကြီး မေ့က ရှေ့မှာနေခဲ့ပြီးပြီပဲ...မောင် အသက်ကြီးတာ ကြာနေလို့ မေ့ ပင်ပန်းရတာ...."

"အမလေး....ကြာပါစေတော်....ကျုပ်သားလေး အသက်မကြီးလေ ပိုကြိုက်လေ...ဖြစ်နိုင်ရင် ငယ်ငယ်တုန်းကလို ရင်ခွင်ထဲမှာ သာ ထည့်သိပ်ထားချင်တယ်...မြို့ သွားလည်း စိတ်ပူရ အိမ်ထဲ ဖုန်းနှိပ်နေလည်း စိတ်ပူရနဲ့...ငယ်တာသာ ကောင်းတာ..."

"မောင် ကတော့ မငယ်ချင်ပါဘူး...ကြီးမှ မေ့ကို ကူလို့ရတာ.."

"အဟွင်း.."

နှုတ်ခမ်းစူပြီး ပြောလိုက်တဲ့ သားကို ကြည့်ရင်း အလုံးပြုံးမိကာ ကြက်တောင်စီးလေးကို ဖွဖွ ဆွဲမိသည်။

သားကတော့ စျေး၀ယ်သူ တစ်ယောက်ကို စာပြန်နေရလို့ ငြိမ်သက်နေသည်။

သူ့ ကိုယ်ပိုင်ဖုန်းလေးဖြင့်စျေးရောင်းရင်း သာ အချိန်ကုန်နေတက်သည့် သား ကို တခြားကလေးတွေ နဲ့ ယှဉ်ကြည့်ရင်တော့ သနားသလို ဂုဏ်လည်း ယူရပါသည်။

ကိုချမ်း အကြောင်းတွေလည်း သိပ်မမေးတော့ပဲ အလုပ်တွေကိုသာ အမျိုးမျိုး ကြံစပြီး ကြိုးစားလုပ်နေရှာသည်။

ခုလို သားက စီးပွားရေး အမြင်ရှိပြီး ညဏ်ကောင်းတာလေးကတော့ ကိုချမ်းနဲ့တူလို့ တော်ပါသေးရဲ့လေ..။

သူ စဉ်းစားလို့ ရသမျှ နဲ့ တိုးတက် အောင် လုပ်နေတာကြောင့် အလုံး မှာ လက်ခံပေးနေရသည်။

စျေးမရောင်းပါနဲ့တော့လို့ သားက တောင်းဆိုလာပြန်တော့ အလုံးစျေးလျှောက်မရောင်းရတော့ပဲ အင်တာနက်မှာ စျေးရောင်းတဲ့ အလုပ်သာ လုပ်ရတော့သည်။

သား ပစ္စည်းပို့ဖို့ ရှိရင် ထုတ်ပိုးရတာလောက်ပဲ ကူပေးခွင့်ရတော့သည်။

ရွာထဲမှာ "မလုံး နင်ရထားတာ...သား မဟုတ်ဘူး အား ဟဲ့" ဆိုရင် အလုံး ပြုံးပြီး ကြည်နူးရပါသည်။

ဒီလို ဒီပုံ သိတက် ပြီး အားကိုးရပါစေလို့ ဘယ်တုန်းက မှ မမျှေ်ာလင့်ခဲ့ပါဘူး..။

သားက အရွယ်ရောက်ချိန်  အလိုက်တသိ ပြန်သိတက်တာလေးကတော့ အလုံးရဲ့ ရှားပါးလှတဲ့ ကံကောင်းမှုလေးပေါ့လေ..။

အလုံး ကြည်နူးစိတ်ဖြင့်  ပြုံးရင်း ထမင်း တစ်လုတ် ထပ်ခွံ့ပေးလိုက်သည်။

━━━━━━༺♡༻━━━━━━

ပျော်နေရလည်း မျက်ရည်က ဝဲရပြန်ပြီ ငါ့နှယ် 🤧

စာဖတ်သူလေးတွေလည်းနော် ပြောတုန်းက စနေ့ပါဆို နေ့တိုင်း နေ့တိုင်းပဲ ဟွန့်...။

အပိုင်း၂၀ ကျော် ဆန္ဒပြတာလည်း မှတ်ထားတယ်နော် 😁

စံချိန်တင် Comment _Wallpostလေး တွေ အတွက် ကျေးဇူးပါ ကိုယ်လည်း ငိုရတာပါပဲ 😁

ဖတ်ရတာ အဆက်မမိ အဆင်မပြေရင် ခွင့်လွှတ်ပါနော်။

စာအဆိပ် ဖြစ်သွားရင် တောင်းပန်ပါတယ်။

ကျန်းမာရေး အထူး ဂရုစိုက်ကြပါ။

အဆင်မပြေ ဖတ်မကောင်း စိတ်ညစ်စရာ စာတွေ ဖတ်ပြီး အားပေးတာ ကျေးဇူးအထူးတင်ပါတယ်နော်။

အရေးအသား နဲ့ စာလုံးပေါင်း မမှန်တာလည်း

ခွင့်လွှတ်ပါ။

Love U All ❤

Spica Lin

#စပိုက်ကာလင်း

Continue Reading

You'll Also Like

778K 65K 52
ဗိုလ်အောင်ဒင်နှင့်မမြဝင်းကို inspireယူ၍ရေးထားသည့်boy loveဝတ္တုတစ်ပုဒ်ဖြစ်သည်။ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် မြန်မာနိုင်ငံကိုဖက်ဆစ်ဂျပန်တို့ရက်စက်ခဲ့သ...
1.3K 144 5
A girl found a cat called Nori. And she told her pains to the cat. On an unfortunate day, she tried to save Nori from an accident and she was injured...
1.3M 94.7K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.